← Chapters

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း (၃၈၅) ထောက်ပံ့ရေးပစ္စည်းများကို လုယူရန် စွမ်းအားများကို ထုတ်ဖော်လိုက်ခြင်း

"ဓားတစ်ချက်တည်းနဲ့ ကောင်းကင်ကို ခွဲထုတ်ပစ်မယ်..."

ကျောက်လင်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး အဋ္ဌမအဆင့် သွေးခဲဓားကို ထုတ်ယူကာ မြို့စားအိမ်တော်ရှိ ရတနာဂိုဒေါင်ဘက်သို့ ရွယ်၍ ခုတ်ပိုင်းလိုက်၏။

သွေးနတ်ဘုရားတစ်ပါးက ကောင်းကင်ကို ခွဲခြမ်းပစ်လိုက်သည့်အလား ကြက်သွေးရောင် ဓားချီတစ်ခု ကောင်းကင်ထက်တွင် ပေါ်လာပြီး အဆောက်အအုံကို ချက်ချင်း ဝင်တိုက်သွားသည်။

အဆောက်အအုံတစ်ခုလုံးမှာ ထက်ပိုင်းကွဲသွား၏။

ကြက်သွေးရောင် ဓားချီက အောက်ဘက်သို့ ဆက်လက်၍ ပိုင်းဖြတ်သွားသည်။

"ဘယ်သူက မြို့စားအိမ်တော်ကို တိုက်ခိုက်ရဲတာလဲ..."

အဆောက်အအုံ၏ အောက်ဘက်တွင် ရတနာဂိုဒေါင်တည်ရှိရာ မြေအောက်ခန်း

ရှိနေ၏။ ဂိုဒေါင်ကို စောင့်ကြပ်နေသည့် ရေခဲစစ်သည် သုံးယောက်က ဓားချီ၏ တိုက်ခိုက်မှုကို အာရုံခံမိသွားပြီး သူတို့၏ လက်ထဲမှ ရေခဲသံမဏိပေတံများကို ကိုင်ဆောင်ကာ မြေအောက်ခန်းထဲမှ အတူတကွ ပြေးထွက်လာကြသည်။

ဧရာမသားရဲကြီးသုံးကောင်၏ ပါးစပ်ပေါက်များအလား ရေခဲစွမ်းအင် စီးဆင်းမှုသုံးခုက လှည့်ပတ်ထွက်ပေါ်လာပြီး ကြက်သွေးရောင် ဓားချီကို တစ်ပြိုင်နက်တည်း ဖြတ်တောက်လိုက်၏။

ပြင်းထန်သော တိုက်ခိုက်မှုအသံက မြို့စားအိမ်တော်ထဲမှ ပဲ့တင်ထပ်သွားသည်။

"မင်းကို တွေ့ပြီ..."

"မြို့စားအိမ်တော်ထဲကို ခိုးဝင်ရဲတယ်ပေါ့ သေဖို့သာ ပြင်ထားလိုက်တော့..."

ဆဋ္ဌမအဆင့် ရေခဲစစ်သည် သုံးယောက်က ကြက်သွေးရောင် ဓားချီကို ဖျက်ဆီးပစ်ပြီးနောက် ကျောက်လင်က အိမ်တော်၏ ထောင့်တစ်နေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ ဒေါသထွက်သွားကာ လေထဲသို့ ခုန်တက်ပြီး ကျောက်လင်ဆီသို့ အတူတကွ ပြေးဝင်သွားကြသည်။

ကျောက်လင်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး သူ၏ လက်ထဲရှိ သွေးခဲဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။

ဤတစ်ကြိမ်တွင်တော့ ကျောက်လင်က သူ၏ ဝိညာဉ်စွမ်းအင်တစ်ဝက်ကို သွေးခဲဓားထဲသို့ တိုက်ရိုက် စီးဆင်းစေလိုက်ရာ ကြက်သွေးရောင် ဓားချီတစ်ခု ထွက်ပေါ်လာသည်။

ဤကြက်သွေးရောင် ဓားချီက ယခင် ဓားချီနှင့် ဆင်တူသော်လည်း ၎င်းတွင် ပါဝင်သော ဝိညာဉ်စွမ်းအင်က ဆယ်ဆခန့် ပို၍ အားကောင်းနေ၏။

