← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း (၁၉၄) အန္တရာယ်ကျရောက်ပြီ၊ ရက်စက်ကြမ်းကြုတ်သော လူဆိုးဂိုဏ်း၏ ခြိမ်းခြောက်မှု

ထိုသူတို့သည် ဓားမကြီးများနှင့် သံပိုက်လုံးများကို ကိုင်ဆွဲထားကြပြီး မျက်နှာပေါ်တွင်လည်း မကောင်းသော အပြုံးများဖြင့် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများအလား ပေါ်လာကြသည်။

သူတို့သည် မကောင်းသော အကြံအစည်ဖြင့် ရောက်လာခြင်း ဖြစ်သည်။

လီလန်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လမ်းတစ်ဖက်မှ ရွေ့လျားသံများကို ကြားလိုက်ရသဖြင့် သတိထားလိုက်မိသည်။

အစပိုင်းတွင် လမ်းသွားလမ်းလာများဟု ထင်ခဲ့သော်လည်း သူ၏ နားစွမ်းအားကောင်းမှုကြောင့် ထိုသူတို့၏ စကားပြောသံကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ဓားကို ထုတ်ယူ၍ အဆင်သင့် ပြင်ထားလိုက်သည်။

ထိုနေရာသည် မြို့နှင့် သုံးကီလိုမီတာ အကွာတွင် တည်ရှိပြီး နှစ်ဖက်စလုံးတွင် လယ်ကွင်းများသာရှိသဖြင့် လူသူကင်းမဲ့ပြီး အလွန်ဝေးလံသော နေရာတစ်ခုဖြစ်သည်။

နောက်ထပ် နှစ်ကီလိုမီတာသွားလျှင် လမ်းဆုံတစ်ခုရှိသည်။ လမ်းငယ်လေးသည် ရွှမ်းရွှေရွာသို့ တန်းရောက်သွားပြီး ပင်မလမ်းမကြီးမှာမူ အနီးအနားရှိ ဟေးရွှေမြို့နယ်သို့ ပေါက်သည်။

လူဆိုးဂိုဏ်းများနှင့် လူမိုက်များက ဤလမ်းပေါ်တွင် ပုန်းအောင်း၍ လူများကို လုယက်ကြမည်ဆိုပါက ကာကွယ်ရန် လုံးဝမဖြစ်နိုင်ဟု ပြောရမည်ပင်။

ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားနေသည့် ကာလတွင် လူတို့သည် အစာတစ်လုပ်ရရှိရေးအတွက် အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ ပြစ်မှုကျူးလွန်ရန် ဝန်မလေးကြတော့ပေ။

ထိုသူတို့မှာ အငတ်မခံနိုင်တော့ဘဲ အသည်းအသန် ဖြစ်နေကြသောသူများ ဖြစ်သည်။

နောက်ထပ် လူအုပ်စုတစ်ခုကလည်း လမ်းပေါ်တွင် စောင့်ဆိုင်း၍ လုယက်သတ်ဖြတ်ရန် ကြံစည်နေကြ၏။

ထိုလူများကို ရွာလူမိုက်များဟု ခေါ်ဆိုကြသည်။

အပြစ်ကင်းစင်သော ၁၉၆၀ ခုနှစ်များမှာ လူများ ထင်ထားသကဲ့သို့ ငြိမ်းချမ်းလှသည် မဟုတ်ပေ။ ထိုကဲ့သို့သော ရွာလူမိုက်များမှာ မြို့၊ ခရိုင်တိုင်းနှင့် မြို့ကြီးများတွင်ပင် ရှိနေကြသည်။

လီလန်သည် ရွာလူမိုက်များ၏ လက်ထဲရှိ ဓားများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏ သရုပ်မှန်ကို ချက်ချင်း သိလိုက်သည်။

"ဆရာမလု... ဒီလူတွေက ကျွန်တော်တို့ကို ရည်ရွယ်ပြီးလာတာ... နောက်မှ သတိထားနေပါ..."

လီလန်သည် အသစ်ဝယ်လာသော စက်ဘီးကို တစ်ချက်ကြည့်၍ တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

စက်ဘီးအသစ်တစ်စီး ဝယ်လိုက်ခြင်းက သူဌေးဖြစ်ကြောင်း ပြသသလို ဖြစ်သွားပြီး အခြားသူများအတွက် ပစ်မှတ်ဖြစ်သွားမှန်း လီလန် ခန့်မှန်းမိသည်။

