အခန်း ၇၆၆
Vol. 52 Ch. 766
အခန်း (၇၆၆) - သူမသည် ဆရာ့လို ဆွဲဆောင်မှုရှိ၏ (အပိုင်း ၂)
ထိုသတင်းကို ကြားလိုက်ရသောအခါ အင်မော်တယ်တစ်သောင်း နန်းတော်၏ နန်းတော်သခင်မှာ ခေါင်းခဲသွားတော့၏။
"မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်က လူတွေနဲ့ စကားပြောဖို့ အခွင့်အရေး ရှာလိုက်.. အကြီးအကဲ ယွမ်ရှို့ရဲ့ တာအိုကိုယ်ပွားကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရမယ်.."
ထိုသို့ ညွှန်ကြားလိုက်သော်လည်း သူ၏ရင်တွင်း၌ အကြီးအကဲ ယွမ်ရှို့အပေါ် အတော်လေး အလိုမကျ ဖြစ်နေမိသည်။
ပြီးခဲ့သည့် နှစ်များတစ်လျှောက် အကြီးအကဲ ယွမ်ရှို့ တာဝန်ယူခဲ့သမျှ ကိစ္စရပ်တိုင်းသည် တစ်ကြိမ်တစ်ခါမျှ အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်း မရှိပေ။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်မှ တာအိုသမီးတော်ကို အခွင့်အရေးရှာ၍ သတ်ဖြတ်ရန် တာဝန်ပေးခဲ့သော်လည်း ယခုမူကား သူမ၏ ကိုယ်ပိုင် တာအိုကိုယ်ပွားကိုပါ ရန်သူ့လက်ထဲသို့ ထိုးအပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။
လုံးဝကို အသုံးမကျသည့် မိန်းမ။
အောက်ဘက်တွင် ရပ်နေသော အင်မော်တယ်တစ်သောင်း နန်းတော်မှ အကြီးအကဲ တစ်ဦးမှာ နန်းတော်သခင်ကို သတိကြီးစွာ ကြည့်ရင်း တစ်ကိုယ်လုံး တုန်ရီနေ၏။
"တကယ်လို့.. တကယ်လို့များ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်က ပြန်မလွှတ်ပေးဘူး ဆိုရင်ကော.."
အင်မော်တယ်တစ်သောင်း နန်းတော်သခင်က ထိုအကြီးအကဲအား အေးစက်စက် တစ်ချက် စိုက်ကြည့်လိုက်ကာ ပြတ်သားစွာ ဟန့်တားလိုက်သည်။
"မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်မှာ ငြင်းဆန်ခွင့်ဆိုတာ မရှိဘူး.."
အင်မော်တယ်တစ်သောင်း နန်းတော်မှ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်အား အကြီးအကဲ ယွမ်ရှို့၏ တာအိုကိုယ်ပွားကို ပြန်လွှတ်ပေးရန် ဖိအားပေးရန် ပြင်ဆင်နေခိုက် အရိုင်းနယ်မြေရှိ အင်မော်တယ်တစ်သောင်း နန်းတော်၏ ပထမဆုံး အင်မော်တယ် မြို့တော် အပြင်ဘက်၌ ထူးဆန်းသော အဖြစ်အပျက် တစ်ခု ဖြစ်ပွားနေတော့၏။
တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လူရိပ်တစ်ခု ပေါ်လာသည်။ သူ့နောက်ကျောဘက်တွင် ဆံနွယ်ပေါင်း သုံးထောင်ခန့်က လေထဲတွင် လွင့်ပျံကခုန်နေ၏။ သွေးပင်လယ်ကြီးပမာ မိစ္ဆာချီများက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ သူ၏ မျက်နှာသွင်ပြင်မှာ ခန့်ညားချောမောကာ အသက် နှစ်ဆယ် သုံးဆယ်အရွယ် လူငယ်တစ်ဦးနှင့် တူလှသည်။
ထိုလူရိပ်က ရှေ့ရှိ အင်မော်တယ်တစ်သောင်း နန်းတော်၏ မြို့တော်ကို မမှိတ်မသုန် ကြည့်လိုက်၏။ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး မျက်လုံးများအတွင်း သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်သွားတော့သည်။
"လွန်ခဲ့တဲ့ အတိတ်တုန်းက မင်းတို့ အင်မော်တယ်တစ်သောင်း နန်းတော်က ငါ့ဆရာကို သတ်ပြီး ငါ့ရဲ့ အင်မော်တယ် ဂိုဏ်းကို ဖျက်ဆီးခဲ့ကြတယ်.."
