← Chapters

အခန်း ၄၈၀

Vol. 40 Ch. 480

အခန်း ၄၈၀

Vol. 40 Ch. 480

အခန်း(၄၈၀)

"ဘာမှ စိတ်ပူစရာမလိုပါဘူး" မိုက်ကယ်က ပြောလိုက်တယ်။

သူဟာ သူတို့ရဲ့ ဌာနချုပ်အသစ်မှာ ရှိနေသေးတဲ့ ရှီနာ့ဆီကို အရိပ်စွမ်းရည် သုံးပြီး ဆက်သွယ်လိုက်တယ်။ ပြီးတော့ အန်ဂိုရာမြို့ကနေ စားသောက်ကုန် ရိက္ခာတွေကို ဗန်ဒါဘစ် အိမ်တော်ဆီ ယူလာပေးဖို့ သူမကို လှမ်းပြောလိုက်တာပါ။

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ အိမ်တော်တံခါးဝဆီကနေ လူခေါ်ခေါင်းလောင်းသံ မြည်လာတာကို သူတို့ ရုတ်တရက် ကြားလိုက်ရတယ်။ အိမ်တော်ထိန်းလည်း အပြင်ထွက်ကြည့်လိုက်ရော အပြင်ဘက်မှာ စိတ်ရှည်လက်ရှည် စောင့်နေတဲ့ အကြေးခွံအဖြူရောင်တွေနဲ့ ဒရာဂွန်ဘွန်းမလေးကို တွေ့လိုက်ရပြီး သူမရဲ့ အနောက်က လူသွားလမ်းပေါ်မှာတော့ သေသပ်စွာ ဆင့်ထားတဲ့ သေတ္တာကြီး ဆယ်လုံးလောက် ရှိနေတာပေါ့။

"နှုတ်ခွန်းဆက်သပါတယ်... ဘာကူညီပေးရမလဲခင်ဗျာ" အိမ်တော်ထိန်းက မေးလိုက်တယ်။

ရှီနာက ဦးညွှတ်ပြီး သူမကိုယ်သူမ မိတ်ဆက်လိုက်တယ်။ "ကျွန်မနာမည် ရှီနာလို့ ခေါ်ပါတယ်၊ သခင်မိုက်ကယ်ကိုယ်စား ဒီကို လာခဲ့တာပါ"

"မိုက်ကယ်..." အိမ်တော်ထိန်းက တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ တစ်စက္ကန့်လောက် ကြာမှပဲ သူ အဲဒီနာမည်ကို သတိရသွားပြီး "ဩော်" လို့ အော်လိုက်မိတော့တယ်။

"သခင်မိုက်ကယ်က ဒီစားသောက်ကုန် ရိက္ခာတွေကို အိမ်တော်အတွက် ပေးဖို့ ကျွန်မကို ညွှန်ကြားထားပါတယ်"

ရှီနာက သေတ္တာတစ်လုံးကို ဖွင့်ပြီး ချက်ပြုတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ လတ်ဆတ်တဲ့ အသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပြလိုက်တဲ့အခါမှာတော့ အိမ်တော်ထိန်းခမျာ အံ့ဩမှင်တက်ရင်း ဒီအတိုင်း ရပ်နေမိတော့တယ်။ အချို့သေတ္တာတွေထဲမှာဆိုရင် ဆားနဲ့ သကြားလိုမျိုး တန်ဖိုးကြီးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေတောင် ပါသေးတယ်။

ရှီနာက သေတ္တာတွေကို အိမ်ထဲအထိ သယ်ပေးဖို့ အိမ်တော်ထိန်းကို ကူညီပေးခဲ့ပြီး အိမ်ထဲရောက်တော့ ကျန်တဲ့ ဗန်ဒါဘစ် မိသားစုဝင်တွေဟာ သူတို့ရှေ့က ပြည့်စုံကြွယ်ဝလှတဲ့ အစားအစာတွေကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတာပေါ့။

