← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း (၁၁၂) - အထဲမှာ ဘာတွေဖြစ်နေတာလဲ

ကျန့်နူက သူ၏လက်များကို မြှောက်လိုက်ရာ အရှေ့ရှိ နှင်းပွင့်များမှာ လေထဲသို့ လွင့်တက်သွားလေသည်။

သူ၏လက်များထဲမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နှင်းပွင့်များကို လွှမ်းခြုံသွားကာ ရေခဲဓားများအဖြစ်သို့ ပြောင်းလဲသွားစေသည်။

လင်းဖန်၏ စိတ်အာရုံထဲတွင် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာချေပြီ။

[ဒင်...]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့်ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၂၅၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

နောက်တစ်ခဏ၌ ရေခဲဓားများသည် လင်းဖန်ထံသို့ ပစ်မှတ်ထားကာ ပြေးဝင်လာလေသည်။

လင်းဖန်သည် ဘေးဘက်သို့ ခုန်ရှောင်လိုက်သော်လည်း ထိုဓားများမှာ ချက်ချင်းပင် လမ်းကြောင်းပြောင်းသွားပြီး သူ့နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာသည်။

သူက တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန်ပြင်ဆင်ရင်း ဦးခေါင်းကို လက်ဖြင့် အမြန်ကာကွယ်လိုက်သည်။

ခလွမ်း...

ရေခဲဓားများသည် လင်းဖန်ကို ထိမှန်သွားသော်လည်း အပိုင်းပိုင်းအစစ ကြေမွသွားချေသည်။

လင်းဖန် အထိနာနေစဉ်မှာပင် ကျန့်နူသည် သူ့အရပ်နှင့်အညီ ရှည်လျားသော ဧရာမ ရေခဲဓားကြီးတစ်လက်ကို ဖန်တီးလိုက်လေသည်။

သူက ထိုဓားကြီးကို ကိုင်ဆောင်ကာ လင်းဖန်ထံသို့ ခုတ်ပိုင်းချလိုက်သည်။

ဖုန်း...

လင်းဖန်သည် သူ၏လက်ဖျံဖြင့် ထိုရိုက်ချက်ကို ကာကွယ်လိုက်ရာ မီတာအနည်းငယ်ခန့် နောက်သို့ လျောတိုက်ပါသွားလေသည်။

ကျန့်နူ၏ ချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို လှီးဖြတ်ရန် ကြိုးစားနေသည်ကို ခံစားလိုက်ရပြီး လက်ဖျံပေါ်တွင် ပြတ်ရှဒဏ်ရာတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ကျန့်နူသည် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သော်လည်း ထိုအပြုံးမှာ ကြာရှည်မခံလိုက်ပေ။

လင်းဖန်က သူ၏ ကနဦးပွင့်အာခြင်းစွမ်းရည်ကို အသုံးပြု၍ ကုသလိုက်ရာ ထိုပြတ်ရှဒဏ်ရာမှာ ဖြည်းညင်းစွာ ပြန်လည်ပိတ်သွားတော့သည်။

“ဟာ...”

ကျန့်နူသည် ပိုမိုသေးငယ်သော ရေခဲဓားများကို ထပ်မံဖန်တီးလိုက်ပြီး လင်းဖန်ထံသို့ ပစ်လွှတ်လိုက်လေသည်။

စီမာလျန်က ၎င်းကို မြင်သွားပြီး လင်းဖန်အရှေ့သို့ ပုလင်းတစ်လုံး ပစ်ချပေးလိုက်သည်။

ထိုအခါ လင်းဖန်၏အရှေ့တွင် အဖြူရောင်တောက်ပနေသော နံရံတစ်ခုထွက်ပေါ်လာကာ ရေခဲဓားများကို ကာကွယ်ပေးလိုက်သည်။

ဤအရာက လင်းဖန်ကို စီမာယွင်ထံသို့ ပြေးဝင်တိုက်ခိုက်ရန် အခွင့်အရေး ရရှိသွားစေသည်။

“မင်း... ငါ့ကို ကူညီလေ လူမိုက်ရဲ့”

စီမာယွင်သည် လင်းဖန် တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် အသက်လုကာ အော်ဟစ်လိုက်လေသည်။

သူက လင်းဖန်ထံသို့ လှံဖြင့် ထိုးစိုက်လိုက်သော်လည်း ထိုလှံမှာ နှစ်ပိုင်းကျိုးသွားချေသည်။

ဘုန်း...

