← Chapters

အခန်း ၄၉၃

Vol. 50 Ch. 493

အခန်း ၄၉၃

Vol. 50 Ch. 493

အခန်း (၄၉၃)

ကောင်းကင်ထက်ဝယ်

မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား နတ်ဘုရားအလင်းတန်းများအောက်တွင် လုံးဝဖုံးလွှမ်းနေပြီး သူ့နောက်ကျောတွင် မှုန်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားသည် ကောင်းကင်တွင် ရပ်နေသော နတ်ဘုရားဘုရင်တစ်ပါးအလား။

နတ်ဘုရားအလင်းတန်းများ ပေါ်ထွက်လာသည်နှင့် မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် ပြန်လည်နုပျိုလာ၏။

“ဒါ... ဒါက နတ်ဘုရားဧကရာဇ် သွေးမျိုးဆက်ပဲ၊၊ တကယ့်ကို နာမည်နဲ့လိုက်ဖက်လှပေတယ်”

“ငါတို့လည်း မဟာပဏ္ဍိတတွေ ဖြစ်ကြပေမဲ့ သူနဲ့တော့ မယှဉ်နိုင်ဘူး”

“…”

အောက်က ကျင့်ကြံသူလူအုပ်ကြီးသည် ကောင်းကင်ပေါ်မှ မြင်ကွင်းကို အမျိုးမျိုးသော ခံစားချက်များဖြင့် ကြည့်ရှုနေကြသည်။

ချူဖုန်း၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးညွတ်သွား၏။

“စီနီယာမှာ အရည်အချင်းတချို့ ရှိတာပဲ။ ဒီလိုမှတော့ ကျွန်တော်ကလည်း အစွမ်းကုန် ထုတ်သုံးရတော့မှာပေါ့”

သူပြောလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်တွင် အင်မော်တယ်အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာသည်။

ပထမဦးစွာ အင်မော်တယ်အလင်းတန်းတစ်ခု သူ့ကို လွှမ်းခြုံသွားပြီး အခြားအလင်းတန်းတစ်ခုက သူ့ကို ထိုအပေါ်မှ ဝန်းရံလာ၏။

ထိုကဲ့သို့ ထူးဆန်းသော မြင်ကွင်းက လူအများ၏ သိလိုစိတ်ကို သဘာဝကျကျပင် ဆွဲဆောင်သွားသည်။

၎င်းကိုမြင်တော့ ကျောင်းထိုင်ဆရာတော်ကျွယ်မင် တိုးတိုးလေးမေးလိုက်သည်။

“ဆရာတော်ဝူရှန့်. စီနီယာချူရဲ့ ကိုယ်ပေါ်မှာ ဘာလို့ မတူညီတဲ့ အင်မော်တယ်အလင်းတန်း နှစ်ခု ရှိနေရတာလဲ”

မဟာပဏ္ဍိတဝူရှန့် ခေါင်းယမ်းကာ ဆိုလိုက်၏။

“ထူးဆန်းတယ်၊ ထူးဆန်းတယ်။ ဒီဘုန်းကြီးလည်း ဒီလို ထူးခြားတဲ့အရာမျိုး တစ်ခါမှ မမြင်ဖူးဘူး”

သူတင်မက အခြားသော မဟာပဏ္ဍိတများပင် ဇဝေဇဝါဖြစ်ကြသည်။

ကောင်းကင်ထက်မှ မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားတစ်ယောက်သာ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အလင်းတန်းများ တောက်ပနေ၏။

“မင်း တကယ်ပဲ အင်မော်တယ်ခန္ဓာနှစ်ခုကို နိုးထစေခဲ့တာကိုး။ ငါ့ရဲ့ ခေတ်မှာတောင် မင်းက ပထမတန်းစား မဟာပဏ္ဍိတတစ်ယောက် ဖြစ်နေတော့ မာနထောင်လွှားဖို့ အရည်အချင်းရှိတယ်။ ဒါပေမဲ့ ငါနောက်ထပ် သုံးတော့မဲ့အရာက နတ်ဘုရားဧကရာဇ်ရဲ့ အထွတ်အထိပ်ပညာရပ်ပဲ”

သူ ပြောပြီးနောက် မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား၏ နောက်ကွယ်မှ စစ်မှန်နတ်ဘုရားပုံရိပ်သည် ကျန်းတစ်သောင်းအရွယ်အစားရှိ အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

