အခန်း ၁၉၄၇
Vol. 130 Ch. 1947
အခန်း (၁၉၄၇) ချူးယွင်ဖန်းအသက်ရှင်နေသေးသဖြင့် အားလုံးထိန်လန့်ကုန်ကြပြီ
တိုက်ပွဲတစ်ပွဲတည်းဖြင့် ပါရမီရှင်များစွာကို သတ်ပြီးနောက် မင်းသမီးကူရှဲ့က နာမည်ကြီးလာပြီး လောကကြီးကို တုန်လှုပ်သွားစေတော့သည်။ ထိုမတိုင်ခင်က အားလုံဂမှာ မင်းသမီးကူရှဲ့သည် မင်းသမီးကြီး၏ နောက်ဆုံးတပည့်သာဖြစ်ပြီး ထိုအဆင့်အတန်းသာ ရှိသည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း ဤအကြောင်းအရာက အကုန်သာ ဖြစ်၏။ သို့သော်လည်း မည်သူကမှ မင်းသမီးကူရှဲ့က ထိုမျှစွမ်းအားကြီးနေလိမ့်မည်ဟု မထင်ခဲ့ပေ။ မင်းသမီးကူရှဲ့သည်မင်းသမီးကြီးလက်အောက်တွင် နှစ်အနည်းငယ်သာ နေခဲ့ပြီး ဆယ်နှစ်တောင်မကြာခဲ့ပေ။ သူမသည် မိုးကြိုးခရမ်းဓားနယ်မြေမှ ခေါ်လာသောတပည့်တစ်ဦးဖြစ်ကာ ကျင့်စဉ်ကလည်း ထိုမျှကောင်းမနေပေ။
နှစ်အနည်းငယ်အတွင်းတွင်ပင် ပါရမီရှင်များကို တန်းစီသတ်နိုင်သည့်အခြေအနေသို့ ရောက်သွားမည်ဟု မည်သူထင်မည်နည်း။ အားလုံးက သူမကို ယခင်က မည်မျှပင် အထင်သေးခဲ့ပါစေ ယခုတွင်မူ အထင်မသေးရဲကြတော့ပေ။ တိုက်ပွဲပြီးနောက် ပါရမီရှင်စာရင်းအသစ် ထွက်ပေါ်လာသည်။ ထန်စစ်ယုက စတုတ္ထနေရာရောက်သွားပြီး ထိပ်တန်းဆယ်ယောက်ထဲဝင်သွားကာ ပင်လယ်မင်းသားနေရာကို ယူသွား၏။ သူမသည် တစ်လောကလုံးကို အံ့ဩတုန်လှုပ်စေ၏။
သို့သော်လည်း အားလုံးက ထန်စစ်ယုကို နားလည်ထားကြသည်မှာ ဤအကန့်အသတ်မျှသာ ဖြစ်သည်။ ဆန်းကြယ်ပွဲကြည့်စင်က ပါရမီရှင်စာရင်းကို ထုတ်ပြန်ကာ သူမအကြောင်းကို အားလုံးကသိရန်မှာ မဖြစ်နိုင်ပေ။ သူတို့မသိသောအကြောင်းအရာများစွာ ရှိသေးသည်။ ထန်စစ်ယု၌ အလွန်ထူးခြားသောခန္ဓာကိုယ်ရှိသဖြင့် မင်းသမီးကြီးက မျက်နှာသာပေးထားသည်ဟုသော ကောလာဟလများလည်း ရှိ၏။ အနည်းဆုံးတွင် သူမသည် ဘုရင်အဆင့်ခန္ဓာကိုယ်ရှိပေသည်။မဟုတ်လျှင် နှစ်ပိုင်းလေးဖြင့် ပါရမီရှင်စာရင်းမှလူများကို အမှီလိုက်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော်လည်း ဤအရာများမှာ ခန့်မှန်းချက်များသာ ဖြစ်၏။ သက်သေအတိအကျ မရှိပေ။
သူမရှိစဉ်အတွင်းတွင် ထန်စစ်ယုက မုန်တိုင်းကဲ့သို့ ပတ်မွှေသွားသည်ကို ချူးယွင်ဖန်း သိလိုက်ရသည်။ သူမသည်ပင် ပါရမီရှင်စာရင်းတွင် ထိပ်တန်းစာရင်းဝင် ဖြစ်လာသည်။ သူပျောက်သွားသည်ကို ထန်စစ်ယု ထိုင်ကြည့်မနေဟု ဆိုလိုနေခြင်းပင်။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ကျင့်စဉ်သည် အံ့ဩစရာကောင်းသောအရှိန်ဖြင့် တိုးတက်နေသည်။
