← Chapters

အခန်း ၄၇၄

Vol. 40 Ch. 474

အခန်း ၄၇၄

Vol. 40 Ch. 474

အခန်း(၄၇၄)

မိုက်ကယ်က ဒီလိုလှည့်ကွက်မျိုး မသုံးချင်ပေမဲ့ မိဘတွေ သူ့နောက်ကနေ တကောက်ကောက် လိုက်နှောင့်ယှက်နေတာကို ဖြတ်တောက်ဖို့အတွက်တော့ ဒါကို လုပ်မှဖြစ်တော့မယ်။

"မေမေ... ကလော်ဒီယာ အရှေ့မှာ သားကို အရှက်မခွဲပါနဲ့နော်"

ဘတ်နဲ့ လိုင်လီယာတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးတော့ နာမည်ကြီး ကလော်ဒီယာ မောင့်ဂိုမာရီဆီကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်ကြတယ်။

"အော် ဟုတ်သားပဲ၊ မင်းရဲ့ ဒေါ်လေးတော်စပ်မယ့်သူပေါ့။ အေးပါ အေးပါ... ဒါဆိုရင်တော့ မင်းဘက်က ပိုပြီးရင့်ကျက် တည်ငြိမ်တဲ့ပုံစံ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ ပုံစံမျိုး ပြသရတာ ပိုကောင်းတာပေါ့" လို့ သူ့အမေက မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလိုက်တယ်။

"တို့တွေ သွားပြီး စကားပြောရင်း မိတ်ဆက်လိုက်ရမလား" ဘတ်က မေးတယ်။

"အဲဒါ စိတ်ကူးကောင်းပဲ" လိုင်လီယာက ထောက်ခံလိုက်တယ်။

မိုက်ကယ်က ဒါကို စိတ်ထဲမှာ နိမိတ်မကောင်းသလို ခံစားလိုက်ရတာမို့ သူတို့တွေ သူ့ကို အရှက်မခွဲနိုင်အောင် အာရုံလွှဲဖို့ အခြားလှည့်ကွက်တစ်ခု ထပ်ထုတ်လိုက်ရတယ်။

"မေမေ... ဖေဖေ။ ဒီမှာ တို့အမျိုးတွေ ရှိနေတာ သိကြလား"

သူက အဲဒီအကြောင်း စပြောလိုက်တာနဲ့ ဘတ်က မျက်နှာတည်သွားပြီး ခေါင်းငြိတ်ပြတယ်။ "အေး... ရှိတယ် မိုက်ကယ်။ မက်ထရိုပိုလစ်မှာရှိတဲ့ ဗန်ဒါဘစ် မျိုးခွဲကို ငါ့ရဲ့ အစ်ကိုကြီး မက်စ် ဆီ လွှဲပေးခဲ့တာ"

"အဖေတို့နှစ်ယောက် ရင်းနှီးကြလား"

"သူငယ်ချင်းတွေလိုထက်စာရင် အသိအကျွမ်းတွေလို့ ပြောရမှာပဲ။ ငါက မင်းအဖိုးရဲ့ အငယ်ဆုံးသား၊ မက်စ်ကကျတော့ ငါးယောက်မြောက်သားလေ။ သူက ငါ့ထက် အများကြီး စောပြီးမွေးတာ၊ ပြီးတော့ တာဝန်တွေနဲ့ အမွေတွေကိုလည်း ပိုပြီး ရရှိခဲ့တယ်။

ငါ မှတ်မိသေးတယ်... ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်ပြီး သူနဲ့ ငါ့ရဲ့ တခြားအစ်ကို အစ်မတွေ ဝင်းထဲမှာ လက်ရည်စမ်း တိုက်ခိုက်နေကြတာကို ငေးကြည့်ခဲ့ဖူးတာ။ သူတို့က တကယ့်ကို လန်းတယ်လို့ အမြဲတွေးခဲ့တာပေါ့။ ဒါပေမဲ့ သူကတော့ ငါ့ကို မှတ်မိမှာ မဟုတ်တာ သေချာသလောက်ပဲ။ သူ ငါ့ကို သိတောင် သိရဲ့လား မပြောတတ်ပါဘူး"

"မင်းအဖေမှာ မောင်နှမ အယောက်တစ်ရာလောက် ရှိတာဆိုတော့ သူတို့အချင်းချင်း အဆက်အသွယ်မရှိကြတာဟာ ဆန်းတော့မဆန်းပါဘူး" လို့ လိုင်လီယာက ဝင်ပြောတယ်။

