← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း (၆၆)

ရှနိုင်ငံ ချစ်ပ်ပြား မဟာမိတ်အဖွဲ့

ကောင်းယွမ်သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်လေသည်။

"လူနှစ်ယောက် ရောက်လာတယ်... တစ်ယောက်က ကျိုးယွမ်ပေါ်ကဲဆီက ဖြစ်ပုံရပြီး နောက်တစ် ယောက်ကတော့ တောင်ပိုင်းမင်းဆက်က ဖြစ်ရမယ်... ဒါပေမဲ့ သူတို့က ဘယ်သူတွေလဲဆိုတာတော့ ကျွန်တော် မသိဘူး... သူတို့က ကျွန်တော့်ဆီက တည်းဖြတ်စက် နည်းပညာကို လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ကြတာ..."

"အဲဒီနောက် ဘာဆက်ဖြစ်သလဲ..."

"တည်းဖြတ်စက် နည်းပညာဆိုတာက အလွန်ရှုပ်ထွေးတဲ့ စနစ်တစ်ခုလေ... ဒါကြောင့် နည်းပညာဆိုင် ရာ စာရွက်စာတမ်းအားလုံးကို ကျွန်တော့်ဆီမှာ အမြဲတမ်း ဆောင်ထားလို့ မရဘူး... ဒါ့အပြင် ဒီနည်း ပညာဟာ သုတေသနအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကိုယ်စားပြုနေတာကြောင့် ကျွန်တော် ဧကန် မုချ မပေးနိုင်ခဲ့ဘူး... နောက်ပိုင်းမှာ အပြင်ဘက်ကနေ တစ်ခုခုကို ကြိတ်ခြေနေတဲ့ အသံမျိုး ကြားလိုက် ရတယ်... အဲဒါနဲ့ သူတို့ အပြင်ကို ထွက်သွားကြတာပဲ... ပြီးတော့မှ ခင်ဗျားတို့ ရောက်လာပြီး သူတို့ကို ကယ်တင်လိုက်တာပေါ့..."

ကျန်းကျိုချီသည် မျက်မှောင်ကြုတ်လိုက်၏။ သူတို့ ရောက်ရှိလာစဉ်က သစ်ပင်များနှင့် သတ္တဝါများမှာ ကြိတ်ခြေခံထားရသကဲ့သို့ ဖြစ်နေသည့် ကျယ်ပြန့်သော လမ်းကြောင်းတစ်ခုကို တွေ့ရှိခဲ့ရသည်။ ၎င်းမှာ ကြီးမားသော စက်ယန္တရားကြီးတစ်ခုဖြင့် ပြုလုပ်ထားသကဲ့သို့ပင် ဖြစ်ပေသည်။

သို့သော်လည်း အခင်းဖြစ်ပွားရာနေရာတွင် မည်သည့်စက်ကိရိယာကိုမျှ မတွေ့ရှိခဲ့ရပေ။

ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သည်မှာ သိသာလှပေသည်။

၎င်းမှာ အလွန်ထူးဆန်းနေသော်လည်း တစ်ကိုယ်ရေသုံး ယာဉ်ပျံဖြင့် ထွက်ပြေးသွားသော လူနှစ် ယောက်ကို ဖမ်းမိမှသာ ဤနက်နဲသောအရာကို ဖြေရှင်းနိုင်ပေလိမ့်မည်။

"ဥက္ကဋ္ဌကောင်းနဲ့ ဒုဥက္ကဋ္ဌကျန်း... ခင်ဗျားတို့ အနားယူကြပါဦး... မနက်ဖြန်မနက် ရှနိုင်ငံကို ပြန်ဖို့အတွက် စီစဉ်ထားပြီးပါပြီ... ကျွန်တော်ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးမှာပါ..."

"ဒါဆိုရင်တော့ ကပ္ပတိန်ကျန်းကို အားနာရတော့မှာပဲ..."