အခြားသူများက တုန်လှုပ်သွားကြသော်လည်း ချူးယွင်ဖန်းကမူ ထန်စစ်ယု၌ မည်သို့သောခန္ဓာကိုယ်မျိုး ရှိသည်ကို သိသဖြင့် ထူးဆန်းသည်ဟု မထင်ပေ။ သူမသည် လျှို့ဝှက်ဆန်းကြယ်ကောင်းကင်သီးကို စားသုံးပြီးနောက် လျှို့ဝှက်ဆန်းကြယ်ကောင်းကင်ခန္ဓာကိုယ် ပိုင်ဆိုင်သွားခြင်း ဖြစ်၏။ ထိုအရာသည် ဧကရာဇ်အဆင့်ခန္ဓာကိုယ်မျိုးဖြစ်ကာ လျှို့ဝှက်ဆန်းကြယ်ကောင်းကင်ဘုရင်မပင် ဖြစ်၏။
ပါရမီရှင်စာရင်း၏ နံပါတ်တစ်နေရာကို အပိုင်စီးထားသော လီချန်းယွမ်သည် သူ၏ ဘုရင်ခန္ဓာကိုယ်အစွမ်းဖြင့် လောကကြီးကို တုန်လှုပ်စေခဲ့ပြီး သူ၏မျိုးဆက်တွင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် ထန်စစ်ယုမှာမူ ဧကရာဇ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ သူမ၏ ပါရမီမှာ သာမန်ထက်ပင် ပို၍ ထူးကဲလှသည်။ သူမအနေဖြင့် အခြားပါရမီရှင်များကို ကျော်တက်သွားရန်မှာ အချိန်တစ်ခုသာ လိုအပ်တော့သည်။ အကယ်၍ သူမကိုသာ အချိန်အနည်းငယ် ထပ်ပေးမည်ဆိုပါက လီချန်းယွမ်ပင်လျှင် သူမ၏လက်ထဲ၌ ကျဆုံးသွားရပေလိမ့်မည်။ လက်ရှိတွင် သူမအတွက် အလိုအပ်ဆုံးအရာမှာ အချိန်ပင် ဖြစ်သည်။
ထို့အပြင် မင်းသမီးကြီးကဲ့သို့သော ထိပ်တန်းပညာရှင်ကြီး၏ နေ့ညမပြတ်လမ်းညွှန်မှု၊ အကန့်အသတ်မရှိသော ကျင့်ကြံခြင်းအရင်းအမြစ်များ၏ ပံ့ပိုးမှုတို့ကြောင့် ထန်စစ်ယုအနေဖြင့် ဤအဆင့်သို့ ရောက်ရှိလာခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် နောက်ထပ် အံ့ဖွယ်အမှုများစွာကိုလည်း ဖန်တီးနိုင်ပေဦးမည်။
ခဏအကြာတွင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကောင်းကင်ယံမှ ဆင်းသက်လာကာ လူတိုင်း၏ရှေ့သို့ ရောက်ရှိလာသည်။ သူမက အားလုံးကို ဝေ့ဝဲကြည့်ရှုပြီးနောက် ပြောလိုက်လေသည်။
"သင်တို့အားလုံးဟာ ကြယ်ကြွေကောင်းကင်ဂိုဏ်းက တပည့်တွေလား။ ကျေးဇူးပြုပြီး နာမည်စာရင်း ပေးကြပါ။ စစ်ဆေးပြီးတာနဲ့ မင်းတို့ကို အနားယူမယ့်နေရာဆီ ခေါ်သွားပေးပါ့မယ်"
လူတိုင်း နာမည်စာရင်းပေးပြီးနောက် ချူးယွင်ဖန်းကလည်း သူ၏နာမည်ကို ပြောလိုက်သည်။ ထိုအခါ နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးသည် ချူးယွင်ဖန်းကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်မိသည်။ သူမသည် ချူးယွင်ဖန်းကို သိနေသည်မှာ ထင်ရှားသော်လည်း ထိုအံ့အားသင့်မှုမှာ ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
"ကျွန်မနောက်ကို လိုက်ခဲ့ကြပါ"
ထိုအမျိုးသမီးက ဆိုသည်။
