← Chapters

အခန်း ၄၉၂

Vol. 50 Ch. 492

အခန်း ၄၉၂

Vol. 50 Ch. 492

အခန်း (၄၉၂)

ပွဲကြည့်နေသော လူအုပ်ကြီးသည် လေအေးတစ်ဆုပ် ရှူသွင်းလိုက်မိပြီး ကျယ်လောင်စွာ ဆွေးနွေးကြသည်။

“ပင်းမိသားစု သခင်မလေးနဲ့ သူ့ယောက်ျားက တကယ်ကို လိုက်ဖက်တဲ့ စုံတွဲပဲ။ တစ်ယောက်က ပြောရဲပြီး နောက်တစ်ယောက်က လုပ်ရဲတယ်။ သူတို့နှစ်ယောက်ပေါင်းလို့ ဦးနှောက်တစ်ဝက်တောင် မရှိကြတော့ဘူးလား”

“ဟမ့် အာရုံစိုက်ခံချင်နေတဲ့ လူရွှင်တော်စုံတွဲပဲ။ မဟာပဏ္ဍိတချန်ရှန်း လှုပ်ရှားလိုက်ရင် အဲဒီကောင်လေး အရှုံးပေးသွားမှာ သေချာတယ်”

ကောင်းကင်ယံတွင် မဟာပဏ္ဍိတချန်ရှန်း ငှက်မွေးယပ်တောင်ကို ကိုင်ဆောင်ထားသော သူ့ရှေ့က မဟာပဏ္ဍိတလူငယ်ကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။

“ကောင်လေး လောကကြီးက ငါ့ကို အငယ်ကို အနိုင်ကျင့်တယ်လို့ မလှောင်အောင် မင်းကို အရင်တိုက်ခိုက်ဖို့ အခွင့်အရေး ပေးမယ်”

ချူဖုန်းက သူ့လက်ထဲရှိ ငှက်မွေးယပ်တောင်ကို ခတ်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။

“ခင်ဗျားကို ကိုင်တွယ်ဖို့အတွက် လှုပ်ရှားနေဖို့ မလိုဘူး။ စာလုံးတစ်လုံးတည်းနဲ့တင် ဖိနှိပ်ဖို့ လုံလောက်တယ်”

“မာနကြီးတယ်”

မဟာပဏ္ဍိတချန်ရှန်း အော်ဟစ်အောင်ပွဲခံသံများကို ခံစားရန် ပြင်ဆင်ထားသော်လည်း ယခုအခါ နောက်ထပ် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရတော့မည်ဖြစ်၏။ သူ အလွန်မကျေမနပ်ဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဖိအားများကို ထုတ်လွှတ်လိုက်သည်။

“ကျန့်”

ချူဖုန်း ပြောလိုက်ပြီးနောက် သူ့စကားလုံးများက စာလုံးတစ်လုံးအဖြစ် ပုံဖော်သွားသည်။

ဧရာမ ကျန့်စာလုံးကြီး ကောင်းကင်ယံတွင် ပေါ်လာပြီး မဟာပဏ္ဍိတချန်ရှန်းထံ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။

ကျန့် စာလုံး ပေါ်လာသည့် အခိုက်တွင် မဟာပဏ္ဍိတချန်ရှန်းထံမှ ထွက်ပေါ်နေသော ဖိအားများ ပျောက်ကွယ်သွားပြီး ဆိုးရွားသော ခံစားချက်တစ်ခု သူ့နှလုံးသားထဲသို့ ချက်ချင်း ဝင်ရောက်လာ၏။

သူ အော်ဟစ်ချင်သော်လည်း တစ်ကိုယ်လုံးက အမည်မသိ အင်အားတစ်ခု၏ ချိတ်ပိတ်ခြင်းကို ခံလိုက်ရပြီး ပါးစပ်ဟရန် အခွင့်အရေးပင် မရကြောင်း တွေ့လိုက်ရသည်။

ဘုန်း

ကျန့် စာလုံး ကျဆင်းလာသည့် အခိုက်တွင် မဟာပဏ္ဍိတချန်ရှန်း ကောင်းကင်ယံမှ ဖိနှိပ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။

