← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း (၆၁)

ဂေဟစနစ် ကင်းလှည့်အဖွဲ့

ကောင်းယွမ်သည် ကျန်းပိုင်ရီ ပြောသည့်စကားကို မကြားလိုက်သော်လည်း တောနက်ကြီးမှာ အန္တရာယ် များလှပေသည်။

သူတို့ ချက်ချင်း ထွက်ခွာရမည် ဖြစ်လေ၏။

ကောင်းယွမ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းသွားလိုက်လေသည်။

"လောင်ကျန်း... ဟေ့ကောင်... ထွက်မပြေးနဲ့... ငါပါ ကောင်းယွမ်ပါ..."

စကားပြောရင်းဖြင့် ကောင်းယွမ်သည် ဓားပြ၏ ခန္ဓာကိုယ်ပေါ်တွင် ရှာဖွေလိုက်ရာ ဖုန်း၊ သေနတ်နှင့် အထောက်အထားစာရွက်စာတမ်းများကို တွေ့ရှိခဲ့လေသည်။ ထိုအရာအားလုံးကို ယူဆောင်ပြီးနောက် လောင်ကျန်း အနားသို့ ရောက်မလာသေးသည်ကို သူ မြင်လိုက်ရလေ၏။

"လောင်ကျန်း... မင်း ဘာတွေ လုပ်နေတာလဲ..."

လောင်ကျန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လှည့်ကြည့်လာကာ သူ၏ မျက်နှာတွင် ဝေခွဲမရနိုင်မှု များ အပြည့်ရှိနေခဲ့ပေသည်။

"မင်းက... ကောင်းယွမ်လား..."

"ဟုတ်တယ်လေ..."

"သောက်ကျိုးနည်း... ညီအစ်ကို... မင်း တကယ်ပဲ ဒုက္ခရောက်ခဲ့ရတာပဲ... ငါတို့ အတူတူ ဖြတ်သန်းခဲ့ကြ တာလေ... ငါက လူဖြစ်ပြီး မင်းက ပတာရိုဆောကြီး ဖြစ်သွားတာလား... စိတ်မပူပါနဲ့... မင်းကို ငါ ကောင်းကောင်း စောင့်ရှောက်ပါ့မယ်..."

ကောင်းယွမ်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိလေသည်။

*ကျန်းပိုင်ရီ ဦးနှောက်များ ပျက်သွားပြီလား...*

သူ တွေးတောလိုက်ပြီးနောက် ဦးနှောက်လှိုင်းများက ခန္ဓာကိုယ်ကို မူလအတိုင်း ပြန်လည်ရောက်ရှိ စေရန် ထိန်းချုပ်လိုက်လေ၏။

လောင်ကျန်း လျှောက်လာစဉ် သူ၏ အရှေ့ရှိ ပတာရိုဆောကြီး ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလေသည်။ ကောင်းယွမ်သည် သူ၏ အရှေ့တွင် မတ်တတ်ရပ်နေခဲ့ပြီ ဖြစ်၏။

သူ၏ ခံစားချက်များကို မည်သို့ ဖော်ပြရမည်ကိုပင် သူ မသိတော့ပေ။

"လောင်ကောင်း... ဒါ ဘယ်နေရာကြီးလဲ... ဒိုင်နိုဆောတွေ ရှိနေရုံတင်မကဘူး... မိစ္ဆာဒိုင်နိုဆောတွေပါ ရှိနေတာပဲ... သူတို့က လူလိုတောင် ပြောင်းနိုင်တယ်..."

ကောင်းယွမ်သည် ကျန်းပိုင်ရီ၏ နဖူးကို ရိုက်ချလိုက်လေ၏။

"မင်း သတိရပြီလား... သွားကြရအောင်..."

*ဘယ်ကို သွားရမှာလဲ…*

"မင်း… မမေ့သွားတာတော့မဟုတ်ဘူးမလား... ငါတို့ လေယာဉ်ပေါ်မှာ ပြန်ပေးဆွဲခံရပြီး အခုလေးတင် ထွက်ပြေးလာတာလေ..."

