← Chapters

အခန်း ၄၇၂

Vol. 40 Ch. 472

အခန်း ၄၇၂

Vol. 40 Ch. 472

အခန်း(၄၇၂)

"လက်ဂါစီ့စ်ထဲကနေ ဗန်ဒါဘစ် တစ်ယောက် နှင်ထုတ်ခံလိုက်ရတယ် ဟုတ်လား" မိုက်ကယ်က ဇဝေဇဝါနဲ့ ရေရွတ်လိုက်မိတယ်။

ဖလဲရက်စ်က စည်းကမ်းဖောက်ဖျက်လို့ နှင်ထုတ်ခံခဲ့ရတာလေ။ အခု နာမည်မသိတဲ့ ဗန်ဒါဘစ်ကော အဲဒီလိုပဲ လုပ်ခဲ့လို့များလား။

"အရင်က လက်ဂါစီ့စ်က ငါးခုရှိခဲ့တာ၊ အခုတော့ သုံးခုပဲ ကျန်တော့တယ်။ ဒီဗန်ဒါဘစ် နှင်ထုတ်ခံရတဲ့ အကြောင်းရင်းကတော့ မက်ထရိုပိုလစ်ရဲ့ ဈေးကွက်ကို မပြိုင်ဆိုင်နိုင်လို့ ဖြစ်ဖို့များတယ်"

"စောစောက နည်းနည်း စုံစမ်းကြည့်တော့ ဒီက ဗန်ဒါဘစ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ တခြားကုမ္ပဏီတွေကို နယ်မြေတွေ တဖြည်းဖြည်း ရှုံးပေးနေရတာကို သိခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကဆို သူတို့က အဲလ်ရစ်နဲ့ တခြား လက်ဂါစီ့စ်တွေကိုတောင် ယှဉ်နိုင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အရင်က ပိုင်ဆိုင်ခဲ့သမျှရဲ့ အစအနလောက်ပဲ ကျန်တော့တယ်"

"ကြားရသလောက်ကတော့ သူတို့ရဲ့ အကြွေးတွေကို ဆပ်ဖို့အတွက် နယ်မြေတွေကို လက်လွှတ်ခဲ့ရတာတဲ့။ ဘာဖြစ်ခဲ့လဲဆိုတော့ သူတို့ စီးပွားရေးကို ချဲ့ထွင်ဖို့ ကြိုးစားရင်း လမ်းမှာ စွန့်စားမှုတွေ အများကြီး လုပ်ခဲ့မိပုံရတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းက အဆုံးမှာတော့ ကျဆုံးခြင်းနဲ့ပဲ အဆုံးသတ်သွားပြီး အကြွေးတွေ နစ်ပွန်းကုန်တော့တဲံ့"

မိုက်ကယ်က သူတို့ ဘယ်သူဘယ်ဝါမှန်း မသိပေမဲ့လည်း ဘာပဲပြောပြော သူ့ရဲ့ အမျိုးအဆွေတွေ ဖြစ်နေတာမို့ စိတ်ထဲမှာတော့ စိတ်မကောင်း ဆတ်ခနဲ ဖြစ်သွားမိတယ်။

"ပြီးတော့ ဒီက သူတို့ စီးပွားရေးက အဆင်မပြေဘူးပေါ့ ဟုတ်လား" သူက မေးလိုက်တယ်။

"ဟုတ်တယ်။ နှစ်တွေအကြာကြီး အောင်မြင်မှုကို ထိန်းထားနိုင်တဲ့ တခြား လက်ဂါစီ့စ်တွေကို သူတို့ မလိုက်နိုင်တော့ဘူးလေ။ အရင်က အရိပ်အောက်မှာတင် မှေးမှိန်နေကြတာ။ ဆရာ သိထားရင် ကောင်းမယ်ထင်လို့ ပြောပြတာပါ"

မိုက်ကယ်က ဂျင်မီကို သတင်းအချက်အလက်တွေအတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။

အခုအချိန်မှာတော့ သူက ဒီဗန်ဒါဘစ်ဆီ သွားပြီး သူတို့ စီးပွားရေး ပြန်ကောင်းလာအောင် ငွေတွေ အပုံလိုက်ကြီး သွားပေးဖို့ အစီအစဉ် မရှိပါဘူး။ သူက သူတို့ကို သိတောင် မသိတာပဲဥစ္စာ။

