← Chapters

အခန်း ၇၇၂

Vol. 52 Ch. 772

အခန်း ၇၇၂

Vol. 52 Ch. 772

အခန်း (၇၇၂) - အမွှေးတိုင် ထွန်းညှိခြင်းနှင့် မထင်မှတ်ထားသော အဖြစ်အပျက် (၂)

"မေ့နေလိုက်တာ... နတ်မိမယ် ဖုန်းလင်ဆိုတဲ့ အသုံးဝင်တဲ့ တာအိုမိတ်ဆွေ တစ်ယောက် ရှိသေးတာပဲ..."

စုယွီ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ချိတ်ဆွဲသွား၏။ ပြီးခဲ့သော တစ်ကြိမ်က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာသို့ နတ်မိမယ် ဖုန်းလင် ရောက်ရှိလာမှုက သူ့အတွက် ပြဿနာ အတော်များများ ဖန်တီးပေးခဲ့သည်။

ယခုတော့ ထိုကိစ္စများအတွက် သူ ပူပန်နေစရာ မလိုတော့ပါချေ။

ပုတူ ဗုဒ္ဓဂိုဏ်းမှ ဗာဂျရာ ဗုဒ္ဓသားတော်နှင့် ဝိညာဉ်ခွဲထွက် အဆင့် ဘုန်းကြီးတို့ ဆုတ်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် စုယွီသည်လည်း အနက်ရောင် ဒေါသ စစ်သည်တော်နှင့်အတူ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ မှောင်ခိုဈေးကွက်သို့ ပြန်လည်ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ပစ္စည်းများ သိမ်းဆည်းကာ ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက်နယ်မြေအတွင်းသို့ သွားရောက် ပုန်းခိုနေရန်နှင့် ယာယီ တံခါးပိတ် ကျင့်ကြံနေကြရန် လင်းချင်းရှားနှင့် လင်းပင်းတို့အား စုယွီက ညွှန်ကြားလိုက်၏။

"တာအိုမိတ်ဆွေ ရှုယွီကိုလည်း သွားအကြောင်းကြားလိုက်ပါ... ယွဲ့ အင်မော်တယ် သတင်းအချက်အလက် မျှော်စင်နဲ့ ဆေးလုံးမျှော်စင် ရဲ့ ဌာနခွဲတွေ အကုန်လုံး လောလောဆယ် ငြိမ်ငြိမ်လေး နေကြဖို့ ပြောလိုက်ပါ..."

စုယွီက အမိန့်ပေးလိုက်လေသည်။

အရာအားလုံးကို စီစဉ်ပြီးစီးသွားချိန်တွင် စုယွီ၏ တာအိုရုပ်သေး ကိုယ်ပွားနှင့် အနက်ရောင် ဒေါသ စစ်သည်တော်တို့မှာ နေရာမှ ပျောက်ကွယ်သွားတော့၏။

...

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အနောက်ပိုင်းဒေသ။

ကိုးဝိဉာဉ် တောင်တန်း နယ်မြေ၏ အစွန်အဖျားတွင် လင်းအန်း ဟုခေါ်သော အင်မော်တယ် မြို့ငယ်လေး တစ်မြို့ တည်ရှိလေသည်။

ကိုးဝိဉာဉ် တောင်တန်းနှင့် ဝမ်လုံ မင်းဆက်တို့ကြားတွင် စစ်မီးတောက်လောင်နေသည်မှာ အချိန်အတော်ကြာမြင့်ခဲ့လေပြီ။ ဝမ်လုံ မင်းဆက်၏ နောက်ကွယ်တွင် ပုတူ ဗုဒ္ဓဂိုဏ်း၏ ထောက်ပံ့မှု ရှိနေသော်ငြား ကိုးဝိဉာဉ် တောင်တန်းကို သိမ်းပိုက်နိုင်ရန်မှာ လွယ်ကူလှသော ကိစ္စတစ်ရပ် မဟုတ်ခဲ့ပါချေ။

