← Chapters

အခန်း ၆၂

Vol. 6 Ch. 62

အခန်း ၆၂

Vol. 6 Ch. 62

အခန်း။ ၆၂

နှစ်ရက်ကြာပြီးနောက်။

ဇောင်လဲ့လဲ့က တင်တောင်းငွေ ၃ သိန်း တောင်းဆိုရာမှ ချိုင်ချန်းအပေါ် အဓမ္မပြုကျင့်မှုဖြင့် တိုင်ကြားသည့် အမှုမှာ စတင်တော့မည်ဖြစ်သည်။

တရားခွင်ကို နေ့လယ် ၂ နာရီတွင် ကျင်းပရန် စီစဉ်ထားသည်။

ဤတရားခွင်ကို အင်တာနက်တစ်ဝန်းလုံးတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

ထုတ်လွှင့်မှု မစတင်မီကပင် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲတွင် လူဦးရေ ၃ သောင်းကျော် စုဝေးနေပြီဖြစ်သည်။

အင်တာနက်သုံးစွဲသူများအားလုံးသည် ဤတရားခွင်ကို အနီးကပ် စောင့်ကြည့်နေကြသည်။

နေ့လယ် ၁:၅၅ မိနစ်တွင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့သည်။

တရားသူကြီးချုပ်၊ တရားသူကြီးနှင့် ဂူချန်မှလွဲ၍ ကျန်သူများအားလုံး ရောက်ရှိနေကြပြီဖြစ်သည်။

တရားလို: ဇောင်လဲ့လဲ့၊ တရားလိုရှေ့နေ: ဇောင်ယွီ။

တရားခံ: ချိုင်ချန်း။

ပရိသတ်အကြားတွင် ဇောင်လဲ့လဲ့၏ မိခင်ဖြစ်သူ ဇောင်ရီဖိန် ရောက်ရှိနေသည်။

ထို့အပြင် ချိုင်ချန်း၏ မိသားစုနှင့် အလွှာပေါင်းစုံမှ လူများလည်း ရောက်ရှိနေကြသည်။

သို့သော် ချိုင်ချန်းကိုမူ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့က ခေါ်ဆောင်လာခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲရှိ အင်တာနက်သုံးစွဲသူများက မှတ်ချက်များကို တစ်ခုပြီးတစ်ခု ပို့နေကြသည်။

[တရားခွင် စတော့မှာပဲ ဂူချန် ဘာလို့ မရောက်သေးတာလဲ]

[ဒီတစ်ခါ ဂူချန် နိုင်ပါ့မလား မသိဘူး။ အရင်အမှုနှစ်ခုတုန်းကတော့ သူ အောင်မြင်ခဲ့တယ်။ အခုတစ်ခါလည်း သူ လုပ်နိုင်ပါ့မလား]

[ဒီတစ်ခါတော့ မဖြစ်နိုင်လောက်ပါဘူး။ သူ ဘယ်လိုလုပ် နိုင်မှာလဲ လော့ရှန်းကိုယ်တိုင်က ဒီအမှုကို ကာကွယ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောထားတာလေ]

[ဂူချန် ဒီတစ်ခါတော့ ရှုံးမယ့်ပုံပဲ။ ဥပဒေမဲ့မိုက်ရူးရဲတောင် အကူအညီမရနိုင်တော့ဘူး။ ချိုင်ချန်း ဘယ်လောက်ပဲ သနားဖို့ကောင်းပါစေ ဒီအမှုကို နိုင်မှာ မဟုတ်ဘူး]

[သြော်... ချိုင်ချန်းတော့ သနားစရာပဲ။ ဇောင်လဲ့လဲ့လို မိန်းမမျိုးနဲ့ ပတ်သတ်မိနေရတာ။ တကယ့်ကို ရွံစရာကောင်းတယ်]

