← Chapters

အခန်း ၁၉၄၆

Vol. 130 Ch. 1946

အခန်း ၁၉၄၆

Vol. 130 Ch. 1946

အခန်း (၁၉၄၆) ထန်စစ်ယု၏အံ့မခန်းတိုက်ပွဲမှတ်တမ်း

ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် ထိပ်တန်းဂိုဏ်းကြီးဆယ်ဂိုဏ်းတွင် ပါသဖြင့် အလွန်စွမ်းအားကြီးသည်ဟု ဆိုနိုင်သော်လည်း သာမန်ဂိုဏ်းငယ်များထက်မူ အားကောင်းသည်က သေချာသည်။ သာမန်ဂိုဏ်းငယ်များ၏ ဂိုဏ်းချုပ်များကိုပင် အမိန့်ပေးနိုင်လေသည်။ သို့သော်လည်း အခြားရေခြားမြေခြားမှ ဂိုဏ်းကြီးများနှင့်ယှဉ်လျှင် ကြယ်ကြွေကောင်းကင်ဂိုဏ်းက ဘာမှမဟုတ်တော့ချေ။ အခြားဂိုဏ်းကြီးများနှင့် နှိုင်းစာလျှင် အားမသာတော့ပေ။ မီးတောက်သခင်လေးက သူတို့ကို အမှိုက်ကဲ့သို့ ဆက်ဆံသည်ကလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

သို့သော်လည်း ယန်သန်ရှန်းက သူ့ဘာသာ ကိစ္စများစွာကို မစီမံနိုင်ရှာ။ သူဦးစွာလှုပ်ရှားလျှင်ပင် ပါရမီရှင်စာရင်းမှ ပါရမီရှင်ကို နိုင်အောင်ချနိုင်သည်ဟု မကြားဖူးပေ။ ချူးယွင်ဖန်းကဲ့သို့လည်း တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်မည်မဟုတ်ပေ။ ဖြစ်စဉ်တစ်ခုလုံးက ချောမွေ့နေလေသည်။

အရေးကြီးဆုံးမှာ ယန်သန်ရှန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်ကြီးဖြစ်နေခြင်းပင်။ သူပြုမူသမျှအရာတိုင်းက ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ဂုဏ်သိက္ခာပေါ်တွင် သက်ရောက်မှုရှိနေသည်။ သို့သော်လည်း ချူးယွင်ဖန်းကမူ မတူပေ။ သူကမူ စိတ်ရှိတိုင်း လူသတ်နိုင်၏။

မီးတောက်နီမိစ္ဆာဂိုဏ်းဆိုလည်း ဘာတတ်နိုင်မှာမလို့လဲ။

ဤသည်မှာ လွှမ်းမိုးနိုင်ခြင်းသာ ဖြစ်၏။

“ကိစ္စမရှိပါဘူး။ ငါတို့က ကြယ်ကြွေကောင်းကင်ဂိုဏ်းတွေပဲ။ အဲ့ဒါကြောင့် အချင်းချင်းကူညီ‌ပေးရမှာသဘာဝပဲလေ။ အဲ့ဒါအပြင် မီးတောက်သခင်လေးက သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာပဲ။ ဘယ်လိုလုပ်ပြီးများ ငါတို့ ကြယ်ကြွေကောင်းကင်ဂိုဏ်းရဲ့ ကြယ်ကြွေကောင်းကင်လက်ဝါးချက်က သူတို့ရဲ့ မီးတောက်နီးမိစ္ဆာဓားထက် အစွမ်းထက်တယ်လို့ ပြောရဲရတာလဲ”

ချူးယွင်ဖန်းက အံကြိတ်၍ ဆိုသည်။

“ကြယ်ကြွေကောင်းကင်ဂိုဏ်းဆိုတာက သမိုင်းကြောင်းရှိပြီး နာမည်ကြီးတဲ့ဂိုဏ်းပဲ။ မီးတောက်နီမိစ္ဆာဂိုဏ်းက ဘာမှမှမဟုတ်တာ။ မကောင်းဆိုးဝါးတွေကများ နတ်ဒေဝါနဲ့ လာနှိုင်းရဲသေးတယ်ပေါ့”

"မီးတောက်သခင်လေးမှာ အစွမ်းအစ နည်းနည်းရှိလိမ့်မယ်လို့ ငါထင်ထားခဲ့တာ။ တကယ်တမ်းကျတော့ ငါ့ရဲ့ လက်သီးတစ်ချက်ကိုတောင် သူ မခုခံနိုင်ဘူးပဲ။ ဒီလောက်ပဲလား၊ သူရထားတဲ့ ကျော်ကြားမှုနဲ့ တကယ်မတန်ဘူး။ ဒီလိုလူမျိုးနဲ့ တစ်ချိန်က နာမည်ပြိုင်ဘက် ဖြစ်ခဲ့ဖူးတယ်လို့ တွေးမိတာတင် ငါ့အတွက်တော့ တကယ့်ကို အရှက်ရစရာပဲ"

