← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) ခက်ခဲတဲ့ ပြဿနာလား... နောက်ဆုံးတော့ ရလဒ်ထွက်လာပြီ...

"ညွှန်ကြားရေးမှူးဖုန်း... ရဲဘော်ချန်မိုရဲ့ ဆန္ဒက အရမ်း ခိုင်မာတယ်လို့ ထင်ပါတယ်..."

"တကယ်လို့ သူ့ရဲ့ သဘောထားကို ကျွန်တော်တို့ မလေးစားဘူးဆိုရင် နောက်ကျ သူ့ဆီက အကူအညီတောင်းရမှာ အားနာစရာ ကောင်းနေလိမ့်မယ်..."

ညွှန်ကြားရေးမှူးဖုန်း အတော်လေး တုံ့ဆိုင်းနေသည်ကို မြင်ချိန်တွင် ပညာရှင်ထျန်းက သူ့ကို ဖျောင်းဖျရန် ထပ်မံပြောဆိုလိုက်၏။

"ရုချန်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း ဆုံးဖြတ်ချက် မချနိုင်ဘူး..."

"အရင်ဆုံး ရဲဘော်ရှောင်ချန်ကို နားချကြည့်ပါလား... ပြီးရင် ကျွန်တော် အထက်လူကြီးတွေကို ညွှန်ကြားချက် တောင်းကြည့်ပါ့မယ်..."

ပညာရှင်ထျန်း၏ စကားကို ကြားချိန်တွင် ညွှန်ကြားရေးမှူးဖုန်း၏ မျက်နှာအမူအရာက ပို၍ပင် ခက်ခဲသွားပေသည်။

သို့သော် ညွှန်ကြားရေးမှူးဖုန်းသည် ပညာရှင်ထျန်းအား အလျင်အမြန် အကြောင်းပြန်လိုက်၏။

ဆုံးဖြတ်ချက်နှင့် ပတ်သက်၍မူ အထက်လူကြီးများထံ တင်ပြပြီး ဆက်လက်ဆွေးနွေးရန် လိုအပ်ပေသည်။

"အင်းပါလေ..."

ဤသည်ကို ကြားချိန်တွင် ပညာရှင်ထျန်းမှာလည်း အလားတူပင် တုံ့ပြန်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

ညွှန်ကြားရေးမှူးဖုန်းက ထိုသို့ပြောထားပြီးဖြစ်ရာ သူ နောက်ထပ် ဘာမျှ မပြောနိုင်တော့ပေ။

ဤကိစ္စသည် အလွန်အရေးကြီးပြီး ညွှန်ကြားရေးမှူးဖုန်းသည် သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို တကယ်ပင် မချမှတ်နိုင်ပါချေ။

အထက်လူကြီးများထံ တင်ပြပြီး တာဝန်ရှိသူကိုသာ ဆုံးဖြတ်ခိုင်းနိုင်ပေသည်။

ထို့အပြင် ချန်မိုသည်လည်း ဒီပြဿနာကို အလွန်အကျွံ ဖိအားမပေးခဲ့ပေ။

ကမ္ဘာ-လ အာကာသလွန်းပျံယာဉ်ကို တည်ဆောက်ပြီး လကမ္ဘာ စီမံကိန်းများကို လုပ်ဆောင်ရန် အသင့်မဖြစ်မီ အချိန်အနည်းငယ် ကြာဦးမည်ဖြစ်သည်။

ဤသည်မှာ အထက်လူကြီးများ စဉ်းစားရန် လုံလောက်သော အချိန်ဖြစ်ပေ၏။

ညွှန်ကြားရေးမှူးဖုန်းထံမှ အကြောင်းပြန်စာ ရရှိပြီးနောက် ပညာရှင်ထျန်းသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ လှည့်ကာ ချန်မိုကို ရှာဖွေရန် ထွက်လာခဲ့သည်။

ညွှန်ကြားရေးမှူးဖုန်းမှာရော...

