← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀)

လူသားဖယ်ဒရေးရှင်း ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဗျူရို

"သူဌေး... အရင်ဆုံး အနားယူလိုက်ပါဦး... ရှေ့မှာ ဆိုင်ခန်း နှစ်ခု ကျန်ပါသေးတယ်... သူဌေး ကြည့်ချင် တယ်ဆိုရင်တော့ မနက်ဖြန်မှ ဆက်ကြည့်လို့ ရပါတယ်..."

ကောင်းယွမ်က မေးလိုက်လေသည် ။

"ကျန်တဲ့ ဆိုင်ခန်း နှစ်ခုက အရင်က ဘာဆိုင်တွေလဲ..."

"စားသောက်ဆိုင် တစ်ခုနဲ့ အကြောင်းအရာ အခြေခံ ကစားကွင်း တစ်ခုပါ..."

စားသောက်ဆိုင်ဟူသော စကားကို ကြားလိုက်ရသည့်အခါ ကောင်းယွမ်သည် စိတ်ဝင်စားမှု ချက်ချင်း လျော့နည်းသွားခဲ့သော်လည်း ကစားကွင်းကိုမူ စိတ်ဝင်စားသွားခဲ့လေသည် ။

"ကစားကွင်းမှာဘယ်လို ဂိမ်းတွေကို ကစားကြတာလဲ…"

"နှစ်မြှုပ်ခံစားရတဲ့ ရှေးဟောင်း ဂိမ်းတွေကတော့ အမှန်တကယ်မှာ ဟိုလိုဂရမ် ပုံရိပ်ယောင် သုံးဖက်မြင် မြင်ကွင်းတွေပါ... ကစားသမားတွေက မတူညီတဲ့ ခေတ်ကာလတွေက ဘဝတွေကို တွေ့ကြုံခံစားနိုင်မှာ ဖြစ်ပါတယ်... ဥပမာအားဖြင့် ရှေးခေတ်က ပဒေသရာဇ် စစ်ပွဲတွေ၊ အလယ်ခေတ်က စီးပွားရေး စစ်ပွဲ တွေနဲ့ လက်နက်သုံး စစ်ပွဲတွေ၊ ခေတ်သစ်ကာလက နျူကလီးယား စစ်ပွဲတွေ... စသဖြင့်ပေါ့လေ..."

ကောင်းယွမ် နားလည်သွားခဲ့ပြီ ဖြစ်သည် ။

အမှန်တကယ်တွင် လက်ရှိကမ္ဘာရှိ ဂိမ်းများနှင့် သိပ်မကွာခြားလှဘဲ ပို၍ ပကတိ ဆန်အောင် ပြုလုပ် ထားခြင်းသာ ဖြစ်သည် ။

"ကောင်းပြီ... ဒါဆိုရင် ရပြီ... စားသောက်ဆိုင်ကိုတော့ ကလပ်အတွက် ကြိုတင်စာရင်းပေးတဲ့ ရုံးခန်း အဖြစ် ပြောင်းလိုက်မယ်..."

"ကောင်းပါပြီ သူဌေး... တခြား ခိုင်းစရာ မရှိရင်တော့ ကျွန်မ သွားလိုက်ပါဦးမယ်..."

"ကောင်းပြီ..."

ဟွမ်ဖူရှန်း ထွက်ခွာသွားသည့်အခါ...၊

ကောင်းယွမ်က အခန်းကို "ကျွန်တော် ရေချိုးချင်တယ်..." ဟု ပြောလိုက်လေသည် ။

သူ စကားပြောပြီးသည်နှင့် ကုတင်ဘေးမှ စက်ရုပ်လက်တံ တစ်ဒါဇင်ကျော် ထွက်ပေါ်လာပြီး ကောင်းယွမ်၏ အဝတ်အစားများကို အရင်ဆုံး ဖယ်ရှားပေးလေသည် ။

ထို့နောက် နူးညံ့သိမ်မွေ့သော ရေငွေ့များကို ဖြန်းထုတ်၍ သန့်စင်ပေးပြီး စက်ရုပ်လက်တံများက သူ့ကို စတင် နှိပ်နယ်ပေးလေတော့သည် ။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ကောင်းယွမ်သည် တစ်ကိုယ်လုံး လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရ လေသည် ။