သူ အံ့ဩမိသည်။ ယွမ်နှစ်ရာ့တစ်ဆယ်နှင့် စက်ဘီးဝယ်ခွင့် လက်မှတ်ကို သုံး၍ ထာဝရတံဆိပ် စက်ဘီးအသစ်ကို ဝယ်ခဲ့တာ မိနစ်အနည်းငယ်သာ ရှိသေးသည်။ ဤရွာလူမိုက်များက မြို့နှင့် သုံးကီလိုမီတာ အကွာရှိ လူသူကင်းမဲ့သော လမ်းပေါ်တွင် သူတို့လာမည်ကို မည်သို့ သိရှိပြီး စောင့်ဆိုင်းနေကြသနည်း။

သူတို့ပြောသော စကားအနည်းငယ်ကို ကြားလိုက်ရသဖြင့် ဤလူအုပ်စုသည် သူ့ကိုပင် ရည်ရွယ်ပြီး လာရောက်စောင့်ဆိုင်းနေသည်မှာ ထင်ရှားသည်။

လီလန်သည် ဤလူအုပ်စုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ယခင်က တစ်ခါမျှ မဆုံဖူးခဲ့ပေ။ ထိုလူတွေက သူ့အကြောင်းကို မည်သို့ သိသနည်း။

"ဟိုကောင်များ ဖြစ်နေမလား..."

လီလန်သည် အစောပိုင်းက ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းတွင် ပြဿနာတက်ခဲ့သော လော်ရှင်းပန်ကို သတိရလိုက်သဖြင့် မျက်နှာမှာ အေးစက်သွားသည်။

"တကယ်ပဲ သူဖြစ်နေတယ်"

လီလန်သည် သူ၏ စူးရှသော မျက်လုံးများဖြင့် ရွာလူမိုက်များ၏ နောက်ကွယ်မှ ထွက်လာသော လော်ရှင်းပန်ကို တွေ့လိုက်ရသည်။

"ဆရာမလု... ပညာတတ်လူငယ်ဖြစ်တဲ့ ဆရာမရဲ့ အသိက လူယုတ်မာပဲ.."

လီလန်သည် လှောင်ပြုံးဖြင့် ပြောသည်။

"ဟင်..."

"အစ်ကိုလီ... ဘာပြောလိုက်တာလဲ..."

လုအန်းနာက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

အဝေးမှကြည့်လျှင်ပင် ထိုလူများ၏ နောက်တွင် လော်ရှင်းပန်ကို တွေ့လိုက်ရသည်။

"လော်ရှင်းပန်…”

"သူ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ရှိနေတာလဲ..."

လုအန်းနာက အလွန်အံ့ဩသွားသည်။

"ဆရာမလု... နားမလည်ဘူးလား..."

"လော်ရှင်းပန်က သူတို့နဲ့ တစ်ဂိုဏ်းတည်းပဲ..."

"လော်ရှင်းပန်... လူယုတ်မာကောင်"

ပုံမှန်အားဖြင့် စိတ်သဘောထား နူးညံ့သော ပညာတတ်လူငယ်မလေး လုအန်းနာသည် ပထမဆုံးအကြိမ်အဖြစ် ဆဲဆိုလိုက်သည်။

သူမ စိတ်ဆိုးဒေါသထွက်သွားသည်။ သူမနှင့်အတူ ရောက်လာသော ရှန်ဟိုင်းပညာတတ်လူငယ် လော်ရှင်းပန်မှာ ဤကဲ့သို့သော လူစားမျိုးဖြစ်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။

"အစ်ကိုလီ... အခုဘယ်လိုလုပ်ကြမလဲ..."

ရွာခံလူမိုက်များက ကြမ်းတမ်းစွာဖြင့် လာရောက်နေသဖြင့် လုအန်းနာမှာ အလွန်ကြောက်ရွံ့သွားပြီး လီလန်၏ နောက်သို့ ကိုယ်ကို ကွယ်လိုက်သည်။

"စိတ်မပူပါနဲ့... ကျွန်တော့်နောက်မှာပဲ နေပါ..."

လီလန်က နှစ်သိမ့်လိုက်သည်။

"ခေါင်းဆောင်... ဒီတစ်ခါတော့ ငါတို့ အဆင်ပြေသွားပြီ အဲ့ကောင် စီးလာတာ ထာဝရတံဆိပ် စက်ဘီးအသစ်ပဲ၊ တစ်စီးကို ယွမ်နှစ်ရာနီးပါး တန်တယ်"

ရွာခံလူမိုက်များထဲမှ တစ်ယောက်သည် စက်ဘီး၏ တန်ဖိုးကို ချက်ချင်း သိလိုက်သည်။

ယွမ်နှစ်ရာကျော် ဖြုန်းတီး၍ စက်ဘီးဝယ်နိုင်သည်ဆိုလျှင် ဤရွာသားကောင်မှာ ချမ်းသာသော မိသားစုမှ ဖြစ်ရမည်။ သူ၏ ပိုက်ဆံအိတ်မှာလည်း ပြည့်နေပေလိမ့်မည်။

သူဌေးကြီး၊ ငါးကြီးတစ်ကောင်ပင်။

"မဆိုးဘူး... မဆိုးဘူး ငါတို့ ညီအစ်ကိုတွေ ဒီနေ့ ကံကောင်းတော့မယ်..."