နောက်ဆုံးမိနစ်ရောက်မှ ဂူချန် တရားခွင်ထဲသို့ လျှောက်ဝင်လာခဲ့သည်။

ဂူချန် ဝင်လာသောအခါ ဇောင်လဲ့လဲ့က သူ့ကို တစ်ချက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဇောင်ယွီ ပြောထားသည်မှာ ဤအမှုကို ဘယ်သူကိုင်ကိုင် ရှုံးမှာပဲဟူ၍ပင်။

ဇောင်လဲ့လဲ့သည် ချိုင်ချန်းမိသားစုဆီက ရမည့် လျော်ကြေးငွေတွေကို ဘယ်လိုသုံးမလဲဆိုတာကို ခေါင်းထဲမှာ ကြိုတင် စီစဉ်နေသည်။

တင်တောင်းငွေ ၃ သိန်းမှာလည်း ကုန်ခါနီးသို့ ရောက်ရှိနေပြီဖြစ်သည်။

ထပ်မံတောင်းခံထားသည့် ၂ သိန်းမှာလည်း မောင်ဖြစ်သူနှင့် လုံးဝသက်ဆိုင်ခြင်း မရှိပေ။ ဇောင်လဲ့လဲ့မှာမူ ထို ၃ သိန်းကို သုံးဖြုန်း၍ အိတ်အသစ်တစ်လုံး ဝယ်ယူလိုနေခြင်းသာ ဖြစ်သည်။

မိန်းကလေးတစ်ဦးအနေဖြင့် အိတ်အသစ် ဝယ်ယူခြင်းမှာ သဘာဝကျသည့် ကိစ္စရပ်တစ်ခုပင်။

ထို့ကြောင့် ချိုင်ချန်းမိသားစုထံမှ ငွေ ၂ သိန်း ထပ်မံရယူကာ အိမ် ၂ လုံးကို သူမနာမည်သို့ ပြောင်းလဲပေးမည်ဆိုပါက ခွင့်လွှတ်ကြောင်းစာ၌ လက်မှတ်ရေးထိုးပေးလိုက်ခြင်းမှာ မည်သည့်ပြဿနာမျှ ဖြစ်လာစရာအကြောင်းမရှိပေ။

ဒါပေမဲ့ ဒီလောက် ငွေနည်းနည်းလေးအတွက် ချိုင်ချန်းက ငြင်းဆန်ခဲ့တာလား။

တရားခွင် မစတင်ခင် ဇောင်လဲ့လဲ့သည် ဖုန်းကိုကောက်ကိုင်ပြီး Weibo တွင် "မိန်းကလေးတို့ နှမြောတတ်တဲ့ ယောက်ျားတွေနဲ့ မတွဲပါနဲ့။ သူတို့မိသားစုတွေက အရမ်းဆင်းရဲတယ်။ ဘာမှလည်း ပျော်စရာမကောင်းဘူး" ဟု တင်လိုက်သည်။

ဇောင်လဲ့လဲ့သည် မကြာသေးခင်က WeChat တွင် အပြစ်ကင်းစင်ပုံပေါက်သည့် ယောက်ျားအချို့ကိုလည်း လှည့်ဖြားနေသည်။

ဇောင်လဲ့လဲ့ တွေးနေသည်မှာ “ဒီတစ်ခါ ပိုငွေရအောင် တင်တောင်းငွေ၆ သိန်း တောင်းရမယ်။ အဲဒီထက် နည်းရင် ငါ လက်မထပ်ဘူး”

သူမက တကယ်တမ်းမှာ လက်ထပ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ပေမဲ့လည်း WeChat ကို ဖွင့်ကြည့်လိုက်သောအခါ မက်ဆေ့ချ်တစ်ခု ဝင်လာသည်။

ပေးပို့သူမှာ ဝံပုလွေပုံစံ ပရိုဖိုင်ဓာတ်ပုံနှင့်ပင်။

အမျိုးသား: "ဒီည တွေ့မလား ၃,၀၀၀ ဆိုရင်ကော"

ဇောင်လဲ့လဲ့: "တစ်ခါဆို ၃,၀၀၀ တစ်ညလုံးဆို ၅,၀၀၀"

အမျိုးသား: "ဟုတ်ပြီ ဟုတ်ပြီ အကုန်ပါတာလား"

ဇောင်လဲ့လဲ့: "အိုခေ…."

