← Chapters

အခန်း ၄၇၅

Vol. 40 Ch. 475

အခန်း ၄၇၅

Vol. 40 Ch. 475

အခန်း(၄၇၅)

အိမ်တော်ထိန်းက သူ့နက်ကတိုင်ကို သပ်သပ်ရပ်ရပ် ပြင်လိုက်ပြီး ကိုယ်ဟန်အနေအထားကို မတ်လိုက်တယ်။ "ကျွန်တော် ဘာကူညီပေးရမလဲခင်ဗျာ" လို့ သူက မေးလိုက်တယ်။

"ဒါက ငါ့သား မိုက်ကယ် တဲ့။ သူက ရီနေးတား လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခု ထောင်ထားတယ်။ ငါတို့ မက်ထရိုပိုလစ်ကို ခုတင်တင်ပဲ ရောက်တာ။ ဗန်ဒါဘစ် စီးပွားရေးကိစ္စနဲ့ ပတ်သက်ပြီး မက်စ် နဲ့ စကားပြောချင်လို့ပါ" လို့ ဘတ် က ပြောလိုက်ပြီး "သူ ဒီမှာ ရှိလား" ဆိုပြီး မေးလိုက်တယ်။

"စိတ်မကောင်းပါဘူးခင်ဗျာ၊ ဗန်ဒါဘစ် မိသားစုက လူကြီးမင်းတို့ကို ကူညီနိုင်မယ် မထင်ဘူး" အိမ်တော်ထိန်းက ခေါင်းခါရင်း ပြောလိုက်တယ်။ "ကျွန်တော်တို့ဘက်က ဗန်ဒါဘစ် အနွယ်ဝင် အချင်းချင်း ကူညီချင်ပေမဲ့လည်း ခွင့်ပြုချက်ရဖို့အတွက် ကူညီပေးနိုင်လောက်တဲ့ ဩဇာအာဏာရော ငွေကြေးအင်အားပါ ကျွန်တော်တို့မှာ မရှိတော့လို့ပါ"

ဒီတစ်ကြိမ်မှာတော့ မိုက်ကယ်က သူ့အိတ်ကတ်ထဲကနေ တံဆိပ်ပြားတစ်ခု ထုတ်လိုက်တယ်။ အဲဒါက သူ့ရဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ကို သက်သေပြနေတဲ့ ကလော်ဒီယာ ပေးလိုက်တဲ့ အနီရောင်ဒင်္ဂါးပြားပဲ ဖြစ်တယ်။

ဒါကို မြင်လိုက်ရတဲ့ အိမ်တော်ထိန်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ "အော်... နားလည်ပါပြီ။ မောင်ရင်လို လူငယ်လေးတစ်ယောက်အတွက်တော့ တကယ့်ကို ထူးခြားတဲ့ သတင်းကောင်းပါပဲ" လို့ သူက မိုက်ကယ်ကို ချီးကျူးလိုက်တယ်။

"တကယ်တော့ ကျွန်တော်တို့ သခင်လေးကလည်း မောင်ရင်နဲ့ အသက်တူတူပါပဲ၊ စီးပွားရေးကို လွှဲပြောင်းယူဖို့ ပြင်ဆင်နေတာ... ဒါမှမဟုတ် အနည်းဆုံးတော့ အရင်က ပြင်ဆင်ခဲ့ဖူးတာပေါ့"

အိမ်တော်ထိန်းက အဲဒီအကြောင်း ပြောတဲ့အခါ သူ့မျက်လုံးထဲမှာ ဝမ်းနည်းရိပ်လေး သန်းသွားတယ်။

"မက်စ် ရှိလား" ဘတ် က မေးလိုက်တယ်။

"စိတ်မကောင်းပါဘူးခင်ဗျာ၊ လွဲသွားပြီ။ သခင်လေး မက်စ် က စီးပွားရေးကိစ္စနဲ့ အပြင်သွားနေပါတယ်။ သူ့နောက်ကို လိုက်ချင်တယ်ဆိုရင်တော့ ဘာနာဘီဘဏ္ဍာတိုက် ဆီကို သွားသွားတာပါ"

'အဲဒါ လေလံရုံပဲ' လို့ မိုက်ကယ်က မှတ်မိသွားတယ်။ 'သူတို့မှာ ငွေမရှိဘဲနဲ့ လေလံရုံကို ဘာလို့ သွားတာပါလိမ့်'

