အခန်း ၁၉၄၁
Vol. 130 Ch. 1941
အခန်း (၁၉၄၁) သက်တံ့တံတားရှေ့ကတိုက်ပွဲ
သက်တံ့တံတား၏ရှေ့တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော လူငယ်တပည့်အုပ်စုက ပိတ်ထားကြ၏။ တစ်ချက်ကြည့်လိုက်လျှင်ပင် ထိုလူငယ်များသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းကဟု ပြောနိုင်ကာ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ထူးခြားသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားကြခြင်း ဖြစ်၏။
“ဘာလို့ သက်တံ့တံတားကို ဖြတ်မရတာလဲ”
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်တစ်ယောက်က စိတ်တိုစွာ ပြောလိုက်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ထို့တပည့်များက အတော်လေးတော်ကြသည်။ မင်းသမီးကြီး၏ မွေးနေ့ပွဲကို တက်ခွင့်ရရန်အတွက် အနည်းဆုံး အစစ်အမှန်တပည့်များနှင့် အထက်တွင် ရှိရမည်။ သူတို့၏ကျင့်စဉ်များသည် စကြာဝဠာအဆင့်ကို ကျော်ဖြတ်ပြီးဖြစ်သည်။ တစ်ယောက်ချင်းစီက ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ နာမည်ကြီးများဖြစ်ကြသည်။ သို့သော်လည်း ယခုတွင်မူ သက်တံ့တံတားပေါ်သို့ ဖြတ်မကူးနိုင်ကြပေ။ ထိုပေါ်သို့ ရပ်လိုက်သည်နှင့် ချော်ကျသွားကြသည်။
အားလုံး၏အမူအရာက ပျက်ယွင်းနေကြသည်။ သူတို့၏ထက်မြက်မှုနှင့်ဆိုလျှင် သက်တံ့တံတားပေါ်တက်ခြင်းက ပြဿနာမဟုတ်သည်ကို သိသော်လည်း ကျင့်စဉ်က သက်တံ့တံတားပေါ်တွင် ရပ်နိုင်ရန်အတွက် မလုံလောက်ဖြစ်နေရှာသည်။ ဤသက်တံ့တံတားက စမ်းသပ်ချက်တစ်ခုသာ ဖြစ်၏။ တံတားကို မဖြတ်နိုင်သူများသည် မွေးနေ့ပွဲကျင်းပရာတွင် ပါဝင်ခွင့်ရရန် အရည်အချင်းပြည့်မှီမည်မဟုတ်ပေ။
“တကယ်ပဲ အခြားနည်းလမ်းမရှိရင်တော့ ဂိုဏ်းက အကြီးအကဲတွေကို စာပို့ပြီး လာခေါ်ခိုင်းရမှာပဲ”
နောက်ထပ်တပည့်တစ်ယောက်က ဆိုလိုက်သည်။
တံတားကို ကိုယ်တိုင်ဖြတ်ခြင်းနှင့် အကြီးအကဲများကို လာခေါ်ခိုင်းခြင်းက မတူညီသောအရာနှစ်ခု ဖြစ်နေသည်။ သူတို့သည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှလသော အစစ်အမှန်တပည့်များဖြစ်ကြသည်။ ထို့ကြောင့် မိမိဘာသာ နာမည်ကောင်းရနိုင်ရန်အတွက် အားလုံးက ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်၏။ အရှုံးကို ဒီလောက်လွယ်လွယ်နဲ့ ဘယ်လိုဝန်ခံနိုင်လိမ့်မလဲ။
“ဟင်း အမှိုက်သရိုက်တွေပဲ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းက ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းမှာ နာမည်ကြီးပေမဲ့လို့ ကြည့်ရတာက သူတို့သင်ပေးထားတဲ့ တပည့်တွေကတော့ တော်တဲ့ပုံမပေါ်ဘူးပဲ”
