အခန်း ၆၉
Vol. 7 Ch. 69
အခန်း (၆၉)
ဟိုတယ်တစ်ခုကို ဝယ်ယူခြင်း
"မက်မောစရာလား... ကျွန်မမှာ စိန်အဆင့် အသင်းဝင်ထက်တောင် ပိုတဲ့ အခွင့်အရေးတွေ ရှိနေတာပဲ... ဘာလို့ မက်မောရမှာလဲ... သူဌေးကို သစ္စာဖောက်တာက ကျွန်မအတွက် ဘာမှ အကျိုးမရှိဘူးလေ... တကယ်လို့ တခြားတစ်ယောက်ယောက်က ဒီကလပ်ကို လွှဲယူသွားရင် ကျွန်မ နှင်ထုတ်ခံရနိုင်တာပဲ..."
ဟွမ်ဖူရှန်းက တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်လေသည် ။
ကောင်းယွမ်က လက်မထောင်ပြလိုက်ရင်း ၊
"အမြင်ချင်း တူတာပဲ..."
"သူဌေး... လဲ့ချင်းမေမှာ တစ်ခုခု မှားယွင်းနေသလားလို့ မေးခဲ့တယ် မဟုတ်လား..."
ကောင်းယွမ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏ ။
"သတိထားတာကတော့ အမြဲတမ်း အကောင်းဆုံးပဲလေ..."
"အမှန်တော့ လဲ့ချင်းမေက လဲ့မိသားစုနဲ့ အဆက်အသွယ် ဖြတ်ထားတာ အနည်းဆုံး အနှစ်နှစ်ဆယ် လောက် ရှိပါပြီ... မဟုတ်ရင် သူမလို ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်က လုံကျင်းမှာ ဆိုင်သေးသေးလေး တစ်ခု ဘာလို့ လာဖွင့်မှာလဲ... လုံကျင်းမြို့က ထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ နေရာက အသေအချာ သတ်မှတ် ပြီးသားပါ... အပြင်လူရဲ့ အကူအညီမပါဘဲ လဲ့ချင်းမေအတွက် အခွင့်အရေး မရှိနိုင်ပါဘူး... ဒါပေမဲ့ သူမ ဘာတွေပဲ လုပ်လုပ် သူဌေးကိုတော့ ထိခိုက်စေနိုင်မှာ မဟုတ်ပါဘူး..."
ကောင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ၊
"သူမ ဘာတွေ တွေးနေလဲဆိုတာ မင်း သိသလား..."
ဟွမ်ဖူရှန်းက ပြုံးလိုက်ရင်း၊
"သူ ဘာတွေးနိုင်မှာလဲ... အရင်တုန်းက သူနဲ့ ချင်ကျွင်းတို့က ချစ်သူတွေဖြစ်ခဲ့ပြီး အရမ်းကိုလည်း လိုက်ဖက်ခဲ့ကြတာ... ဒါပေမဲ့ ချင်ကျွင်းက နောက်ဆုံးမှာတော့ နိုင်ငံရေးအရ အိမ်ထောင်ပြုဖို့အတွက် သူမကို စွန့်လွှတ်ခဲ့တယ်... လဲ့ချင်းမေက အဲဒီအပေါ်မှာ မကျေမနပ် ဖြစ်နေပြီး အခုထိ အငြိုးမပြေနိုင် သေးတာပဲ... "
"ကျွန်မ ခန့်မှန်းရရင်တော့ သူက သူဌေးရဲ့ ဩဇာအာဏာကို သုံးပြီး ချင်ကျွင်းကို ဇနီးနဲ့ ကွာရှင်းခိုင်းကာ သူမကို ပြန်လက်ထပ်ခိုင်းချင်တာ ဖြစ်လိမ့်မယ်... အမျိုးသမီးတွေမှာ တကယ်တော့ ကြီးကြီးမားမား ရည်မှန်းချက်တွေ မရှိကြပါဘူး..."
ကောင်းယွမ်က စိတ်ထဲမှ ရယ်မောလိုက်မိလေသည် ။
"ဒါဆို ဝမ်ရိဖေးပင်းပင်းက သူ့ရဲ့လူဆိုတာ မင်း သိတာပေါ့..."
ဟွမ်ဖူရှန်းက ခဏမျှ မှင်သက်သွားပြီး၊
"ပင်းပင်းက လဲ့ချင်းမေရဲ့လူ ဟုတ်လား... မဖြစ်နိုင်တာ..."
