အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄)
မေးခွန်းသုံးခု
လီကျန်းကျီ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လွင်နေခဲ့လေသည်။
"ဒါ ဘာကြီးလဲ..."
သူ၏ရှေ့မှ ပဲခူးသားမှာ ပုဂ္ဂလိက လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင် လွီပေါ် ဖြစ်လေသည်။ အပြင် ဘက်ရှိ လူများမှာ သူ၏ ညီအစ်ကိုများဖြစ်ကြပြီး ဤနေရာ၌ ဘိန်းလပ်ငန်း လုပ်ကိုင်လာခဲ့ သည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်ပေ၏။
လွီပေါ်သည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူတစ်ဦး ဖြစ်သော်လည်း ထိုအစိမ်းရောင် မြူခိုးများကို မြင်လိုက်ရချိန်တွင် မှင်သက်သွားခဲ့ရပေသည်။
သူသည် ဤကဲ့သို့သောအရာမျိုးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ၎င်းသည် မိစ္ဆာကောင် တစ် ကောင်ကောင်များ ဖြစ်နေမည်လားဟု တွေးလိုက်မိလေသည်။
ဤရက်ပိုင်းအတွင်း ဤတောနက်ထဲ၌ ထူးဆန်းသောအရာများစွာ ဖြစ်ပေါ်နေခဲ့ပေသည်။ ယနေ့နံနက်က ပင် ပတာရိုဆောနှင့်တူသော ပျံသန်းနိုင်သည့် သတ္တဝါကြီးတစ်ကောင်ကို သူ မြင်တွေ့ခဲ့ရပြီး ယခုလည်း ဤအရာ ပေါ်လာပြန်ပြီ ဖြစ်လေ၏။
"မိစ္ဆာကြီး... မိစ္ဆာကြီး..."
အပြင်ဘက်ရှိ အစောင့်အချို့မှာ ကြောက်လန့်တကြား အော်ဟစ်ကာ ရွာထဲသို့ ပြန်ဆုတ်ရန် ကြိုးစား နေကြလေသည်။
လွီပေါ်သည် အပေါ်မှနေ၍ လေထဲသို့ သေနတ်တစ်ချက် ပစ်ဖောက်လိုက်လေ၏။
"ပစ်... ပစ်ကြ..."
မကြာမီမှာပင် သေနတ်သံများ တရစပ် ထွက်ပေါ်လာခဲ့ပေသည်။
သို့သော် သေနတ်သံများ ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက်။
လက်နက်တပ်ဆင်ထားသော ကိုယ်ပိုင်ကာကွယ်ရေး ကင်းထောက်ဒရုန်းသည် ၎င်းတို့အား အန္တရာယ် အဖြစ် သတ်မှတ်လိုက်ပြီး လေဆာတန်းပေါင်းများစွာကို ပစ်လွှတ်လိုက်ရာ မြေပြင်ပေါ်၌ ဝပ်နေသော အစောင့်များမှာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့ကြလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လွီပေါ်မှာ ဒေါသထွက်လွန်းသဖြင့် သူ၏ သွားများပင် အမှုန့်ဖြစ် သွားမတတ် ကြိတ်ချေမိသွားခဲ့ပေ၏။
သို့သော် သူသည် စကားတစ်ခွန်းမျှ မဟတော့ဘဲ အလွန်တက်ကြွဖျတ်လတ်စွာဖြင့် ထိုနေရာမှ ခုန်ဆင်း ကာ သစ်နွယ်ပင်တစ်ခုကို ဆွဲကိုင်၍ လျှောဆင်းသွားခဲ့လေသည်။
လွီပေါ်သည် သူ၏ ဘဝတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရပြီး အကြိမ်တိုင်း၌ သူ၏ ဤကဲ့သို့သော ပြတ်သားသည့် လုပ်ရပ်များကပင် သူ့ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်ပေသည်။
မည်သူ ရောက်လာသနည်း၊ မည်သည့် လက်နက်မျိုးကို အသုံးပြုနေသနည်းဆိုတာကို သူ မသိသေး သော်လည်း ယခု မပြေးလျှင် သေရမည်ကိုတော့ သူ ကောင်းစွာ သိနေခဲ့လေ၏။
လီကျန်းကျီမှာမူ တုံ့ပြန်မှုပင် မလုပ်နိုင်သေးဘဲ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အစောင့်များကို ကြည့် ကာ မျက်လုံးများ ပြူးကျယ်နေခဲ့ပေသည်။
"လွီပေါ်... ဒါ ဘာကြီးလဲ..."