ခေါင်းဆောင်ရှုံ့သည် စက်ဘီးကို လောဘတကြီး ငေးကြည့်ရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။

"လော်ရှင်းပန်ဆိုတဲ့ အသုံးမကျတဲ့ကောင်ကတော့ အသုံးဝင်သေးသားပဲ..."

သူက ရက်စက်စွာ ပြုံး၍ ပြောလိုက်သည်။

ထို့နောက် သူသည် အကြည့်ကို လွှဲလိုက်ပြီး မျက်လုံးအိမ် ကျဉ်းကျဉ်းဖြင့် လုအန်းနာကို စိုက်ကြည့်လိုက်သည်။

သူမကို အပေါ်အောက် အကဲခတ်လိုက်သည်။

"အောင်မလေးကွာ... ဒီမိန်းကလေးက တကယ့်ကို လှရက်လိုက်တာ၊ ခန္ဓာကိုယ်လည်း လှချက် …ရွာထဲက မိန်းမတွေထက် အများကြီးသာတယ်..."

ထိုသူ၏ အကြည့်အောက်တွင် လုအန်းနာမှာ မသက်မသာဖြစ်သွားပြီး ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူဖျော့သွားကာ လီလန်၏ နောက်သို့ ထပ်မံ ပုန်းအောင်းလိုက်သည်။

"ခေါင်းဆောင်ရှုံ့... ဒါမျိုးတော့ မလုပ်ပါနဲ့"

"အန်းနာက ကျွန်တော့်အတန်းဖော်ပါ၊ ဒါမျိုး မလုပ်ပါနဲ့..."

ရှန်းဖူကွေ့သည် ခေါင်းဆောင်ရှုံ့က လုအန်းနာကို အကြံအဖန် လုပ်တော့မည်ကို သိလိုက်ရသဖြင့် ချက်ချင်း ပြေးသွားပြီး လူအုပ်ကို တားဆီးရန် ကြိုးစားသည်။

"ဖယ်စမ်း..."

ခေါင်းဆောင်ရှုံ့သည် သွားပြီး လောင်ရှင်းပန်ကို ပါးရိုက်လိုက်ကာ ကန်ထုတ်လိုက်သည်။

လီလန်သည် ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေသည်။

သူသည် လော်ရှင်းပန်ကို စိတ်ပြောင်းသွားသည်ဟု မထင်ပေ။

ထိုကဲ့သို့သောသူများသည် မကောင်းမှု၏ အပေါင်းအပါများဖြစ်ပြီး မကောင်းဆိုးဝါးများကို ကူညီသူများသာ ဖြစ်သည်။

"ကောင်လေး... ပိုက်ဆံတွေကို မြန်မြန်ထုတ်ပေး၊ ငါ မင်းကို အသက်ချမ်းသာ ပေးကောင်းပေးနိုင်တယ်..."

ခေါင်းဆောင်ရှုံ့က သံပိုက်လုံးကို ဝှေ့ယမ်း၍ ခြိမ်းခြောက်သည်။

သူ၏ နောက်လိုက်များကလည်း ရယ်မောရင်း လီလန်ဆီသို့ လျှောက်လာကြသည်။

"သူတို့ကို ခေါ်သွားပြီး ကျွန်တော့်အနားကနေ ဝေးဝေးသွားပါ..."

လီလန်သည် လက်ကို နောက်ပစ်၍ လုအန်းနာကို အချက်ပြလိုက်သည်။

"ဟုတ်ကဲ့..."

လုအန်းနာသည် နူးညံ့စွာ ခေါင်းညိတ်လိုက်ပြီး ကလေးမလေးတစ်ယောက်၏ လက်ကို ကိုင်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

"ဘယ်သွားမလို့လဲ ဘယ်သူခွင့်ပြုလို့ ထွက်သွားတာလဲ"

ရွာခံလူမိုက်တစ်ယောက်က အမျိုးသမီးမှာ ကလေးနှင့်အတူ ထွက်ပြေးရန် ကြိုးစားသည်ကို မြင်လိုက်သဖြင့် သံပိုက်လုံးကို ကိုင်၍ လိုက်လာသည်။

သူ စက်ဘီးနားသို့ ရောက်သည်နှင့် မှုန်ဝါးဝါး အရိပ်တစ်ခုသည် သူ၏ ဘေးတွင် ရုတ်တရက် ပေါ်လာသည်။

