← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း (၆၂)

အမှန်တရားကို ပြောပြခြင်း

ကောင်းယွမ်သည် စာရင်းထဲတွင် ထောက်ပံ့ရေးပစ္စည်း အမျိုးအစား တစ်ဒါဇင်ကျော် ပါဝင်နေသည်ကို မြင်လိုက်ရလေသည်။

ဤအရာများအားလုံးသည် ဂေဟစနစ် ကင်းလှည့်အဖွဲ့မှ အများဆုံး အသုံးပြုလေ့ရှိသည့် ပစ္စည်းများ ဖြစ်ကြပေ၏။

သူတို့သည် တောရိုင်းထဲတွင် နေထိုင်ကြရပြီး ပတ်ဝန်းကျင်မှာ ကြမ်းတမ်းခက်ထန်ကာ မျိုးဗီဇပြောင်း အပင်များနှင့် တိရစ္ဆာန်များ၏ တိုက်ခိုက်မှုကို မကြာခဏ ရင်ဆိုင်ရလေ့ရှိသောကြောင့် အလွန်ကောင်း မွန်သည့် ကာကွယ်ရေး အစီအမံများ ရှိထားကြခြင်း ဖြစ်လေသည်။

အကာအကွယ်ဝတ်စုံများအပြင် ကာကွယ်ရေးစက်လုံးကဲ့သို့သော လက်နက်တပ်ဆင်ထားသည့် ကိုယ်ပိုင်ကာကွယ်ရေး ကင်းထောက်ကိရိယာများလည်း ပါဝင်လေ၏။

ကိရိယာများထဲတွင် လမ်းဖောက်စက်ကြီး၊ အလိုအလျောက် ဖမ်းဆီးရေး ကိရိယာ၊ စုဆောင်းရေးကိရိ ယာ၊ ယာဉ်ပျံနှင့် တစ်ကိုယ်ရည်သုံး သယ်ဆောင်ရလွယ်ကူသော ယာဉ်ပျံငယ် တစ်စီးတို့ ပါဝင်ပေ သည်။

ထိုကိရိယာများအပြင် အစားအသောက်၊ ရေနှင့် တောထဲတွင် အသုံးပြုရန် လေဆွဲတဲတစ်လုံးလည်း ပါဝင်သေးလေ၏။

ကောင်းယွမ်သည် ဤအရာများကို နားလည်သွားသည့်အခါ သူ၏ မျက်လုံးများ အရောင်လက်သွားခဲ့ လေသည်။

"ဒါတွေက တော်တော်ကောင်းတဲ့ ပစ္စည်းတွေပဲ..."

ကောင်းယွမ်သည် တောနက်ထဲတွင် ပိတ်မိနေမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်လေသည်။ ဤပစ္စည်းများနှင့် ဆိုလျှင် သူသည် ကျန်းပိုင်ရီကို အချိန်မရွေး ခေါ်ဆောင်သွားနိုင်ရုံသာမက သူ၏ နောက်ကွယ်မှ ကြိုး ကိုင် သူများကိုပါ ရှာဖွေနိုင်မည် ဖြစ်ပေ၏။

ထောက်ပံ့ရေးပစ္စည်းများကို လက်ခံရရှိသွားခဲ့ပြီ ဖြစ်လေသည်။

ကောင်းယွမ်သည် ဝမ်ချန်ကျားကျားကို ကြည့်လိုက်လေ၏။

"မင်း ငါ့ကို ဒီပစ္စည်းတွေ ပေးလိုက်လို့ အပြစ်ပေးခံရမှာတော့ မဟုတ်ဘူးမလား..."

"ပျောက်ဆုံးစာရင်းထဲ ထည့်လိုက်ရုံပါပဲ... စုစုပေါင်းတန်ဖိုးက သန်းနှစ်ဆယ်ရှစ်သိန်းဆိုတော့ အဲဒီရဲ့ ငါးဆ အတိအကျဖြစ်အောင် တွက်လိုက်မယ်... ရှင် သန်းတစ်ရာ ပေးရမယ်..."

