← Chapters

အခန်း ၃၈၂

Vol. 39 Ch. 382

အခန်း ၃၈၂

Vol. 39 Ch. 382

အခန်း (၃၈၂) အဏုမြူဗုံး နှစ်လုံး တပ်ဆင်ပြီးသွားခြင်း

ကျောက်လင်သည် ဝမ့်ရှန်းတောင်တန်းဆီသို့ တည်နေရာပြောင်းရွှေ့ရောက်ရှိသွား၏။

"ဖက်တီး... ကောင်းဖန်စစ်တပ် ချီတက်မည့် လမ်းကြောင်းကို သွားပြီး စောင့်ကြည့်ချေ..."

ဟင်းလင်းပြင်တံခါးနှင့် ပေါင်းစပ်ထားသော ဂူထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျောက်လင်က အော်ပြောလိုက်သည်။

"ကျွီ..."

ဂူအနီးရှိ သစ်ပင်တစ်ပင်ပေါ်တွင် အနားယူနေသော ကြွက်လေးသည် ကျောက်လင်၏ ခေါ်သံကို ကြားသည်နှင့် တစ်ပြိုင်နက် ကျောက်လင်၏ အနားသို့ ချက်ချင်း တည်နေရာပြောင်းရွှေ့လာပြီး ဝမ်းသာအားရ အသံပြုလိုက်၏။

ထို့နောက် ကြွက်လေးသည် ချက်ချင်း ပျောက်ကွယ်သွားပြီး အင်အား နှစ်သိန်းတစ်သောင်းရှိသော ကောင်းဖန်စစ်တပ်ကို မီရန် ဝမ့်ရှန်းတောင်တန်းဆီသို့ ထွက်ခွာသွားသည်။

"ကြွက်လေးသာ ရှေ့ကနေ ကင်းထောက်ပေးနေရင် ငါ မကြာခင် သိရမှာပဲ..."

"ကောင်းဖန်စစ်တပ် ဘယ်ကိုပဲသွားသွား ငါ့မှာ တန်ပြန်တိုက်ခိုက်မယ့် အစီအစဉ်ရှိတယ်..."

ကျောက်လင်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။

ထို့နောက် ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ယံသို့ မောင်းနှင်ကာ ကောင်းဖန်နိုင်ငံဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။

ဝမ့်ရှန်းတောင်တန်းတစ်လျှောက် ပျံသန်းလာရာ ကျောက်လင်သည် ကောင်းဖန်စစ်တပ်ကို အလျင်အမြန် မီသွားခဲ့ပြီး ထိုစစ်တပ်သည် တူညီသော ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအတိုင်း ခရီးဆက်နေကြောင်းကို တွေ့ရှိလိုက်ရ၏။

ထိုအရာကို မြင်လိုက်ရသောအခါ ကျောက်လင်က နားလည်သဘောပေါက်သွားသည်။

"ကောင်းဖန်စစ်တပ်က နဂါးပျံသင်္ဘော အစင်းတစ်ရာ ဆုံးရှုံးသွားပြီးတဲ့နောက် ဒီအင်အား နှစ်သိန်းတစ်သောင်းရှိတဲ့ စစ်တပ်က ကုန်းလမ်းကနေ ဆုတ်ခွာရုံကလွဲပီ့း အခြားရွေးချယ်စရာ မရှိဘူးပဲ..."

"သူတို့ တစ်ရက်ကို မိုင်ငါးဆယ် ခရီးနှင်ရင်တောင် ကောင်းဖန်နိုင်ငံကို ပြန်ရောက်ဖို့ ကောင်းဖန်စစ်တပ်အတွက် အနည်းဆုံး ခုနစ်ရက် ကြာလိမ့်မယ်..."

"အဲ့ခုနစ်ရက်အတွင်း ငါ အချိန်မရွေး တိုက်ခိုက်လို့ရတယ်..."

