အခန်း ၆၉
Vol. 6 Ch. 69
အခန်း။ ၆၉
ဂူချန်က "ကျွန်တော့်အမြင်အရတော့ ဇောင်လဲ့လဲ့မှာ ပြင်းထန်တဲ့ ခုခံမှုမျိုး မရှိခဲ့ပါဘူး။ သူမရဲ့ အမူအရာက အနည်းငယ် ရုန်းကန်နေသယောင် ရှိပေမဲ့ အမှန်တကယ်တော့ ကြိုဆိုလက်ခံနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ဗီဒီယိုထဲမှာ ချိုင်ချန်းဘက်က ခြိမ်းခြောက်တာမျိုးလည်း မတွေ့ရပါဘူး" ဟု ပြောလိုက်သည်။
ဇောင်ယွီက နှာခေါင်းရှုံ့ကာ "ဟာသလုပ်မနေပါနဲ့။ ဇောင်လဲ့လဲ့က သူမရဲ့ ပါးစပ်နဲ့ မလုပ်နဲ့လို့ ရှင်းရှင်းလင်းလင်း ငြင်းဆန်ခဲ့တာပဲ။ ဒါက မုဒိမ်းမှုမဟုတ်လို့ ဘာဖြစ်ရမှာလဲ။ တစ်ဖက်လူရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အဓမ္မကျူးလွန်တာ မုဒိမ်းမှုပဲပေါ့" ဟု ပြန်လည် ချေပသည်။
"ဥပဒေအရဆိုရင် တရားခံက တစ်ဖက်လူ မခုခံနိုင်အောင် ဒါမှမဟုတ် ကြောက်လန့်သွားအောင် ပြုလုပ်ပြီး ဆန္ဒမပါဘဲ လိင်ဆက်ဆံရင် မုဒိမ်းမှုမြောက်ပါတယ်"
ဇောင်ယွီက တရားဥပဒေအကြောင်းပြကာ လေသံမာမာဖြင့် ပြောသည်။
ဂူချန်က အသာပြုံးလိုက်ပြီး "တရားလိုရှေ့နေက အချစ်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိပုံပဲ။ မိန်းကလေးတစ်ယောက်က မလုပ်နဲ့လို့ ပြောတဲ့အခါ တကယ်တော့ လုပ်ပါလို့ ဆိုလိုတာမျိုး ဖြစ်တတ်တာ မဟုတ်ဘူးလား။ ဗီဒီယိုထဲက ဇောင်လဲ့လဲ့ရဲ့ အမူအရာကို ကြည့်ပါ။ အမှန်တကယ် ပြင်းထန်စွာ ခုခံနေတယ်ဆိုရင် အခုလိုပုံစံမျိုး ဖြစ်နေမှာ မဟုတ်ပါဘူး" ဟု ပြန်ပြောသည်။
ဇောင်ယွီက "ရှေ့နေဂူချန် မလုပ်နဲ့ဆိုတာ လုပ်ပါလို့ ဆိုလိုတယ်ဆိုတာ ခင်ဗျားရဲ့ တစ်ဖက်သတ် ထင်မြင်ချက်ပဲ။
အထောက်အထား မဟုတ်ဘူး။ ဇောင်လဲ့လဲ့က အကြိမ်ကြိမ် ငြင်းဆန်ခဲ့တာပါ။
ပြီးတော့ ဟိုတယ်ကနေ ပြေးထွက်သွားပြီး ချိုင်ချန်းက ပြန်ပွေ့ချီလာရတာက ခုခံမှုမဟုတ်ဘူးလား ဒါထက်ပိုတဲ့ ခုခံမှုဆိုတာ ဘာကိုခေါ်တာလဲ" ဟု ဒေါသတကြီး ပြန်လည် တုံ့ပြန်သည်။
"တကယ်လား"
ဂူချန်က တည်ငြိမ်စွာ ပြန်မေးပြီး "တရားသူကြီးချုပ်ခင်ဗျာ ဗီဒီယိုကို ဆက်လက် ပြသပေးဖို့ တောင်းဆိုပါတယ်" ဟု ပြောလိုက်သည်။
ဗီဒီယိုဖိုင် ဆက်လက် လည်ပတ်လာသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာလည်း အသည်းအသန် စောင့်ကြည့်နေကြသည်။
[ဒီလောက်ထိ ကြည့်ကောင်းတဲ့ ရှေ့နေနှစ်ယောက် တရားခွင်မှာ ထိပ်တိုက်တွေ့နေတာ တကယ့်ကို ကြည့်ကောင်းတာပဲ။ ရှေ့နေဂူချန် ပြောတာလည်း ယုတ္တိရှိတယ်]
[မိန်းကလေးတွေက တစ်ခါတလေကျရင် ပါးစပ်က ငြင်းပေမဲ့ စိတ်ထဲက မဟုတ်တာမျိုး ရှိတတ်တယ်လေ]
[ဒါပေမဲ့ ဇောင်လဲ့လဲ့က ဘာလို့ ဟိုတယ်ကနေ ပြေးထွက်သွားတာလဲ]
ဗီဒီယိုထဲမှ အသံများ ထွက်ပေါ်လာသည်။
ဇောင်လဲ့လဲ့: "မလုပ်နဲ့ ဒီနေ့တော့ မဟုတ်ဘူး"
ချိုင်ချန်း: "ဘာလို့လဲ ကိုတို့ စေ့စပ်ထားပြီးပြီပဲ။ လက်ဆောင်ငွေတွေလည်း ပေးပြီးပြီလေ"