ကောင်းယွမ်၏ ကိုယ်ပိုင်အကောင့်ထဲတွင် ယခုအခါ ယွမ်ငွေ ဘီလီယံ တစ်ရာကျော် ရှိနေသဖြင့် သူသည် ချက်ချင်းပင် လွှဲပေးလိုက်လေသည်။

"အရမ်း ကျေးဇူးတင်ပါတယ်... နောက်တစ်ခါ လုံကျင်းမြို့ကို ရောက်ရင် အစားအသောက်ကောင်း ကောင်း နဲ့ ဧည့်ခံကျွေးပါ့မယ်..."

ကောင်းယွမ်က ပြောလိုက်လေ၏။

"ကောင်းပါပြီ... ကျွန်မတို့ ကင်းလှည့်ရဦးမယ်... ရှင် အခု အန္တရာယ်ကင်းသွားပြီဆိုတော့ ရှင့်ကို ထားခဲ့ တော့မယ်... သွားလိုက်ပါဦးမယ်..."

ဝမ်ချန်ကျားကျားသည် စကားပြောပြီးသည်နှင့် ယာဉ်ပျံပေါ်သို့ တက်သွားခဲ့ပြီး ဂေဟစနစ် ကင်းလှည့် အဖွဲ့သည်လည်း လျင်မြန်စွာ ထွက်ခွာသွားခဲ့လေတော့သည်။

ထောက်ပံ့ရေးပစ္စည်းများ အားလုံးသည် ယာဉ်ပျံထဲတွင် ရှိနေပြီး အပြင်ဘက်၌ လုံခြုံရေးစက်ရုပ် နှစ်ရုပ်သာ ကျန်ရှိနေခဲ့လေသည်။

ကောင်းယွမ်သည် သူတို့ကိုပါ ယဉ်ပေါ်သို့ အတူတက်ရန် ပြောလိုက်လေ၏။

ကမ္ဘာကူးတံခါးကို ထပ်မံ ဖြတ်သန်းသွားပြီးနောက်။

ဤအချိန်တွင် ကျန်းပိုင်ရီမှာ မြက်ခင်းထဲ၌ ဆောင့်ကြောင့်ထိုင်ကာ ခေါင်းကို အုပ်ထားခဲ့လေသည်။

"လောင်ကောင်း... ဘာလို့ ပြန်မလာသေးတာလဲ... အရမ်း ကြောက်စရာကောင်းတာပဲ... ငါ တစ်ခုခု ရဲ့အသံကို ကြားလိုက်သလိုပဲ... တောရိုင်းတိရစ္ဆာန် တစ်ကောင်ကောင်များလား မသိဘူး..."

သူ့ကိုယ်သူ ထိုစကားများဖြင့် အားပေးနေစဉ်မှာပင် ဘေးနားရှိ သစ်ပင်တစ်ပင် နှစ်ပိုင်းကျိုးသွားသည့် တကျွတ်ကျွတ် မြည်သံကို ရုတ်တရက် ကြားလိုက်ရလေ၏။

ကျန်းပိုင်ရီမှာ ထိတ်လန့်သွားခဲ့ပေသည်။

"တီရက်စ် ဒိုင်နိုဆော များလား..."

ထိုအချိန်မှာပင် ကောင်းယွမ်၏ အသံက သူ၏ အနောက်မှ ထွက်ပေါ်လာခဲ့လေသည်။

"လောင်ကျန်း... ယဉ်ပေါ်တက်..."

ကျန်းပိုင်ရီသည် သူ၏ ရှေ့ ဆယ်မီတာခန့် အကွာ လေထဲတွင် ရပ်တန့်နေသော အလျားဆယ်မီတာ၊ အနံသုံးမီတာခန့်ရှိ ယဉ်ပျံတစ်စီးကို မယုံနိုင်စွာ စိုက်ကြည့်နေမိလေသည်။ ကောင်းယွမ်က အပြင်သို့ ခေါင်းပြု၍ သူ့ကို လာရန် လက်ယပ်ခေါ်နေခဲ့၏။

သူသည် မျက်လုံးများကို ပွတ်သပ်လိုက်လေသည်။ ဤအရာသည် အိပ်မက်တစ်ခုသာ ဖြစ်ရမည်ဟု သူ တွေးလိုက်မိပေ၏။

