← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) - ဝေ့ကျန်းကျန်း လာလည်ခြင်း

ဝေ့ယွဲ့၏ မျက်နှာအမူအရာ မမှန်သည်ကို မြင်သောအခါ ဝေ့ကျန်းကျန်းက အလောတကြီး အပြုံးဖြင့် ရှင်းပြလိုက်သည်။

“သမီး ကလပ်သွားမလို့ မဟုတ်ပါဘူး၊ အတန်းဖော်တစ်ယောက်ကို သွားတွေ့မလို့ပါ”

သူမက လက်လေးကိုမြှောက်ကာ ပြောလိုက်သည်။

“သမီး လိမ္မာပါ့မယ်လို့ ကတိပေးတယ်၊ ဘာပြဿနာမှ မရှာဘူးနော်”

“ဘယ်အတန်းဖော်လဲ” ဝေ့ယွဲ့က မေးလိုက်သည်။

“အာ.. အာ..”

ဝေ့ကျန်းကျန်းက ခဏမျှ တွေဝေသွားပြီးနောက် ပြန်ဖြေလိုက်သည်။ “ကောင်းရွှမ်လေ”

“ဟင်”

ဝေ့ယွဲ့၏ မျက်နှာက အေးစက်သွားသည်။

“ကောင်းရွှမ်နဲ့ သိပ်မပတ်သက်ဖို့ ဒီနေ့မွန်းလွဲပိုင်းကမှ ငါ ပြောထားတယ်မဟုတ်လား”

ရွှီယင်က သူမအား ကောင်းရွှမ်အကြောင်း အချို့ပြောပြထားပြီး ဝေ့ယွဲ့ကလည်း ကောင်းရွှမ်မှာ အနည်းငယ် လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးကာ နားလည်ရခက်သော အတွေးများရှိသည်ဟု ခံစားမိသည်။

ဝေ့ကျန်းကျန်းက ငယ်ရွယ်ပြီး အပြစ်ကင်းစင်သည်။ သူမက ထိုသို့သောလူမျိုးနှင့် သူငယ်ချင်းဖြစ်ရန် သိပ်မသင့်တော်လှပေ။

“မေမေ...”

ဝေ့ကျန်းကျန်းက အလွန်ထက်မြက်လေသည်။ ဝေ့ယွဲ့ အမှန်တကယ် အနည်းငယ် ဒေါသထွက်နေသည်ကို မြင်သောအခါ အလောတကြီး သူမအမေဆီသို့ မှီချလိုက်ပြီး ချွဲနွဲ့လိုက်သည်။

ဝေ့ယွဲ့၏ မျက်နှာအသွင်အပြင်မှာ ဝေ့ကျန်းကျန်းနှင့် တူညီသော်လည်း သူမ၏ မျက်ခုံးများကြားတွင် ပိုမိုရင့်ကျက်တည်ငြိမ်သည့် အငွေ့အသက်များ ရှိနေသည်။

ဝေ့ယွဲ့က သူမ၏သမီးကို တကယ်ချစ်မြတ်နိုးသလို အလွန်အမင်းအလိုလိုက်သော မိခင်က ကလေးများကို ပျက်စီးစေသည်ဆိုသော အခြေခံသဘောတရားကိုလည်း သိထားသည်။

သူမက အမှန်တကယ်တော့ ဝေ့ကျန်းကျန်းအပေါ် အလွန်တင်းကျပ်လှသည်။

သို့သော် ဝေ့ကျန်းကျန်းမှာ ဆယ့်ရှစ်နှစ်ပြည့်ပြီး အရွယ်ရောက်နေပြီဖြစ်၏။ အကယ်၍ သူမက ဝေ့ကျန်းကျန်းကို ထိန်းချုပ်ရန် ဖိအားပေးသော နည်းလမ်းများကို အသုံးပြုပါက ပဋိပက္ခများကို ပိုမိုပြင်းထန်လာစေနိုင်သည်။

ဤတစ်ကြိမ်တွင် ဝေ့ကျန်းကျန်းက ကောင်းရွှမ်ကို တကယ်သဘောကျနေသဖြင့် အတင်းအကျပ်လုပ်ရမည့် နည်းလမ်းများကို ပို၍ပင် အသုံးပြု၍မရနိုင်ပေ။

ဝေ့ယွဲ့က နှလုံးသားရေးရာကိစ္စများကို ထိန်းချုပ်ရန် ခက်ခဲကြောင်း ကောင်းကောင်းသိထားသည်။

‘လူကြီးတွေတောင် ဒီလိုဖြစ်နေတာ ဆယ်ကျော်သက်တွေဆို ပိုဆိုးမှာပေါ့'