ချူဖုန်း သူ့ငှက်မွေးယပ်တောင်ကို ပေါ့ပေါ့ပါးပါးလေး လှည့်လိုက်ရာ တစ်ခဏအတွင်း ရတနာဓားတစ်လက် ပေါ်လာပြီး တချွင်ချွင် အသံပေးကာ ဓားအိမ်မှ ကျွတ်ထွက်လာ၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်အလင်းတန်း နှစ်ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ရတနာဓားထံ စုစည်းသွားတော့သည်။

“ကောင်းကင်ဘုံ နတ်ဘုရားအပြစ်ပေးခြင်း”

“ဓားတစ်သောင်းတို့အပြန်”

မဟာပဏ္ဍိတနှစ်ဦး တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုက်ကြ၏။

မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား၏ နောက်ကွယ်ရှိ ပုံရိပ်မှ နတ်ဘုရားမိုးကြိုးတစ်စင်း ပေါက်ကွဲထွက်လာပြီး လီတစ်သောင်း အချင်းဝက်အတွင်းရှိ မိုးမြေကို လှုပ်ခါသွားစေမည့် မြေငလျင်သံများ ထွက်ပေါ်လာ၏။

ချူဖုန်းဘက်တွင် သာမန်ဓားအလင်းတန်းတစ်ခုသာ ဖျတ်ခနဲ လက်သွားသည်။

သို့သော် ထိုဓားတစ်လက်တည်းကပင် မိုးမြေကို အရောင်ပြောင်းသွားစေကာ နေရောင်ခြည်ပင် မှေးမှိန်သွား၏။

ဓားချီများ ဖြတ်သန်းသွားသည့် နေရာတိုင်း အရာလားလုံး လေထဲ၌ ကွယ်ပျောက်သွားရသည်။

ကောင်းကင်ဘုံနတ်ဘုရားအပြစ်ပေးခြင်းမိုးကြိုးသည် ထိုဓားချက်နှင့် ထိတွေ့မိသည်နှင့် ရေပွက်ပမာ ကွဲကြေသွားရတော့၏။

ကလန်

ထိုဓားသည် စက္ကူတစ်စကို ဖောက်ထွက်သွားသည့်နှယ် မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား၏ နောက်ကွယ်မှ စစ်မှန်သောနတ်ဘုရား၏ မှုန်ဝါးဝါးပုံရိပ်ကို လွယ်ကူစွာပင် ထိုးဖောက်သွားတော့သည်။

ထိုအခိုက် အချိန်နှင့် ဟင်းလင်းပြင်တို့သည် အေးခဲသွားပြီး မိုးမြေအတွင်းက အသံအားလုံး ရပ်တန့်သွားကာ လေပြည်ပင် ပိတ်ပင်ခံလိုက်ရ၏။

လူတိုင်း ကောင်းကင်ထက်မှ တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်နေကြသည့် လူနှစ်ဦးကို တပြိုင်နက် ကြည့်လိုက်ကြ၏။

မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားပေါ်ရှိ နတ်ဘုရားအလင်းတန်းများ ပျောက်ကွယ်သွားပြီး ပြန်လည်နုပျိုလာသော ခန္ဓာကိုယ်သည် မျက်စိရှေ့မှောက်မှာတင် လျင်မြန်စွာ အိုမင်းရင့်ရော်သွားကာ ယခင်ကကဲ့သို့ နေဝင်ချိန်ရောက်နေသည့် လူအိုကြီးဘဝသို့ ပြန်ရောက်သွားသည်ကို သူတို့ မြင်လိုက်ရသည်။

“ငါ ရှုံးသွားပြီ။ မင်းနားလည်ထားတဲ့ တာအိုအနှစ်သာရ ငါ့ထက်ပိုတယ်။ ငါ အရှုံးပေးပါတယ်”

သူ ပြောလိုက်ပြီးနောက် မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားသည် မှိုင်းညို့နေသော မျက်ဝန်းများဖြင့် သွေးခေါင်းတလားထံသို့ လျှောက်လှမ်းသွားတော့၏။

သူ သွေးခေါင်းတလားထဲသို ဝင်ပြီးနောက် ဘုန်းခနဲ မြည်သံကြီးနှင့် ပြန်ပိတ်သွားသည်။

သွေးခေါင်းတလား ပိတ်သွားသည်ကို မြင်လျှင် မြွေနဂါးကိုးကောင်သည် မြောက်ပိုင်းသဲကန္တာရဂိုဏ်း၏ ကျင့်ကြံသူများကို လျစ်လျူရှုကာ သွေးခေါင်းတလားကို ဆွဲခေါ်သွားပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားကြတော့၏။