"အခုတော့ မင်းတို့ အင်မော်တယ်တစ်သောင်း နန်းတော်က သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ.."
"ဝုန်း.."
လေထုတစ်ခုလုံး ပေါက်ကွဲထွက်သွား၏။ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံမှ ဧရာမ မိစ္ဆာအရိပ်ကြီးတစ်ခု ဆင်းသက်လာသည်။ ကြီးမားလှသော လက်ဝါးကြီးတစ်ချက်က အောက်ဘက်ရှိ ဧရာမ မြို့တော်ကြီးတစ်ခုလုံးကို ဖုံးအုပ်သွားတော့၏။ လျှပ်တစ်ပြက်အတွင်း လောကကြီးတစ်ခုလုံး အမှောင်အတိ ကျသွားလေတော့သည်။
အင်မော်တယ်တစ်သောင်း နန်းတော်။
အင်မော်တယ်တစ်သောင်း နန်းတော်သခင်သည် အရိုင်းနယ်မြေမှ သတင်းဆိုးကို ကြားသိလိုက်ရသဖြင့် နေရာရွှေ့ပြောင်း စင်မြင့်ဆီသို့ အပြေးအလွှား ရောက်ရှိလာ၏။ သို့သော် အင်မော်တယ်တစ်သောင်း နန်းတော်ရှိ နေရာရွှေ့ပြောင်း စင်မြင့်သည် အရိုင်းနယ်မြေရှိ နေရာရွှေ့ပြောင်း စင်မြင့်နှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့ချေပြီ။
နန်းတော်သခင်မှာ အလွန်တရာ အံ့အားသင့်သွားသလို ဒေါသများလည်း ပေါက်ကွဲထွက်လာကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"ငါတို့ အင်မော်တယ်တစ်သောင်း နန်းတော်ရဲ့ မြို့တော်ကို ဘယ်ကောင် ဖျက်ဆီးရဲတာလဲ.. ဘယ်ကောင်လဲ.."
အကူအညီတောင်းခံရန် ပြန်လည်ရောက်ရှိလာသော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးဖြစ်သည့် အကြီးအကဲတစ်ဦးမှာ သွေးပျက်မတတ် ကြောက်ရွံ့တုန်လှုပ်နေရင်း သတင်းပို့လေသည်။
"မိစ္ဆာတစ်ကောင်ပါပဲ.. လက်ဝါးတစ်ချက်တည်း.. အဲဒီ လက်ဝါးတစ်ချက်တည်းနဲ့တင် မြို့တော်ရဲ့ အကာအကွယ် အခင်းအကျင်းကြီး လုံးဝ ပျက်စီးသွားခဲ့တာပါ.. သူက မြို့တော်ထဲကို ဝင်လာပြီး ပထမဆုံး အနေနဲ့ နေရာရွှေ့ပြောင်း စင်မြင့်ကို အရင် ဖျက်ဆီးပစ်ခဲ့တာ.."
"အဲဒီ မိစ္ဆာရဲ့ စွမ်းအားက အနည်းဆုံးတော့ ဝိညာဉ်ခွဲထွက် အဆင့် နှောင်းပိုင်း မိစ္ဆာသခင် တစ်ပါးပါပဲ.."