ကျန်းကျိုချီ ထွက်သွားပြီးနောက် ကျန်းပိုင်ရီသည် ကောင်းယွမ်ကို တစ်ချက် ကြည့်လိုက်လေသည်။

စကားလုံးများဖြင့် ဖော်ပြရန်မလိုဘဲ အရာအားလုံးကို နားလည်နေကြပြီ ဖြစ်၏။

ကောင်းယွမ်၏ လက်ထဲတွင် ရှိနေသော ထူးဆန်းထွေလာ နည်းပညာများကို ကျန်းပိုင်ရီ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ဤအရာများသည် အမှန်တကယ်ပင် ရှင်းပြရန် ခက်ခဲလှသဖြင့် ယခုကဲ့သို့ အဆုံးသတ်သွားခြင်းမှာ အကောင်းဆုံးပင် ဖြစ်ပေသည်။

ထို့အပြင် သူတို့၏ ရန်သူများမှာ ကြယ်ကိုးစင်းနှင့် မော်ဂန်တို့ဖြစ်ကြောင်း သူတို့နှစ်ဦးလုံး သိရှိပြီးဖြစ် ပေသည်။

နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ ကလဲ့စားချေရန်သာ ဖြစ်၏။

ဤအကြောင်းအရာများကို လူသိရှင်ကြား ပြော၍မရသလို ပြောလိုက်လျှင်လည်း ထူးခြားလာမည် မဟုတ်ပေ။ အဆုံးတွင် ၎င်းတို့မှာ ရှနိုင်ငံ၏ ကုမ္ပဏီများ မဟုတ်ကြပေ။ အမေရိကန်သည် အင်အား တောင့်တင်းနေသရွေ့ ကြယ်ကိုးစင်းနှင့် မော်ဂန်တို့သည် ဘေးကင်းနေမည်သာ ဖြစ်သည်။

အစိုးရအနေဖြင့် အများဆုံး လုပ်ဆောင်နိုင်သည်မှာ ၎င်းတို့နှင့် စီးပွားရေး အဆက်အသွယ် ဖြတ်တောက် ခြင်းသာ ရှိပေလိမ့်မည်။

အကယ်၍ ကောင်းယွမ်ကသာ အရေးယူဆောင်ရွက်မည်ဆိုပါက ၎င်းတို့၏ သေဆုံးမှုမှာ ယခုထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ကျန်းပိုင်ရီ ယုံကြည်နေမိလေသည်။

ကောင်းယွမ်သည် ကြယ်ကိုးစင်းအတွက် ကျင်းတစ်ခု တူးထားပြီးဖြစ်ကာ ၎င်းတို့ ခုန်ဆင်းလာမည် ကိုသာ စောင့်ဆိုင်းနေခဲ့လေသည်။

ထို့နောက်တွင်တော့...၊

မည်သူမျှ ကောင်းယွမ်နှင့် ကျန်းပိုင်ရီကို လာရောက် မနှောင့်ယှက်တော့ပေ။

သူတို့နှစ်ဦးသည်လည်း မည်သည့်ပြဿနာမျှ မရှာဘဲ ဆေးရုံတွင်သာ အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြ လေသည်။ နောက်တစ်နေ့ နံနက်တွင်တော့ လေယာဉ်ဖြင့် ရှနိုင်ငံသို့ ပြန်လာခဲ့ကြလေတော့သည်။

နေရပ်သို့ ပြန်ရောက်ပြီးနောက်...၊

ကောင်းယွမ်သည် သိပ္ပံနှင့် နည်းပညာဥယျာဉ်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ ချက်ချင်းပင် စိတ်လက်ပေါ့ပါးသွားခဲ့ရလေသည်။

အပြင်ဘက် အစွန်ပိုင်းရှိ ရွာသားများမှအပ ကျန်ရှိသော အတွင်းပိုင်းတစ်ခုလုံးတွင် စက်ရုပ်များဖြင့်သာ ဖွဲ့စည်းထားသဖြင့် အလွန်ပင် စိတ်ချရပေသည်။

ထိုစဉ် ရှလင်သည် ဝန်ထမ်းတစ်စုနှင့်အတူ ကောင်းယွမ်နှင့် ကျန်းပိုင်ရီကို လာရောက် ကြိုဆိုခဲ့ လေသည်။

တွေ့ဆုံသည့်အခါ၊

"ဥက္ကဋ္ဌကောင်းနဲ့ ဒုဥက္ကဋ္ဌကျန်း... အိမ်ပြန်လာတာကို ကြိုဆိုပါတယ်..."

"ဟုတ်ကဲ့... ကျွန်တော် အိမ်ပြန်ရောက်ပါပြီ..."

ကောင်းယွမ်က မေးလိုက်လေသည်။

"လတ်တလော သိပ္ပံနဲ့ နည်းပညာဥယျာဉ်ရဲ့ အခြေအနေတွေ ဘယ်လိုရှိသလဲ..."