သူ စကားပြော၍ မဆုံးမီမှာပင် သူ၏ သက်တော်စောင့်များသည် အောက်မှနေ၍ ပြေးတက်လာခဲ့ ကြလေသည်။
"သခင်လေး... သွားကြရအောင်..."
ရှေ့တွင် ရွာတစ်ရွာကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကောင်းယွမ်သည် အလိုအလျောက် ဖမ်းဆီး ရေး ကိရိယာတစ်ခုကို ချက်ချင်း လွှတ်တင်လိုက်လေသည်။ ဤကိရိယာသည် ပစ်မှတ်များကို အလိုအ လျောက် သော့ခတ်ထားနိုင်ပြီး ဤကိရိယာများအားလုံးမှာ ကောင်းယွမ်၏ ချစ်ပ်ပြားနှင့် ချိတ်ဆက်ထား သဖြင့် သူ၏ ဦးနှောက်လှိုင်းများကို တိုက်ရိုက် အာရုံခံနိုင်ပေသည်။
ကောင်းယွမ်သည် သူတို့ကို ဖမ်းဆီးရန် တွေးတောလိုက်လေ၏။
အလိုအလျောက် ဖမ်းဆီးရေး စက်ရုပ်သည် အချက်ပြမှုကို လက်ခံရရှိသွားမည်ဖြစ်ပြီး ကီလိုမီတာ အနည်းငယ်အတွင်းရှိ လူသားအားလုံးကို သော့ခတ်ကာ ဖမ်းဆီးပေးမည် ဖြစ်လေသည်။
နာရီဝက်ခန့် ကြာပြီးနောက် ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့သည် ရွာထဲတွင် ထိုင်နေကြလေသည်။ အပြင် ဘက်တွင်မူ ထောင်ချောက်များဖြင့် ဖမ်းဆီးခံထားရသူ ငါးဦး ရှိနေပြီး ၎င်းတို့ထဲမှ နှစ်ဦးမှာ ပဲခူးသား များဖြစ်ကာ သုံးဦးမှာ တောင်ပိုင်းတိုင်းပြည်မှ လူများ ဖြစ်ကြပေ၏။
ထိုလူငါးဦးမှာ ယခုအခါ လုံးဝ ထိန်းချုပ်ခံထားရပြီ ဖြစ်လေသည်။ သူတို့ တစ်ဦးစီတိုင်းကို လျှပ်စစ် ကွန်ရက်တစ်ခုဖြင့် ချည်နှောင်ထားပြီး တစ်ခါတစ်ရံတွင် တဆတ်ဆတ် တုန်ယင်သွားတတ်သော်လည်း အသက်အန္တရာယ်အတွက်မူ လုံးဝ စိုးရိမ်စရာ မရှိပေ။
ကောင်းယွမ်သည် သူတို့၏ ရှေ့တွင် ထိုင်ချလိုက်လေ၏။ "မင်းတို့ ငါ့ကို သိကြလား..."
လီကျန်းကျီသည် ကောင်းယွမ်ကို စိုက်ကြည့်နေခဲ့ပြီး လွီပေါ်မှာမူ မျက်လုံးများ ပြူးကျယ်နေခဲ့ပေသည်။
"ကောင်းပြီလေ... မင်းတို့နှစ်ယောက်က ငါ့ကို သိပုံရတယ်... မင်းတို့နှစ်ယောက်က နောက်ကွယ်က ကြိုးကိုင်သူတွေလား..."
"ဒါဆို ဒီသုံးယောက်ကို အန္တရာယ်ကင်းကင်း ရှင်းပစ်လိုက်လို့ ရပြီပေါ့... အန်းရီ... သူတို့ကို မင်း ရှင်းလိုက်တော့..."
အန်းရီသည် ခေါင်းညိတ်လိုက်ပြီး လျှောက်သွားကာ လျှပ်စစ်လှောင်အိမ်ထဲသို့ လက်လှမ်း၍ လူတစ်ဦး ကို ဆွဲထုတ်ပြီး ဘေးသို့ လွှင့်ပစ်လိုက်လေသည်။
ဘေးဘက်ရှိ လမ်းဖောက်စက်ကြီးမှာ စတင် လည်ပတ်သွားခဲ့လေ၏။
သွေးမြူခိုးများ လွင့်ပျံသွားခဲ့ပေသည်။
မူလက ကြမ်းတမ်းခက်ထန်နေသော လီကျန်းကျီ၏ မျက်လုံးများသည် ယခုအခါ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။
"မင်း... မင်း..."