အင်မော်တယ်တစ်သောင်း နန်းတော်သခင်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် အေးခဲတောင့်တင်းသွားတော့၏။
မိစ္ဆာသခင်..
ဘယ်အရပ်က ရောက်လာသော မိစ္ဆာသခင်ဖြစ်၍ အရိုင်းနယ်မြေရှိ အင်မော်တယ်တစ်သောင်း နန်းတော်၏ မြို့တော်ကိုပင် ရဲရဲတင်းတင်း တိုက်ခိုက်ဝံ့ပါသနည်း။
ထိတ်လန့်မှု လွန်သွားပြီးနောက် နန်းတော်သခင်၏ ရင်တွင်း၌ အဆုံးအစမဲ့သော ဒေါသမီးတောက်များ ဟုန်းဟုန်းတောက်လောင်လာကာ ကြိမ်းဝါးလိုက်သည်။
"ငါ့နောက်ကို လိုက်ခဲ့ကြ.."
ပထမဆုံး အင်မော်တယ် မြို့တော်သို့ သွားသည့် ကူးပြောင်းရေး လမ်းကြောင်းအပြင် အင်မော်တယ်တစ်သောင်း နန်းတော်တွင် အရိုင်းနယ်မြေသို့ သွားနိုင်သော အခြား လျှို့ဝှက် နေရာရွှေ့ပြောင်း စင်မြင့် တစ်ခုလည်း ရှိနေသေးသည်။
သို့သော် ဤကိစ္စကို အင်မော်တယ်တစ်သောင်း နန်းတော်အတွင်း၌ သိရှိသူ အလွန်နည်းပါးလှ၏။
အင်မော်တယ်တစ်သောင်း နန်းတော်သခင်သည် အဆိုပါ အရန် ကူးပြောင်းရေး လမ်းကြောင်းမှတစ်ဆင့် ဝိညာဉ်ခွဲထွက် အဆင့် ကျင့်ကြံသူများနှင့် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးများကို ဦးဆောင်ကာ ပထမဆုံး အင်မော်တယ် မြို့တော်သို့ ခရီးနှင်ခဲ့သည်။ သို့သော် သူတို့ ထိုနေရာသို့ ရောက်ရှိချိန်တွင် အချိန်အားဖြင့် တစ်လကျော်ပင် ကြာမြင့်သွားခဲ့လေပြီ။
ပထမဆုံး အင်မော်တယ် မြို့တော် တည်ရှိခဲ့ရာ မူလနေရာတွင်မူ ပြိုကျပျက်စီးနေသော အပျက်အစီးနယ်မြေသာ ကျန်ရစ်နေခဲ့တော့၏။
ဧရာမ မိစ္ဆာချီများက နေရာအနှံ့ ရစ်ခွေလည်ပတ်နေပြီး သွေးညှီနံ့များကလည်း လေထုထဲတွင် စွဲထင်နေကာ ရှူရှိုက်မိသူတိုင်းကို အော့အန်ချင်စိတ် ဖြစ်ပေါ်စေသည်။
အင်မော်တယ်တစ်သောင်း နန်းတော်မှ လူများက အရိုင်းနယ်မြေရှိ အခြားသော မြို့တော်များကို သွားရောက်စစ်ဆေးကြည့်သောအခါ နန်းတော်သခင်၏ မျက်နှာမှာ အလွန်တရာ အရုပ်ဆိုး အကျည်းတန်သွားတော့သည်။
မူလကတည်းက အရိုင်းနယ်မြေရှိ သူတို့၏ အင်အားစုများမှာ အကြီးအကျယ် ထိခိုက်ပျက်စီးထားပြီး ဖြစ်သည်။
ယခုမူကား အရာအားလုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရချေပြီ။