သေချာစွာ စဉ်းစားပြီးနောက် သူသည် အခြေအနေကို တင်ပြရန်နှင့် ခေါင်းဆောင်များကို ဆုံးဖြတ်ချက်ချခွင့်ပေးရန် ဖုန်းခေါ်ဆိုရန် ဆုံးဖြတ်လိုက်လေ၏။

သူ့အနေဖြင့်မူ အမိန့်ကိုသာ လိုက်နာမည် ဖြစ်သည်။

ဤသည်ကို နားလည်သွားပြီးနောက် ညွှန်ကြားရေးမှူးဖုန်းသည် စားပွဲပေါ်ရှိ အနီရောင် သီးသန့်ဖုန်းကို ကောက်ကိုင်ကာ နံပါတ်အချို့ကို နှိပ်ပြီး ဖုန်းခေါ်ဆိုလိုက်သည်။

အခြားတစ်ဖက်တွင်။

ပညာရှင်ထျန်းသည် ချန်မိုအတွက် သတ်မှတ်ပေးထားသော ရုံးခန်းနေရာကို မေးမြန်းရန် သူ၏ အတွင်းရေးမှူး အန်းဝန်ရွှမ်ကို ဆက်သွယ်လိုက်၏။

ထို့နောက် သူသည် ချန်မို၏ ရုံးခန်းသို့ အပြေးအလွှား သွားခဲ့သည်။

ထိုအချိန်၌။

ချန်မိုသည် မှတ်ဉာဏ်များကို စုပ်ယူပြီးကာစဖြစ်ပြီး ၎င်းတို့ကို အနည်းငယ် စီစဉ်ထားလိုက်သည်။

ရုတ်တရက် တံခါးအပြင်ဘက်မှ တိုးညှင်းသော ခေါက်သံကို ကြားလိုက်ရ၏။

ဤသည်ကို မြင်ချိန်တွင် သူသည် အတွေးအားလုံးကို ဖယ်ရှားလိုက်ပြီး ထကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ပညာရှင်ထျန်း၏ ရင်းနှီးနေသော မျက်နှာကို တွေ့လိုက်ရပေသည်။

"ရဲဘော်ချန်မို... ဒီရုံးခန်းကို ဘယ်လိုမြင်လဲ..."

"တကယ်လို့ သဘောမကျတာရှိရင် အချိန်မရွေး ပြောနိုင်ပါတယ်... လိုအပ်သလို ပြောင်းလဲပေးဖို့ ထောက်ပံ့ရေးဌာနကို ကျွန်တော် ခိုင်းလိုက်ပါ့မယ်..."

ချန်မို ကိုယ်တိုင် တံခါးဖွင့်ပေးသည်ကို မြင်ချိန်တွင် ပညာရှင်ထျန်းက အပြုံးဖြင့် နှုတ်ဆက်လိုက်၏။

ထို့နောက် ချန်မို၏ ဖိတ်ခေါ်မှုဖြင့် ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။

သူက ချန်မိုအား ပြုံးပြီး စကားမပြောမီ ရုံးခန်းကို ပတ်ချာလည် အကဲခတ်ကြည့်ရှုလိုက်၏။

"အရမ်းကောင်းတယ်... ကျွန်တော့်ရဲ့ အလုပ်လုပ်တဲ့နေရာထက် အများကြီး ပိုပြီး သက်တောင့်သက်သာ ရှိတယ်..."

ပညာရှင်ထျန်း၏ စကားကို ကြားချိန်တွင် ချန်မိုက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

သူသည် ရုံးခန်းကို အလွန်ပင် ကျေနပ်နေခဲ့၏။

"ကောင်းပြီ... ကျွန်တော် သဘောကျပါတယ်..."

ချန်မို၏ အကြောင်းပြန်ချက်ကို ရရှိပြီးနောက် ပညာရှင်ထျန်းသည် နောက်ဆုံးတွင် အားရပါးရ ရယ်မောလိုက်တော့သည်။

ရှင်းလင်းစွာပင် ပညာရှင်ထျန်းသည် ဤတစ်ကြိမ် သူ့ကို ကူညီရန် ဖိတ်ခေါ်ချိန်၌ ချန်မိုကို ကောင်းမွန်စွာ ဆက်ဆံရန် ဆုံးဖြတ်ထားပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ချန်မိုသည် ပရော်ဖက်ဆာစွန်း၏ ကျေးဇူးကို တင်နေသောကြောင့် ပရော်ဖက်ဆာစွန်းက ဤတစ်ကြိမ်တွင် သူ့အား ချန်မိုကို အကူအညီတောင်းရန် ပြောခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ချန်မိုကို လျစ်လျူရှုမိပါက နောင်တွင် လူရှာပေးရန် ပရော်ဖက်ဆာစွန်းကို အကူအညီတောင်းရမည်ကို ရှက်ရွံ့နေမိမည်ဖြစ်သည်။