ကောင်းယွမ်သည် ပုရွက်ဆိတ်တစ်ကောင်ကို နင်းမိသွားသကဲ့သို့ လုံးဝ ဂရုမစိုက်ပေ။
ဤလူများအားလုံးသည် အလွန်အမင်း ဆိုးရွားသော ရာဇဝတ်ကောင်များဖြစ်ပြီး သူတို့ရောင်းချသော ဘိန်းများကြောင့် မရေမတွက်နိုင်သော လူများစွာ ဒုက္ခရောက်ခဲ့ရမည် ဖြစ်လေသည်။ ထို့ကြောင့် ကောင်းယွမ်၌ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး လုံးဝ မရှိခဲ့ပေ။
ထို့အပြင် ဤလူများသည် သူ့အပေါ် လက်ရဲဇာတ်ရဲ လုပ်ရဲသည်ဆိုလျှင် သူသည်လည်း ၎င်းတို့၏ သေစေနိုင်လောက်သော ရန်သူ ဖြစ်လာမည်သာ ဖြစ်ပေ၏။
"ဘာဖြစ်လို့လဲ... ဒီနေရာမှာ ဥပဒေဆိုတာ မရှိဘူး မဟုတ်လား... သစ်ပင်တွေကို မြေဩဇာ ကျွေးဖို့ မင်းတို့ ငြင်းမှာ မဟုတ်ဘူးမလား... ကောင်းပြီလေ... အချိန်ကုန် သက်သာအောင် လုပ်ကြရအောင်... ကောင်းကင်ကို မော့ကြည့်လိုက်စမ်းပါ... ရဟတ်ယာဉ်တစ်စီး ပျံသွားတာ မဟုတ်ဘူးလား... ကယ်ဆယ် ရေးအဖွဲ့တွေ မကြာခင် ရောက်လာတော့မှာ..."
"ကဲ... မေးခွန်းဖြေတဲ့ ကစားနည်းလေး ကစားကြရအောင်... ငါ မေးမယ်... မင်း ဖြေရမယ်... မဖြေနိုင် ဘူးဆိုရင် မင်းက အသုံးမကျတော့ဘူးဆိုတဲ့ သဘောပဲလေ... ဟုတ်တယ်မလား..."
လွီပေါ်မှာ ချက်ချင်းပင် ကြောက်လန့်တကြား ဖြစ်သွားခဲ့လေသည်။
"ဥက္ကဋ္ဌကောင်း... ကျွန်တော့်ကို ချမ်းသာပေးပါ..."
ကောင်းယွမ်သည် ရယ်မောလိုက်၏။
"အခုမှ ငါ ဘယ်သူလဲဆိုတာ သိပြီပေါ့လေ... အရင်တုန်းကတော့ ဘယ်သူမှ စကားမပြောကြဘူး မဟုတ် လား... မင်းက အရင် စကားစပြောတော့လည်း မင်း အရင် စဖြေပေါ့... မေးခွန်း သုံးခု... အဲဒါတွေကို ဖြေနိုင်ရင် မင်း အသက်ရှင်ခွင့်ရမယ်..."
လွီပေါ်သည် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်လေသည်။
လူတစ်ယောက်သည် မျှော်လင့်ချက်မဲ့လေလေ သူ၏ ဘဝနောက်ဆုံးအချိန်များတွင် သေရမည်ကို ပို၍ ကြောက်ရွံ့လေလေ ဖြစ်ပေ၏။
"ငါ့ကို ပြန်ပေးဆွဲဖို့ ဘယ်သူက ခိုင်းတာလဲ..."
လွီပေါ်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ လီကျန်းကျီကို လက်ညှိုးထိုးပြလိုက်လေသည်။
သူသည် မပီတပီ တရုတ်စကားဖြင့် ပြောလိုက်၏။
"သူပါ... သူက ကြယ်ကိုးစင်းအုပ်စု ဥက္ကဋ္ဌရဲ့ တရားမဝင် သားပါ... သူ့နာမည်က လီကျန်းကျီ တဲ့..."
ကောင်းယွမ်သည် ပြုံးလိုက်လေသည်။
"အရမ်းကောင်းတယ်... ဆက်ပြော... ဒုတိယ မေးခွန်း... ငါ့ကို ပြန်ပေးဆွဲတဲ့ ရည်ရွယ်ချက်က ဘာလဲ..."