အပြင်ဘက်တွင် တိုက်ပွဲဝင် ကျင့်ကြံသူ တပ်မတော်ကို ဦးဆောင်နေသော တာအိုသားတော် သုံးဦးမှလွဲ၍ ကျန်လူအားလုံး သုတ်သင်ခံလိုက်ရခြင်း ဖြစ်၏။
အင်မော်တယ်တစ်သောင်း နန်းတော်၏ တိုက်ပွဲဝင် ကျင့်ကြံသူ တပ်မတော်မှ လူခြောက်ထောင်ခန့်သာ အသက်ရှင်ကျန်ရစ်ခဲ့တော့သည်။
အရိုင်းနယ်မြေတွင် သူတို့၏ အင်မော်တယ်တစ်သောင်း နန်းတော်မှလွဲ၍ အခြားသော အင်မော်တယ် ဂိုဏ်းများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ ရှိနေကြ၏။ ယင်းအချက်ကို ထောက်ရှုခြင်းအားဖြင့် ထိုမိစ္ဆာသည် သူတို့၏ အင်မော်တယ်တစ်သောင်း နန်းတော်ကိုသာ တမင်ရည်ရွယ်၍ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားနေသည်။
အင်မော်တယ်တစ်သောင်း နန်းတော်၏ အရိုင်းနယ်မြေအတွင်းမှ ကပ်ဘေးဆိုက်မှု သတင်းဆိုးကြီးသည် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံးသို့ အချိန်တိုအတွင်း ပျံ့နှံ့သွားတော့၏။
ကျင့်ကြံသူများအားလုံးနှင့် ဂိုဏ်းအသီးသီးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြလေသည်။
*
တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ၏ အနောက်ဘက် အစွန်အဖျား ဝမ်လုံ မင်းဆက် အတွင်း၌ကား...
ထိပ်ပြောင်ပြောင်နှင့် ကိုယ်လုံးကိုယ်ဖန် ကောင်းကောင်း လူငယ် ဘုန်းကြီးတစ်ပါးသည် ဝမ်လုံ မင်းဆက်၏ မိဖုရားကို ပွေ့ဖက်ထားရင်း အရက်သောက်ကာ အသားများကို စားသုံးနေ၏။ သူသည် အင်မော်တယ်တစ်သောင်း နန်းတော်၏ အရိုင်းနယ်မြေ ကပ်ဘေးဆိုက်မှု သတင်းကို ကြားသောအခါ လှောင်ပြုံး ပြုံးလိုက်သည်။
"သိပ်ကို ဝမ်းသာစရာကောင်းတဲ့ သတင်းပါလား.."
"အရိုင်းနယ်မြေက အင်အားစုတွေသာ မရှိတော့ဘူးဆိုရင် အင်မော်တယ်တစ်သောင်း နန်းတော်က လက်တစ်ဖက် ပြတ်သွားတာနဲ့ အတူတူပဲ.. အဲဒါဆို ငါတို့ ပုတူ ဗုဒ္ဓဂိုဏ်းက တာ့ချန် ကျင့်ကြံခြင်းကမ္ဘာမှာ ယုံကြည်သူတွေကို စုဆောင်းသိမ်းသွင်းတဲ့ အခါ အနှောင့်အယှက်တွေ အများကြီး လျော့နည်းသွားလိမ့်မယ်.."
"ဟားဟားဟား.. ကောင်းကင်ကြီးက ငါ့ကို ကူညီနေတာပဲ.."