ဒါပေမဲ့ ဆွေမျိုးတွေအနေနဲ့ စကားသွားပြောဖို့တော့ သူ့စိတ်ထဲမှာ အတွေးအချို့ ရှိနေတယ်။ သူတို့ ဘယ်လို တော်စပ်လဲဆိုတာနဲ့ သူ့မိဘတွေကို သူတို့ သိသလားဆိုတာကို သိချင်နေမိတာ။

ပြီးတော့ သူတို့ ဘယ်လိုကြောင့်နဲ့ ဘာဖြစ်လို့ ခြေကုပ်လက်လွှတ် ဖြစ်ခဲ့ရလဲဆိုတာကို သိဖို့လည်း အထောက်အကူ ဖြစ်စေမှာပါ။ အမှန်တရားကို သူတို့ဆီကနေ တိုက်ရိုက် သိရမယ်ဆိုရင် အဲဒီအချက်အလက်တွေကို သုံးပြီး သူကိုယ်တိုင် သူတို့ခြေရာအတိုင်း မလိုက်မိအောင် တားဆီးနိုင်လိမ့်မယ်လေ။

"ဆရာ့အနေနဲ့ သူတို့ကို ထပ်ပြီး စုံစမ်းပေးစေချင်လား။ စကားပြောဖို့ အစီအစဉ် ရှိမရှိ သွားမေးပေးရမလား" ဂျင်မီက မိုက်ကယ်ကို မေးလိုက်တယ်။

"အဲဒါဆို သိပ်ကောင်းတာပေါ့"

* * * * * * * *

မိုက်ကယ်က သူ့ရဲ့ နယ်မြေတွေကို ကြည့်ရှုဖို့ ရွှေလမ်းမကြီးဆီ ချက်ချင်းပဲ ထွက်လာခဲ့တယ်။

သူ အချိန်တွေ ထပ်မဖြုန်းချင်တော့ဘူး။ ဒါကြောင့်မို့လို့ ဖလဲယားကော့ပ် ချန်ထားခဲ့တဲ့ ဂိုဒေါင်တွေကို စတင် ဖျက်ဆီးပစ်ဖို့ ခုန်းနဲ့ တခြား ရီနေးတား ဆောက်လုပ်ရေး လုပ်သားတွေကို ခေါ်လိုက်တော့တယ်။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ခုန်းနဲ့ အင်ဂျင်နီယာတွေဟာ အရိပ်တယ်လီပို့ စွမ်းရည်နဲ့ ရောက်ရှိလာကြပါတယ်။

ဒါပေါ့၊ သူတို့နဲ့အတူ ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ကိရိယာတွေနဲ့ ပစ္စည်းတွေကို ယူဆောင်လာခဲ့ကြတာပါ။ ရေလေး နည်းနည်း ထည့်လိုက်ရုံနဲ့ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေတဲ့ ဘိလပ်မြေအိတ်တွေကိုလည်း အများကြီး သယ်လာခဲ့ကြသေးတယ်။

"သခင်...ဒါက ကျွန်တော်တို့ ဌာနချုပ်အတွက် ဗိသုကာပုံစံပါ။ အစ်မ ကက်စတယ်လာက အဆောက်အအုံအတွက် လိုအပ်တဲ့ အသေးစိတ် အချက်အလက်တွေကို ပေးထားပြီးသားပါ" ခုန်းက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။

ပါရမီရှင် အင်ဂျင်နီယာကြီးက သူ့ရဲ့ စွမ်းရည်ကို သုံးပြီး လေထဲမှာ ဗိသုကာပုံစံကို သုံးဖက်မြင်ပုံစံနဲ့ ပြသလိုက်တာမို့ ဆောက်လုပ်ရေး ပြီးစီးသွားရင် ဘယ်လိုပုံစံ ဖြစ်မလဲဆိုတာကို မိုက်ကယ် မြင်တွေ့လိုက်ရတယ်။

လမ်းရဲ့ ညာဘက်အခြမ်းဟာ သူတို့ရဲ့ ဌာနချုပ် တည်ရှိမယ့်နေရာ ဖြစ်ပါတယ်။

ခုန်းက ဒီဌာနချုပ်အတွက် ရိုးရှင်းတဲ့ ပုံစံကို ရွေးချယ်ထားပြီး ရီနေးတား နိုင်ငံတော်ရဲ့ ကိုယ်ပိုင် အနုပညာ ဗိသုကာလက်ရာတွေကို ထည့်သွင်းထားတာကြောင့် အဆောက်အအုံဟာ နွေးထွေးပြီး အားမာန်ပါတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနေတယ်။