မည်သို့ပင်ဆိုစေကာမူ သွေးခဲဓားသည် စွမ်းအားကို ဆယ်ဆအထိ တိုးမြှင့်ပေးနိုင်သော အဋ္ဌမအဆင့် ဝိညာဉ်လက်နက်တစ်ခု မဟုတ်ပါလော။

ထို့ကြောင့် ဤကြက်သွေးရောင် ဓားချီသည် သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ် အဆင့်အထိ ရောက်ရှိသွားသည်။

ဆဋ္ဌမအဆင့် ရေခဲစစ်သည် သုံးယောက်က လေထဲသို့ ပျံတက်သွားပြီး ကြက်သွေးရောင် ဓားချီနှင့် ရင်ဆိုင်လိုက်ရ၏။ သူတို့က ယခင် ဓားချီနှင့် တူညီသည်ဟု ထင်မှတ်ကာ သုံးယောက်သား ရေခဲသံမဏိပေတံများကို အတူတကွ ဝှေ့ယမ်းလိုက်ကြပြန်သည်။

လည်ပတ်နေသော ရေခဲစွမ်းအင် စီးဆင်းမှု သုံးခု ထပ်မံ ထွက်ပေါ်လာ၏။

သို့သော် ကြက်သွေးရောင် ဓားချီက ရှေ့သို့ တိုးဝင်သွားရာ ရေခဲစွမ်းအင် စီးဆင်းမှုများက ချက်ချင်း ပျောက်ကွယ်သွားသည်။

"ဒုက္ခပဲ..."

"အရမ်းအားကောင်းလွန်းတယ်..."

ဆဋ္ဌမအဆင့် ရေခဲစစ်သည် သုံးယောက်မှာ ဓားချီက သတ္တမအဆင့် ရေခဲစစ်သည် တစ်ယောက်၏ နယ်ပယ်သို့ ရောက်ရှိနေလောက်အောင် အားကောင်းနေကြောင်း သိလိုက်ရသောအခါ ထိတ်လန့်သွားကြ၏။

သူတို့သုံးယောက် ကြက်သွေးရောင် ဓားချီကို ရှောင်တိမ်းရန် ကြိုးစားနေစဉ်မှာပင် ၎င်းက ရုတ်တရက် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ကြက်သွေးရောင် ဓားချီများအဖြစ် ပြောင်းလဲသွားသည်။

ရွှစ်…

ရွှစ်…

ရွှစ်…

ဆဋ္ဌမအဆင့် ရေခဲစစ်သည် သုံးယောက်စလုံးမှာ ဓားချီအချက်ပေါင်းများစွာ အထိခံလိုက်ရ၏။

ထို့နောက် သူတို့သုံးယောက် လေထဲမှ ပြုတ်ကျလာပြီး မြေပြင်ပေါ်တွင် လူးလှိမ့်နေကြသည်။

ကြက်သွေးရောင် ဓားချီများက သူတို့၏ ခန္ဓာကိုယ်အတွင်း၌ သောင်းကျန်းနေပြီး ကိုယ်တွင်းအင်္ဂါများကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲနေခြင်းပင်ဖြစ်၏။

ကျောက်လင်က သူတို့သုံးယောက်ကို လှည့်ပင် မကြည့်ချေ။ သေချာပေါက် သေရမည့်သူများအတွက် အချိန်ဖြုန်းနေစရာ အကြောင်းမရှိပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်လင်က ရတနာဂိုဒေါင် အပေါက်ဝသို့ ပျံသန်းသွားသည်။

"ဒီမြို့စားအိမ်တော်ကို အရင်ဆုံး မီးရှို့ပစ်ရမယ်..."

ကျောက်လင်က သူ၏ စိတ်စွမ်းအားဖြင့် မြို့စားအိမ်တော်အတွင်းရှိ အစောင့်အများအပြား သူ့ဆီသို့ ပြေးလာနေကြောင်း အာရုံခံမိသဖြင့် ခဏလေးမျှပင် တုံ့ဆိုင်းမနေချေ။

လက်ပစ်ဗုံး ဆယ်လုံးကို ထုတ်ယူကာ နေရာဆယ်ခုဆီသို့ ပစ်ပေါက်လိုက်၏။

လက်ပစ်ဗုံးများက အဆောက်အအုံ ဆယ်ခုပေါ်သို့ ကျရောက်သွားပြီး တစ်လုံးပြီးတစ်လုံး ပေါက်ကွဲကာ အဆောက်အအုံ ဆယ်ခုစလုံးကို မီးလောင်သွားစေသည်။

"မီးလောင်နေပြီ..."