နှစ်ကာလများစွာ ကြာမြင့်လာခဲ့သည့်တိုင်အောင် ဝမ်လုံ မင်းဆက်သည် ပုတူ ဗုဒ္ဓဂိုဏ်း၏ စွမ်းအားကို အသုံးချကာ ကိုးဝိဉာဉ် တောင်တန်း၏ အင်မော်တယ် မြို့ကြီးသုံးမြို့ကိုသာ သိမ်းပိုက်နိုင်ခဲ့သည်။

ထိုအချိန်မှစ၍ ဝမ်လုံ မင်းဆက်မှာ ရှေ့သို့ ဆက်လက်ချီတက်ရန် အဟုန်ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေတော့၏။

အကြီးမားဆုံးသော ပြဿနာမှာ ဝမ်လုံ မင်းဆက်နှင့် ကိုးဝိဉာဉ် တောင်တန်းတို့ အကြား စစ်ပွဲကြောင့် လူအသေအပျောက် အလွန်အမင်း များပြားခဲ့ခြင်းပင်။ အင်မော်တယ် မြို့ကြီးသုံးမြို့၏ နယ်မြေများကို သိမ်းပိုက်ပြီးနောက်တွင် အသုံးပြုရန် လူအင်အား မရှိတော့သည့် အခက်အခဲ ရွှံ့နွံတောထဲသို့ သူတို့ နစ်မွန်းသွားကြလေသည်။

ထို့ကြောင့် ယခုအခါ ကိုးဝိဉာဉ် တောင်တန်းနှင့် ဝမ်လုံ မင်းဆက်တို့ကြားရှိ စစ်ပွဲမှာ အခြေအနေ ရပ်တန့်နေခဲ့ပြီ ဖြစ်သည်။

ဝမ်လုံ မင်းဆက်က သူတို့၏ လက်ရှိနယ်မြေများကို ပြန်လည် စုစည်းနေချိန်တွင် ကိုးဝိဉာဉ် တောင်တန်းဘက်မှ တန်ပြန်တိုက်ခိုက်ရန် စီစဉ်ရမည့် အလှည့်သို့ ရောက်ရှိလာခဲ့ပေပြီ။

ဝမ်လုံ မင်းဆက်မှ သိမ်းပိုက်ထားသော အင်မော်တယ် မြို့ကြီးတစ်မြို့၏ နယ်မြေအတွင်း လင်းအန်း မြို့မှာ အင်မော်တယ် မြို့ငယ်လေး တစ်မြို့အဖြစ် ပါဝင်နေလေသည်။

ထိုမြို့တွင် ဝမ်လုံ မင်းဆက်မှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါးနှင့် ကျင့်ကြံသူ တပ်သားငါးရာ ပါဝင်သော စစ်တပ်တစ်ခု အပြင် ပုတူ ဗုဒ္ဓဂိုဏ်းမှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ဘုန်းတော်ကြီး တစ်ပါးနှင့် ရွှေအမြုတေအဆင့် ဗုဒ္ဓဂိုဏ်းသား တပည့်ဆယ်ယောက်တို့ပါ တပ်စွဲထားကြသည်။

နံနက်စောစော အချိန်။

မြို့ထဲရှိ တစ်နေရာတွင် စုယွီ၏ တာအိုရုပ်သေး ကိုယ်ပွားက မြို့သူမြို့သားများကို စောင့်ကြည့်နေ၏။ ထိုသူများမှာ ရုပ်သေးရုပ်များပမာ သူတို့၏ နေအိမ်များမှ ထွက်ခွာလာကြပြီး မြို့လယ်ကွင်းပြင်ကြီးဆီသို့ စုဝေးရောက်ရှိလာကြလေသည်။

ထိုနေရာတွင် ပေတစ်သိန်းခန့် မြင့်မားသော ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူက ကောင်းကင်ယံသို့ ထိုးတက်မတတ် မားမားမတ်မတ် တည်ရှိနေသည်။