*လောင်ကောင်း ပြန်လာရင်တောင် သူ့မှာ ယာဉ်ပျံတစ်စီး ရှိလာစရာ အကြောင်းမှမရှိတာ… ဒီလောက် တောနက်ကြီးထဲကို ဘယ်လိုယာဉ်မျိုးက ဝင်လာလို့ရမှာလဲ... ပိုဆိုးတာက အခုလို အတောင်ပံရော ပန်ကာရော မပါဘဲ ပျံနေတဲ့ ယာဉ်ပျံမျိုးကတော့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်… ငါ... မျက်စိမှောက် နေတာပဲ ဖြစ်ရမယ်…*

"ဘာ ရပ်လုပ်နေတာလဲ... ယာဉ်ပေါ်တက်လေ.... အန်းရီ... သူ့ကို ခေါ်လာခဲ့..."

ကောင်းယွမ်သည် ထိုလုံခြုံရေးစက်ရုပ် နှစ်ရုပ်ကို အန်းရီနှင့် အန်းအာ့ဟု အမည်ပေးထားခဲ့ခြင်း ဖြစ်လေသည်။

ကောင်းယွမ်၏ စကားကို ကြားသည်နှင့် တစ်ပြိုင်နက် အန်းရီသည် ပြေးသွားကာ ကျန်းပိုင်ရီ၏ ခါးကို လက်ဖြင့် ချိတ်ဆွဲ၍ လွှဲပစ်လိုက်လေသည်။ အန်းအာ့က တစ်ဖက်မှ ဖမ်းဆွဲကာ သူ့ကို ယဉ်ထဲသို့ တွန်းသွင်းလိုက်လေ၏။

ထို့နောက် ကျန်းပိုင်ရီသည် ကောင်းယွမ်၏ ဘေးတွင် ထိုင်နေမိလျက်သား ဖြစ်သွားခဲ့လေတော့သည်။

"လောင်ကောင်း... တကယ်ပဲ မင်းလား..."

"ချီးပဲ... လေထီးနဲ့ ခုန်ချပြီးကတည်းက မင်းပုံစံက တစ်မျိုးကြီး ဖြစ်နေတာကို ငါ သတိထားမိတယ်... အောက်ကို ပြုတ်ကျတုန်းက မင်းရဲ့ ဦးနှောက်ကိုများ ထိသွားသေးလား..."

ကျန်းပိုင်ရီမှာ ငိုချင်စိတ်ပင် ပေါက်လာပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပေသည်။

"ပုံမှန် ဟုတ်လား... ဒီကမ္ဘာကြီးက ပုံမှန် မဟုတ်ဘူးကွ... ငါ အောက်ရောက်ရောက်ချင်းမှာပဲ ငါနဲ့ မီတာ အနည်းငယ်အကွာမှာ ပတာရိုဆောကြီး တစ်ကောင်ကို မြင်လိုက်ရတယ်... ပြီးတော့ သူက စကားလည်း ပြောတတ်သေးတယ်... ငါ့နောက်က ဓားပြက သေနေသလား ရှင်နေသလားတောင် မသိရဘူး... ပြီး တော့ အဲဒီ ပတာရိုဆောကြီးက မင်း လောင်ကောင်း အဖြစ်ကို ပြောင်းသွားတယ်လေ... ငါ နည်းနည်း စိတ်ငြိမ်သွားပေမဲ့ မျက်တောင်တစ်ခတ်အတွင်းမှာတင် မင်းက ပျောက်သွားပြန်ရော... အခု မင်း ပြန် ပေါ်လာတော့လည်း သက်တော်စောင့် နှစ်ယောက်နဲ့ ယဉ်ပျံတစ်စီး မောင်းလာပြန်ရော..."

"ပြောစမ်းပါ... ငါကပဲ ပုံမှန် မဟုတ်တာလား... ဒါမှမဟုတ် ကမ္ဘာကြီးကပဲ ပုံမှန် မဟုတ်တာလား..."

"ဟင်... မင်း ပြောချင်တာက..."

