← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆) မင်းကမှ လူဆိုးတစ်ယောက်ပဲ၊ ရှုံ့ထျဲ့သည် လီလန်အား ယွမ်တစ်ရာနှင့် ငှက်ဥသုံးလုံးကို လျော်ကြေးအဖြစ် ပေးအပ်လိုက်ရ၏

အခြားတစ်ဖက်တွင်မူ တစ်စုံတစ်ယောက်သည် ပိုင်ရှန်းမြို့ စားနပ်ရိက္ခာရုံ တံခါးဝသို့ အလောတကြီး ပြေးလာလေသည်။

"ရုံပိုင်ကျိုး... ဆိုးရွားတဲ့ အဖြစ်ဆိုးကြီး

ဖြစ်နေပြီ... ခင်ဗျားရဲ့ မိတ်ဆွေနှစ်ယောက်က ရှုံ့ထျဲ့နဲ့ သူ့ရဲ့ ဒေသခံလူမိုက်ဂိုဏ်းသားတွေရဲ့ ပစ်မှတ်ဖြစ်နေပြီ..."

"သွားကြည့်ကြရအောင်..."

ရှုံ့ထျဲ့နှင့် သူ၏ လူမိုက်ဂိုဏ်းသားတို့မှာ ပိုင်ရှန်းမြို့နယ်အတွင်း လမ်းသွားလမ်းလာများကို ဓားပြတိုက်ခြင်း အပါအဝင် ဥပဒေမဲ့ပြီး စည်းကမ်းမဲ့ ပြုမူမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။

မြို့သူမြို့သားတို့သည် သူတို့၏ လက်ချက်ဖြင့် အကြိမ်ကြိမ် ဓားပြတိုက်ခံခဲ့ရသော်လည်း သူတို့၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဒေါသကို မြိုသိပ်ထားရုံမှတစ်ပါး အခြားမတတ်နိုင်ကြချေ။

ရဲစခန်းသို့ သွားရောက်တိုင်ကြားလျှင်ပင် အများဆုံး ရက်အနည်းငယ်ခန့်သာ ဖမ်းဆီးထိန်းသိမ်းခံရမည်ဖြစ်ပြီး ကိစ္စပြီးသွားမည်ဖြစ်သည်။

"ဘာ... ငါ့ရဲ့ ကျေးဇူးရှင်တွေလား..."

"အမြန်... ရဲစခန်းကို သွားပြီး တိုင်ကြားပေးကြပါ..."

"အမြန်သွား..."

ကျိုးတာ့ဖူမှာ တုန်လှုပ်ချောက်ချားသွားပြီး စားနပ်ရိက္ခာရုံမှ အလောတကြီး ပြေးထွက်ကာ သူ၏ စက်ဘီးအိုကြီးကို စီး၍ မြို့ပြင်သို့ အမြန်ဆုံး ထွက်ခွာသွားလေသည်။

အခြားတစ်ဖက်တွင် လီလန်သည် ချွန်ထက်သော သံပိုက်လုံးများကို သူ၏ဘေးရှိ စပါးခင်းထဲသို့ ကန်ထုတ်လိုက်သည်။

မြေပြင်ပေါ်တွင် နာကျင်စွာ ညည်းညူနေကြသည့် ဒေသခံလူမိုက်အချို့ကို ကြည့်ရင်း လီလန်သည် လုအန်းနာအား လက်ပြလိုက်၏။

"သူတို့ နောက်ထပ် အချိန်အတော်ကြာတဲ့အထိ မထနိုင်တော့ဘူး... အဆင်ပြေတယ်... ဒီကို လာခဲ့..."

ထိုအခါမှသာ လုအန်းနာသည် သတ္တိမွေးပြီး စိတ်အေးလက်အေးဖြင့် ချဉ်းကပ်လာနိုင်တော့သည်။

"အစ်ကိုလန်... အစ်ကိုက တကယ့်ကို ထူးချွန်တာပဲ..."

"လူဆိုးတွေကို အလွယ်လေး အနိုင်ယူလိုက်တာပဲ..."

လုအန်းနာ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။

"သူတို့ရဲ့ ကျွမ်းကျင်မှုက ဝါသနာရှင်အဆင့်လောက်ပဲ ရှိတာပါ... ထူးခြားတာ ဘာမှမရှိပါဘူး..."

