← Chapters

အခန်း ၆၈

Vol. 6 Ch. 68

အခန်း ၆၈

Vol. 6 Ch. 68

အခန်း။ ၆၈

ဇောင်လဲ့လဲ့၏ ကျယ်လောင်သော ကန့်ကွက်မှုများကြားတွင် တရားလိုရှေ့နေ ဇောင်ယွီက ဝင်ရောက်၍ "တရားသူကြီးချုပ်ခင်ဗျာ ဒီဗီဒီယိုမှတ်တမ်းက တရားမဝင် ခိုးရိုက်ထားတာဖြစ်လို့ ဒီအမှုမှာ အထောက်အထားအဖြစ် လက်ခံလို့ မရပါဘူး။

ဒီလို လုပ်ရပ်မျိုးကို ကျူးလွန်သူကိုလည်း ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုပါတယ်။

ပြီးတော့ ဒီဗီဒီယိုရဲ့ စစ်မှန်မှုကိုလည်း သံသယဖြစ်စရာရှိပါတယ်။

အခုခေတ်မှာ နည်းပညာတွေ တိုးတက်နေပြီမို့ AI နဲ့ မျက်နှာပြောင်းထားတာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဒီဗီဒီယိုက ကျွန်တော့် အမှုသည်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် မပြသဖို့ တောင်းဆိုပါတယ်" ဟု ပြောကြားလိုက်သည်။

ဇောင်လဲ့လဲ့ကလည်း "ကျွန်မလည်း ထောက်ခံပါတယ်" ဟု ချက်ချင်းပင် နောက်ကလိုက်ပြောသည်။

ထိုသို့ နှစ်ဦးစလုံး ပြောဆိုလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ မကျေမနပ် ဖြစ်သွားကြသည်။

ဘာလို့ ဒီဗီဒီယိုကို မပြသင့်ရတာလဲ။

ဤမျှ စိတ်လှုပ်ရှားစရာကောင်းသော အထောက်အထားကို မဖြစ်မနေ ပြသသင့်သည်ဟု ပရိသတ်များက ယူဆနေကြသည်။

ဂူချန်က "ကျွန်တော် ကန့်ကွက်ပါတယ်" ဟု အသံမာမာဖြင့် ပြောလိုက်သည်။

ထို့နောက် ဂူချန်က ဆက်လက်၍ "ဒီဗီဒီယိုကို တရားမဝင် ရိုက်ကူးထားတာ မှန်ပါတယ်။ ရိုက်ကူးတဲ့သူကို ဥပဒေအရ အရေးယူရမှာလည်း မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက ရဲတွေ လုပ်ဆောင်ရမယ့်အပိုင်း ဖြစ်ပြီး ဒီအမှုနဲ့ မသက်ဆိုင်ပါဘူး။ ဗီဒီယိုမှာ AI နဲ့ မျက်နှာပြောင်းထားခြင်း ရှိမရှိကိုတော့ တရားရုံးရဲ့ နည်းပညာရှင်တွေက စစ်ဆေးပြီးပြီမို့ လက်ရှိမှာ စစ်ဆေးမှု အတည်ပြုချက် ရရှိထားပြီး ဖြစ်ပါတယ်"

"နောက်ပြီး တရားလိုရှေ့နေက AI နဲ့ လုပ်ထားတယ်လို့ ပြောနေပြီးမှ ဘာလို့ ပုဂ္ဂိုလ်ရေး ထိခိုက်တယ်လို့ ထပ်ပြောနေရတာလဲ။

ကျွန်တော့် အမှုသည်က အဲဒီထဲမှာ မပါဘူးလို့ ပြောချင်တာလား။

ဒီဗီဒီယိုကို ပြသတာက ချိုင်ချန်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်ဖို့ အမှန်တရားကို သိစေဖို့၊ တရားမျှတတဲ့ စီရင်ချက် ဖြစ်စေဖို့အတွက်ပါ။ ဒါက အမှုအတွက် အရေးအကြီးဆုံးအထောက်အထားပါ"