ကျန်းပိုင်ရီ အော်ဟစ်ပြီးသွားသည့်အခါ ကောင်းယွမ်၏ တည်ငြိမ်နေသော မျက်နှာအမူအရာကို မြင် လိုက်ရပြီး သူသည်... သူ အနည်းငယ် လွန်လွန်ကျူးကျူး တုံ့ပြန်မိသွားပြီလားဟု ရုတ်တရက် ခံစား လိုက်ရလေသည်။

ကောင်းယွမ်သည် ကျန်းပိုင်ရီ၏ ပခုံးကို ပုတ်လိုက်လေ၏။

"လောင်ကျန်း... ဒီကိစ္စတွေကို ငါ ရှင်းပြနိုင်ပါတယ်... ဒါပေမဲ့ အရင်ဆုံး ရှေ့ဆက်သွားကြရအောင်..."

ဘယ်ကိုသွားရမည်နည်းဟု သူ တွေးလိုက်မိ၏။

"ရွှေတြိဂံဒေသကို သွားရင် ငါတို့ကို ပြန်ပေးဆွဲတဲ့သူတွေဆီ ရောက်လိမ့်မယ်..."

"မင်းဆိုလိုတာက ငါတို့ တကယ် အချိန်ခရီးသွားခဲ့တာ မဟုတ်ဘူးပေါ့... အရှေ့က ဖြစ်ပျက်ခဲ့သမျှ အရာ အားလုံးက မင်းရဲ့ လက်ချက်တွေပေါ့..."

"သေချာတာပေါ့... မင်း မြင်ခဲ့တဲ့ ပတာရိုဆောကြီးက... တကယ်တော့ ငါပဲလေ..."

ကောင်းယွမ်သည် သူ၏ ခါးတွင် တပ်ဆင်ထားသော ပုံသဏ္ဍာန်ပြောင်းလဲစက်ကို ပြသလိုက်လေသည်။

"ဒီပစ္စည်းကို ပုံသဏ္ဍာန်ပြောင်းလဲစက်လို့ ခေါ်တယ်... သူက တခြား တိရစ္ဆာန်တွေအဖြစ် အသွင်ပြောင်း တာကို တုပနိုင်တယ်... ဒါက အဆင့်မြင့် ဇီဝတုပ နည်းပညာသုံး အသွင်ပြောင်းကိရိယာ တစ်ခုပဲ..."

ကျန်းပိုင်ရီမှာ မယုံနိုင်အောင် ဖြစ်နေခဲ့လေ၏။

"မင်း ပြောချင်တာက ဒီပစ္စည်းနဲ့ဆိုရင် မင်း ဖြစ်ချင်တဲ့အရာ မှန်သမျှ ဖြစ်နိုင်တယ်ပေါ့..."

"အဲဒီလိုတော့ မဟုတ်ပါဘူး... တိရစ္ဆာန်တွေအဖြစ်ပဲ ပြောင်းလို့ရတာပါ... မင်းက ချေးပုံကြီး တစ်ပုံ အဖြစ် ပြောင်းချင်တယ်ဆိုရင်တော့ မရနိုင်ဘူးလေ..."

ကောင်းယွမ်က နောက်ပြောင်၍ ပြောလိုက်လေသည်။

"ဘယ်လိုလုပ်ပြီး ဒီလို ပစ္စည်းမျိုး ရှိနိုင်မှာလဲ... ဒါက ဆွန်းဝူခုန်းရဲ့ မျက်လှည့်ခုနစ်ဆယ့်နှစ်မျိုးလို ဖြစ် မနေဘူးလား... လက်တွေ့မှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ..."

ကျန်းပိုင်ရီအတွက် လက်ခံရန် ခက်ခဲနေခဲ့ပေသည်။

ကောင်းယွမ်သည် သူ့ကို ကြည့်လိုက်လေ၏။

"ဦးနှောက်လှိုင်းပုံရိပ်ဖော်ကိရိယာကိုကျတော့ မင်းက ဘာလို့ ယုံကြည်ရတာလဲ... အဲဒါကရော ရယ်စရာ မကောင်းဘူးလား... မင်းက ပထမဆုံးအကြိမ် မြင်ဖူးတာတောင် ယုံကြည်ရုံတင်မကဘဲ စမ်းတောင် စမ်းကြည့်ချင်ခဲ့သေးတယ်လေ..."

"အဟမ်း... အဲဒါက မတူဘူးလေ... ဘာပဲဖြစ်ဖြစ် ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှု နည်းပညာတွေက ကမ္ဘာတစ်ဝန်းမှာ ဖွံ့ဖြိုးတိုးတက်နေပြီလေ... ဒါပေမဲ့ ဒီပုံသဏ္ဍာန်ပြောင်းလဲစက်ကတော့..."