"ငါ စဉ်းစားကြည့်ဦးမယ်... အဏုမြူဗုံးကို ကြိုတင် တပ်ဆင်ထားပြီး ကောင်းဖန်စစ်တပ်ကို ချုံခိုတိုက်ခိုက်မယ့် နေရာကို ရောက်တာနဲ့ အဏုမြူဗုံးကို ဖောက်ခွဲလိုက်ရင် ကောင်းဖန်စစ်သား နှစ်သိန်းကို တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ် သုတ်သင်ပစ်လို့ရတယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင် ရက်စက်သော အကြံအစည်တစ်ခုက ပေါ်ပေါက်နေပြီ ဖြစ်၏။

ဤသည်မှာ နိုင်ငံစစ်ပွဲဖြစ်သောကြောင့် မဟာချင်မင်းဆက် နယ်ခြားစောင့်တပ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ကျောက်လင်သည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမျှမရှိဘဲ ကောင်းဖန်စစ်တပ် အဖွဲ့ဝင်များကို ရက်စက်စွာ သတ်ဖြတ်နိုင်ပေသည်။

ထို့ကြောင့် ကျောက်လင်သည် ယာဉ်ကို မောင်းနှင်ကာ ကောင်းကင်ယံတွင် မြင့်မားစွာ ပျံသန်းရင်း ထောက်ပံ့ရေး လမ်းကြောင်းတစ်လျှောက် ရှေ့သို့ ဆက်လက် ထွက်ခွာသွား၏။

ဆယ်မိနစ်ခန့် ပျံသန်းပြီးနောက် မောင်းသူမဲ့ယာဉ်က ရပ်တန့်သွားသည်။

အောက်ဘက်တွင် အလွန်ကျဉ်းမြောင်းသော တောင်ကြားလျှိုတစ်ခု ရှိနေ၏။

လျှိုမြောင်၏ တစ်ဖက်တစ်ချက်စီတွင် မီတာတစ်ထောင်ကျော် မြင့်သော တောင်တန်းများရှိသည်။

ထို့အပြင် ဤလျှိုမြောင်သည် ကောင်းဖန်စစ်တပ် နေရပ်သို့ ပြန်ရန်အတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း သေချာပေသည်။

"ဒီနေရာက အဏုမြူဗုံးတွေကို မြှုပ်နှံဖို့အတွက် သဘာဝက ဖန်တီးပေးထားတဲ့ နေရာပဲ..."

"အဏုမြူဗုံးကို ဖောက်ခွဲလိုက်တာနဲ့ ပေါက်ကွဲလှိုင်းက အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်..."

"ကောင်းဖန်စစ်တပ်က လူနှစ်သိန်းတစ်သောင်းကို တကယ်ပဲ တစ်ကြိမ်တည်းနဲ့ သုတ်သင်ပစ်လို့ရပြီ..."

ကျောက်လင်သည် ဤသေစေနိုင်လောက်သော သဘာဝနေရာကို ရွေးချယ်လိုက်၏။

မကြာမီ ကျောက်လင်သည် တောင်ကြားစင်္ကြံအတွင်းသို့ ဆင်းသက်လိုက်သည်။

"စနစ်ဈေးဆိုင်ကနေ ဝယ်ထားတဲ့ အဏုမြူဗုံးတွေရဲ့ ပေါက်ကွဲအားလှိုင်းထန်မှုက မိုင်တစ်ရာကျော် အကွာအဝေးက အရာဝတ္ထုတွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်..."

"ဒီကျောက်လျှိုမြောင် အရှည်မိုင်တစ်ရာလောက်ရှိတယ်..."

"လျှိုမြောင်ရဲ့ ထိပ်တစ်ဖက်တစ်ချက်စီမှာ အဏုမြူဗုံး တစ်လုံးစီ ထားပြီး တစ်ပြိုင်နက်တည်း ဖောက်ခွဲလိုက်မယ်ဆိုရင် တောင်ကြားစင်္ကြတစ်ခုလုံး ပြာကျသွားနိုင်တယ်..."

"အင်အား နှစ်သိန်းတစ်သောင်းရှိတဲ့ ကောင်းဖန်စစ်သားတွေသာ ဒီစင်္ကြံထဲကို ဝင်လာခဲ့ရင် တစ်ယောက်မှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး..."