အကယ်၍ ကောင်းယွမ် တစ်ယောက်တည်းသာဆိုလျှင် လွယ်ကူပေလိမ့်မည်။ သူသည် လင်းယုန်တစ် ကောင်အဖြစ် အသွင်ပြောင်းကာ တန်း၍ ပျံသန်းပြန်သွားနိုင်ပေ၏။

သို့သော် ကျန်းပိုင်ရီ ရှိနေသေးလေသည်။ သူသည် ကျန်းပိုင်ရီကို သယ်ဆောင်သွားရန် သေချာပေါက် မဖြစ်နိုင်ပေ။

ထို့အပြင် ကောင်းယွမ်သည် ပြန်ပေးဆွဲခံရပြီးနောက် ဤအတိုင်း ထွက်ခွာသွားရန် ဆန္ဒမရှိခဲ့ပေ။ နောက် ကွယ်မှ ကြိုးကိုင်သူ၏ ဌာနချုပ်မှာ ဤနေရာနှင့် မဝေးနိုင်ကြောင်း သူ သိနေခဲ့လေ၏။

အကယ်၍ ကိုယ်တိုင် ဝင်ရောက်နိုင်မည်ဆိုလျှင် သဲလွန်စများကို လိုက်၍ အရင်းအမြစ်ကို ရှာဖွေ နိုင်မည် ဖြစ်ပေသည်။

ငါးရံ့နက်နည်းပညာကုမ္ပဏီသည် မကြာသေးမီက အတော်လေး နာမည်ကြီးနေခဲ့ကြောင်း ကောင်းယွမ် သိထားသော်လည်း အနာဂတ်တွင် ငါးရံ့နက်နည်းပညာကုမ္ပဏီသည် ပို၍ပင် နာမည်ကြီးလာဦးမည်ဖြစ် ရာ ယခု တစ်ယောက်ယောက်က သူ့အား တိုက်ခိုက်ရန် လှုပ်ရှားလာပြီ ဖြစ်လေသည်။

အကယ်၍ လက်လှမ်းလာသည့် ပထမဆုံးလူကို ပြတ်ပြတ်သားသား မနှိမ်နင်းနိုင်ပါက အနာဂတ်တွင် မိမိ၏ နေရာကို လိုချင်တပ်မက်သူများ ပို၍ပင် များပြားလာမည် ဖြစ်ပေ၏။

ကောင်းယွမ်သည် အနည်းငယ် နောင်တရသွားမိခဲ့လေသည်။

"မင်း… မမေ့သွားတာတော့မဟုတ်ဘူးမလား... ငါတို့ လေယာဉ်ပေါ်မှာ ပြန်ပေးဆွဲခံရပြီး အခုလေးတင် ထွက်ပြေးလာတာလေ..."

ကောင်းယွမ် တစ်ယောက်တည်းဆိုလျှင် ပိုမိုလွယ်ကူပေလိမ့်မည်။ သူသည် လင်းယုန်အဖြစ် ပြောင်းလဲ ကာ တန်း၍ ပျံသန်းပြန်သွားနိုင်လေသည်။ သို့သော်လည်း လောင်ကျန်း ရှိနေသည့်အတွက် သူ သေချာ ပေါက် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ပေ။

ထို့အပြင် ကောင်းယွမ်သည် ပြန်ပေးဆွဲခံရပြီးနောက် ဒီအတိုင်း ထွက်ခွာသွားရန် ဆန္ဒမရှိခဲ့ပေ။ နောက် ကွယ်မှ ကြိုးကိုင်သူ၏ ဌာနချုပ်မှာ ဤနေရာနှင့် မဝေးနိုင်လောက်ကြောင်း သူ သိထားလေသည်။ သူသာ ဝင်ရောက်နိုင်ခဲ့လျှင် သဲလွန်စများကို လိုက်၍ အရင်းအမြစ်ကို ရှာဖွေနိုင်ပေလိမ့်မည်။

လတ်တလောတွင် ငါးရံ့နက်နည်းပညာကုမ္ပဏီမှာ အလွန်နာမည်ကြီးနေကြောင်း ကောင်းယွမ် သိထား သော်လည်း ငါးရံ့နက်နည်းပညာကုမ္ပဏီသည် အနာဂတ်တွင် ပို၍ပင် နာမည်ကြီးလာဦးမည် ဖြစ်ပြီး ယခု အခါ တစ်စုံတစ်ယောက်က သူ့အပေါ် စတင်လှုပ်ရှားလာပြီ ဖြစ်၏။

ပထမဆုံး လှမ်းလာသူ၏ လက်ကိုဖြတ်တောက်မပစ်နိုင်လျှင် အနာဂတ်တွင် သူ၏ နေရာကို လိုချင်သူ ပို၍ပင် များပြားလာပေလိမ့်မည်။

