အခန်း ၃၈၈
Vol. 39 Ch. 388
အခန်း (၃၈၈) အဘယ်ကြောင့် လာတားနေရသနည်း၊ လုမယ်… လုမယ်…လုမယ်
စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးစခန်းများနှင့် စားနပ်ရိက္ခာ ဂိုဒေါင်များမှာမူ အလုယက် မခံရသေးဘဲ ရှိနေသည်။
ထိုအချိန်၌ ထောင်ပေါင်းများစွာသော စစ်သားများက ကျောက်လင်အား ဝိုင်းရံထားကြ၏။
ကောင်းကင်ယံတွင်မူ ဆဋ္ဌမအဆင့် ရေခဲစစ်သည် ဆယ်ယောက်တို့က လေထဲ၌ မားမားမတ်မတ် ရပ်တန့်နေကြသည်။
ထိုသူများ၏ လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ ကျောက်လင်က သူတို့၏ ရည်ရွယ်ချက်ကို သဘာဝကျကျပင် နားလည်လိုက်၏။ သူတို့က စစ်သားများ၏ အသက်ကို စတေး၍ သူ၏ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များကို ကုန်ခမ်းသွားစေရန် ပြုလုပ်ပြီးနောက် ဆဋ္ဌမအဆင့် ရေခဲစစ်သည် ဆယ်ယောက်က သူ့ကို ဝိုင်းဝန်းသတ်ဖြတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
"ပင်လယ်အမြွာတပ်စခန်း... တိုက်ခိုက်စမ်း..."
လေထဲရှိ ဆဋ္ဌမအဆင့် ရေခဲစစ်သည် တစ်ယောက်က အမိန့်ပေးလိုက်၏။
စံသတ်မှတ်ချက်မီ ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားသော အရပ်မောင်းကောင်းသည့် စစ်သားတစ်ထောင်ခန့်က ကျောက်လင်ထံသို့ ကြောက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် ပြေးဝင်လာကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်လင်က ဘာမှမတတ်နိုင်တော့သည့်အလား ခေါင်းကို ခါယမ်းလိုက်၏။
အမှန်တကယ်တော့ ကျောက်လင်က သတ်ဖြတ်ခြင်းများကို မလုပ်ချင်ခဲ့ပေ။ သူက ပစ္စည်းများကို ယူပြီး ထွက်သွားချင်ရုံသာ ဖြစ်သည်။
ကံမကောင်းစွာဖြင့်ပင် ဤလူများက သူ့ကို တိုက်ခိုက်ရန် အတင်းအကြပ် ပြုလုပ်နေခဲ့ကြ၏။
ချက်ချင်းဆိုသလိုပင် ကျောက်လင်က နတ်ဘုရား အမြန်နှုန်းကို အသုံးပြုကာ ကောင်းကင်ယံသို့ ပြေးတက်သွားခဲ့သည်။
သူခိုးကို ဖမ်းလိုလျှင် ခေါင်းဆောင်ကို အရင်ဖမ်းရပေမည်။
ဤဆဋ္ဌမအဆင့် ရေခဲစစ်သည်များကို သတ်ဖြတ်လိုက်ခြင်းက သာမန်စစ်သားများကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်ပေလိမ့်မည်။
"သူ့ကို အတူတူ ဝိုင်းတိုက်ကြစို့..."
ခေါင်းဆောင်ဖြစ်သူ ဆဋ္ဌမအဆင့် ရေခဲစစ်သည်တစ်ယောက်က ကျောက်လင် လေထဲတွင် တိုက်ခိုက်တော့မည်ကို မြင်လိုက်ရသောအခါ အလောတကြီး အော်ပြောလိုက်၏။
ဆဋ္ဌမအဆင့် ရေခဲစစ်သည် ဆယ်ယောက်လုံးက ရေခဲဓားများကို ကိုင်ဆောင်ထားကြပြီး တစ်ပြိုင်နက်တည်း ဝှေ့ယမ်းလိုက်ကြသည်။
အဆုံးမဲ့သော အအေးဓာတ်က နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကျောက်လင် ရှိနေသော နေရာကို လုံးဝ ချိတ်ပိတ်ပစ်ရန် ကြိုးပမ်းလာကြ၏။
ကျောက်လင်က ဘယ်ဘက်လက်ကို လှုပ်ရှားလိုက်ရာ လက်ဝါးပြင်ထက်တွင် မီးတောက်တစ်ခု ပေါ်လာသည်။ ထို့နောက် ပြင်းထန်သော အပူလှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး အအေးဓာတ်များမှ ကာကွယ်ပေးလိုက်၏။
ဤသည်မှာ ကျောက်လင်သည် မီးလမ်းစဉ်တာအို၏ စွမ်းအားအပြည့်အဝကို နားလည်သဘောပေါက်သွားပြီးနောက် သူ၏ မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက် ထဲသို့ မီးတောက်စွမ်းအင်များကို ထည့်သွင်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ရေခဲစွမ်းအားများထံမှ ကင်းလွတ်သွားပြီးနောက် ကျောက်လင်က ညာဘက်လက်ဖြင့် သွေးခဲဓားကို ထပ်မံ ထုတ်ယူလိုက်၏။
"မူလဝိညာဉ်ကျင့်စဉ်..."