စင်္ကြံအတွင်းရှိ မြင်ကွင်းကို ကိုယ်တိုင် စိတ်ကူးယဉ်ပြီးနောက် ကျောက်လင်သည် ကောင်းဖန်စစ်တပ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် အဏုမြူဗုံး အသုံးပြုမည့် သူ၏ အကြံအစည်ကို ပို၍ပင် ယုံကြည်သွား၏။

မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ကျောက်လင်သည် စနစ်ဈေးဆိုင်ကို ချက်ချင်း ဖွင့်လိုက်သည်။

[အဏုမြူဗုံး - စနစ်အမှတ် ၅၀,၀၀၀,၀၀၀]

နှစ်လုံး ဝယ်ယူမည်။

[အဏုမြူဗုံးဖောက်ခွဲရေးခလုတ် - စနစ်အမှတ် ၂,၀၀၀,၀၀၀]

နှစ်စုံ ဝယ်ယူမည်။

ထို့နောက် ကျောက်လင်သည် တောင်ကြားစင်္ကြံ၏ အရှေ့ဘက်သို့ ပျံသန်းသွားပြီး ဝင်ပေါက်မှ မိုင် ၂၀ ခန့်အကွာတွင် မြေကြီးထဲသို့ ကျင်းတစ်ကျင်း ချက်ချင်း တူးလိုက်၏။

မြေအောက် သုံးမီတာ အနက်သာ ရှိပေသည်။

အဏုမြူဗုံးကို ထုတ်ယူကာ မြေကြီးထဲတွင် ချောမွေ့စွာ တပ်ဆင်လိုက်၏။

ထို့နောက် ကျောက်လင်သည် အဏုမြူဗုံးဖောက်ခွဲရေးခလုတ်ကို ထုတ်ယူပြီး နှစ်ခုကို ချိတ်ဆက်လိုက်သည်။

"ကောင်းဖန်စစ်တပ်က အပြေးအလွှား ဆုတ်ခွာနေတာဆိုတော့ ဒီတောင်ကြားစင်္ကြံကို ရောက်ဖို့ နောက်ထပ် နှစ်ရက်လောက် ကြာလိမ့်မယ်လို့ ခန့်မှန်းရတယ်..."

"ငါ ဒီနေရာမှာ မြွေကြီးတစ်ကောင် ထားခဲ့မယ်... ကောင်းဖန်စစ်တပ် ဒီစင်္ကြံထဲ ရောက်လာတဲ့အထိ သူ့ကို ခွေနေခိုင်းပြီး ရောက်လာတဲ့အချိန်ကျမှ ခလုတ်ကို နှိပ်ခိုင်းလိုက်မယ်."

ခေတ္တမျှ စဉ်းစားပြီးနောက် ကျောက်လင် ဆုံးဖြတ်ချက် ချလိုက်၏။

မကြာမီ ကျောက်လင်သည် ပတ်ဝန်းကျင်ရှိ တောင်များကို ရှာဖွေရာ လက်မောင်းတစ်လုံးစာခန့် တုတ်သော ကျောက်စပါးကြီးမြွေ နှစ်ကောင်ကို တွေ့ရှိခဲ့သည်။

ကျောက်စပါးကြီးမြွေနှစ်ကောင်၏ သွေးကို ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းပေါ်သို့ အစက်ချလိုက်၏။

ဤနည်းဖြင့် ကျောက်လင်သည် ကျောက်စပါးကြီးမြွေ နှစ်ကောင်ကို ထိန်းချုပ်ခွင့်ရရှိသွားသည်။

ကျောက်လင်သည် ပထမဆုံး အဏုမြူဗုံးရှိသော ကျင်းထဲတွင် ကျောက်စပါးကြီးမြွေတစ်ကောင်ကို ထည့်ထားလိုက်ပြီး ကျင်းကို ချက်ချင်း ပိတ်ကာ တောင်ကြားစင်္ကြံ၏ အနောက်ဘက်သို့ ပျံသန်းသွား၏။

ထွက်ပေါက်မှ မိုင်နှစ်ဆယ်ခန့် အကွာတွင် ကျောက်လင်သည် နောက်ထပ် ကျင်းတစ်ခုကို တူးပြီး အဏုမြူဗုံးကို ထပ်မံ တပ်ဆင်လိုက်သည်။

အခြားကျောက်စပါးကြီးမြွေ တစ်ကောင်ကိုလည်း အဏုမြူဗုံးရှိသော နေရာတွင်ပင် ထားရှိလိုက်၏။

"အဏုမြူဗုံး နှစ်လုံးစလုံး တပ်ဆင်ပြီးသွားပြီ..."

"အခုတော့ ကောင်းဖန်စစ်တပ်က လူနှစ်သိန်းတစ်သောင်း ဒီနေရာကို ရောက်လာမယ့် အချိန်ကို စောင့်ရုံပဲ..."

