အခန်း ၁၉၃၉
Vol. 130 Ch. 1939
အခန်း (၁၉၃၉) အင်အားတိုးလာပြီ ပြန်ချိန်တန်ပြီ
ချူးယွင်ဖန်း၏ ကိုယ်ပိုင်စုဆောင်းထားခြင်းက လုံလောက်ပြီဖြစ်၏။ သူ၏ခန္ဓာကိုယ်တွင်း၌ မရေမတွက်နိုင်သောနတ်စွမ်းအားများစွာက ဆဲလ်တိုင်း၌ ပျံ့နှံ့သွားသည်။ သူ၏ဘုရင်ခန္ဓာကိုယ်ကို ပိုတိုးတက်အောင် ပံ့ပိုးပေးရန် လုံလောက်ပေသည်။
သို့သော်လည်း ချူးယွင်ဖန်း၏ကျင့်စဉ်အဆင့်များက ဖြတ်ကျော်ခြင်းများ ဖြစ်နေသော်လည်း ဘုရင်ခန္ဓာကိုယ်ကမူ ဖြတ်ကျော်ခြင်းမျိုး မဖြစ်ပေ။
ထိုအချိန်တွင် ဘုရင်ခန္ဓာကိုယ်က ချူးယွင်ဖန်း ပထမဆုံးကျင့်ကြံစဉ်ကနှင့် လုံးဝမတူတော့ပေ။ ရှေးခတ်ဇာမဏီနက်ခန္ဓာကိုယ်နှင့် မိုးချုန်းသံခန္ဓာကိုယ်အစိတ်အပိုင်းအဖြစ် မြှင့်တင်သွားခြင်းသာ ဖြစ်၏။ ယခုတွင် ချူးယွင်ဖန်းသည် ထိပ်တန်းခန္ဓာကိုယ်သုံးမျိုးကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ လီချန်းယွမ်ထက်အဆင့်နိမ့်နေသော်လည်း ထိုသည်ကပင် အသာလေးအနိုင်ယူနိုင်သည့်သော့ချက် ဖြစ်နေ၏။
ထိုအချိန်တွင် ချူးယွင်ဖန်း၏ ကျင့်စဉ်အဆင့် တိုးတက်နေပြီဖြစ်ကာ ခန္ဓာကိုယ်အဆင့်ချိုးဖျက်ရာတွင် ကန့်သတ်ထားသောစွမ်းအားများလည်း မရှိတော့ပေ။ ထို့ကြောင့် သူသည် ရူးလောက်အောင် ချိုးဖျက်နေပြီဖြစ်သည်။ အားပြင်းသောစွမ်းအားက ခန္ဓာကိုယ်ဆဲလ်တိုင်းမှ ပေါက်ထွက်လာပြီး ဆွဲဖြဲပစ်နေသော်လည်း တစ်ချိန်တည်းတွင်ပင် ပြန်လည်စုဝေးလာကြသည်။
တစ်နေကုန်ပြီးနောက် ချူးယွင်ဖန်းသည် ပြောင်းလဲခြင်းကို ရပ်တန့်လိုက်သည်။ ထိုအချိန်၌ ချူးယွင်ဖန်း၏ခန္ဓာကိုယ်မှ သွေးညှီနံ့လှိုင်လှိုင်ထွက်နေ၏။ ထိုသွေးများက ပြောင်းလဲနေစဉ်အတွင်း ထွက်လာခြင်းဖြစ်သည်။ သွေးနက်များပင် ပါသေးသည်။ အားလုံးက အဆိပ်အတောက်များသာ ဖြစ်၏။ ခန္ဓာကိုယ်ပြောင်းလဲခြင်းက ကျင့်စဉ်ပြောင်းလဲခြင်းထက် ပို၍များစွာခက်ခဲသည်။ ခန္ဓာကိုယ်တွင်း၌ ဖုံးကွယ်ထားသောအဆိပ်များကို ချက်ချင်းပင်ထုတ်၍ အသက်ဓာတ်ပြောင်းလဲခြင်းကို ပြီးမြောက်စေသည်။
ချူးယွင်ဖန်း အနည်းငယ်တုန်ယင်နေ၏။ သွေးများက ခဲနေပြီး ထိုအောက်မှ ဖြူဖွေးသောအသားအရေအနည်းငယ်သာ ပေါ်နေသည်။ ယခုတွင် ချူးယွင်ဖန်းမှာ ပို၍ငယ်ရွယ်သွားဟန်ပေါ်သည်။ အစက နှစ်ဆယ်ကျော်လူငယ်လေးနှင့်တူသည်။ ယခုတွင်မူ ဆယ်ကျော်သက်လေးကဲ့သို့ နုပျိုနေတော့၏။ နူးညံ့လှပသောမျက်နှာလေးက အသက်ဓာတ်ကူးပြောင်းပြီးနောက် ယခင်နှင့် လုံးဝမတူတော့ပေ။ ပုံစံက များများစားစား ပြောင်းလဲမသွားသ်ောလည်း ဝိညာဉ်နှင့်စွမ်းအားက ပြောင်းလဲသွားသည်မှာ ကြာပြီဖြစ်သည်။ နည်းနည်းပြောင်းလဲသည်ကပင် လူတစ်ယောက်ပုံစံကို ပြန်လည်မွေးဖွားလာသကဲ့သို့ လုံးဝပြောင်းလဲသွားစေသည်။