"ဥက္ကဋ္ဌကောင်း... ကံကောင်းထောက်မစွာနဲ့ ချစ်ပ်ပြား ထုတ်လုပ်မှု စွမ်းအားက (၁၂၀) ရာခိုင်နှုန်း ထပ်တိုး လာခဲ့ပါတယ်... အခုဆိုရင် တာမီနဲ့ လုံရှင်းတို့ ပေါင်းလိုက်ရင် ချစ်ပ်ပြား ဈေးကွက်ရဲ့ (၆၅) ရာခိုင်နှုန်းကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်..."

"ဒါက ကောင်းတဲ့ အလားအလာပဲ... ဒါပေမဲ့ ကျွန်တော်တို့ ဈေးကွက်ဝေစုကို ဆက်ပြီး ချဲ့ထွင်ဖို့ လိုသေး တယ်... ဘယ်ကုမ္ပဏီတွေက ကျွန်တော်တို့ ချစ်ပ်ပြားတွေကို အသုံးမပြုသေးတာလဲ..."

ရှလင်သည် ဇယားတစ်ခုကို ထုတ်ယူလိုက်ပြီး၊

"ဥက္ကဋ္ဌကောင်း... လက်ရှိမှာ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေက အဆင့်မြင့်မိုဘိုင်းဖုန်း ထုတ်လုပ်သူ တွေ၊ ကွန်ပျူတာ ထုတ်လုပ်သူတွေနဲ့ အဆင့်မြင့်ကား ထုတ်လုပ်သူတွေ ဖြစ်ကြပါတယ်... သာမန် မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အလတ်တန်းစား စမတ်ကားတွေကတော့ တာမီလုံရှင်းကိုပဲ ရွေးချယ် ကြပါတယ်... ကျွန်တော်တို့ ချစ်ပ်ပြားကို အသုံးမပြုတဲ့ သူတွေကတော့ နိုင်ငံခြားက ရိုးရိုးစမတ်ပစ္စည်း ထုတ်လုပ်သူတွေနဲ့ အခြေခံအဆင့် စမတ်ဖုန်း၊ ကားထုတ်လုပ်သူတွေပဲ ဖြစ်ပါတယ်... "

"သူတို့ရဲ့ စွမ်းဆောင်ရည် လိုအပ်ချက်က သိပ်မမြင့်တာကြောင့် ရိုးရိုး( ၂၂) နာနိုမီတာ နည်းပညာသုံး ချစ်ပ် ပြားတွေကိုပဲ သုံးကြတာပါ... ကျွန်တော်တို့ ချစ်ပ်ပြားတွေက ဈေးမကြီးဘူး ဆိုပေမဲ့ (၂၂) နာနိုမီတာ ချစ်ပ်ပြားတွေထက် (၅၀) ရာခိုင်နှုန်းလောက် ပိုများနေပါသေးတယ်..."

ကောင်းယွမ်သည် မျက်မှောင်ကြုတ်လိုက်ကာ၊

"အဲဒီ (၂၂) နာနိုမီတာ ချစ်ပ်ပြားတွေကို ဘယ်သူတွေ ထုတ်တာလဲ..."

"အများစုက ဂေါ့ထုန်းက ဖြစ်ပြီး ကျန်တာတွေကတော့ ယွမ်သျှမ်နဲ့ ရှရှင်း နိုင်ငံတကာကုမ္ပဏီဆီက အနည်းငယ်စီပဲ ဖြစ်ပါတယ်..."

ကောင်းယွမ်သည် ခဏမျှ စဉ်းစားလိုက်၏။

"ခဏနေရင် ရှရှင်း နိုင်ငံတကာကုမ္ပဏီက ချန်ကျိုကဲကို ကျွန်တော့်အတွက် ဆက်သွယ်ပေးပါဦး..."

ကောင်းယွမ်သည် ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြားဈေးကွက်ကို လက်ဝါးကြီးအုပ်ချင်သော်လည်း ၎င်းကို ကိုယ်တိုင်လုပ်ဆောင်ရန် အချိန်နှင့် ခွန်အား မရှိပေ။ သူသည် အလတ်တန်းစားနှင့် အဆင့်မြင့်ဈေးကွက် ကို အာရုံစိုက်ပြီး အခြေခံနှင့် အလတ်တန်းစား ဈေးကွက်ကို တာမီထံ လွှဲပေးထားသော်လည်း အခြေခံ ဈေးကွက်တွင် လိုအပ်ချက်များ ရှိနေသေးသည်။