ဇောင်လဲ့လဲ့သည် တင်တောင်းငွေအပေါ်၌သာ အားကိုးနေရခြင်းမှာ အလွန်နှေးကွေးလွန်းသည်ဟု တွေးတောမိသည်။

မည်သို့ပင်ဖြစ်စေကာမူ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်း၊ ချစ်ကြိုက်ခြင်းနှင့် လက်ထပ်ခြင်းတို့အတွက် အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လခန့် ကြာမြင့်တတ်သည်။ တင်တောင်းငွေသောင်းဂဏန်းခန့် ရရှိရန် သို့မဟုတ် အိမ်တစ်လုံး ပိုင်ဆိုင်ရရှိရန်အတွက် သူမအနေဖြင့် ထိုမျှကာလကို စောင့်ဆိုင်းနေရပေလိမ့်မည်။

ထို့ကြောင့် သူမသည် အလုပ်အကိုင်သစ်တစ်ခုကို ရှာဖွေခဲ့သည်။

တစ်ညလျှင် ငွေကျပ် ၅,၀၀၀ နှုန်းဖြင့် တွက်ချက်ပါက တစ်လလျှင် ငွေကျပ် ၁၅၀,၀၀၀ ရရှိမည်ဖြစ်ရာ ဇောင်လဲ့လဲ့အနေဖြင့် ထိုဝင်ငွေမှာ အလွန်ပင် တန်ဖိုးရှိသည်ဟု ယူဆသည်။

အမှန်စင်စစ် ချိုင်ချန်းအနေဖြင့် တင်တောင်းငွေ သိန်း ၃ သိန်း ပေးအပ်ပြီးနောက် တစ်ချက်ထိမိရုံမျှဖြင့် မုဒိမ်းမှုဖြင့် တိုင်ကြားခံရကာ ဖမ်းဆီးခြင်း ခံရလိမ့်မည်ဟု လုံးဝတွေးဆမိခဲ့မည်မဟုတ်ပေ။

ယခုအခါတွင်မူ ဇောင်လဲ့လဲ့သည် အခြားသူတစ်ဦးနှင့် တစ်ညလျှင် ငွေကျပ် ၅,၀၀၀ နှုန်းဖြင့် အတူတကွ နေထိုင်လျက်ရှိနေသည်။

.....

[သူလာပြီ၊ သူလာပြီ ရှေ့နေဂူချန် ရောက်လာပြီ]

[ရှေ့နေဂူချန်]

[ရှေ့နေဂူချန်က သူ့ရဲ့ လက်ဆွဲအိတ်နဲ့အတူ ရောက်လာပြန်ပြီ။ အရင်အမှုနှစ်ခုမှာ သူနိုင်ခဲ့တုန်းကလည်း ဒီအိတ်ကိုပဲ ယူလာခဲ့တာ]

[ရှေ့နေဂူချန် တကယ့်ကို ခန့်ညားတာပဲ။ သူ့လမ်းလျှောက်ပုံက တည်ငြိမ်လွန်းတယ်]

[ရှေ့နေဂူချန်မှာ ယုံကြည်မှုတွေ ပြည့်နေပုံပဲ။ ဒီတစ်ခါလည်း သူ နိုင်နိုင်မလား မသိဘူး]

[မျှော်လင့်မထားကြပါနဲ့။ အဓမ္မပြုကျင့်မှုက အမှန်တရားပဲ ဒီအမှုကို နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဂူချန် ဘယ်လောက်ပဲ ယုံကြည်မှုရှိပါစေ အလကားပါပဲ။ သူက အခု တရားခံဘက်ကလေ]

[တကယ်ပဲ ဒီတစ်ခါတော့ ဂူချန်က တရားခံဘက်က ဖြစ်နေတာ။ သူ ဘယ်လိုလုပ် ချိုင်ချန်းကို ကာကွယ်ပေးနိုင်မှာလဲ ချိုင်ချန်းတော့ ဒီနေ့ ထောင်ဒဏ် အနည်းဆုံး ၃ နှစ်လောက် ကျခံရဖို့ပဲ ရှိတော့တယ်]