ကျန့်နူက ဧရာမ ရေခဲဓားကြီးဖြင့် လင်းဖန်ထံသို့ ပစ်ပေါက်လိုက်ရာ ထိုတိုက်ခိုက်မှုအရှိန်ကြောင့် လင်းဖန်မှာ လွင့်စင်ထွက်သွားတော့သည်။

လင်းဖန် အထိနာသွားသည်ကို မြင်လိုက်ရသောအခါ စီမာလျန်သည် စီမာယွင်ထံသို့ ပြေးဝင်သွားပြီး သူ၏လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။

စီမာယွင်က နောက်သို့ လှန်ချလိုက်သဖြင့် ထိုခုတ်ချက်ကို လက်မအနည်းငယ်အကွာမှ ရှောင်တိမ်းနိုင်ခဲ့သည်။

ကျန့်နူသည် စီမာယွင်အနီးသို့သွားရန် ကြိုးစားလိုက်သော်လည်း ဟူထော်က သူ့အား အနောက်မှနေ၍ ဖမ်းချုပ်ထားလေသည်။

ဖုန်း...

လင်းဖန်က သူ၏ အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုကာ ကျန့်နူ၏ဗိုက်ကို ဒူးဖြင့် တိုက်ချလိုက်သည်။

“အား...”

ကျန့်နူမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။

ကျန့်နူက ဟူထော်၏ ဦးခေါင်းကို တံတောင်ဖြင့် တွန်းထိုးလိုက်ရာ ဟူထော်တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားချေသည်။

ရွှေဝါရောင်အလုံးလေးမှာ နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ကျန့်နူက ၎င်းကို ကောက်ယူချင်ခဲ့သော်လည်း လင်းဖန်က သူ၏ ခြေမြန်စွမ်းရည်ကို အသုံးပြုကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှေဝါရောင်အလုံးလေးကို အရင်ဦးအောင် လုယူလိုက်လေသည်။

“ခွေးကောင်...”

ကျန့်နူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

သူက နောက်ထပ် ရေခဲဓားတစ်လက်ကို ထပ်မံဖန်တီးလိုက်ပြီး လင်းဖန်၏ ဦးခေါင်းဆီသို့ ခုတ်ပိုင်းလိုက်သည်။

လင်းဖန်သည် ဒူးထောက်ချလိုက်ကာ ထိုခုတ်ချက်ကို ရှောင်တိမ်းလိုက်သည်။

ထို့နောက် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ကျန့်နူ၏ မေးစေ့ကို ဒူးခေါင်းဖြင့် ခုန်တိုက်လိုက်လေသည်။

ကျန့်နူက ဘေးဘက်သို့ ရှောင်ထွက်လိုက်ကာ ဒူးတိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။

ယခုအခါ သူသည် လင်းဖန်၏ ဘေးဘက်သို့ ရောက်ရှိနေပြီဖြစ်ရာ လင်းဖန်၏ ခါးကို ပစ်မှတ်ထား၍ ခုတ်ပိုင်းလိုက်ချေပြီ။

ဖုန်း...

လင်းဖန်က ထိုတိုက်ခိုက်မှုကို ခံယူလိုက်သော်လည်း ရေခဲဓားမှာ အပိုင်းပိုင်း ကြေမွသွားလေသည်။

လင်းဖန်သည် တုံ့ဆိုင်းနေခြင်းအလျင်းမရှိဘဲ ဖားပြုတ်ရုပ်တုငယ်ထဲမှ အပ်အချို့ကို ထုတ်ယူလိုက်ကာ ကျန့်နူထံသို့ ပစ်လွှတ်လိုက်သည်။

အလွန်မြန်ဆန်လွန်းလှသဖြင့် ကျန့်နူမှာ မရှောင်တိမ်းနိုင်ခဲ့ဘဲ ထိုအပ်များသည် သူ၏ လည်ပင်းထဲသို့ စိုက်ဝင်သွားတော့သည်။

“အား...”

ကျန့်နူက နာကျင်စွာ အော်ဟစ်လိုက်ပြန်သည်။

လင်းဖန်က ရှေ့သို့ တိုးလာပြီး လည်ပင်းမှ ထွက်နေသော အပ်ဖျားများကို ကိုင်ကာ မွှေနှောက်လိုက်လေသည်။

“အား... ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ”

ဤအရာက ကျန့်နူကို မျက်နှာရှုံ့မဲ့သွားစေပြီး သနားညှာတာပေးရန် အော်ဟစ်တောင်းပန်လာစေသည်။

သို့သော်ငြား ၎င်းမှာ အချိန်ဆွဲရန် သက်သက်သာ ဖြစ်ပေသည်။

ကျန့်နူသည် ရေခဲဓားတစ်လက်ကို လျှို့ဝှက်စွာ ဖန်တီးထားပြီးဖြစ်ကာ လင်းဖန်၏ လည်ပင်းဆီသို့ ထိုးစိုက်လိုက်လေသည်။

ဖုန်း...