လေပြင်းတစ်ချက် တိုက်ခတ်လာသော်လည်း သိပ်မပြင်းထန်ပေ။

သို့သော် ၎င်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်မှုထဲမှနေ၍ လက်တွေ့ဘဝသို့ ပြန်လည်ခေါ်ဆောင်လာသည်။

ပြင်းထန်အေးခဲ‌တောင်တန်းစံအိမ်၏ ပွဲကြည့်စင်မြင့်ပေါ်တွင် ချန်ကျင်းကျင်း ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

“ဆရာ နိုင်သွားပြီ”

ပြင်းထန်အေးခဲ‌တောင်တန်းစံအိမ်၏ တပည့်များလည်း လိုက်လံအော်ဟစ်ကြသည်။

“သမက်တော် နိုင်သွားပြီ”

“သမက်တော် သက်တော်ရာကျော် ရှည်ပါစေ”

“…”

ကျန်ရှိနေသော လူများကမူ ကောင်းကင်ထက်ရှိ ချူဖုန်းကို ကြည့်ရင်း သူတို့နှလုံးသားထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများသာ ပြည့်နှက်နေတော့သည်။

ဂိုဏ်းချုပ်လျူ ပထမဆုံး စကားဆိုလာ၏။

“မဟာပဏ္ဍိတမိုးမြေက ဒီလောကမှာ ပြိုင်ဘက်ကင်းပါတယ်။ ကျွန်တော်တို့ ရှုံးနိမ့်သွားတာကို လက်ခံပါတယ်။ ဒီနေ့ကစပြီး အနောက်မြောက်ပိုင်းက သူတော်စင်တစ်ပိုင်းအင်အားစုခြောက်ခုက မဟာပဏ္ဍိတမိုးမြေနောက်လိုက်ဖို့ ဆန္ဒရှိပါတယ်”

“ကျွန်တော်တို့တို့လည်း ဒီနေ့ကစပြီး မဟာပဏ္ဍိတမိုးမြေနောက် လိုက်ဖို့ ဆန္ဒရှိပါတယ်”

အခြားသော အင်အားစုလေးခုမှ မဟာပဏ္ဍိတများနှင့် အကြီးအကဲများသည် အလျှိုလျှို ပြောဆိုကြသည်။

ကျန့် ဟူသော စာလုံး၏ ဖိနှိပ်ခြင်းကို ခံထားရသော မဟာပဏ္ဍိတချန်ရှန်းတစ်ယောက်သာ ဒုက္ခရောက်နေဟန် ပေါ်သည်။ သူ့ကို ယခုထိ မလွှတ်ရသေးဘူးဟု အော်ဟစ်ချင်သော်လည်း စိတ်မကောင်းစရာ စကားတစ်ခွန်းပင် မပြောနိုင်ချေ။

“ဒီလိုလုပ်ဖို့ မလိုပါဘူး။ တာအိုမိတ်ဆွေတို့”

ချူဖုန်း ထိုသို့နှယ် အလကား ဘွဲ့အမည်များကို သဘာဝကျကျပင် ဂရုစိုက်မည်မဟုတ်ပေ။ သူသည် လက်ရှိခေတ်ကာလ၏ နံပါတ်တစ် မဟာပဏ္ဍိတ ဖြစ်ပြီး ဝမ်တောက်ကျောင်းတော်၏ အနာဂတ်ကျောင်းအုပ်လောင်းအဖြစ် လျာထားခံရသူများထဲမှ တစ်ဦးလည်း ဖြစ်သည်။

သူ အနောက်မြောက်ပိုင်းရှိ သူတော်စင်တစ်ပိုင်း အင်အားစုခြောက်ခု၏ သစ္စာခံမည်ဟု ကြေညာချက်ကို လုံးဝဂရုမစိုက်ပေ။ သူ ပြုံးလိုက်သည်။

“အရာအားလုံးဟာ အရင်အတိုင်းပဲ ဆက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ငါက ငါ့ဇနီးစကားကို နားထောင်တတ်တဲ့သူမျိုးလေ။ တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်က ငါ့ဇနီးကို စိတ်မချမ်းသာအောင် လုပ်ရင်တော့ ငါကိုယ်တိုင် မင်းတို့ဆီ လာလည်ရလိမ့်မယ်”

