← Chapters

အခန်း ၆၁

Vol. 6 Ch. 61

အခန်း ၆၁

Vol. 6 Ch. 61

အခန်း။ ၆၁

ယန်ကွေးကျန်းသည် ဇောင်လဲ့လဲ့ကို လွယ်လွယ်နှင့် အလျှော့ပေးရန် မဖြစ်နိုင်တော့ပေ။

ဇောင်လဲ့လဲ့သည် သူမတို့မိသားစု၏ ပိုက်ဆံကို လိုချင်သလို အိမ်ကိုလည်း လိုချင်နေသည်။

ဘာကြောင့်လဲ။

ငါတို့သားက ဇောင်လဲ့လဲ့နဲ့ မင်္ဂလာဆောင်ရသေးတာမဟုတ်ဘဲနဲ့ ဘာလို့ အိမ်ကို သူမနာမည်ပြောင်းပေးရမှာလဲ။

လက်ထပ်ပြီးရင်တောင်မှ အိမ်ကို သူမနာမည်ပြောင်းပေးဖို့ဆိုတာ မဖြစ်နိုင်ပေ။

ယန်ကွေးကျန်း ပိုတွေးလေ ပိုဒေါသထွက်လေဖြစ်သည်။

သူမအနေဖြင့် ဇောင်လဲ့လဲ့ကို ငွေနှစ်သိန်း ပို၍ ပေးလိုက်ရန်မှာ ခက်ခဲသောအရာ မဟုတ်ပေ။

သို့သော် ထို့အစား ဂူချန်ကိုရှေ့နေခပေးပြီး အမှုကိုနိုင်အောင်လုပ်ခြင်းကပို၍ ပိုကောင်းသည်ဟု သူမခံစားလိုက်ရသည်။

ဇောင်လဲ့လဲ့လို မိန်းမမျိုးကို ထောင်ထဲပို့မှကို ဖြစ်မှာ….

မောင်ဖြစ်သူအတွက် အိမ်ဝယ်ဖို့ တင်တောင်းငွေတောင်းတာက တစ်မျိုး၊ အခုတော့ မိသားစုပိုင် အိမ်ကိုပါ သူမမောင်နာမည်ပြောင်းခိုင်းတာက ဘာလဲ။

ကလေးမွေးရတာက အရမ်းခက်ခဲနေလို့လား။

ကလေးမွေးပေးမှာမို့လို့ သတိပေးချက်ထုတ်တာလား။

ထို့ကြောင့် ဇောင်လဲ့လဲ့နှင့် တွေ့သည့်အခါ ယန်ကွေးကျန်းက စကားပြောဆိုမှုများကို အသံဖမ်းထားလိုက်သည်။

...

ဂူချန်က အသံဖိုင်ကို ရရှိပြီး တစ်ခါနားထောင်လိုက်သည်။

ဒီဇောင်လဲ့လဲ့က တကယ်ကို ပိုက်ဆံမက်သူပဲ။

သူမက အိမ်လည်းလိုချင်တယ်။ တင်တောင်းငွေငါးသိန်းလည်းလိုချင်တယ်။ နောက်ပြီး ယောက္ခမတွေရဲ့ အိမ်ကိုပါ ရောင်းခိုင်းချင်နေသေးတယ်။ ဒါက ဓားပြတိုက်တာနဲ့ ဘာမှမခြားနားဘဲ တကယ့်ကို ရွံစရာလေး…..

ဘာကြောင့်လဲလို့ မေးတဲ့အခါ သူမက ၉ လလွယ် ၁၀ လဖွားရတာ ခက်ခဲလို့ ကလေးမွေးရတာ ခက်ခဲလို့လို့ ပြောဦးမယ်။

ဂူချန်က ယန်ကွေးကျန်းကို ဖုန်းဆက်ပြီး "ဒီကိစ္စကို ကျွန်တော့်ကို အကုန်လွှဲထားလိုက်ပါ။ ဇောင်လဲ့လဲ့ကို ထောင်ထဲပို့ပေးမယ်လို့ ၁၀၀ ရာခိုင်နှုန်း အာမခံပါတယ်။ အထောက်အထားတွေ အကုန်နီးပါး အဆင်သင့်ဖြစ်နေပြီ။ ဇောင်လဲ့လဲ့ဆီက ခွင့်လွှတ်ကြောင်းစာလွှာ မလိုပါဘူး။ ခင်ဗျားသားက အဓမ္မပြုကျင့်မှု မကျူးလွန်ခဲ့တာလေ။ ဘာလို့ ခွင့်လွှတ်ကြောင်း စာလွှာ တောင်းရမှာလဲ။ ခွင့်လွှတ်ကြောင်း စာလွှာ တောင်းရင် ခင်ဗျားသား မုဒိမ်းမှု ကျူးလွန်ပါတယ်လို့ ဝန်ခံလိုက်သလို ဖြစ်မနေဘူးလား" ဟု ပြောသည်။