"သူတို့ ဘယ်လို သိကျွမ်းသွားတာလဲ..."
ကောင်းယွမ်က မေးလိုက်လေသည် ။
"ဪ... အဲဒီလိုကိုး... ပင်းပင်းက အသင်းဝင်လုပ်ငန်းတွေကို တာဝန်ယူထားတာ မဟုတ်လား... လဲ့ချင်းမေရဲ့ အသင်းဝင်အဆင့်က နိမ့်လွန်းနေတယ်... သူမက ချင်ကန်းနဲ့ တွေ့ချင်နေတာ... ဒါပေမဲ့ တွေ့ခွင့်မရဘူးလေ... ဒါကြောင့် ပင်းပင်းကတစ်ဆင့် အထက်လူကြီးတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေ တာ ဖြစ်မှာပါ..."
ကောင်းယွမ်က ခေါင်းညိတ်လိုက်၏ ။
သူသည် ဤစကားကို အပြည့်အဝ မယုံကြည်ပေ ။ အမှန်တရားကို သိရှိရန်အတွက် ပင်းပင်းကို ကိုယ် တိုင် စမ်းသပ်ကြည့်ရပေလိမ့်မည် ။
ထို့နောက် သူတို့နှစ်ဦးသည် ဆိုင်ခန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြလေသည် ။
"သူဌေး... ဒီနေရာက အရင်တုန်းက ဟိုတယ်တစ်ခုပါ... ကျွန်မက သန်းရှစ်ဆယ်နဲ့ ဝယ်ထားတာ... ပုံစံကို တော့ မပြောင်းလဲထားပါဘူး... တကယ်လို့ သူဌေး ညအိပ်ချင်တယ်ဆိုရင် နောက်ပိုင်း ဒီနေရာကို လာလို့ ရပါတယ်... ရုံးခန်းထက်စာရင် အများကြီး ပိုသက်သောင့်သက်သာ ရှိမှာပါ..."
ကောင်းယွမ် အတွင်းထဲသို့ ဝင်သွားလိုက်၏ ။
သူသည် အနာဂတ်ကမ္ဘာ၏ ဟိုတယ်ပုံစံကို တစ်ခါမျှ မတွေ့ဖူးသေးပေ ။
အတွင်းသို့ ဝင်လိုက်သည်နှင့် အဝင်ဝတွင် (၂၀၂၄) ကလပ်၏ အဝင်ဝများကဲ့သို့ပင် ဉာဏ်ရည်တု စစ်ဆေး ရေးကိရိယာ တစ်ခုကို တွေ့လိုက်ရသည် ။
သို့သော် ၎င်းတွင် သူ၏ကိုယ်ပိုင်ကလပ်ရှိ ကိရိယာများထက် ပိုမိုများပြားသော လုပ်ဆောင်ချက်များ ပါဝင်နေခဲ့ပေသည် ။
ကောင်းယွမ်သည် သူ၏ ရှေ့တွင် သူ၏ အချက်အလက်များကို ပြသနေသော အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏ ။
[ ကောင်းယွမ်ယွမ်ကောင်း... လုံကျင်းမြို့သား... မှတ်ပုံတင်နံပါတ် - ၂၂၃၃၄၃၇၈၆၇... ]
[ အရပ်၊ ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ် အခြေအနေ - ကျန်းမာရေး အားနည်းသော အခြေအနေ... အစာအိမ် အနည်းငယ် ရောင်ရမ်းခြင်း၊ နာတာရှည် နှာစေးခြင်း၊ အမြင်အာရုံ (၃၀၀) ဒီဂရီ ဝေဝါးခြင်း၊ လက်ကောက်ဝတ်တွင် အရွတ်ယောင်နာ အနည်းငယ်ရှိခြင်း၊ ကျောက်ကပ် ရောင်ရမ်းခြင်း... ကိုယ်တွင်း အဆီဓာတ် (၁၉) ရာခိုင်နှုန်း၊ ကိုယ်အလေးချိန် အနည်းငယ် များနေခြင်း... အကြံပြုချက်များ... ]
ကောင်းယွမ်မှာ မှင်သက်သွားခဲ့ရသည် ။
ဟိုတယ်တစ်ခု၏ မှတ်ပုံတင်စနစ်က ဤမျှပင် အံ့ဩစရာ ကောင်းလှသလော ။ ခန္ဓာကိုယ် အခြေအနေ အမျိုးမျိုးကိုပါ စကန်ဖတ်နိုင်ရုံတင်မက ကုသရန် အကြံပြုချက်များကိုပါ ပေးနိုင်နေပေသည် ။
ကောင်းယွမ်က ဟွမ်ဖူရှန်းကို အားနာသလို ကြည့်လိုက်ရာ သူမက ခေါင်းခါပြလိုက်ရင်း၊
"ကျွန်မကတော့ သူဌေးရဲ့ အချက်အလက်တွေကို မမြင်ရပါဘူး... ဒီအချက်အလက်တွေက လုံကျင်း လူဦးရေ စီမံခန့်ခွဲရေးရုံးဆီကို တိုက်ရိုက် ပေးပို့သွားမှာပါ..."