ဒီမေးခွန်းရဲ့ အဖြေကို သိဖို့ဆိုရင်တော့ အခုချက်ချင်း လေလံရုံကို လိုက်သွားဖို့ပဲ ရှိတယ်၊ ဒါမှမဟုတ်လည်း သူ ပြန်လာမယ့်အချိန်ကို စောင့်ရမှာပေါ့။

မိုက်ကယ်က ဘာနာဘီဘဏ္ဍာတိုက် ကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ဖို့ စိတ်ဝင်စားနေတာကြောင့် သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒီနေရာက ဝိညာဉ်ဆီ အတွက် လေလံပွဲလုပ်မယ့် နေရာလေ။ နောက်မှ သိရတာထက်စာရင် အခုကတည်းက သွားပြီး အခြေအနေ ကြည့်ထားတာက ပိုကောင်းတာပေါ့။

* * * * * * * *

အိမ်တော်ထိန်းက ဘာနာဘီဘဏ္ဍာတိုက် ကို ဘယ်လိုသွားရမလဲဆိုတာ လမ်းညွှန်ပေးလိုက်တယ်။ အဲဒီနေရာက ဒီနေရာနဲ့ တော်တော်လေး ဝေးတယ်ဆိုတာကို မိုက်ကယ် သိလိုက်ရတယ်။ မြင်းစီးသွားရင်တောင် တစ်နာရီနီးပါး ကြာလိမ့်မယ်။

"ငါတို့ သွားကြမလား" လိုင်လီယာ က မေးလိုက်တယ်။

"ခဏလေး" မိုက်ကယ်က ပြောပြောဆိုဆိုနဲ့ သူ့ရဲ့ အရိပ်စွမ်းရည်ကို သုံးပြီး မက်ထရိုပိုလစ်ရဲ့ လမ်းမပေါ်ဆီ မော်တော်ကားတစ်စီးကို တယ်လီပို့လုပ်ပြီး ခေါ်လိုက်တယ်။

လမ်းမရဲ့ တစ်ဝက်နီးပါးလောက်ကို အရိပ်ဧရိယာအကြီးကြီးက ရုတ်တရက် ဖုံးလွှမ်းသွားတာကို မြင်တော့ အိမ်တော်ထိန်းခမျာ လန့်ပြီး အသက်ရှူမှားမတတ် ဖြစ်သွားရတယ်။ လမ်းသွားလမ်းလာ တခြားလူတွေလည်း လန့်ဖျပ်သွားပြီး အဆုတ်ကွဲမတတ် အော်မိမလိုတောင် ဖြစ်သွားကြသေးတယ်။

ကီလိုဂရမ် တစ်ထောင်ကျော် လေးတဲ့ ကားတစ်စီးကို သယ်ဆောင်လိုက်ရတာမို့ လေထုထဲမှာရှိတဲ့ မှော်စွမ်းအင် ပမာဏကလည်း တော်တော်လေး လျော့နည်းသွားခဲ့တယ်။

တစ်စက္ကန့်အကြာမှာတော့ အရိပ်တွေက သူ့ခြေဖဝါးအောက်ကို ပြန်လည် နစ်ဝင်သွားပြီး လမ်းဘေးမှာ စီးဖို့ အသင့်ဖြစ်နေတဲ့ မော်တော်ကားတစ်စီးက အထာကျကျ ပေါ်လာခဲ့ပါပြီ။

"ရှေ့ခုံက ငါ့နေရာ" ဖတ်ချ် က အော်လိုက်ပြီး ရှေ့ခန်းမှာ ချက်ချင်း ဝင်ထိုင်လိုက်တယ်။

ဘတ် နဲ့ လိုင်လီယာ တို့ကလည်း ပုံမှန်အတိုင်းပဲ နောက်ခန်းမှာ ဝင်ထိုင်လိုက်ကြတဲ့အခါ အိမ်တော်ထိန်းကတော့ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တော့တာပေါ့။ သူက ကားအကြောင်း ဘာမှမသိပေမဲ့ ဒီလို သံထည်ပစ္စည်းအကြီးကြီးကို ဘာမှမရှိတဲ့နေရာကနေ ရုတ်တရက် ပေါ်လာအောင် လုပ်နိုင်တာက မှော်စွမ်းအား ဘက်မှာ ပါရမီ အင်မတန် အဆင့်မြင့်မှ ရမယ်ဆိုတာကိုတော့ ကောင်းကောင်းကြီး သိနေတယ်။