သူတို့ဟာ လုံးဝ ဆင်းရဲမွဲတေနေတာမျိုး မဟုတ်ပေမဲ့လည်း မလတ်ဆတ်တဲ့ ပေါင်မုန့်ခြောက်တွေနဲ့ ကျန်ကြွင်းတဲ့ စွပ်ပြုတ်တွေကိုပဲ ချွေတာပြီး စားသောက်နေခဲ့ကြရတာပါ။ သူတို့အနေနဲ့ ဒီလောက်အများကြီးရှိတဲ့ အစားအစာတွေကို မမြင်ရတာ ဆယ်နှစ်ကျော်တောင် ရှိနေပြီလေ။ ဒီလို အစားအစာတွေကို အဖိတ်အစင်ခံပြီး အလဟဿ အများကြီး ဝယ်နိုင်ခဲ့တဲ့ သူတို့ အောင်မြင်ခဲ့စဉ် အချိန်တုန်းကဆိုရင် ဝီလျံလေးက လူ့လောကထဲတောင် မရောက်သေးဘူး။

"ဒါ... ဒါက တကယ်ပဲ အဆင်ပြေရဲ့လား" ထရေစီက စိတ်ပူစွာနဲ့ သူတို့ကို မေးလိုက်တယ်။ "ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ကျွန်မတို့ မယူရဲပါဘူး"

လိုင်လီယာက သူမရဲ့ စိတ်ပူပန်မှုတွေကို ချက်ချင်းပဲ အသာအယာ ဖြေဖျောက်ပေးလိုက်တယ်။ "စိတ်မပူပါနဲ့။ ကျွန်မတို့ဆီမှာ အပိုအလျှံ အစားအစာတွေ အများကြီး ရှိပါတယ်။ အများကြီးထက်တောင် ပိုပါသေးတယ်"

"ဟုတ်ပါတယ်။ ဒါက ကျွန်တော်တို့ကို အိမ်ထဲဝင်ခွင့်ပေးလို့ ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ပေးတဲ့ အထိမ်းအမှတ် အနည်းငယ်ပါပဲ" လို့ ဘတ်က ပြောလိုက်ပြီး "ဒါ့အပြင်... ကျွန်တော်တို့က မိသားစုတွေပဲဥစ္စာ" လို့ ဆိုလိုက်တယ်။

အဲဒီလိုလည်း ကြားရော ဗန်ဒါဘစ် မိသားစုဝင်တွေရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ဝိုင်းလာကြတယ်။ ဘတ်က ဝိုင်းရဲ့ အငွေ့အသက်ကို ပြန်လည် တက်ကြွလာစေဖို့အတွက် သောင်းသောင်းဖျဖျနဲ့ အောင်ပွဲခံတဲ့ အသံတွေ အော်ဟစ်လိုက်ရတယ်။

ညစာစားပွဲ ပြီးဆုံးသွားတဲ့အခါမှာတော့ စကားဝိုင်းရဲ့ အကြောင်းအရာဟာ သူတို့ မက်ထရိုပိုလစ်ကို ဘာလာလုပ်ကြသလဲဆိုတဲ့ အချက်ဆီကို ကူးပြောင်းသွားတယ်။ မက်စ်က သူတို့ကို ဘာမှ မပြောရသေးတာကြောင့် ကျန်တဲ့ ဗန်ဒါဘစ် မိသားစုဝင်တွေဟာ လုံးဝကို အမှောင်ကျနေခဲ့ကြတာပေါ့။

မက်စ်နဲ့ ဘတ်တို့ရဲ့ ယောက်ဖတော်စပ်ပြီး မိုက်ကယ်ရဲ့ အခြားဦးလေးတစ်ယောက်ဖြစ်သူက မက်ထရိုပိုလစ်မှာရှိတဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်းကို စကားစလာတယ်။