"မြန်မြန် မီးငြိမ်းကြဟေ့..."

မီးလောင်မှုဆယ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းတို့၏ ပြင်းထန်သော အရှိန်အဟုန်က မြို့စားကိုပင် အထိတ်တလန့် ဖြစ်သွားစေ၏။

အရာရှိများ၊ အစောင့်များနှင့် အစေခံများအားလုံး ထိတ်လန့်တကြား အော်ဟစ်နေကြရာ အိမ်တော်တစ်ခုလုံး ကမောက်ကမဖြစ်သွားပြီး မရေမတွက်နိုင်သော အသံများ ဆူညံစွာ ထွက်ပေါ်လာသည်။

ကျောက်လင်က သူ့ဆီသို့ ပြေးလာသော အစောင့်များအားလုံးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်၏။

ချက်ချင်းပင် ကျောက်လင်က မြေအောက်ခန်းထဲသို့ ခုန်ဆင်းသွားပြီး ရတနာဂိုဒေါင် တံခါးကို ဓားတစ်ချက်တည်းဖြင့် ခွဲဖြတ်လိုက်သည်။

"ငွေတုံးသေတ္တာ အလုံးတစ်ရာတောင်..."

"ဒီမြို့စားက တော်တော် လောဘကြီးတာပဲ..."

ကျောက်လင်က စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သောအခါ အလွန်ဝမ်းသာသွား၏။

ငွေတုံးသေတ္တာ တစ်ရာအပြင် ငွေစက္ကူ သေတ္တာတစ်လုံးလည်း ရှိနေပြီး ပမာဏက ပို၍ပင် များပြားလှသည်။

"နှမြောစရာပဲ... ဒီတိုက်ပွဲအပြီးမှာ ကောင်းဖန်နိုင်ငံ ပြိုကွဲသွားလိမ့်မယ်... ငွေစက္ကူတွေကို သွားလဲဖို့

မဖြစ်နိုင်တော့ဘူး..."

ကျောက်လင်က သက်ပြင်းချလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤငွေစက္ကူများကို ကောင်းဖန်နိုင်ငံရှိ ငွေလဲဌာနများတွင်သာ လဲလှယ်၍ ရနိုင်ပေသည်။

ကောင်းဖန်နိုင်ငံ ပြိုကွဲသွားသည်နှင့် တစ်ပြိုင်နက် ငွေလဲဌာနများကလည်း ဤငွေစက္ကူများကို ဆက်လက် လဲလှယ်ပေးမည်မှာ သေချာပေါက် မဟုတ်တော့ချေ။

ဤသည်က စက္ကူကြမ်း သေတ္တာတစ်လုံးနှင့် အတူတူပင် ဖြစ်သွား၏။

သို့သော်လည်း ကျောက်လင်က ဂရုမစိုက်ပေ။ သူက ပျံသန်းသွားပြီး ဂိုဒေါင်ထဲရှိ ပစ္စည်းများအားလုံးကို သူ၏ စနစ်နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

ရတနာဂိုဒေါင်ထဲမှ ပျံသန်းထွက်ခွာလာပြီးနောက် ကျောက်လင်က ဓားကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသော ဓားချီက ဂိုဒေါင်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီး မြေပြင်ကို ပြိုကျသွားစေကာ ဂိုဒေါင်နေရာတစ်ခုလုံးကို မြေမြှုပ်ပစ်လိုက်၏။

"နောက်ဆုံး ပစ်မှတ်က စစ်တပ် ရတနာဂိုဒေါင်ပဲ..."

