အခန်း ၇၂
Vol. 6 Ch. 72
အခန်း။ ၇၂
ဗီဒီယိုမှတ်တမ်းအရ ဇောင်လဲ့လဲ့သည် ချိုင်ချန်းနှင့်အတူ အချိန်ကြာမြင့်စွာ အလွန်ပင် တက်ကြွစွာ ပါဝင်ခဲ့ပြီး အရာအားလုံးကို အဆင်ပြေချောမွေ့စွာ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
သူမသည် အလိုလိုနေရင်း လှည့်၍ အပေါ်မှနေ၍ပင် တက်ကြွစွာ ပါဝင်ခဲ့သည်။ တစ်ဝက်တစ်ပျက်တွင် ငြင်းဆန်ခြင်းမျိုး လုံးဝမရှိခဲ့သလို အမှန်တကယ်တွင် သူမကိုယ်တိုင်ပင် ကျေနပ်နေပြီး ချိုင်ချန်း၏ စွမ်းဆောင်ရည်ကိုပင် မကျေမနပ်ဖြင့် ဝေဖန်ခဲ့သေးသည်။
သို့သော်လည်း အရာအားလုံး ပြီးဆုံးသွားသည့်အခါ ဇောင်လဲ့လဲ့က အိမ်ကို သူမနာမည်သို့ ပြောင်းပေးရန် အတင်းအကျပ် တောင်းဆို သည်။
ချိုင်ချန်းက ငြင်းဆန်လိုက်သောအခါ ဇောင်လဲ့လဲ့မှာ လုံးဝ ဒေါသထွက်သွားတော့သည်။
ဇောင်လဲ့လဲ့ "ဘာလို့ အိမ်ကို ချစ်နာမည်နဲ့ ပြောင်းပေးလို့ မရတာလဲ။ ဘာလို့လဲ ကိုကို တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
ချိုင်ချန်း "ဘာကိုဆိုလိုတာလဲ ကိုတို့ တိုင်ပင်ကြမယ်လို့ ပြောထားတာ မဟုတ်ဘူးလား ကိုတို့ ဒီလိုဖြစ်သွားရုံနဲ့ပဲ အိမ်ကို ချစ်နာမည်နဲ့ ပြောင်းပေးရမှာလား။ ချစ်က ဘယ်လောက်တောင် တန်ဖိုးကြီးနေလို့လဲ။ စိန်နဲ့ လုပ်ထားတာလား စိန်တောင် ဒီလောက် မတန်ဘူး။ ကို့အိမ်က သိန်းသုံးဆယ် တန်တာနော်။ ဒါကို ကိုက အခုချက်ချင်း နာမည်ပြောင်းပေးရမှာလား"
ချိုင်ချန်း "ဒီအိမ်ကို ကိုကိုယ်တိုင် ငွေချေပြီး ဝယ်ထားတာ။ ပြီးတော့ ကိုတို့လည်း လက်မထပ်ရသေးဘူးလေ။ ကိုက အိမ်ပြန်ရောက်ရင် တိုင်ပင်မယ်လို့ ပြောထားတာကို အခုချက်ချင်း နာမည်ပြောင်းပေးဖို့ပဲ အတင်းလုပ်နေတာလား"
ဤစကားကို ကြားလိုက်ရချိန်တွင် ဇောင်လဲ့လဲ့မှာ အလွန်ဒေါသထွက်သွားသည်။
ဇောင်လဲ့လဲ့ "ချိုင်ချန်း ရှင်က ကျွန်မကို ဘာလို့ ထင်နေတာလဲ။ အိမ်နာမည်ကို ကျွန်မဆီ ပြောင်းပေးတာ ဘာဖြစ်လဲ။ မိန်းကလေးတစ်ယောက်အနေနဲ့ လက်မထပ်ခင်မှာ လုံခြုံမှုတော့ လိုအပ်တာပေါ့။ ကျွန်မက ရှင့်ရဲ့ စိတ်သဘောထားကိုပဲ ကြည့်နေတာပါ။ ဘယ်သူက တကယ်ပဲ အိမ်ကို နာမည်ပြောင်းခိုင်းချင်နေမှာလဲ။ ရှင်က ကျွန်မကို စော်ကားနေတာလား။ ကျွန်မက ရှင့်နဲ့ စေ့စပ်ထားပြီးပြီလေ။ ဒါကိုမှ ရှင်က ဒီလို ပြောရက်တယ်ပေါ့။ ကျွန်မကို ဒီလောက်ထိ စော်ကားရက်တယ်ပေါ့"
"ချိုင်ချန်း ရှင် ကျွန်မကို အခုချက်ချင်း တောင်းပန်ရမယ်"