မောင်နှမတွေဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် မသိကြတာဟာ တော်တော်လေး စိတ်မကောင်းစရာပဲလို့ မိုက်ကယ် တွေးမိတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ ရှိတာပေါ့။ အကယ်၍ မက်စ်က အိုင်းဇ်ရဲ့ ငါးယောက်မြောက် သားသမီးဆိုရင် သူ ကလေးဘဝကတည်းက တာဝန်တွေ၊ ဝတ္တရားတွေ အများကြီး ပေးအပ်ခံရတာ ဖြစ်နိုင်တယ်။ တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အချိန်ရှိခဲ့မှာ မဟုတ်ဘူး။

"မင်း သူတို့နဲ့ ဒီမှာ တွေ့ခဲ့သေးလား" ဘတ်က မေးတယ်။

"ဟင့်အင်း... ဂျင်မီဆီကနေ သူတို့အကြောင်း တစ်ခုခု ကြားလိုက်ရုံရုံတင်ပါ"

ဘတ်က စိတ်ဝင်စားသွားပြီး မေးတယ်။ "ဘာကြားခဲ့လဲ"

"ဒီမှာရှိတဲ့ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းက အဆင်မပြေဖြစ်နေတယ်လို့ ပြောကြတယ်။ အကြွေးတွေ ပိနေပြီး မက်ထရိုပိုလစ်မှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တဖြည်းဖြည်း လက်လွှတ် ဆုံးရှုံးနေရတယ်တဲ့"

"ဒါ ဆိုးတာပဲ" လိုင်လီယာက ရင်တမမနဲ့ ရေရွတ်လိုက်တယ်။

ဘတ်က သက်ပြင်းချပြီး ခေါင်းငြိတ်တယ်။ "ဒါက ဘဝရဲ့ သဘာဝပဲလေ။ တချို့အချိန်တွေမှာ တို့ ရှုံးနိမ့်တတ်ပြီး၊ တချို့အချိန်တွေမှာ နိုင်တတ်တာပဲ။ အခုက ခေတ်မတူတော့ဘူး၊ လူငယ်တွေ တဖြည်းဖြည်း ထတောက်လာပြီး လက်ရှိ အထက်တန်း အလွှာကို ဖြိုချနေတဲ့ ခေတ်ဖြစ်နေပြီ။ မင်း ငါ့စီးပွားရေးကို ပိတ်ပစ်တုန်းက အဲဒါကို ငါကိုယ်တိုင် ကြုံခဲ့ရတာပဲမဟုတ်လား"

ဘတ်က မိုက်ကယ့်ခေါင်းကို စနောက်တဲ့ သဘောနဲ့ ခေါက်လိုက်တယ်။

ဒါပေမဲ့ အဲဒါက အမှန်ပဲ။ ရီနေးတားကုမ္ပဏီက နေရာယူလိုက်ကတည်းက ကင်းစ်နယ်မြေမှာရှိတဲ့ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းဟာ လုံးဝ ဥဿုံ ပျက်စီးသွားခဲ့တာ။

"ဖေဖေ... သားကို သူတို့ကို ကူညီပေးစေချင်လား" မိုက်ကယ်က ရိုးရိုးသားသား မေးလိုက်တယ်။ သူက ကူညီဖို့ အစီအစဉ် မရှိပေမဲ့ အကယ်၍ သူ့အဖေက အကူအညီတောင်းလာရင်တော့ သူ လိုက်လျောပေးမိမှာပါ။

ဒါပေမဲ့ ဘတ်က ငြင်းလိုက်တယ်။ "မလိုပါဘူး သားရယ်။ တို့ ဗန်ဒါဘစ်တွေက မာနကြီးကြတယ်။ တို့တွေ ဒုက္ခရောက်နေရင်တောင် အလကားပေးတဲ့ အလှူဒါနကို လက်မခံဘူး။ ဒါက တို့တွေ ငယ်ငယ်ကတည်းက မင်းအဖိုး သွန်သင်ဆုံးမခဲ့တဲ့ သင်ခန်းစာပဲ"

"ဒါဆို တို့တွေ အနည်းဆုံးတော့ သူတို့ဆီ သွားလည်သင့်တာပေါ့"