သူသည် ရူးသွပ်စွာ ရယ်မောရင်း ဝမ်လုံ မင်းဆက်၏ မိဖုရားအား အငမ်းမရ နမ်းရှိုက်လိုက်လေသည်။
ခန်းမဆောင်ကြီး အတွင်း၌ သူနှင့်တူသော မိစ္ဆာဘုန်းကြီး အများအပြား ရှိနေကြပြီး ဝမ်လုံ မင်းဆက်မှ အမျိုးသမီးများနှင့် ကာမဂုဏ် စည်းစိမ်ကို သာယာယစ်မူးနေကြသည်။
ပုတူ ဗုဒ္ဓဂိုဏ်းသည် ဗုဒ္ဓဂိုဏ်းဟု သူတို့ကိုယ်သူတို့ ကြွေးကြော်ထားသော်လည်း သူတို့၏ လွှမ်းမိုးမှုသည် မိစ္ဆာ ဗုဒ္ဓ လမ်းစဉ်ဘက်သို့ ယိမ်းယိုင်နေကာ သမ္မာ ဗုဒ္ဓဂိုဏ်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
အမြဲတစေ ပြင်းထန်သော ပဋိပက္ခများ ရှိနေကြသည်။
ထို့ကြောင့် ပုတူ ဗုဒ္ဓဂိုဏ်းသည် အပြင်ဘက်သို့ အင်အားချဲ့ထွင်နေပြီး ပြင်ပမှ ယုံကြည်ကိုးကွယ်သူများကို သိမ်းသွင်းနေခြင်း ဖြစ်၏။
ပုတူ ဗုဒ္ဓဂိုဏ်း အင်အားချဲ့ထွင်ရာတွင် သုံးသော နည်းလမ်းများသည် သဘာဝအားဖြင့် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်များ မဟုတ်ကြပေ။
သို့သော် အားပါးတရ ရယ်မောပြီးနောက် ထို ဗာဂျရာ ဗုဒ္ဓတပည့်မှာ မျက်မှောင်အနည်းငယ် ကုတ်သွားပြီး တိုးတိုးရေရွတ်လိုက်သည်။
"အင်မော်ဝာယ် တစ်သောင်း နန်းတော်ရဲ့ အင်မော်တယ် မြို့တော်တွေကို တစ်မြို့ပြီးတစ်မြို့ ဖျက်ဆီးပစ်နိုင်တဲ့ မိစ္ဆာသခင်က ဘယ်သူများလဲ.. ဝိညာဉ်ခွဲထွက် အဆင့်က အစွမ်းအထက်ဆုံး မိစ္ဆာသခင်တွေတောင် အဲဒီလောက်အထိတော့ မစွမ်းဆောင်နိုင်ဘူး မဟုတ်လား.."
*
အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်..
မှောင်ခိုဈေး..
ယွင်ရှောင် ဆေးလုံးစံအိမ်တွင် စုယွီသည် ကိုးမြီးမြေခွေး အရှင်သခင်ကြီး၏ အမှတ်အသား တံဆိပ်ပြားမှတစ်ဆင့် သတင်းကို ကြားသိလိုက်ရချိန်တွင် အလွန်တရာ အံ့အားသင့်သွားတော့သည်။
"ဘာ.. အရိုင်းနယ်မြေက အင်မော်ဝာယ် တစ်သောင်း နန်းတော်ရဲ့ အင်မော်တယ် မြို့တော်တွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရပြီ ဟုတ်လား.."
"တာအိုသားတော် သုံးယောက်နဲ့ ကံကောင်းထောက်မစွာ လွတ်မြောက်လာတဲ့ တိုက်ပွဲဝင် ကျင့်ကြံသူ တပ်မတော်က လူခြောက်ထောင်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တာလား.."
"ဒါ မိစ္ဆာခေါင်းဆောင် တစ်ကောင်က လုပ်သွားတာပေါ့.."
တံဆိပ်ပြား၏ တစ်ဖက်မှနေ၍ ကိုးမြီးမြေခွေး အရှင်သခင်ကြီး၏ ခပ်ပျင်းပျင်း အသံက ထွက်ပေါ်လာသည်။
"ဟုတ်တယ်.. ထူးဆန်းတာက အဲဒီ မိစ္ဆာသခင်က အင်မော်ဝာယ် တစ်သောင်း နန်းတော်ရဲ့ မြို့တော်တွေကိုပဲ ရွေးပြီး ပစ်မှတ်ထားခဲ့တာပဲ.. ငါတို့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အပါအဝင် တခြား အင်မော်တယ် ဂိုဏ်းတွေကတော့ ဘာအန္တရာယ်မှ မရှိဘဲ ဘေးကင်းနေကြတယ်.."