ယန်ကွေးကျန်း: "……"

ယန်ကွေးကျန်း ရုတ်တရက် သဘောပေါက်သွားသည်။

ဒါက ပရော်ဖက်ရှင်နယ် ရှေ့နေတစ်ယောက်ရဲ့ အတွေးအခေါ်မျိုးလား။

ဂူချန်က ငါ့သားကို အပြစ်မရှိကြောင်း ကာကွယ်ပေးတော့မှာပဲ...

အပြစ်မရှိဘူးလို့ သက်သေပြဖို့အတွက်... မုဒိမ်းမှုမဟုတ်ကြောင်း အတည်ပြုချက်ရဖို့ လိုတာလေ။

မုဒိမ်းမှုလို့ အတည်ပြုလိုက်တာနဲ့ ငါ့သား ထောင်ကျမှာကတော့ ကျိန်းသေပေါ့...

ခွင့်လွှတ်ကြောင်းစာလွှာက ပြစ်ဒဏ်ကို လျှော့ပေးရုံပဲ တတ်နိုင်တာကို...

ငါက အဲဒီစာလွှာရဖို့ပဲ တွေးနေမိတာ... အခုမှ ငါ မှားနေမှန်း သိတော့တယ်….

ယန်ကွေးကျန်း: "ရှေ့နေဂူချန် ကျွန်မ နားလည်ပါပြီ။ ဘာပဲဖြစ်ဖြစ် တစ်ခုပဲ ပြောချင်ပါတယ်။ ရှေ့နေခကို အကုန်ပေးပါမယ်။ ရှေ့နေဂူချန်သာ ဇောင်လဲ့လဲ့ကို ထောင်ထဲပို့နိုင်မယ်ဆိုရင် ရှေ့နေခအပိုအနေနဲ့ ငွေနှစ်သိန်း ထပ်ပေးပါမယ်။ ရှေ့နေဂူချန် မဖြစ်မနေ လက်ခံပေးပါ"

ယန်ကွေးကျန်း ဆုံးဖြတ်ချက် ချလိုက်သည်။

ငွေနှစ်သိန်းပဲဟာ….

ဇောင်လဲ့လဲ့ကို ထောင်ထဲပို့နိုင်ရင် ငွေနှစ်သိန်းက ဘာလဲ။

တရားခွင်အတွက် နှစ်ရက်ပဲ လိုတော့သည်။

ထိုအမှုက အင်တာနက်မှာလည်း ရေပန်းစားလာသည်။

အမျိုးသားအများစုက ချိုင်ချန်းကို သနားကြပြီး ထောင်ထဲကနေ လွတ်မြောက်စေချင်ကြသည်။

ခွင့်လွှတ်ကြောင်း စာလွှာ မရသည့်အဆုံး ယန်ကွေးကျန်းက အသံဖိုင်ကို အင်တာနက်ပေါ် တိုက်ရိုက် တင်လိုက်သည်။

ရလဒ်အနေဖြင့် ဇောင်လဲ့လဲ့က ရုတ်တရက် အာရုံစိုက်မှု ခံလိုက်ရသည်။

ထိုအသံဖိုင်၏ အစအဆုံးတွင်မူ ဇောင်လဲ့လဲ့သည် လက်ရှိပိုင်ဆိုင်ထားသော အိမ်ပိုင်ဆိုင်မှု၌ သူမ၏အမည်ကို ထည့်သွင်းပေးရန် အတင်းအကျပ် တောင်းဆိုနေခဲ့ရုံမျှမက နောင်တွင် အိမ်အသစ်ထပ်မံဝယ်ယူပါကလည်း သူမ၏အမည်နာမကိုသာ အဓိကထား ထည့်သွင်းပေးရန် လိုလားနေခဲ့သည်။

ထို့မျှသာမက သူမ၏မောင်လေးအတွက် တင်တောင်းငွေအဖြစ် ငွေသားနှစ်သိန်းတိတိကိုပါ ထပ်မံ၍ လောဘတကြီး တောင်းခံနေခဲ့သေး၏။