"ပုံသဏ္ဍာန်ပြောင်းလဲစက်က ဘာဖြစ်နေလို့လဲ... တကယ်တော့ ဒါက မျိုးရိုးဗီဇ တုပမှုရဲ့ နောက်ထပ် ပုံစံ တစ်မျိုးပါပဲ... လူသား သိပ္ပံပညာရှင်တွေကလည်း လူသား မျိုးရိုးဗီဇနဲ့ ပတ်သက်တဲ့ သုတေသနတွေမှာ ပူးပေါင်းဆောင်ရွက်နေကြတာပဲလေ..."

"အင်း... ဒါဆို ဒီယဉ်ပျံကို မင်း ဘယ်က ရလာတာလဲ..."

"အဲဒါက..."

ကောင်းယွမ် စကားမပြောရသေးမီမှာပင်။

ကျန်းပိုင်ရီက ရုတ်တရက် လက်ကာပြလိုက်လေ၏။

"ထားလိုက်ပါတော့... ဆက်မပြောပါနဲ့တော့... မင်း ပြောရင်လည်း ငါ နားလည်မှာ မဟုတ်ပါဘူး... ငါ့ကို ဒါလေးပဲ ပြောပြ... အဲဒီလူတွေကို မင်း ဘယ်လို ရှာမှာလဲ..."

ကောင်းယွမ်သည် ဓားပြဆီမှ ယူလာခဲ့သော ဖုန်းကို ထုတ်ကာ လုံခြုံရေးစက်ရုပ်ထံသို့ ကမ်းပေးလိုက် လေသည်။

"အန်းရီ... ဒီခေတ်ဟောင်း ဆက်သွယ်ရေးစက်ထဲမှာ တစ်ဖက်လူရဲ့ နံပါတ် ပါတယ်... မင်း သူတို့ရဲ့ တည်နေရာကို ဖောက်ထွင်းပြီးရင် ကင်းထောက်ကိရိယာကို လွှတ်တင်ပြီး ဗီဒီယို ပို့ပေးပါ..."

"ဟုတ်ကဲ့ပါ... သူဌေး..."

...

ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့သည် နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေနေကြချိန်၌။

ဇက်ကျူ(၂၅၀၁) လေယာဉ်သည် နောက်ဆုံးတွင် ပဲခူးသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့လေသည်။ လားရှိုးလေဆိပ်၌ ပဲခူးနှင့် ရှနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ရှိနေကြပြီး အခြေအနေမှာ အလွန် တင်းမာနေခဲ့ ပေ၏။ လေယာဉ် ဆင်းသက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် ဓားစာခံများကို ကယ်တင်ရန်နှင့် လေယာဉ်ပြန်ပေးဆွဲသူများကို ဖမ်းဆီးရန် ရှေ့သို့ ပြေးထွက်သွားခဲ့ကြလေသည်။

ဓားပြနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဓားစာခံအားလုံးကိုလည်း ကယ်တင်နိုင်ခဲ့လေပြီဖြစ်၏။

လေယာဉ်တံခါးဝတွင် လေထီးဆင်းရန် ပြင်ဆင်နေသော လေယာဉ်ပြန်ပေးဆွဲသူ နှစ်ဦးအနက် တစ်ဦး သည် ကောင်းယွမ် ပြုတ်ကျသွားသည်ကို မြင်လိုက်ရသဖြင့် သူ၏ ကံဆိုးမှုကို ကျိန်ဆဲလိုက်ကာ သူ၏ အဖော်ကို အတူခုန်ချရန် ခေါ်လိုက်လေ၏။ သို့သော် နောက်တစ်ခဏ၌ ကောင်းယွမ်သည် ပတာရိုဆော အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ အဖော်နောက်သို့ လိုက်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။

ထိုသူမှာ လုံးဝ ထိတ်လန့်သွားခဲ့ရပေသည်။

ထိုအချိန်မှာပင် သူ့အား အားကစားကျောင်းမှ ကျောင်းသားနှစ်ဦးက ဝင်ရောက် ဖမ်းချုပ်လိုက်လေ၏။