လီလန်က လက်ခုပ်တီးလိုက်သည်။

သူသည် မလှမ်းမကမ်းတွင် ရုပ်တုတစ်ခုပမာ ရပ်နေသည့် ခေါင်းဆောင်ရှုံ့ကို လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

"ဟေး... ခေါင်းဆောင်ဆိုတဲ့မင်းက.. မင်းရဲ့ ညီအစ်ကိုတွေအတွက် လက်စားမချေတော့ဘူးလား..."

"မင်း ညီအစ်ကိုတွေရဲ့ နံရိုးနှစ်ချောင်းကို ငါ ချိုးလိုက်တယ်..."

လီလန်က အမည်များကို စတင်ခေါ်ဆိုလေသည်။

"ဒီလူက ဘယ်ဘက်လက် ကျိုးသွားတယ်..."

"အင်း... သွားသုံးချောင်း ကျွတ်သွားတယ်..."

"ပြီးတော့ ဒီကောင်... သူ့အခြေအနေက တော်တော်ဆိုးတယ်... သူ့ရဲ့ ပေါင်ကြားက တစ်ခုခုတော့ ပျက်စီးသွားလောက်ပြီ..."

"..."

လီလန်၏ စကားသံတို့သည် ခေါင်းဆောင်ရှုံ့၏ စိတ်ထဲတွင် နတ်ဆိုးတစ်ကောင်၏ တိုးတိုးလေး ပြောဆိုသံကဲ့သို့ ပဲ့တင်ထပ်နေသည်။

ရှုံ့ထျဲ့သည် မြေပြင်ပေါ်တွင် နာကျင်စွာ ညည်းညူနေသော သူ၏ လက်အောက်ငယ်သားများကိုကြည့်ကာ နှုတ်ခမ်းများ မသိမသာ တုန်ယင်နေသည်။ သူသည် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေ၏။

"ဒီကောင်က..."

"ဒီလို... ရက်စက်တဲ့ နတ်ဆိုးက ဘယ်ကနေ ရောက်လာတာလဲ..."

"နံရိုးချိုးတယ်... လက်မောင်းချိုးတယ်... ခြေထောက်ချိုးတယ်..."

ရှုံ့ထျဲ့သည် မတုန်လှုပ်ဘဲ မနေနိုင်တော့ဘဲ သူ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရစ်နေသည်။

ဤတစ်ခါတော့ သူတို့ တကယ်ပဲ ကိုက်နိုင်တာထက် ပိုကိုက်မိပြီဖြစ်သည်။

"ရက်စက်တဲ့ နတ်ဆိုးကို လုံးဝ မစိန်ခေါ်သင့်ဘူး... လုံးဝ မထိပါးသင့်ဘူး..."

ရှုံ့ထျဲ့သည် ဤမျှရက်စက်ကြမ်းကြုတ်သော လူငယ်တစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူသည် အသက် နှစ်ဆယ်ခန့်သာ ရှိပုံရသော်လည်း သူ၏ တိုက်ခိုက်မှုများမှာ အလွန် ပြင်းထန်ပြီး ရက်စက်လှသည်။ လက်သီးတစ်ချက် ခြေတစ်ချက်တိုင်းတွင် သူ၏ လက်အောက်ငယ်သားများ၏ အရိုးများကို ချိုးဖျက်ပစ်လိုက်သည်။

ရှုံ့ထျဲ့ နောင်တရမိသည်။ သူသည် လော်ရှင်းပန်၏ လွယ်ကူသော ပစ်မှတ်များ... ကိုင်တွယ်ရ လွယ်သည်၊ လုယူရ လွယ်သည် ဆိုသည့် အဓိပ္ပာယ်မရှိသော စကားများကို နားမထောင်သင့်ခဲ့ပေ။

*ခွေးမသား….*

ဤကောင်လေးက ရက်စက်သော နတ်ဆိုးတစ်ပါးပင်။ သူတို့ လုံးဝ မထိပါးနိုင်သည့် ရက်စက်သော နတ်ဆိုးတစ်ပါးပင်ဖြစ်သည်။