စာရိုက်ပြီးနောက် ဇောင်လဲ့လဲ့က ဂူချန်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"သူ ဘာတွေလာ ဟန်ဆောင်နေတာလဲ။ အမှုနှစ်ခုနိုင်ရုံနဲ့ သူ့ကိုယ်သူ တော်တယ်လို့ ထင်နေတာလား။ သူ တစ်လ ဘယ်လောက်တောင် ဝင်ငွေရှိလို့လဲ။ ငါနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး"

ဇောင်လဲ့လဲ့က တိုးတိုးလေး ရေရွတ်လိုက်တာကြောင့် ဘယ်သူမှ မကြားလိုက်ပေ။

"ဒီ ဥပဒေမဲ့မိုက်ရူးရဲဆိုတာ ဘာကြီးလဲ နာမည်ကြီးအောင် လုပ်နေတာပဲ။ ဒီတစ်ခါတော့ ရှေ့နေ ဇောင်ယွီ ရှိနေတာ ချိုင်ချန်းတော့ ထောင်ထဲရောက်ဖို့ သေချာပြီ"

"လျော်ကြေး ၂ သိန်း ရအောင် နည်းလမ်းရှာပြီးရင် အိတ်အသစ်တစ်လုံး ဝယ်မယ်။ ဒါဆိုရင် အဆင်ပြေပြီ"

ဇောင်လဲ့လဲ့သည် ဂူချန်ကို လှည့်တောင် မကြည့်ပေ။

သူမအမြင်တွင် ဂူချန်သည် သာမန်ရှေ့နေတစ်ယောက်သာ ဖြစ်သည်။

သာမန်ရှေ့နေတစ်ယောက်က တစ်နှစ်ကို ဘယ်လောက် ဝင်ငွေရှိမှာမို့လို့လဲ။

ငါက တစ်လကို ပျမ်းမျှ ၇ သောင်း၊ ၈ သောင်းလောက် ရနေတာ။ တစ်နှစ်ကို ၁၀ သိန်းလောက်က အေးဆေးပဲ။

ဂူချန်ကကော ဘာလဲ။

သူက အမှုနှစ်ခုပဲ ကိုင်တွယ်ဖူးတာ အဲ့ဒီအမှုနှစ်ခုကနေ ဘယ်လောက်များ ရမှာမို့လို့လဲ။

ဥပဒေမဲ့မိုက်ရူးရဲဆိုတာကြီးက ဘာလဲ အလကားလူတွေက အပိုတွေ ပြောထားတာ။

ငါက ထိပ်တန်းရှေ့နေ ဇောင်ယွီကို ငှားထားတာလေ။

ဇောင်လဲ့လဲ့သည် ဂူချန်ကို လှည့်တောင် မကြည့်ဘဲ ဖုန်းထဲမှာ ဘယ်အိတ်ဝယ်မလဲဆိုတာကိုပဲ စီစဉ်နေသည်။

၂ သိန်းဆိုရင် အရမ်းလှတဲ့ အိတ်တစ်လုံး ဝယ်လို့ရမှာပါ။

ဂူချန်ကလည်း ဇောင်လဲ့လဲ့ကို လှည့်တောင် မကြည့်ခဲ့ပေ။

တရားခွင် စတင်တော့မည်ဖြစ်သည်။

တရားသူကြီးချုပ်နှင့် တရားသူကြီးတို့လည်း ဝင်လာတော့မည်။

အချိန်မှာ ၁:၅၉ မိနစ်…

ဂူချန်က နာရီကို ကြည့်လိုက်သည်။

ချိုင်ချန်းနှင့် ယန်ကွေးကျန်းတို့က ဂူချန်ကို တိတ်တိတ်ကလေး ကြည့်နေကြသည်။

သူတို့၏ မျှော်လင့်ချက်အားလုံးကို ဂူချန်အပေါ်မှာသာ ပုံအပ်ထားကြသည်။

....