ချူးယွင်ဖန်း၏ စကားများမှာ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။ အရှေ့ပင်လယ်မှ မိစ္ဆာအတော်များများမှာ ထိုစကားကို ကြားရသည်မှာ စိတ်သက်သောင့်သက်သာ မရှိကြပေ။ အကြောင်းမှာ ချူးယွင်ဖန်း ပြောဆိုနေသော ယုတ်မာသည့် မိစ္ဆာများဆိုသည်မှာ သူတို့ကိုပါ ဆိုလိုနေခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် ချူးယွင်ဖန်းသည် မီးတောက်သခင်လေးကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်နိုင်သည်ဖြစ်ရာ သူ၏ အရှိန်အဝါမှာ ကောင်းကင်သို့ ထိုးတက်နေသည့် အချိန်လည်း ဖြစ်သည်။

သူတို့သည် ချူးယွင်ဖန်း၏ အစွမ်းမှာ မည်သည့်အဆင့်အထိ ရှိနေသည်ကို မသိကြသဖြင့် မဆင်မခြင် မလှုပ်ရှားရဲကြပေ။ ထို့အပြင် ဤမိစ္ဆာများမှာ ကိုယ်ကျိုးစွန့်သူများ မဟုတ်ကြရာ သေဆုံးသွားသော မီးတောက်သခင်လေးအတွက် သူတို့က ဘာကြောင့် ရှေ့ထွက်ကာ ကာကွယ်ပေးရမှာလဲ။

"ထားလိုက်ပါတော့၊ အဲ့ဒီလို အမှိုက်အကြောင်းတွေကို မပြောကြရအောင်။ ဒီနေ့ မင်းတို့အားလုံးက မင်းသမီးကြီးရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို့ ရောက်လာကြတာပဲ၊ ငါပဲ မင်းတို့အားလုံးကို အထဲကို ခေါ်သွားပေးမယ်"

ချူးယွင်ဖန်းက စကားပြောရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်များမှာ သူတို့ကိုယ်သူတို့ သက်တံ့တံ့တားပေါ်သို့ ရောက်ရှိနေမှန်း သိလိုက်ကြရသည်။ အစောပိုင်းကမူ သူတို့သည် ထိုတံတားပေါ်သို့ ခြေချရန်ပင် မတတ်နိုင်ခဲ့ကြဘဲ ခြေချလိုက်သည်နှင့် လျှောကျသွားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုမူ သူတို့သည် ချူးယွင်ဖန်း၏ ခြေလှမ်းများနောက်တွင် တည်ငြိမ်စွာ ရပ်တန့်နေနိုင်ကြပြီ ဖြစ်သည်။ သက်တံ့တံတားမှာ စတင်လှုပ်ရှားသွားပြီး ခဏချင်းမှာပင် ချူးယွင်ဖန်းနှင့် အခြားသူများမှာ အေးချမ်းနတ်ဘုရားတောင်တော်၏ ဟင်းလင်းပြင် အလွှာများအတွင်းသို့ ရောက်ရှိသွားကြတော့သည်။

"ဝိညာဉ်စွမ်းအင်တွေက တကယ့်ကို သိပ်သည်းလှချည်လား"

တပည့်တစ်ဦးက ရေရွတ်ရင်း သက်ပြင်းချလိုက်သည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်း တည်ရှိရာနေရာသည် ထိပ်တန်း ကောင်းချီးပေးခံရသော မြေမြတ်တစ်ခု ဖြစ်သကဲ့သို့ ၎င်း၏ အဆင့်မှာလည်း ဤတောင်ထက် မြင့်မားသည်မှာ အမှန်ပင်။ သို့သော် ထိုနေရာ၌ တပည့်ပေါင်း မြောက်မြားစွာကို တစ်ချိန်တည်းတွင် ထောက်ပံ့ပေးထားရခြင်း ဖြစ်သည်။ ဤတောင်နှင့်မူ နှိုင်းယှဉ်၍ မရနိုင်ပေ။ မင်းသမီးကြီး၏ ဂိုဏ်းခွဲတွင်လည်း တပည့်များ၊ ကိုးကွယ်သူများ၊ နောက်လိုက်များနှင့် အစေအပါးများစွာ ရှိသော်လည်း ဂိုဏ်း၏ အနှစ်သာရကိုမူ မင်းသမီးကြီးကိုယ်တိုင် တည်ထောင်ထားခြင်း ဖြစ်သည်။ ဤတောင်ပေါ်တွင် နေထိုင်သူ အရေအတွက်မှာ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တစ်ရာခိုင်နှုန်းအောက်ပင် လျော့နည်းလှသည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင် သုံးစွဲမှုမှာလည်း ကြယ်ကြွေကောင်းကင်ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက များစွာ သက်သာလှပေသည်။