လီလန်၏ မျက်လုံးများကို မြင်လိုက်ရသောအခါ ရှုံ့ထျဲ့သည် တုန်လှုပ်မနေနိုင်တော့ပေ။ သူသည် တောင်တန်းများမှ ရက်စက်သော သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

မည်သည့်အချိန်မဆို ၎င်းသည် သူ့ဆီသို့ ခုန်အုပ်ကာ သူ၏ လည်ချောင်းကို ကိုက်ဖြတ်ပြီး သူ့ကို ဝါးမြိုသွားမည့်အလား ပေါ်နေသည်။

ရှုံ့ထျဲ့၏ ဆံပင်များ ထောင်ထလာပြီး မျက်နှာမှာလည်း ဖြူဖျော့သွားသည်။

"ဘာမှမပြောတော့ဘူးလား... ဒါဆို မင်းရဲ့ ညီအစ်ကိုတွေအတွက် လက်စားမချေတော့ဘူးဆိုတဲ့ သဘောလား..."

"မင်းက ခေါင်းဆောင်လုပ်နေပြီး ဒီလောက်တောင် ကြောက်နေရတာလား... မင်းရဲ့ လက်အောက်ငယ်သားတွေလောက်တောင် မရှိဘူး..."

"အနည်းဆုံးတော့ မင်းရဲ့ လက်အောက်ငယ်သားအနည်းငယ်က ငါ့ကို လက်နက်အစစ်တွေနဲ့ တိုက်ခိုက်ရဲကြသေးတယ်..."

လီလန်က ရယ်မော၍ လှောင်ပြောင်လိုက်သည်။

လီလန်၏ လှောင်ပြောင်စကားကြောင့် ရှုံ့ထျဲ့၏ မျက်နှာမှာ ရုပ်ဆိုးသွားသော်လည်း သူသည် သည်းခံနိုင်ရုံသာ တတ်နိုင်၏။

"ကောင်းပြီ... ဒါဆိုလည်း မေ့လိုက်တော့..."

လီလန်က လက်ခုပ်တီးလိုက်သည်။

သူသည် ရှုံ့ထျဲ့ကို လှည့်ကြည့်လိုက်ပြီး နှင်းကဲ့သို့ ဖြူဖွေးသော သွားများကို ဖော်ပြလိုက်သည်။

"အခုတော့ လျော်ကြေးကိစ္စကို စဉ်းစားရမယ့် အချိန်ရောက်ပြီ..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ရှုံ့ထျဲ့က စိတ်ရှုပ်ထွေးသွားသည်။

လျော်ကြေးလော။ ဘာလျော်ကြေးနည်း။

*အော်... ဒါဆို မင်းက ငါ့လက်အောက်ငယ်သားတွေကို ဒဏ်ရာရအောင် လုပ်ပြီးတော့ အခု သူတို့ရဲ့ ဆေးဖိုးအတွက် လျော်ပေးရတော့မယ်ပေါ့*

မင်းက မဆိုးပါဘူး... အနည်းဆုံးတော့ မင်းမှာ အသိစိတ်ကလေး ရှိသေးတာပဲဟု သူ တွေးလိုက်သည်။

သို့သော် လီလန်၏ အန္တရာယ်ကင်းပုံရသော အပြုံးကို မြင်လိုက်ရသည့်အခါ ရှုံ့ထျဲ့၏ ကျောရိုးတွင် အေးစက်သွားသည်။

ထိုအပြုံးက... တစ်ခုခုတော့ လွဲနေပြီဖြစ်သည်။

"ဘာ... ဘာလုပ်မလို့လဲ..."

ရှုံ့ထျဲ့က အားတင်း၍ မေးလိုက်သည်။

"အဟက်.. မင်းက စကားပြောတတ်တာပဲ... မင်းကို အ အလို့ ထင်နေတာ..."

လီလန်က နှာခေါင်းရှုံ့လိုက်သည်။

"ကောင်းပြီ... ငါ အိမ်မှာ ထမင်းပြန်စားဖို့ အလျင်လိုနေတယ်... မင်း ငါ့ကို ယွမ်တစ်ရာ ပေးလိုက်... ဒါဆိုရင် အကုန်ကျေပြီ..."

လီလန်က ရှုံ့ထျဲ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဘယ်လောက်လဲ... ဘယ်လောက်လဲ..."