ပညာရှင်ထျန်း၏ ယဉ်ကျေးမှုကြောင့် ချန်မိုမှာ အနည်းငယ် နေရခက်နေခဲ့၏။

ထို့ကြောင့် သူက ပညာရှင်ထျန်းအား ပြောလိုက်သည်။

"ပညာရှင်ထျန်း... ကျွန်တော့်ကို ချန်မိုလို့ပဲ ခေါ်ပါလား... ဒါမှမဟုတ် ပရော်ဖက်ဆာစွန်းတို့လို ရှောင်ချန်လို့ ခေါ်လည်းရပါတယ်..."

ချန်မို ကိုယ်တိုင်ကလည်း ပညာရှင်တစ်ဦးမှ ရဲဘော်ချန်မိုဟု ခေါ်ဝေါ်ခံရခြင်းကို အမြဲလိုလို ထူးဆန်းနေသည်ဟု ခံစားခဲ့ရသည်။

ထို့ကြောင့် သူတို့ တွေ့ဆုံခဲ့ကြောင်းကို အစပြု၍ ပြောလိုက်ခြင်းဖြစ်သည်။

"ကောင်းပြီ... အဲဒီတော့ ကျွန်တော် ရှောင်ချန်လို့ပဲ ခေါ်မယ်... ခများလည်း အခုကစပြီး ကျွန်တော့်ကို ပညာရှင်ထျန်းလို့ မခေါ်နဲ့တော့..."

"အဲဒါက အရမ်း အလုပ်သဘောဆန်တယ်... အဘိုးထျန်းလို့ပဲ ခေါ်ပါ..."

ချန်မို၏ အကြံပြုချက်ကို ကြားချိန်တွင် ပညာရှင်ထျန်းက ခေါင်းညိတ်ကာ ချက်ချင်း ပြန်လည်ဖြေကြားလိုက်၏။

ချန်မို၏ နာမည်ကို တိုက်ရိုက်ခေါ်ခြင်းက ရိုသေမှုမရှိသကဲ့သို့ ခံစားရမည်ဖြစ်၍ သူ မခေါ်ခဲ့ချေ။

ထို့ကြောင့် သူသည် ပရော်ဖက်ဆာစွန်းနှင့် အခြားသူများနည်းတူ ချန်မိုကို ရှောင်ချန် ဟု ခေါ်ဝေါ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အလွန် မာနကြီးသကဲ့သို့ မဖြစ်စေရန် ချန်မိုအား သူ့ကို အဘိုးထျန်း ဟု ခေါ်စေခဲ့၏။

"ကောင်းပါပြီ အဘိုးထျန်း... ဘယ်လေနှင်လို့ ဒီကိုရောက်လာတာလဲ..."

အခေါ်အဝေါ် ကိစ္စကို ဖြေရှင်းပြီးနောက် ချန်မိုသည် ပညာရှင်ထျန်းအား နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

အကြောင်းမှာ တစ်ဖက်လူက သူတို့အတွက် ဆုံးဖြတ်ချက်ချပေးနိုင်မည့်သူကို သွားရှာမည်ဟု ပြောကာ ယခုလေးတင် ထွက်သွားခြင်းကြောင့် ဖြစ်သည်။

သူတို့က ဘာလို့ ငါ့ဆီကို အခုလာရတာလဲ... မှတ်သားလောက်ဖွယ် အမြန်နှုန်းနဲ့ ကိစ္စကို အပြီးသတ်လိုက်ပြီများလား...

ချန်မို၏ စကားကို ကြားချိန်တွင် ပညာရှင်ထျန်းက အနည်းငယ် နေရခက်စွာဖြင့် ပြန်ဖြေလိုက်၏။

"ရှောင်ချန်... ခုနက တောင်းဆိုခဲ့တာတွေကို ညွှန်ကြားရေးမှူးဖုန်းကို ကျွန်တော် ပြောပြပြီးပြီ..."