လေယာဉ်မှူးခန်းထဲတွင် လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းထားခဲ့သော အခြား ပြန်ပေးဆွဲသူ တစ်ဦး မှာ သူ၏ အဖော်က လေထီးဆင်းရန် ခေါ်လိုက်ချိန်တွင် သတိလွတ်သွားပြီး ထွက်ခွာရန် လှည့်လိုက်လေ သည်။ ထိုစဉ် တွဲဖက်လေယာဉ်မှူးက သူ့အား အနောက်မှနေ၍ ဖမ်းချုပ်လိုက်ပြီး လေယာဉ်မယ် အချို့ က သူ့ကို ဖမ်းဆီးတုပ်နှောင်လိုက်ကြလေတော့၏။

ထိုသို့ဖြင့် ဇက်ကျူ(၂၅၀၁) လေယာဉ်နှင့် ပတ်သက်သည့် အကျပ်အတည်းမှာ အောင်မြင်စွာ ပြေလည် သွားခဲ့လေတော့သည်။

သို့သော် ခရီးသည်စာရင်းကို စစ်ဆေးနေစဉ် ရဲတပ်ဖွဲ့ဝင်များသည် လူနှစ်ဦး ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ရပြီး ထိုနှစ်ဦးစလုံးမှာ ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ အမှုဆောင်အရာရှိများ ဖြစ်နေကြလေ သည်။

ထို့ကြောင့် သူတို့သည် လားရှိုးတွင် ဖမ်းဆီးရမိထားသော ဓားပြများကို ချက်ချင်း စစ်ဆေးမေးမြန်း ခဲ့ကြလေ၏။

သို့သော် စစ်ဆေးမေးမြန်းနေစဉ်အတွင်း ပြဿနာတစ်ခု ပေါ်လာခဲ့ပေသည်။ ပထမဦးစွာ ပြန်ပေးဆွဲသူ များသည် ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့ကို ပြန်ပေးဆွဲရန် စီစဉ်ခဲ့ကြောင်း ဝန်ခံခဲ့ကြလေသည်။ အမှန် တကယ်တော့ သူတို့သည် အလှူငွေပေးအပ်ပွဲ အခမ်းအနားကတည်းက ကောင်းယွမ်နှင့် ကျန်းပိုင်ရီ တို့ကို စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သော်လည်း ထိုအချိန်က လှုပ်ရှားရန် မစီစဉ်ထားခဲ့ပေ။

ထိုနေ့ညနေ၌ သူတို့သည် လှုပ်ရှားရန် ညွှန်ကြားသည့် အကြောင်းကြားစာကို လက်ခံရရှိခဲ့လေ၏။

ထို့ကြောင့် သူတို့သည် ဤလေယာဉ်ပြန်ပေးဆွဲမှုကို စီစဉ်ခဲ့ကြခြင်း ဖြစ်လေသည်။

သို့သော် ကောင်းယွမ် ဘယ်ရောက်သွားသည်ကိုတော့ သူတို့ မသိခဲ့ကြပေ။ ဓားပြတစ်ဦးက ကောင်းယွမ် သည် ပတာရိုဆောအဖြစ်သို့ ပြောင်းလဲသွားကြောင်း ကျိန်တွယ်၍ပင် ပြောဆိုနေခဲ့ လေသည်။

ဤအချက်က ရဲတပ်ဖွဲ့ဝင်များကို ရယ်ရခက် ငိုရခက် ဖြစ်စေခဲ့လေ၏။ အဓိကပြဿနာမှာ ထိပ်တန်း ကျွမ်းကျင်သူများပင်လျှင် သူ လိမ်ပြောနေခြင်း ဟုတ်မဟုတ်ကို မခွဲခြားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

သူ၏ သိမ်မွေ့သော မျက်နှာအမူအရာ ပြောင်းလဲမှုများ၊ နှလုံးခုန်နှုန်းနှင့် ဦးနှောက်လှိုင်း ပုံစံများအပြင် စိတ်ပိုင်းဆိုင်ရာ ကောက်ချက်ချမှုများ အားလုံးက သူ အမှန်တရားကို ပြောနေကြောင်း ယုံကြည်စေခဲ့ လေသည်။

All Chapters