ချိုင်ချန်း "ကိုက ကို့ရဲ့ စိတ်သဘောထားကို ပြထားပြီးပြီလေ။ ကို အိမ်ပြန်ရောက်ရင် မိဘတွေနဲ့ တိုင်ပင်ပေးမယ်။ အဆင်ပြေရင် နာမည်ပြောင်းပေးပါ့မယ်"
ဇောင်လဲ့လဲ့ "ဒါဆိုရင် ဒီနေ့ပဲ ကျွန်မကို အဖြေပေးရမယ်။ အခုချက်ချင်း အိမ်ပြန်ပြီး မိဘတွေနဲ့ တိုင်ပင်လိုက်ပါ။ ဒီနေ့ အဖြေမပေးရင် ရှင့်ကို နောင်တရအောင် လုပ်ပစ်မယ်"
ချိုင်ချန်း "ကို့ကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ဘာမှ မဟုတ်တဲ့အလုပ်တွေ မလုပ်ပါနဲ့"
ချိုင်ချန်းက ဇောင်လဲ့လဲ့ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေသော်လည်း သူမက ရဲတိုင်ဖို့ ကြံစည်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ချိုင်ချန်း "စိတ်မလှုပ်ရှားပါနဲ့။ ကိုက ကိုတို့ရဲ့ ဆက်ဆံရေးကို တန်ဖိုးထားပါတယ်။ ဒီအိမ်ကိစ္စကို နောက်ထပ် တိုင်ပင်လို့ မရဘူးလား"
"ဒီအိမ်ကို သိန်းသုံးဆယ်နဲ့ အပြည့်ပေးပြီး ဝယ်ထားတာ။ ငွေအများစုကို မိဘတွေက စိုက်ထုတ်ထားပြီး ကိုက နည်းနည်းပဲ ထည့်ထားတာ။ ဒါက ကိုတို့ နောင်မှာ နေမယ့် အိမ်လေ။ ကိုတို့ နှစ်ယောက်စလုံး နေမှာပါ။ ကို အိမ်နာမည်ထဲမှာ ချစ်နာမည်ကို အခုပဲ ထည့်ပေးလို့ ရပါတယ်"
ချိုင်ချန်းသည် ဇောင်လဲ့လဲ့ကို ချစ်သော်လည်း မိုက်မဲသူတော့ မဟုတ်ပေ။
စိတ်ရင်းမှန်ကြောင်း ပြသရန်အတွက် တင်တောင်းငွေ သုံးသိန်းပေးထားပြီး ရွှေလက်ဝတ်ရတနာများလည်း တန်ဖိုးကြီးကြီး ပေးထားပြီးဖြစ်သည်။
ဇောင်လဲ့လဲ့ဘက်ကမူ စောင်သုံးထည်သာ လက်ဆောင်အဖြစ် ပေးသည်။
သို့သော် ချိုင်ချန်းကမူ အချစ်ကြောင့် ဘာကိုမှ ဂရုမစိုက်ခဲ့ပေ။
သို့သော် ယခုအချိန်တွင်မူ ဇောင်လဲ့လဲ့က သိန်းသုံးဆယ်တန်အိမ်ကို သူမနာမည်သို့ အပြီးသတ် ပြောင်းပေးရန် တောင်းဆိုနေသည်။
ချိုင်ချန်း မည်မျှပင် ချစ်ပါစေ မိဘများ၏ ချွေးနည်းစာဖြင့် ဝယ်ထားသည့်အိမ်ကို အလကားပေးရန် မဖြစ်နိုင်ပေ။
ဗီဒီယိုထဲတွင် ဇောင်လဲ့လဲ့က ချိုင်ချန်း၏ စကားကို ကြားပြီးနောက် နေရာမှာတင် ငိုယိုလိုက်သည်။
ဇောင်လဲ့လဲ့ "ကိုကို့မှာ ချစ်အတွက် တာဝန်ယူစိတ်ကို မရှိဘူး။ ကို ချစ်ကို အဓမ္မကျင့်ခဲ့တာ ချစ် အစကတည်းက သဘောမတူခဲ့ဘူး။ ကိုကိုက ချစ်ကို လိမ်ညာခဲ့တာ။ အိမ်ကို နာမည်ပြောင်းပေးမယ်လို့ ပြောလို့သာ ချစ် ကိုကိုနဲ့ ဒီလိုဖြစ်ခဲ့တာ မဟုတ်ရင် ချစ် ဒီလိုလုပ်မှာ မဟုတ်ဘူး။ ကိုကို ချစ်ကို အဓမ္မကျင့်တာပဲ။ ချစ် မလုပ်နဲ့လို့ အကြိမ်ကြိမ် ပြောနေတာကို ကိုကိုက ဂရုမစိုက်ဘူး... အခု ချစ် အကုန်ပေးလိုက်မှ ကိုကိုက နောက်ဆုတ်သွားတာပေါ့လေ။ ကိုကိုက ချစ်ကို တာဝန်မယူချင်ဘူးပေါ့..." ဟု ငိုယိုကာ စွပ်စွဲလိုက်သည်။
