← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အခန်း (၆၈)

သူဌေးက မြေအောက်မြို့တော်က လာတဲ့သူ ဖြစ်ရမယ်

ကောင်းယွမ်သည် လင်းနန်ဝူထံမှ အရေးကြီးသော စကားမျိုး ကြားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ၏ စိတ်ထဲ၌မူ လင်းနန်ဝူမှာ ယခင်က ဘုရားမသိ တရားမသိ မိန်းကလေးတစ်ဦးသာ ဖြစ်ခဲ့သော် လည်း (၂၀၂၄) ကလပ်တွင် စတင် အလုပ်လုပ်ကိုင်ခဲ့သည့် အချိန်မှစ၍ ယုန်ဖမ်းခြင်း၊ သစ်သီးခူးခြင်း တို့ဖြင့်သာ အချိန်ကုန်လွန်စေကာ သူမ၏ ဘဝကို အလွန်ပင် ကျေနပ်နေခဲ့သူ ဖြစ်ပေသည်။

ကလပ်ရှိ ပုံမှန် အလုပ်ဝတ္တရားများကို စက်ရုပ်များက လုပ်ဆောင်ကြပြီး အရေးကြီးသော ကိစ္စရပ်များ ကိုမူ သူမ၏ မိခင်နှင့် ဝမ်ရိဖေးပင်းပင်းတို့က ကိုင်တွယ်ကြလေသည်။ သူမသည် စိတ်ပါသည့် အချိန်မှ သာ မိခင်ဖြစ်သူကို ကူညီတတ်သူ ဖြစ်၏။

ကောင်းယွမ်သည် လျှို့ဝှက်ဆန်းကြယ်သော မျက်နှာထား ဖြစ်နေသည့် လင်းနန်ဝူကို ကြည့်လိုက်လေ သည်။

"ဘာဖြစ်လို့လဲ... ပြောရခက်နေလို့လား..."

လင်းနန်ဝူသည် တံခါးဝသို့ သတိထား၍ လျှောက်သွားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မည်သူမျှ မရှိသည်ကို တွေ့လိုက်ရ၏။

ထို့နောက် သူမသည် အနားသို့ တိုးကပ်လာကာ ကောင်းယွမ်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြော လိုက်လေသည်။

သူမ စကားပြောလိုက်သည့်အခါ ထွက်ပေါ်လာသော အသက်ရှူငွေ့ နွေးနွေးကြောင့် ကောင်းယွမ်၏ နားရွက်များမှာ ယားကျိကျိ ဖြစ်သွားခဲ့ရပေ၏။

ကောင်းယွမ်သည် အနည်းငယ် နောက်သို့ ဆုတ်လိုက်ပြီး ပြောလိုက်လေသည်။

"ပြောစရာရှိတာကို ဒီအတိုင်းပဲ ပြောပါ... ဒီလောက်ကြီး ကပ်မလာနဲ့..."

"အို... သူဌေးကလည်း..."

"မင်း ပြောမှာလား... မပြောရင်လည်း ထွက်သွားတော့..."

"ပြောပါ့မယ် သူဌေး... ကျွန်မ တစ်ခု ရှာတွေ့ထားတယ်..."

လင်းနန်ဝူ၏ အသံမှာ တိုးညင်းသွားခဲ့လေသည်။

"ဝမ်ရိဖေးပင်းပင်းမှာ တစ်ခုခု ထူးဆန်းနေတာကို ကျွန်မ တွေ့လိုက်တယ်... သူက လဲ့ချင်းမေနဲ့ သိနေတာ ပဲ..."

ကောင်းယွမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။

"လဲ့ချင်းမေနဲ့ သိနေတာက ထူးဆန်းလို့လား..."

"သူဌေး မသိဘူးလား... လဲ့ချင်းမေ ဆိုတာ နာမည် သုံးလုံးနဲ့လေ... သူမက မော့ကျင်း လဲ့မိသားစုကပဲ... အခုဆိုရင် အင်္ဂါဂြိုဟ် တစ်ခုလုံးကို လဲ့မိသားစုကပဲ ထိန်းချုပ်ထားတာ... အင်္ဂါဂြိုဟ်ပေါ်က သတ္တုတွင်း အခြေစိုက်စခန်းတွေ အားလုံးက လဲ့မိသားစု ပိုင်ဆိုင်မှုတွေချည်းပဲ..."