အင်မော်တယ် မြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားသော ပြင်းရှရှ အမွှေးတိုင် ရနံ့များနှင့်အတူ ကျင့်ကြံသူများနှင့် မြို့သူမြို့သားများက ကွင်းပြင်ကြီးထဲတွင် စုဝေးနေကြ၏။ ပုတူ ဗုဒ္ဓဂိုဏ်းမှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးနှင့် ရွှေအမြုတေအဆင့် တပည့်များ၏ လမ်းညွှန်မှုအောက်တွင် သူတို့က ဗုဒ္ဓဂါထာများကို ရွတ်ဖတ်ကာ ဗုဒ္ဓ၏ နာမတော်ကို ရိုသေစွာ တသနေကြတော့သည်။

စုယွီ၏ ထူးခြားသော မျက်ဝန်းအမြင်အောက်တွင် ကျင့်ကြံသူများနှင့် မြို့သူမြို့သားများ၏ ခန္ဓာကိုယ်များမှ ယုံကြည်ကိုးကွယ်မှု အမွှေးတိုင်စွမ်းအား အမျှင်တန်းများ ဖြာထွက်လာပြီး ဗုဒ္ဓရုပ်ပွားတော်ကြီးအပေါ်သို့ စုစည်းသွားသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။

'ယုံကြည်ကိုးကွယ်မှု အမွှေးတိုင်စွမ်းအားတွေ... ငါ ကြားဖြတ် လုယူလို့ ရမလား...'

စုယွီက စုစည်းလာသော ယုံကြည်ကိုးကွယ်မှု အမွှေးတိုင်စွမ်းအားများကို လောဘတကြီး စိုက်ကြည့်လိုက်၏။ ခေတ္တ တွေးတောပြီးနောက် သူ၏ စိတ်ကူးကို ခဏ ရွှေ့ဆိုင်းထားလိုက်လေသည်။

ညအချိန်သို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသောအခါ

ကွင်းပြင်ကြီးထဲရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး အနီးတွင် ပုံရိပ်တစ်ခုက တိတ်တဆိတ် ထွက်ပေါ်လာ၏။

ကွင်းပြင်ကြီး၏ ပတ်ပတ်လည်တွင် ဝမ်လုံ မင်းဆက်မှ စစ်သည်များနှင့် ကျင့်ကြံသူများက ကင်းလှည့် စောင့်ကြပ်နေကြသော်ငြား မည်သူ တစ်ဦးတစ်ယောက်ကမျှ ဗုဒ္ဓရုပ်ပွားတော်ကြီး အနီးရှိ အသစ်ရောက်လာသော ပုံရိပ်ကို သတိမပြုမိကြပါချေ။ ထိုပုံရိပ်က လောကကြီးနှင့် တစ်သားတည်း ကျိုးဝင်ပေါင်းစပ်နေသကဲ့သို့ပင်။

“ဝှစ်…”

စုယွီ၏ လက်ညှိုးတစ်ချက် ညွှန်ပြမှုနှင့်အတူ ရွှေရောင် အလင်းတန်း တစ်ခုက သူ၏ မျက်စိရှေ့ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးဆီသို့ ထိုးဖောက်ဝင်ရောက်သွားတော့၏။

ယုံကြည်ကိုးကွယ်မှု အမွှေးတိုင်စွမ်းအားများကို ကြားဖြတ်လုယူရန် သူ၏ အစီအစဉ်မှာ အလွန် ရိုးရှင်းလှသည်။ ဗုဒ္ဓရုပ်ပွားတော်များအပေါ် လက်ညှိုး အသွင်ပြောင်းပညာရပ်ကို အသုံးပြုကာ ၎င်းတို့ကို သူ၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သိမ်းပိုက်လိုက်ပြီး ထိုရုပ်ပွားတော်များကို အမွှေးတိုင်စွမ်းအားများ စုဆောင်းရန် သိုလှောင်ရာများ အဖြစ် အသုံးချရန်ပင် ဖြစ်၏။