ယခုအချိန်တွင် ချူးယွင်ဖန်းမှာ လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည်။ သူ၏ ရုပ်သွင်မှာ ဆယ်ကျော်သက်အရွယ်ကဲ့သို့ နုပျိုနေပြီး အရပ်အမောင်းမှာ မြင့်မားဖြောင့်မတ်ကာ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူ၏ ပတ်ဝန်းကျင်တွင်လည်း ထူးခြားသော အရှိန်အဝါတစ်ခု ဖုံးလွှမ်းနေတော့သည်။
"နောက်ဆုံးတော့ အောင်မြင်သွားပြီ။ သွားဖို့ အချိန်တန်ပြီ"
ချူးယွင်ဖန်းက ပြုံးလျက် ဆိုလိုက်သည်။
ဖန်ဆင်းရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ သူ ကျင့်စဉ်အဆင့် မကျော်ဖြတ်နိုင်ခင်ကပင် သူ၏ တိုက်ခိုက်ရေးအစွမ်းမှာ ဖန်ဆင်းရှင်အဆင့်ရှိသူများနှင့် ယှဉ်နိုင်နေပြီဖြစ်ရာ အတော်ပင် အင်အားကြီးမားနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ကျင့်စဉ်အဆင့် ကျော်ဖြတ်နိုင်မှုမှာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ချက်ချင်းပင် အဆပေါင်းများစွာ မြင့်တက်သွားစေခဲ့သည်။ ယခင်နှင့် နှိုင်းယှဉ်ပါက ဤအသွင်ပြောင်းလဲမှုမှာ ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်လောက်သည့် ပြောင်းလဲမှုပင် ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရန် သူ ပေးဆပ်ခဲ့ရသမျှမှာ အလဟဿ မဖြစ်ခဲ့ပေ။
ဖန်ဆင်းရှင်အဆင့်ကျင့်စဉ်ဖြင့် သူသည် ယခုအခါ အခြားသော ပါရမီရှင်များနှင့် ကျင့်စဉ်အဆင့်ချင်း တန်းတူရပ်တည်နိုင်ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မဆိုထားနှင့်၊ သူသည် ထိုပါရမီရှင်များကို များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့် ပဥ္ဇမအဆင့် ရှိသော ပညာရှင်တစ်ဦးပင်လျှင် သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။ ဤအဆင့်တွင် သူသည် လူတိုင်းကို အနိုင်ယူနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့် ဆဌမအဆင့်ရှိသူများထံမှပင် ထိခိုက်ဒဏ်ရာမရဘဲ လွတ်မြောက်နိုင်သလို၊ သတ္တမအဆင့်ရှိသူများပင်လျှင် သူ့ကို သတ်နိုင်စွမ်း မရှိကြတော့ပေ။ သူ့အတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှုမှာ ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူများသာ ဖြစ်သည်။
သို့သော်လည်း အသစ်တဖန် ပြောင်းလဲသွားသော ဘုရင်ခန္ဓာကိုယ်က သူ့ကို အကာအကွယ် ပေးထားသဖြင့် သူ အနိုင်မရခဲ့လျှင်ပင် လွတ်အောင် ပြေးနိုင်စွမ်း ရှိပေသည်။ ကျင့်စဉ်အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော ချူးယွင်ဖန်းသည် လောကကြီးတစ်ခုလုံးကို သူ ပိုင်ဆိုင်ထားသကဲ့သို့ပင် ခံစားနေရတော့သည်။
"လီချန်းယွမ် မင်း ပေါ်လာတာ အကောင်းဆုံးပဲ။ ငါ မင်းကို အမြစ်ပြတ် ချေမှုန်းပစ်မယ်”