ကောင်းယွမ်သည် လင်းနန်ဝူအား ဆက်ပြောရန် အချက်ပြလိုက်လေသည်။

သူသည် လဲ့ချင်းမေ၏ နောက်ကြောင်းကို အမှန်တကယ် မသိရှိခဲ့ပေ။ သူမသည် သာမန် ရှေးဟောင်း ပစ္စည်းဆိုင် ပိုင်ရှင်တစ်ဦးသာ ဖြစ်သည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။

"အဲဒီတော့ ဘာဆက်ဖြစ်လဲ..."

လင်းနန်ဝူက ဆက်လက်၍၊

"မူလက လဲ့ချင်းမေဟာ ချင်ကန်းရဲ့ သားဖြစ်သူ ချင်ကျွင်းနဲ့ စေ့စပ်ထားခဲ့တာ... ဒါပေမဲ့ အကြောင်းတစ်ခု ခုကြောင့် ပျက်သွားခဲ့ရတယ်... အဲဒီကိစ္စကြောင့် ချင်မိသားစုနဲ့ လဲ့မိသားစုကြားမှာ ရန်ငြိုးတွေ ရှိနေကြ တာ... လုံကျင်းမြို့ဟာ ချင်မိသားစုရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာ ရှိနေတာဖြစ်ပြီး လဲ့ချင်းမေက ဒီမှာ နေနေတာဟာ... တစ်ခုခု ရည်ရွယ်ချက် ရှိနေတာ သိသာတယ်... သူမက ရှေးဟောင်းပစ္စည်းဆိုင် သေး သေးလေး တစ်ခုကို ဖွင့်ထားတာလေ... ဝမ်ရိဖေးပင်းပင်းကတော့ နာမည် ငါးလုံးနဲ့ဖြစ်ပြီး လဲ့ချင်းမေနဲ့ ဘာပတ်သက်မှုမှ မရှိသင့်ဘူး... သူမကို လဲ့ချင်းမေက လွှတ်လိုက်တာလို့ သူဌေး မထင်ဘူးလား..."

လင်းနန်ဝူသည် စကားကို ရပ်လိုက်ကာ ကောင်းယွမ်၏ ချီးကျူးမှုကို မျှော်လင့်နေသည့်အလား သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ကောင်းယွမ်သည် လင်းနန်ဝူကို ကြည့်ကာ မေးလိုက်လေ၏။

"ဒါတွေကို မင်းက ဘယ်လိုလုပ် သိတာလဲ... မင်းမှာ ဒီသတင်းတွေကို ရနိုင်တဲ့ လမ်းစ မရှိသင့်ဘူးလေ..."

လင်းနန်ဝူသည် ခဏမျှ မှင်သက်သွားခဲ့လေသည်။

"အဲဒါက... ကျွန်မရဲ့ အမေနဲ့ လဲ့ချင်းမေက အရင်တုန်းက ကျောင်းနေဖက်တွေလေ..."

ကောင်းယွမ် နားလည်သွားခဲ့ပြီ ဖြစ်၏။

"ကောင်းပြီ... ငါ သိပြီ... မင်း တော်တယ်... အခုတော့ ပြန်တော့... နောက်တစ်ခါကျရင် ငါ မင်းအတွက် လက်ဆောင်တစ်ခု ယူလာပေးမယ်... ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး ပြဿနာတွေ မရှာနဲ့ဦး..."

ထိုစဉ်မှာပင် ဟွမ်ဖူရှန်း ရောက်ရှိလာခဲ့လေသည်။

ကောင်းယွမ်သည် ဟွမ်ဖူရှန်းအား ထိုင်ရန် အချက်ပြလိုက်၏။

"သူဌေး... ကျွန်မကို ခေါ်ခိုင်းတယ်ဆိုလို့..."

"အစ်ကြီးရှန်း... ပြီးခဲ့တဲ့ အခေါက်က ကျွန်တော် ပြောခဲ့တာကို သတိထားမိလား..."

ကောင်းယွမ်က မေးလိုက်လေသည်။

"ဒီကာလအတွင်းမှာ ရွှေအဆင့်နဲ့ အထက် အသင်းဝင် အားလုံးရဲ့ မှတ်တမ်းတွေကို ကျွန်မ သိမ်းဆည်း ထားပါတယ်... ဘယ်အချိန်မှာ လာတယ်၊ ဘယ်သူတွေနဲ့ လာတယ်၊ ဘယ်အလွှာတွေကို သွားတယ် ဆိုတာတွေ အားလုံး ပါ ပါတယ်... "

"ပြီးတော့ ရွှေအဆင့်နဲ့ စိန်အဆင့် အသင်းဝင်တွေနဲ့ ဆက်သွယ်မှုရှိတဲ့ ငွေအဆင့် အသင်းဝင်တွေရဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်... ဒါ့အပြင် သူဌေး ကျွန်မကို ခိုင်းထားတဲ့အတိုင်း ပတ်ဝန်းကျင်က ဆိုင်ခန်းတွေနဲ့ မြေကွက်တွေကိုလည်း စောင့်ကြည့်နေခဲ့ပါတယ်... ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ဆိုင်ခန်း သုံးခုကို ကျွန်မ ဝယ်ယူထားခဲ့ပါတယ်... "

"အားလုံးက ကျွန်မတို့ ကလပ်နဲ့ မဝေးတဲ့ နေရာမှာ ရှိနေပေမဲ့ တစ်ခုနဲ့တစ်ခုတော့ မဆက်စပ်သေးပါ ဘူး... သူဌေး သွားကြည့်ချင်လား..."