အချိန်အတန်ကြာပြီးနောက် စုဆောင်းထားသော ယုံကြည်ကိုးကွယ်မှု အမွှေးတိုင်စွမ်းအားများကို သူ ပြန်လာ၍ ရိတ်သိမ်းယူမည်ပင်။ ဤနည်းလမ်းဖြင့် အနက်ရောင် ဒေါသ စစ်သည်တော် တစ်ယောက်ကို နတ်ဘုရား အဆင့်သို့ ပြန်လည်ရောက်ရှိစေရန် လုံလောက်သော အမွှေးတိုင်စွမ်းအားများကို သူ စုဆောင်းနိုင်ကောင်း စုဆောင်းနိုင်ပေလိမ့်မည်။

ရွှေရောင် အလင်းတန်းက ဗုဒ္ဓရုပ်ပွားတော်ကြီး အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်နှင့် စုယွီက သူ၏ မျက်စိရှေ့ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးနှင့် ရှင်းပြ၍မရနိုင်သော ချိတ်ဆက်မှုတစ်ခုကို ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့အပြင် ထိုရုပ်ပွားတော်ကြီးကို သူ ထိန်းချုပ်နိုင်စွမ်းလည်း ရှိသွားလေပြီ။

ဤဗုဒ္ဓရုပ်ပွားတော်ကြီးမှာ တတိယအဆင့်ထက် ကျော်လွန်သော ရတနာတစ်ပါး မဟုတ်ပါချေ။ စုယွီ၏ တတိယအဆင့် လက်ညှိုး အသွင်ပြောင်းပညာရပ်ဖြင့် ၎င်းကို သူ၏ ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ရန် လုံလောက်သော စွမ်းအား ရှိသည်။

ချိတ်ဆက်မှုကို ခံစားမိပြီးနောက် စုယွီ၏ ပုံရိပ်မှာ လျှပ်တစ်ပြက်အတွင်း အရိပ်အယောင်မျှပင် မကျန်ရစ်ဘဲ ပျောက်ကွယ်သွားတော့၏။

နောက်လာမည့် နှစ်ကာလများအတွင်း ဝမ်လုံ မင်းဆက်၏ ထိန်းချုပ်မှုအောက်ရှိ အင်မော်တယ် မြို့တော်များ အားလုံးသို့ စုယွီ သွားရောက်ခဲ့ပြီး ယုံကြည်ကိုးကွယ်မှု အမွှေးတိုင်စွမ်းအား တစ်စိတ်တစ်ပိုင်းကို စုဆောင်းနိုင်ရန် မျှော်လင့်ချက်ဖြင့် ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးများ အားလုံးကို အသွင်ပြောင်းလဲပစ်ခဲ့လေသည်။

သူက ယုံကြည်ကိုးကွယ်မှု အမွှေးတိုင်စွမ်းအားများ အားလုံးကို ယူဆောင်သွားခြင်း မဟုတ်ဘဲ ရုပ်ပွားတော် တစ်ဆူစီမှ သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုကိုသာ ကြားဖြတ် ယူဆောင်ခဲ့ခြင်း ဖြစ်၏။

သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ ဤလုပ်ရပ်က သံသယအချို့ကို ဖြစ်ပေါ်လာစေရန် ရှောင်လွှဲ၍ မရနိုင်ပါချေ။

ဝမ်လုံ မင်းဆက်၏ တားမြစ်နယ်မြေ တစ်ခုအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူက ရုတ်တရက် မျက်လုံးများ ဖွင့်လာခဲ့သည်။ တားမြစ်နယ်မြေ၏ အပြင်ဘက် လောကကြီးကို လှမ်းကြည့်လိုက်သော ၎င်း၏ မျက်ဝန်းများထဲတွင် တွေဝေမှု အရိပ်အယောင်များ ဖြတ်သန်းသွား၏။

"ဒီလရဲ့ ယုံကြည်ကိုးကွယ်မှု အမွှေးတိုင်စွမ်းအားတွေက... ဘာလို့ ပုံမှန်ထက် နည်းနည်း လျော့နည်းနေသလို ခံစားရတာလဲ..."