"သွေးခဲဓား..."
ကျောက်လင်၏ ပထမဆုံး လှုပ်ရှားမှုကပင် အသက်အန္တရာယ် ပေးနိုင်လောက်အောင် ပြင်းထန်လှသည်။
ဤဆဋ္ဌမအဆင့် ရေခဲစစ်သည်များနှင့် အချိန်ဖြုန်းနေရန် သူ စိတ်ဝင်စားမှုမရှိပေ။
စိတ်စွမ်းအား တိုက်ခိုက်မှုတစ်ခုက ဆဋ္ဌမအဆင့် ရေခဲစစ်သည် တစ်ယောက်၏ စိတ်အာရုံကို ရိုက်ခတ်သွားရာ ထိုသူမှာ အသံတစ်ချက်မျှပင် မထွက်နိုင်ဘဲ ကောင်းကင်ပေါ်မှ ရုတ်တရက် ပြုတ်ကျသွားခဲ့၏။
သူက ထိုနေရာ၌ပင် သေဆုံးသွားခဲ့သည်။
သတ္တမအဆင့် ရေခဲစစ်သည်များပင် ကျောက်လင်၏ စိတ်စွမ်းအား တိုက်ခိုက်မှုများကို မခံနိုင်သည့်တိုင်အောင် ဤဆဋ္ဌမအဆင့် ရေခဲစစ်သည်များအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် သွေးကဲ့သို့ နီရဲနေသော ဓားချီတစ်ခုက လေထုကို ခွဲထုတ်လျက် ထွက်ပေါ်လာ၏။
ဆဋ္ဌမအဆင့် ရေခဲစစ်သည် နှစ်ယောက်မှာ အချိန်မီ မရှောင်တိမ်းနိုင်ဘဲ ဓားချီ၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရကာ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားခဲ့သည်။
ကျောက်လင်က တစ်ချက်တည်းဖြင့် ဆဋ္ဌမအဆင့် ရေခဲစစ်သည် သုံးယောက်ကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ကျန်ရစ်နေသော ဆဋ္ဌမအဆင့် ရေခဲစစ်သည် ခုနစ်ယောက်မှာ ကိုယ်ရောစိတ်ပါ ထိတ်လန့်တုန်လှုပ်သွားကြ၏။
ကျောက်လင်၏ စွမ်းအားက သူတို့ တားဆီးနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေကြောင်းကို သူတို့ သဘောပေါက်သွားကြသည်။
"ထွက်ပြေးကြ..."
ထိုခုနစ်ယောက်က တစ်ပြိုင်နက်တည်းနီးပါး အော်ဟစ်လိုက်ကြပြီး ထွက်ပြေးရန် ကြိုးစားလိုက်ကြ၏။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား... နောက်ကျသွားပြီ..."