ရုတ်တရက်ဆိုသလို အဝေးတစ်နေရာမှ အေးစက်စက် နှာခေါင်းရှုတ်သံတစ်ခု ထွက်ပေါ်လာသည်။ မီးတောက်အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်သန်းလာပြီး လူတိုင်း၏ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတော့သည်။ သူသည် တောက်လောင်နေသော မီးလျှံများနှင့်တူသည့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးပင် ဖြစ်သည်။ ထိုလူငယ်၏ မျက်နှာထက်တွင် မောက်မာသောအမူအရာ အပြည့်ရှိနေပြီး သူ၏မျက်ဝန်းများထဲတွင်လည်း ဆိုးယုတ်သော ဆွဲဆောင်မှုရိပ်များ ယှက်သန်းနေ၏။
များမကြာခင် အခြားသော လူအုပ်ကြီးတစ်ခုလည်း ပျံသန်းရောက်ရှိလာကြသည်။ ထိုလူများမှာ အစေခံများကဲ့သို့ ဝတ်ဆင်ထားကြပြီး ဤလူငယ်၏ နောက်သို့ လိုက်ပါလာကြခြင်း ဖြစ်သည်။ သို့သော် သူတို့၏ ကျင့်စဉ်အဆင့်မှာမူ ဤလူငယ်ကို မှီရန် အတော်ပင် လိုအပ်နေသေးသည်။
"မီးတောက်နီမိစ္ဆာဂိုဏ်း"
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်များ၏ မျက်နှာမှာ ပျက်ယွင်းသွားကြတော့သည်။ ဤလူငယ်၏ နီမြန်းသော မီးလျှံဝတ်ရုံမှာ လူတိုင်း၏ အာရုံကို ဖမ်းစားထားသည်။ ဂိုဏ်းပေါင်းများစွာထဲတွင် ဤကဲ့သို့သော ဝတ်ရုံပုံစံမျိုးက မီးတောက်နီမိစ္ဆာဂိုဏ်း၏ အမှတ်အသားပင် မဟုတ်ပါလား။
တရားသောလမ်းစဉ်ကို လိုက်နာသည့် ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် ပင်လယ်ရပ်ခြားမှ ရှေးဟောင်းမိစ္ဆာဂိုဏ်းကြီးဖြစ်သည့် မီးတောက်နီမိစ္ဆာဂိုဏ်းနှင့် ကာလရှည်ကြာ တိုက်ခိုက်လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ တပည့်ပေါင်းများစွာမှာလည်း တစ်ဖက်ဂိုဏ်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရဖူးသည်။ ယခုကဲ့သို့ ထိပ်တိုက်တွေ့ဆုံကြခြင်းမှာ ရန်သူချင်း လမ်းကျဉ်းထဲတွင် ဆုံကြသည့်အလားပင်။ ရန်သူချင်း မျက်နှာချင်းဆိုင်လိုက်ရသဖြင့် သူတို့၏ မျက်လုံးများမှာလည်း ဒေါသကြောင့် နီမြန်းလာကြတော့သည်။
"မင်းတို့က ဘယ်လောက်တောင် သတ္တိရှိလို့လဲ။ ဒါက မင်းသမီးကြီးရဲ့ သီးသန့်ကျင့်ကြံရာနယ်မြေလေ။ မင်းတို့လို မိစ္ဆာတွေက ဘယ်လိုလုပ် ဒီမှာ ပေါ်လာရဲတာလဲ။ သေရမှာ မကြောက်ကြဘူးလား"
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်ရင်းတစ်ဦးက လှောင်ပြောင်လိုက်သည်။
"မိစ္ဆာ ဟုတ်လား"
ထိုလူငယ်က ရယ်မောလိုက်ပြီး
"ဒါက တရှလို့ မင်းတို့ ထင်နေတာလား။ မင်းတို့ရဲ့ ဥပဒေတွေက ဒီနေရာကို မချုပ်ကိုင်နိုင်ဘူး။ မင်းသမီးကြီးမှာက ကျယ်ပြန့်တဲ့ မိတ်ဆွေအသိုင်းအဝိုင်း ရှိတယ်။ မင်းတို့ ဂိုဏ်းကြီးဆယ်ဂိုဏ်းတင်မကဘူး၊ ငါတို့ဂိုဏ်းက အကြီးအကဲတွေနဲ့လည်း သူက ရင်းနှီးတာပဲ။ ဒီနေ့က သူ့ရဲ့ မွေးနေ့ပဲလေ၊ ငါတို့ ဘာလို့ လာလို့မရရမှာလဲ"