"အဲဒါ စိတ်ကူးကောင်းပဲ ယောက်ျားရဲ့" လိုင်လီယာက သူမယောက်ျားရဲ့ လက်မောင်းကို ပုတ်ရင်း ပြောလိုက်တယ်။

ဘတ်က နောက်ဆုံးတော့ လျှော့ပေးလိုက်ရတယ်။ "သွားသင့်တာပေါ့လေ"

အမျိုးတွေနဲ့ တွေ့ဆုံတာက ပုံမှန် ယဉ်ကျေးမှုတစ်ခုပါပဲ။ ဒါပေမဲ့ မိုက်ကယ်အနေနဲ့ ဒီလိုလုပ်ဖို့အတွက် တခြားမရိုးသားတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောရင်တော့ လိမ်ရာကျလိမ့်မယ်။

ဂျင်မီရဲ့ အဆိုအရ ဗန်ဒါဘစ်တွေက အကြွေးတွေ သိပ်ပိနေတာကြောင့် အကြွေးဆပ်ဖို့အတွက် သူတို့ပိုင်တဲ့ မြေကွက်တွေကို လျှောက်ရောင်းနေရတယ် တဲ့။

ဒါက တကယ့်ကို နှမြောစရာပဲ။

တခြားလူတွေကို ရောင်းမယ့်အစား သူ့ကိုပဲ ရောင်းလို့ရတာပဲ။ သူတို့က အမျိုးတွေဖြစ်နေတာကြောင့် မက်ထရိုပိုလစ်မှာ ကျန်နေတဲ့ သူတို့ရဲ့ မြေကွက်တွေကို ဝယ်ဖို့အတွက် သူက ဈေးကောင်းတောင် ပေးဦးမှာ။ ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေစေမယ့် ကိစ္စပဲ။

* * * * * * * *

လူတိုင်း သူတို့ရဲ့ စတင်လှုပ်ရှားမယ့် အခြေစိုက်စခန်းအသစ်မှာ နေရာတကျ ဖြစ်သွားကြတဲ့အခါ မိုက်ကယ်နဲ့ သူ့မိဘတွေက ဌာနချုပ်ကနေ ထွက်ခွာပြီး မက်ထရိုပိုလစ်မှာရှိတဲ့ ဗန်ဒါဘစ် အိမ်တော်ဆီကို ဦးတည်လိုက်ကြတယ်။

ဂျင်မီက စုံစမ်းထောက်လှမ်းမှု အချို့ လုပ်ထားပြီးသားမို့ သူတို့ရဲ့ စံအိမ်ကို အလွယ်တကူပဲ ရှာတွေ့ခဲ့တယ်။ ကံကောင်းတာက အဲဒီနေရာက လမ်းမကြီးနဲ့ သိပ်မဝေးလှဘူး။ မြင်းရထားနဲ့ ဆယ်မိနစ်လောက်ပဲ သွားရတယ်။

သူတို့ သွားရမယ့်နေရာကို ရောက်တဲ့အခါ မိုက်ကယ်က ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ပြီး တော်တော်လေးကြီးတဲ့ စံအိမ်ကြီးတစ်လုံးကို မြင်လိုက်ရတယ်။

ဒီဇိုင်းက ဟောင်းနွမ်းနေပြီး မက်ထရိုပိုလစ်ရဲ့ တခြား ခေတ်မှီ အဆောက်အအုံတွေနဲ့ ယှဉ်ရင် ခေတ်မမှီတော့တဲ့ ပုံစံမျိုးပဲ။ နိုဗာရဲ့ ခန့်မှန်းချက်အရ စံအိမ်ကြီးက သက်တမ်း အနှစ်တစ်ရာနီးပါး ရှိနေပြီ။ ဆိုလိုတာက သူတို့ ဒီမှာ ရှိနေတဲ့ နှစ်တွေတစ်လျှောက်လုံး ဘာပြင်ဆင်မှု ဒါမှမဟုတ် မွမ်းမံမှုမှ မလုပ်ခဲ့ကြဘူး။

စံအိမ်ကြီးက အတိတ်က ရှေးဟောင်းအမွေအနှစ်တစ်ခုအနေနဲ့ ကြည့်ရင် ကောင်းနိုင်ပေမဲ့ သိသာထင်ရှားတဲ့ ပျက်စီးယိုယွင်းမှုတွေကြောင့် ညစ်ပတ်စုတ်ပြတ်ပြီး လူသူကင်းမဲ့နေတဲ့ ပုံစံပေါက်နေတယ်။ နံရံပေါ်က ဆေးတွေက ကွာကျနေပြီး သံပန်းတွေက သံချေးတက်နေတယ်၊ ပြီးတော့ ခေါင်မိုးပေါ်မှာလည်း မိုးတွင်းကျရင် မိုးရေတွေ အထဲကို စိမ့်ဝင်လာမှာ သေချာတဲ့ အပေါက်အချို့ ရှိနေတယ်။