ထို့ကြောင့် ကောင်းယွမ်သည် ရှရှင်း နိုင်ငံတကာကုမ္ပဏီ၏ ထုတ်လုပ်မှု စွမ်းအားနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် စီစဉ်လိုက်ခြင်း ဖြစ်၏။ အကယ်၍ ဈေးနှုန်းမှာ နိုင်ငံတကာ ဈေးကွက်ထက် သက်သာ ပြီး စွမ်းဆောင်ရည်မှာ ပိုမြင့်မားနေမည်ဆိုလျှင် မည်သူမဆို ၎င်းကိုသာ ရွေးချယ်ကြမည်မှာ အမှန်ပင် ဖြစ်ပေသည်။

ရှရှင်း နိုင်ငံတကာကုမ္ပဏီသည် ဈေးကွက်ဝေစု အချို့ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ ၎င်းတို့အနေဖြင့် ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် ဖြစ်နိုင်ချေရှိပေသည်။

ကောင်းယွမ်သည် ဤကမ္ဘာပေါ်ရှိ အရင်းရှင်များကို တိုက်ခိုက်ရန်အတွက် လုံလောက်သော မဟာမိတ် များကို စုစည်းရန် လိုအပ်ပေသည်။

ထို့အပြင် နိုင်ငံတကာ ဈေးကွက်၏ (၉၀) ရာခိုင်နှုန်းကို လက်ဝါးကြီးအုပ်နိုင်လျှင် သူတို့ ပေါင်းစည်းလိုက် သည့်အခါ ဈေးနှုန်းသတ်မှတ်နိုင်စွမ်းနှင့် ဈေးကွက်အပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိလာမည် ဖြစ်၏။

ထိုအချိန်တွင် အမေရိကန်သည် သူ့အပေါ် ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန် ဝံ့ရဲတော့မည် မဟုတ် ပေ။

ဤကာလအတွင်းမှာပင်...၊

အမေရိကန်နိုင်ငံသည် အမှန်တကယ်ပင် ဆူပူလှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

ဂျက်ခ်၏ ဗီဒီယိုမှာ ဖျက်ချခံလိုက်ရသော်လည်း အမေရိကန် ပြည်သူများ၏ နှလုံးသားထဲတွင် သံသယ မျိုးစေ့များကို ချထားနိုင်ခဲ့ပြီ ဖြစ်၏။

အမေရိကန် အကြီးအကဲ၏ ထောက်ခံမှုနှုန်းမှာ ကျဆင်းနေသော်လည်း သူ့တွင် သစ္စာရှိသော ထောက်ခံ သူများ ရှိနေသေးသည်။

ထိုသူများသည် အမေရိကန် ဒုအကြီးအကဲထံမှ ရှင်းလင်းချက် တောင်းဆိုကာ ပြဿနာများ စတင်ဖန် တီး လာခဲ့ကြလေသည်။

သို့သော်လည်း အမေရိကန် ဒုသမ္မတမှာ အမြဲတမ်း ရာထူးသို့ တိုးမြှင့်ခံရရန်သာ ဆန္ဒရှိနေခဲ့၏။

ထို့အပြင် ရာထူးမှ ဆင်းပေးခဲ့ရသော တုန်းဝမ်ဟောင်းကလည်း ပြဿနာများကို မီးထိုးပေးနေသဖြင့် အမေရိကန် တစ်နိုင်ငံလုံး ဖရိုဖရဲ ဖြစ်နေခဲ့ရလေသည်။

နိုင်ငံရေး အရပ်ရပ်မှာ ဆူပူနေသော်လည်း အမေရိကန် စတော့ဈေးကွက်မှာတော့ စံချိန်သစ်များဆီသို့ ဆက်လက် မြင့်တက်နေခဲ့သည်။

အရှိန်အဟုန်ဖြင့် တက်နေသော စတော့ဈေးကွက်ထဲတွင် အခြေအနေမလှ ဖြစ်နေသည့် လုပ်ငန်းတစ်ခု ရှိနေပေသည်။

၎င်းမှာ လျှပ်ကူးတစ်ပိုင်း ချစ်ပ်ပြား လုပ်ငန်းဖြစ်ပြီး အလုံးစုံ ကျဆင်းနေခဲ့လေသည်။

ထို့အပြင် လုပ်ငန်းနယ်ပယ်မှ အကြီးအကဲများက စတော့ရှယ်ယာများကို လျှော့ချရောင်းချမည်ဟု ကြေညာလိုက်သည့်အခါ ထိုကုမ္ပဏီများ၏ စတော့ဈေးနှုန်းများမှာ ပို၍ပင် ထိုးဆင်းသွားခဲ့ရလေသည်။