"ဒါပေမဲ့ ညွှန်ကြားရေးမှူးဖုန်းက ဒီကိစ္စကို အလေးအနက်ထားပြီး အထက်လူကြီးတွေဆီ တင်ပြဆွေးနွေးဖို့ လိုတယ်လို့ ခံစားနေရတယ်..."

"ဒါကြောင့် ကျွန်တော် အခုချက်ချင်း အဖြေမပေးနိုင်သေးဘူး... ဒါပေမဲ့ စိတ်မပူပါနဲ့... ညွှန်ကြားရေးမှူးဖုန်းဆီက သတင်းရတာနဲ့ ု အကြောင်းကြားပေးပါ့မယ်..."

"လာမယ့်ရက်တွေမှာ လဆင်းယာဉ် စီမံကိန်းအတွက် အာကာသယာဉ်ပိုင်းကိုတော့ အများကြီး အားစိုက်ထုတ်ပေးဖို့ တောင်းဆိုရပါလိမ့်မယ်..."

ထိုသို့ပြောပြီးနောက် ပညာရှင်ထျန်းသည် ရှက်ရွံ့စွာ ပြုံးလိုက်လေသည်။

တစ်ဖက်လူ၏ အပြုံးကို ကြည့်ရသည်မှာ ရှက်ရွံ့မှု အရိပ်အယောင် အနည်းငယ် ရှိနေသေးသည်။

မည်သို့ပင်ဆိုစေကာမူ ကိစ္စက မပြေလည်သေးဘဲ ယခု သူတို့က အပိုအားစိုက်ထုတ်ရန် တောင်းဆိုနေသည် မဟုတ်ပါလော။

ပညာရှင်ထျန်း မည်သို့ မရှက်ဘဲ နေနိုင်မည်နည်း။

"အိုး... အဘိုးထျန်း... ဒီအကြောင်း ပြောနေတာလား..."

"ရပါတယ်... ကျွန်တော် နားလည်ပါတယ်..."

"ဒါဆို ကျွန်တော့်အလုပ်ကို အရင်ဆက်လုပ်လိုက်မယ်... ပြီးတော့ ညွှန်ကြားရေးမှူးဖုန်းဆီက သတင်းကို စောင့်နေမယ်လေ..."

ဤသတင်းကို ရရှိချိန်တွင် ချန်မိုသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ဆဲပင်။

ဤအကြောင်းကို ချန်မိုအား ပြောပြပြီးနောက် ပညာရှင်ထျန်းသည် ချန်မိုနှင့် အတန်ကြာ စကားစမြည် ပြောဆိုနေခဲ့သည်။

သူသည် နေ့လယ်စာစားချိန် နီးပါးအထိ ချန်မို၏ ရုံးခန်းမှ မထွက်ခွာခဲ့ချေ။

နောက်ထပ် သုံးရက်ကြာပြီးနောက်။

ညွှန်ကြားရေးမှူးဖုန်းသည် လပေါ်ဆင်းသက်မည့် အစီအစဉ်တွင် ချန်မို လိုက်ပါမည့် အစီအစဉ်အကြောင်း သူ၏ အထက်လူကြီးများထံသို့လည်း တင်ပြခဲ့သည်။

ယနေ့ခေတ်တွင် သက်ဆိုင်ရာ ဌာနအကြီးအကဲများက ဤကိစ္စနှင့် ပတ်သက်၍ အမြင်သဘောထား ကွဲလွဲနေကြ၏။

အချို့ကမူ လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းရှိ အခြေအနေသည် လက်ရှိတွင် ရှင်းလင်းမှုမရှိကြောင်းနှင့် ထိပ်တန်း အစွမ်းစုံ သိပ္ပံပညာရှင်တစ်ဦး လိုက်ပါခြင်းက စီမံကိန်းအတွင်း အာကာသယာဉ်မှူးများ ပြဿနာများစွာကို ဖြေရှင်းရာတွင် အကူအညီ ဖြစ်လာနိုင်ကြောင်းကိုတော့ စောဒကတက်ကာ သဘောတူညီခဲ့ကြသည်။