ဒီနေရာက သရဲကားရိုက်ရင် သင့်တော်မယ့် နေရာမျိုးနဲ့ တူနေတယ်။

"ဒီနေရာက... တော်တော်လေး ဆိုးတာပဲ" ဘတ်က တိုးတိုးလေး ညည်းတွားလိုက်တယ်။

"ယောက်ျားရယ်... ရိုင်းလိုက်တာ။ တစ်ယောက်ယောက် ကြားသွားရင် ဘယ်လိုလုပ်မလဲ"

အိမ်ထဲကနေ အဝင်အထွက် လှုပ်ရှားမှု အရိပ်အယောင် လုံးဝမမြင်ရတာကြောင့် အဲဒီလို ဖြစ်နိုင်ခြေ မရှိပါဘူး။ ပြီးတော့ သူက သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို သုံးလိုက်တဲ့အချိန်မှာတောင် အိမ်ထဲကနေ လင်းလက်တဲ့ မှော်စွမ်းအင် အရိပ်အယောင်ကို မဆိုစလောက်ပဲ မြင်ရတယ်။ ပုံမှန်ဆိုရင် ဒီလို စံအိမ်မျိုးက လည်ပတ်နိုင်ဖို့အတွက် အလုပ်သမား အယောက်တစ်ရာလောက် လိုအပ်တာ။ ဒါပေမဲ့ အခုတော့ အယောက်ဆယ်ဂဏန်းတောင် မရှိတော့ဘူး။

မိုက်ကယ်က ခြံဝင်းတံခါးဆီ လမ်းလျှောက်သွားပြီး သုံးချက် ခေါက်လိုက်တယ်။ ဘာအကြောင်းပြန်သံမှ မရှိဘူး။

သူ့အနေနဲ့ မှော်ပညာကိုပဲ အားကိုးရတော့မယ်။ သူက အသံချဲ့မန္တန်ကို ရွတ်ဆိုလိုက်တဲ့အခါ သူ့ရဲ့ နှုတ်ခမ်းအရှေ့မှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာတယ်။

"ဟယ်လို... ဘယ်သူရှိလဲဗျို့"

အဲဒီတော့မှ အထဲကလူတွေက ဝင်ပေါက်ဆီကို လှည့်ကြည့်လာကြတယ်။ ဒါပေမဲ့ ဆန်းကြယ်တာက သူတို့က သူ့ကို လျစ်လျူရှုထားကြတာပဲ။

မိုက်ကယ်က သူတို့ကို လှမ်းအော်လိုက်တဲ့အခါ သူတို့ ကိုယ်တိုင် ခေါင်းလှည့်ကြည့်တာကို မြင်လိုက်ရတယ်။ ဒါပေမဲ့ သူတို့က တမင်တကာ နားကို ပိတ်ထားဖို့ ရွေးချယ်လိုက်ကြတယ်။

သူ စိတ်ဝင်စားသွားပြီး သူ့ရဲ့ အရိပ်ကို ကြည့်ကာ သူ့ရဲ့ ယုံကြည်ရတဲ့ နင်ဂျာ စလိုင်းမ် ကို စုံစမ်းခိုင်းလိုက်တယ်။

"ဖတ်ချ်... အထဲမှာ ဘာဖြစ်နေလဲဆိုတာ သွားကြည့်ပေးလို့ရမလား။ သူတို့ ဘာလို့ အကြောင်းမပြန်ကြတာလဲ"

ခရမ်းရောင် စလိုင်းမ်လေးက သူ့အရိပ်ထဲကနေ ဝုန်းခနဲ ထွက်လာပြီး လိုင်လီယာ့ရဲ့ ရင်ခွင်ထဲကို ချက်ချင်း ခုန်ဝင်သွားတယ်။