သိုင်းပြိုင်ပွဲကွင်း၏ တွင်းကြီးထဲတွင် ကျန့်စာလုံးကြီး ချက်ချင်း ပေါ်လာသည်။

မဟာပဏ္ဍိတချန်ရှန်း ထိုစာလုံးအောက်တွင် မလှုပ်မယှက် ငြိမ်သက်နေတော့၏။

နေရာတစ်ခုလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။

ပြိုင်ကွင်းပြင်ပေါ်ရှိ အခြေအနေက ဤမျှမြန်ဆန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားကြပေ။ ၎င်းက လူတိုင်း၏ မျှော်လင့်ချက်များထက် ကျော်လွန်သွားသည်။

မုန်တိုင်းဓားဂိုဏ်းတွင် ချန်မင် ဤမြင်ကွင်းကို မြင်သောအခါ သူ့ရှေ့ရှိ အကြီးအကဲကျန်းကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

“ဟိုတစ်နေ့က ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာဦးလေး။ ဒီကျေးဇူးကို တပည့် လုံးဝ မမေ့ပါဘူး”

အကြီးအကဲကျန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “အဲစီနီယာက ထူးကဲတဲ့ မဟာပဏ္ဍိတတစ်ပါး ဖြစ်နေမယ်လို့ ဒီအဘိုးကြီးလည်း မမျှော်လင့်ထားခဲ့ဘူး။ သူ ဒီလိုတပည့်မျိုးကို ပြုစုပျိုးထောင်ပေးနိုင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး”

သူတော်စင်တစ်ပိုင်း အင်အားစုငါးခုမှ ကျင့်ကြံသူများ သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် မှင်တက်သွားကြသည်။

မဟာပဏ္ဍိတချန်ရှန်း၏အစွမ်းသည် အဓိကအင်အားစုကြီး ခြောက်ခုမှ မဟာပဏ္ဍိတများကြားတွင် အလယ်အလတ်အဆင့်၌ ရှိနေသော်လည်း ဤလူငယ်ကို ရင်ဆိုင်ရချိန်တွင် သူက ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရခဲ့ပေ။

သူတို့ရှေ့ရှိ လူငယ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို စိတ်ကူးကြည့်နိုင်သည်။

‘ဒီအဆင့် မဟာပဏ္ဍိတက ဘယ်ကများ ရောက်လာတာလဲ’

ချူဖုန်း သူ့လက်ထဲရှိ ငှက်မွေးယပ်တောင်ကို ခတ်ကာ ပြုံးလိုက်၏။

“အဘိုးကြီးချန်ရှန်း ငါ့ဘိုးဘေးရွှယ်ဖုန်းက မင်းကို မအနိုင်ယူနိုင်ဘူးလို့ တကယ် ထင်နေတာလား။ အဓိကအင်အားစုကြီး ငါးခုရဲ့ သူတော်စင်တစ်ပိုင်းတွေ ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာကို ငါ့ကို မြင်စေချင်လို့ သူ မင်းကို တမင်တကာ အရှုံးပေးလိုက်တာပါ”

မဟာပဏ္ဍိတချန်ရှန်းသည် ၎င်းကိုကြားသောအခါ သွေးဟောင်းတစ်လုပ်ကို တိုက်ရိုက် အန်ထုတ်လိုက်သည်။

ကောင်လေးက သူ့ကို အနိုင်ယူသွားသော်လည်း သူ့ဒဏ်ရာပေါ် ဆားဖြူးနေဆဲပင်။

‘စောင့်နေလိုက်စမ်း။ ဘိုးဘေး မင်းကို လုံးဝ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး’

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်ကလည်း ရှေ့သို့ထွက်လာပြီး ပြောလိုက်သည်။

“ကောင်လေး အရမ်း မာနမကြီးစမ်းနဲ့၊၊ ငါ...”