ချိုင်ချန်း "ကို ဘယ်မှာ တာဝန်မယူလို့လဲ ကို ချစ်ကို လက်ထပ်မှာပါ။ တစ်နှစ်ကို သိန်းသုံးဆယ် ဝင်ငွေရှိတာကို အကုန် ချစ်ကို ပေးမှာပါ။ ကို့အတွက် အိတ်ကပ်ထဲ နည်းနည်းပဲ ထားမှာပါ။ အိမ်နာမည်ထဲမှာ ချစ်နာမည် ထည့်ထားပေးလို့ မရဘူးလား။ အိမ်ကို နာမည်ပြောင်းပေးရင် မိဘတွေက လုံးဝ သဘောတူမှာ မဟုတ်ဘူး။ သူတို့က ငွေအများစု စိုက်ထားတာလေ"
ဇောင်လဲ့လဲ့ "ချစ် ပြောပြီးပြီလေ ဒီအိမ်က ကိုကိုဝယ်ထားတာ။ ဒါက ကိုကို့ရဲ့ မင်္ဂလာမဆောင်
ခင် ပိုင်ဆိုင်မှုပဲ ကိုကိုက နာမည်ပဲ ထည့်ပေးရင်လည်း ဒီအိမ်က ချစ်နဲ့ ဘာမှမဆိုင်ဘူး။ ကွာရှင်းရင် အိမ်က ကိုကို့ဆီပဲ ပြန်ရောက်သွားမှာ။ ချစ် လုံခြုံမှုပဲ လိုချင်တာ... ချစ် အရမ်းကြောက်တယ်၊ လက်ထပ်ပြီးရင် ကိုကို ချစ်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာကို ကြောက်တယ်..."
ဇောင်လဲ့လဲ့က သက်ပြင်းချကာ "စိတ်ရှိတဲ့သူဆိုရင် သင်ပေးစရာတောင် မလိုဘူး။ စိတ်မရှိတဲ့သူဆိုရင် ဘယ်လောက်သင်သင် မရဘူး။ ချစ်ရဲ့ ရည်းစားဟောင်းတုန်းက အိမ်ကို ချစ်နာမည်နဲ့ ပြောင်းပေးမယ်လို့ သူ့အလိုလို ပြောခဲ့တာ ချစ်သာ မယူခဲ့တာ။ ကိုသာ စိတ်ရင်းနဲ့ ပြောင်းပေးမယ်ဆိုရင် ချစ် အရမ်းပျော်မှာ"
"ဒါပေမဲ့ ချစ်က တောင်းမှ ရမယ့်အခြေအနေမျိုးဆိုရင်တော့ ကိုကိုလုပ်ပေးရင်တောင် ချစ် မပျော်ဘူး။ အခု ချစ် တကယ် ဒေါသထွက်နေပြီ။ ကိုကိုက ချစ်အပေါ် တာဝန်မယူဘူး"
"နောက်ဆုံးတစ်ကြိမ် မေးမယ် အိမ်ကို ချစ်နာမည်နဲ့ ပြောင်းပေးမှာလား။ တခြားဘာမှ မလိုဘူး။ ကိုကို့မိဘတွေ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ချစ် ဂရုမစိုက်ဘူး။ ကိုကို အိမ်ကို ချစ်နာမည်နဲ့ ပြောင်းပေးကို ပေးရမယ်။ ဒါပဲ ချစ် လိုချင်တာ။ မဟုတ်ရင် ကိုကို့ကို နောင်တရအောင် လုပ်ပစ်မယ်"
ဇောင်လဲ့လဲ့က အလေးအနက် ပြောသည်။
ချိုင်ချန်းက "ကို အိမ်ကို ချစ်နာမည်နဲ့ ပြောင်းပေးရမှာလား" ဟု မေးသည်။
ဇောင်လဲ့လဲ့မှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး "တကယ်လား တကယ်နော် တကယ်ပြောတာလား အခုပဲ သွားကြမလား ကိစ္စမရှိဘူး။ အခုပဲ သွားမယ် တက္ကစီ ငှားကြမလား" ဟု တောင်းဆို သည်။