ချူးယွင်ဖန်း၏ မျက်လုံးများမှာ ဝင်းလက်နေပြီး ဟင်းလင်းပြင် အလွှာလွှာကို ဖောက်ထွက်၍ လီချန်းယွမ်ကို မြင်နေရသည့်အလားပင်။ သူ၏ ပတ်ဝန်းကျင်တွင်လည်း အနက်ရောင် ပေတံကြီးနှင့်တူသော ပင်လယ်မှောက်လှန်ဓားက လှည့်ပတ်နေသည်။
ပင်လယ်မှောက်လှန်ဓားထက်တွင် ခပ်ရေးရေး ဓားအရှိန်အဝါများ ဖုံးလွှမ်းနေပြီး၊ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ လူတစ်ယောက်၏ နှလုံးသားကိုပင် တုန်လှုပ်သွားစေနိုင်သည်။ ဖန်ဆင်းရှင်အဆင့်ရှိသူများပင်လျှင် ဤဓား၏ ရိုက်ခတ်မှုကို တစ်ချက်တည်း ခံရရုံဖြင့် ချက်ချင်း သေဆုံးသွားနိုင်ပေသည်။
သုံးလကျော်ကြာပြီးနောက်တွင် ချူးယွင်ဖန်းသည် ပင်လယ်မှောက်လှန်ဓားပေါ်ရှိ ပထမဆုံးချိပ်စည်းကို အောင်မြင်စွာ ဖြေဖျောက်နိုင်ခဲ့ပြီး ၎င်း၏ စွမ်းအားကို စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ အကန့်အသတ် ရှိနေသေးသော်လည်း သူသာ သတိမထားပါက ဖန်ဆင်းရှင်အဆင့် ဆဌမအဆင့်ရှိသူများပင်လျှင် ချူးယွင်ဖန်း၏လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းတို့ ကြုံတွေ့ရနိုင်ပေသည်။
ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ သူ၏ကျင့်စဉ်မှာ ပိုမိုသန်မာလာမည်ဖြစ်ပြီး သူ ဖြေဖျောက်နိုင်မည့် ချိပ်စည်းအရေအတွက်မှာလည်း တိုးလာပေလိမ့်မည်။ နောင်တစ်ချိန်တွင် သူသည် အရှေ့ပင်လယ်ပြင်၏ နံပါတ်တစ် ပညာရှင်ကြီးအဖြစ် ဂုဏ်သတင်း ပြန်လည်ကျော်ကြားလာရန်မှာ မခက်ခဲတော့ပေ။
ချူးယွင်ဖန်းသည် ပင်လယ်ဘုရင်၏ ဓားကျမ်းကို မရရှိခဲ့သော်လည်း ၎င်းကို အရေးတယူ မရှိခဲ့ပေ။ ဧကရာဇ်ကျင့်စဉ်ထဲတွင် ဧကရာဇ်များ ကိုယ်တိုင် ဖန်တီးခဲ့သည့် ဓားကျမ်းများစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်ပါက ဓားတစ်ချက်တည်းဖြင့်ပင် ကမ္ဘာတစ်ခုလုံးကို ပိုင်းဖြတ်နိုင်စွမ်း ရှိပေသည်။ ၎င်းကို အသုံးပြုပါက ပင်လယ်ဘုရင်၏ ဓားကျမ်းထက်ပင် ပို၍ စွမ်းအားကြီးမားလှသည်။
ယခုအခါတွင်မူ သူသည် ဧကရာဇ်ကျမ်းစာအုပ်မှ အဖိုးမဖြတ်နိုင်သော ရတနာသိုက်ကြီးဖြစ်ကြောင်း ပို၍ နားလည်လာခဲ့ပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ ကျင့်စဉ်အဆင့်မှာ မြင့်တက်လာခဲ့ပြီး ယခင်က မကျင့်ကြံနိုင်ခဲ့သော နတ်ဘုရားအတတ်ပညာ အတော်များများကိုလည်း စတင်ကျင့်ကြံနိုင်ပြီ ဖြစ်သည်။
၎င်းတို့ထဲမှ အများစုမှာ ဧကရာဇ်များ ချန်ထားရစ်ခဲ့သည့် ဂန္ထဝင်ကျမ်းများဖြစ်ပြီး ဧကရာဇ်များစွာ၏ ကျင့်ကြံမှု အတွေ့အကြုံများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဧကရာဇ်များစွာ ထွန်းကားခဲ့သည့် ရှေးဟောင်းခေတ်နှင့် မတူဘဲ ယခုခေတ်တွင်မူ ဧကရာဇ်ဆိုသည်မှာ ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်တော့သည်။ တစ်ဦးတစ်ယောက်ကို မြင်တွေ့ရန်ပင် မဖြစ်နိုင်တော့ချေ။