ဖြန်း

ချူဖုန်း မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်ကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် လွင့်ထွက်သွားစေပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

“ဒီဂျူနီယာက ဘယ်ကရောက်လာတာလဲ။ ခုနက မင်း ငါ့ဇနီးအပေါ် ရိုင်းစိုင်းခဲ့တယ်။ အဲဒီကိစ္စကို ငါ မရှင်းရသေးဘူး”

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်သည် တိုက်ရိုက် သတိလစ်သွားပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက်ဖြစ်နေတော့သည်။ ၎င်းက မြောက်ပိုင်းသဲကန္တာရဂိုဏ်းမှ ကျင့်ကြံသူများ၏ ဒေါသကို ချက်ချင်း နှိုးဆွပေးလိုက်သည်။

သူတို့ စကားပြောရန် ပြင်လိုက်သော်လည်း သွေးခေါင်းတလားထဲမှ မဟာပဏ္ဍိတိဝံပုလွေနတ်ဘုရား အရင်စကားပြောလာခဲ့သည်။

“တာအိုမိတ်ဆွေ ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်တာက မဟာပဏ္ဍိတတစ်ပါးရဲ့ လုပ်ရပ် မဟုတ်ဘူး”

ချူဖုန်း ပြုံးလိုက်လိုက်သည်။

“တာအိုမိတ်ဆွေ မင်းစကားတွေ မှားနေပြီ။ ဒီမြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်က ငါ့ထက် အနည်းဆုံး နှစ်ရာချီပြီး ပိုကြီးတယ်လေ။ အလွန်ဆုံး ငါ အဘိုးကြီးနဲ့ အားနည်းတဲ့သူကို အနိုင်ကျင့်တယ်လို့ပဲ ပြောလို့ရမယ်။ ပြီးတော့ ငါ ရန်ငြိုးတွေကို ဘယ်တော့မှ တစ်ညအိပ် မခံဘူး။ အငြိုးအတေး အားလုံးကို နေရာမှာတင် ရှင်းလင်းတယ်။ တာအိုမိတ်ဆွေက ဂျူနီယာလျူအတွက် ရပ်တည်ပေးချင်ရင် သွေးခေါင်းတလားထဲက ထွက်လာပြီး ငါနဲ့ တိုက်ခိုက်လေ”

‘တကယ်ကို ကျေနပ်စရာပဲ’

‘အရမ်း ခံစားလို့ကောင်းတယ်’

၎င်းကိုကြားသောအခါ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များနှင့် အကြီးအကဲများ သူတို့ခန္ဓာကိုယ်နှင့် စိတ်များ သက်တောင့်သက်သာ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။

သို့သော် တချို့သော တပည့်ငယ်များသည် ချူဖုန်းအတွက် စိုးရိမ်နေကြသည်။

ပင်းချင် ပင်းယန်ဘေးတွင် အသံတိုးတိုးဖြင့် ကြောက်ရွံ့စွာ ပြောလိုက်သည်။

“ဆရာ ဆရာဦးလေး ဒုက္ခရောက်တော့မှာလား”

ဘေးတွင်ရှိနေသော ချန်ကျင်းကျင်း ပြုံးလျက် ပြောလိုက်သည်။

“ဂျူနီယာညီမလေး နင် စိုးရိမ်စရာ မလိုပါဘူး။ ဆရာက သူတော်စင်အဆင့်ကိုတောင် ကျော်ပြီး တိုက်ခိုက်နိုင်တဲ့ တယ်ယ်။ သေလုမျောပါးဖြစ်နေတဲ့ အဘိုးကြီးတစ်ယောက်က သူ့ ပြိုင်ဘက် မဟုတ်ပါဘူး”

လျှိုလန်ရှေးဟောင်းမြို့တော်မှ ကျင့်ကြံသူအားလုံး အထဲကလူ မည်သို့တုံ့ပြန်မည်ကို သိချင်သဖြင့် သွေးခေါင်းတလားကို လှမ်းကြည့်နေကြ၏။

မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ မယုံကြည်ထားပေ။

မည်သို့ပင်ဆိုစေ သူက နတ်ဘုရားဧကရာဇ်၏ မြေးတော်စပ်၏။ သူ့သွေးမျိုးဆက်သည် အဆင့်မြင့်သည့်အပြင် တာအိုအနှစ်သာရကို များစွာ နားလည်ထား၏။