ဤကိစ္စကို နားလည်သဘောပေါက်သွားပြီးနောက် စုယွီသည် တံဆိပ်ပြားကို ပြန်သိမ်းလိုက်သော်လည်း သူ၏ ရင်တွင်း၌ သံသယများ ပြည့်နှက်နေဆဲပင်။
မိစ္ဆာသခင်..
အင်မော်ဝာယ် တစ်သောင်း နန်းတော်၏ အင်မော်တယ် မြို့တော်များကိုသာ ပစ်မှတ်ထားခဲ့သည်။
'ဒါ.. ဘာကြောင့်ပါလိမ့်..'
စုယွီ၏ ပထမဆုံး ဝင်လာသော အတွေးမှာ အင်မော်ဝာယ် တစ်သောင်း နန်းတော်သည် အစွမ်းထက်သော မိစ္ဆာဂိုဏ်း တစ်ခုခုနှင့် ရန်ငြိုးဖွဲ့မိခဲ့သလော ဟူ၍ဖြစ်သည်။ သို့မဟုတ်ပါက အဘယ်ကြောင့် မိစ္ဆာသခင်သည် အင်မော်ဝာယ် တစ်သောင်း နန်းတော်တစ်ခုတည်းကိုသာ ရွေးချယ် အာရုံစိုက်နေပါမည်နည်း။
သို့သော် ပြန်လည် စဉ်းစားကြည့်လိုက်သောအခါ စုယွီသည် တစ်စုံတစ်ခု လွဲချော်နေကြောင်း ခံစားလိုက်ရသည်။
မိစ္ဆာသခင်..
စုယွီ၏ မျက်လုံးများ ရုတ်တရက် တလက်လက် တောက်လောင်သွားပြီး သူ၏ ရင်တွင်း၌ လှုပ်ခတ်သွားတော့၏။
'သူများ... ဖြစ်နေမလား..'
ရှုပ်ထွေးလှသော ခံစားချက်တစ်ခုက သူ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီး သူ၏ အပေါ် ကျရောက်နေသော ဖိအားများ ပိုမို ကြီးမားလာလေသည်။
'မိစ္ဆာသခင်ဆိုတာ အနည်းဆုံးတော့ ဝိညာဉ်ခွဲထွက် အဆင့် နှောင်းပိုင်းမှာ ရှိတာပဲ.. ဒီလို စွမ်းအားမျိုးကတော့..'
စုယွီသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မိမိကိုယ်ကိုယ် တိုးတိုးရေရွတ်လိုက်၏။
'တာအိုမိတ်ဆွေ မာ.. ကျွန်တော်တော့ ဧရာမ ပြဿနာကြီးနဲ့ ရင်ဆိုင်နေရပြီ ထင်တယ်..'