ဧကရာဇ်ကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် ကျင့်စဉ်တစ်ခုခု သို့မဟုတ် စာအုပ်တစ်အုပ်သာ ပြင်ပသို့ ပေါက်ကြားသွားပါက သွေးချောင်းစီးမည့် တိုက်ပွဲကြီးများ ဖြစ်ပေါ်လာနိုင်ပေသည်။ ထို့ပြင် ဤပြိုင်ပွဲတွင် ပါဝင်နေသူများမှာလည်း သာမန်လူများ မဟုတ်ကြဘဲ ကမ္ဘာပေါ်ရှိ ထိပ်တန်းပညာရှင်များသာ ဖြစ်ကြသည်။ တောထွက်၍ လူသူမနီးရာတွင် နေထိုင်ကြသော ရှေးဟောင်း မိစ္ဆာအိုကြီးများပင်လျှင် ဤရတနာကြောင့် ပြန်လည် ထွက်ပေါ်လာနိုင်ပေသည်။
ဤကဲ့သို့သော ရတနာသိုက်ကြီးကို ပိုင်ဆိုင်ထားရသဖြင့် ချူးယွင်ဖန်းအနေဖြင့် ပင်လယ်ဘုရင်၏ ဓားကျမ်းမှာ အလွန်အရေးကြီးသည်ဟု မခံစားရခြင်းမှာ သဘာဝကျလှသည်။ သူ လိုအပ်နေသည်မှာ ကျင့်စဉ်ကျမ်းများ မဟုတ်ဘဲ အမျိုးမျိုးသော ကျင့်ကြံမှု အရင်းအမြစ်များသာ ဖြစ်သည်။
"လူတိုင်း ငါ့နာမည်ကို နောက်တစ်ကြိမ် ပြန်ကြားရမယ့် အချိန်ရောက်ပြီ"
ချူးယွင်ဖန်းက ခပ်ဖွဖွ ဆိုလိုက်သည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း ချူးယွင်ဖန်းသည် ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ပြတ်နေခဲ့သည်တော့ မဟုတ်ပေ။ သူသည် သတင်းအချက်အလက်များကို ရံဖန်ရံခါ ထွက်၍ စုံစမ်းလေ့ရှိသည်။ ထို့ကြောင့်ပင် သူ၏ လက်ချက်ကြောင့် လီမျိုးနွယ်စုနှင့် အိမ်ရှေ့စံ၏ မဟာမိတ်တပ်ဖွဲ့တို့မှာ ပင်လယ်မင်းသား၏ ရေအောက်တပ်နှင့် တိုက်ခိုက်ခဲ့ရကြောင်း သူ ကောင်းကောင်း သိရှိနေသည်။
နှစ်ဖက်စလုံး အထိနာခဲ့ကြပြီး လီမျိုးနွယ်စုမှာလည်း ဆုတ်ခွာသွားခဲ့ရသည်။
ပင်လယ်မျိုးနွယ်များမှာလည်း များမကြာမီမှာပင် သတင်းရရှိခဲ့ကြပြီး အကြီးအကျယ် ဒေါသထွက်ခဲ့ကြသည်။ သူတို့သည် ချူးယွင်ဖန်းကို နေရာအနှံ့ လိုက်လံရှာဖွေခဲ့ကြသော်လည်း သူ ရုပ်ဖျက်ထားသည့် ပုံပန်းသဏ္ဍာန်ကိုသာ သိရှိကြပြီး ချူးယွင်ဖန်း အမှန်တကယ် မည်သူဖြစ်သည်ကိုမူ မသိရှိခဲ့ကြချေ။ ဤသည်မှာ ဘယ်သောအခါမှ အဖြေရှာမရမည့် အမှုတစ်ခုအဖြစ်သာ ကျန်ရစ်တော့မည် ဖြစ်သည်။ နှစ်ဖက်စလုံး အချင်းချင်း တိုက်ခိုက်နေကြသည်ကို မြင်ရသောအခါ ချူးယွင်ဖန်းမှာ အတော်ပင် ကျေနပ်နေခဲ့သည်။
သူ စိတ်ညွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် တောတောင်မြစ်ချောင်းပန်းချီကားထဲမှ ပျောက်ကွယ်သွားပြီး နောက်တစ်ခဏ၌ အရှေ့ပင်လယ်ပြင်၏ ကောင်းကင်ယံထက်တွင် ပေါ်လာတော့သည်။ သူသည် အလင်းတန်းတစ်ခုကို စီးနင်းလျက် အလယ်ပိုင်းလွင်ပြင်ဆီသို့ ဦးတည်ထွက်ခွာသွားရာ ခဏချင်းအတွင်းမှာပင် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားလေတော့သည်။
--