သူ့ရှေ့က လူငယ်လေး အလွန်အစွမ်းထက်သလို ပြုမူနေသော်လည်း မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားနှင့် ဝေးကွာနေဆဲပင် ဖြစ်သည်။

သွေးခေါင်းတလားအတွင်းမှ မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား အားနည်းစွာ ပြောလိုက်သည်။

“ကြည့်ရတာ ဒီလူအိုကြီး အချိန်အတော်ကြာ အိပ်ပျော်သွားတယ်ထင်တယ်။ ဒီနေ့ခေတ်လူငယ်တွေက ပိုပြီး မောက်မာလာကြတယ်။ မင်း ဒီလူအိုကြီးမျက်နှာကို မြင်ချင်မှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ချူဖုန်းက သူ့ငှက်မွေးယပ်တောင်ကို ဆက်ခပ်နေရင်း ပြောလိုက်သည်။

“လူတစ်ယောက်က မာနမကြီးဘူးဆိုရင် ဘယ်လိုလုပ် လူငယ်လို့ ခေါ်နိုင်မှာလဲ”

သွေးခေါင်းတလား ပွင့်သွားသည်။ ဝံပုလွေခေါင်းမျက်နှာဖုံးကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦး သွေးခေါင်းတလားအတွင်းမှ ဖြည်းညှင်းစွာ မတ်တပ်ရပ်လာသည်ကို မြင်လိုက်ရသည်။

သူ့ထံတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားမရှိသလို ထိတ်လန့်ဖွယ် အရှိန်အဝါလည်း မရှိပေ။ ခြောက်သွေ့နေသော ထင်းချောင်းအလား သူ့ခန္ဓာကိုယ်မှနေ၍ ဘဝနောက်ဆုံးနေ့ရက်များသို့ ရောက်ရှိနေကြောင်း အရိပ်အငွေ့များ ယှက်သန်းနေသည်။

သို့သော် ထိုအဘိုးအိုသည် နေရာ၌ ရပ်နေရုံမျှဖြင့် သက်ရှိအားလုံးကို ငုံ့ကြည့်နေသော ဘုရင်တစ်ပါးအလား။

သူ အသက်ရှုနေသရွေ့ လောကရှိ အရာအားလုံး သူ့ကို အညံ့ခံရမည်ဖြစ်သည်။ သူက သူတော်စင်တစ်ပါး မဟုတ်သော်လည်း သူတော်စင်တစ်ပါးနှယ်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဒူးထောက်ကျသွားကြပြီး မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားကို မော့မကြည့်ရဲကြပေ။

မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား ပိုင်နိုင်စွာ ပြောလိုက်သည်။

“ဂျူနီယာ ဒီအဘိုးကြီးက နာမည်မသိတဲ့သူတွေကို မသတ်ဘူး။ မင်းနာမည်ကို ပြောစမ်း”

ချူဖုန်း သူ့လက်ထဲရှိ ငှက်မွေးယပ်တောင်ကို ခပ်ကာ ပြောလိုက်သည်။

“ဒီဂျူနီယာရဲ့ မျိုးရိုးနာမည်က ချူ၊ နာမည်က ဖုန်း လို့ ခေါ်ပါတယ်။ ကျွန်တော်က ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ သမက်တစ်ယောက်ပါ။ စီနီယာလိုမျိုး ကမ္ဘာတစ်သောင်းကို ဖြတ်ကျော် မတိုက်ခိုက်ဖူးသလို နတ်ဘုရားဧကရာဇ်ကိုလည်း မတွေ့ဖူးပါဘူး။ စကားထဲထည့်ပြောရမဲ့ အောင်မြင်မှုကို ပြောရမယ်ဆိုရင်တော့ သူတော်စင်အလောင်းကောင်နဲ့ သူတော်စင်ဝိညာဉ်တို့ပေါင်းစပ်တိုက်ခိုက်မှုကို ဖိနှိပ်ဖူးပါတယ်။ လောကကြီးက ကျွန်တော့်ကို မဟာပဏ္ဍိတမိုးမြေလို့ မှားယွင်းပြီး ချီးကျူးခေါ်ဝေါ်ကြပါတယ်”