ရှုံ့ထျဲ့သည် မယုံကြည်နိုင်စွာဖြင့် စကားမပြောနိုင်တော့ဘဲ ကြောင်ကြည့်နေပြီး သူ အကြားမှားသွားသလားဟု တွေးနေမိသည်။

*မင်းက ငါ့ညီအစ်ကိုတွေရဲ့ နံရိုးတွေကို ချိုးတယ်... လက်တွေကို ချိုးတယ်... သွားသုံးချောင်းကို ကျွတ်ထွက်အောင် လုပ်တယ်... အခု မင်းက ငါ့ကို လျော်ကြေးပေးဖို့ တောင်းဆိုနေတာလားဟု သူ တွေးလိုက်မိသည်။

*မင်းက ဓားပြတစ်ယောက်လား*

"တစ်ရာ..."

လီလန်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။

ရှုံ့ထျဲ့ခမျာ တုန်လှုပ်သွားသည်။

သူသာမက မြေပြင်ပေါ်တွင် ညည်းညူနေကြသည့် လက်အောက်ငယ်သားများမှာလည်း လီလန်၏ စကားကို ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားကြသည်။

ဤခွေးမသားလေးက သူတို့ဆီကနေ ပိုက်ဆံတောင်းဖို့ ရဲနေသေးတာလား။

ဘုရားရေ... ဤသည်က လုယက်မှုပင်။

ယွမ်တစ်ရာ... သူ ဘယ်လိုလုပ်ပြီး သူတို့ဆီကနေ တောင်းနိုင်သနည်း။

ဒဏ်ရာရသည့်သူက သူတို့ပင်။

ဤကောင်က တကယ့်ကို လူမိုက်ပဲဟု သူတို့ တွေးလိုက်ကြသည်။

လော်ရှင်းပန်လည်း တုန်လှုပ်သွားသည်။ လီလန် ရူးသွားပြီလား။ ခေါင်းဆောင်ရှုံ့ဆီကနေ ပိုက်ဆံတောင်းသည်လော။

သို့သော် မကြာမီမှာပင် လော်ရှင်းပန်၏ ကျောရိုးတွင် အေးစက်သွားသည်။ လီလန်သည် ခေါင်းဆောင်ရှုံ့တို့လို ရွာလူမိုက်များဆီကနေ ပိုက်ဆံတောင်းရဲရုံတင်မကဘဲ သူကိုယ်တိုင်ပင် ထိုသို့ရက်စက်သောသူမျိုးကို ထိပါးလိုက်မိပြီဖြစ်သည်။

ထိုအချိန်တွင် လုအန်းနာ၏ နှုတ်ခမ်းများမှာ မသိမသာ တုန်လှုပ်နေသည်။ သူမသည် လီလန် ဘာကို စဉ်းစားနေမှန်း မှန်းဆမိလောက်ပေသည်။

အစ်ကိုလန်က အရာရာမှာ ကောင်းပေမယ့် ပိုက်ဆံအရမ်းမက်တာပဲဟု သူမ တွေးလိုက်မိသည်။

လီလန်၏ ပိုက်ဆံမက်ပုံမှာ ရွှမ်းရွှေရွာတွင် နာမည်ကြီးလေသည်။

"ဟေး... မင်း ဘာရပ်လုပ်နေတာလဲ... ပိုက်ဆံရှင်းဖို့ အချိန်ရောက်ပြီ..."

"ငါ ဒဏ်ရာရထားတာ မမြင်ဘူးလား..."

လီလန်သည် သူ၏ လက်ပေါ်ရှိ အနာငယ်လေးကို ညွှန်ပြလိုက်သည်။ သူသည် အစောပိုင်းက ရွာလူမိုက်တစ်ယောက်ကို လက်သီးနှင့် ထိုးစဉ်က မတော်တဆ ပွတ်မိခြင်းဖြစ်သည်။

အလွန်သေးငယ်သည့် ဒဏ်ရာဖြစ်ပြီး လက်မ၏ အရွယ်အစား တစ်ဝက်ခန့်သာ ရှိသည်။

"ဘယ်မှာလဲ..."

ရှုံ့ထျဲ့သည် မျက်စိကို မှေးကြည့်လိုက်သော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"ဒီမှာကြည့်... ဒီလောက်ကြီးတဲ့ ဒဏ်ရာကို မမြင်ရဘူးလား... မျက်စိကန်းနေတာလား..."