ယခု သူ ခံစားနေရသော ခံစားချက်ကို စကားလုံး တစ်လုံးတည်းဖြင့် ဖော်ပြရမည်ဆိုလျှင် 'ဇိမ်ကျလိုက် တာ' ဟူ၍သာ ဖြစ်ပေလိမ့်မည် ။

ဤအချိန်တွင် ကောင်းယွမ်၏ စိတ်ထဲ၌ တစ်ခုတည်းသော အတွေးသာ ရှိတော့သည် ။ ၎င်းမှာ ပျင်းရိစွာဖြင့် လဲလျောင်းနေရန်ပင် ဖြစ်သည် ။

ကံမကောင်းစွာဖြင့် ဟိုတယ်အခန်းထဲတွင် ဦးနှောက်လှိုင်း လက်ခံကိရိယာ မရှိသဖြင့် အနာဂတ်ကမ္ဘာ၏ ဉာဏ်ရည်တု စနစ်သည် 'ပျင်းရိစွာ လဲလျောင်းနေခြင်း' ဟူသော စကားလုံးကို နားလည်လိမ့်မည် မဟုတ် ပေ ။

ကောင်းယွမ်သည် ကိုယ်လက်သန့်စင်မှု ကိစ္စရပ်များကို မည်သို့ ဖြေရှင်းရမည်ကို သိချင်နေခဲ့သည် ။

ထို့ကြောင့် သူက အော်ပြောလိုက်လေ၏ ။

"ငါ အိမ်သာ သွားချင်တယ်..."

ထိုအခါ ကုတင်မှာ ပုံစံပြောင်းလဲသွားပြီး ကောင်းယွမ်၏ ကျောပြင်ကို ထောက်ကူပေးကာ ဘေးနှစ် ဖက်မှ လက်တံများ ထွက်ပေါ်လာသည် ။ အောက်ခြေတွင် သန့်စင်သည့် ကန်တစ်ခု ပေါ်လာခဲ့သည် ။ ကောင်းယွမ် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အနံ့အသက် ပျောက်ကွယ်စေသည့် ကိရိယာများ နှင့် ရေစင်ခြင်းကို ကာကွယ်ပေးသည့် ကိရိယာများကို တွေ့လိုက်ရလေသည် ။

*အနာဂတ်ကမ္ဘာက လူတွေကတော့ တကယ်ကို... ပျင်းစရာကောင်းတာပဲ…* ဟု ကောင်းယွမ် တွေး လိုက်မိလေသည် ။

သို့သော်လည်း ဤဉာဏ်ရည်တု ကိရိယာ အစုံအလင်ကိုသာ လက်ရှိကမ္ဘာသို့ ယူဆောင်သွားမည် ဆိုလျှင်..၊.

၎င်းမှာ ဧကန်မုချ ရောင်းကောင်းပေလိမ့်မည် ။

ခန္ဓာကိုယ်၏ လိုအပ်ချက်များကို ဖြေရှင်းပြီးနောက် ကောင်းယွမ်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပြီး နောက်နေ့ မနက် ခုနစ်နာရီ တိတိတွင် နိုးလာခဲ့လေသည် ။

သူ မျက်လုံးဖွင့်လိုက်သည့်အခါ အလွန်ပင် လန်းဆန်းနေခဲ့ပြီး အိပ်စက်ရသည်မှာလည်း အလွန် သက် သောင့်သက်သာ ရှိလှပေသည် ။

ဤကဲ့သို့သော ဟိုတယ်မျိုးကို အဘယ်ကြောင့် ရောင်းချရသနည်းဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည် ။

*ဧည့်သည် မရှိလို့များလား …*

ကောင်းယွမ် ဟိုတယ်ထဲမှ လမ်းလျှောက် ထွက်လာခဲ့လေသည် ။

(၂၀၂၄) ကလပ်သို့ မရောက်မီမှာပင် ဝမ်ရိဖေးပင်းပင်း ရောက်ရှိလာသည်ကို တွေ့လိုက်ရလေသည်။

"သူဌေး... တစ်ခုခု ဖြစ်နေပြီ..."

"ဘာဖြစ်လို့လဲ..."

ကောင်းယွမ်က မေးလိုက်လေသည် ။

"အဆင့်မြင့် ပုဂ္ဂိုလ်ကြီး တစ်ယောက် ကလပ်ကို ရောက်နေပါတယ်..."