ဤတုန်လှုပ်ဖွယ်ရာ အသံဖိုင်ကြီး လူသိရှင်ကြား ထွက်ပေါ်လာခဲ့သည့် အခါတွင်မူ ယခင်က ဇောင်လဲ့လဲ့၏ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ကာ အစဉ်တစိုက် ထောက်ခံအားပေးနေခဲ့ကြသော အမျိုးသမီးထုကြီးပင်လျှင် မျက်နှာပျက်သွားခဲ့ကြရပြီး သူမအပေါ်ထားရှိသော သဘောထားနှင့် အမြင်များမှာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားကြတော့သည်။

[ဟင် ဇောင်လဲ့လဲ့က ဒီလိုလူမျိုးလား တောက်….ရွံစရာပဲ]

[ကျွန်တော်သာ အမျိုးသမီးဆိုရင် ဇောင်လဲ့လဲ့ကို နှစ်ချက်လောက် ပါးရိုက်ပစ်မှာ တကယ့်ကို ပိုက်ဆံမက်လွန်းတဲ့ မိန်းမပဲ]

[သူမရဲ့ ရည်ရွယ်ချက်က သိသာလွန်းတယ်။ ဒီမိန်းမက ပိုက်ဆံနဲ့ အိမ်ကိုပဲ လိုချင်တာ။ အိမ်ထောင်ပြုဖို့ လာတာမဟုတ်ဘူး။ ၃ ရက်ကြာမှ တိုင်ကြားတာ မဆန်းပါဘူး]

[ကျွန်မလည်း မိန်းကလေးတစ်ယောက်ပါ။ ဒါပေမဲ့ သည်းမခံနိုင်တော့ဘူး။ ဇောင်လဲ့လဲ့က တကယ့်ကို လှည့်စားတတ်တဲ့ မိန်းမပဲ။ ချိုင်ချန်းကို တမင်ဖြားယောင်းပြီး အိမ်နာမည် မထည့်ပေးရင် မုဒိမ်းမှုလို့ တိုင်လိုက်တာ]

[ကျွန်မလည်း သည်းမခံနိုင်တော့ဘူး။ အရင်က ဇောင်လဲ့လဲ့ဘက်က ပြောပေးခဲ့ပေမဲ့ အခုတော့ ချိုင်ချန်းကို တကယ် သနားသွားပြီ။ ဇောင်လဲ့လဲ့က တကယ့်ကို ရွံစရာကောင်းတယ်]

[ချိုင်ချန်းကို အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးလို့ မရဘူးလား ချိုင်ချန်း အပြစ်ကင်းစင်ဖို့ ထောက်ခံတယ်]

အင်တာနက်သုံးစွဲသူများစွာက ချိုင်ချန်းကို အပြစ်မရှိကြောင်း ဆုံးဖြတ်စေချင်ကြသည်။

အခုဆိုရင် အင်တာနက်သုံးစွဲသူတွေ အကုန်လုံးက ချိုင်ချန်းဘက်က ရပ်တည်နေကြသည်။

ထိုအချိန်မှာပဲ နာမည်ကြီး ဆယ်လီတစ်ဦးဖြစ်သလို ရှေ့နေလည်းဖြစ်သည့် လော့ရှန်းက ဗီဒီယိုတစ်ခု တင်လိုက်သည်။

လော့ရှန်းက "ကျွန်တော်လည်း ဒီအမှုကို လတ်တလော စောင့်ကြည့်နေပါတယ်။ လူတွေက ချိုင်ချန်းကို ထောက်ခံကြပေမဲ့ ချိုင်ချန်းကို အပြစ်မရှိကြောင်း ဆုံးဖြတ်ဖို့က အရမ်းခက်ခဲပြီး မဖြစ်နိုင်သလောက်ပါပဲ"

"ဒီအမှုမှာ အမျိုးသမီးဘက်က တင်ပြထားတဲ့ အထောက်အထားတွေက ခိုင်လုံနေပါတယ်"

"အမျိုးသမီး ပြောတဲ့ စကားတွေက ကိုယ်ကျင့်တရားအရ ဝေဖန်နိုင်ပေမဲ့ ခြိမ်းခြောက်တာ အနိုင်ကျင့်တာလို့ သတ်မှတ်ဖို့ မလွယ်ပါဘူး"

"ဒါကြောင့် ချိုင်ချန်း ထောင်ကျဖို့ပဲ များပါတယ်။ အမျိုးသမီးရဲ့ စရိုက်က ဘယ်လောက်ပဲ ဆိုးဆိုး ချိုင်ချန်းရဲ့ လုပ်ရပ်နဲ့တော့ မသက်ဆိုင်ပါဘူး"