ရှုံ့ထျဲ့မှာ ဆွံ့အသွားသည်။

ဤရက်စက်သော နတ်ဆိုးက စိတ်မြန်တာလည်း တကယ့်ကို ကြောက်စရာကောင်း၏။

ရှုံ့ထျဲ့သည် အမှန်တကယ်တွင် ငြင်းပယ်ချင်သော်လည်း သူ၏ညီအစ်ကိုများမှာ ရင်ဘတ်၊ ဗိုက်၊ လက်များကို ကိုင်ကာ နာကျင်စွာ အော်ဟစ်နေသည်ကို မြင်လိုက်ရသည့်အခါ တွေဝေသွားသည်။

အငယ်ဆုံးကတော့ သူ့ပေါင်ကြားကို ကိုင်ကာ နာကျင်စွာ အော်ဟစ်နေသည်။ ရှုံ့ထျဲ့သည် သူ့ပေါင်ကြားတွင် အေးစက်သွားသလို ခံစားရပြီး တုန်လှုပ်နေမိသည်။

"နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား..."

ရှုံ့ထျဲ့သည် ကံကြမ္မာကို လက်ခံလိုက်သည့်အလား မဝံ့မရဲ မေးလိုက်သည်။

"မရဘူး... တစ်ပြားမှ လျှော့ပေးမှာ မဟုတ်ဘူး..."

လီလန်က ခေါင်းခါလိုက်သည်။

ရှုံ့ထျဲ့မှာ ထပ်မံဆွံ့အသွားသည်။

"ဟူး..."

ရှုံ့ထျဲ့က သက်ပြင်းချလိုက်သည်။

"ငါ နှစ်တိုင်း အမဲလိုက်ခဲ့ပေမယ့် ဒီတစ်ခါတော့ ငါသားကောင်ဖြစ်ရပြီ..."

"မင်းက ဘယ်သူ့ကို အမဲလိုက်တယ်လို့ ပြောတာလဲ ငါ့ကို မယုံရင် မင်းကိုလည်း သူနဲ့ အတူတူ ဖြစ်သွားအောင် လုပ်လိုက်မယ်..."

လီလန်သည် ရှုံ့ထျဲ့ကို စိုက်ကြည့်ကာ ပေါင်ကြားကို ကိုင်ထားသည့် လက်အောက်ငယ်သားကို မျက်စိဖြင့် အရိပ်အမြွက် ပြောလိုက်သည်။

ရှုံ့ထျဲ့ခမျာ တုန်လှုပ်သွားသည်။ သူ့ပေါင်ကြားမှာလည်း ပြန်အေးစက်လာသည်။

"ဟုတ်ပြီ... ဟုတ်ပြီ... ဒါဆိုလည်း တစ်ရာပဲ..."

"ဒါပေမဲ့ ငါ့ဆီမှာ ပိုက်ဆံ အဲ့လောက်မရှိဘူး... မင်း.."

"မရဘူး..."

ရှုံ့ထျဲ့မှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

"ဟူး..."

ရှုံ့ထျဲ့က ထပ်မံသက်ပြင်းချကာ စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။

သူသည် နောက်ဆုံးတွင် ဤရက်စက်သော နတ်ဆိုးကို သူတို့ကို ကိုင်တွယ်ရန် တောင်နတ်ဘုရားက စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း နားလည်သွားသည်။

သူတို့သည် ဓားပြတိုက်ခြင်း၊ လုယက်ခြင်းစသည့် အပြုအမူများစွာကို လုပ်ဆောင်ခဲ့ကြသောကြောင့် သူတို့အား ဖမ်းဆီးရန် အထူးရောက်လာခြင်းဖြစ်သည်ဟု သူ တွေးလိုက်သည်။

"ညီအစ်ကိုတို့... ဒီတစ်ခါတော့ ငါတို့ တကယ်မှားသွားပြီ... လက်ခံလိုက်ကြတော့..."

"လာကြ... ပိုက်ဆံစုကြရအောင်..."