မိုက်ကယ်က ရှေ့ခုံမှာ ဝင်ထိုင်လိုက်ပြီး ကားစက်နှိုးလိုက်တဲ့အခါ ကားအင်ဂျင်သံကြီး ဟိန်းခနဲ ထွက်လာတာကြောင့် အိမ်တော်ထိန်းက လန့်ပြီး တွန့်သွားမိတယ်။ ကားထဲမှာ မိစ္ဆာ တစ်ကောင်ကောင် ရှိနေတယ်လို့ သူက ထင်သွားတာ။

"အချက်အလက်တွေအတွက် ကျေးဇူးပဲနော်" မိုက်ကယ်က ကားမှန်ကို ချရင်း ပြောလိုက်တယ်။

အဲဒီနောက်မှာတော့ ကားက လမ်းမပေါ်ကို ငြိမ့်ခနဲ မောင်းထွက်သွားပြီး အရှိန်ကလည်း တော်တော်လေး မြန်တယ်။ တစ်စက္ကန့်အတွင်းမှာတင် လမ်းရဲ့ အဝေးကြီးမှာ ရှိနေတဲ့ မြင်းလှည်းကိုတောင် ကျော်တက်သွားခဲ့ပြီ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ" အိမ်တော်ထိန်းက အံ့ဩနေမိတယ်။ "နေပါဦး... မိုက်ကယ် ဟုတ်လား။ ငါ ဒီနာမည်ကို ဘယ်မှာ ကြားဖူးပါလိမ့်"

ဒြပ်စင် လေးခုကို ထိန်းချုပ်နိုင်တဲ့ မှော်ပါရမီရှင် ကောင်လေးအကြောင်း ကောလာဟလတွေနဲ့ အတင်းအဖျင်းတွေကို သူ နောက်မှပဲ သတိရသွားတော့တယ်။

* * * * * * * *

မော်တော်ကားက လမ်းမတွေထက်မှာ မောင်းနှင်သွားတဲ့အခါ လူတိုင်းက သူတို့ကားကိုပဲ ဝိုင်းကြည့်နေကြတယ်။ မြင်းလှည်းတွေကို ဆွဲနေတဲ့ မြင်းတွေတောင် အင်ဂျင်သံ ဟိန်းခနဲ ကြားရတဲ့အခါ လန့်ပြီး ဟီတွန်ကုန်ကြတယ်။ သူတို့လည်း မိစ္ဆာ တစ်ကောင်ကောင် လိုက်ဆွဲနေပြီလို့ ထင်သွားပုံရတယ်။

ကားကသာ ဒီလောက် မမြန်ရင် ဒီထက်ပိုပြီး လူအာရုံစိုက်ခံရဦးမှာ။ ကားက လမ်းမတွေပေါ်မှာ မြင်းလှည်း မြောက်မြားစွာကို ကျော်တက်မောင်းနှင်သွားတာမို့ လူတွေအမြင်မှာတော့ အရိပ်တစ်ခု ဖြတ်ပြေးသွားသလိုပဲ မြင်လိုက်ကြရတယ်။

"မိုက်ကယ် သားလေး၊ သား ဒီ မက်ထရိုပိုလစ်ကို မြန်မြန်လေး သိမ်းပိုက်လိုက်ရင် ကောင်းမယ်။ ဒီက လမ်းတွေက သိပ်ဆိုးတာပဲ၊ တုန်ခါနေတာပဲ" လိုင်လီယာ က ညည်းညူလိုက်တယ်။

ကားရဲ့ ဆိုင်းထိန်းစနစ်က ကောင်းမွန်လှပေမဲ့လည်း လမ်းက မညီမညာဖြစ်နေတဲ့ ကျောက်တုံးတွေနဲ့ လုပ်ထားတာမို့ တော်တော်လေးတော့ တုန်ခါနေတာပေါ့။

ဒါပေမဲ့လည်း သူတို့ရဲ့ အတွေ့အကြုံက ဘယ်မြင်းလှည်းက ပေးနိုင်တဲ့ ခံစားချက်ထက်မဆို အပြတ်အသတ်ကို သာလွန်ပါတယ်။ ဒါတင်မကဘဲ သူတို့ သွားမယ့်နေရာကို ပိုပြီးတော့လည်း မြန်မြန်ဆန်ဆန် ရောက်သွားသလို လမ်းမှာ ဖြတ်သွားတဲ့အခါ မြင်းချေးနံ့တွေကို ရှူရှိုက်စရာမလိုတဲ့ အားသာချက်လည်း ရှိသေးတာပေါ့။