ချိုင်ချန်း "ဒါပေမဲ့ ကိုတို့ ဒီမှာ တစ်ရက်လောက် နေဖို့ ရှိသေးတယ်မဟုတ်လား"
ဇောင်လဲ့လဲ့က ပျော်ရွှင်စွာဖြင့် "ပျော်ဖို့ဆိုတာ ဘယ်အချိန်မဆို ရတာပဲ အိမ်နာမည် ပြောင်းတာက အရေးကြီးဆုံးပဲ ချစ် လုံခြုံမှုပဲ လိုချင်တာ အခု ချစ် စိတ်မချဘူး"
ဇောင်လဲ့လဲ့မှာ အိမ်ပိုင်ဆိုင်မှု လွှဲပြောင်းရန် စိတ်လှုပ်ရှားနေပြီဖြစ်သည်။
ချိုင်ချန်းမှာမူ တိတ်ဆိတ်သွားသည်။
[နင်က စိတ်သဘောထားကိုပဲ ကြည့်တာဆို။ နင့်ရည်းစားဟောင်းက အိမ်နာမည် ပြောင်းပေးမယ်ပြောတုန်းက မယူခဲ့ဘူးဆို။ အခုကျတော့ ဘာဖြစ်သွားတာလဲ]
ချိုင်ချန်းက "စိတ်မပူပါနဲ့ ကို အိမ်ပြန်ပြီး မိဘတွေနဲ့ တိုင်ပင်လိုက်ပါ့မယ်။ တိုင်ပင်ပြီးရင် ချစ်ကို အကြောင်းကြားမယ်" ဟု ပြောသည်။
ဇောင်လဲ့လဲ့ "…."
ဇောင်လဲ့လဲ့မှာ ချက်ချင်း ဒေါသထွက်သွားပြီး မျက်နှာပျက်ကာ ချိုင်ချန်း၏ ဖုန်းကို ပစ်ပေါက်လိုက်သည်။
ဇောင်လဲ့လဲ့ "ကိုကို ရူးနေတာလား ချစ်ကို ဒီလိုအနိုင်ကျင့်ပြီးမှ အခုမှ တိုင်ပင်မယ်လို့ ပြောနေတာလား ကိုကိုချစ်ကို လိမ်နေတာ ကိုကို့ကို နောင်တရအောင် လုပ်ပစ်မယ် ချစ် တကယ် ဒေါသထွက်နေပြီ ဒီမင်္ဂလာဆောင်က ပြီးပြီ"
"အိမ်ကို ချစ်နာမည်နဲ့ မပြောင်းပေးရင် ချစ် လက်မထပ်ဘူး။ ကိုကိုက ရွံဖို့ကောင်းလိုက်တာ ချစ်ကို အကြိမ်ကြိမ် လိမ်ညာနေတာ ကိုကို့ကို နောင်တရအောင် လုပ်ပစ်မယ်"
ဇောင်လဲ့လဲ့သည် ဟိုတယ်အခန်းထဲမှ ဆံပင်တွေ ရှုပ်ပွပြီး ငိုယိုနေဟန်ဖြင့် ပြေးထွက်သွားသည်။
တမင်သက်သက်ပင် ဟိုတယ်စင်္ကြံရှိ ကင်မရာများ မိစေရန် ရည်ရွယ်ပြီး ပြေးသွားခြင်းပင်။
ထို့နောက် ဇောင်လဲ့လဲ့သည် ဟိုတယ်မှ ထွက်သွားပြီးနောက် ဆေးရုံသို့ ချက်ချင်းသွား၍ DNA စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ဗီဒီယိုမှတ်တမ်းမှာ ဤနေရာတွင် အဆုံးသတ်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူ အားလုံးမှာ အမှန်တရားကို ရှင်းရှင်းလင်းလင်း နားလည်သွားကြသည်။
[ဒါက ဇောင်လဲ့လဲ့ပဲ]
[ဇောင်လဲ့လဲ့က အိမ်ကိုပဲ လိုချင်တာ]
[ဟိုတယ်စင်္ကြံရဲ့ ဗီဒီယိုမှတ်တမ်း အပြည့်အစုံလည်း ရှိနေပြီ]
အမှု၏ အမှန်တရားမှာ ထင်ရှားသွားပြီဖြစ်သည်။
ချိုင်ချန်းသည် ဇောင်လဲ့လဲ့ကို မုဒိမ်းကျင့်ခြင်း လုံးဝ မရှိခဲ့ပေ။