လွီပေါ်သည် ခဏမျှ တွေဝေသွားပြီးနောက် ပြောလိုက်လေ၏။
"ကျွန်တော်လည်း မသိပါဘူး... လီကျန်းကျီနဲ့ အခုမှ စသိတာပါ... မနေ့ညက သူ ကျွန်တော့်ဆီ ရောက် လာပြီး အကူအညီတောင်းခဲ့တာပါ... ဒီနေရာမှာ စောင့်နေပြီး ခင်ဗျားကို ဖမ်းမိပြီးရင်... ပဲခူးတောင်ဘက် က မော်လမြိုင်ဆိပ်ကမ်းကို ပို့ပေးဖို့ ပြောခဲ့တာပါ... အဲဒီမှာ ပင်လယ်ထဲထွက်မယ့် ကျွန်တော့်ရဲ့ လှေငယ် လေးတစ်စီး ရှိတယ်လေ... ကျွန်တော်သာ လူတွေကို အဲဒီကို ပို့ပေးနိုင်ရင် သူက ငွေအမြောက်အမြား ပေးမယ့်အပြင် နောင်ကျရင် ကျွန်တော့်ရဲ့ ကုန်ပစ္စည်းတွေကလည်း ကြယ်ကိုးစင်းအုပ်စုရဲ့ လမ်းကြောင်း တွေကနေတစ်ဆင့် သွားလို့ရမယ်လို့ ပြောခဲ့ပါတယ်..."
ကောင်းယွမ်သည် လီကျန်းကျီကို ကြည့်လိုက်လေသည်။
သူ၏ မျက်နှာမှာ သွေးဆုတ်ကာ ဖြူရော်နေသည်ကို သူတို့ သတိပြုမိလိုက်ကြ၏။
ကောင်းယွမ်သည် သူ့ကို လျစ်လျူရှုထားလိုက်ပြီး လွီပေါ်ကို ဆက်မေးလိုက်လေသည်။
"နောက်ဆုံးတစ်ခု... ကောင်းကောင်း ဖြေနိုင်ရင် မင်း သွားလို့ရပြီ..."
လွီပေါ်သည် ချက်ချင်းပင် ဦးညွှတ်လိုက်လေ၏။
"ကျွန်တော် သိထားတာမှန်သမျှ အကုန် ပြောပြပါ့မယ်..."
"မင်း အမေရဲ့ မျိုးရိုးနာမည်က ဘာလဲ..."
ဟင်။ လွီပေါ်မှာ ဇဝေဇဝါ ဖြစ်သွားပြီး ကောင်းယွမ်၏ ဆိုလိုရင်းကို နားမလည်သည့်အလား ကောင်းယွမ် ကို ကြည့်နေခဲ့လေသည်။
ကောင်းယွမ်သည် သုံးစက္ကန့်မျှ စောင့်ဆိုင်းလိုက်သော်လည်း လွီပေါ်၏ အဖြေကို မရရှိခဲ့သဖြင့် သက်ပြင်းချလိုက်လေ၏။
"ကြည့်စမ်း... ငါ မင်းကို အခွင့်အရေးပေးခဲ့ပေမဲ့ မင်းက မယူခဲ့ဘူးလေ... အန်းရီ... မင်း ရှင်း လိုက်လို့ရ ပြီ..."
"ဟင်... မဟုတ်ဘူး... ကျွန်တော့်အမေရဲ့ မျိုးရိုးနာမည်က မန် ပါ..."
"နောက်ကျသွားပြီ..."
...
လျှပ်စစ်လှောင်အိမ်ထဲတွင် ကျန်ရှိနေသော လူသုံးဦးမှာ ပုံမှန် တောင်ပိုင်းတိုင်းပြည် မျက်နှာပေါက်မျိုး ရှိကြပြီး တောင်ပိုင်းတိုင်းပြည်မှ ဖြစ်ပုံရလေသည်။
ကောင်းယွမ်သည် သူတို့ကို ကြည့်လိုက်လေ၏။
"အခု မင်းတို့ သုံးယောက်ပဲ ကျန်တော့တယ်... ငါတို့ ဆက်လုပ်ကြမလား..."
လီကျန်းကျီသည် ရုတ်တရက် အော်ဟစ်လိုက်လေသည်။
"မင်း ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူးမလား..."
"မင်းပဲ ခန့်မှန်းကြည့်လိုက်လေ..."
လီကျန်းကျီ၏ မျက်လုံးများမှာ နီရဲလာခဲ့ပြီး မိနစ်အနည်းငယ်အတွင်း သွေးကြောများ ယှက်သန်းလာ ခဲ့လေ၏။
"မင်း ငါတို့ကို သတ်မှာပဲ... ငါ တစ်ခွန်းမှ မပြောဘူး..."