"ဘယ်လောက်တောင် အရှိန်အဝါ ကြီးလို့လဲ..." ဟု ကောင်းယွမ်က မေးလိုက်ပြန်သည် ။

"သူက (၂၂) လွှာမှာရှိတဲ့ ချင်ကန်း အမြတ်နိုးဆုံး သစ်ခွပန်းကို ခူးလိုက်ပါတယ်..."

ချင်ကန်းက ဘာပြောသလဲ ။

"သူက... အရမ်း ဒေါသထွက်နေပေမဲ့ ဘာမှ မတတ်နိုင်တဲ့ပုံပဲ... ကျွန်မတို့ကို နောက်ထပ် ပန်းတစ်ပွင့် အမြန်ဆုံး ထပ်ထည့်ပေးဖို့ပဲ တိုက်တွန်းနေပါတယ် သူဌေး... ဘာလို့လဲဆိုတော့ ကလပ်မှာ ပစ္စည်း တော်တော်များများ ပြတ်လပ်နေလို့ပါ..."

ကောင်းယွမ်၏ မျက်နှာမှာ ချက်ချင်းပင် တည်တင်းသွားခဲ့သည် ။ ချင်ကန်းသည် ပန်းဝါသနာအိုး တစ်ဦး ဖြစ်ရာ သာမန်လူတစ်ယောက်ကသာ သူ၏ရှေ့တွင် ပန်းခူးမည်ဆိုလျှင် ထိုလူမှာ အသတ်ခံရမည်မှာ သေချာလှပေသည် ။

သို့သော်လည်း ယခု လူသစ်မှာမူ သူ၏ရှေ့တွင်ပင် ပန်းကို ခူးဝံ့ခဲ့ပြီး ချင်ကန်းမှာလည်း မည်သို့မျှ မတတ် နိုင်ခဲ့ပေ ။ ဆိုလိုသည်မှာ ဤလူသစ်၏ အဆင့်အတန်းမှာ အနည်းဆုံးအားဖြင့် ချင်ကန်း၏ သားဖြစ် သူထက် မနိမ့်ကျကြောင်း ပြနေခဲ့ပေသည် ။

ကောင်းယွမ် ခေါင်းညိတ်လိုက်လေသည် ။

"ဟွမ်ဖူရှန်း ဒီမှာ ရှိလား... သူ့ကို ကျွန်တော့်ဆီ လာခဲ့ဖို့ ပြောလိုက်ပါ..."

ကောင်းယွမ် ကလပ်ထဲသို့ မဝင်ဘဲ ဘေးရှိ ဂိုဒေါင်အတွင်းမှ သူ၏ ရုံးခန်းသို့ တိုက်ရိုက် ဝင်သွားခဲ့သည် ။

မကြာမီပင် ဟွမ်ဖူရှန်း ရောက်ရှိလာခဲ့လေသည်။

ကောင်းယွမ်က မေးမြန်းလိုက်သည် ။

"တကယ်တော့ ဘယ်သူ ရောက်နေတာလဲ..."

ဟွမ်ဖူရှန်း၏ မျက်နှာမှာ လေးနက်တည်ကြည်နေပြီး ၊

"သူဌေး... ကလပ်ကို ကယ်တင်ဖို့ မလွယ်လောက်ဘူး..."

"ဘာဖြစ်လို့လဲ..."

"လူမှုအသိုင်းအဝိုင်းရဲ့ ထိပ်တန်းမှာ 'သုံးယောက်မြောက် သခင်လေးများ' လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဝေါ် ကြတဲ့ အလိုလိုက်ခံထားရတဲ့ သူဌေးသား တစ်စု ရှိပါတယ်... တကယ်တော့ သူတို့ဟာ နေအဖွဲ့အစည်း တစ်ခုလုံးမှာ စီးပွားရေး လုပ်ငန်းတွေ ဖြန့်ကျက်ထားတဲ့ မိသားစု ကြီး သုံးခုကို ကိုယ်စားပြုနေတာပါ... ဒီမိသားစု သုံးခု ပေါင်းလိုက်ရင် လူသားမျိုးနွယ်ရဲ့ ပိုင်ဆိုင်မှု ထက်ဝက်လောက်ကို ထိန်းချုပ်ထားကြ တာပါ..."