အခု ပြင်ပလူတစ်ယောက်ရဲ့ အမြင်ကနေ ကြည့်ရင်တော့ သူတို့ဌာနချုပ်က သေးငယ်တယ်လို့ ထင်ရလိမ့်မယ်။ ဘာပဲပြောပြော အားလုံးပေါင်းမှ တစ်ထပ်ပဲ ရှိတာကိုး။

ဒါပေမဲ့ အမှန်တော့ မြေအောက်ဘက်ကို ဦးတည်ပြီး အထပ်ပေါင်းများစွာ ရှိနေတာပါ။ အနာဂတ် ကာလတစ်ခုအထိ ဒါက သူတို့ရဲ့ ဌာနချုပ် ဖြစ်လာမှာမို့ လုံခြုံရေး အကြောင်းပြချက်တွေကြောင့် ခုန်းက မြေအောက်ထပ်တွေကို အလွှာလိုက် ဆောက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးအပြင် မြေအောက်ဘက်ကို ချဲ့ထွင်ခြင်းက ရွှေလမ်းမကြီးပေါ်က သူတို့ရဲ့ 'သေးငယ်တဲ့' နယ်မြေ အပိုင်းအခြားကို ကျော်လွန်ပြီး ဆောက်လုပ်ဖို့ အခွင့်အရေးကိုလည်း ပေးစွမ်းနိုင်ခဲ့တယ်။

သူတို့ရဲ့ ဌာနချုပ်က ပုရွက်ဆိတ်အုံတစ်ခုလိုပါပဲ။ အပေါ်ကနေ ကြည့်ရင်တော့ တောင်ပို့လေး တစ်ခုကိုပဲ မြင်ရလိမ့်မယ်။ ဒါပေမဲ့ မြေအောက်မှာတော့ စစ်တပ်တစ်တပ်လုံး ဆံ့နိုင်လောက်တဲ့ အခန်းပေါင်းများစွာနဲ့ အကျယ်ကြီး ဖြန့်ကျက် တည်ရှိနေတာပေါ့။

အခုလို ကြီးမားလှတဲ့ စီမံကိန်းမျိုးဟာ ပုံမှန် စံနှုန်းတွေနဲ့ဆိုရင်တော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အမှန်တော့ မြေအောက်ဘက်ကို တစ်ထပ်ပြီး တစ်ထပ် ပိုနက်အောင် ဆောက်လုပ်ခြင်းဟာ အပူဒဏ်နဲ့ လေဝင်လေထွက် စတဲ့ ပြဿနာ အများကြီးကို ဖြစ်စေတယ်လေ။ ဒါတင်မကဘဲ အဆောက်အအုံတစ်ခုလုံး ပြိုကျသွားနိုင်ခြေလည်း ရှိတယ်။

ဒါပေမဲ့ မိုက်ကယ်အတွက်တော့ အဲဒါက ပြဿနာ မဟုတ်ခဲ့ပါဘူး။ သူက အခန်းတွေအားလုံးထဲမှာ လေအေးတွေ လှည့်ပတ် စီးဆင်းနိုင်စေဖို့ လေတွေကို အသွင်းအထုတ် လုပ်ပေးမယ့် ဂျင်နရေတာတွေနဲ့ တစ်ခုလုံးကို စွမ်းအင်ပေးဖို့ ရည်ရွယ်ထားတာကိုး။

ပြိုကျနိုင်တဲ့ အန္တရာယ်အတွက်လည်း သူ တစ်စက်ကလေးမှ မစိုးရိမ်ပါဘူး။ ခုန်းက နိုဗာကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ တော်ရုံတန်ရုံ မဟုတ်တဲ့ အင်ဂျင်နယာတစ်ယောက်ပဲဥစ္စာ။

"ဌာနချုပ်အတွက် လက်ရာကောင်းတယ် ခုန်း။ မင်းရဲ့ အကောင်းဆုံး လက်ရာ ဖြစ်လိမ့်မယ်" သူက ချီးကျူးလိုက်တယ်။