သို့သော်လည်း ထိုပြဿနာ၏ ရင်းမြစ်ဖြစ်သူသည် အရိုင်းနယ်မြေရှိ အင်မော်ဝာယ် တစ်သောင်း နန်းတော်၏ အင်အားစုများကို ဆန့်ကျင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့လေပြီ။
ဤအချက်က စုယွီအတွက် အနည်းငယ် မျှော်လင့်မထားသော အရာဖြစ်ပြီး ကြည်နူးဖွယ် အံ့အားသင့်စရာလေး တစ်ခုလည်း ဖြစ်နေသည်။
အင်မော်ဝာယ် တစ်သောင်း နန်းတော်သာ အခြားသော ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရမည်ဆိုပါက သူတို့၏ အာရုံစိုက်မှုသည် လောလောဆယ်တွင် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်အပေါ် ရောက်ရှိနေမည် မဟုတ်ပေ။
အခြားသော အင်အားစုများလည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။
ယင်းအခြေအနေက မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်အား ယခင်က ရင်ဆိုင်ခဲ့ရသော ပြဿနာ ဝဲဂယက်အတွင်းမှ ရုန်းထွက်နိုင်ရန် အခွင့်အရေး ပေးလိုက်ခြင်းပင် ဖြစ်သည်။
အင်မော်ဝာယ် တစ်သောင်း နန်းတော်အပေါ် ကျရောက်ခဲ့သော ဘေးအန္တရာယ်သည် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်အတွက်မူ ကျိန်းသေပေါက် ကောင်းကျိုးတစ်ခုပင် ဖြစ်သည်။
အင်မော်ဝာယ် တစ်သောင်း နန်းတော်၏ အရိုင်းနယ်မြေ ကပ်ဘေးကြီးကြောင့် ယခုအခါ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာရှိ အခြားသော အင်အားစုများ အားလုံးမှာ အနည်းငယ် စိုးရိမ်ထိတ်လန့်နေကြပြီး ထို မိစ္ဆာသခင်က သူတို့ကိုပါ ပစ်မှတ်ထားလာမည်ကို ကြောက်ရွံ့ကာ အရိုင်းနယ်မြေဆီသို့ အာရုံပြောင်းသွားကြလေပြီ။
အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် အတွင်း၌ကား စုယွီ၏ တာအို-ခန္ဓာ ရုပ်သေး၏ နေထိုင်မှု ဘဝမှာ ပြောင်းလဲခြင်း မရှိပေ။
နေ့စဉ်နေ့တိုင်း သူသည် ဆေးလုံးများ ဖော်စပ်သန့်စင်ခြင်း၊ အဆောင်လက်ဖွဲ့များ ရေးဆွဲခြင်းတို့ကို ပြုလုပ်ပြီး ထိုသို့ မဟုတ်လျှင်လည်း မှော်လက်နက်များကို သန့်စင်ခြင်း သို့မဟုတ် ရုပ်သေး ကောင်းကင်ကျမ်း၏ မှော်သွင်းခြင်း အတတ်ကို နားလည်သဘောပေါက်ရန် ကြိုးစားရင်း ရုပ်သေးများကို မှော်သွင်းနေလေသည်။
သူ၏ နေ့ရက်များသည် အမှန်တကယ်ပင် သက်တောင့်သက်သာ ရှိလှသည်။
အချိန်များက တရိပ်ရိပ် ကုန်ဆုံးသွား၏။
အနှစ်နှစ်ဆယ်တိတိ ကြာမြင့်သွားခဲ့လေပြီ။
ခြောက်ကပ်နေသော ယွဲ့ အင်မော်တယ် နန်းတော်ရှိ အင်မော်တယ် မြို့တော် အပျက်အစီးနယ်မြေထဲမှ သိုင်းကျမ်းတစ်သောင်း မျှော်စင် အတွင်း၌ကား...
စုယွီ၏ ပတ်လည်ရှိ အရှိန်အဝါက သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ ပတ်ဝန်းကျင်ရှိ အဆုံးအစမဲ့သော သဘာဝ ဝိညာဉ်စွမ်းအားများကလည်း လှိုင်းလုံးများပမာ ရိုက်ခတ်လာသည်။ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်ကြီးငါးပါး စွမ်းအားများပင်လျှင် ထွက်ပေါ်လာပြီး အားလုံးက စုယွီ၏ အနီးသို့ စုရုံးရောက်ရှိလာကာ သူ၏ အငမ်းမရ စုပ်ယူခံနေကြရသည်။
မလှမ်းမကမ်းရှိ အင်မော်တယ် စံအိမ်တော်ထဲမှ ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ခေါင်းဆောင် နှစ်ဦးသည် သူတို့၏ မျက်လုံးများကို ထပ်မံဖွင့်လိုက်ကြပြီး သိုင်းကျမ်းတစ်သောင်း မျှော်စင် ရှိရာ အရပ်နှင့် အတွင်းမှ လူရိပ်ကို လှမ်းကြည့်လိုက်ကြ၏။
ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်မှာ အနည်းငယ် ရှုပ်ထွေးသွားပြီး ပြောလိုက်သည်။
"အဆင့်ငယ်လေး တစ်ခုကို အဆင့်ချိုးဖြတ်တာတောင်မှ ဘယ်လိုလုပ် ကောင်းကင်နဲ့ မြေကြီးရဲ့ ဓာတ်ကြီးငါးပါး စွမ်းအားတွေက ထွက်ပေါ်လာရတာလဲ.."
ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က တည်ငြိမ်စွာပင် ပြန်ပြောလေ၏။
"အလှည့်ကိုးကြိမ် ရွှေအမြုတေ အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရရှိထားပြီးတော့ ဓာတ်ကြီးငါးပါး တာအိုအခင်းအကျင်းကိုပါ နားလည်သဘောပေါက်ထားတယ် ဆိုရင်တော့ ဒီလို လုပ်နိုင်မှာပါပဲ.."
"သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က မူလဝိညာဉ် အဆင့် ခုနစ်လွှာမှာပဲ ရှိသေးတယ်.. ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါကို ငါ့အမြင်အရ ပြောရရင် ဘယ် မူလဝိညာဉ် အဆင့်ကမှ ယှဉ်နိုင်မှာ မဟုတ်ဘူး.. ဝိညာဉ်ခွဲထွက် အဆင့် ပထမလွှာကို ရောက်နေတဲ့ လူတစ်ယောက်လောက်ပဲ သူ့ထက် ပိုအစွမ်းထက်နိုင်လိမ့်မယ်.."
"အဓိပ္ပာယ် မရှိတာ.. သူက ဓာတ်ကြီးငါးပါး စွမ်းအား ငါးမျိုးစလုံးကို ပေါင်းစပ် ကျင့်ကြံထားတာ.. ပြီးတော့ တာအိုရဲ့ နိယာမတွေကိုလည်း အများကြီး နားလည်သဘောပေါက်ထားသေးတယ်.. အဲဒါအပြင် ရုပ်ခန္ဓာ ကျင့်စဉ် နှစ်ခုကိုပါ အဆင့်မြင့်မြင့် ကျင့်ကြံထားတာလေ.. ငါ့အထင်တော့ ဝိညာဉ်ခွဲထွက် အဆင့် ပထမလွှာက လူတွေတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး.."
"ဒါက သိပ်ကို ကြောက်စရာကောင်းလွန်းပါတယ်ကွာ.. မင်း ဘယ်လိုထင်လဲ.. တကယ်လို့ သူသာ အရှင်သခင်ကြီး ခေတ်တုန်းက နေခဲ့ရမယ်ဆိုရင် ဘာတွေများ ဖြစ်လာနိုင်မလဲ.."
ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်၏ အမေးကြောင့် ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်မှာ အချိန်အတန်ကြာအောင် ဆွံ့အအပြောရခက်သွားလေတော့၏။
အချိန်အတော်ကြာပြီးမှသာ ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က ဖြည်းညင်းစွာဖြင့် ဖွင့်ဟပြောဆိုလိုက်သည်။
"တကယ်လို့ သူသာ သူ့ရဲ့ စိတ်နေစိတ်ထားကို ထိန်းသိမ်းထားနိုင်မယ်.. ပြီးတော့ သည်းခံနိုင်စွမ်းလည်း ဆက်ရှိနေမယ်ဆိုရင်.. တစ်နေ့ကျရင် သူက အရှင်သခင်ကြီးလောက်ကို အံ့မခန်း ဖြစ်လာနိုင်မှာပါပဲ..”