"သခင်ကြီး... အိမ်တော်ထိန်းကြီးက တို့တွေကို အကြွေးတောင်းတဲ့လူတွေလို့ ထင်နေတာ၊ ဒါကြောင့် သူတို့ သခင်ကြီးရဲ့ ခေါ်သံတွေကို အကြောင်းမပြန်တာပေါ့" ဖတ်ချ်က လိုင်လီယာ့ရဲ့ ရင်ဘတ်မှာ သက်တောင့်သက်သာ မှီတွဲရင်း ပြောလိုက်တယ်။

"ဒါက တကယ့်ကို မြန်ဆန်လွန်းတာပဲ"

ဖတ်ချ်က နင်ဂျာကောင်းတစ်ယောက် ဖြစ်ပေမဲ့ ဒီလောက်အထိတော့ မတော်နိုင်ပါဘူး။

"အော်... တို့တွေ ရောက်ကတည်းက ကျွန်ုပ်ရဲ့ ခွဲပွားတွေကို ဖြန့်ထားပြီးသားလေ။ ဟီးဟီး"

စပ်စုတတ်တဲ့ ဖတ်ချ်ဆီကနေ ဒီထက်နည်းတာကို မမျှော်လင့်သင့်ပါဘူး။

သူက စလိုင်းမ်ကို ဆူပူကြိမ်းမောင်းတော့မယ့်အချိန်မှာပဲ စံအိမ်ရဲ့ ရှေ့တံခါးကြီးက ဝုန်းခနဲ ပွင့်သွားပြီး စမတ်ကျတဲ့ လုပ်ငန်းသုံးဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတစ်ယောက်က ခြံဝင်းတံခါးဆီ ဒေါသတကြီး လျှောက်လာတယ်။

"ခွင့်လွှတ်ပါခင်ဗျာ... ကျွန်တော့်ရဲ့ သခင်က ဒီနေရာကို ရောင်းမလား မရောင်းဘူးလားဆိုတာ မဆုံးဖြတ်ရသေးလို့ပါ" လို့ အိမ်တော်ထိန်းက ယဉ်ယဉ်ကျေးကျေး တောင်းပန်လိုက်တယ်။ သူတို့ဆီမှာ အိမ်အတွက် ကမ်းလှမ်းချက်အချို့ ရှိနေပေမဲ့ သူတို့ရဲ့ အခြေအနေ ကောင်းမွန်လာပြီး အိမ်ကို မရောင်းရဖို့ မျှော်လင့်နေကြတာ။

"တို့တွေက အဲဒီအတွက် လာတာမဟုတ်ဘူး" မိုက်ကယ်က ပြောလိုက်တယ်။

"အော်... မဟုတ်ဘူးလား။ ဒါဆိုရင် သင်တို့က ဘယ်သူလဲ၊ ပြီးတော့ ဘာလို့ ကျွန်တော်တို့ရဲ့ အိမ်တံခါးကို လာခေါက်တာလဲဆိုတာ မေးပါရစေ"

ဘတ်က ရှေ့ကို တက်လာပြီး သူ့ရဲ့ ဂျာကင်အိတ်ထဲကနေ တစ်ခုခုကို ထုတ်လိုက်တယ်။

အဲဒါက ဗန်ဒါဘစ် မိသားစုရဲ့ ရွှေရောင် တံဆိပ်အမှတ်အသား ဖြစ်ပြီး ဗန်ဒါဘစ်တွေ အားလုံး မွေးဖွားကတည်းက ရရှိထားတဲ့ အရာတစ်ခုပဲ။

အိမ်တော်ထိန်းက အနားကို တိုးလာပြီး တံဆိပ်ပြားကို စစ်ဆေးကြည့်တယ်။ သူက အမှတ်အသားရဲ့ စစ်မှန်မှုကိုတင်မကဘဲ ကိုင်ဆောင်ထားသူရဲ့ မိသားစု အဆင့်အတန်းကိုပါ ကြည့်လိုက်တာ။

ဘတ်က အိုင်းဇ်ရဲ့ တိုက်ရိုက် သွေးမျိုးဆက် ဆက်နွှယ်မှု ရှိသူဖြစ်မှန်း သိလိုက်ရတဲ့အခါ သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။

"ကျွန်တော့်ရဲ့ ပြုမူမိမှုတွေအတွက် တောင်းပန်ပါတယ်ခင်ဗျာ။ ဗန်ဒါဘစ် မျိုးနွယ်စုဝင်တစ်ယောက်က တို့ရဲ့ နေရာကို လာလည်မယ်လို့ မသိခဲ့လို့ပါ"

* * * * * * * *

စာစဉ်(၄၀)

All Chapters