ဂေါ့ထုန်းနှင့် ယွမ်သျှမ်တို့သည် မိမိကိုယ်ကို ကယ်တင်ရန် ကြိုးစားနေကြပြီး ချစ်ပ်ပြားအသစ်များကို ထုတ်လုပ်နေရုံသာမက ဈေးနှုန်းများကိုလည်း သိသိသာသာ လျှော့ချလာကြလေသည်။

သို့သော်လည်း အလွန်နည်းပါးသော ကုန်ကျစရိတ်ရှိသည့် ငါးရံ့နက်နည်းပညာကုမ္ပဏီကိုတော့ မယှဉ် နိုင်ခဲ့ကြပေ။

...

ဤအချိန်တွင် ချန်ကျိုကဲသည် ငါးရံ့နက်နည်းပညာ စက်မှုဥယျာဉ်သို့ ရောက်ရှိလာခဲ့လေသည်။ ဤ နေရာသို့ သူ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်၏။ ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ ခမ်းနားထည်ဝါ သော စက်မှုဥယျာဉ်ကို မြင်တွေ့လိုက်ရသည့်အခါ သူက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်လေသည်။

"ဒါက တကယ်ပဲ ဆောက်လုပ်ရေးပိုးကောင်တွေနဲ့ တည်ဆောက်ခဲ့တာလား... မယုံနိုင်စရာပဲ... ခင်ဗျား တို့ရဲ့ ဥက္ကဋ္ဌကောင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ..."

ရှလင်သည် ချန်ကျိုကဲ၏ ဘေးတွင် လျှောက်လှမ်းရင်း၊

"ဟုတ်ပါတယ်... ကျွန်တော်တို့ ဥက္ကဋ္ဌကောင်းက တကယ်ကို ဒဏ္ဍာရီဆန်တဲ့သူပါ... ဒါပေမဲ့ ဥက္ကဋ္ဌချန်က လည်း တည်းဖြတ်စက်ရဲ့ အလံတော်ကို တစ်ဦးတည်း ထမ်းပိုးခဲ့တဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်ပဲ မဟုတ်လား..."

"ဒါတွေကို ပြောနေလို့လည်း ဘာထူးမှာလဲ... ငါးရံ့နက်နည်းပညာရဲ့ ချစ်ပ်ပြားတွေက အခု တစ်ကမ္ဘာ လုံးမှာ သုံးနေကြပြီပဲ..."

ချန်ကျိုကဲသည် ကောင်းယွမ်နှင့် ပထမဆုံး တွေ့ဆုံစဉ်ကအကြောင်းကို ပြန်လည်အမှတ်ရမိပြီး ထိုစဉ်က ဤလူမှာ ယုံကြည်၍မရဘဲ ကြွားဝါတတ်သူဟု ထင်မှတ်ခဲ့မိသည်။ ကောင်းယွမ်သည် ချစ်ပ်ပြားများကို ချက်ချင်း ထုတ်လုပ်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမျှ မတွေးခဲ့ဖူးပေ။

အချိန်မည်မျှသာ ကြာသေးသနည်း။ ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြား ဈေးကွက်၏ အခင်းအကျင်းမှာ သိသိ သာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ကောင်းယွမ်က သူ့ကို ဖိတ်ကြားရသည့် ရည်ရွယ်ချက်ကို မသိသော်လည်း ၎င်းမှာ ချစ်ပ်ပြားနှင့် ပတ်သက်နေမည်မှာ သေချာလှပေသည်။

မကြာမီပင် ကောင်းယွမ်သည် အစည်းအဝေးခန်းမအတွင်းသို့ ရောက်ရှိလာခဲ့၏။ ကောင်းယွမ်သည် ထိုင်နေရာမှ ထရပ်ကာ လက်ကမ်းလိုက်ရင်း နှုတ်ဆက်လိုက်လေသည်။

"ဥက္ကဋ္ဌချန်... ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီနော်..."

"ဟုတ်ကဲ့... ပြီးခဲ့တဲ့ အခေါက်က ဥက္ကဋ္ဌကောင်းရဲ့ ရုတ်တရက် အောင်မြင်ကျော်ကြားလာမှုကို မြင်တွေ့ လိုက်ရတော့ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားခဲ့ရပါတယ်..."

"ဟားဟား... ထိုင်ပါဦး... ရူရူ... ကျွန်တော့်အတွက် လက်ဖက်ရည် တစ်ခွက်လောက် ဖျော်ပေးပါဦး..."