"အဲ့စစ်တပ်အင်အား နှစ်သိန်းတစ်သောင်းသာ မရှိရင် ကောင်းဖန်နိုင်ငံက စစ်ရေးအရ အားနည်းသွားပြီး မဟာချင်မင်းဆက်လို ဖြစ်သွားလိမ့်မယ်..."

"ကျင့်ကြံသူတွေအတွက်တော့ နိဗ္ဗာန်ဘုံပဲ.."

"နိုင်ငံတော် အကျပ်အတည်းကနေ အမြတ်ထုတ်တဲ့ လှိုင်းလုံးထဲမှာ ဘယ်သူက အလည်ဆုံး နည်းလမ်းတွေကို သုံးပြီး ဘယ်သူက အများဆုံး ယူနိုင်မလဲဆိုတာပဲ အရေးကြီးတယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ထို့နောက် ချက်ချင်းပင် ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ထဲသို့ ဝင်ကာ အရှိန်တင် မောင်းနှင်သွားပြီး နောက်ဆုံးတွင် ကောင်းဖန်နိုင်ငံသို့ ရောက်ရှိသွားသည်။

"ကောင်းဖန်နိုင်ငံမှာ အဋ္ဌမအဆင့် ရေခဲစစ်သည်ငါးယောက် ရှိတယ်လို့ ကြားဖူးတယ်..."

"သူတို့ထဲက လေးယောက်ကို ငါ ကိုယ်တိုင် သတ်ခဲ့ပြီးပြီ... နောက်ထပ် အဋ္ဌမအဆင့် ရေခဲစစ်သည် တစ်ယောက်ကတော့ နန်းတော်ထဲမှာ ရှိတယ်လို့ ပြောတာပဲ.."

"အခုဆိုရင် ကောင်းဖန်နိုင်ငံတွင်းမှာ ငါ့ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်မယ့် ရေခဲစစ်သည် တစ်ယောက်မှ မရှိတော့ဘူး..."

"နန်းတော်ကို မလုယက်ခင် ကောင်းဖန်နိုင်ငံက အစိုးရရုံးတွေရဲ့ ရတနာတိုက်တွေကို ငါ အရင်လုယက်ရမယ်.."

ဆီးနှင်းဖုံးလွှမ်းနေသော တောင်တန်းတစ်ခုကို ကျော်ဖြတ်ပြီး ကောင်းဖန်နိုင်ငံသို့ ရောက်ရှိပြီးနောက် ကျောက်လင်သည် နောက်ထပ် မည်သည့်အရာကို လုပ်ဆောင်မည်ဟူသည်ကို ဆုံးဖြတ်ချက်ချထားပြီး ဖြစ်၏။

တစ်စုံတစ်ယောက်ကို လုယက်မည်ဆိုလျှင် ပြောင်စင်ရှင်းလင်းသွားသည်အထိ သေချာပေါက် လုယက်ရမည် ဖြစ်သည်။

"ရှန့်ယွင်ချွမ်းနဲ့ သူ့ရဲ့လူတစ်ရာအဖွဲ့က ကောင်းဖန်နိုင်ငံထဲကို ဝင်ပြီးတာနဲ့ မြေနိမ့်ပိုင်းတွေမှာရှိတဲ့ တောင်ဘက်ကို ဦးတည်သွားကြတယ်.."

"ဒါဆိုရင်တော့ ငါက မြောက်ဘက်ကို အရင်ဆုံး သိမ်းပိုက်ဖို့ လူလွှတ်ရမယ်..."

ကျောက်လင်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်၏။

ထို့နောက် ကျောက်လင်သည် စနစ်နေရာလွတ်ထဲမှ နဂါးပျံသင်္ဘော လေးစင်းကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

ဟေးလုံစခန်းမှ အဖွဲ့ဝင်များ အားလုံးကို ထုတ်ပေးလိုက်၏။

"ဝိုး..."

"နောက်ဆုံးတော့ အပြင်ရောက်လာပြီ..."

"အဲဒီအမှောင်ထုကြီးထဲမှာ ငါ တော်တော်လေး အသက်ရှူကျပ်နေတာ..."