အဝါရောင် ဟော့ဘ်မျောက်လူက စိတ်ထဲကနေ အကြီးအကျယ် ဝမ်းသာသွားတယ်။ "ကျွန်တော်မျိုး ဂုဏ်ယူမိပါတယ်"

"ကဲ...အခု ဒီက ကျွန်တော်တို့ရဲ့ အရောင်းစင်တာအသစ်အကြောင်း ပြောပြပါဦး"

မိုက်ကယ်က လမ်းရဲ့ ဆန့်ကျင်ဘက် အခြမ်းဆီကို လှမ်းကြည့်လိုက်တယ်။ ဒါက သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှု အားလုံး ဖြစ်ပေါ်လာမယ့်နေရာ ဖြစ်ပါတယ်။

ပြီးတော့ ဌာနချုပ်နဲ့ မတူတာက ခုန်းက ဒီအဆောက်အအုံကို အပေါ်ဘက်ကို ဦးတည်ပြီး အထပ်ပေါင်းများစွာ ရှိတဲ့ ရိုးရာအဆောက်အအုံတွေလို ပုံစံထုတ်ထားတာပဲ။

"လောလောဆယ်တော့ အားလုံးပေါင်း လေးထပ်ပဲ ရှိသေးတယ်" ခုန်းက ပြောပြတယ်။ "ဒါပေမဲ့ ထပ်ပြီး ချဲ့ထွင်နိုင်မယ့် အခွင့်အလမ်းတွေ ရှိအောင် ကျွန်တော် သေချာ ထည့်သွင်းထားပါတယ်။ တကယ်လို့ ထပ်လိုမယ်ဆိုရင် ရှိပြီးသား အပေါ်မှာ နောက်ထပ် တစ်ထပ် ထပ်ဆောက်လို့ ရတယ်"

"ဒါက စမတ်ကျတယ်" မိုက်ကယ် သဘောပေါက်လိုက်တယ်။

သူတို့ မက်ထရိုပိုလစ်မှာ နောက်ထပ် နယ်မြေ ရဦးမလားဆိုတာ မသိကြဘူးလေ။ ဒါကြောင့်မို့လို့ ခုန်းက အနာဂတ်ကို မျှော်တွေးပြီး သူတို့ရဲ့ ဆိုင်ကို ပုံစံထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာလေးတစ်ခုပဲ သူတို့ ရရှိခဲ့တယ် ဆိုရင်တောင် ကုမ္ပဏီ နာမည်ကြီးလာတာနဲ့အမျှ ဝယ်သူ အများကြီးကို ဝင်ဆံ့စေနိုင်မှာပါ။

"စီမံကိန်းကို စတင်ကြတော့မလား သခင်"

သူ အချက်ပြလိုက်တာနဲ့ ရီနေးတား လုပ်သားတွေက ဂိုဒေါင်ကို တဖြည်းဖြည်း စတင် ဖျက်ဆီးကြတော့တယ်။ သူတို့ဆီ သူ ပေးထားတဲ့ ထူးခြားတဲ့ စွမ်းရည်က အညစ်အကြေး အများကြီး မထွက်စေဘဲ လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်စေတယ်။

တစ်နာရီ မပြည့်ခင်မှာတင် သူတို့ဟာ ဟောင်းလောင်းပြင် ဖြစ်နေတဲ့ ဂိုဒေါင်ကြီးကို မြေကွက်လပ်ကြီးတစ်ခုအဖြစ် လုံးဝ ပြောင်းလဲပစ်နိုင်ခဲ့ကြတယ်။

အဲဒီနောက် ချက်ချင်းပဲ မြေအောက်ထပ်တွေအတွက် မြေကြီးထဲမှာ တွင်းအကြီးကြီး တစ်ခုကို စပြီး တူးကြတော့တယ်။ ဒီလို ပင်ပန်းလှတဲ့ အလုပ်ဟာ သူတို့အတွက် တစ်နေ့ခင်းလုံး ကြာသွားနိုင်ပေမဲ့ မိုက်ကယ်ကိုယ်တိုင် ဝင်ကူပေးခဲ့တာကြောင့် အလုပ်တွေ သက်သာသွားခဲ့ရတယ်။