ဂူချန်၏ စကားအပြီးတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများမှာလည်း အားပေးစကားများ ပြေ လာကြသည်။

[အထောက်အထားကို ပြသင့်တယ်]

[ရှေ့နေဂူချန် ပြောတာ မှန်တယ်။ ငါတို့က အထောက်အထားကိုပဲ ကြည့်ချင်တာ]

[ဗီဒီယိုကို မဖြစ်မနေ ကြည့်ရမယ်။ ဒါက အထောက်အထားပဲ ချိုင်ချန်းက ဗီဒီယိုထဲမှာ ပါနေပြီး ဆင်ဆာလည်း ဖြတ်ထားတာပဲလေ။ ဘာလို့ မပြရမှာလဲ]

ထိုစဉ် တရားရုံး၏ နည်းပညာရှင်က ဗီဒီယို၏ နောက်ဆုံးအခြေအနေကို အစီရင်ခံလိုက်သည်။ တရားသူကြီးချုပ် ကျောက်ကျီချောင်က "စစ်ဆေးချက်အရ AI မျက်နှာပြောင်းလဲခြင်း မရှိပါဘူး။ အတုလည်း မဟုတ်တဲ့အတွက် တရားဝင် အထောက်အထားအဖြစ် အသုံးပြုခွင့်ပေးလိုက်ပါတယ်" ဟု ဆုံးဖြတ်လိုက်သည်။

ဇောင်လဲ့လဲ့မှာ ချက်ချင်းပင် ထိတ်လန့်သွားသည်။

ဗီဒီယိုထဲတွင် ဘာတွေဖြစ်ခဲ့သည်ကို သူမ တစ်ယောက်တည်းသာ အသိဆုံးဖြစ်ရာ ဤအရာသာ ပေါ်ပေါက်လာပါက အရာအားလုံး ပြီးဆုံးသွားတော့မည်ကို သူမ သိလိုက်ရသည်။

သူမသည် ချက်ချင်းပင် ဇောင်ယွီကို အကူအညီတောင်းရန် ကြည့်လိုက်သည်။

သို့သော် ဇောင်ယွီမှာမူ တည်ငြိမ်နေဆဲပင်။

သူက ကာကွယ်ရေးရှေ့နေသာ ဖြစ်ပြီး ဗီဒီယိုထဲတွင် သူမပါသဖြင့် ကြောက်စရာမလိုဘူးဟု ယူဆထားသည်။

ထို့အပြင် ဇောင်ယွီမှာလည်း အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို သိလိုနေသည်။

တရားသူကြီးအဖွဲ့ ခဏတိုင်ပင်ပြီးနောက် "ပါဝင်ပတ်သက်သူတွေရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ဖို့ ဗီဒီယိုကို နှစ်ထပ်ဆင်ဆာဖြတ်ပြီး ပြသမယ်။ တရားခွင်ကို တစ်နာရီ ရပ်နားတယ်" ဟု အမိန့်ပေးလိုက်သည်။