ကောင်းယွမ်သည် အနည်းငယ် နောင်တရသွားမိခဲ့လေသည်။

ကံမကောင်းစွာဖြင့် ကမ္ဘာကူးတံခါးမှာ ဤနေရာတွင် မရှိနေခဲ့ပေ။ အကယ်၍သာ ရှိနေခဲ့ပါက အနာဂတ် ကမ္ဘာသို့ သွားကာ စက်ရုပ်များနှင့် ကိရိယာအချို့ကို ဝယ်ယူနိုင်မည်ဖြစ်ရာ အလွန်လွယ်ကူသွားမည်ဖြစ် ချေ၏။

ထိုအချိန်မှာပင် သူ၏ ရှေ့မလှမ်းမကမ်း၌ သူ၏ နောက်ဖေးခြံထဲမှ ကမ္ဘာကူးတံခါး ရှိနေသည် ကို ကောင်းယွမ် ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။

သူ မှင်သက်သွားခဲ့ပေ၏။

*ဘာတွေ ဖြစ်ကုန်တာလဲ…**ဒီနေရာမှာ အခြား ကမ္ဘာကူးတံခါးတစ်ခု ရှိနေသေးတာလား ဒါမှမဟုတ် ကမ္ဘာကူးတံခါးကို တကယ်ပဲ ရွှေ့ပြောင်းလို့ရနိုင်ပေမဲ့ ငါ တစ်ကြိမ်မှ မစမ်းသပ်ဖူးခဲ့လို့များလား…*

ဤကမ္ဘာကူးတံခါးသည် မိမိအတွက်သာ ဖွင့်လှစ်ထားခြင်း ဖြစ်သည်မှာ ထင်ရှားပေသည်။ ၎င်းသည် လေးဖက်မြင် အာကာသလှိုဏ်ခေါင်းကဲ့သို့များ ဖြစ်နေမည်လား။ လေးဖက်မြင် အာကာသ တွင် သုံးဖက်မြင်ဟူသော အယူအဆ မရှိဘဲ မိမိအတွက်သာ သက်ဆိုင်ပေသည်။ အမှန်တကယ်တော့ ကမ္ဘာကူးတံခါးသည် အမြဲတမ်း မိမိနှင့်အတူ ရှိနေပြီး မိမိ၏ ဦးနှောက်လှိုင်းများက လိုအပ်သည့် အချိန်တိုင်းတွင် ပေါ်လာခြင်း ဖြစ်နိုင်ပေ၏။

ထိုအခိုက်အတန့်တွင် ကောင်းယွမ် နားလည်သွားခဲ့လေသည်။

*ငါက အရမ်း ငယ်ရွယ်လွန်းတော့ အရင်က ဒါကို မတွေးမိခဲ့ဘူး...*

ယခု ကမ္ဘာကူးတံခါးသည် သူတို့၏ ရှေ့တည့်တည့်၌ ရှိနေပြီဖြစ်ရာ ကောင်းယွမ်သည် အနားသို့ ရောက် လာသော ကျန်းပိုင်ရီကို ကြည့်လိုက်လေသည်။

"ငါ့ကို ဒီနေရာမှာ စောင့်နေ... ငါ အခုချက်ချင်း ပြန်လာခဲ့မယ်..."

"လောင်ကောင်း... နေပါဦး... မင်း ဘယ်သွားမလို့လဲ..."

စကားပြော၍ မဆုံးမီမှာပင် ကောင်းယွမ် ပျောက်ကွယ်သွားသည်ကို ကျန်းပိုင်ရီ သတိပြုမိလိုက် လေ၏။

သူ၏ တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပေသည်။

"သောက်ကျိုးနည်း... လောင်ကောင်း... ဒီကမ္ဘာကြီးက ဘယ်လို ကမ္ဘာကြီးလဲ... ခုနလေးတင် အသွင် ပြောင်းနိုင်ပြီး အခုကျတော့ နေရာရွှေ့ပြောင်းနိုင်ပြန်ပြီ..."