"တကယ်လား... တကယ်တော့ မင်း လောင်းကြေးထပ်ကြည့်လို့ ရပါတယ်... ဘာပဲဖြစ်ဖြစ် ငါ သိချင် တာတွေကို ငါ သိပြီးပြီလေ... အကယ်၍ မင်း တကယ်ပဲ ပူးပေါင်းမပါဝင်ဘူးဆိုရင်တော့... အန်းရီ..."
လီကျန်းကျီ၏ ခန္ဓာကိုယ်မှာ ပျော့ခွေကျသွားခဲ့လေသည်။
"ငါ... ပြောပါ့မယ်..."
"ကြည့်စမ်း... ဒီလိုဆိုတော့ ပိုကောင်းမသွားဘူးလား..."
"မင်းက မိစ္ဆာပဲ..."
ကောင်းယွမ် ရယ်မောလိုက်လေ၏။
"မင်းက ရှနိုင်ငံသား တစ်ယောက်ကို ပြန်ပေးဆွဲဖို့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ယောက်နဲ့ ပူးပေါင်း ပြီးတော့ အခု ငါ့ကို မိစ္ဆာလို့ ခေါ်နေတာလား... ဟား... မင်းတို့ တောင်ပိုင်းတိုင်းပြည်... မင်းတို့ အုပ်စုရဲ့ ယုတ္တိဗေဒက တော်တော်လေး ကောင်းလွန်းတယ်..."
"ငါ..."
"ကောင်းပြီ... ကစားပွဲ စလိုက်ကြရအောင်... ပထမ မေးခွန်း... ငါ့ကို ပြန်ပေးဆွဲတာက ကြယ်ကိုးစင်း အုပ်စုလား ဒါမှမဟုတ် အမေရိကန်လား... အော်... ပြီးတော့ မင်းတို့သုံးယောက် အရင်ဖြေလို့ ရတယ်... အကောင်းဆုံး ဖြေနိုင်တဲ့သူ အသက်ရှင်ခွင့်ရမယ်..."
အသက်ရှင်လျက် ကျန်ရှိနေသေးသော လူသုံးဦးအနက် နှစ်ဦးမှာ လီကျန်းကျီ၏ သက်တော်စောင့်များ ဖြစ်ကြလေသည်။ သက်တော်စောင့် နှစ်ဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ဦး၏ အဓိပ္ပာယ်ကို အခြားတစ်ဦးက လျင်မြန်စွာ နားလည်သွားခဲ့ကြ၏။
မေးခွန်းကို အမြန်ဖြေဆိုရန် ဖြစ်ပေ၏။
လီကျန်းကျီ စကားမပြောနိုင်မီမှာပင် သက်တော်စောင့်တစ်ဦးက ဖြတ်ပြောလိုက်လေသည်။
သို့သော် သူက တောင်ပိုင်းတိုင်းပြည် ဘာသာစကားဖြင့် ပြောလိုက်သောကြောင့် ကောင်းယွမ်မှာ အတော်လေး မကျေမနပ် ဖြစ်သွားခဲ့ပေ၏။
"အန်းရီ..."
မကြာမီမှာပင် လျှပ်စစ်လှောင်အိမ်ထဲတွင် လူနှစ်ဦးသာ ကျန်ရှိတော့လေသည်။
"မင်းတို့ မြန်မြန် ဖြေလို့ ရတယ်... ဒါပေမဲ့ တရုတ်စကားနဲ့ ပြောတာ အကောင်းဆုံးပဲ... ဘယ်သူမှ မဖြေဘူးဆိုရင်တော့ ကျပန်း ရွေးလိုက်မယ်... ကောင်းကောင်း ဖြေနိုင်တဲ့သူ အသက်ရှင်ခွင့်ရမယ်... သေချာတာပေါ့... လိမ်မပြောတာ အကောင်းဆုံးပဲ... ဒီလူကို မြင်တယ်မလား... မင်းတို့အပေါ် ယုံကြည်စိတ်ချရမှု မရှိဘူးလို့ သူ ဆုံးဖြတ်လိုက်ရင်တော့... ကောင်းပြီလေ... ရလဒ်ကတော့..."