၎င်းက ပုတူ ဗုဒ္ဓဂိုဏ်းမှ ဝိညာဉ်ခွဲထွက် အဆင့် တပည့်တစ်ဦးကို ဆင့်ခေါ်လိုက်ပြီး အေးစက်သော အကြည့်များဖြင့် အမိန့်ပေးလိုက်သည်။

"အပြင်ဘက်က ရုပ်ပွားတော်တွေဆီမှာရှိတဲ့ အမွှေးတိုင်စွမ်းအားတွေကို သွားစစ်ဆေးစမ်း... တစ်ယောက်ယောက်ကများ သူတို့အတွက် ခိုးပြီး ချန်ထားသလား ဆိုတာကို သေချာ စုံစမ်း..."

ထိုအမိန့်ကို ကြားလိုက်ရသောအခါ ဝိညာဉ်ခွဲထွက် အဆင့် တပည့်မှာ မျက်နှာ ဖြူရော်သွားပြီး အမိန့်ကို ခံယူရန် အလျင်အမြန် ဦးညွှတ်လိုက်လေသည်။

"ဆရာသခင်ကြီး... တပည့်တော် အခုပဲ ချက်ချင်း သွားရောက် စစ်ဆေးလိုက်ပါ့မယ်..."

ဗုဒ္ဓဂိုဏ်းအတွက် ယုံကြည်ကိုးကွယ်မှု အမွှေးတိုင်စွမ်းအားဆိုသည်မှာ အရေးအကြီးဆုံးသော ကျင့်ကြံခြင်း အရင်းအမြစ်တစ်ခု ဖြစ်ကြောင်း ယုံမှားဖွယ် မရှိပါချေ။

ဤအရင်းအမြစ်များကို အထက်ပိုင်းရှိ လူများက အလွန်အကျွံ သုံးစွဲကြသည်မှာ သေချာသော်လည်း သူတို့က ကျန်ရှိနေသည့် အရာများကို သူတို့၏ လက်အောက်ငယ်သားများကြားတွင် ဖြန့်ဝေပေးရန်လည်း သေချာပေါက် ဆောင်ရွက်ကြသည်။

သို့သော်ငြား သူတို့က ဤအရင်းအမြစ်များကို သင့်အား မျှဝေပေးပြီးသည့်တိုင် သင်က မလုံလောက်သေးဟု ယူဆကာ ကိုယ်ကျိုးအတွက် ကောင်းချီးများကို လျှို့ဝှက်စွာ ခိုးယူရန် ကြိုးစားနေပါက ဗုဒ္ဓဂိုဏ်းအပေါ် ကြီးလေးသော အပြစ်တစ်ရပ်ကို ကျူးလွန်ရာ ရောက်ပေလိမ့်မည်။

ပုတူ ဗုဒ္ဓဂိုဏ်းကဲ့သို့ မိစ္ဆာလမ်းစဉ်ဆီသို့ ယိမ်းယိုင်နေသော မိစ္ဆာဗုဒ္ဓ အင်အားစု တစ်ခုအတွင်းတွင် ဤကိစ္စက ပို၍ပင် သက်ရောက်မှု ရှိသည်။

သို့သော်လည်း...

တစ်နှစ်တာ ကာလအတွင်းတွင် ပုတူ ဗုဒ္ဓဂိုဏ်းက သူတို့၏ ဗုဒ္ဓရုပ်ပွားတော်များ အားလုံးကို စစ်ဆေးခဲ့ပြီး သူတို့၏ အမိန့်အောက်ရှိ အဖွဲ့ဝင်များ အားလုံးကိုလည်း အသေအချာ စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

သို့သော်ငြား ဗုဒ္ဓ၏ ကောင်းချီးများဆီသို့ လက်လှမ်းရဲလောက်အောင် ရဲတင်းသောသူ တစ်ဦးတစ်ယောက်ကိုမျှ သူတို့ ရှာမတွေ့ခဲ့ကြပါချေ။