ကျောက်လင်က လေထဲသို့ ပျံတက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

စစ်တပ်ရိက္ခာများ၊ လက်နက်များ သို့မဟုတ် လစာငွေများ မည်သည့်အရာပင်ဖြစ်ပါစေ ဤသည်က ကြီးမားလှသော စည်းစိမ်ဥစ္စာများပင် ဖြစ်၏။

ကျောက်လင်က သေချာပေါက် အရေးကြီးဆုံး စည်းစိမ်များကို လုယူချင်နေပေသည်။

လေထဲတွင် ပျံသန်းနေစဉ် လန်ရှင်းဟိုင်မြို့ တစ်မြို့လုံး ဆူညံပွက်လောရိုက်နေ၏။

ကျောက်လင် ဖန်တီးခဲ့သော အဓိကရုဏ်းများက မြို့တွင်းရှိ မြေအောက်အဖွဲ့အစည်းများ၏ အာရုံစိုက်မှုကိုလည်း ရရှိသွားစေပြီး သူတို့က ရှားပါးလှသော အခွင့်အရေးကို အသုံးချကာ ဆိုင်အသီးသီးကို ဖောက်ထွင်းလုယက်ကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့တစ်မြို့လုံး မီးများဟုန်းဟုန်းတောက်လောင်နေပြီး အရာရှိများမှာလည်း အခြေအနေကို ထိန်းသိမ်းရန် ဟိုပြေးဒီလွှားဖြင့် အလုပ်များနေကြ၏။

"လန်ရှင်းဟိုင်မြို့ကတော့ ပျက်စီးသွားပြီပဲ..."

မြို့ထဲရှိ ကမောက်ကမအခြေအနေကို ကြည့်ရင်း ကျောက်လင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

မကြာမီမှာပင် ကျောက်လင်က မြို့အစွန်သို့ ရောက်ရှိသွား၏။

မြို့စောင့်တပ်၏ စစ်တပ်စခန်းမှာ တောင်ခြေရှိ နေရာကျယ်ကြီးတစ်ခုကို ကျောက်တံတိုင်းများဖြင့် ကာရံထားပြီး အတွင်းဘက်တွင် ကျောက်သားအိမ် ထောင်ပေါင်းများစွာကို တည်ဆောက်ထားသည်။

လန်ရှင်းဟိုင်မြို့တွင် အဓိကရုဏ်းများ ဖြစ်ပွားနေသော်လည်း မြို့စောင့်တပ်များကတော့ လုံးဝ တုန်လှုပ်ခြင်း မရှိချေ။

"မြို့တစ်မြို့လုံး ကမောက်ကမ ဖြစ်နေတာတောင် မြို့စောင့်တပ်တွေက လုံးဝ လျစ်လျူရှုထားတယ်... စစ်သားတွေ အားလုံး သူတို့စခန်းတွေထဲမှာပဲ ရှိနေကြတာပဲ..."

"မြို့စောင့်တပ်တွေဆီမှာ အရေးကြီးတဲ့ ရတနာတွေများ ရှိနေလို့လား..."

ရုတ်တရက် ကျောက်လင်က ဤသို့ ခန့်မှန်းမိသွား၏။

အခြားသော ကျင့်ကြံသူများအတွက်မူ ရတနာများက သေချာပေါက် အရေးအကြီးဆုံးဖြစ်သည်။

သို့သော် ကျောက်လင်၏ စိတ်ထဲတွင်တော့ သူ၏ အဓိကပစ်မှတ်မှာ ငွေသားသာဖြစ်၏။

ငွေရှိလျှင် စနစ်အမှတ်များကို ရရှိမည်ဖြစ်ပြီး ၎င်းတို့ကို အသုံးပြု၍ စနစ်ဈေးဆိုင်မှ မည်သည့်ရတနာကိုမဆို ဝယ်ယူနိုင်ပေသည်။

ထို့ကြောင့် ကျောက်လင်သည် ယခုအခါ စစ်တပ်ရတနာဂိုဒေါင်၏ အထက်တွင် ရှိနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်လင်၏ ခန္ဓာကိုယ်က ကင်းလှည့်နေသော စစ်သားများ မမြင်နိုင်သည့် ဂိုဒေါင်၏ အမှောင်ထောင့်တစ်ခုသို့ ကျဆင်းသွား၏။

"ဒီဂိုဒေါင်က ကောက်နှံတွေနဲ့ ပြည့်နေတာပဲ... အရင်ဆုံး ယူလိုက်တာပေါ့..."