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်များသည် မင်းသမီးကြီးနှင့် ပတ်သက်သည့် ကောလာဟလများကို ပြန်လည်သတိရသွားကြသည်။ သူမသည် မည်သည့်အခါမှ စည်းမျဉ်းဘောင်ထဲတွင် နေထိုင်သူမဟုတ်ပေ။ ထိုစဉ်က မင်းသမီးကြီးသည် တော်ဝင်မိသားစုနှင့် သဘောထားကွဲလွဲခဲ့ပြီး တရှ၏ အင်အားကို မချေးဘဲ သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့်သာ အေးချမ်းနတ်ဘုရားတောင်တော်ကို အုပ်ချုပ်ခဲ့သည်ဟူသော ကောလာဟလများပင် ရှိခဲ့သည်။
မင်းသမီးကြီးသည် ကောင်းကွက်ရှိသလို ဆိုးကွက်လည်း ရှိသူဖြစ်ပြီး မိတ်ဆွေ အလွန်ပေါသူလည်း ဖြစ်သည်။ တရားသောလမ်းစဉ်မှ ပညာရှင်များသာမက မိစ္ဆာလမ်းစဉ်မှ ပညာရှင်များနှင့်လည်း ခင်မင်သူ ဖြစ်သည်။ သူမ၏ ကျင့်စဉ်အဆင့်နှင့်ဆိုပါက သူမသာ အလိုရှိလျှင် လူပေါင်းများစွာက သူမနှင့် မိတ်ဆွေဖြစ်ရန် အသင့်ရှိနေကြသည်မှာ သဘာဝကျလှသည်။
"ဒါတင်မကသေးဘူး၊ မင်းသမီးကြီးက သူ့ရဲ့ ချစ်တပည့် မင်းသမီးကူရှဲ့အတွက် ကြင်ယာတော် ရွေးချယ်ပေးတော့မှာကို လူတိုင်း သိကြတာပဲ။ သူက တရှက လူတွေထဲကပဲ ရွေးမယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ။ လောကမှာ စိတ်ဝင်စားတဲ့ သူရဲကောင်းတွေအားလုံး ဒီကို ရောက်လာကြတာပဲလေ"
ထိုလူငယ်က အေးစက်စက် ပြုံးလိုက်ပြီး ပြောလိုက်၏။
"ငါ မီးတောက်သခင်လေးကလည်း ဒီအတွက်ကြောင့်ပဲ လာခဲ့တာ။ မင်းတို့လို အမှိုက်တွေ ဒီမှာ ဘာလာလုပ်သလဲဆိုတာ ငါသိတယ်။ ဒါပေမဲ့ သိပ်ပြီး မောက်မာမနေနဲ့။ မင်းသမီးကြီးက မင်းတို့အားလုံးကို တန်းစီထိုင်ခိုင်းပြီး တစ်ယောက်ကို ရွေးမယ်လို့ ထင်နေတာလား။ ထိပ်တန်းပညာရှင် တစ်ယောက်ကပဲ မင်းသမီးကူရှဲ့နဲ့ ထိုက်တန်မှာ။ မင်းတို့လို အမှိုက်တွေက ဘာလဲ၊ ပါရမီရှင်စာရင်းမှာတောင် မပါတဲ့သူတွေကများ အိပ်မက်မက်နေကြသေးတယ်။ ဒီနေ့တော့ မင်းတို့နဲ့ ငါနဲ့ကြားက ကွာခြားချက်ကို ပြပေးရမှာပေါ့။ သက်တံတံတားပေါ်ကို တက်ဖို့တောင် မကြိုးစားနဲ့တော့။ ငါတို့ကို လာပြီး အနှောင့်အယှက် မပေးစမ်းနဲ့"
"မီးတောက်သခင်လေး၊ မင်း အတော့်ကို လွန်လာပြီပဲ။ မင်းက 'ပါရမီရှင်စာရင်း' ထဲမှာ ပါတဲ့ ပညာရှင်တစ်ယောက် ဖြစ်နေရင်တောင်မှ ငါတို့ကို တိုက်ခိုက်ဖို့ ကြိုးစားမယ်ဆိုရင် ငါတို့ရဲ့ အကြီးအကဲက မင်းကို ပြန်ပြီး တိုက်မှာကို မကြောက်ဘူးလား"
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူသည် မိမိ၏ ကျင့်စဉ်အဆင့်မှာ ပါရမီရှင်စာရင်းဝင်များနှင့် များစွာကွာခြားနေမှန်း ကောင်းကောင်းသိရှိသည်။ ပါရမီရှင်စာရင်း၏ အဆင့် (၁၀၀) ၌ ရှိနေသူတစ်ဦးပင်လျှင် ပြီးခဲ့သည့်အကြိမ်က ကြယ်ကြွေကောင်းကင်ဂိုဏ်းတစ်ခုလုံးနီးပါးကို တစ်ကိုယ်တည်းနှင့် အနိုင်ယူလုနီးပါး ဖြစ်ခဲ့ဖူးသည်။ အကယ်၍ ထိုစဉ်က ချူးယွင်ဖန်းသာ အချိန်မီ ဝင်မကူညီခဲ့ပါက ဂိုဏ်း၏ ထိပ်တန်းတပည့်ဖြစ်သူ ယန်သန်ရှင်းကိုယ်တိုင် ထွက်၍ ဖြေရှင်းရမည့် အခြေအနေမျိုး ဖြစ်ခဲ့ရသည်။