လူတိုင်းသည် ထိုအမျိုးသမီးနောက်သို့ လိုက်ပါရင်း အေးချမ်းနတ်ဘုရားတောင်တော်၏ အတွင်းပိုင်းအထိ ဝင်ရောက်သွားခဲ့ကြသည်။ တောင်ခြေတွင် တောင်တန်းများ၊ မြစ်ချောင်းများနှင့် ကန်သာများဖြင့် ဝန်းရံထားသော ရှေးဟောင်းမြို့လေးတစ်မြို့ ရှိသည်။ ယခုအချိန်တွင် ကမ္ဘာတစ်ဝန်းမှ ထိပ်တန်းပညာရှင်များစွာမှာ ထိုမြို့လေးအတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုပညာရှင်များမှာ လူငယ်များသာ ဖြစ်ကြသော်လည်း တစ်ဦးချင်းစီမှာ မျိုးဆက်သစ်တို့၏ ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့ထဲတွင် အားအနည်းဆုံးသူပင်လျှင် ဂိုဏ်းကြီးများ၏ စကြဝဠာအဆင့်တပည့်ရင်းများ ဖြစ်ကြသည်။ အချို့သူများမှာမူ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်ရင်းများကိုပင် ထိတ်လန့်တုန်လှုပ်သွားစေနိုင်သော ဖန်ဆင်းရှင်အဆင့်အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။
အဆင့်အတန်းချင်း ကွာခြားလွန်းလှသော ထိုအရှိန်အဝါများက သူတို့ကို တုန်လှုပ်သွားစေရန် လုံလောက်လှသည်။ သို့သော် ချူးယွင်ဖန်း၏ ဘေးနားတွင် လျှောက်လှမ်းနေကြစဉ်တွင်မူ သူတို့သည် နွေဦးလေပြည်ကို ခံစားနေရသကဲ့သို့ လန်းဆန်းနေကြသည်။ ချူးယွင်ဖန်းက ထိုပညာရှင်ကြီးများ မရည်ရွယ်ဘဲ ထုတ်လွှတ်နေသော အရှိန်အဝါများကို ကြားထဲမှ ဖြတ်တောက်ပိတ်ဆို့ပေးထားကြောင်း သူတို့ နားလည်လိုက်ကြသည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ အကြိမ်ကြိမ် မြင်ဖူးခဲ့ကြသည်။ သူတို့သည် အခြားအဆင့်နိမ့် တပည့်များကြားကို ဖြတ်လျှောက်သွားစဉ်ကလည်း ထိုတပည့်များမှာ ဖိအားများကို ခံစားခဲ့ရဖူးသည်။ ယခုမူ သူတို့ကိုယ်တိုင် ထိုဖိအားမျိုးကို ပြန်လည်ခံစားနေရခြင်း ဖြစ်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်များ ရောက်ရှိလာခြင်းက လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သို့သော် ဦးဆောင်လာသူမှာ ချူးယွင်ဖန်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါတွင် လူတိုင်းမှာ အံ့ဩလွန်း၍ အသက်ရှူပင် မှားသွားကြရသည်။
ဘယ်လိုဖြစ်ပြီး သူဖြစ်နေရတာလဲ"
"သူက သေသွားပြီမဟုတ်ဘူးလား"
"ဒါ ဘာတွေဖြစ်နေတာလဲ"
လူတိုင်းနီးပါးမှာ တုန်လှုပ်ခြောက်ခြားသွားကြပြီး သရဲသဘက်ကို မြင်လိုက်ရသည့်အလား အသက်ရှူသံများပင် ရပ်ကုန်ကြသည်။ ချူးယွင်ဖန်းသည် မိစ္ဆာနတ်ဘုရားဂိုဏ်းနှင့် မိစ္ဆာများ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု လူအများသိထားကြသော်လည်း ဖြစ်ရပ်မှန်ကိုမူ လူအနည်းငယ်သာ သိထားကြသည်။ ဤနေရာသို့ ရောက်ရှိနေသူများမှာ ဂိုဏ်းအသီးသီးမှ မျိုးဆက်သစ် ပါရမီရှင်များဖြစ်ကြသဖြင့် ထိုဖြစ်ရပ်မှန်ကို သိရှိရန် အရည်အချင်း ပြည့်မီကြသူများ ဖြစ်သည်။