ဖန်တဥပဒေရုံး။

ရွှယ်ချင်းချင်းက "အဘိုး၊ တရားခွင် စတော့မယ်" ဟု အော်ပြောလိုက်သည်။

ရွှယ်ချင်းချင်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေသည်။

တက်ဘလက်ကို ကိုင်ထားရင်း ကောင်းရုန်ကို ကြည့်ကာ "အစ်ကိုရုန် ဘာလို့ တိုက်ရိုက်ထုတ်လွှင့်တာကို မကြည့်တာလဲ လာကြည့်ပါဦး အဘိုးရော ဘာလို့ မကြည့်တာလဲ" ဟု မေးသည်။

သူမ၏ အဘိုး ရွှဲ့ယောင်တင်းပင် တိုက်ရိုက်ထုတ်လွှင့်တာကို မကြည့်ပေ။

သူမ၏ အဘိုးသည် ဂူချန်ကို အမြဲ ထောက်ခံတတ်သူ ဖြစ်သော်လည်း ဒီနေ့တော့ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ခဲ့ပေ။

စာရွက်စာတမ်းတွေကို ကိုင်ထားရင်း ရွှဲ့ယောင်တင်းသည် သူမမြေးကို ကြည့်ကာ နွေးထွေးသော အပြုံးဖြင့် "အဘိုး အလုပ်ရှုပ်နေသေးလို့ပါ။ မင်းပဲ တရားခွင်ကို ကြည့်ထားလိုက်ပါ၊ မေးစရာရှိရင် ရှောင်ယုံကို မေးလိုက်" ဟု ပြောသည်။

ဘေးနားက ကောင်းရုန်က "ကျွန်တော်လည်း အလုပ်ရှုပ်နေတယ်။ ဒီအမှုကို ကြည့်ဖို့ မလိုပါဘူး။ ဒါက ပြစ်မှုထင်ရှားဖို့ သေချာနေတဲ့ အမှုလေ။ ဇောင်လဲ့လဲ့ဆီက ခွင့်လွှတ်ကြောင်းစာ မရသရွေ့ ချိုင်ချန်း ထောင်ကျဖို့ သေချာတယ်။ ဒါက အထောက်အထား ခိုင်လုံလွန်းတဲ့ အမှုပဲ" ဟု ပြောသည်။

ရွှယ်ချင်းချင်းက သက်ပြင်းချကာ "ကျွန်မ သိပါတယ် ဒါပေမဲ့ ဂူချန်ဆိုရင်တော့ တစ်ခုခု နည်းလမ်းရှိမလားလို့ တွေးမိတာပါ။ သူနိုင်သွားရင် ကျွန်မ သူ့ရဲ့ လက်ထောက်သွားလုပ်ပေးမယ်" ဟု ပြောသည်။

ကောင်းရုန်က ရယ်မောကာ "မမျှော်လင့်ပါနဲ့၊ သူ နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဂူချန်သာ တကယ်

နိုင်သွားရင် မင်းကို သူ့ရုံးခန်းအထိ ကျွန်တော် ကိုယ်တိုင် လိုက်ပို့ပေးမယ်။ မင်းကို လက်ခံပေးဖို့အတွက် သူပေးရမယ့် ငွေကိုလည်း ကျွန်တော်ပဲ ပေးမယ်" ဟု ပြောသည်။

ကောင်းရုန်က ခေါင်းခါလိုက်ပြီး အလုပ်ပြန်လုပ်ကာ ရွှယ်ချင်းချင်းကို လျစ်လျူရှုလိုက်သည်။

ဘယ်သူမှ ဂရုမစိုက်သောအခါ ရွှယ်ချင်းချင်းသည် တက်ဘလက်ကို ကိုင်ကာ တိတ်တိတ်ကလေး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေလိုက်သည်။

ထိုအချိန်တွင် တရားခွင် တရားဝင် စတင်လိုက်သည်။

All Chapters