ကောင်းယွမ် ခေါင်းညိတ်လိုက်လေသည်။

"သွားကြည့်ကြတာပေါ့..."

ဟွမ်ဖူရှန်းနှင့် ကောင်းယွမ်တို့သည် လမ်းမပေါ်တွင် ယှဉ်တွဲ၍ လျှောက်လာခဲ့ကြလေသည်။ အကွာ အဝေးမှာ မဝေးလှသဖြင့် ကောင်းယွမ်သည် ယာဉ်ပျံကို မစီးဘဲ လမ်းလျှောက်ရန်သာ ဆုံးဖြတ်လိုက် ခြင်း ဖြစ်၏။ တစ်ခါတစ်ရံတွင် လမ်းလျှောက်ခြင်းဖြင့်သာ အစစ်မှန်ဆုံးသော မြင်ကွင်းများကို မြင်တွေ့ နိုင်ပေသည်။

လုံကျင်းမြို့၏ လမ်းမများပေါ်တွင် ကောင်းယွမ်ကို မြင်တွေ့ဖူးသော်လည်း အခါတိုင်းတွင် အသစ် အသစ်သော တွေ့ရှိမှုများ ရှိနေခဲ့ပေသည်။

ကောင်းယွမ်သည် အပြင်ပန်း အရိုးစု ကာကွယ်ရေး ဝတ်စုံများ ဝတ်ဆင်ထားပြီး လမ်းပေါ်ရှိ စက်လုံး တစ်ခုအတွင်းမှ ထွက်ပေါ်လာသော လူတစ်စုကို မြင်တွေ့လိုက်ရလေသည်။

"အစ်ကြီးရှန်း... သူတို့က..."

"သူဌေး... အဲဒါက တာဝန်လဲနေတဲ့ ကောင်းကင်တပ်မတော်ပဲ... သူတို့က ကမ္ဘာပတ်လမ်းကြောင်းကနေ အခုတင် ပြန်ရောက်လာတာ... ဒီအနီးအနားမှာ ကောင်းကင်တပ်မတော်ရဲ့ အခြေစိုက်စခန်း တစ်ခု ရှိ တယ်လေ... "

"သူတို့ရဲ့ ယူနီဖောင်းတွေမှာ အသက်ရှူအထောက်အကူပြုစနစ် ပါဝင်ရုံတင် မကဘူး… လှုပ်ရှားသွားလာ နိုင်စွမ်းနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေလည်း ပါတယ်... အားလုံးက ကမ္ဘာမြေရဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ အတွက်ပဲ ဖြစ်ပါတယ်..."

ဟွမ်ဖူရှန်းက အသေးစိတ် ရှင်းပြနေခဲ့လေသည်။

ကောင်းယွမ်သည် သူမအား အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရာ သူမသည်လည်း သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။

အမှန်တကယ်တွင် ကောင်းယွမ်သည် အချက်အလက် ရှာဖွေခြင်းကို မရှောင်လွှဲချင်သော်လည်း သူ၏ လက်ရှိ အဆင့်အတန်းမှာ အလွန်ပင် ထိလွယ်ရှလွယ် ဖြစ်နေပေသည်။ အင်တာနက် လောကတွင် လျှို့ဝှက်ချက်ဟူ၍ မရှိပေ။

သင်သည် ၎င်းကို အသုံးပြုလိုက်သည်နှင့် အမှတ်အသားများ ကျန်ရစ်ခဲ့မည်သာ ဖြစ်၏။ သင့်အား စုံစမ်းစစ်ဆေးမည့်သူ မည်သူမဆို သူ၏ အွန်လိုင်း အချက်အလက်များကို ရရှိနိုင်ပေသည်။

ဟွမ်ဖူရှန်းအား မေးမြန်းခြင်းမှာ သူမ၏ သံသယကို ဖြစ်ပေါ်စေနိုင်သော်လည်း ကိုယ်တိုင် ရှာဖွေနေခြင်း ထက်စာလျှင် ပို၍ တိုက်ရိုက်ကျပေသည်။

"အစ်ကြီးရှန်း... မင်းက တကယ်တော့ ဘယ်သူလဲ... ဒါနဲ့ လဲ့ချင်းမေက ဘာဖြစ်လို့ လုံကျင်းမှာ နေချင်နေ ရတာလဲ..."