ကျောက်လင်က သူ၏ စိတ်စွမ်းအားကို အသုံးပြု၍ ဂိုဒေါင်ထဲရှိ ထောက်ပံ့ရေးပစ္စည်း အမျိုးအစားများကို အတည်ပြုလိုက်သည်။

ချက်ချင်းပင် ကျောက်လင်က ဂိုဒေါင်ထဲသို့ တိုက်ရိုက်ရောက်နိုင်သော ဥမင်လှိုဏ်ခေါင်းတစ်ခုကို ကျွမ်းကျင်စွာ တူးဖော်လိုက်၏။

အထဲတွင် ကောက်နှံအိတ် တစ်သိန်းခန့် ရှိနေသည်။

ကျောက်လင်က တစ်ဟုန်ထိုး ပျံသန်းသွားပြီး ရိက္ခာများအားလုံးကို သူ၏ စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်၏။

ကောက်နှံများကို ရယူပြီးနောက် ကျောက်လင်က သစ်ပင်အများအပြားကို ပစ်ချလိုက်ပြီးနောက် ရေနံစည်ပိုင်းနှစ်ခုကို ထပ်မံပစ်ချလိုက်သည်။ ထို့နောက် သူက ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်ရာ မီးတောက်လက်ဝါးရာကြီး တစ်ခုမှ ဧရာမမီးစွမ်းအင် ဝိညာဉ်စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။

ရေနံများ မီးစွဲသွားပြီး သစ်ပင်များကို ချက်ချင်း မီးလောင်သွားစေသည်။

"မီးလောင်နေပြီ..."

"စပါးကျီ မီးလောင်နေပြီဟေ့..."

ကင်းလှည့်နေသော စစ်သားများက စပါးကျီမှ မီးတောက်များ ထွက်ပေါ်လာသည်ကို မြင်သောအခါ ချက်ချင်း အော်ဟစ်လိုက်ကြ၏။

စစ်သားအများစုက စပါးကျီဆီသို့ ပြေးသွားကြပြီး နည်းလမ်းအမျိုးမျိုးဖြင့် မီးငြိမ်းရန် ကြိုးစားကြရာ စခန်းတစ်ခုလုံး ကမောက်ကမ ဖြစ်သွားတော့သည်။

ကျောက်လင်ကတော့ စစ်တပ်လစာငွေ ဂိုဒေါင်ဆီသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဤဂိုဒေါင်ကို မြေအောက် ကျောက်ခန်းတစ်ခုတွင် တည်ဆောက်ထားသည်။

အကယ်၍ ကျောက်လင်သာ ဤမျှ အားကောင်းသော စိတ်စွမ်းအားကို မပိုင်ဆိုင်ထားပါက သာမန်မျက်စိဖြင့် ရှာတွေ့နိုင်မည် မဟုတ်ပေ။

မြို့စောင့်တပ်များအားလုံး မီးငြိမ်းသတ်ရန် အလုပ်များနေစဉ် ကျောက်လင်က ချက်ချင်း တွင်းတူးကာ မြေအောက်ခန်းဆီသို့ အမြန်သွားလိုက်၏။

အထဲတွင် သံမဏိသစ်သားဖြင့် ပြုလုပ်ထားသော သစ်သားသေတ္တာ အလုံး နှစ်ရာရှိနေသည်။

"အားလုံးက ငွေတုံးတွေချည်းပဲ..."

"သေတ္တာတစ်လုံးမှာ ငွေတုံး နှစ်‌သောင်းပါတယ်ဆိုတော့ ငွေပြား နှစ်သောင်းနဲ့ ညီမျှတာပေါ့..."

"ဒီငွေပြားတွေက လေးသန်းတောင်ပဲ..."

“ချမ်းသာပြီ….ငါ တကယ် ချမ်းသာပြီ”

မည်သို့မျှ တုံ့ဆိုင်းနေခြင်းမရှိဘဲ ကျောက်လင်က ပျံသန်းသွားကာ သစ်သားသေတ္တာများ အားလုံးကို သိမ်းယူလိုက်၏။

ထို့နောက် ချက်ချင်းပင် ကျောက်လင်က မြေအောက်ထဲမှ ပျံသန်းထွက်ခွာလာသည်။

"ကောင်လေး... မင်းက ငါတို့ စစ်တပ်စခန်းထဲမှာတောင် ဥမင်တူးရဲတယ်ပေါ့..."

ကျောက်လင် မြေပြင်ပေါ်မှ ပျံတက်သွားချိန်မှာပင် လေထဲတွင် လူတစ်ယောက် ပေါ်လာပြီး အေးစက်စက် အသံဖြင့် ပြောလိုက်၏။

All Chapters