နောက်ဆုံးတော့ သူတို့ ကွေ့တစ်ခုကို ကွေ့လိုက်ပြီး လမ်းပိတ်နေတဲ့ လမ်းစွယ်တစ်ခုထဲကို ရောက်သွားကြတယ်။

အဆုံးတည့်တည့်မှာတော့ တခြား ဘာမှမဟုတ်ဘဲ ဘာနာဘီဘဏ္ဍာတိုက် ရှိနေတာဖြစ်ပြီး အလယ်ခေတ် စံနှုန်းတွေနဲ့ ကြည့်ရင်တော့ တော်တော်လေး ကြီးမားထည်ဝါလှပါတယ်။ နည်းနည်းလောက် ပြန်ပြင်ဆင်လိုက်မယ်ဆိုရင်တော့ သူ့ရဲ့ အရင်ကမ္ဘာက ရှေးဟောင်း စတိုင် ခမ်းနားထည်ဝါတဲ့ ဟိုတယ်အဆင့်မြင့်ကြီးတစ်ခုလို လုံးဝကို တူသွားနိုင်တယ်။ အတွင်းထဲကို ဦးတည်ထားတဲ့ အနီရောင် ကော်ဇောကြီးတောင် ခင်းထားသေးတာ။

မိုက်ကယ်က လမ်းဘေးနားက လူမရှိတဲ့ မြင်းလှည်းတွေ ရှိနေတဲ့ တန်းမှာ ကားကို ရပ်လိုက်တာကြောင့် ကားက ပိုပြီးတော့တောင် ထင်ရှားပေါ်လွင်နေခဲ့တယ်။

တော်သေးတာက ဒီနေရာက ပုဂ္ဂလိကပိုင် နယ်မြေဖြစ်နေတာမို့ လမ်းဘေးပလက်ဖောင်းပေါ်မှာ လူတွေ ဒီအတိုင်း လျှောက်သွားနေတာမျိုး မရှိဘူး။

သူတို့ ကားထဲက ထွက်ပြီး လေလံရုံရဲ့ အဝင်ဝဆီကို လျှောက်သွားလိုက်ကြတယ်။

ချက်ချင်းပဲ တံခါးဝမှာ ရပ်နေတဲ့ ဧည့်ကြိုက သူတို့ကို နှုတ်ဆက်လိုက်တယ်။

"မင်္ဂလာပါခင်ဗျာ၊ ရတနာတွေ ဝယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ ဘာနာဘီဘဏ္ဍာတိုက် ကနေ ကြိုဆိုပါတယ်။ ဒီနေ့ ဘာများ ကူညီပေးရမလဲခင်ဗျာ"

"ငါ့နာမည် ဘတ် ဗန်ဒါဘစ် ပါ..."

"အော်... ဗန်ဒါဘစ် လား။ ဒီနေ့ ကျွန်တော်တို့ဆီ ရောက်နေတဲ့ ဗန်ဒါဘစ် နဲ့ သိတဲ့သူ ဖြစ်ရပါမယ်။ အတွင်းထဲကို တိုက်ရိုက် ဝင်သွားနိုင်ပါတယ်ခင်ဗျာ"

ဧည့်ကြိုက တံခါးဖွင့်ပေးပြီး သူတို့ကို အတွင်းထဲ ဝင်ခွင့်ပြုလိုက်တယ်။

သူတို့ အတွင်းထဲ ရောက်သွားတဲ့အခါ ခမ်းနားထည်ဝါလှတဲ့ ဧည့်ခန်းမကြီးကို မိုက်ကယ် မြင်လိုက်ရပြီး ပရိဘောဂတွေကလည်း ရွှေချထားတဲ့ပုံစံမျိုး ဖြစ်နေတယ်။ မိုက်ကယ် အကဲခတ်ကြည့်လေလေ ဒီနေရာက ဟိုတယ်တစ်ခုနဲ့ ပိုပိုပြီး တူလာလေလေပဲ။

"မစ္စတာ ဘာနာဘီရဲ့ ရုံးခန်းက ဟိုဘက်က လှေကားကနေ တက်သွားရင် ဒုတိယထပ်မှာ ရှိပါတယ်ခင်ဗျာ"