သူမ၏ စွမ်းရည်များနှင့် အခြေအနေများအရ ဝေ့ကျန်းကျန်း လှည့်စားခံရလျှင်ပငခ ကိစ္စကြီးတစ်ခုတော့ မဟုတ်ပေ။ ဝေ့ကျန်းကျန်းတွင် အရှုံးခံနိုင်စွမ်း ရှိသည်။

‘အမျိုးသမီးအားလုံးက ခံစားချက်တွေက မယုံကြည်ရဘူး၊ အမျိုးသားတွေက မယုံကြည်ရဘူး ဆိုတာကို နားလည်ဖို့ ဒီအဆင့်ကို ဖြတ်သန်းကြရတာချည်းပါပဲ၊ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးလို့ရတယ်'

ဤအရာကို တွေးမိသောအခါ ဝေ့ယွဲ့၏မျက်နှာအမူအရာက အနည်းငယ် ပျော့ပျောင်းသွားသည်။

“ကျန်းကျန်း.. သမီး သူငယ်ချင်းဖွဲ့တာကို မေမေ မတားပါဘူး၊ ဒါပေမဲ့ အခြေခံသဘောတရား တစ်ခုကိုတော့ သမီး နားလည်ထားရမယ်၊ ဒီလောကကြီးမှာ မေမေတစ်ယောက်ပဲ သမီးအပေါ် စေတနာအပြည့်နဲ့ ဆက်ဆံမှာ၊ သမီးနားကို ချဉ်းကပ်လာတဲ့ တခြားလူတိုင်းမှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိကြတယ်”

“ကိစ္စမရှိပါဘူး” ဝေ့ကျန်းကျန်းက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“သမီးက ကောင်းရွှမ်ရဲ့ ရုပ်ရည်ကို သဘောကျတယ်၊ သူ့ရဲ့ ဟာသတွေကို သဘောကျတယ်၊ သူနဲ့အတူရှိနေရတာ အရမ်းသာယာပြီး ပျော်စရာကောင်းတယ်၊

သမီးက သူနဲ့ဆော့ကစားရတာကို သဘောကျရုံသက်သက်ပါ၊ အဲ့ဒါနဲ့တင်လုံလောက်ပါပြီ၊ သူ သမီးဆီက ဘာပဲလိုချင်လိုချင် သမီးပေးလိုက်မှာပဲ”

“အာ...” ဝေ့ယွဲ့ အနည်းငယ် ဆွံ့အသွားသည်။

‘ခေတ်လူငယ်တွေက ဒီလောက်တောင် ပွင့်လင်းနေကြပြီလား'

ဝေ့ကျန်းကျန်းက ပြောသည်။

“လူတိုင်းက ကိုယ်လိုချင်တာကို ရကြတယ်ဆိုတော့ တော်တော်လေး တရားမျှတတယ် မဟုတ်ဘူးလား”

“ဒါဆို ငါ့သမီးအရင်းလေးက တကယ်တော့ ‘ကောင်မဆိုးလေး’ တစ်ယောက်ဖြစ်နေတာပေါ့” ဝေ့ယွဲ့က သက်ပြင်းချကာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

“ဒါဆိုလည်း သွားတော့၊ ဂရုစိုက်နော်”

“ဟုတ်ကဲ့ပါ” ဝေ့ကျန်းကျန်းက ခွင့်ပြုချက်ရသွားသဖြင့် အလွန်စိတ်ပျော်ရွှင်သွားသည်။

သူမက ဝေ့ယွဲ့၏ပါးကို အားရပါးရ နမ်းလိုက်သည်။ “မေမေက အကောင်းဆုံးပဲ”

ဝေ့ယွဲ့က လက်မြှောက်အရှုံးပေးသည့်ဟန်ဖြင့် ပြောလိုက်သည်။

“အစ်မယွဲ့ကို သမီးနဲ့အတူ လိုက်သွားခိုင်းလိုက်မယ်”

“ဟုတ်ကဲ့၊ ကောင်းသောညပါ မေမ

ဤအချိန်တွင််းကျန်းမှာ အလွန်တရာ လိမ္မာပြီး သိတတ်နေလေသည်။

ဝေ့ကျန်းကျန်း အခန်းထဲမှ ထွက်လာသောအခါ အမိန့်ရရှိထားပြီးဖြစ်သော အစ်မယွဲ့က ကားထဲတွင် သူမကို စောင့်နေနှင့်ပြီဖြစ်သည်။

သံလိုက်လေပေါ်ပျံယာဥ်မှာ ခရီးသည် ခြောက်ယောက်စီးနိုင်ပြီး လျှပ်စစ်စွမ်းအင်အပြည့်ဖြင့် မောင်းနှင်ကာ အထူးရထားလမ်းများ ခင်းထားသော လမ်းများပေါ်တွင်သာ သွားလာနိုင်သည်။