"ဒါဆို ချင်မိသားစုကကော... မော့ကျင်း လဲ့မိသားစုကကော..."

"ချင်မိသားစုက လုံကျင်းမှာ ဩဇာအာဏာ အကြီးဆုံး ဖြစ်ပေမဲ့ လူသားလောက တစ်ခုလုံးမှာတော့ ဒုတိယတန်းစား အဆင့်ပဲ ရှိပါတယ်... အဲဒီမှာတောင် ဒုတိယတန်းစားရဲ့ အောက်ခြေမှာပဲ ရှိနေတာပါ... သူတို့ဟာ ချင်ကျင်း ရဲ့ ရာထူးအရှိန်အဝါကိုပဲ အားကိုးနေရတာ ဖြစ်ပြီးတော့ တကယ်လို့ ချင်ကျင်းသာ အနားယူသွားရင် ချင်မိသားစုဟာ တတိယတန်းစား အဆင့်ကို ကျဆင်းသွားမှာပါ... သူတို့ရဲ့ အာရုံစိုက်မှု ကို ဒီလောက် မြန်မြန်ဆန်ဆန် ရလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး..."

ဟွမ်ဖူရှန်း၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည် ။

"အရင်ဆုံး အဲဒီ သခင်လေး အကြောင်းကို ပြောပြပါ... သူ့ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကတော့ ကျွန်တော့်အလုပ်ပဲ..."

ကောင်းယွမ်က သတိပေးလိုက်လေသည် ။

ဤကလပ်မှာ သူ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်ပြီး သူသာလျှင် သူဌေး သူသာလျှင် သခင် ဖြစ်ပေသည် ။

"သူဌေး... လူသားဖယ်ဒရေးရှင်းမှာ လူသားကောင်စီ၊ စီမံခန့်ခွဲရေး အထွေထွေအုပ်ချုပ်မှုဗျူရို နဲ့ ဖွံ့ဖြိုး တိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဗျူရို ဆိုပြီး အဓိက မဏ္ဍိုင်ကြီး သုံးခု ရှိပါတယ်..."

"အဓိက မိသားစုကြီး သုံးခုဟာ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဗျူရို ရဲ့ ထိပ်သီးကြီး သုံးခု ဖြစ် ကြပါတယ်... ဒီသခင်လေး သုံးယောက်ဟာ အဲ့ဒီမိသားစု သုံးခုရဲ့ အလိုလိုက်ခံထားရတဲ့ သားသမီးတွေ ပါ... သူတို့က အပျော်အပါးကို အလွန် မက်မောကြပြီး အရာအားလုံးကို ကစားစရာအဖြစ် မှတ်ယူကြသူ တွေပါ... "

"အခု ရောက်နေတဲ့ တစ်ယောက်ကတော့ ဆူးတိုက် လို့ အမည်ရပါတယ်... သူက တိရစ္ဆာန်တွေနဲ့ ဆော့ ကစားရတာကို အနှစ်သက်ဆုံးပါ... ကျွန်မတို့ ကလပ်မှာ ရှားပါး တိရစ္ဆာန်တွေ ရှိတယ်လို့ ကြားလို့ လာခဲ့ တာ ဆိုပေမဲ့... ရောက်လာတဲ့အခါကျတော့ သူ သိပ်ပြီး သဘောမကျဘူး ဖြစ်နေပါတယ်..."

ကောင်းယွမ် နားလည်သွားခဲ့လေသည်။ ဝတ္ထု တော်တော်များများတွင် ဤကဲ့သို့သော လူဆိုးများ ပါဝင် တတ်သော်လည်း ထိုလူဆိုးများမှာ သာမန် အမျိုးသား အမျိုးသမီးများကို နှိပ်စက်ကြသူများသာ ဖြစ် ပေသည် ။

ဤကမ္ဘာ၏ ထိပ်တန်း ပုဂ္ဂိုလ်များမှာမူ ထိုကဲ့သို့သော လောကီ အာရုံများအပေါ် စိတ်ဝင်စားမှု မရှိကြ သဖြင့် အောက်ခြေလူတန်းစားများမှာ သူတို့အကြောင်းကို တစ်ခါမျှ မကြားဖူးကြသလို ဘာမျှလည်း မသိရှိကြပေ။