ထို့ကြောင့် ဤတောင်ပေါ်ရှိ မည်သည့်နေရာတွင်မဆို ရရှိနိုင်သော ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းရှိ သူတို့ကဲ့သို့ ထင်ရှားသော ပုဂ္ဂိုလ်များသာ ခံစားခွင့်ရသည့် အဆင့်မျိုးဖြစ်ကြောင်း လူတိုင်း ခံစားမိကြသည်။

"ဒီလိုနေရာမျိုးမှာ ကျင့်ကြံရရင်တော့ တစ်ဦးတစ်ယောက်ရဲ့ စွမ်းအားတွေက အရှိန်အဟုန်နဲ့ တိုးတက်လာမှာက သဘာဝပါပဲ။ ဒါ့အပြင် မင်းသမီးကြီးရဲ့ ဂရုတစိုက် လမ်းညွှန်မှုတွေပါ ရှိနေတော့၊ မင်းသမီးကူရှဲ့ရဲ့ ကျင့်ကြံမှု အစွမ်းက ကမ္ဘာတုန်မတတ် ဖြစ်နေတာ မဆန်းတော့ပါဘူး။ သူက မိစ္ဆာအထူးချွန်ဆုံး ပညာရှင် သုံးယောက်ကို ဆက်တိုက် သတ်ဖြတ်ခဲ့သလို မိစ္ဆာနယ်မြေထဲကနေလည်း ဒဏ်ရာတစ်ချက်မရဘဲ ထွက်လာနိုင်ခဲ့တာကိုး"

တပည့်ရင်းတစ်ဦးက ဆိုလိုက်လေသည်။

ထိုသို့ပြောပြီးခါမှ ဤကိစ္စ၏ အခြားဇာတ်လိုက်တစ်ဦးမှာ ချူးယွင်ဖန်းကိုယ်တိုင် ဖြစ်နေသည်ကို ရုတ်တရက် သတိရသွားကာ သူ၏စကားကို ချက်ချင်းပင် ရပ်တန့်လိုက်တော့သည်။ အခြားသူများမှာလည်း ချူးယွင်ဖန်းနှင့် မင်းသမီးကူရှဲ့ဟု တင်စားကြသည့် ထန်စစ်ယုတို့ကြားက ပတ်သက်မှုကို ပြန်လည်သတိရသွားကြသည်။ ဤအကြောင်းမှာ အလွန်အမင်း လျှို့ဝှက်ချက်မဟုတ်သော်လည်း လူအနည်းငယ်ကြားတွင်သာ ပျံ့နှံ့နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်း ပျောက်ကွယ်သွားပြီးနောက် ထန်စစ်ယု ဂူပိတ်ကျင့်ကြံရာမှ ထွက်လာချိန်တွင်မူ ထိုအကြောင်းမှာ ချက်ချင်းပင် ပေါ်ပေါက်လာခဲ့တော့သည်။

"မင်းသမီးကူရှဲ့က မိစ္ဆာပါရမီရှင်တွေကို သတ်ဖို့အတွက် ဂူပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ဖူးတယ် ဟုတ်လား"

ချူးယွင်ဖန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ သူကိုယ်တိုင်ပင် ဤအကြောင်းကို မသိရှိခဲ့ပေ။

ထိုအချိန်တွင် လူတိုင်းက စုပြုံ၍ စကားပြောလာကြတော့သည်။ အတော်ကြာမှ သူသည် ဘာတွေဖြစ်ပျက်ခဲ့သနည်းဆိုသည်ကို နားလည်သွားတော့သည်။ သူသည် မိစ္ဆာနတ်ဘုရားဂိုဏ်းနှင့် မိစ္ဆာများ၏ ချုံခိုတိုက်ခိုက်မှုကို ခံရပြီးနောက် ဒဏ်ရာအပြင်းအထန်ရကာ မိုင်ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုသို့ သေရေးရှင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရစဉ်အတွင်း တောတောင်မြစ်ချောင်းပန်းချီကားကို အသုံးပြု၍ သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားခဲ့သဖြင့် ကမ္ဘာလောကကြီးက သူ သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

