← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) - လျှော်ကြေးတောင်းခြင်း

အစ်မယွဲ့သည် ပြောသင့်သည်များကို ပြောဆိုကာ ထောက်ပြစရာများကို ထောက်ပြပြီး လိုအပ်သည့် သတိပေးချက်များ အားလုံးကိုမှာထားခဲ့ကာ ထွက်ခွာသွားလေပြီ။

ကောင်းရွှမ်သည် နဂါးဖြူတောင်တန်းမှ လာသူဖြစ်သော်လည်း မဟာမိတ်အဖွဲ့၏ တရားဝင်နိုင်ငံသားတစ်ဦးအဖြစ် မှတ်ပုံတင်ထားပြီး မင်ကျင်းတက္ကသိုလ်မှ တက်ရောက်ခွင့်ရထားသော ကျောင်းသားသစ်တစ်ဦး ဖြစ်သည်။

ထို့အပြင် ယွမ်ချင်းရှန်ကလည်း သူနှင့်အတူ နေထိုင်နေသည်။ မိသားစုနှင့် တွယ်တာစရာများရှိပြီး အလွန်တရာ ချောမောလှပသော ကောင်းရွှမ်တွင် တောက်ပသောအနာဂတ်တစ်ခု ရှိနေသည်။ ဤကဲ့သို့သော လူမျိုးက မိုက်မဲသည့်လုပ်ရပ်မျိုးကို လုပ်ဆောင်သင့်သူမဟုတ်ပေ။

‘သေချာတာကတော့ ကောင်းရွှမ် တစ်ခုခု မိုက်မဲစွာ မလုပ်ဘူး’ဟု အစ်မယွဲ့က အာမမခံနိုင်ပေ။

ထိုသို့သော အန္တရာယ်များကို အတတ်နိုင်ဆုံး လျှော့ချရန်သာ သူမ ကြိုးစားနိုင်သည်။ အစ်မယွဲ့ ထွက်သွားချိန်တွင် အခြေအနေများကို စောင့်ကြည့်ရန် လုံခြုံရေးအဖွဲ့ နှစ်ဖွဲ့ကို ထပ်မံစေလွှတ်ခဲ့သည်။

ဝေ့ကျန်းကျန်း တစ်ခုခုဖြစ်သည်နှင့်တစ်ပြိုင်နက် သူတို့က ချက်ချင်း တုံ့ပြန်နိုင်မည်ဖြစ်သည်။

ယွမ်လုံကုမ္ပဏီသည် မြို့တော်တွင် ရုံးချုပ်စိုက်ထားသော ဧရာမစီးပွားရေးလုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီး မြို့တော်အတွင်း ကြီးမားလှသော ဩဇာလွှမ်းမိုးမှု ရှိသည်။

ဝေ့ကျန်းကျန်းနောက်သို့ တစ်ရက်လျှင် ၂၄ နာရီပတ်လုံး လိုက်ပါစောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ နှစ်ဖွဲ့ကို စေလွှတ်ရခြင်းမှာ ကောင်းရွှမ်တွင် အတော်လေးမြင့်မားသော လုံခြုံရေးအဆင့် သတ်မှတ်ချက် ရှိနေခြင်းကြောင့်လည်း ဖြစ်သည်။

အမှန်တကယ်တော့ ဝေ့ကျန်းကျန်းက နဂါးဖြူတောင်တန်းအတွင်းသို့ စူးစမ်းလေ့လာရန် ဝင်ရောက်သွားစဉ်ကတည်းက အကာအကွယ်ပေးရေးအဖွဲ့တစ်ခုက အဝေးမှ နောက်ယောင်ခံလိုက်နေခဲ့ပြီးဖြစ်သည်။

ဝေ့ကျန်းကျန်းနှင့် သူမ၏အဖွဲ့က မြေအောက်အပျက်အစီးများအတွင်းသို့ ဝင်ရောက်သွားချိန်တွင် အကာအကွယ်ပေးရေးအဖွဲ့ လမ်းပျောက်သွားခဲ့ခြင်းဖြစ်သည်။ ဝေ့ကျန်းကျန်းကို ပြန်လည်ရှာတွေ့ရန် တစ်နာရီကျော် အချိန်ယူခဲ့ရသည်။

ဝေ့ကျန်းကျန်းကတော့ ဤအရာများကို ဂရုမစိုက်ပေ။ သက်တော်စောင့်များက သူမဘေးတွင်ကပ်ပြီး အနှောင့်အယှက်မပေးသရွေ့ အဆင်ပြေသည်။