ကျန်းပိုင်ရီသည် သတိထား၍ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အတတ်နိုင်ဆုံး မသိမသာ နေထိုင်ရန် ကြိုးစားလိုက်လေ၏။

ကောင်းယွမ်သည် ကမ္ဘာကူးတံခါးကို ဖြတ်သန်းသွားပြီးနောက် ဤနေရာသည် လုံကျင်းမြို့ မဟုတ် ကြောင်း သတိပြုမိလိုက်လေသည်။ ၎င်းသည်လည်း တောရိုင်းဒေသတစ်ခု ဖြစ်သော်လည်း မြေမျက် နှာသွင်ပြင်မှာ ရွှေတြိဂံဒေသနှင့် လုံးဝ ကွာခြားနေခဲ့ပေ၏။ ဤနေရာသည် ပင်လယ်ကမ်းစပ်ရှိ တော နက်ကြီးတစ်ခုနှင့် တူနေခဲ့လေသည်။

ကောင်းယွမ် နားလည်သွားခဲ့လေပြီ။ ကမ္ဘာကူးတံခါးကို ရွှေ့ပြောင်းနိုင်သော်လည်း ကမ္ဘာကူးတံခါး ရွှေ့ပြောင်းသွားပါက ကူးပြောင်းရောက်ရှိမည့် နေရာသည်လည်း ပြောင်းလဲသွားမည် ဖြစ်ပေ၏။

*ဒီတည်နေရာကို ဘယ်လို တွက်ချက်ထားလဲဆိုတာတော့ ငါ မသိဘူး... ပုံစံကို နားလည်ဖို့ အကြိမ် နည်း နည်းတော့ ထပ်စမ်းကြည့်ရမယ်...*

ကောင်းယွမ် ပတ်ဝန်းကျင်ကို အကဲခတ်နေဆဲမှာပင် တစ်ယောက်ယောက်က အော်ဟစ်လိုက်သံကို ကြားလိုက်ရလေ၏။

"ဟေး... အဲဒီမှာ ဘာလုပ်နေတာလဲ... အခုချက်ချင်း ဒီဘက်ကို လာခဲ့..."

အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်စု မလှမ်းမကမ်းတွင် ပေါ်လာပြီး သူ့အား လက်ယပ် ခေါ်နေသည်ကို ကောင်းယွမ် မြင်လိုက်ရလေသည်။

သူ လျှောက်သွားလိုက်ရာ အမျိုးသမီးတစ်ဦးက သူ့အား အကာအကွယ်ဝတ်စုံ တစ်စုံ ဝတ်ဆင်ပေး လိုက် လေ၏။

"သူဌေးလေးလား... ဒီနေရာမှာ ဘာလာလုပ်တာလဲ... ရှင့်ရဲ့ လက်အောက်ငယ်သားတွေကော ဘယ်မှာ လဲ..."

ကောင်းယွမ်သည် ထိုလူများကို အကဲခတ်လိုက်လေသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ..."

"ဂေဟစနစ် ကင်းလှည့်အဖွဲ့ပါ... ရှင် ဒီနေရာမှာ ဘာလုပ်နေတာလဲ..."

"ကျွန်တော် ဒီနေရာကို လာလို့မရဘူးလား... ဂေဟစနစ် ကင်းလှည့်အဖွဲ့က ဘာလုပ်တာလဲ..."

ကောင်းယွမ်က မေးလိုက်လေ၏။

"တောနက်ထဲမှာ ရေဒီယိုသတ္တိကြွ အပင်တွေနဲ့ ပြည့်နေတာလေ... ဒီအပင်တချို့က လူတွေကို တိုက် ခိုက်နိုင်တယ်... ရှင် တိုက်ခိုက်မခံရရင်တောင် သူတို့ထုတ်လွှတ်တဲ့ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည် တွေက ရှင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်... ရှင်က တကယ်ကို ပေါ့ပေါ့ဆဆ နိုင်တာပဲ... နှစ်စဉ်နှစ် တိုင်း တောရိုင်းထဲက လူတွေဟာ ဓာတ်ရောင်ခြည်သင့်ပြီး မျိုးရိုးဗီဇပြောင်းလဲ သေဆုံးနေကြရတာ... ကျွန်မတို့က တရားဝင် တောရိုင်းဘေးမဲ့တော စောင့်ရှောက်သူတွေပါ... အဓိကအားဖြင့် တောရိုင်းထဲမှာ တွေ့ရတဲ့ လူတွေကို ကယ်ဆယ်ဖို့နဲ့ တောရိုင်းပတ်ဝန်းကျင်ရဲ့ အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲမှုတွေကို စောင့်ကြည့်ဖို့ တာဝန်ယူထားတာပါ..."