ကျောက်လင်က လှုပ်ရှားလိုက်ပြီဖြစ်ရာ သူတို့ကို မည်သို့လုပ် ထွက်ပြေးခွင့်ပြုမည်နည်း။
မူလဝိညာဉ်ကျင့်စဉ် ကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုလိုက်ပြန်သည်။
ထိုအခိုက်တွင် စိတ်စွမ်းအား ခုနစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ဆဋ္ဌမအဆင့် ရေခဲစစ်သည် ခုနစ်ယောက်၏ စိတ်အာရုံများကို ရိုက်ခတ်သွား၏။
သူ၏ စိတ်စွမ်းအားကို ခုနစ်ပိုင်းခွဲလိုက်ရသဖြင့် ကျောက်လင်မှာ သူ၏ တိုက်ခိုက်မှုများကို ဆက်တိုက် မပြုလုပ်နိုင်တော့ပေ။
သို့သော်လည်း ဤစိတ်စွမ်းအားခုနစ်ခုက ဆဋ္ဌမအဆင့် ရေခဲစစ်သည်များ၏ စိတ်အာရုံထဲသို့ ဝင်ရောက်သွားမှုသည် အချိန်တိုတောင်းသော်လည်း သူတို့၏ ဝိညာဉ်များကို ထိခိုက်သွားစေပြီး အသိစိတ်များကို ခေတ္တမျှ ရပ်တန့်သွားစေခဲ့သည်။
ဆဋ္ဌမအဆင့် ရေခဲစစ်သည် ခုနစ်ယောက်၏ ခန္ဓာကိုယ်များက မလှုပ်မယှက် ဖြစ်သွားကြ၏။
ကျောက်လင်က ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွတ်မခံဘဲ သွေးခဲဓားကို နောက်တစ်ကြိမ် ထပ်မံ ဝှေ့ယမ်းလိုက်သည်။
ဓားချီခုနစ်ခုက တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာကာ ထိုခုနစ်ယောက်အပေါ် ကျရောက်သွားပြီး သူတို့၏ ခန္ဓာကိုယ်များကို နှစ်ပိုင်းပိုင်းပစ်လိုက်၏။
တစ်မိနစ်ပင် မကြာလိုက်သော အချိန်အတွင်းမှာ ကျောက်လင်က ဆဋ္ဌမအဆင့် ရေခဲစစ်သည် ဆယ်ယောက်လုံးကို သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။
"သေစမ်း..."
"သူက အရမ်းသန်မာလွန်းတယ်..."
"ပြေးကြ..."
ကျောက်လင်က အလွန်အစွမ်းထက်လှသော ဆဋ္ဌမအဆင့် ရေခဲစစ်သည် ဆယ်ယောက်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ မြေပြင်ပေါ်ရှိ စစ်သားတစ်ထောင်ခန့်မှာ ထိတ်လန့်သွားကြ၏။
ထို့ကြောင့် စစ်သားတစ်ထောင်ခန့်မှာ ပို၍ ကြောက်လန့်တကြားဖြစ်သွားကာ ပြန့်ကျဲ၍ ထွက်ပြေးသွားကြလေသည်။
ကျောက်လင်က ဤသာမန်စစ်သားများကို လိုက်လံသတ်ဖြတ်ခြင်း မပြုခဲ့ပေ။
တပ်စခန်းထဲရှိ စစ်သားများက တစ်ယောက်ပြီးတစ်ယောက် တပ်စခန်းထဲမှ ပြေးထွက်သွားကြ၏။
လေတိုးသံ တစ်ချက်နှင့်အတူ ကျောက်လင်က စစ်တပ်စားနပ်ရိက္ခာ ဂိုဒေါင်ရှေ့သို့ ဆင်းသက်လိုက်သည်။
သူတို့တွင် ကောက်နှံရိက္ခာအိတ် တစ်သိန်းခန့် အရန်ထားရှိထားသည်။
အားလုံးကို သိမ်းယူလိုက်၏။
နောက်တစ်ခဏအကြာတွင် ကျောက်လင်က လက်နက်တိုက်သို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာတွင် အမျိုးအစားစုံလင်လှသော လက်နက်ကိရိယာ အခုရေ ငါးသောင်းခန့် ရှိနေ၏။
ကျောက်လင်က ဘာမှစဉ်းစားမနေတော့ဘဲ ပျံသန်းသွားကာ လက်နက်ကိရိယာ အားလုံးကို သူ၏ စနစ်နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်သည်။
"မြို့စားအိမ်တော်နဲ့ တပ်စခန်းက အဓိက ထောက်ပံ့ရေးပစ္စည်းတွေ အားလုံးကို ငါ ယူပြီးသွားပြီ..."
"ညမိုးမလင်းခင် ငါ အမြန်လုပ်မှရမယ်... ပင်လယ်အမြွာမြို့ထဲက ဘယ်ထောက်ပံ့ရေးပစ္စည်းကိုမှ ငါ လက်လွတ်မခံနိုင်ဘူး..."
ကျောက်လင်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး ပင်လယ်အမြွာမြို့ထဲတွင် ကောင်းကင်ထိအောင် လောင်ကျွမ်းနေသော မီးတောက်များကို မြင်လိုက်ရသောအခါ အံ့ဩတကြီး ရေရွတ်လိုက်မိ၏။
ဤမျှများပြားလှသော မီးတောက်များကို မြင်လိုက်ရသဖြင့် တချို့သော မြေအောက်အဖွဲ့အစည်းများ သို့မဟုတ် ဒေသခံ လူဆိုးဂိုဏ်းများက အခွင့်ကောင်းယူ၍ ပြဿနာရှာကာ ပင်လယ်အမြွာမြို့ တစ်မြို့လုံးကို မီးရှို့လိုက်ခြင်းဖြစ်ကြောင်း ကျောက်လင်က ချက်ချင်း နားလည်လိုက်သည်။
"ဒါက ကောင်းတာပေါ့... ခုလို ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာ ချမ်းသာတဲ့ ကုန်သည်တွေ၊ သူဌေးတွေနဲ့ အဖွဲ့အစည်း အသီးသီးက သူတို့ရဲ့ ဂိုဒေါင်တွေထဲက ရတနာတွေကို ထုတ်ယူဖို့ ဒါမှမဟုတ် ဂိုဒေါင်တွေကို စောင့်ကြပ်ဖို့ လူတွေ လွှတ်ကြမှာ သေချာတယ်..."