ဟွမ်ဖူရှန်းသည် ခဏမျှသာ မှင်သက်သွားခဲ့လေသည်။

ထို့နောက်တွင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။

"သူဌေး... သူဌေးက ဒီကမ္ဘာက မဟုတ်ဘူး မဟုတ်လား..."

ဟွမ်ဖူရှန်းသည် အံ့အားသင့်ဖွယ် စကားကို ပြောလိုက်လေသည်။

ကောင်းယွမ်၏ ကျောပြင်မှာ ချွေးစေးများ ထွက်ပေါ်လာခဲ့ရ၏။ သူသည် အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများ၏ စုံစမ်းခြင်းကို ခံရမည်ကို အမြဲတစေ စိုးရိမ်နေခဲ့သော်လည်း အမှန်တကယ်တွင် အန္တရာယ်မှာ သူ၏ အနီးအနားတွင်သာ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းယွမ်သည် စီးပွားရေး စတင်လုပ်ကိုင်ခဲ့သည့် နှစ်များအတွင်း အခြားအရာများကို မသင်ယူနိုင်ခဲ့ သော်လည်း မိမိ၏ ခံစားချက်ကို ထိန်းချုပ်နိုင်သည့် အခြေခံ အရည်အချင်းကိုမူ ကျွမ်းကျင်စွာ တတ် မြောက်ထားခဲ့ပြီ ဖြစ်သည်။

ကျောပြင်တွင် ချွေးများ စိုရွှဲနေသော်လည်း သူ၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲပင် ဖြစ်၏။

"မင်းက အချိန်ခရီးသွားတာကို ယုံကြည်လို့လား..."

ဟွမ်ဖူရှန်းက ခေါင်းခါလိုက်လေသည်။

"ကျွန်မ မယုံပါဘူး... သိပ္ပံနည်းကျအရ အချိန်ကို အရှိန်မြှင့်လို့ ရတယ်၊ နှေးကွေးအောင် လုပ်လို့ ရတယ် ဆိုတာကို သက်သေပြထားပေမဲ့ နောက်ပြန်လှည့်လို့တော့ မရပါဘူး... အချိန်ခရီးသွားတာကို ကျွန်မ မယုံပေမဲ့... နေအဖွဲ့အစည်းထဲမှာ လူသားတွေ နားမလည်သေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသေးတယ် ဆိုတာကိုတော့ ကျွန်မ ယုံကြည်ပါတယ်... "

"သူဌေး... ကျွန်မ ကြားဖူးတာကတော့ နျူကလီးယားစစ်ပွဲ မတိုင်ခင်မှာ လူအနည်းငယ်ဟာ ယာဉ်ပျံ တွေနဲ့ ကမ္ဘာမြေကနေ ထွက်ပြေးသွားခဲ့ကြတယ်... သူဌေးက ကမ္ဘာမြေကို ပြန်လာတဲ့ ရှေးဟောင်း မိသားစုတစ်ခုရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်ရမယ် မဟုတ်လား..."

ကောင်းယွမ်သည် ဤကဲ့သို့သော အယူအဆမျိုး ရှိလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

သူ မည်သို့ ပြန်လည် ဖြေရမည်ကို မသိတော့ပေ။

"ဒါဆို မင်းက ငါ ဘယ်ကလာတယ်လို့ ထင်နေတာလဲ..."

"မြေအောက်မြို့တော်ကနေပေါ့..."

ကောင်းယွမ်မှာ အံ့ဩသွားခဲ့ရ၏။

"ဟမ်... ကမ္ဘာမြေကနေ ထွက်ပြေးသွားတာ မဟုတ်ဘူးလား... ငါ မြေအောက်မြို့တော်က လာတယ်လို့ မင်း ဘယ်လို ခန့်မှန်းလိုက်တာလဲ..."