ကောင်းယွမ်သည် ကြောက်ရွံ့မှုလှိုင်းလုံးများ ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူ ရုတ်တရက် မေးခွန်းတစ်ခုကို စဉ်းစားမိသွားခဲ့ပေ၏။

ချင်းမူကုထန်း ယခင်က ပြောခဲ့ဖူးသည်မှာ နျူကလီးယားစစ်ပွဲကြောင့် တောရိုင်းဒေသများသည် လူသားများ နေထိုင်ရန် မသင့်လျော်တော့ကြောင်း ဖြစ်သည်။ သို့သော် ရာစုနှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီဖြစ်ရာ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်များ ပျောက်ကွယ်သွားသင့်ပြီ ဖြစ်လေ၏။

ထို့ကြောင့် သူ၏ စိတ်ကို အနှောင့်အယှက်ဖြစ်စေသော ထိုမေးခွန်းကို သူ မေးလိုက်လေသည်။

သူ့ကို အင်္ကျီခြုံပေးခဲ့သော အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်လေ၏။

"ရှင် အရင်က အပြင် တစ်ခါမှ မထွက်ဖူးဘူးလား... လူသားတွေကလည်း အစကတော့ အဲဒီလိုပဲ ထင်ခဲ့ ကြတာ... ဒါပေမဲ့ ဆယ်စုနှစ်တွေ ကြာလာတဲ့အခါ မရေမတွက်နိုင်တဲ့ အပင်တွေ မျိုးရိုးဗီဇ တွေပြောင်း လဲသွားကြတယ်... အခုဆို တောရိုင်းအပင်တွေ ကိုယ်တိုင်က ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်တွေကို ထုတ်နေတာ... အစကတော့ သူတို့က မြေကြီးထဲက ရေဒီယိုသတ္တိကြွ ဒြပ်စင်တွေကို စုပ်ယူကြတာ လေ... ဒီရေဒီယိုသတ္တိကြွ ဒြပ်စင်တွေကို အပင်တွေက စုပ်ယူလိုက်တဲ့အတွက် သူတို့တွေ မျိုးရိုးဗီဇ ပြောင်းလဲသွားတယ်... ပြီးတော့ ပုပ်သိုးသွားပြီး မြေကြီးထဲကို ပြန်ရောက်သွားတယ်... ဒါက အဆုံးမရှိ တဲ့ သံသရာ ကြီးပေါ့ရှင်။"

"ဒီလောက် နှစ်တွေ ကြာနေပြီပဲဥစ္စာ ဓာတ်ရောင်ခြည်တွေ ပျောက်ကွယ်သွားသင့်ပြီ မဟုတ်ဘူးလား..."

ကောင်းယွမ်က မေးလိုက်လေသည်။

အမျိုးသမီးသည် သူ့ကို ရွံရှာဖွယ်အကြည့်ဖြင့် ကြည့်လိုက်လေ၏။

"ပျောက်ကွယ်သွားရမယ်တဲ့လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲရှင်။ မကြာသေးခင် နှစ်တွေအတွင်းမှာ တောရိုင်းထဲက ရေဒီယိုသတ္တိကြွမှုတွေက ပိုတောင် တိုးလာနေတာ... ဘာလို့လဲဆိုတော့ ဒီအပင်တွေက နှစ်တွေကြာလာတာနဲ့အမျှ ရှုပ်ထွေးတဲ့ ဓာတုဗေဒဖြစ်စဉ်တွေကို ကြုံတွေ့ခဲ့ရလို့ပဲ…အဲဒီဖြစ်စဉ်တွေက သာမန်ဒြပ်စင်တွေကိုပါ ရေဒီယိုသတ္တိကြွ ဒြပ်စင်တွေအဖြစ် ပြောင်းလဲပစ်နိုင်တယ်... ပြီးတော့ အပင် တွေက အဲဒါတွေကို ထပ်ပြီး စုပ်ယူကြတာပေါ့…"

ကောင်းယွမ် အံ့ဩတုန်လှုပ်သွားခဲ့ပေသည်။

အနာဂတ်ကမ္ဘာရှိ အပင်များတွင် ဤကဲ့သို့သော လုပ်ဆောင်ချက်များ ရှိနေခြင်းမှာ ကောင်းကင်ဘုံကို အံတုနေခြင်းပင် ဖြစ်လေ၏။

သို့သော် ယခုအချိန်သည် အပင်များအကြောင်း လေ့လာစူးစမ်းရမည့် အချိန်မဟုတ်ပေ။ ကောင်းယွမ် သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်နှင့် ရန်သူများကို တိုက်ခိုက်ရန်အတွက် လိုအပ်သော ပစ္စည်းအချို့ ကို ဝယ်ယူရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်လေသည်။

"ကောင်းပါပြီ... ကျွန်တော်က ဗဟုသုတ နည်းလွန်းလို့ ဖြစ်မှာပါ... စကားမစပ် ကျွန်တော် စက်ရုပ်တချို့ ဝယ်ချင်လို့ပါ... ဒီနေရာမှာ ဘယ်ကနေ ဝယ်လို့ရနိုင်မလဲ..."