ကောင်းယွမ်က စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်လေသည် ။ အကယ်၍ ဤအရာကို လက်ရှိကမ္ဘာသို့ ယူဆောင်သွားပြီး ဆေးရုံကြီးများတွင် တပ်ဆင်လိုက်လျှင် တာဝန်ကျ ဆရာဝန်တစ်ဦးထက်ပင် ပို၍ အစွမ်းထက်ကာ ပိုမို မြန်ဆန် တိကျပေလိမ့်မည် ။ ထို့အပြင် ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်များကိုလည်း ကာကွယ်ပေးနိုင်မည် ဖြစ်သည် ။
သို့သော် ကောင်းယွမ်တွင် ၎င်းကို ယူဆောင်သွားရန် လောလောဆယ် အစီအစဉ် မရှိသေးပေ ။ သူသည် တည်းဖြတ်စက်နှင့် လက်ပတ်ဖုန်း တို့ကြောင့် လူများစွာကို ရန်သူဖြစ်ထားပြီးသား ဖြစ်ချေသည် ။
အကယ်၍ ဤအရာများကိုပါ ယူသွားလျှင် ဆရာဝန်များက သူ့ကို သတ်ကြပေလိမ့်မည် ။
ကောင်းယွမ် အတွင်းသို့ လျှောက်သွားလိုက်သည့်အခါ အပူချိန်မှာ အလွန်ပင် သက်သောင့်သက်သာ ရှိ လှပြီး စိတ်ကို ပြေလျော့စေကာ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေနေပေသည် ။
ထိုစဉ် ဉာဏ်ရည်တု စက်ရုပ်နှစ်ရုပ် ချဉ်းကပ်လာကာ၊
"ဧကရာဇ်ဟိုတယ်က ကြိုဆိုပါတယ်... မစ္စတာကောင်း... ဘယ်လို အခန်းမျိုးကို လိုချင်ပါသလဲ..."
ပြောပြီးသည်နှင့် စက်ရုပ်က လက်ကို ဆန့်ထုတ်လိုက်ရာ အမျိုးမျိုးသော အခန်းပုံစံများ၏ ဟိုလိုဂရမ် ပုံရိပ်ယောင်များ ပေါ်ထွက်လာခဲ့သည် ။ ကောင်းယွမ်သည် ထိုပုံရိပ်များကို ကြည့်ရုံသာမက အတွင်းသို့ လမ်းလျှောက်ဝင်၍ စမ်းသပ်ခံစားကြည့်နိုင်ပေသည် ။
"ဒီတစ်ခုပဲ..."
ကောင်းယွမ်သည် ဤနေရာကို အတွေ့အကြုံသစ် ရယူရန်အတွက်သာ လာခဲ့ခြင်း ဖြစ်သည် ။
ရွေးချယ်ပြီးသည့်နောက် ကောင်းယွမ်၏ ရှေ့သို့ လှောင်အိမ်ပျံ တစ်ခု ဆင်းသက်လာခဲ့သည် ။ ထိုအခါ ဟွမ်ဖူရှန်းက ဘေးမှနေ၍၊
" ဒီလှောင်အိမ်ပျံ က အခန်းထဲကို တိုက်ရိုက် ရောက်သွားမှာပါ... ဧည့်သည်တစ်ဦးနဲ့ တစ်ဦး မနှောင့် ယှက်မိစေဖို့ အခန်းတစ်ခုချင်းစီကို လှောင်အိမ်ပျံ နဲ့ပဲ သွားလို့ရပါတယ်..."