ကောင်းရွှမ် ဧည့်ခန်းထဲသို့ ဝင်လာချိန်တွင် ဝေ့ကျန်းကျန်းက ဖန်ခွက်ရှည်နှစ်ခွက်ကို ရှာတွေ့ထားပြီး သူ့အား စောင့်နေနှင့်ပြီဖြစ်သည်။

“အစ်မယွဲ့ကို ဂရုမစိုက်နဲ့၊ သူက အမြဲတမ်း အဲ့လိုပဲ အရမ်းစိုးရိမ်လွန်တတ်တာ”

ဝေ့ကျန်းကျန်းက သွေးနီရောင်ဝိုင်ပုလင်းကို ယူကာ ဖြည်းညှင်းစွာ နှစ်ကြိမ်ခန့် လှည့်လိုက်ပြီးနောက် ပုလင်းဆို့ကို ရုတ်တရက် ဆွဲနှုတ်လိုက်သည်။

သူမက အဆင့်နှစ် မူလစွမ်းအင်အသုံးပြုသူတစ်ဦးဖြစ်ပြီး ဤအထူးဒီဇိုင်းထုတ်ထားသော ပုလင်းဆို့မှာ ကိုင်တွယ်ရလွယ်ကူသဖြင့် ဆွဲနှုတ်ရန် မခက်ခဲလှပေ။

သူမက ခွက်ကြီးနှစ်ခွက်စာကို ပလွတ်ပလွတ်မြည်သံနှင့်အတူ ငှဲ့ထည့်လိုက်သည်။

“အစ်ကိုကောင်းရွှမ်.. အိမ်သစ်တက်ပွဲ အထိမ်းအမှတ်အနေနဲ့ သောက်ကြရအောင်”

ကောင်းရွှမ်က သူ၏ဖန်ခွက်ကို ကောက်ယူကာ ဝေ့ကျန်းကျန်း၏ ဖန်ခွက်နှင့် ခပ်ဖွဖွ တိုက်လိုက်သည်။ ဝေ့ကျန်းကျန်းက အားပါးတရ တစ်ငုံကြီး မော့သောက်လိုက်သည်။

ကောင်းရွှမ်လည်း တစ်ငုံမျှ သောက်လိုက်သည်။ သွေးနီရောင်ဝိုင်မှာ ခရမ်းရင့်ရောင်ရှိပြီး ကြည်လင်သော ဖန်ခွက်ထဲတွင် အလွန်လှပနေသည်။

အရသာမှာ အလွန်ချောမွေ့ပြီး လျှာဖျားတွင် စွဲကျန်ရစ်ကာ မည်သည့် ပြင်းရှသောခံစားမှုကိုမျှ မပေးစွမ်းပေ။

သို့သော် ဝိုင်က ဗိုက်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သောအရက်အငွေ့များက လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

ဝေ့ကျန်းကျန်းက အားပါးတရ သောက်လိုက်ရာ သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းလာတော့သည်။ ငယ်ရွယ်သူပီပီ သူမ၏အသားအရေမှာ နူးညံ့ချောမွေ့ပြီး တောက်ပနေသဖြင့် နီရဲနေသော ပါးပြင်လေးများမှာ ပန်းသီးနီလေးများနှင့် တကယ်ကို တူလှသည်။

သူမ၏ လှပသော ဗာဒံစေ့ပုံစံ မျက်လုံးလေးများတွင်လည်း မှိုင်းရီရီ ယစ်မှုးနေသောအရိပ်အယောင်များ စွဲထင်လာပြီး သူမ၏အကြည့်များ ရွေ့လျားသွားသည့်အခါတိုင်း ဆွဲဆောင်မှုရှိသော အငွေ့အသက်လေးများ ထွက်ပေါ်နေသည်။

“မင်း မူးနေပြီလား၊ ဒီဝိုင်က အတော်လေးပြင်းတဲ့ပုံပဲ” ကောင်းရွှမ်က မေးလိုက်သည်။

ဝေ့ကျန်းကျန်း ပြုံးလိုက်သည်။

“အစ်ကိုကောင်းရွှမ်ကို ကြည့်ရုံနဲ့တင် ညီမမူးနေပါပြီ”

“အိုး.. ဝိုး”

‘ငါက မင်းကို ဘာမှတောင် မပရောပရည်လုပ်ရသေးဘူး၊ မင်းက အရင်စပြီး လှုပ်ရှားနေပြီပဲ၊ ငါတို့ ဇာတ်ညွှန်းမှားနေတာများလား’ဟု ကောင်းရွှမ် စိတ်ထဲမှ တွေးလိုက်မိသည်။

