စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သော ချန်မိုသည် ဇာတိမြို့သို့ ပြန်လာခဲ့ပြီး ချန်မိသားစု စက္ကူလက်မှုဆိုင်ကို လွှဲပြောင်းရယူခဲ့သည်။ ကံမကောင်းစွာဖြင့် ရိုးရာ နာရေးလုပ်ငန်းများမှာ တစ်နေ့တခြား ကျဆင်းလာခဲ့ရာ ချန်မိုသည် သူ၏ မိသားစုလုပ်ငန်းကို ရောင်းချပြီး အလုပ်ရှာဖွေရန် မြို့တော်သို့ ပြန်သွားရန် စီစဉ်နေချိန်တွင်ပင် စက္ကူခေါက် လက်နက်စနစ်နှင့် ချိတ်ဆက်မိသွားတော့၏။ စက္ကူခေါက်ပြသည့် ဗီဒီယိုများကို လိုက်ဖ်လွှင့်ရုံမျှဖြင့် စနစ်ထံမှ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ ဒီဇိုင်းပုံစံကြမ်းများနှင့် အစီအစဉ်များကို လဲလှယ်ရယူနိုင်မည် ဖြစ်ပေသည်။ အခြား ရွေးချယ်စရာ လုံးလုံးလျားလျား မရှိတော့သဖြင့် ချန်မိုတစ်ယောက် လက်မှုပညာ လိုက်ဖ်လွှင့်သူတစ်ဦးအဖြစ် စတင်လုပ်ကိုင်ရတော့ချေပြီ။ အစပိုင်းတွင် ပရိသတ်တစ်ဦးက သူ့အား တင့်ကား ၃၀၀ အမည်ရ ယာဉ်တစ်စီး တည်ဆောက်ပေးရန် အော်ဒါတင်ခဲ့လေသည်။ သို့သော် အမြောက်ပြောင်း၊ အမြောက်ဆန်နှင့် တင့်ကားဘီးချိန်းကြိုးများကိုပါ ချန်မို တပ်ဆင်ပြုလုပ်ပြီးစီးသွားချိန်တွင် အွန်လိုင်းအသုံးပြုသူများအားလုံး လုံးလုံးလျားလျား မှင်သက်အံ့ဩသွားကြရတော့၏။ "အစ်ကိုရေ… ကျွန်တော် လိုချင်တာက အရုပ်တင့်ကား ၃၀၀ ပါ… တင့်ကားအစစ်ကြီး မဟုတ်ဘူးဗျ…" နားလည်မှုလွဲမှားခြင်းများက စတင်ဖြစ်ပေါ်နေခဲ့ပြီဖြစ်ရာ ဤလမ်းကြောင်းအတိုင်းသာ အဆုံးတိုင်အောင် ဆက်လျှောက်ရန် သူ ဆုံးဖြတ်လိုက်တော့သည်။ ထိုအချိန်မှစ၍ ချန်မိုသည် လက်မှုလက်နက်များ ဖန်တီးသည့် အမိုက်စား လမ်းကြောင်းပေါ်သို့ တစ်ဖြည်းဖြည်း သွေဖည်ရောက်ရှိသွားတော့သည်။