ဇောင်လဲ့လဲ့: "ဒါပေမဲ့ အိမ်ကို ချစ်နာမည်နဲ့ မပြောင်းပေးသေးဘူးလေ။ မင်္ဂလာမဆောင်ခင်မှာ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ အိမ်ကို ချစ်နာမည်နဲ့ ပေါင်းထည့်ပေးပါလား"
ချိုင်ချန်း: "မင်္ဂလာလက်မှတ်ထိုးပြီးတာနဲ့ ချက်ချင်း ပေါင်းထည့်ပေးပါ့မယ်"
ဇောင်လဲ့လဲ့မှာ ဒေါသအနည်းငယ်ထွက်ကာ "ချစ်နာမည်နဲ့ ပေါင်းထည့်ရင်တောင် စိတ်မချပါဘူး။ အိမ်ကို ချစ်နာမည်နဲ့ပဲ သီးသန့်ပြောင်းပေးပါ။ အဲဒီလိုလုပ်ပေးရင် ကိုလိုချင်တာ အကုန်ရမယ်။ ချစ်က လုံခြုံမှုပဲ လိုချင်တာပါ။ စေ့စပ်ထားပြီးပြီပဲ ဘာဖြစ်လို့လဲ" ဟု တောင်းဆို လိုက်သည်။
ချိုင်ချန်းက "အိမ်က ကို့မိဘတွေနဲ့ ပေါင်းဝယ်ထားတာမို့ မိဘတွေနဲ့ အရင်တိုင်ပင်ရဦးမယ်" ဟု ပြန်ဖြေသည်။
ဇောင်လဲ့လဲ့: "ကိုကို့ကို အချစ်ဆုံးပဲ" ဟု ပြောရင်း နမ်းလိုက်သည်။
ထို့နောက် ချိုင်ချန်းက အနီးကပ်ပြုလုပ်ရန် ကြိုးစားရာ ဇောင်လဲ့လဲ့က "မလုပ်နဲ့... ရပ်ပါ... ဆံပင်တွေ ဆွဲမိနေပြီ။ တကယ်ရပ်ပါ" ဟု ငြင်းဆန်ပြန်သည်။
ဇောင်ယွီက "ကြည့်စမ်းပါ ဒါက ငြင်းဆန်မှုပဲ။ ဇောင်လဲ့လဲ့ရဲ့ ဆန္ဒကို ချိုင်ချန်းက လျစ်လျူရှုပြီး အတင်းအဓမ္မ လုပ်ဆောင်နေတာ မဟုတ်ဘူးလား ဒါ မုဒိမ်းမှုပဲ" ဟု အော်ပြောသည်။
ဂူချန်က ဝင်၍ "တရားလိုရှေ့နေခင်ဗျာ စကားဖြတ်မပြောပါနဲ့ဦး။ ဇောင်လဲ့လဲ့ ဘာလို့ ပြေးထွက်သွားရလဲဆိုတာ ဗီဒီယိုကို ဆက်ကြည့်ရင် သိရပါလိမ့်မယ်" ဟု ပြောလိုက်သည်။
ဗီဒီယိုထဲတွင်...
ဇောင်လဲ့လဲ့: "ကိုကို အိမ်ကို ချစ်နာမည်နဲ့ ပြောင်းပေးမှာလား အခုပဲ ကိုကို့မိဘတွေကို ဖုန်းဆက်ပြီး မနက်ဖြန် ပိုင်ဆိုင်မှု အမွေပုံစံ ပြောင်းလိုက်ရအောင်"
ချိုင်ချန်း: "အခုချက်ချင်းတော့ ဘယ်ဖြစ်မလဲ။ အိမ်ပြန်ရောက်မှ တိုင်ပင်ကြတာပေါ့"
ဇောင်လဲ့လဲ့: "အဲဒီလိုဆို ချစ် အိမ်ကို ပြန်တော့မယ်"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများမှာ ဇောင်လဲ့လဲ့၏ အမှန်တကယ် ရည်ရွယ်ချက်ကို စတင် သဘောပေါက်လာကြသည်။
ချိုင်ချန်းက စီးကရက်တစ်လိပ် မီးညှိလိုက်ပြီး "ဒီနေ့ အိမ်နာမည် မပြောင်းပေးရင် အတူမနေဘူးပေါ့။ တင်တောင်းငွေ သုံးသိန်း ပေးထားပြီးပြီလေ" ဟု မေးသည်။
ဇောင်လဲ့လဲ့: "ချစ်နဲ့ အတူမနေရုံနဲ့ အိမ်နာမည် မပြောင်းပေးရဘူးလို့ မဆိုလိုဘူး။ ကိုကို့ဆီက စိတ်ရင်းကို မြင်ချင်တာ။ အိမ်က အရေးမကြီးဘူး။ ကိုကိုရဲ့ သဘောထားပဲ အရေးကြီးတာ။ အခု ကိုကိုသဘောထားကို ကြည့်ပြီး ချစ်တကယ်ကို စိတ်မကောင်းဖြစ်ရတယ်"
ချိုင်ချန်း: "….."
သူမ စတင် ထွက်ပြေးရန် ကြိုးစားလိုက်သည့်အခါ ချိုင်ချန်းက သူမကို ပြန်ချော့ရန် လိုက်သွားသည်။
ထိုအခိုက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာ အံ့အားသင့်လျက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။