ယခင်ကဲ့သို့ပင် တူညီသော အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားသွားချေတော့သည်။

ရေခဲဓားသည် လင်းဖန်၏ မူလမြေကြီးခံတပ်စွမ်းရည်ကို ဖောက်ထွင်းနိုင်ခြင်း မရှိပေ။

သို့သော်ငြား အာရုံလွှဲသွားမှုကြောင့် ကျန့်နူသည် လင်းဖန်၏ ဆုပ်ကိုင်ထားသော အပ်များကို တွန်းဖယ်ကာ ရှောင်ထွက်သွားနိုင်ခဲ့လေသည်။

လင်းဖန်သည် အချိန်ဖြုန်းမနေဘဲ သူ၏ လက်သည်းများဖြင့် ကျန့်နူ၏ မျက်လုံးများဆီသို့ လှမ်း၍ ကုတ်ဖဲ့လိုက်သည်။

ကျန့်နူက နောက်သို့ ဆုတ်လိုက်ပြီး သူ၏ လက်ချောင်းများဖြင့် လင်းဖန်၏ လက်ကောက်ဝတ်များကို ပြန်လည်ထိုးစိုက်လိုက်သည်။

ဒုတ်...

လက်ချောင်းများမှာ ဖောက်ထွင်းဝင်ရောက်နိုင်ခြင်း မရှိသဖြင့် ကျန့်နူသည်လည်း နင်နာခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုကို အလားတူ ခံစားလိုက်ရလေသည်။

ကျန့်နူ၏ မျက်လုံးများဆီသို့ ရွယ်ထားသော လင်းဖန်၏ လက်သည်းများ လွဲချော်သွားသောအခါ လင်းဖန်က ကျန့်နူ၏ ရင်ဘတ်ကို အစားထိုး၍ အောက်သို့ ကုတ်ဆွဲချလိုက်သည်။

လက်သည်းများက ရင်ဘတ်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားချေပြီ။

လင်းဖန်သည် သူ၏ လက်များကို လိမ်ချိုးလိုက်ပြီး ကျန်နူ၏ ရင်ဘတ်ကို ဆွဲခွဲရန် ကြိုးစားတော့သည်။

“အား...”

ကျန့်နူတစ်ယောက် ပြင်းထန်လွန်းလှသော နာကျင်မှုကြောင့် အော်ဟစ်ရုန်းကန်နေရပြီး လင်းဖန်ကို သူနှင့် ဝေးရာသို့ တွန်းဖယ်ရန်သာ ကြိုးစားနိုင်တော့သည်။

“အသုံးမကျတဲ့ကောင်...”

ဖြစ်ပျက်သွားသည်များကို စီမာယွင် မြင်တွေ့လိုက်ရသောအခါ ပုလင်းနီတစ်လုံးကို ထုတ်ယူကာ လင်းဖန်ထံသို့ ပစ်ပေါက်လိုက်လေသည်။

ဘုန်း...

ပုလင်းသည် လေထဲတွင်ပင် ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုလှိုင်းကြောင့် လင်းဖန်၏ကလီစာများပင် တုန်ခါသွားချေသည်။

သို့သော် ထိုအရာက လင်းဖန်ကို တားဆီးရန် မလုံလောက်ခဲ့ပေ။

သူ၏ မူလမြေကြီးခံတပ်စွမ်းရည်က ပေါက်ကွဲမှုလှိုင်းအများစုကို ကာကွယ်ပေးထားလေသည်။

ဂျွတ်...

လင်းဖန်၏ လက်မောင်းများ ဆန့်ထွက်သွားချိန်တွင် ကျန့်နူ၏ နံရိုးများ ကျိုးကြေသွားသည့် အသံကို ကြားလိုက်ရသည်။

ဖြည်းညှင်းစွာဖြင့် ခုခံမှုလျော့နည်းသွားသည်ကို သူ ခံစားလိုက်ရပြီး နောက်ဆုံးတွင် ရင်းနှီးနေသော အသံတစ်ခုက စိတ်ထဲ၌ ထွက်ပေါ်လာတော့သည်။

[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် + ၂၅၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၈၃၀]

လင်းဖန်က မတ်တတ်ရပ်ကာ လက်များကိုခါချလိုက်ရာ လက်ပေါ်မှသွေးများက နှင်းပြင်ပေါ်သို့ တစ်စက်စက် ကျဆင်းသွားလေသည်။

ထို့နောက် သူသည် လှည့်ကာ စီမာယွင်ကို စိုက်ကြည့်လိုက်သည်။

လင်းဖန်၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်လာသောအခါ စီမာယွင်မှာ ထိတ်လန့်တုန်ယင်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“နေ... နေဦးလေ။ ဒါကို ဖြေရှင်းဖို့ ပိုကောင်းတဲ့ နည်းလမ်းရှိမှာပါ။ ငါ... ငါလေ...”