ကောင်းယွမ်က ခေါင်းညိတ်လိုက်၏ ။
၎င်းမှာ လက်ရှိကမ္ဘာထက် အများကြီး ပို၍ ကောင်းမွန်လှသည် ။
သူသည် လှောင်အိမ်ပျံ အတွင်းသို့ ဝင်လိုက်သည် ။ ဟွမ်ဖူရှန်းက လိုက်ဝင်ရန် အစီအစဉ်မရှိသော် လည်း ကောင်းယွမ်က သူမကို လက်ယပ်ခေါ်လိုက်သဖြင့် သူမလည်း လိုက်ပါလာခဲ့လေသည် ။
လှောင်အိမ်ပျံ ၏ လုပ်ဆောင်ပုံမှာ အံ့ဩစရာ ကောင်းလှသည် ။ အတွင်းထဲတွင် မည်သည့် လှုပ်ရှားမှု ကိုမျှ မခံစားရဘဲ သုံးစက္ကန့်မျှ အကြာတွင် တံခါးပွင့်သွားကာ ကောင်းယွမ်သည် အခန်းအတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည် ။
ထို့နောက် လှောင်အိမ်ပျံ မှာ ပျောက်ကွယ်သွားခဲ့လေ၏ ။
"အစ်မကြီးရှန်း... ကျွန်တော် အပြင်ထွက်ချင်ရင် ဘယ်လိုလုပ်ရမလဲ..."
"သူဌေး... အသံနဲ့ ခိုင်းရုံပါပဲ..."
ကောင်းယွမ်က ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း ခပ်ပေါ့ပေါ့ ပြောလိုက်လေသည် ။
"ကျွန်တော် အပြင်ထွက်တော့မယ်..."
ထိုအခါ သူ၏ ရှေ့တွင် လှောင်အိမ်ပျံက တဖြည်းဖြည်း ပြန်လည် ပေါ်ထွက်လာခဲ့လေသည် ။
ကောင်းယွမ်က ၊
"ဦးနှောက်လှိုင်းတွေကို ဘာလို့ မသုံးတာလဲ... ဦးနှောက်လှိုင်း လက်ခံကိရိယာ တစ်ခု တပ်လိုက်ရုံပဲကို... ဪ... သိပြီ... ကျွန်တော် နားလည်သွားပြီ..."
ကောင်းယွမ်သည် မေးခွန်း မဆုံးခင်မှာပင် သူ အမှားတစ်ခု မေးမိမှန်း သတိထားမိလိုက်လေသည်။
လက်ရှိကမ္ဘာရှိ ဟိုတယ်များတွင် စောင့်ကြည့်ကင်မရာများ ဘာကြောင့် မတပ်သနည်းဟု မေးမြန်းသ ကဲ့သို့ပင် ဖြစ်သည် ။ နည်းပညာ မရှိ၍ မဟုတ်ဘဲ လုပ်ဆောင်ရန် မသင့်လျော်၍ ဖြစ်သည် ။
ပထမဆုံးအနေဖြင့် ဧည့်သည်များက သဘောတူမည် မဟုတ်ပေ ။ ဦးနှောက်လှိုင်း လက်ခံကိရိယာများ မှာလည်း ဧည့်သည်များ၏ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်များကို ခိုးယူနိုင်ခြေ ရှိပေသည် ။
ကောင်းယွမ်က လှောင်အိမ်ပျံကို "ကျွန်တော် အပြင်မထွက်တော့ဘူး..." ဟု ပြောလိုက်ရာ ၎င်းမှာ ပြန်လည် ပျောက်ကွယ်သွားပြန်လေသည် ။
ကောင်းယွမ်သည် အခန်းတွင်းကို လှည့်ပတ်ကြည့်ရှုလိုက်သည် ။ အခန်းအတွင်း၌ ဉာဏ်ရည်တု အိမ်သုံး နည်းပညာများ အပြည့်အစုံ ပါဝင်နေပေသည် ။ အကယ်၍ အခန်းအပြင်အဆင်ကို မကြိုက်လျှင် အသံ ဖြင့်သာ ခိုင်းစေလိုက်ရုံ ဖြစ်သည် ။
"ကုတင်ကို ပြတင်းပေါက်အောက် ရွှေ့လိုက်... စားပွဲကို (၁၀) စင်တီမီတာလောက် မြှင့်လိုက်ဦး... ပြီးတော့ ရေချိုးခန်းက ရေကို နည်းနည်းလေး ပိုအေးအောင် လုပ်ပေး..."