"ဒါက ငါ့အတွက် ရတနာတွေ လိုက်ရှာရမယ့် အချိန်ကို သက်သာသွားစေတာပဲ..."
မြို့ထဲရှိ ကမောက်ကမ အခြေအနေများကို မြင်လိုက်ရသောအခါ ကျောက်လင်က ဝမ်းသာအားရ ရေရွတ်လိုက်၏။
မြို့သူမြို့သား နှစ်သန်းခန့် ရှိသည့်အတွက် ကျောက်လင် ကိုယ်တိုင် အိမ်တစ်အိမ်ချင်းစီ၏ သိုလှောင်ခန်းများကို လိုက်ရှာနေမည်ဆိုပါက အလွန်များပြားလှသော အချိန်များကို ယူရပေလိမ့်မည်။
ပင်လယ်အမြွာမြို့ မှာ ကမောက်ကမ ဖြစ်သွားပြီဖြစ်ရာ ကျောက်လင်က မည်သည့်အဖွဲ့အစည်းမဆို သူတို့၏ ဂိုဒေါင်တည်နေရာကို ထုတ်ဖော်ပြသလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာသို့ ပျံသန်းသွားကာ လုယူလေတော့သည်။
လမ်းမတစ်ခုပေါ်တွင်။
မျက်နှာတစ်ပြင်လုံး အမာရွတ်များ ရှိနေသော လူဆိုးတစ်ယောက်က ချီရှီးသီလရှင်ကျောင်းမှ အစေခံလေး တစ်ယောက်ဘေးရှိ ပရုတ်သစ်သားသေတ္တာပေါ်မှ ကြေးကွင်းကို ဆုပ်ကိုင်ထား၏။
"ငါ့ကို လွှတ်စမ်း... ဒီငွေတုံးသေတ္တာက ငါ့ဟာ..."
"မင်း မလွှတ်ဘူးဆိုရင် ငါ ဓားနဲ့ တစ်ပိုင်းစီ ခုတ်ပစ်မယ်..."
ထိုလူဆိုးက မောက်မာစွာဖြင့် အော်ဟစ်လိုက်သည်။
ရုတ်တရက် ကျောက်လင်၏ ပုံရိပ်က လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီး လူဆိုး၏ ခေါင်းကို ဓားဖြင့် ခုတ်ဖြတ်ကာ သစ်သားသေတ္တာကိုပါ တစ်ပါတည်း လုယူသွားခဲ့၏။
အဓိက လမ်းမကြီးတစ်ခုပေါ်တွင်။
စတုတ္ထအဆင့် ရေခဲစစ်သည်များ ငါးယောက်တို့ စုရုံးနေကြပြီး ဘေးဘက်ရှိ စံအိမ်ထဲသို့ မောက်မာစွာ ဝင်ရောက်သွားကြသည်။ ထို့နောက် သူတို့က စံအိမ်၏ အစောင့်အားလုံးကို အရူးအမူး သတ်ဖြတ်လိုက်ကြပြီး သိုလှောင်ရုံတစ်ခုထဲသို့ ပြေးဝင်သွားကြ၏။
ဤရေခဲစစ်သည်ငါးယောက်က ဤစံအိမ်ကို အရင်ကတည်းက မျက်စိကျနေပြီး ၎င်း၏ စည်းစိမ်များကို မက်မောနေခဲ့ခြင်း ဖြစ်တန်ရာသည်။
ထို့ကြောင့် ပင်လယ်အမြွာမြို့ ကမောက်ကမ ဖြစ်သွားသောအခါ ရေခဲစစ်သည် ငါးယောက်က သူတို့၏ လောဘကြီးလှသော စိတ်သဘောထား များကို ဖုံးကွယ်မထားတော့ဘဲ စံအိမ်၏ စည်းစိမ်အားလုံးကို လုယူရန် ရည်ရွယ်ကာ ချက်ချင်းပင် သတ်ဖြတ်ခြင်းများကို စတင်ခဲ့ကြခြင်း ဖြစ်သည်။
ကျောက်လင်က အချိန်ကိုက် ပျံသန်းလာပြီး ဂိုဒေါင်ထဲသို့ ပြေးဝင်ကာ ဝိညာဉ်မီးတောက် လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် စတုတ္ထအဆင့် ရေခဲစစ်သည် ငါးယောက်ကို ချက်ချင်း ပြာကျသွားစေခဲ့၏။
ကျောက်လင်က ဂိုဒေါင်ထဲရှိ သေတ္တာတစ်ရာလုံးကို တစ်ပါတည်း သိမ်းယူလိုက်သည်။
ဝိညာဉ်ဆေးဝါးဆိုင်များ တန်းစီနေသော လမ်းတစ်ခု။
ထိုအချိန်၌ အဖွဲ့အစည်းနှစ်ခုက မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြ၏။
"နှင်းကြာပန်းစံအိမ်... မင်းတို့ရဲ့ ဝိညာဉ်ဆေးဝါးဆိုင်တွေ အားလုံးကို လွှဲပေးစမ်း... ဒါဆို ငါတို့သဲနက်ဂိုဏ်းက မင်းတို့ အသက်ကို ချမ်းသာပေးမယ်..."