"မင်းတို့ရဲ့ စီနီယာအကြီးဆုံး ဟုတ်လား၊ ယန်သန်ရှင်းရဲ့ အဆင့်က ငါ့ထက် နည်းနည်းလေးပဲ သာတာပါ။ သူကသာ ငါ့ကို ပြဿနာလာရှာရဲမယ်ဆိုရင် ဘယ်သူက ဘယ်သူ့ကို ဒုက္ခပေးမလဲဆိုတာ ကြည့်ရသေးတာပေါ့"
မီးတောက်သခင်လေးက ယုတ်မာသော အပြုံးဖြင့် ဆိုလိုက်သည်။
ပါရမီရှင်စာရင်းတွင် သူ၏အဆင့်မှာ ယန်သန်ရှင်းထက် အနည်းငယ် နိမ့်ပါးသော်လည်း သူသည် ယန်သန်ရှင်းကို လုံးဝမကြောက်ပေ။ သူ၏အမြင်တွင် သူတို့နှစ်ဦးမှာ အင်အားချင်း မတိမ်းမယိမ်းသာ ဖြစ်သည်။ မည်သူက နိုင်မည်၊ မည်သူက ရှုံးမည်ဆိုသည်ကို စာရွက်ပေါ်က အချက်အလက်များဖြင့်သာ ဆုံးဖြတ်၍ မရနိုင်ချေ။ ၎င်းမှာ လက်တွေ့တိုက်ပွဲအတွင်း စွမ်းဆောင်နိုင်မှုနှင့် သူတို့ ပြင်ဆင်ထားသည့် ဝှက်ဖဲများအပေါ်တွင်လည်း မူတည်နေပေသည်။
"ထားလိုက်ပါတော့... မင်းတို့လို အမှိုက်တွေနဲ့ စကားပြောနေရတာ အချိန်ဖြုန်းတာပဲ။ မင်းတို့ကို ဒီအတိုင်းပဲ ဒုက္ခိတဖြစ်အောင် လုပ်ပစ်လိုက်မယ်"
မီးတောက်သခင်လေးက ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်သည်။ သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်များကို အနည်းငယ်မျှပင် ထောက်ထားညှာတာရန် အစီအစဉ်မရှိပေ။
သူသည် မောက်မာရိုင်းစိုင်းသည့် ပုံစံရှိသော်လည်း ရင်ထဲတွင်မူ ဤလူများသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အနာဂတ်မဏ္ဍိုင်များဖြစ်ကြောင်း ကောင်းကောင်းနားလည်ထားသည်။ ထိုတပည့်များထဲမှ တစ်ဦးဦးသာ ဆုံးရှုံးသွားပါက ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အင်အားမှာ ယုတ်လျော့သွားမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်ရင်းများစွာကို တစ်စုတစ်ဝေးတည်း မြင်တွေ့ရန်မှာ မလွယ်ကူလှချေ။
ဤသည်မှာ တစ်သက်တွင် တစ်ခါသာ ရနိုင်မည့် အခွင့်အရေးပင်။
"မီးတောက်သခင်လေး မင်း တကယ်ကို လွန်လွန်းနေပြီ"
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်များသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကြပြီး မီးတောက်သခင်လေးထံသို့ စတင်တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် နတ်ဒေဝါလက်ဖဝါးရိုက်ချက်ဖြင့် ရိုက်ထုတ်လိုက်ကြရာ ကောင်းကင်ယံတွင် ထိုတိုက်ခိုက်မှုများမှာ ဧရာမလက်ဝါးကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ကောင်းကင်ယံကိုပင် ဖောက်ထွက်မတတ် အရှိန်အဟုန်ဖြင့် ဖိနှိပ်ချလိုက်တော့သည်။
"ကလေးကစားစရာ အတတ်ပညာတွေပဲ
မီးတောက်သခင်လေးက နှာခေါင်းရှုတ်ကာ လှောင်ပြောင်လိုက်ရင်း ပြန်လည်တိုက်ခိုက်လိုက်သည်။
"ဒီနတ်ဒေဝါလက်ဖဝါးရိုက်ချက်ဆိုတာက နာမည်ပဲ ရှိတာပါ။ ငါ့ဂိုဏ်းရဲ့ နီရဲမီးလျှံမိစ္ဆာဓားသွားနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး”
--