ဟွမ်ဖူရှန်းသည် ကောင်းကင်ယံကို အနည်းငယ် မော့ကြည့်လိုက်လေသည်။

"ဟုတ်ပါတယ်... ကျွန်မ ရဲရဲဝံ့ဝံ့ပဲ ခန့်မှန်းကြည့်ပါ့မယ်... သူဌေးရဲ့ ဘိုးဘေးတွေဟာ အဲဒီအချိန်တုန်းက ယာဉ်ပျံနဲ့ ကမ္ဘာမြေကနေ ထွက်ပြေးခဲ့ကြပေမဲ့ အာကာသ နည်းပညာ ကန့်သတ်ချက်တွေကြောင့် လူသား တွေမှာ ရွေးချယ်စရာ သိပ်မရှိခဲ့ပါဘူး... အဓိကအားဖြင့် လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ပေါ့... "

"ဒါပေမဲ့ လူသားတွေဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ သတ္တုတူးဖော်တာနဲ့ အခြေစိုက်စခန်းတွေ ဆောက်ခဲ့ တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပေမဲ့ လူသားတွေရဲ့ အကြွင်းအကျန်တွေကို မတွေ့ခဲ့ရပါ ဘူး... ဒါက သူဌေးရဲ့ ဘိုးဘေးတွေဟာ ဒီဂြိုဟ်နှစ်ခုလုံးရဲ့ ပတ်ဝန်းကျင်က အလွန်ဆိုးရွားလွန်းပြီး အခြေ စိုက်စခန်း ဆောက်ဖို့ ခက်ခဲလွန်းတယ်လို့ ယူဆပြီး... ကမ္ဘာမြေကိုပဲ ပြန်လာခဲ့ကြတာကို ပြနေတာပါ..."

"ပြီးတော့ ဘာဆက်ဖြစ်လဲ..."

ကောင်းယွမ်မှာ စိတ်ဝင်စားသွားခဲ့ရလေသည်။

"အဲဒီအချိန်တုန်းက နျူကလီးယား ပေါင်းစပ်ခြင်း နည်းပညာဟာ မြေအောက်မြို့တော် တစ်ခု တည် ဆောက်ဖို့အတွက် လုံလောက်အောင် ရင့်ကျက်နေပြီလေ... သူဌေးတို့က မြေအောက်မြို့တော်မှာ ရှင်သန်ဖို့ အခြေစိုက်စခန်း တစ်ခုကို တည်ဆောက်ဖို့ ရွေးချယ်ခဲ့ကြတယ်... "

"အခု နှစ်ပေါင်းများစွာ ကြာသွားတဲ့အခါ မြေအောက် အခြေစိုက်စခန်းက ဘဝဟာ ငြီးငွေ့စရာ ကောင်း လာတာကြောင့် သူဌေးတို့က မြေပြင်ပေါ်ကို ပြန်လာဖို့ ကြိုးစားနေကြတာ ဖြစ်ရမယ်... သူဌေး... သူဌေး အပြင်ထွက်သွားတဲ့ အကြိမ်တိုင်းမှာ လုံကျင်းမြို့ရဲ့ အဝင်အထွက် မှတ်တမ်းတွေမှာ မရှိနေခဲ့ဘူး... သူဌေးက မြေအောက်မြို့တော်ထဲကို ဝင်သွားတာ ဖြစ်ရမယ်... အဲဒီ မြေအောက်မြို့တော်ရဲ့ လမ်း ကြောင်းကလည်း ဒီအနီးအနားမှာပဲ ရှိနေတာ မဟုတ်လား..."

ကောင်းယွမ်သည် ဟွမ်ဖူရှန်း၏ စိတ်ကူးစိတ်သန်း ကောင်းမွန်မှုကို အခြား မည်သို့မျှ မပြောနိုင်တော့ပေ။

"ကောင်းပြီ... အခုတော့ မင်းအကြောင်း ပြောရအောင်... မင်း ငါ့ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီပဲ... ဘာဖြစ်လို့ ငါ့ကို ဖွင့်မချတာလဲ..."

"သူဌေး... ကျွန်မက ရှင့်ကို ဘာဖြစ်လို့ ဖွင့်ချရမှာလဲ... ကျွန်မ အခု အရမ်းကို ကောင်းကောင်းမွန်မွန် နေနေရတာပဲလေ... ပြီးတော့ နောက်ပိုင်းမှာ ကျွန်မ အထက်တန်းလွှာထဲကို ပြန်ရောက်နိုင်မယ့် အခွင့် အရေးလည်း ရှိနေတာပဲ... ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေး ဖြစ်တာကြောင့် ကျွန်မ သူဌေးကို အတတ်နိုင်ဆုံး ကူညီသွားမှာပါ..."

ဟွမ်ဖူရှန်းက ပြောလိုက်လေသည်။

ကောင်းယွမ်သည် အနည်းငယ် အံ့ဩသွားခဲ့ရလေ၏။

"မင်း ကလပ်ထဲက ပစ္စည်းတွေကို မက်မောတာမျိုး မရှိဘူးလား..."

All Chapters