သူ ပျောက်ကွယ်နေစဉ်အတွင်း မည်သူနှင့်မျှ တိုက်ခိုက်ခြင်းမရှိခဲ့သော မင်းသမီးကြီး၏ တပည့်ရင်း ထန်စစ်ယုသည် အကျဉ်းချကျင့်ကြံရာမှ ရုတ်တရက် ထွက်လာကာ မိစ္ဆာနယ်မြေအတွင်းသို့ တစ်ဦးတည်း ဝင်ရောက်သွားခဲ့သည်။ သူမသည် ပါရမီရှင်စာရင်းဝင် မိစ္ဆာပါရမီရှင်သုံးဦးကို ရှာဖွေကာ တစ်ဦးပြီးတစ်ဦး သတ်ဖြတ်ခဲ့သည်။ ထိုသုံးဦးစလုံးမှာ သူမ၏ တိုက်ကွက်ပေါင်း တစ်ရာကိုပင် မခံနိုင်ဘဲ အလွယ်တကူ ကျဆုံးခဲ့ကြရသည်။ နောက်ဆုံးတွင် သူမသည် မိစ္ဆာတို့၏ နံပါတ်တစ် ပါရမီရှင်အမျိုးသမီးဖြစ်သူ ဟူချင်းရွှမ်ကို ရှာတွေ့သွားခဲ့သည်။

နှစ်ဦးသားမှာ တိုက်ကွက်ပေါင်း တစ်ထောင်ကျော်အထိ ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ဟူချင်းရွှမ်မှာ ရှုံးနိမ့်သွားခဲ့သည်။ သူမသည် ထန်စစ်ယု၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ အဆုံးအဖြတ်အချိန်တွင် မြေခွေးစိမ်းမျိုးနွယ်မှ အရေးပါသော ပုဂ္ဂိုလ်ကြီးတစ်ဦး သတိပြုမိသွားကာ ဟူချင်းရွှမ်ကို အချိန်မီ ကယ်တင်ပြီး ထန်စစ်ယုကို ခြောက်လှန့် မောင်းထုတ်ခဲ့ခြင်း မရှိပါက မိစ္ဆာတို့၏ ဂန္ထဝင်ပါရမီရှင်မလေးမှာ ထန်စစ်ယု၏ လက်ထဲတွင် သေဆုံးသွားရပေလိမ့်မည်။

အမှန်တွင် ထိုမြေခွေးမျိုးနွယ်ပညာရှင်ကြီးမှာ မိမိ၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ ထန်စစ်ယုကို သတ်ဖြတ်မည်ဟု ကြုံးဝါးကာ နောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထန်စစ်ယုသည် နည်းလမ်းမျိုးစုံကို အသုံးပြုကာ မိစ္ဆာနယ်မြေအတွင်းမှ တည်ငြိမ်စွာ လွတ်မြောက်ခဲ့ပြီး တရှပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုအချိန်မှစ၍ ထန်စစ်ယုသည် မိစ္ဆာနယ်မြေအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်ကာ ထိပ်တန်းပါရမီရှင် သုံးဦးကို သတ်ဖြတ်ခဲ့ပြီး ဟူချင်းရွှမ်ကိုပါ ဒဏ်ရာအပြင်းအထန် ရစေခဲ့သည့် သတင်းမှာ တစ်တိုင်းပြည်လုံး ပျံ့နှံ့သွားခဲ့ပြီး လူအများကို များစွာ တုန်လှုပ်သွားစေခဲ့သည်။ ဤတိုက်ပွဲသည် သူမကို တစ်ခဏချင်းမှာပင် နာမည်ကျော်ကြားသွားစေခဲ့သည်။

ဤမတိုင်မီက လူများစွာမှာ မင်းသမီးကြီးသည် ခရီးလှည့်လည်စဉ် တပည့်တစ်ဦး လက်ခံခဲ့သည်ကိုသာ သိထားကြပြီး မည်သူမည်ဝါဖြစ်သည်ကို မသိကြပေ။ လူတစ်ဦး၏ နောက်ဆုံးတပည့်ဆိုသည်မှာ ထိုသူ၏ အမွေအနှစ်အားလုံးကို ဆက်ခံမည့်သူဖြစ်ကြောင်း လူတိုင်း သိကြသည်။ အများအမြင်တွင် ထန်စစ်ယုသည် မင်းသမီးကြီးကို ဖားရန်အတွက် ရရှိမည့် အခွင့်အရေးတစ်ခုသာ ဖြစ်ခဲ့သည်။ လူများစွာမှာ ဤမွေးနေ့ပွဲနှင့် ခင်ပွန်းလောင်းရွေးချယ်ပွဲသို့ မတက်ရောက်မီအထိ သူမ၏ မျက်နှာကိုပင် မြင်ဖူးခဲ့ကြခြင်း မရှိပေ။

သို့သော် ဤတိုက်ပွဲများ ဖြစ်ပွားပြီးနောက်တွင်မူ ထန်စစ်ယုသည် မင်းသမီးကြီး၏ တန်ဖိုးထားမှုကို ခံရပြီး ဆက်ခံသူအဖြစ် သတ်မှတ်ခံရခြင်းမှာ သူမ၏ စစ်မှန်သော အရည်အချင်းကြောင့်ပင် ဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားကြလေ၏။

--

All Chapters