ကောင်းယွမ်သည် စမ်းသပ်ကြည့်လိုက်ပြီး အနာဂတ်ကမ္ဘာ၏ နေထိုင်မှုအပေါ် အလွန်ပင် ကျေနပ် သွားခဲ့သည် ။
"ဒီဟိုတယ်က ကျွန်တော်တို့ ကလပ်ထက်တောင် ပိုပြီး သက်သောင့်သက်သာ ရှိနေပါလား..."
ဟွမ်ဖူရှန်းက ပြုံးလိုက်သည် ။
"သူဌေးကလည်း မြှောက်ပင့်လွန်းနေပါပြီ... ဤကဲ့သို့သော ဟိုတယ်တွေက နေရာတိုင်းမှာ ရှိနေပေမဲ့ ကျွန်မတို့ ကလပ်လိုမျိုး ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ နေရာကတော့ ရှားပါတယ်... ကလပ်တွေကသာ တကယ့် အဆင့်မြင့်ပြီး ရှားပါးတဲ့ အရင်းအမြစ်တွေ ဖြစ်တာပါ..."
ဘာကြောင့်ရယ်မသိ ကောင်းယွမ်သည် ဟိုတယ်အခန်းထဲသို့ ရောက်သည်နှင့် အိပ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည် ။
"အစ်မကြီးရှန်း... ခင်ဗျားရော... အိပ်ချင်လာသလား..."
ဟွမ်ဖူရှန်းက ခေါင်းခါပြလိုက်ရင်း၊
"သူဌေး... အိပ်ချင်လာတာက ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေလို့ ဖြစ်မှာပါ... ဒါက သဘာဝကျပါတယ်... ဟိုတယ်တွေမှာ အခုလို လုပ်ဆောင်ချက်မျိုး ရှိပါတယ်... သူဌေး ဟိုတယ်ထဲကို ဝင်လာတဲ့အခါ သူတို့က သူဌေးရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပါတယ်... အကယ်၍ သူဌေးအနေနဲ့ အနားယူဖို့ လိုအပ်နေတယ်လို့ စစ် ဆေးတွေ့ရှိရင် သူဌေးရဲ့ ဦးနှောက်ကို အိပ်စက်အနားယူစေမယ့် အထူးရောင်ခြည် တစ်မျိုးကို ထုတ် လွှတ်ပေးမှာ ဖြစ်ပါတယ်... ဒါကြောင့် သူဌေး အိပ်ချင်လာတာပါ... သူဌေးရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်တွေ အပြည့်အဝ ပြန်လည် ကောင်းမွန်သွားတဲ့အခါ ဟိုတယ်က ဒီရောင်ခြည်ကို အလိုအလျောက် ရပ်တန့် ပေးသွားမှာပါ..."
"ဪ... ဒီလိုကိုး... "
ကောင်းယွမ်သည် လေယာဉ် ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်ကတည်းက ကောင်းကောင်းမွန်မွန် အနား မယူရသေးသည်ကို ပြန်လည် သတိရမိလိုက်သည် ။
*ဘာပဲဖြစ်ဖြစ်... ဘယ်မှာ အိပ်အိပ် အတူတူပါပဲလေ...*
သူက ဟွမ်ဖူရှန်းကို ပြောလိုက်၏ ။
"ဟိုတယ်က ကျွန်တော့်ကို ဒီည အနားယူခိုင်းနေပုံပဲ... ဒါနဲ့ စောစောက ကျွန်တော် ရေချိုးခန်းနဲ့ အိမ်သာကို မတွေ့မိဘူးနော်..."
ဟွမ်ဖူရှန်းက ပြုံး၍၊
"သူဌေး... ရေချိုးခန်းနဲ့ အိမ်သာ မလိုပါဘူး... ကုတင်မှာတင် သန့်ရှင်းရေး လုပ်ဆောင်ချက် ပါဝင်ပါ တယ်... သူဌေး လဲလျောင်းပြီး စမ်းကြည့်လိုက်ပါဦး..."
"ဟုတ်လို့လား..."
*အနာဂတ်က လူသားတွေက ဒီလောက်အထိ လုပ်နိုင်ကြတာလား…*
အိပ်ရာပေါ်မှာတင် ကိစ္စအဝဝကို ဖြေရှင်းနိုင်ပြီး အိပ်ရာပေါ်မှာတင် ရေချိုးနိုင်ကြသည်ဆိုသည်မှာ ကောင်းယွမ်အတွက်တော့ မယုံနိုင်စရာပင် ။