ခေါင်းဆောင်သုံးယောက်ဖြစ်သော တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့သည် အလင်းရောင်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ခံစားချက်ပြင်းပြစွာဖြင့် သက်ပြင်းချလိုက်ကြသည်။

ဟင်းလင်းပြင်ပုတီးစေ့ အတွင်းတွင် အသက်ရှူနိုင်သော်လည်း နေရာလွတ်တစ်ခုလုံးမှာ အမိုက်မှောင်အတိဖြစ်နေ၏။ အကယ်၍ အတွင်း၌ အချိန်ကြာမြင့်စွာ နေထိုင်ရပါက ကြောက်ရွံ့မှု ခံစားချက်က ခန္ဓာကိုယ်တစ်လျှောက် အမှန်တကယ် လွှမ်းခြုံလာမည်ဖြစ်ရာ အတော်လေး နာကျင်ခံစားရပေသည်။

တန်ထိုက်ပေါင်ပေါင် ပေါ်လာသောအခါ အံ့သြစရာကောင်းလောက်အောင် အရာအားလုံးက တည်ငြိမ်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူမက ကျောက်လင်အပေါ် အပြည့်အဝ ယုံကြည်ထားပြီး... ကျောက်လင်သည် သူမအား ဒုက္ခပေးမည် မဟုတ်ကြောင်းကို သိထားသောကြောင့် ဟင်းလင်းပြင်ပုတီးစေ့ အတွင်း၌ပင် သူမသည် တည်ငြိမ်အေးဆေးစွာ ရှိနေခဲ့၏။

"ခင်ပွန်း... ဒါက နဂါးပျံသင်္ဘောလား..."

တန်ထိုက်ပေါင်ပေါင်သည် သူမ၏ ဘေးရှိ ဧရာမ နဂါးပျံသင်္ဘော လေးစင်းကို မြင်လိုက်ရသောအခါ မည်သို့ ဖြစ်ပျက်နေသည်ကို ချက်ချင်း နားလည်သွားပြီး ဝမ်းသာအားရဖြင့် မေးလိုက်သည်။

"ဟုတ်တယ်... ဒါက နဂါးပျံသင်္ဘောပဲ... ကျောက်စိမ်းနယ်ပယ်က ဖြစ်နေသရွေ့.. ကျင့်ကြံသူတွေက သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပြီး နဂါးပျံသင်္ဘောကို မောင်းနှင်ဖို့အတွက် အသုံးပြုလို့ရတယ်..."

"မင်းတို့ကို ကောင်းဖန်နိုင်ငံကို ခေါ်လာတာက ကောင်းဖန်နိုင်ငံရဲ့ နေရာအနှံ့ကို သွားပြီး ဒေသခံ အစိုးရရုံးတွေနဲ့ ရတနာတိုက်တွေနဲ့ စပါးကျီတွေကို လုယက်နိုင်ဖို့ပဲ..."

"ဒီတစ်ကြိမ်တွင် စားနပ်ရိက္ခာနဲ့ စည်းစိမ်ဥစ္စာ ဘယ်လောက် လုယက်နိုင်မလဲဆိုတာ မင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်တယ်..."

"ပထမဆုံး တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောပြထားပါရစေ... မင်းတို့ လုယက်လာတဲ့ ငွေပြားတွေနဲ့ ငွေတုံးတွေ အားလုံးက ငါ့အပိုင်ပဲ... ကျန်တဲ့ ဝိညာဉ်ဆေးပင်၊ ဝိညာဉ်ဆေးလုံး၊ လက်နက်ကိရိယာတွေနဲ့ စားနပ်ရိက္ခာတွေကတော့ မင်းတို့ ဟေးလုံစခန်းအပိုင် ဖြစ်လိမ့်မယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေသော အခြေအနေတစ်ခု ဖြစ်သည်။

ကျောက်လင်၏ အကြီးမားဆုံးသော အားသာချက်မှာ စနစ်ဖြစ်ပြီး သူ၏ ရည်မှန်းချက်မှာ ကောင်းဖန်နိုင်ငံ၏ ဘဏ္ဍာရေးငွေ အားလုံးကို လုယက်ကာ သူ၏ စနစ်အမှတ်များကို ပို၍မြင့်မားသော အရေအတွက်အထိ မြှင့်တင်ရန် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ပိုင်နက်နယ်မြေအတွင်း တည်ဆောက်ရန် အလုပ်ရုံ နှစ်ထောင်ရှိနေပြီး အမျိုးမျိုးသော ထုတ်လုပ်ရေးလိုင်းများကို ဝယ်ယူရန် စနစ်အမှတ်များကို အလွန်အမင်း လိုအပ်နေပေသည်။

"နားလည်ပါပြီ..."

ခေါင်းဆောင်သုံးယောက်ဖြစ်သော တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့က ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

All Chapters