သူက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“ငါတို့ တကယ်ကို အဆင်ပြေပါတယ်၊ ကျန်းကျန်း အနားမှာရှိနေရင် ငါ အမြဲတမ်း စိတ်အခြေအနေ ကောင်းနေတာချည်းပဲ”

ဝေ့ကျန်းကျန်းက ကောင်းရွှမ်အနီးသို့ ရုတ်တရက် တိုးကပ်လာပြီး သူ၏မျက်နှာကို ရူးသွပ်မတတ် စွဲလမ်းနေသောအကြည့်များဖြင့် ပွတ်သပ်လိုက်သည်။

“အစ်ကိုကောင်းရွှမ်... ညီမ အစ်ကို့ကို တကယ် တကယ် သဘောကျတယ်” သူမက ကောင်းရွှမ်၏ နားနားသို့ကပ်ကာ တီးတိုးရေရွတ်လိုက်သည်။

“ညီမ အစ်ကို့ကို နမ်းလို့ရမလား...”

“အာ.. အင်း.. ဒါက...”

ပုံမှန်အားဖြင့် စကားပြောကောင်းလွန်းသော ကောင်းရွှမ်မှာ ကောင်မလေးတစ်ယောက်၏ အကွက်ရွှေ့ခြင်းကို ခံလိုက်ရသဖြင့် အနည်းငယ် ရှက်ရွံ့သွားသည်။

‘ငါက လူယုတ်မာ မလုပ်ရသေးခင်မှာပဲ ဝေ့ကျန်းကျန်းက ငါ့ကို အရင်စားတော့မယ်... ဒါ ဘယ်လိုကမ္ဘာကြီးလဲကွာ...’

သို့သော် ဝေ့ကျန်းကျန်းမှာ အလွန်တရာ လှပလွန်းပြီး ယွမ်ချင်းရှန်ထက်ပင် သာလွန်နေသေးသည်။ သူမထံမှ ထွက်ပေါ်နေသော သေသပ်လှပပြီး ငယ်ရွယ်နုပျိုသည့် တက်ကြွမှုများက အမှန်တကယ်ပင် ချစ်စရာကောင်းလှသည်။

ကောင်းရွှမ်က တစ်ခွန်းတည်းသာ မေးလိုက်သည်။ “မင်း အရွယ်ရောက်ပြီလား”

“မဟာမိတ်အဖွဲ့ရဲ့ တရားဝင်ဥပဒေအရ ညီမက အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပါ၊ ပြဿနာမရှိပါဘူး” ဝေ့ကျန်းကျန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကောင်းရွှမ်၏ နှုတ်ခမ်းများဆီသို့ တိုးကပ်သွားသည်။

“အခု ရပြီလား”

“ဒါဆို ငါလည်း ဘာပြဿနာမှ မရှိပါဘူး”

ကောင်းရွှမ်က ဝေ့ကျန်းကျန်းကို အချစ်ရိုမန်တစ်ဇာတ်လမ်းများ ပြောနေရန် ခေါ်လိုက်ခြင်း မဟုတ်ပေ။ လုပ်ငန်းစဉ်က အနည်းငယ် မျှော်လင့်ထားသလို ဖြစ်မလာသော်လည်း ရလဒ်ကတော့အတူတူပင်။

အနမ်းများ ဖလှယ်ပြီးနောက် ဝေ့ကျန်းကျန်းက သူမ၏နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ အရသာခံလိုက်ရာ သူမ၏ ကြီးမားသောဗာဒံစေ့မျက်လုံးလေးများအတွင်းမှ မြှူဆွယ်လိုသော အကြည့်များက ပို၍နက်ရှိုင်းလာသည်။

ကောင်းရွှမ်က တိုးညှင်းစွာ မေးလိုက်သည်။

“ချိုရဲ့လား”

“ချိုတယ်”

ထိုအချိန်တွင်... ယွမ်ချင်းရှန်က သူမ၏အခန်းထဲမှ တိုးညှင်းသောအသံအချို့ကို ကြားလိုက်ရသည်။

၎င်းက ဘာအသံလဲဆိုသည်ကို သူမ သေချာနားထောင်ချင်စိတ် ပေါ်လာခဲ့သော်လည်း နောက်ဆုံးတွင်တော့ အလွန်အမင်း ရှက်ရွံ့သွားမိသည်။

သူမက ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ခေါင်းခါယမ်းလိုက်ပြီး တေးဂီတသံကို အကျယ်ကြီးဖွင့်ကာ အခြားသော မသင့်တော်သည့်အသံများကို ဖုံးကွယ်ပစ်လိုက်သည်။