ဘုန်း...

စကားပင် ဆုံးအောင် မပြောလိုက်ရခင်မှာပင် လင်းဖန်က သူ့အပေါ်သို့ ခုန်အုပ်လိုက်ပြီး လည်ပင်းကို လက်သည်းဖြင့် ကုတ်ဖဲ့လိုက်လေသည်။

စီမာယွင်က သွေးထွက်နေသည်ကို တားဆီးရန် ဒဏ်ရာကို ဖိကိုင်ထားလိုက်သည်။

သို့သော် အချည်းနှီးသာ ဖြစ်ချေသည်။

ဖြည်းညှင်းစွာဖြင့် သူ၏ အသက်စွမ်းအင်များ ထွက်ခွာသွားသည်ကို စီမာယွင် ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ယိုင်လဲကျသွားတော့သည်။

မည်သည့်စကားကိုမျှ မဟနိုင်တော့ဘဲ စီမာလျန်ကို စိုက်ကြည့်နေရုံသာ တတ်နိုင်လေသည်။

လင်းဖန်ကလည်း အောက်သို့ ထိုင်ချလိုက်ပြီး သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးအချို့ကို ထုတ်ယူကာ မျိုချလိုက်သည်။

နင်နာ၊ ကျန့်နူတို့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် သူ၏ ချီနှင့် စွမ်းအင်အများစုမှာ ကုန်ခန်းသွားခဲ့ပြီ ဖြစ်သည်။

လင်းဖန်က စီမာချွမ်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းအတွက် ဘာအကောင်းဆုံးလဲဆိုတာ မင်းသိသင့်တယ်လို့ ထင်တယ်”

စီမာချွမ်က သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ရင်း ပြန်ဖြေလေသည်။

“အေးပါ။ ငါ့အတွက် ဘာအကောင်းဆုံးလဲဆိုတာ ငါသိပါတယ်”

ထို့နောက် သူသည် သူ၏ ကျောက်စိမ်းဆွဲပြားကို ထုတ်ယူကာ ချိုးဖဲ့လိုက်သည်။

ရင်းနှီးနေသော အစိမ်းရောင်အလင်းတန်းက သူနှင့် ဟူထော်တို့ကို လွှမ်းခြုံသွားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးသည် လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။

“နောက်တစ်ယောက် ထွက်လာပြန်ပြီဟေ့”

“ဒါ စီမာချွမ် မဟုတ်လား”

“ဟုတ်တယ်။ အနောက်ကျောင်းတော်က အကူအညီတောင် သူ့ကို မကယ်တင်နိုင်တာ အံ့သြစရာပဲ”

“ဒါဆို အထဲမှာ စီမာယွင်နဲ့ စီမာလျန်ပဲ ကျန်တော့တာပေါ့”

လူအုပ်ကြီးမှာ တစ်ဖန်ပြန်လည် စိတ်လှုပ်ရှားလာကြပြန်သည်။

ထို့နောက် အထဲမှ အခြေအနေများကို စတင် မေးမြန်းကြတော့သည်။

“သရဖူရတနာကို ဘယ်သူ ရသွားနိုင်ခြေပိုများလဲ”

“မင်း ဘာတွေတွေးနေတာလဲ။ စီမာယွင်က အသာစီးရနေမှာ သေချာတာပေါ့”

“ခန့်မှန်းချက်တွေ မပေးကြပါနဲ့ဦး။ စီမာချွမ်... အခု အထဲမှာ ဘာတွေဖြစ်နေတာလဲ”

စီမာချွမ်သည် သက်ပြင်းချလိုက်ပြီး ခေါင်းကိုသာ ခါယမ်းနေလိုက်သည်။

“မင်းက ဘာလို့ ခေါင်းခါနေရတာလဲ”

“ဟုတ်တယ်လေ။ အဲဒါ ဘာသဘောလဲ”

“စီမာလျန်က အသာစီးရနေလို့လား”

သူတို့က အဖြေကိုသိချင်ဇောဖြင့် တရစပ် မေးမြန်းနေကြသည်။

မြို့စားကြီးနှင့် စီမာလုံတို့ပင်လျှင် မျှော်လင့်တကြီးဖြင့် ထိုင်ခုံများပေါ်မှ မတ်တတ်ထရပ်လိုက်ကြလေသည်။

All Chapters