ကောင်းယွမ်သည် အန်းရီကို လက်ညှိုးထိုးပြလိုက်လေ၏။
လီကျန်းကျီသည် သူ၏ သက်တော်စောင့်ကို တုန်ရီစွာ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် တောင်းပန်လိုမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
သို့သော် သူ၏ သက်တော်စောင့်က သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။
ယင်းအစား သူသည် မေးခွန်းကို တရုတ်စကားဖြင့် တတွတ်တွတ် စတင်ဖြေကြားလေတော့၏။
"ရှနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့လူတွေက နည်းပညာအချို့ကို ခိုးယူဖို့ ကြိုးစားနေခဲ့တာပါ... ဒါပေမဲ့ မနေ့ည က အမေရိကန်ကနေ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့ပါတယ်... မော်ဂန်ပါ... မော်ဂန်အုပ်စုက ကြယ်ကိုးစင်း အုပ်စုရဲ့ အဓိက အစုရှယ်ယာရှင်တွေပါ... ခင်ဗျားကို ထိန်းချုပ်ဖို့အတွက် ရှနိုင်ငံထဲကို ကျွန်တော်တို့လူ တွေကို သူတို့က လွှတ်ခဲ့တာပါ... ပြီးတော့ ဖြစ်နိုင်ရင် ခင်ဗျားဆီကနေ နောက်ဆုံးပေါ် တည်းဖြတ်စက် နည်းပညာကို ရယူဖို့ပါ... နည်းပညာကို ရပြီးရင်တော့... ပြီးရင်တော့..."
"ကောင်းပြီ... ငါ နားလည်ပြီ... ဒါဆိုရင် ငါ့ကို မင်းတို့ သတ်ပစ်မယ်ပေါ့... ဟုတ်လား..."
သက်တော်စောင့်သည် ခေါင်းညိတ်လိုက်လေ၏။
ကောင်းယွမ်သည် မော်ဂန်ဆိုသော နာမည်တစ်ခုကို မှတ်မိသွားခဲ့ပေသည်။
မှန်ကန်သော သူကို ရှာတွေ့သွားပုံရလေ၏။
"အရမ်းကောင်းတယ်... မင်းကို ငါ အထူးအခွင့်အရေး ပေးနိုင်တယ်... မင်း အခု ထွက်လာလို့ ရပြီ..."
သူ စကားပြောပြီးသည်နှင့် သက်တော်စောင့်၏ ဘေးရှိ လျှပ်စစ်စီးကြောင်းမှာ ပျောက်ကွယ်သွားခဲ့ လေသည်။ သက်တော်စောင့်သည် ခဏမျှ တွေဝေသွားပြီးနောက် အထဲမှနေ၍ ချက်ချင်း တွားသွားကာ ထွက်လာခဲ့ပြီး နောက်ဆုံးတွင် ပြတ်တောင်းပြတ်တောင်း လျှပ်စစ်ရှော့ခ်တိုက်ခံရခြင်းမှ လွတ်မြောက် သွားခဲ့လေ၏။
ကောင်းယွမ်က ဆက်ပြောလိုက်လေသည်။
"အခု ဒုတိယ မေးခွန်း..."
"ကြယ်ကိုးစင်းအုပ်စု ဥက္ကဋ္ဌကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ သိတဲ့သူ ရှိလား..."
သက်တော်စောင့်နှင့် လီကျန်းကျီတို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး ဖုန်းများကို ထုတ်လိုက်ကြလေ၏။
"ငါ... ငါ့မှာ အထူးပြုလုပ်ထားတဲ့ ဖုန်းရှိတယ်... အဲဒါက ခိုးနားထောင်လို့ မရဘူး... တည်နေရာ ခြေရာခံ လို့လည်း မရဘူး... အဟွတ် အဟွတ်... ငါ့ဖုန်းထဲမှာ နံပါတ်တွေ ရှိတယ်... အခု ချက်ချင်း ခေါ်လို့ရ တယ်..."
လီကျန်းကျီသည် သူ ဖြတ်ပြောလိုက်မိသောကြောင့် သွေးထွက်လာသည်အထိ လျှာကို ကိုက်မိသွားခဲ့ပြီး လျှပ်စစ်စီးကြောင်း ဖြတ်သန်းသွားသည့်အခါ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့သည် အလို အလျောက် တဆတ်ဆတ် တုန်ယင်သွားခဲ့လေသည်။
သူ၏ သက်တော်စောင့်သည်လည်း သူ၏ ကိုယ်ပိုင်ဖုန်းကို ကိုင်ထားခဲ့လေ၏။
"ကျွန်တော်လည်း ဆက်သွယ်လို့ ရပါတယ်..."
"ကောင်းပြီလေ... ငါ မင်းတို့ကို အခွင့်အရေး ပေးမယ်... အရင် ခေါ်နိုင်တဲ့သူ အနိုင်ပဲ... ဘယ်လိုလဲ..."