"ရှေ့နေဂူချန်သာ အထောက်အထားအသစ် မရှာနိုင်ရင် ဒီအမှုက ဒီအတိုင်းပဲ ပြီးဆုံးသွားမှာပါ"

နာမည်ကြီး ရှေ့နေကြီး လော့ရှန်း၏ မှတ်ချက်စကား ထွက်ပေါ်လာပြီးနောက်ပိုင်းတွင်မူ အင်တာနက်အသုံးပြုသူများကြား၌ စိတ်ပျက်အားငယ်စွာ သက်ပြင်းချသံများ ဆူညံစွာ ပေါ်ပေါက်လာခဲ့တော့သည်။

[သြော်... လော့ရှန်းကိုယ်တိုင် ဒီလိုပြောလိုက်တော့ ချိုင်ချန်းတော့ အဆုံးသတ်ပြီပေါ့။ အဲ့ဒီ နတ်သမီးလေးရဲ့ အရှုပ်တော်ပုံကြောင့် စိတ်ပျက်ရုံတင်မကဘဲ ထောင်ပါကျရတော့မှာပဲ]

[တစ်ခါမှားမိတာနဲ့ တစ်သက်လုံး နောင်တရသွားရတာပေါ့]

[အမှားတစ်ချက်က တစ်သက်လုံး နောင်တရစေတယ်ဆိုတာမျိုး မဟုတ်ဘူးလား။ အဲ့ဒီ တစ်ခါမှားမိတာဆိုတာက ဘာကိုဆိုလိုတာလဲ အော်... သဘောပေါက်ပြီ]

[ချိုင်ချန်းတော့ တကယ်ကို သနားဖို့ကောင်းတယ်။ အခုတော့ ဂူချန်တစ်ယောက်တည်းပေါ်မှာပဲ အကုန်ပုံအပ်ထားရတော့မှာ]

[လမ်းစမရှိတော့ဘူး။ လော့ရှန်းတောင် ဒီလိုပြောနေမှတော့ ဥပဒေကို သူ့ထက် ပိုသိမယ့်သူ ဘယ်သူရှိဦးမလဲ သူက ရာဇသတ်ကြီး ဥပဒေပြင်ဆင်ချက်တွေမှာပါ ပါဝင်နေတဲ့ ပုဂ္ဂိုလ်ကြီးလေ သူတောင် ဒီလိုပြောနေမှတော့ ချိုင်ချန်း ထောင်ကျဖို့က ၁၀၀ ရာခိုင်နှုန်း သေချာနေပြီ။ ဥပဒေမဲ့မိုက်ရူးရဲ ဂူချန်တောင် ဘာမှ မတတ်နိုင်တော့ဘူး]

....

ဇောင်လဲ့လဲ့နှင့် သူမ၏ရှေ့နေ ဇောင်ယွီတို့ဆီမှာလည်း အခြေအနေကို ဆွေးနွေးနေကြသည်။

ဇောင်လဲ့လဲ့က စိုးရိမ်တကြီးဖြင့် "ရှေ့နေဇောင် ချိုင်ချန်းကို လျော်ကြေးတောင်းပြီး ထောင်ထဲပို့ဖို့ ကျွန်မတင်ထားတဲ့ အမှုက ပြဿနာမရှိနိုင်ဘူးမလား။ ချိုင်ချန်းက ဂူချန်ကို ရှေ့နေအဖြစ် ငှားထားတယ်လို့ ကြားတယ်။ ဂူချန်က အွန်လိုင်းမှာ လူကြိုက်များနေပြီး ဥပဒေမဲ့မိုက်ရူးရဲလို့တောင် ခေါ်နေကြတယ်လေ" ဟု မေးသည်။

ထိပ်တန်းရှေ့နေ ဇောင်ယွီမှာ ပြိုင်ဘက်၏ အခြေအနေအရပ်ရပ်ကို ဂရုစိုက်တတ်သူမဟုတ်ပေ။ သူ၏ အမြင်သဘောထားအရ ရှေ့နေတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များထက် တရားဥပဒေ၏ အနှစ်သာရသာလျှင် အရေးအကြီးဆုံးဖြစ်သည်ဟု ခံယူထားသူပင်။

ရှေ့နေတစ်ယောက် ဘယ်လောက်ပဲ ထူးချွန်ပါစေ။ ဥပဒေနဲ့ သူ့အမှုသည်ရဲ့ လုပ်ရပ်အပေါ်မှာပဲ အခြေခံပြီး ခုခံကာကွယ်လို့ ရမှာ….