သူ တုံ့ပြန်ရန်ပင် မကြိုးစားရသေးခင်မှာပင် တစ်စုံတစ်ခုက သူ၏ မျက်နှာပေါ်သို့ အားပြင်းစွာ ရိုက်ခတ်သွားသည်။

"မင်း... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့"

ရွာလူမိုက်သည် နာကျင်နေသော မျက်နှာကို အုပ်လိုက်သည်။

သူ၏ နှာခေါင်းမှ ပူစပ်ပူလောင် ဖြစ်နေသဖြင့် လက်နှင့် သုတ်လိုက်ရာ နှာခေါင်းသွေးများ စီးကျလာသည်ကို တွေ့လိုက်ရသည်။

"ငါ မင်းကို သတ်မယ်”

ရွာလူမိုက်သည် ဒေါသထွက်ပြီး သံပိုက်လုံးကို ကိုင်ကာ ရှေ့သို့ တိုးလာစဉ်မှာပင် လင်းလက်တောက်ပသော ဓားတစ်ချောင်းသည် သူ၏ လည်ပင်းနားသို့ ချက်ချင်း ရောက်ရှိလာသည်။

ရွာလူမိုက်၏ လက်ထဲရှိ သံပိုက်လုံးမှာ လေထဲတွင် ရပ်တန့်သွားသည်။ သူသည် လည်ပင်းနားရှိ ဓားသွား၏ အေးစက်မှုကို ခံစားလိုက်ရသဖြင့် ကြောက်ရွံ့တုန်လှုပ်ပြီး မျက်နှာဖြူဖျော့သွားသည်။

"မလှုပ်နဲ့... မဟုတ်ရင် မင်းလည်ချောင်းကို ဖောက်ထည့်လိုက်မယ်..."

လီလန်သည် လုအန်းနာကို လိုက်ရန် ကြိုးစားနေသော ကျန်ရှိနေသည့် ရွာလူမိုက်လေးယောက်ကိုကြည့်၍ အေးစက်စွာ အော်လိုက်သည်။

ထိုမြင်ကွင်းမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် လီလန်၏ ဓားသည် ရွာလူမိုက်၏ လည်ပင်းတွင် ဖိထားပြီး ဖြစ်သည်။

ရွာလူမိုက်လေးယောက်မှာ ထိုအော်သံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ အလွန်အံ့ဩသွားကြသည်။

"ဒုတိယအစ်ကို... မင်း ဘာဖြစ်တာလဲ..."

ရွာလူမိုက်တစ်ယောက်က မေးသည်။

လီလန်၏ ဓားဖြင့် အဖမ်းခံထားရသော ရွာလူမိုက်သည် လက်ထဲရှိ သံပိုက်လုံးကို ချလိုက်ကာ လက်မြှောက်၍ တုန်ယင်စွာ ပြောသည်။

"ငါ... ငါ... ငါလည်း ဘာဖြစ်သွားမှန်း မသိလိုက်ဘူး..."

"ဒီကောင်လေးက... နည်းနည်း ထူးဆန်းနေတယ်..."

ဒုတိယအစ်ကိုမှာ ကျောရိုးတလျှောက် တုန်ယင်သွားသည်။ သူသည် ထိုကလေး မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် မမြင်လိုက်ရပေ။ ပထမဆုံး ပါးရိုက်ခံလိုက်ရပြီးနောက် ဓားမှာ သူ၏ လည်ပင်းသို့ ရောက်လာသည်။

"ပါးစပ်ပိတ်ထား..."

လီလန်က အေးစက်စွာ ပြော၍ လက်ကောက်ဝတ်ကို ဖိလိုက်သည်။

ဓားသွားသည် ဒုတိယအစ်ကို၏ လည်ပင်းတွင် သွေးရာလေးတစ်ခုကို အလွယ်တကူ ဖြစ်ပေါ်စေသည်။

ဒုတိယအစ်ကိုမှာ အလွန်ကြောက်ရွံ့သွားပြီး တုန်လှုပ်သွားသည်။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့..."

"ညီလေး... စကားပြောကြရအောင်၊ ဓားမသုံးပါနဲ့..ဓားမသုံးပါနဲ့…ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး မလုပ်ပါနဲ့..."

သေခြင်းတရား၏ အရိပ်မှာ ဒုတိယအစ်ကို၏ ခေါင်းပေါ်သို့ ကျရောက်လာသည်။ သူ၏ လည်ပင်းမှာ တောင့်တင်းသွားပြီး အနီးအနားရှိ ခေါင်းဆောင်ရှုံ့ကို တောင်းပန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ခေါင်းဆောင်... ခေါင်းဆောင်... ကျွန်တော့်ကို ကယ်ပါ ကျွန်တော့်ကို ကယ်ပါ”

All Chapters