မည်သို့ပင်ဆိုစေကာမူ လီကျန်းကျီသည် ကြယ်ကိုးစင်းအုပ်စု ဥက္ကဋ္ဌ၏ သားဖြစ်သောကြောင့် သူ၏ ဘေးနားရှိ သက်တော်စောင့်များအားလုံးမှာ သူ ကိုယ်တိုင် ရွေးချယ်ထားသူများ ဖြစ်ကြပေသည်။ သူတို့ သည် လုံခြုံရေးပိုင်းတွင်သာမက စီးပွားရေးပိုင်းတွင်ပါ ကျွမ်းကျင်သူများ ဖြစ်ကြလေ၏။
အမှန်တကယ်တော့ သူတို့သည် သခင်လေးကို ကူညီပေးရသည့် ပရော်ဖက်ရှင်နယ် လုံခြုံရေး မန်နေဂျာ များ ဖြစ်ကြပေသည်။
ထို့ကြောင့် ဤသက်တော်စောင့်သည် ကြယ်ကိုးစင်းအုပ်စု ဥက္ကဋ္ဌကို တိုက်ရိုက် ဆက်သွယ်နိုင်သည့် အရည်အချင်းလည်း ရှိပေသည်။
ဤအချိန်တွင် ထိုနှစ်ဦးမှာ ရူးသွပ်စွာဖြင့် နံပါတ်များကို ခေါ်ဆိုနေကြလေ၏။
သက်တော်စောင့်သည် အကြိမ်ပေါင်းများစွာ ခေါ်ဆိုရန် ကြိုးစားခဲ့သော်လည်း အချက်ပြလိုင်း မတည် ငြိမ်မှုကြောင့် အကြိမ်တိုင်းတွင် ကျရှုံးခဲ့ရပြီး စိုးရိမ်ပူပန်မှုများဖြင့် ချွေးများ ရွှဲရွှဲစိုနေခဲ့ပေသည်။
လီကျန်းကျီသည် သူ၏ ဖုန်းနံပါတ်များကို ဆက်တိုက် ပြောင်းလဲနေခဲ့လေ၏။
နောက်ဆုံးတွင် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသော 'တီ တီ' ဟူသည့် အသံ ထွက်ပေါ်လာခဲ့ပေ သည်။
သူသည် အလွန် ဝမ်းသာသွားခဲ့လေသည်။
"ချိတ်သွားပြီ... ချိတ်သွားပြီ... မြန်မြန် ဖြေပါ... မြန်မြန် ဖြေစမ်းပါ..."
ကောင်းယွမ်သည် လီကျန်းကျီကို လွှတ်ပေးရန် အန်းရီကို အချက်ပြလိုက်လေ၏။ အပြင်ဘက်ရှိ သက်တော်စောင့်မှာမူ အခွင့်အရေး မရှိတော့သည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် ခုန်ထွက်လာကာ ကျန်းပိုင်ရီအပေါ်သို့ ခုန်အုပ်လိုက်ပြီး ကောင်းယွမ်ကို ခြိမ်းခြောက်ရန်အတွက် ကျန်းပိုင်ရီကို ဖမ်းဆွဲရန် ကြိုးစားလိုက်လေသည်။
သို့သော် သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် အန်းအာ့၏ လက်ဖဝါးထဲမှ လေဆာတန်းတစ်ခု ပစ်လွှတ်လိုက်လေ၏။
ကောင်းယွမ်သည် လီကျန်းကျီကို ကြည့်ကာ ဖုန်းချိတ်ဆက်သွားမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့လေ သည်။
အကြိမ်အနည်းငယ် မြည်ပြီးနောက် တစ်ဖက်မှ တစ်ယောက်ယောက်က ဖြေကြားလာခဲ့ပေ၏။
လီကျန်းကျီသည် အခန်းထဲသို့ အရေးတကြီး စကားပြောလိုက်လေသည်။ ကောင်းယွမ်က သူပြော သည်ကို နားမလည်သော်လည်း ဘေးနားရှိ ကျန်းပိုင်ရီကမူ နားလည်ပေ၏။
"လောင်ကောင်း... ဒီကောင်က သူ့အမေဆီကို ဖုန်းခေါ်နေတာ... သူ့အဖေ ရှိလားလို့ မေးနေတယ်... ဟေ... သူ ကံကောင်းတာပဲ... အဲဒီ ကြယ်ကိုးစင်းအုပ်စု ဥက္ကဋ္ဌ အဘိုးကြီးက တကယ်ပဲ အဲ့နေရာမှာ ရှိနေတယ်..."