ဇောင်ယွီက ဇောင်လဲ့လဲ့ကို ကြည့်ပြီး "ဟိုတယ်မှာ ချိုင်ချန်းက ခင်ဗျားကို အဓမ္မပြုကျင့်ခဲ့တာ သေချာတယ်နော်။ ဒီအချက်သာ ခိုင်လုံမယ်ဆိုရင် ပြဿနာမရှိပါဘူး။ ချိုင်ချန်း ထောင်ကျဖို့က ၁၀၀ ရာခိုင်နှုန်း သေချာပြီး အနည်းဆုံး ထောင်ဒဏ် ၃ နှစ် ကျခံရမှာပါ" ဟု ပြောသည်။

ဇောင်လဲ့လဲ့၏ မျက်ဝန်းများက ခဏတာ တွေဝေသွားပေမဲ့ ချက်ချင်းပင် တည်ငြိမ်ချင်ယောင် ဟန်ဆောင်လိုက်ပြီး "သေချာပါတယ်။ သူ ကျွန်မကို မုဒိမ်းကျင့်ခဲ့တာပါ။ အသံဖိုင်လည်း ရှိတယ်။ သူကိုယ်တိုင်လည်း ဝန်ခံထားပြီးသား ဟိုတယ် ကင်မရာမှတ်တမ်းတွေလည်း ရှိတယ်။ ဒါတွေအားလုံးက အထောက်အထားတွေပဲ" ဟု ပြောသည်။

ဇောင်ယွီက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ။ ပြိုင်ဘက်ရှေ့နေ ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ချိုင်ချန်းက ဥပဒေကို ချိုးဖောက်ထားတာလေ ဘယ်သူပဲ လာကာကွယ်ပေးပေး အဲ့ဒီအချက်ကို ပြောင်းလဲလို့ မရပါဘူး" ဟု ပြောသည်။

ဇောင်လဲ့လဲ့က စိတ်လှုပ်ရှားစွာဖြင့် "ရှေ့နေဇောင် ချိုင်ချန်းဆီက လျော်ကြေး ရနိုင်မလား ကျွန်မ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ငွေနှစ်သိန်းတော့ မဖြစ်မနေ လျော်ပေးစေချင်တယ်။ ဒါက ကျွန်မရဲ့ ပထမဦးဆုံးအကြိမ်လေ အရမ်း အရေးကြီးတာ။ ချိုင်ချန်းက အဲဒါကို ဖျက်ဆီးပစ်ခဲ့တာဆိုတော့ နောက်တစ်ခါ ဘယ်လို မင်္ဂလာဆောင်ရတော့မလဲ ချိုင်ချန်းကို မဖြစ်မနေ ပေးဆပ်ခိုင်းရမယ်" ဟု ပြောသည်။

ဇောင်ယွီလည်း ခေါင်းရှုပ်သွားသည်။

"ခင်ဗျား တရားစွဲတဲ့အခါ လျော်ကြေး တောင်းလို့ရပါတယ်။ ဒါပေမဲ့ ငွေနှစ်သိန်းလုံး ရမယ်လို့တော့ အာမခံလို့ မရဘူး။ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ အခြားကုန်ကျစရိတ်တွေအလိုက် သတ်မှတ်ပေးပါလိမ့်မယ်"

ဇောင်ယွီက ရှင်းပြသည်။

ဇောင်လဲ့လဲ့က "ရှေ့နေဇောင် ချိုင်ချန်းကို ငွေနှစ်သိန်း မပေးခိုင်းလို့ မရဘူးလား ကျွန်မ ပိုက်ဆံ လိုအပ်နေလို့ပါ။ ကျွန်မမောင် မင်္ဂလာဆောင်ဖို့အတွက် ငွေနှစ်သိန်းပဲ လိုတော့တာ" ဟု ပြောသည်။

ဇောင်ယွီ: "....."

ဇောင်ယွီ: "ကျွန်တော် ခင်ဗျားရဲ့ တောင်းဆိုချက်တွေကို စုစည်းပြီး တင်ပြပေးပါ့မယ်။ ပြီးရင် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်"

သူမရှေ့နေ ခေါင်းညိတ်လိုက်တာကို မြင်သောအခါ ဇောင်လဲ့လဲ့ တကယ့်ကို ဝမ်းသာသွားသည်။

ငါ နောက်ထပ် ငွေနှစ်သိန်း ထပ်ရတော့မှာပဲ။

ချိုင်ချန်း ထောင်ကျမကျကတော့ ငါနဲ့ လုံးဝ မဆိုင်ပါဘူး။

All Chapters