နေ့မှ ညသို့ ကူးပြောင်းသွားပြီး နောက်နေ့နံနက်တွင် နေမင်းကြီးက တစ်ဖန် ပြန်လည်ထွက်ပေါ်လာသည်။ အိပ်ခန်း၏ကြမ်းပြင်မှ မျက်နှာကြက်အထိရှိသော မှန်ပြတင်းပေါက်ကြီးကို ဖြတ်သန်းလာသော နေရောင်ခြည်များက ဝေ့ကျန်းကျန်း၏ ဖြူဖွေးသော အသားအရေပေါ်သို့ ကျရောက်နေသည်။

ဖြူစင်သော အိပ်ရာခင်းနှင့် စောင်များပင်လျှင် ဝေ့ကျန်းကျန်း၏ အသားအရေလောက် မဖြူဖွေးသလို နူးညံ့ပျော့ပျောင်းသော တောက်ပမှုမျိုးလည်းမရှိပေ။

နေရောင်ခြည်က သူမ၏ မျက်နှာပေါ်သို့ ကျရောက်လာချိန်တွင်မှ မျက်စိကျိန်းသွားသဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တစ်ဖက်သို့ လှည့်ပြီး ဆက်အိပ်နေလေသည်။

ကောင်းရွှမ်က အနီးရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ကာ ဝေ့ကျန်းကျန်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူက အသည်းမာသော လူယုတ်မာတစ်ယောက် ဖြစ်နေလင့်ကစား ဤမြင်ကွင်းကိုတော့ အလွန်လှပသည်ဟု ခံစားမိနေဆဲဖြစ်သည်။

တစ်ညလုံး ပြင်းထန်စွာ လှုပ်ရှားခဲ့ရပြီးနောက် ဝေ့ကျန်းကျန်းမှာ အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ဤသည်မှာ ဝေ့ကျန်းကျန်းအတွက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရှင်းလင်းလှသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးကြားရှိ ဆက်သွယ်မှုမှာ စိတ်အားထက်သန်ပြီး ရင်းနှီးကျွမ်းဝင်ကာ သဟဇာတဖြစ်လွန်းလှသည်။

ပြဿနာအားလုံး ဖြေရှင်းပြီးသွားသဖြင့် ကောင်းရွှမ်လည်း ပျော်ရွှင်နေသည်။ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိ၏။

လုံး၀ ပြီးပြည့်စုံလှသည်။

မွန်းတည့်ချိန်သို့ ရောက်သောအခါ ဝေ့ကျန်းကျန်း နောက်ဆုံးတွင် နိုးလာခဲ့သည်။ ကောင်းရွှမ်ကို မတွေ့ရသော်လည်း သူမ ဂရုမစိုက်ပေ။

သူမက ပျော်ရွှင်စွာ ရေချိုးလိုက်ပြီး ဆံပင်ကို ပေါ့ပေါ့ပါးပါး ထုံးဖွဲ့ကာ အဝတ်ဗီရိုထဲမှ ကောင်းရွှမ်၏ တီရှပ်ကြီးကြီးတစ်ထည်ကို ဆွဲထုတ်ဝတ်ဆင်လိုက်၏။

ထိုတီရှက်က သူမ၏ တင်ပါးကို ဖုံးကွယ်နိုင်ရုံမျှသာ ရှိသည်။

“အစ်ကို... အစ်ကို...”

ဝေ့ကျန်းကျန်းက ဧည့်ခန်းထဲတွင် ပတ်ရှာပြီးနောက် ကောင်းရွှမ်ကို မတွေ့သဖြင့် အသံကျယ်ကျယ်ဖြင့် အမြန်လှမ်းခေါ်လိုက်သည်။ ယွမ်ချင်းရှန်က အိပ်ခန်းထဲမှ ထွက်လာပြီး အပေါ်ထပ်သို့ လက်ညှိုးထိုးပြကာ ကောင်းရွှမ် ထိုနေရာတွင် ရှိနေကြောင်းနှင့် ဆက်မအော်ရန် အချက်ပြလိုက်၏ယ

ဝေ့ကျန်းကျန်းက ယွမ်ချင်းရှန်ကို ရင်ကော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“မှတ်ထား၊ အခုကစပြီး ငါက နင့်ရဲ့ မရီးပဲ၊ ယဉ်ယဉ်ကျေးကျေးဆက်ဆံနော် ကြားလား”