၎င်း၏ အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ငါးရာအထိ ရောက်ရှိနိုင်သည်။

ကားအတွင်း တပ်ဆင်ထားသော ကွန်ပျူတာက ကောင်းကင်ကွန်ရက်သို့ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်နိုင်သဖြင့် ကားက မည်မျှပင် မြန်နေပါစေ အခြားယာဉ်များနှင့် တိုက်မိမည် မဟုတ်ပေ။ ၎င်း၏ လုံခြုံရေးမှာ အလွန်မြင့်မားသည်။

မြို့တော်၏ ဆဌမမြို့စွန်ကွင်းအတွင်းရှိ လမ်းအများစုတွင် ရထားလမ်းများ ခင်းထားပြီး ‘ပျံသန်းနေသော သရဖူ’ (ယာဉ်နာမည်) က အဟန့်အတားမရှိ သွားလာနိုင်သည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက် ပျံသန်းနေသော သရဖူက အန်ဖူအဆောက်အအုံ၏ မြေအောက်ကားပါကင်သို့ ရောက်ရှိလာခဲ့သည်။ သန်းဆယ်နှင့်ချီ တန်ကြေးရှိသော ဤကဲ့သို့သော ဇိမ်ခံကားမျိုးမှာ ဆဌမမြို့စွန်ဧရိယာတွင် အလွန်ရှားပါးလှသည်။

လမ်းတစ်လျှောက်လုံးတွင် အကြည့်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ဝေ့ကျန်းကျန်း ကားပေါ်မှ ဆင်းလာသောအခါ ကားပါကင်အတွင်းမှ တစ်စုံတစ်ယောက်က လေချွန်လိုက်သေးသည်။

အေးစက်ပြီး တင်းကျပ်သော မျက်နှာထားဖြင့် အစ်မယွဲ့က အပြင်သို့ထွက်လာကာ လေချွန်သောအမျိုးသားကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

သေနတ်ကိုင်ဆောင်ထားသော အစ်မယွဲ့ကို မြင်လိုက်ရသောအခါ ထိုအမျိုးသားမှာ ချက်ချင်းပင် သတ္တိကြောင်သွားတော့သည်။ ယုံမှားသံသယဖြစ်ဖွယ်မရှိ ဤသူမှာ ထိပ်တန်းသူဌေးကြီးတစ်ဦး၏ သက်တော်စောင့်တစ်ယောက်ဖြစ်သည်။

ဤခေတ်တွင် ခရိုနီကြီးများနှင့် သူဌေးကြီးများက အရင်းအမြစ်အားလုံးကို ထိန်းချုပ်ထားကြသည်။ သူဌေးကြီးတစ်ဦးကို ပြစ်မှားစော်ကားခြင်းက သေလမ်းရှာနေခြင်းသက်သက်သာ ဖြစ်သည်။

အစ်မယွဲ့က ဝေ့ကျန်းကျန်းကို ဓာတ်လှေကားအထိ ပို့ဆောင်ပေးခဲ့ပြီး နှစ်မိနစ်အကြာတွင် အပေါ်ဆုံးထပ်သို့ ရောက်ရှိလာကြသည်။

အစ်မယွဲ့က လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်ရာ ကောင်းရွှမ်က သူတို့ကို ကြိုဆိုရန် တံခါးကို မြန်မြန်ဆန်ဆန် ဖွင့်ပေးခဲ့သည်။

“အစ်ကိုကောင်းရွှမ်.. ဟိဟိ.. သွေးနီရောင်ဝိုင်ပုလင်းလေး ယူလာတယ်...” ဝေ့ကျန်းကျန်းက သူမလက်ထဲရှိ အလွန်လှပသေသပ်သော ဝိုင်ပုလင်းလေးကို ကြွားဝါပြသလိုက်သည်။

“အိမ်သစ်တက်ပွဲ အထိမ်းအမှတ်အနေနဲ့ပေါ့”

“မင်း ဒီလောက်အထိ လုပ်စရာမလိုပါဘူး” ကောင်းရွှမ်က မငြင်းဆန်ပေ။

သူက လက်လှမ်းကာ သွေးနီရောင်ဝိုင်ကို ယူလိုက်ပြီး ဝေ့ကျန်းကျန်းနှင့် အစ်မယွဲ့တို့ကို ယဉ်ကျေးစွာ အထဲသို့ ဖိတ်ခေါ်လိုက်သည်။

ဝေ့ကျန်းကျန်းက အားနာမနေပေ။ ဝင်ပေါက်တွင် သူမ၏ဖိနပ်များကို ချွတ်ကာ အခန်းထဲသို့ တည့်တည့်လျှောက်သွားလိုက်သည်။ အစ်မယွဲ့ကတော့ အထဲသို့မဝင်ပေ။