အလတ်တန်းစား လူတန်းစားများ အတွက်ပင် ထိုသူဌေးသားများမှာ ဒဏ္ဍာရီ တစ်ခုမျှသာ ဖြစ်သည်။

သို့သော်လည်း အဆင့်မြင့် နေရာတွင် ရှိနေသူများအတွက်မူ ဤကဲ့သို့သော အလိုလိုက်ခံ သူဌေးသား များနှင့် တွေ့ဆုံရခြင်းမှာ အန္တရာယ် တစ်ခုပင် ဖြစ်သည် ။

သူတို့မှာ စည်းကမ်းမရှိသော လူငယ်များ ဖြစ်ကြပြီး ရင်ခုန်စိတ်လှုပ်ရှားမှုကို မက်မောကြသူများ ဖြစ် ပေသည်။

ကောင်းယွမ်တွင် မေးခွန်းတစ်ခု ရှိနေသည် ။

"အစ်ကြီးရှန်း... လူသားဖယ်ဒရေးရှင်းက မဏ္ဍိုင်ကြီး သုံးခုနဲ့ ဖွဲ့စည်းထားတာ မဟုတ်လား... ချင်ကျင်း က ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဆိုတော့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီး တစ်ယောက်ပဲလေ... ဘာလို့ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဗျူရို က လူငယ်လေး တစ်ယောက်ကို မကိုင်တွယ်နိုင် ရတာလဲ..."

ကောင်းယွမ်က မေးလိုက်လေသည် ။

ဟွမ်ဖူရှန်း သက်ပြင်းချလိုက်မိ၏။

သူ ထင်ထားသည့်အတိုင်းပင် ဤသူဌေးမှာ ဘာမျှ မသိရှိသေးပေ ။ ၎င်းမှာ သူသည် ထိပ်တန်း ပုဂ္ဂိုလ် လည်း မဟုတ်သလို အောက်ခြေလူတန်းစားလည်း မဟုတ်ဘဲ အလတ်တန်းစား လူတန်းစားလည်း မဟုတ်ကြောင်း အတည်ပြုပေးနေသကဲ့သို့ပင် ဖြစ်သည် ။

"သူဌေး... အမှန်တကယ်တော့ ကမ္ဘာပေါ်မှာ ရှိတဲ့ အနည်းစုသော ထိပ်တန်း လူတန်းစားတွေက ရှာဖွေတဲ့ ငွေကြေးတွေနဲ့ပဲ အောက်ခြေလူတန်းစား အများစုကို ထောက်ပံ့နေရတာပါ... ကောင်စီပဲဖြစ်ဖြစ်၊ စီမံခန့် ခွဲရေး အထွေထွေအုပ်ချုပ်မှုဗျူရို ပဲဖြစ်ဖြစ် သူတို့ တစ်ခုခု လုပ်ချင်ရင် ငွေလိုပါတယ်... "

"စီမံခန့်ခွဲရေး အထွေထွေအုပ်ချုပ်မှုဗျူရို ဟာ အောက်ခြေလူတန်းစားတွေဆီက အခွန် လုံးဝ မကောက် ခံပါဘူး... သူ့ရဲ့ ရန်ပုံငွေ အားလုံးဟာ အမှန်တကယ်တော့ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဗျူရို ဆီက လာတာပါ... သူဌေး နားလည်ပြီ မဟုတ်လား..."

ကောင်းယွမ် နားလည်သွားခဲ့ပြီ ဖြစ်သည် ။

ဤကမ္ဘာကြီးမှာ တကယ်ကိုပဲ... စိတ်ပျက်စရာ ကောင်းလှပေသည် ။ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေ အုပ်ချုပ်မှုဗျူရို မှာ ထိပ်တန်း လူတန်းစားများအတွက် နိဗ္ဗာန်ဘုံ တစ်ခုပင် ဖြစ်သည် ။

လူသားကောင်စီက စည်းမျဉ်းများကို သတ်မှတ်ပြီး စီမံခန့်ခွဲရေး အထွေထွေအုပ်ချုပ်မှုဗျူရို က ၎င်းတို့ ကို အကောင်အထည်ဖော်ရခြင်းဖြစ်ပေသည် ။ တကယ့် သူဌေးမှာမူ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေ အုပ်ချုပ်မှုဗျူရို သာ ဖြစ်တော့သည် ။