နားချိန်အတွင်း ဇောင်လဲ့လဲ့သည် ဇောင်ရီဖိန်နှင့် တိုင်ပင်လိုက်သည်။

စကားပြောပြီးနောက် သူမ စိတ်အေးသွားသည်။

ဗီဒီယိုရှိနေဦးတော့ ချိုင်ချန်း မုဒိမ်းမကျင့်ဘူးဆိုတာပဲ သက်သေပြမှာပါ။

ငါ ဥပဒေချိုးဖောက်ထားတာ မဟုတ်ဘူး။

တင်တောင်းငွေတွေကို ဘယ်တော့မှ ပြန်မပေးဘူး။

ပိုက်ဆံမရှိဘူးလို့ ပြောလိုက်ရင် တရားရုံးက ဘာတတ်နိုင်မှာလဲ။

ဘာပဲဖြစ်ဖြစ် ထောင်တော့ မကျနိုင်ဘူး။

ထိုသို့တွေးတောကာ ယုံကြည်မှု ပြန်ဝင်လာသည်။

သူမ၏ စီမံချက်များအရ ချိုင်ချန်းကို မည်သို့မျှ အခွင့်အရေး မပေးရန် စိတ်ကူးထားသည်။

တစ်နာရီကျော်လွန်ပြီးနောက် တရားခွင် ပြန်စသည်။

တရားသူကြီးက "ဗီဒီယိုကို ပြပါ" ဟု မိန့်ကြားလိုက်သည်။

အားလုံးက မျက်လုံးအစုံဖြင့် ဗီဒီယိုကို စောင့်ကြည့်နေကြသည်။

ဗီဒီယိုကို ဆင်ဆာဖြတ်ထားသော်လည်း အသံနှင့်အတူ အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း ကြားနိုင်၊ မြင်နိုင်နေသည်။

ချိုင်ချန်း: "လဲ့လဲ့ ကိုတွေးနေတာ... ကိုတို့က စေ့စပ်ထားပြီးပြီပဲ။ အဆင်ပြေမှာပါနော်" ဟု ပြောရင်း ချိုင်ချန်းက ဇောင်လဲ့လဲ့ကို ပွေ့ဖက်လိုက်သည်။

ဇောင်လဲ့လဲ့: "မလုပ်နဲ့ မလုပ်နဲ့ မလုပ်ပါနဲ့" ဟု ရှက်ရွံ့သယောင်ဖြင့် ငြင်းဆန်နေသည်။

ချိုင်ချန်း: "လဲ့လဲ့ စဉ်းစားကြည့်ပါဦး။ ကို တကယ်ပဲ ခံစားရခက်နေတာပါ။ စမ်းကြည့်ရုံသက်သက်ပါ... ကို ချစ်ကို တစ်သက်လုံး တာဝန်ယူမှာပါ" ဟု ပြောရင်း ရှေ့ဆက်တိုးလိုက်သည်။

ဇောင်လဲ့လဲ့: "မလုပ်ပါနဲ့" ဟု နူးညံ့သောအသံဖြင့် ပြောရင်း ချိုင်ချန်းကို အသာအယာ တွန်းသည်။

ထို့နောက် ချိုင်ချန်းက သူမ၏ ပါးပြင်ကို နမ်းလိုက်သည်။

ထိုအချိန်တွင် ဇောင်ယွီက "ရပ်လိုက်" ဟု အော်လိုက်သည်။

ဗီဒီယိုမှာ ရပ်တန့်သွားသည်။

ဇောင်ယွီက "လုံလောက်ပါပြီ ချိုင်ချန်းက ဇောင်လဲ့လဲ့ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအဓမ္မ လုပ်ဆောင်ဖို့ ကြိုးစားနေတာ ရှင်းနေပါတယ်။

ဇောင်လဲ့လဲ့က မလုပ်နဲ့လို့ ငြင်းနေတာက ထင်ရှားတဲ့ ငြင်းဆန်မှုပါ။

ဟိုတယ်ကနေ ပြေးထွက်သွားတာကလည်း ချိုင်ချန်းရဲ့ ခြိမ်းခြောက်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒါက အဓမ္မကျူးလွန်မှု ဖြစ်တယ်ဆိုတာ ငြင်းလို့မရတော့ဘူး" ဟု ပြောလိုက်သည်။

ဇောင်လဲ့လဲ့သည် ဇောင်ယွီ၏ စကားကို နားထောင်ရင်း ဒီလောက်နဲ့ပဲ ဗီဒီယိုကို ရပ်လိုက်ပြီး ချိုင်ချန်းကို ထောင်ချလိုက်ရင် အကောင်းဆုံးပဲဟု တွေးတောကာ ကံကောင်းသည်ဟုပင် ထင်မှတ်နေမိသည်။

သို့သော် သူမ မမျှော်လင့်ထားသည့်အရာမှာ ဂူချန်က စကားစလိုက်ခြင်းပင်။

All Chapters