သူမက ကောင်းရွှမ်၏ ပြိုင်ဘက်ကင်း ချောမောလှပသော မျက်နှာကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မစ္စတာကောင်း... ကျွန်မက ကျန်းကျန်းရဲ့ သက်တော်စောင့်ပါ၊ အဆက်အသွယ်လေး ဖလှယ်ထားရအောင်၊ တစ်ခုခုဖြစ်ခဲ့ရင် ရှင် ကျွန်မကို ဆက်သွယ်လို့ရပါတယ်”

အစ်မယွဲ့က အလွန်ပရော်ဖက်ရှင်နယ်ကျပြီး တည်ငြိမ်စွာ ပြုမူနေသော်လည်း အတွင်းစိတ်ထဲတွင်တော့ သူမ အလွန်အမင်း အံ့အားသင့်နေခဲ့သည်။

ဝေ့ကျန်းကျန်းက ကောင်းရွှမ် မည်မျှချောမောကြောင်း အကြိမ်ကြိမ် အလေးအနက်ပြောပြထားခဲ့ပြီး ကောင်းရွှမ်၏ ဓာတ်ပုံများကိုပင် သူမကို ပြသခဲ့သေးသည်။ သို့သော် ဓာတ်ပုံများနှင့် လူကြားရှိ ကွာဟချက်က ကြီးမားလွန်းလှသည်။

ဓာတ်ပုံများက ကောင်းရွှမ်၏ ဖော်ပြ၍မရနိုင်လောက်သော ချောမောလှပမှုကို ထုတ်ဖော်ပြသနိုင်စွမ်း မရှိခဲ့သလို သူ၏ လျှို့ဝှက်ဆန်းကြယ်ပြီး လွတ်လပ်ပေါ့ပါးသော အရှိန်အဝါကိုလည်း မဖော်ပြနိုင်ခဲ့ပေ။

ဤကဲ့သို့ ချောမောလှပသော လူငယ်တစ်ဦးနှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ တိုက်ပွဲအတွေ့အကြုံများစွာရှိထားသော အစ်မယွဲ့ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရသည်။

ကောင်းရွှမ်က စကားပြောရလွယ်ကူလေ၏။ သူက သူ၏စမတ်နာရီကို အစ်မယွဲ့၏ နာရီနှင့် ထိလိုက်သည်။

“ပြဿနာမရှိပါဘူး”

အစ်မယွဲ့က မူလက နောက်ထပ် ဘာစကားမှ မပြောချင်တော့သော်လည်း ကောင်းရွှမ်၏ ရုပ်ရည်သွင်ပြင်ကို ထောက်ထား၍ ချွင်းချက်အနေဖြင့် သတိပေးချက်တစ်ခု ပေးလိုက်သည်။

“ကျန်းကျန်းက ဘော့စ်ရဲ့ အချစ်တော်သမီးလေးပါ၊ သူမက ဘာမှနားမလည်သေးဘူး၊ တစ်ခုခု မှားယွင်းတာရှိရင် နားလည်ပေးပါ”

သူမက ခေတ္တရပ်တန့်လိုက်ပြီးနောက် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

“ကျွန်မက ယွမ်လုံကုမ္ပဏီ လုံခြုံရေးဌာနက ဝူချိုက်ယွဲ့ပါ၊ ကျန်းကျန်းနဲ့ ပတ်သက်ပြီး ဘယ်လိုပြဿနာမျိုးပဲပေါ်ပေါ် ဒါမှမဟုတ် ရှင် အကူအညီတစ်ခုခု လိုအပ်ရင် ကျွန်မကို ရှာလို့ရပါတယ်”

အစ်မယွဲ့က ကောင်းရွှမ်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။

“မှတ်ထားပါ! ကျန်းကျန်း ဘာတစ်မှ ဖြစ်လို့မရဘူး၊ မဟုတ်ရင် ကျွန်မတို့ထဲက ဘယ်သူမှ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

ကောင်းရွှမ်က သူမ၏ မျက်နှာအမူအရာကို မမြင်နိုင်မည်ကို စိုးရိမ်သဖြင့် အစ်မယွဲ့က ခိုင်မာသောလေသံဖြင့် ထပ်မံ၍ အလေးအနက်ပြောလိုက်သည်။

ကောင်းရွှမ်က အနည်းငယ် ပြုံးလိုက်၏။

“အစ်မယွဲ့.. စိတ်ချလက်ချသာ နေပါ၊ ကျွန်တော့်မျက်လုံးတွေမှာ ပြဿနာရှိနေပေမဲ့ ကျွန်တော့်ဦးနှောက်ကတော့ အရမ်းထက်မြက်ပါတယ်...”

All Chapters