၎င်းကို ကြားလိုက်ရသော် ကျင့်ကြံသူလူအုပ်ကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကြ၏။

လူတိုင်း ချူဖုန်း၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို ခွဲခြားသိမြင်နိုင်ကြသည်။ အတိုချုပ်ပြောရလျှင် ပြင်းထန်အေးခဲ‌တောင်တန်းစံအိမ်သည် သူ့အကာအကွယ်အောက်တွင် ရှိနေပြီး ၎င်းကို ရန်ပြုချင်သူတိုင်း နောက်ဆက်တွဲအကျိုးဆက်ကို သေသေချာချာ ချိန်ဆသင့်သည်ဟူ၍ပင်။

အမျိုးသမီးကျင့်ကြံသူများပင်းယန်ကို ကြည့်နေကြသော အကြည့်များထဲတွင် မနာလိုမှုများနှင့် အားကျမှုများဖြင့် ပြည့်နှက်နေတော့သည်။

သူတို့အားလုံး အလှလေးများ ဖြစ်သော်လည်း သူမသည် လက်ရှိခေတ် နံပါတ်တစ် မဟာပဏ္ဍိတ၏ အလိုလိုက်ခြင်းကို ခံရပြီး သူတို့ကျတော့ အစွမ်းထက်အမျိုးသားများ၏ နောက်လိုက်များသာ ဖြစ်ကြသည်။

“ကျွန်တော်တို့ မဟာပဏ္ဍိတမိုးမြေရဲ့ အမိန့်ကို နာခံပါ့မယ်”

ဂိုဏ်းချုပ်လျူနှင့် အခြားသူများက တပြိုင်နက်တည်း ပြောလိုက်ကြသည်။

ချူဖုန်း သူ့လက်ထဲမှ ဓားကို သိမ်းဆည်းလိုက်ပြီး ငှက်မွေးယပ်တောင်ကို ခတ်ရင်း နေရာသို့ ပြန်သွားရန် ပြင်လိုက်စဉ် မျက်လုံးထောင့်က ဖိနှိပ်ခံထားရသော မဟာပဏ္ဍိတချန်ရှန်းပေါ်သို့ ကျရောက်သွား၏။

သူ့မျက်နှာပေါ်တွင် ယဉ်ကျေးသော အပြုံးတစ်ခု ပေါ်လာသည်။

“ငါ မင်းကို စော်ကားမိသွားပြီ၊၊ တာအိုမိတ်ဆွေချန်ရှန်း။ လွတ်မြောက်စေ”

ထိုစကား ဆုံးသွားသည်နှင့် ကျန့်ဟူသော စာလုံးသည် ချက်ချင်းပင် မီးခိုးငွေ့အဖြစ် ပျောက်ကွယ်သွားသည်။

မဟာပဏ္ဍိတချန်ရှန်းသည် သူ့နှလုံးသားထဲတွင် အနည်းငယ်မျှသော မကျေနပ်ချက် မထားရဲပေ။ သူ့အရှေ့မှ လူသည် သူ့ကို ပြိုင်ဘက်တစ်ယောက်အနေနှင့်ပင် ထည့်မတွက်ချေ။ သို့မဟုတ်ပါက သူ ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမည်မဟုတ်ပေ။ သူ မြန်မြန်ဆန်ဆန်ပင် လက်သီးဆုပ်ကာ ပြောလိုက်သည်။

“သနားညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မဟာပဏ္ဍိတမိုးမြေ”

“ဒါက သိုင်းကွက်ဖလှယ်ရုံသပ်သပ်ပါ”

ပြောပြီးနောက် ချူဖုန်းသည် ပြင်းထန်အေးခဲ‌တောင်တန်းစံအိမ် ပွဲကြည့်စင်မြင့်သို့ ပြန်လာကာ ပင်းယန်ကို ပြောလိုက်လေ၏။

“မိန်းမ နောက်ကိစ္စတွေကိုတော့ မင်းပဲ ကိုင်တွယ်ဖို့ ချန်ထားခဲ့တော့မယ်”

“ပင်ပန်းသွားပြီယောက်ျား”