အဆုံးမှာတော့ အဆောက်အအုံအတွက် အောက်ခြေ ဖောင်ဒေးရှင်းဟာ နေ့တစ်ဝက်ခွဲအတွင်းမှာတင် ပြီးစီးသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မိုက်ကယ်က မြက်ခင်းပြင်ချိုင့်ဝှမ်းမှာ ရှိတဲ့ သူတို့ရဲ့ ဂိုဒေါင်ကနေ သံမဏိတိုင် မြင့်ကြီးတွေကို ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲဆီ တိုက်ရိုက် သယ်ယူပို့ဆောင်ပေးတော့တယ်။

ရီနေးတား လုပ်သားတွေက သူတို့ရဲ့ အလုပ်ကို မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်းမွန်မွန် ပြီးအောင် လုပ်နိုင်ခဲ့ကြတယ်။ သူတို့ရဲ့ သခင်က သူတို့လိုပဲ အပင်ပန်းခံ အလုပ်လုပ်နေတာကို မြင်ရတော့ သူတို့မှာ စိတ်ဓာတ်တွေ အလွန် တက်ကြွနေကြတာပေါ့။

မိုက်ကယ်က ပစ္စည်းသယ်ယူပို့ဆောင်သူ ဖြစ်လာပြီး သံမဏိတွေ၊ သစ်သားတွေ၊ ပြီးတော့ ဘိလပ်မြေတွေကိုပါ သယ်ပေးခဲ့တယ်။

အဲဒါကြောင့်မို့လို့ ရီနေးတား လုပ်သားတွေဟာ သုံးရက်ဆက်တိုက် အလုပ်လုပ်နိုင်ခဲ့ကြပါတယ်။

ပြီးတော့ အဲဒီ သုံးရက်အတွင်းမှာတင် သူတို့ရဲ့ ဌာနချုပ်နဲ့ အရောင်းစင်တာ အဆောက်အအုံတစ်ခုလုံး ပြီးစီးသွားခဲ့ရတယ်။

လုပ်ဖို့ ကျန်တာဆိုလို့ အတွင်းပိုင်း ပြင်ဆင်တာပဲ ရှိတော့ပေမဲ့ အဲဒါကိုတော့ နောက်မှ အေးဆေး လုပ်လို့ရတာပဲ။ အရေးအကြီးဆုံး အစိတ်အပိုင်းကတော့ အခုဆို သူတို့ရဲ့ ဌာနချုပ်ဆီ တရားဝင် ပြောင်းရွှေ့နိုင်ပြီဖြစ်ပြီး မက်ထရိုပိုလစ်မှာ သူတို့ရဲ့ စီးပွားရေးကို စတင် ချဲ့ထွင်နိုင်ပြီ ဖြစ်တာပဲ။

ဒါပေါ့၊ အဆောက်အအုံကို အခုလို လျင်လျင်မြန်မြန် ဆောက်လုပ်လိုက်နိုင်တာက လူအများကြီးကို အံ့ဩသွားစေခဲ့တယ်။

"ဟား...ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ"

"လွန်ခဲ့တဲ့ တစ်ပတ်က ဒါကြီး ဒီမှာ မရှိပါဘူးလို့ ငါ ကျိန်ပြောရဲတယ်။ ငါ မျက်စိမှားနေတာလား"

"ဆောက်လုပ်ရေး အဖွဲ့ကို မြင်လိုက်တဲ့လူ ရှိလား"

သူတို့က သိပ်မြန်လွန်းတာမို့ သူတို့ အဆောက်အအုံကို အလုပ်လုပ်နေကြတာကိုတောင် သတိထားမိတဲ့လူ မရှိသလောက်ပါပဲ။

ပြီးတော့ မိုက်ကယ်က ကလော်ဒီယာဆီ သွားရောက်ပြီး သူတို့ရဲ့ အသစ်စက်စက် ဆောက်လုပ်ပြီးစီးသွားတဲ့ ဌာနချုပ်အကြောင်း ပြောပြလိုက်တဲ့အချိန်မှာ ကလော်ဒီယာထက် ပိုပြီး အံ့ဩသွားတဲ့လူ မရှိတော့ပါဘူး။

"မင်းတို့ ပြီးသွားပြီ ဟုတ်လား" သူမက မယုံနိုင်ဘဲ မေးလိုက်တယ်။ "မင်း သိပါတယ်...တစ်ခုခုကို သုတ်သီးသုတ်ပျာ ဆောက်တာထက် အရည်အသွေးရှိရှိ ဆောက်တာက ပိုကောင်းတယ်ဆိုတာကို"

* * * * * * * *

စာစဉ်(၄၀)

All Chapters