သူတို့ လမ်းညွှန်ချက်အတိုင်း လိုက်သွားကြပြီး အဲဒီကို ရောက်တဲ့အခါ တံခါးနားမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စောင့်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။

အဲဒီလူက ဆံပင်ဖြူဖြူနဲ့ အသက်အရွယ်ရနေတဲ့ အရေပြား ရှိနေပေမဲ့ မိုက်ကယ်အနေနဲ့ သူ့ဖခင်နဲ့ ရုပ်ချင်းဆင်နေတာကိုတော့ သတိထားမိလိုက်တယ်။

'ဒါ မက်စ် ဖြစ်ရမယ်' လို့ မိုက်ကယ် ခန့်မှန်းလိုက်တယ်။

"အစ်ကို မက်စ်" ဘတ် က လှမ်းခေါ်လိုက်တယ်။

ဆံပင်ဖြူနဲ့ လူက ဘတ် ဆီကို ချက်ချင်း လှည့်ကြည့်ပြီး မျက်မှောင်ကုတ်လိုက်တယ်။ စက္ကန့်အနည်းငယ်လောက် ကြည့်ပြီးတဲ့နောက်မှာတော့ သူ မှတ်မိသွားပုံရတယ်။

"ဘတ်... မင်းလား"

ညီအစ်ကို နှစ်ယောက်လုံး အနားကို တိုးသွားကြပြီး စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ ဖက်လိုက်ကြတော့တယ်။

"ဘယ်လိုလဲ နေကောင်းရဲ့လား။ မင်းကို မတွေ့ရတာ တော်တော်တောင် ကြာသွားပြီပဲ" မက်စ်က ဘတ်ကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း ပြောလိုက်တယ်။ "မင်းကိုတောင် မနည်းမှတ်မိတယ်"

ဘတ် က အံ့ဩသွားပြီး "အစ်ကိုက ကျွန်တော့်ကို မှတ်မိသေးတယ်လား"

"မှတ်မိတာပေါ့။ ငါ ဘယ်လိုလုပ် မေ့နိုင်မှာလဲ"

သူတို့ ပြန်လည်ဆုံတွေ့ရမှုက နှစ်ယောက်လုံးကို ပြန်လည်လန်းဆန်းသွားစေတယ်။ သူတို့ မျက်နှာပေါ်က အမူအရာတွေက တကယ့်ကို တန်ဖိုးဖြတ်မရနိုင်တဲ့ အရာတွေပဲ။

"ဒါက ငါ့ဇနီး လိုင်လီယာ၊ ပြီးတော့ ဒါက ငါ့သား မိုက်ကယ်"

လိုင်လီယာက မက်စ်ကို တရားဝင် နှုတ်ဆက်တဲ့အနေနဲ့ အသာအယာ ဒူးညွတ်အလေးပြုခြင်းကို လှပပပလေး လုပ်ပြလိုက်တယ်။ ဒါက မိုက်ကယ်ရဲ့ အမြင်မှာတော့ တော်တော်လေး ထူးဆန်းနေတယ်၊ ဘာလို့လဲဆိုတော့ သူ့အမေက ဒီလိုမျိုး ပုံမှန်အတိုင်း ပြုမူလိမ့်မယ်လို့ သူ မမျှော်လင့်ထားလို့ပဲ။

"တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ မိုက်ကယ် ဟုတ်လား။ ဦးလေးက မင်းရဲ့ ဦးလေးပေါ့။ စာသင်ရတာ အဆင်ပြေရဲ့လား"

လိုင်လီယာက ကြားထဲက ဝင်ပြီး ဖြေပေးလိုက်တယ်။ "သူက စာသင်ဖို့ မလိုပါဘူး။ ကျွန်မတို့ မိုက်ကယ်က ပါရမီရှင်လေးရှင့်" လို့ သူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလိုက်တယ်။

"ဟုတ်တယ်။ သူက အခု ရီနေးတား လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုတောင် ထောင်ထားတာ။ ပြီးတော့ မက်ထရိုပိုလစ်မှာ သူ့စီးပွားရေးကို ချဲ့ထွင်နေတာလေ။ လွန်ခဲ့တဲ့ ရက်ပိုင်းတင်ပဲ ခွင့်ပြုချက်ရခဲ့တာ"

* * * * * * * *

စာစဉ်(၄၀)

All Chapters