လီကျန်းကျီသည်လည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖုန်းကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကိုင်ကာ ကောင်းယွမ်ဆီသို့ ကမ်းပေးလိုက်လေသည်။ အန်းရီ လျှောက်သွားပြီး ထိုဖုန်းကို ယူကာ ကောင်းယွမ် ထံသို့ ပေးလိုက်လေ၏။
လုံခြုံရေး အကြောင်းပြချက်များကြောင့် ကောင်းယွမ်သည် ဖုန်းကို မကိုင်တွယ်ခဲ့ပေ။ ယင်းအစား သူက အန်းရီကို ကိုင်ခိုင်းထားပြီး အသံလွှဲပြောင်းမှု လုပ်ဆောင်ချက်ကို သတ်မှတ်လိုက်လေသည်။
ကောင်းယွမ်သည် သူ၏ ဖုန်းထဲသို့ စကားပြောလိုက်သည်နှင့် သူ၏ အသံကို တိုက်ရိုက် လွှင့်ထုတ်နိုင် မည် ဖြစ်ပေ၏။
"ကျွန်တော်က ကောင်းယွမ်ပါ... ခင်ဗျားသား ကျွန်တော့်လက်ထဲမှာ ရှိတယ်..."
ကောင်းယွမ် စကားပြောပြီးနောက် ဤစကားစုသည် အတော်လေး ရင်းနှီးနေသကဲ့သို့ ရုတ်တရက် ခံစား လိုက်ရလေသည်။
တစ်ဖက်တွင်မူ လီပင်းရှီးသည် ဒေါသထွက်နေခဲ့လေ၏။
"မင်းက ရှနိုင်ငံကလား... ငါ့သားကို အခုချက်ချင်း လွှတ်ပေး... မဟုတ်ရင် ဖြစ်လာမယ့် ပြဿနာတွေ အားလုံးအတွက် မင်း တာဝန်ယူရလိမ့်မယ်..."
"ကျေးဇူးပြုပြီး... လူလို စကားပြောပါ... ခင်ဗျားက အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေဦးမယ်ဆိုရင် ကျွန်တော်တို့ ဆက်ပြီး ဆက်သွယ်နေစရာ အကြောင်းမရှိတော့ဘူး..."
ဘေးမှနေ၍ ညှိနှိုင်းမှုများ ပျက်ပြားလုနီးပါး ဖြစ်နေသည်ကို ကြည့်နေသော လီကျန်းကျီမှာ ချွေးစေးများ ပြန်လာခဲ့ပေသည်။ အကယ်၍ ညှိနှိုင်းမှုသာ ကျရှုံးသွားပါက သေရမည့်သူမှာ သူပင် ဖြစ်လေ၏။
သူသည် မိုက်ခရိုဖုန်းထဲသို့ စကားအချို့ ပြောလိုက်လေသည်။
မကြာမီမှာပင် တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့ပေ၏။
"ဥက္ကဋ္ဌကောင်း... ကျွန်မက ကျန်းကျီရဲ့ အမေပါ... ကျွန်မရဲ့ ညံ့ဖျင်းတဲ့ တရုတ်စကားအတွက် ခွင့်လွှတ် ပေးပါရှင်... ကျွန်မတို့ အခု စကားပြောလို့ ရပါပြီ..."
"ကောင်းပြီလေ... ဒီကမ္ဘာမှာ ဆွေးနွေးလို့ မရနိုင်တဲ့ ကိစ္စဆိုတာ မရှိပါဘူး... ဟုတ်တယ်မလား..."
"ဥက္ကဋ္ဌကောင်း ပြောတာ မှန်ပါတယ်... ဥက္ကဋ္ဌကောင်းမှာ ငွေကြေး လိုအပ်ချက်မှ မရှိတာပဲ... ဒီတစ်ကြိမ် တော့ ကျန်းကျီဘက်က မှားသွားတာမို့ သူ့ကိုယ်စား ကျွန်မတို့ တောင်းပန်ပါတယ်... ဥက္ကဋ္ဌကောင်းအနေ နဲ့ ဘယ်လို လျော်ကြေးမျိုး လိုချင်တယ်ဆိုတာကိုလည်း ပြောနိုင်ပါတယ်..."
"လျော်ကြေးလား... ကြယ်ကိုးစင်းအုပ်စုအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းဖုန်း ဈေးကွက်ကို ထိန်းချုပ်နိုင် ဖို့ အစွမ်းကုန် ကြိုးစားပေးဖို့ ကျွန်တော် လိုချင်တယ်... ပြီးတော့ ရှနိုင်ငံ ဈေးကွက်ကို အောင်နိုင်ဖို့အ တွက် ကြယ်ကိုးစင်းအုပ်စုကို ကျွန်တော် ကူညီပေးမယ်... ဘယ်လိုလဲ..."
"ရှင်... ဒါက..."