ဆန့်ကျင်သူများအတွက်မူ ၎င်းတို့၏ အမြင်များသည်လည်း ယုတ္တိတန်ပြီး ခိုင်လုံမှုရှိပေသည်။

၎င်းတို့၏ ချေပချက်မှာ လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းရှိ လက်ရှိအခြေအနေကို ရှင်းလင်းစွာ မသိရခြင်းနှင့် ချန်မိုသည် ထိပ်တန်း သိပ္ပံပညာရှင်တစ်ဦး ဖြစ်နေခြင်းတို့ကြောင့် ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့သည် သန်းရာချီသော လူများကြားတွင် ရှာမတွေ့နိုင်သည့် ရှားပါးသော အရည်အချင်းရှိသူ ချန်မိုအား ထိုသို့သော အန္တရာယ်မျိုးကို မရင်ဆိုင်စေချင်ခဲ့ချေ။

နှစ်ဖက်စလုံးသည် ဤကိစ္စနှင့် ပတ်သက်၍ အချိန်ကြာမြင့်စွာ ငြင်းခုံခဲ့ကြ၏။

နောက်ဆုံးတွင် အစည်းအဝေးကို ဦးစီးသည့် သက်ကြီးရွယ်အိုက အပြီးသတ် ဆုံးဖြတ်ချက်ချခဲ့သည်။

"ကောင်းပြီ... အားလုံးပြောတာ မှန်တယ်ဆိုတာ ကျွန်တော် သိပါတယ်... ပြီးတော့ ကျွန်တော်တို့ အားလုံးက နိုင်ငံအတွက် ကောင်းဖို့ လုပ်နေကြတာပါ..."

"ဒါပေမဲ့ ညွှန်ကြားရေးမှူးဖုန်းက ချန်မိုမှာ လကမ္ဘာ စီမံကိန်းမှာ လိုက်ပါဖို့ ပြင်းပြတဲ့ ဆန္ဒရှိတယ်လို့လည်း ပြောတယ်..."

"ကျွန်တော်တို့ ဒီမှာ ငြင်းခုံနေကြချိန်မှာ ပါဝင်ပတ်သက်သူတွေရဲ့ ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်..."

"ချန်မိုက လိုက်ချင်နေတဲ့အတွက် သူ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး ဒီစီမံကိန်းအတွက် အကောင်းဆုံး အာကာသယာဉ်မှူးတွေကို ရွေးချယ်လိုက်ကြစို့..."

"ပြီးတော့ လေတပ်အဖွဲ့ထဲက ထူးချွန်တဲ့ စစ်သားတစ်ယောက်ကို ယာယီရွေးချယ်ပြီး လပေါ်ဆင်းသက်ပြီးရင် ချန်မိုရဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်ဖို့ ပေကျင်းကို အာကာသယာဉ်မှူး သင်တန်းအတွက် စေလွှတ်လိုက်မယ်..."

ဤဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ကိုယ်ပိုင်အမြင်များ ကိုင်စွဲထားကြသည့် နှစ်ဖက်စလုံး ငြင်းခုံမှု ရပ်တန့်သွားကြသည်။

၎င်းတို့အားလုံးက ဤအပေးအယူကို သဘောတူခဲ့ကြ၏။

ရလဒ်များကို ညွှန်ကြားရေးမှူးဖုန်းထံ အလျင်အမြန် ပေးပို့ခဲ့သည်။

ဤရလဒ်ကို သိရှိချိန်တွင် ညွှန်ကြားရေးမှူးဖုန်းသည် အံ့အားသင့်သည့် အမူအရာကို ပြသခဲ့ပေသည်။

အထက်လူကြီးများက ဤအရာကို အမှန်တကယ် သဘောတူလိမ့်မည်ဟု သူ တကယ်ပင် မမျှော်လင့်ထားခဲ့ချေ။

သို့သော် ညွှန်ကြားရေးမှူးဖုန်းသည် ဤအကြောင်းကို ကြာရှည်စွာ အံ့ဩမနေဘဲ ပညာရှင်ထျန်းကို ခေါ်ယူလိုက်၏။

ဤကိစ္စကို ရက်ပေါင်းများစွာ ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ရလဒ်ထွက်ပေါ်လာခြင်းက ကောင်းမွန်လှပေသည်။

All Chapters