အဖွဲ့တစ်ဖွဲ့ထဲမှ မုတ်ဆိတ်မွေး အပြည့်ဖြင့် အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက ခြိမ်းခြောက်ပြောဆိုလိုက်သည်။
"တွေးတောင် မတွေးနဲ့..."
"ငါတို့ နှင်းကြာပန်းစံအိမ်က ပင်လယ်အမြွာမြို့မှာရှိတဲ့ ဝိညာဉ်ဆေးဝါး ကုန်သည်သုံးဆယ်ရဲ့ ခေါင်းဆောင်ပဲ... ဒီဝိညာဉ်ဆေးဝါး ကုန်သည်တွေက ငါ့ကို ယုံကြည်နေကြမှတော့ ငါက ဘယ်လိုလုပ် သူတို့ကို စိတ်ပျက်အောင် လုပ်ရက်မှာလဲ..."
အခြားအဖွဲ့တစ်ခုမှ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဒါဆိုရင်လည်း ဒီနေ့ မင်းတို့ နှင်းကြာပန်းစံအိမ်ကို သတ်ဖြတ်ပြီး ဒီနေရာမှာရှိတဲ့ ဝိညာဉ်ဆေးဝါးဆိုင်တွေ အားလုံးကို လုယူရတာပေါ့..."
မုတ်ဆိတ်မွေးထူထူနှင့် ထိုလူက အော်ဟစ်လိုက်၏။
ထိုသို့ဖြင့် နှစ်ဖက်အဖွဲ့သားများ အချင်းများကာ တိုက်ခိုက်ကြလေတော့သည်။
ထိုအချိန်တွင် ဝိညာဉ်ဆေးဝါးဆိုင်များမှ ဝန်ထမ်းအားလုံးက သူတို့၏ သက်ဆိုင်ရာ ဂိုဒေါင်များထဲမှ ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်ဆေးလုံးများ အားလုံးကို စုဆောင်းကာ သေတ္တာများထဲသို့ ထုပ်ပိုးလိုက်ကြပြီး တိုက်ပွဲကို အခွင့်ကောင်းယူ၍ ဤရတနာများကို သယ်ယူသွားရန် ပြင်ဆင်နေကြ၏။
သဲနက်ဂိုဏ်း၏ အင်အားမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး သူတို့က နှင်းကြာပန်းစံအိမ်မှ လူများကို အလျင်အမြန် သုတ်သင်ပစ်လိုက်ကြသည်။ ထို့နောက် သူတို့က ဝိညာဉ်ဆေးဝါးဆိုင် အသီးသီးမှ ရတနာများကို လုယူရန် သွားကြလေသည်။
ကျောက်လင်က ကောင်းကင်ပေါ်မှ တစ်ဖန် ပြန်လည်ဆင်းသက်လာခဲ့၏။
ဓားချီများစွာက ဖြတ်သန်းတိုက်ခတ်သွားပြီး သဲနက်ဂိုဏ်းတစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အမြစ်ပြတ်သွားခဲ့သည်။
ကျောက်လင်က တုံ့ဆိုင်းမနေဘဲ ဝိညာဉ်ဆေးဝါးဆိုင် သုံးဆယ်ကျော်မှ ဝိညာဉ်ဆေးပင်များ အားလုံးကို သိမ်းယူလိုက်လေသည်။