ယွမ်ချင်းရှန်က ဘာမှမပြောဘဲ သူမ၏အိပ်ခန်းတံခါးကိုသာ တိတ်တဆိတ် ပြန်ပိတ်လိုက်သည်။ ဝေ့ကျန်းကျန်းက ဒေါသမထွက်ဘဲ အောင်ပွဲခံနေသည့်ဟန် ပေါ်နေသည်။

‘ငါက ကောင်းရွှမ်နဲ့ အိပ်ခဲ့တာလေ ဘာဖြစ်လဲ။ နင်က ဘာတတ်နိုင်မှာလဲ။ ဘေးကနေ နားထောင်နေရုံပဲ တတ်နိုင်တာမဟုတ်လား'

စိတ်အခြေအနေကောင်း‌နေသဖြင့် ဝေ့ကျန်းကျန်းက အပြုံးပန်းများ ဝေဆာစွာ ခေါင်မိုးထပ်သို့ တက်သွားခဲ့သည်။ ကောင်းရွှမ်က ရေကူးကန်ဘေးရှိ နေကာထီးအောက်တွင် လှဲလျောင်းနေ၏။

သူက နေကာမျက်မှန် တပ်ဆင်မထားဘဲ ရှည်လျားသော ဆံပင်များက သူ၏ မျက်လုံးများကို ဖုံးကွယ်လုနီးပါး ဖြစ်နေသည်။ သူက တစ်မှေးအိပ်နေသလို… မဟုတ်သေး၊ နက်ရှိုင်းသော အတွေးတစ်ခုခုထဲ နစ်မြုပ်နေပုံရသည်။

“အစ်ကို... ဒီမှာ ဘာလုပ်နေတာလဲ”

ဝေ့ကျန်းကျန်းက ရေကူးကန်ကို တစ်ချက်ကြည့်ကာ အထင်သေးသည့်ဟန်ဖြင့် ပြောလိုက်သည်။ “ရေကူးကန်က သေးလိုက်တာ”

ထို့နောက် ကောင်းရွှမ်ကို လှည့်ပြောလိုက်သည်။ “စတုတ္ထမြို့စွန်ခရိုင်မှာ သမီးရဲ့ လုံးချင်းဗီလာတစ်ခု ရှိတယ်၊ အဲ့ဒါကို အစ်ကို့ကို ပေးမယ်လေ၊ ဒီငှက်သိုက်လေးထဲမှာ ညီမတို့ ဆက်မနေကြတော့ရအောင်လေ”

ဤနှစ်ထပ်အိမ်ကြီးမှာ စတုရန်းမီတာ ငါးရာကျော်ကျယ်ဝန်းပြီး ခေတ်မီရိုးရှင်းသော သဘာဝအလှဆင်မှုစတိုင်လ်ဖြင့် တန်ကြေး သန်းနှစ်ဆယ်ကျော်ရှိရာ သေချာပေါက် ဇိမ်ခံစံအိမ်ကြီးတစ်ခုဟု ခေါ်ဆိုနိုင်ပေသည်။

သို့သော် ဝေ့ကျန်းကျန်း၏အမြင်တွင်တော့ ၎င်းက ကောင်းရွှမ်၏ ချောမောလှပသော ရုပ်ရည်နှင့် လုံးဝမထိုက်တန်သည့် ငှက်သိုက်လေးတစ်ခုမျှသာ ဖြစ်နေသည်။

ကောင်းရွှမ် ပြုံးလိုက်သည်။ “ဒီနေရာက ကောင်းပါတယ်၊ ပြောင်းစရာမလိုပါဘူး၊ ပြီးတော့ မင်းရဲ့ ဗီလာကြီးကိုလည်း ငါလက်မခံနိုင်ဘူး”

“ညီမတို့က ရည်းစားတွေ ဖြစ်နေပြီပဲ၊ ဘာကို ကြောက်နေရဦးမှာလဲ” ဝေ့ကျန်းကျန်းက ဂရုမစိုက်သည့်ဟန်ဖြင့် ဆက်ပြောသည်။

“ညီမက အစ်ကို့အတွက် မျက်လုံးတွေကိုလည်း ဖန်တီးပေးဦးမှာ၊ တံဆိပ်ပါတဲ့ ဇိမ်ခံပစ္စည်းတွေ၊ နာမည်ကြီး နာရီတွေနဲ့ ဇိမ်ခံကားတွေကိုလည်း ဝယ်ပေးမယ်၊ အစ်ကို့မှာရှိသမျှ အရာအားလုံးက အကောင်းဆုံးတွေချည်းပဲ ဖြစ်နေစေချင်တယ်”

“ဟားဟားဟား...”

ကောင်းရွှမ် ရယ်မောလိုက်သည်။

All Chapters