ချူးယွင်ဖန်းသည် တန်ခိုးစွမ်းအားကြီးမားသော မိစ္ဆာပညာရှင်ကြီးတစ်ဦး၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသဖြင့် သူ အသက်ရှင်ရန် မဖြစ်နိုင်ကြောင်း အားလုံးက သိထားကြသည်။ ပါရမီရှင်စာရင်းမှ ချူးယွင်ဖန်း၏ အမည်ကို ပယ်ဖျက်လိုက်ခြင်းကပင် ယင်းအတွက် ခိုင်မာသော သက်သေပင် ဖြစ်သည်။ ယခုမူ ချူးယွင်ဖန်း တစ်ကျော့ပြန် ပေါ်လာသည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ဤသည်မှာ သရဲမြင်ရသည်မဟုတ်လျှင် အခြား ဘာဖြစ်နိုင်ဦးမည်နည်း။
"တကယ့်ကို သူပဲဗျ၊ လုံးဝ မမှားနိုင်ဘူး၊ ဒါက သရဲမဟုတ်ဘူး၊ အသက်ရှင်နေတဲ့ လူသားစစ်စစ်ပဲ”
မကြာခင်ပင် တစ်စုံတစ်ယောက်က ချူးယွင်ဖန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုပေးလိုက်သည်။ သူသည် တစ်စုံတစ်ယောက်၏ နည်းပရိယာယ်ဖြင့် ဖန်တီးထားသော နိမိတ်ဆိုးတစ်ခု မဟုတ်သည်မှာ ထင်ရှားလှသည်။ ထို့အပြင် သူ၏နောက်တွင် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်ရင်းများက လိုက်ပါလာကြခြင်းကို ကြည့်လိုက်လျှ၍် အကယ်၍သာ သူသာ အစစ်အမှန်မဟုတ်ပါက ဤတပည့်များက သူ့နောက်သို့ အလိုအလျောက် လိုက်ပါလာကြမှာတဲ့လဲ။
ချူးယွင်ဖန်း ရောက်ရှိလာခြင်းက လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ အထူးသဖြင့် ဤမွေးနေ့ပွဲသို့ တက်ရောက်လာကြသူများမှာ၏ ခင်ပွန်းလောင်းအဖြစ် ရွေးချယ်ခံရရန် ရည်ရွယ်ချက်ရှိကြသူများ ဖြစ်သဖြင့် ချူးယွင်ဖန်းအကြောင်းကို မသိဘဲ မနေနိုင်ကြပေ။ ထန်စစ်ယုသည် တစ်ပွဲတည်းနှင့် နာမည်ကျော်ကြားသွားပြီးနောက်တွင် အရင်က လူစိတ်မဝင်စားခဲ့သော သတင်းအချက်အလက်များမှာ လူတိုင်း သိရှိထားသည့် သတင်းများ ဖြစ်လာခဲ့သည်။
ထိုသတင်းများထဲတွင် အရေးကြီးဆုံးမှာ သူမ၏ စေ့စပ်ထားသူမှာ ချူးယွင်ဖန်း ဖြစ်သည်ဟူသော အချက်ပင်။
"ဒီနေရာမှာ ခဏစောင့်ပေးကြပါ။ မွေးနေ့ပွဲ စတင်တဲ့အခါကျရင် တစ်စုံတစ်ယောက်က လာရောက်ပြီး ပွဲကျင်းပမယ့်နေရာဆီ လမ်းပြခေါ်ဆောင်သွားပေးပါလိမ့်မယ်"
နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးက ဦးညွှတ်လျက် ပြောလိုက်သည်။
"ချူးယွင်ဖန်း ရှင် အသက်ရှင်နေသေးတာပဲ"
ရုတ်တရက်ဆိုသလို ချူးယွင်ဖန်း၏ နောက်ဘက်မှ အံ့အားသင့်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
သူ လှည့်ကြည့်လိုက်သောအခါတွင် အတန်ကြာအောင် မတွေ့ဖြစ်ခဲ့သည့် မင်းသမီး ယွင်ယန်ကို တွေ့လိုက်ရသည်။
--