ကောင်းယွမ်၌ လက်ရှိတွင် ကိုယ်ရေးကိုယ်တာ အတွင်းရေးမှူး မရှိသေးပေ။ သူ၏ အတွင်းရေးမှူးများမှာ ကျန်းပိုင်ရီနှင့်အတူ အလုပ်လုပ်နေသော ရူချိုးရွှေ၊ ဒန်းဒန်းနှင့် မိန်မိန် ဆိုသည့် ညီအစ်မသုံးဖော်သာ ဖြစ်ကြပေ၏။

ကောင်းယွမ်သည် အပိုစကားများ မပြောတော့ဘဲ...၊

"ဥက္ကဋ္ဌချန်... ကျွန်တော် ခင်ဗျားကို ဖိတ်လိုက်တာက ကျွန်တော့်မှာ အစီအစဉ်တစ်ခု ရှိလို့ပါ... ကျွန်တော် ခင်ဗျားကို ရှနိုင်ငံ ချစ်ပ်ပြား မဟာမိတ်အဖွဲ့ထဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ..."

ချန်ကျိုကဲသည် ဤအမည်ကို တစ်ခါမျှ မကြားဖူးခဲ့ပေ။

"အဲဒီ မဟာမိတ်အဖွဲ့က ရှိနေလို့လား... ဘာတွေ လုပ်တာလဲ..."

"အရင်ကတော့ မရှိဘူး... ဒါပေမဲ့ အခုတော့ ရှိသွားပြီပေါ့... ကျွန်တော်တို့မှာ ငါးရံ့နက်နည်းပညာ၊ တာမီ ၊လုံရှင်းနဲ့ ခင်ဗျားတို့ရဲ့ ရှရှင်း နိုင်ငံတကာကုမ္ပဏီတို့ ရှိကြတယ်... ခင်ဗျားသိတဲ့အတိုင်း ငါးရံ့နက်နည်း ပညာနဲ့ တာမီတို့က နိုင်ငံတကာ ချစ်ပ်ပြားဈေးကွက်ကို သိမ်းပိုက်နေကြပေမဲ့ ကျွန်တော်တို့မှာ လိုအပ် ချက်တစ်ခု ကျန်နေသေးတာကို တွေ့လိုက်ရတယ်..."

ချစ်ပ်ပြားလုပ်ငန်း၏ ဝါရင့်တစ်ဦးအနေဖြင့် ချန်ကျိုကဲသည် နိုင်ငံတကာ ဈေးကွက်ကို သတိထား စောင့်ကြည့်နေသူ ဖြစ်၏။ ကောင်းယွမ်က ပြောလိုက်သည်နှင့် သူ ချက်ချင်း နားလည်သွားခဲ့လေသည်။

"အခြေခံအဆင့် ဈေးကွက်လား..."

"ဟုတ်ပါတယ်... အမှန်တော့ စမတ်ပစ္စည်း အတော်များများက ချစ်ပ်ပြား စွမ်းဆောင်ရည် အမြင့်ကြီး ရှိဖို့ မလိုပါဘူး..."

ချန်ကျိုကဲသည် စိတ်လှုပ်ရှားမှုများကို ခံစားလိုက်ရပြီး မေးလိုက်၏။

"ဥက္ကဋ္ဌကောင်းက ဘာတွေလုပ်ဖို့ စီစဉ်ထားတာလဲ..."

"နိုင်ငံတကာ ဈေးကွက်ရဲ့ (၉၀) ရာခိုင်နှုန်းကျော်ကို လက်ဝါးကြီးအုပ်ခြင်းအားဖြင့် ကျွန်တော်တို့မှာ... စကားပြောပိုင်ခွင့် ရှိလာလိမ့်မယ်... ချစ်ပ်ပြားဆိုတာ စမတ်ပစ္စည်းတွေရဲ့ နှလုံးသားပဲ... အကယ်၍ ကျွန်တော်တို့ ပေါင်းစည်းပြီး ချစ်ပ်ပြားတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် ကမ္ဘာပေါ်က ဘယ်ကုမ္ပဏီ ဒါမှမဟုတ် ဘယ်နိုင်ငံကိုမဆို 'ဟင့်အင်း' လို့ ပြောရဲတဲ့ သတ္တိ ရှိလာလိမ့်မယ်... ခင်ဗျား ဘယ်လိုထင် သလဲ..."

All Chapters