ရှုံ့ထျဲ့သည် သူ၏ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်။

မြေပြင်ပေါ်တွင် ညည်းညူနေကြသည့် လက်အောက်ငယ်သားများလည်း တုံ့ဆိုင်းစွာဖြင့် ပိုက်ဆံများ ထုတ်ပေးကြသည်။

"ပိုက်ဆံမလောက်ရင်လည်း ရပါတယ်... ကောက်နှံလက်မှတ်... အသားလက်မှတ်... အထည်လက်မှတ်... ဘာမဆိုရတယ်..."

လီလန်က ပြုံးလျက် ပြောလိုက်သည်။

ရှုံ့ထျဲ့မှာ လုံးဝကို စကားမဆိုနိုင်တော့ပေ။

အဖွဲ့လိုက် စုပေါင်းလိုက်ရာ ပိုက်ဆံ ယွမ်ငါးဆယ်ခန့်၊ ကောက်နှံလက်မှတ်၊ အထည်လက်မှတ်နှင့် အသားလက်မှတ် အချို့ ရရှိသွားသည်။

"ဒါကဘာလဲ..."

ထိုအချိန်တွင် လီလန်၏ စူးရှသော မျက်လုံးများသည် ရွာလူမိုက်တစ်ယောက်၏ အိတ်ကပ် ဖောင်းနေသည်ကို မြင်သွားသည်။

အငယ်ကောင်သည် သူ့ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားပြီး အိတ်ကပ်ထဲမှ ငှက်ဥသုံးလုံးကို အမြန် ထုတ်လိုက်သည်။

"ဒါက ကျွန်တော်တွေ့ထားတဲ့ ငှက်ဥတွေပါ..."

"အော်... ဒါဆိုရင် အဆင်ပြေပြီ... ဒီကို ပေးလိုက်..."

လီလန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ရှုံ့ထျဲ့မှာ အံ့အားသင့်စွာဖြင့် လျှာသပ်လိုက်သည်။ ဤကောင်က ဓားပြထက်တောင် ပိုပြီး ဓားပြဆန်သေးသည်။ ဘာတစ်ခုမှတောင် မချန်ထားပေးချေ။

သို့သော် နောက်ဆုံးတွင် သူသည် ဒေါသကို မြိုသိပ်ကာ ပိုက်ဆံနှင့် ငှက်ဥများကို လီလန်အား အမိန့်နာခံစွာဖြင့် ပေးအပ်လိုက်သည်။

"ကောင်းပြီ... မင်းတို့ အခု သွားကြတော့... နောက်တစ်ခါ လမ်းမှာ လူတွေကို ဓားပြတိုက်တာကို ထပ်တွေ့ရင်တော့ နံရိုးကျိုးတာ၊ ဥကွဲတာထက် ပိုဆိုးလိမ့်မယ်..."

လီလန်သည် ရှုံ့ထျဲ့တို့အားကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

စကားပြောပြီးသည်နှင့် သူသည် လော်ရှင်းပန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဟေး မင... လော် ဘာတဲ့လဲ... ငါ သူတို့နဲ့ ရှင်းစရာရှိတာ ရှင်းပြီးပြီ..."

"အခု မင်းအလှည့်ပဲ..."

"ကျွန်တော်... ကျွန်တော့်ဆီမှာ ပိုက်ဆံ မရှိဘူး..."

လော်ရှင်းပန်မှာ ငိုလုနီးပါး ဖြစ်နေသည်။

ရှုံ့ထျဲ့သည် သူ့ကိုယ်ခန္ဓာတစ်ခုလုံးကို ရှာဖွေပြီး သူပိုင်ဆိုင်ထားသော နှစ်ယွမ်ကို ယူသွားသည်။

သူ အခု ဘာပိုက်ဆံမှ မရှိတော့ဘူး... ဘာမှ မကျန်တော့ဘူး... သူက ဘယ်ကနေ ပိုက်ဆံရမှာလဲဟု လော်ရှင်းပန် တွေးနေမိသည်။

"ပိုက်ဆံမရှိဘူးလား..."

"ဒါဆို မင်းတို့ သူ့ကို ထိုးကြစမ်း... ဒါပေမဲ့ သူ့ကို သတ်မပစ်ဖို့တော့ သတိထားကြ..."

လီလန်က ရှုံ့ထျဲ့နှင့် အခြားသူများအား ပြုံးလျက် ပြောလိုက်သည်။

All Chapters