ဤသည်က အတော်လေး ထူးဆန်းနေသကဲ့သို့ ထင်ရ၏။

နောက်ထပ် တစ်နှစ် ကြာပြီးနောက်၊ ဝမ်လုံ မင်းဆက်၏ တစ်နေရာတွင်

“ရွှီး…”

“ဝုန်း…”

ပုတူ ဗုဒ္ဓဂိုဏ်းမှ မူလဝိညာဉ်အဆင့် ဘုန်းကြီးအချို့မှာ ချုံခိုတိုက်ခိုက် ခံလိုက်ကြရသည်။ မီးဖီးနစ်၏ အော်ဟစ်သံများနှင့်အတူ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး အချို့မှာ ဖီးနစ်၏ လက်သည်းများအောက်တွင် မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရတော့၏။ သူတို့၏ ခန္ဓာကိုယ်များက မီးတောက်အစုအဝေးများအဖြစ် လောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။

သုံးနှစ်ပင် မပြည့်သေးသော အချိန်ကာလအတွင်းတွင် ပုတူ ဗုဒ္ဓဂိုဏ်းမှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး နှစ်ဆယ်ကျော်မှာ ချုံခိုတိုက်ခိုက် ခံခဲ့ရပြီး ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပေ၏။

စစ်မြေပြင်တိုင်းမှာ ဒေါသတကြီး လောင်ကျွမ်းနေသော မီးတောက်များကြောင့် အပျက်အစီးနယ်မြေ အဖြစ်သို့ လျှော့ကျသွားခဲ့လေပြီ။

ပုတူ ဗုဒ္ဓဂိုဏ်းက အမျက်ဒေါသများဖြင့် လူသတ်သမားကို ရှာဖွေနေချိန်တွင် စုယွီ၏ တာအိုရုပ်သေး ကိုယ်ပွားက တောင်ပိုင်း အင်မော်တယ်နယ်မြေတွင် ထွက်ပေါ်လာခဲ့သည်။

သူ၏ စိတ်အာရုံက ကျွမ်းကျင်မှု မျက်နှာပြင် အပေါ်သို့ အာရုံစိုက်သွား၏။

[ကျင့်ကြံခြင်း နည်းစနစ် - ဗာဂျရာ နိဗ္ဗာန်ကျင့်စဉ် (တတိယနယ်ပယ်၊ ကျွမ်းကျင်မှု ၂.၁၄%)]

[မှော်ပညာရပ်များ - ဗာဂျရာ ဒေါသဗုဒ္ဓ (ကျွမ်းကျင်မှု ၃၄.၁၆%)၊ အသက်နှင့်သေမင်း ကပ်ဘေးမှော်ပညာရပ် (ကျွမ်းကျင်မှု ၄၀.၂၃%)၊ ကရုဏာရှင် ဗုဒ္ဓလက်ဝါး (ကျွမ်းကျင်မှု ၂၆.၃၇%)]

ဝမ်လုံ မင်းဆက်တွင် ရှိနေစဉ်အတွင်း စုယွီသည် ပုတူ ဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓတရားတော် အမွေအနှစ် များစွာကို ရရှိခဲ့သည်။

အားလပ်ချိန် ရတိုင်း စုယွီက ဗုဒ္ဓတရားတော် တစ်ခုနှင့် မှော်ပညာရပ် အချို့ကို လေ့ကျင့်လေ့ ရှိ၏။

ယခုအချိန်တွင် တောင်ပိုင်း အင်မော်တယ်နယ်မြေရှိ စုယွီ၏ တာအိုရုပ်သေး ကိုယ်ပွားက ကတုံးတုံးထားသော ဘုန်းကြီးတစ်ပါးအဖြစ် အသွင်ပြောင်းထားလေပြီ။

"အော်မိတော်ဖော် ဗုဒ္ဓ... ကရုဏာရှင် ဗုဒ္ဓမြတ်စွာ... မင်းတို့က ငါတို့ ဗုဒ္ဓဂိုဏ်းက အဖွဲ့ဝင်တွေကိုတောင် သတ်ရဲတယ်ပေါ့လေ... ဒီဘုန်းကြီးက မင်းတို့ကို သံသရာထဲကို ပို့ပေးလိုက်မယ်..."