ပင်းယန် မတ်တပ်ရပ်ပြီး လူတိုင်းကို ဝေ့ဝဲကြည့်ကာ ခပ်အေးအေးလေး ပြောလိုက်၏။

“တာအိုမိတ်ဆွေတို့ ရှင်တို့ နောက်ထပ် ပြောစရာ ရှိသေးလား။ မရှိရင်တော့ ဒီ ကျားဇီတိုက်ပွဲက ဒီမှာတင် ပြီးဆုံးပါပြီ။ ရှင်တို့အားလုံး ဘာလုပ်ရမလဲဆိုတာ သိကြလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်၊”

လူတိုင်း ပြောလိုက်ကြသည်။

“ကျွန်တော်တို့အားလုံး မိန်းကလေးပင်းရဲ့ အမိန့်ကို လိုက်နာပါ့မယ်”

“ကောင်းတယ်။ ဒါဆိုရင် ကျားဇီတိုက်ပွဲ တရားဝင် ပြီးဆုံးကြောင်း ကြေညာပါတယ်။ ကျွန်မကတော့ ပြင်းထန်အေးခဲ‌တောင်တန်းစံအိမ်ရဲ့ စခန်းမှာ ရှင်တို့အားလုံးကို စောင့်နေမယ်”

ပြောပြီးနောက် ပင်းယန် ပြင်းထန်အေးခဲ‌တောင်တန်းစံအိမ်၏ လူများဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။

“ပြင်းထန်အေးခဲ‌တောင်တန်းစံအိမ်ရဲ့ တပည့်တို့ နားထောင်ကြ။ စခန်းကို ပြန်မယ်”

“ဟုတ်ကဲ့”

ပြင်းထန်အေးခဲ‌တောင်တန်းစံအိမ်၏ တပည့်များ ကျယ်လောင်သော အသံဖြင့် ပြန်ထူးကြသည်။

ထို့နောက်တွင် အဖွဲ့သည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စောင့်ကြည့်မှုအောက်တွင် စိတ်ဓာတ်တက်ကြွစွာ သိုင်းပြိုင်ပွဲကွင်းမှ ထွက်ခွာသွားကြ၏။

အခြားသော သူတော်စင်တစ်ပိုင်း အင်အားစုငါးခုလည်း အလျှိုလျှို ထွက်ခွာသွားကြသည်။

နာရီဝက်ခန့် ကြာပြီးနောက် ပြင်းထန်အေးခဲ‌တောင်တန်းစံအိမ်၏ စခန်းအတွင်း ယာယီနန်းတော်တစ်ခု အတွင်း၌

ပြင်းထန်အေးခဲ‌တောင်တန်းစံအိမ်၏ တပည့်တစ်ဦး အပြေးအလွှား ဝင်ရောက်သတင်းပို့သည်။

“သခင်မလေး၊ သမက်တော် အင်အားစုငါးခုရဲ့ ဘုရင်တွေနဲ့ မြို့စားတွေ လာရောက်တွေ့ဆုံကြပါတယ်”

“သူတို့ကို အထဲပေးဝင်လိုက်ပါ”

ပင်းယန်၏ လေသံက အမြဲတမ်းလိုပင် အေးစက်နေသည်။

“ဟုတ်ကဲ့”

ထိုတပည့် ပြန်ထူးပြီးနောက် လှည့်ထွက်သွား၏။

ထို့နောက် ပင်းယန် အဓိကခန်းမ၏ အကြီးအကဲတစ်ဦးကို ပြောလိုက်သည်။

“ဘုရင်တွေနဲ့ မြို့စားတွေကို ဧည့်ခံဖို့ တစ်ယောက်ယောက်ကို တည်ခင်းဧည့်ခံပွဲ ပြင်ဆင်ခိုင်းလိုက်ပါ”

“ဟုတ်ကဲ့”

ထိုအကြီးအကဲ ပြန်ထူးပြီးနောက် သူလည်း လှည့်ထွက်သွား၏။

ခဏအကြာတွင် သူတော်စင်တစ်ပိုင်းအင်အားစုငါးခုမှ ဘုရင်များနှင့် မြို့စားများ အဓိကခန်းမသို့ ရောက်လာသည်။

သူတို့ ဝင်လာသည်နှင့် ရိုသေလေးစားစွာဖြင့် ပြောလိုက်ကြ၏။

“ကျွန်တော်တို့တွေ မဟာပဏ္ဍိတမိုးမြေနဲ့ မိန်းကလေးပင်းကို ဂါရဝပြုပါတယ်”

All Chapters