မဟာပဏ္ဍိတမိုးမြေဟူသော စကားလုံးကို ကြားသောအခါ လူတိုင်း၏ အမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွား၏။ ဝူရှန့်နှင့် ဝူမင်တို့လို မျိုးဆက်ဟောင်း မဟာပဏ္ဍိတများပင် ချူဖုန်းကို ကြည့်သော အကြည့်များ ပြောင်းလဲသွားကြသည်။

ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များ၏ မျက်နှာများပေါ်တွင် လေးစားသည့် အမူအရာများ ပေါ်လာ၏။ အချို့က အော်ဟစ်လိုက်ကြသည်။

“မဟာပဏ္ဍိတမိုးမြေက တကယ်တော့ ငါတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ် သမက်ဖြစ်နေတာပဲ။ ငါတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်က ပြိုင်ဘက်ကင်းပြီ”

“ပြင်းထန်အေးခဲတောင်တန်းစံအိမ် ထာဝရ အောင်ပွဲရပါစေ”

အော်ဟစ်သံများသည် သူတို့နှလုံးသားထဲရှိ မလိုလားမှုနှင့် စိတ်ဓာတ်ကျမှု အရိပ်အယောင်များကို ထုတ်ဖော်ပစ်လိုက်၏။

မည်သည့်ကျင့်ကြံသူကမျှ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကို မလှောင်ပြောင်ရဲကြပေ။ မဟာပဏ္ဍိတမိုးမြေ ဟူသော စကားလုံးများသည် ပြိုင်ဘက်ကင်း မဟာပဏ္ဍိတတစ်ပါးကို ကိုယ်စားပြုပေသည်။

မဟာပဏ္ဍိတမိုးမြေ လှုပ်ရှားသည်ကို သူတို့ မတွေ့ဖူးလျှင်တောင် သူ့တိုက်ပွဲမှတ်တမ်းများက အလွန်တရာ အစွမ်းထက်သည်။

“ပြင်းထန်အေးခဲတောင်တန်းစံအိမ်က မဟာပဏ္ဍိတမိုးမြေကို လှုပ်ရှားလာအောင် လုပ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ဒီကျားဇီပြိုင်ပွဲ ပြီးသွားရင် ပြင်းထန်အေးခဲတောင်တန်းစံအိမ်က ဆန်းကြယ်ကောင်းကင်ဒေသအနောက်မြောက်ဘက်ရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်”

“ငါတော့ သံသယရှိတယ်။ မဟာပဏ္ဍိတမိုးမြေက အစွမ်းထက်ရင်တောင်မှ မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားအတွက် ပြိုင်ဘက် မဟုတ်လောက်သေးဘူး”

“ဒီအရိုးအိုကြီးမှာ ခွန်အားဘယ်လောက် ကျန်နေသေးလဲဆိုတာ ဘယ်သူသိမှာလဲ။ သူက မဟာပဏ္ဍိတမိုးမြေနဲ့ တိုက်ခိုက်ဖို့ ဘာအရည်အချင်းများ ရှိနေလို့လဲ”

လူအုပ်ကြီး တက်ကြွစွာ ဆွေးနွေးနေကြပြီး ကိုယ်ပိုင်ထင်မြင်ချက်များကို ဖော်ပြနေကြသော့ကြောင့် သဘောထားချင်းကွဲလွဲကုန်၏။

ထိုစဉ် မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား ရုတ်တရက် ပြောလာသည်။

“မင်းလို လူငယ်လေးက အရမ်း ထူးခြားတယ်။ မင်း ဒီအဘိုးကြီးနဲ့ တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မီပါတယ်။ မင်း ခွန်အားကို ဒီအဘိုးကြီး ကြည့်ပါရစေ”

ထိုစကားများအဆုံးတွင် မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားထံမှ နတ်ဘုရားအလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

All Chapters