(နှစ်ဖွဲ့ကို တိုက်ပေးနေတာ T-T)

မီးဖီးနစ် ကောင်းကင်နန်းတော်၏ အင်မော်တယ် မြို့တော် တစ်ခုသို့ ရောက်ရှိလာသောအခါ သူက လက်အုပ်ချီလျက် ဗုဒ္ဓ၏ နာမတော်ကို ရေရွတ်လိုက်သည်။

(နှစ်ဖွဲ့ကို တိုက်ပေးနေတာ T_T)

“ဝုန်း…”

စုယွီက ယုတ်မာဆိုးသွမ်းသော မိစ္ဆာချီများ ပြည့်နှက်နေသည့် ခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်ပြီး လက်ထဲတွင် သွေးစွန်းနေသော ဈာန်ဓားမောက်ကို ကိုင်ဆောင်ထားသည့် သွေးဗုဒ္ဓ တစ်ပါးအဖြစ် အသွင်ပြောင်းသွားတော့သည်။ နာရီဝက်ပင် မကြာသော အချိန်အတွင်းမှာပင် သူက ဤအင်မော်တယ် မြို့ငယ်လေးတွင် မီးဖီးနစ် ကောင်းကင်နန်းတော်မှ ချန်ရစ်ထားခဲ့သော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး နှစ်ပါးနှင့် တပည့် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပစ်လိုက်လေသည်။

ထို့နောက် သူက အေးအေးလူလူပင် ထွက်ခွာသွားခဲ့၏။

နောက်လာမည့် နှစ်လအတွင်းတွင် စုယွီက မီးဖီးနစ် ကောင်းကင်နန်းတော်၏ တောင်ပိုင်း အင်မော်တယ် နယ်မြေများအတွင်း ငါးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့လေသည်။

သူက မီးဖီးနစ် ကောင်းကင်နန်းတော်မှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး စုစုပေါင်း ခြောက်ပါးနှင့်အတူ တပည့် နှစ်ရာကျော်ကို သတ်ဖြတ်ခဲ့သည်။

မီးဖီးနစ် ကောင်းကင်နန်းတော်က ထိတ်လန့်တကြား ဖြစ်သွားပြီး သူတို့၏ အစွမ်းထက်သော စစ်သည်တော်များ ထွက်ပေါ်လာတော့မည့် အချိန်တွင် သူက တောင်ပိုင်း အင်မော်တယ်နယ်မြေမှ ထွက်ခွာရန် ဟင်းလင်းပြင် လမ်းစဉ်စွမ်းအားကို ပြတ်သားစွာ အသုံးပြုလိုက်ပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်သို့ ပြန်သွားခဲ့လေသည်။

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ရှိ မြေကမ္ဘာ အင်မော်တယ် နန်းတော် အခြေစိုက်စခန်း၏ အင်မော်တယ် နန်းတော်။

"လောလောဆယ် နင် ဘယ်တွေ သွားနေတာလဲ... ဆေးလုံးစံအိမ်က ဘာလို့ ပိတ်ထားရတာလဲ..."

စုယွီက ဤနေရာသို့ ပြန်လည်ရောက်ရှိလာသောအခါ ကိုးမြီး မြေခွေး အရှင်သခင်မကြီးက သူ့ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လာခဲ့၏။

"ကျွန်တော့်ကို ပုတူ ဗုဒ္ဓဂိုဏ်းက စောင့်ကြည့်နေတာလေ... ကျွန်တော်က ဘယ်လိုလုပ် ဖွင့်ရဲမှာလဲ..."

စုယွီက ခါးသက်သက် အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

"လောလောဆယ်တော့ ကျွန်တော် တံခါးပိတ် ကျင့်ကြံနေခဲ့တာပါ... အခုလေးတင်မှ ထွက်လာတာ..."