အမျိုးသမီးသည် ခဏမျှ တွေဝေသွားခဲ့လေ၏။

"ရှင် မြို့ထဲမှာပဲ ပစ္စည်းတွေ ဝယ်လို့ရမယ်... တောရိုင်းထဲမှာတော့ မရဘူး... ဒါပေမဲ့ ကျွန်မတို့ ကင်းလှည့်အဖွဲ့က အပိုပစ္စည်းတွေ သယ်လာတယ်... ရှင်..."

"ကျွန်တော် နှစ်ဆပေးမယ်... မဟုတ်ဘူး... ငါးဆ ပေးပါ့မယ်... ခင်ဗျားတို့ဆီမှာ ဘာပစ္စည်းတွေ ရှိလဲ..."

ကောင်းယွမ်က စကားကိုဖြတ်၍မေးလိုက်လေသည်။

"တောရိုင်းထဲမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ မကြာခဏ ဖြစ်ပွါးလေ့ရှိတယ်... ကျွန်မတို့ဆီမှာ လုံခြုံရေးစက်ရုပ်တွေ၊ ဉာဏ်ရည်တု လမ်းဖောက်စက်ကြီးတွေ၊ အကာအကွယ်ဝတ်စုံတွေ၊ လေဆာ သေနတ်တွေ၊ အာဟာရအနှစ်တွေ... ပြီးတော့ ယာဉ်ပျံတွေ ရှိတယ်... ရှင် ဘာလိုချင်တာလဲ..."

"ကျွန်တော် အဲဒါတွေ အားလုံး တစ်စုံစီ ယူလို့ရမလား..."

ကောင်းယွမ်က မေးလိုက်လေ၏။

"အင်း... ရှင်က တကယ်ပဲ ငါးဆ ပေးမှာ သေချာလို့လား... တကယ်တော့ ကျွန်မတို့ ရှင့်ကို မြို့ထဲ ပြန် ခေါ်သွားပေးလို့တော့ ရပါတယ်... ရှင် အဲဒီလောက် ငွေအများကြီး သုံးစရာ မလိုပါဘူး..."

အမျိုးသမီးက ပြောလိုက်လေသည်။

"ရပါတယ်... ကျွန်တော်က တောရိုင်းထဲမှာ နေရတာကို သဘောကျလို့ပါ..."

အမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်လေ၏။

"ရှင်တို့ သူဌေးတွေ ဘာတွေ တွေးနေကြလဲဆိုတာ ကျွန်မ တကယ် နားမလည်နိုင်ဘူး... ရှင့်လို လူမျိုး တော်တော်များများနဲ့ ဆုံဖူးတယ်... အမြဲတမ်း တောရိုင်းထဲမှာပဲ နေချင်နေကြတာ... ရှင်က ငွေပိုသုံးဖို့ ဆန္ဒရှိနေမှတော့ ကျွန်မကလည်း မရောင်းစရာ အကြောင်းမရှိဘူးလေ... ဘာပဲဖြစ်ဖြစ် ဒါတွေက သာမန် ပစ္စည်းတွေချည်းပါပဲ... ကျွန်မတို့ ပြန်ရောက်ရင် ပြန်ဖြည့်တင်းလိုက်လို့ ရတာပဲ... လာ... ဦးနှောက်ချိတ် ဆက်မှုကွန်ရက်ကနေ အချင်းချင်း ချိတ်ဆက်လိုက်ကြရအောင်... ကျွန်မ နာမည်က ဝမ်ချန်ကျားကျား ပါ... ရှင့်နာမည်က ဘယ်လိုခေါ်လဲ..."

"ကောင်းယွမ်ယွမ်ကောင်း ပါ..."

"စာလုံးလေးလုံး နာမည်လား... ဒါ မဖြစ်နိုင်ပါဘူး... ရှင့်ရဲ့ အဆင့်အတန်းက... ထားလိုက်ပါတော့... ကျွန်မ မေးရင်လည်း ရှင် ပြောပြမှာ မဟုတ်ပါဘူး... ကောင်းပြီ... ကျွန်မ ရှင့်အတွက် စာရင်းတစ်ခု လုပ်ပေးမယ်... ရှင် ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ..."

All Chapters