အဘယ်ကြောင့်ဆိုသော် စစ်တပ်ကို ထိန်းသိမ်းရန်ဖြစ်စေ၊ လူမှုဖူလုံရေး အစီအစဉ်များကို အကောင် အထည်ဖော်ရန်ဖြစ်စေ ၎င်း၏ ထောက်ပံ့မှု လိုအပ်သောကြောင့် ဖြစ်သည် ။ မဟုတ်လျှင်တော့ မည် သည့်အရာမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ ။

အမှန်တကယ်တွင် မည်သည့် ခေတ်ကာလမှာမဆို အရင်းအမြစ် ရှိသူကသာ အာဏာရှိသည်မှာ အမှန်တရားပင် ဖြစ်သည် ။

အနာဂတ်ကမ္ဘာမှာ အမည်ခံအားဖြင့် မဏ္ဍိုင်ကြီး သုံးခုဖြင့် လည်ပတ်နေသော်လည်း လက်တွေ့တွင်မူ မဏ္ဍိုင်တစ်ခုမှာ အခြားတစ်ခုကို မှီခိုနေရခြင်း ဖြစ်ပေသည် ။

ကောင်းယွမ် စဉ်းစားခန်း ဝင်လိုက်လေသည် ။

ထိုသူမှာ မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်နိုင်ပေသည် ။

*တကယ်လို့များ ဒီလူက ငါ့ရဲ့ ကလပ်ကို မျက်စိကျပြီး သိမ်းပိုက်ချင်တယ်ဆိုရင်တောင်မှ ဘယ်သူကမှ ငါ့ဘက်ကနေ ရပ်တည်ပေးရဲလိမ့်မယ် မထင်ဘူး….*

*ဒါပေမဲ့ သူ့မှာ ဝါသနာ တစ်ခုခု ရှိနေသရွေ့တော့ အရာအားလုံးက လွယ်ကူသွားမှာပါ...*

ကောင်းယွမ်၏ စိတ်ထဲတွင် အကြမ်းဖျင်း အစီအစဉ်တစ်ခု ရှိနေပြီး မူလက ၎င်းကို ပိုမို ခိုင်မာအောင် ပြုလုပ်ပြီးမှ အကောင်အထည်ဖော်ရန် စီစဉ်ထားသော်လည်း ယခုအခါတွင်မူ မကောင်းယွမ် အချိန်ကို ရှေ့တိုးလိုက်ရတော့မည် ဖြစ်သည် ။

"အစ်မကြီးရှန်း... ကျွန်တော့်အတွက် လဲ့ချင်းမေ နဲ့ တွေ့ဖို့ ချိန်းပေးပါဦး..."

"ကောင်းပါပြီ..."

ဟွမ်ဖူရှန်းတွင် ကောင်းမွန်သော အချက်တစ်ခု ရှိသည် ။ ၎င်းမှာ အဘယ်ကြောင့်နည်းဟု မည်သည့်အခါ မျှ မမေးမြန်းခြင်းပင် ဖြစ်သည် ။ သူမသည် အထက်နှင့် အောက် ကိစ္စရပ်များတွင် အလွန်ပင် ရှင်းလင်း ပြတ်သားသူ ဖြစ်ချေသည် ။

ဟွမ်ဖူရှန်းတွင် သူမ၏ ကိုယ်ပိုင် အစီအစဉ်များ ရှိနေမည်မှာ သေချာလှသော်လည်း ကောင်းယွမ် မကြောက်ပေ ။ လူဆိုသည်မှာ ရည်မှန်းချက် ရှိသည်ကို မကြောက်ရဘဲ မိမိကိုယ်မိမိ သိရှိခြင်း မရှိသော ရည်မှန်းချက်ကြီးသူကိုသာ ကြောက်ရခြင်း ဖြစ်သည် ။

ဟွမ်ဖူရှန်း ကဲ့သို့သော အရည်အချင်းရှိပြီး ထက်မြက်သည့် ရည်မှန်းချက်ကြီးသူနှင့်တော့ အနည်းဆုံး အားဖြင့် ယခုအချိန်တွင် သူတို့၏ ပန်းတိုင်များမှာ တူညီနေဆဲပင် ဖြစ်လေသည် ။

All Chapters