'အဲဒီလိုလား...'

ကိုးမြီး မြေခွေး အရှင်သခင်မကြီးက သူမ၏ စကားများကို ပြန်မြိုချလိုက်သည်။ သူမ၏ လက်ထဲတွင် အင်မော်တယ် ဂိုဏ်းမှ ထောက်လှမ်းရေး သတင်းအချက်အလက် အချို့ ရှိနေသည်။

မကြာသေးမီက ပုတူ ဗုဒ္ဓဂိုဏ်းမှ ဗာဂျရာ ဗုဒ္ဓသားတော်က အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ရှိ ယွင်ရှောင် ဆေးလုံးစံအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သော်လည်း အတွင်းရှိ ပဉ္စမအဆင့် အခင်းအကျင်း၏ တွန်းလှန်ခံခဲ့ရသည်။ သို့သော် သူတို့က အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ ထွက်ခွာပြီး မကြာမီမှာပင်...

ဗာဂျရာ ဗုဒ္ဓသားတော်၏ အုပ်စုမှာ ချုံခိုတိုက်ခိုက်မှု တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ဗာဂျရာ ဗုဒ္ဓသားတော်နှင့် ပုတူ ဗုဒ္ဓဂိုဏ်း၏ အစောင့်အရှောက် တစ်ပါးသာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပြီး ကျန်သူများမှာ ကျဆုံးသွားခဲ့ကြလေသည်။

ထိုနောက်ပိုင်း နှစ်များတွင် ဝမ်လုံ မင်းဆက် နယ်မြေအတွင်းရှိ ပုတူ ဗုဒ္ဓဂိုဏ်း၏ အဖွဲ့ဝင်များမှာ ဆက်တိုက် တိုက်ခိုက်ခံခဲ့ရပြီး ပြင်းထန်သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့၏။

အင်မော်တယ် ဂိုဏ်းမှ သတင်းအချက်အလက်များအရ ပုတူ ဗုဒ္ဓဂိုဏ်းက ဤတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မီးဖီးနစ် ကောင်းကင်နန်းတော် ရှိနေသည်ဟု သံသယဝင်နေကြသော်လည်း...

'တကယ်ပဲ မီးဖီးနစ် ကောင်းကင်နန်းတော်က လုပ်တာလား... သူတို့က ပုတူ ဗုဒ္ဓဂိုဏ်းအပေါ် လက်ပါဖို့ သေမတတ် ပျင်းနေကြလို့လား...'

ကိုးမြီး မြေခွေး အရှင်သခင်မကြီးက ယခုလေးတင်မှ ပေါ်လာသော စုယွီအား ရင်ထဲတွင် သံသယများဖြင့် စူးစိုက် ကြည့်လိုက်မိသည်။

အသစ်ဆုံးသော သတင်းအချက်အလက်များအရ မီးဖီးနစ် ကောင်းကင်နန်းတော်၏ တောင်ပိုင်း အင်မော်တယ် နယ်မြေတွင်လည်း အနှောင့်အယှက်များ ရှိနေခဲ့ပြီး ဗုဒ္ဓဂိုဏ်းမှ ဘုန်းကြီးတစ်ပါး၏ သတ်ဖြတ်မှုကြောင့် လူများစွာ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ဤသတင်းအချက်အလက် အပိုင်းအစများက ပုတူ ဗုဒ္ဓဂိုဏ်းနှင့် မီးဖီးနစ် ကောင်းကင်နန်းတော်တို့ တစ်ဖက်နှင့်တစ်ဖက် သတ်ဖြတ်ချင်နေကြကြောင်း အကြံပြုနေသကဲ့သို့ပင်။

သို့သော်ငြား ကိုးမြီး မြေခွေး အရှင်သခင်မကြီးနှင့် အခြားသော အင်မော်တယ် နန်းတော် အနည်းငယ်၏ အမြင်တွင်မူ ဤအရာက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေလေတော့သည်။

All Chapters