"ကျွန်တော်တို့ရဲ့ အကြွေးတွေကို ဆပ်နိုင်ဖို့ သန့်ရှင်းရေးသုံး ပစ္စည်းတွေကို ရောင်းနေတာပါ" လို့ သူက ပြောတယ်။ "သန့်ရှင်းရေး ဆေးရည်အတွက် ကိုယ်ပိုင် ဖော်မြူလာတောင် ရှိတယ်ဗျာ။ ဒါပေမဲ့ မြို့စားမင်းကတော်ရဲ့ ခွင့်ပြုချက်မရခင် နောက်ထပ် လအနည်းငယ်လောက် ထပ်စောင့်ရဦးမယ်"

ဘတ်က အံ့ဩသွားတယ်။ "အဲဒီလောက်တောင် အချိန်ကြာတတ်လို့လား" သူက မေးလိုက်တယ်။

"အဆင့်မြင့်တဲ့ ကုမ္ပဏီကြီးတစ်ခုမှာဆိုရင်တော့ ဒါက လွယ်ကူတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့လို ရုန်းကန်နေရတဲ့ ကုမ္ပဏီအသေးလေးတွေအတွက်ကျတော့ အနောက်ကိုပဲ တွန်းပို့ခံရတာ။ ကျွန်တော်တို့က သူတို့ရဲ့ ဦးစားပေး မဟုတ်ဘူးလေ။

ဒါနဲ့ မိုက်ကယ်။ မင်းက ဒီ မက်ထရိုပိုလစ်မှာ ကုမ္ပဏီတစ်ခု ထောင်ဖို့ စီစဉ်နေတာ ဟုတ်တယ်မလား။ တကယ်လို့ မင်းရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို မက်ထရိုပိုလစ်မှာ ရောင်းဖို့ စီစဉ်နေတယ်ဆိုရင် သူတို့နဲ့ တွေ့ဆုံခွင့် ရဖို့အတွက် လပေါင်းများစွာ ကြိုတင်ပြီး ရက်ချိန်းယူထားဖို့ သေချာလုပ်နော်"

မက်စ်က အထင်လွဲမှားမှုကို ချက်ချင်းပဲ ရှင်းလင်းပေးလိုက်တယ်။ "သူ့မှာ ကုမ္ပဏီ ရှိပြီးသားပါ" လို့ သူက ပြောပြီး "ပြီးတော့ အဲဒီကောင်လေးက လွန်ခဲ့တဲ့ ရက်ပိုင်းတင်ကမှ လုပ်ငန်းလိုင်စင် ရခဲ့တာ" လို့ ဆိုလိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ စားပွဲဝိုင်းမှာရှိတဲ့ လူကြီးတွေအားလုံး အံ့ဩတုန်လှုပ်ပြီး အသက်ရှူမှားကုန်ကြတယ်။ သူတို့က မိုက်ကယ်ကို အတွေ့အကြုံရရုံသက်သက် ကုမ္ပဏီအသေးလေးတစ်ခု ထောင်ထားတဲ့ ရည်မှန်းချက်ကြီးတဲ့ ကလေးတစ်ယောက်လို့ပဲ ထင်နေခဲ့ကြတာလေ။ စာမေးပွဲကို အောင်မြင်နိုင်လောက်တဲ့အထိ တော်လိမ့်မယ်လို့ သူတို့ မတွေးမိခဲ့ကြဘူး။

တစ်နှစ်ကို ကုမ္ပဏီ ငါးခုပဲ လိုင်စင်ရတာလေ။ အဲဒါကို သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ရအောင် ယူနိုင်ခဲ့တယ်ဆိုတော့ မိုက်ကယ်ရဲ့ ပါရမီက ဘယ်လောက်တောင်လဲဆိုတာ သက်သေပြနေတာပေါ့။

"နေပါဦး... အပ်ပါးဝုဒ် ပွဲတော်ကြီးက အခုတင်ပဲ ပြီးသွားတာ မဟုတ်ဘူးလား"

"ဟုတ်တယ်... အဲဒါက သူ့ရဲ့ လိုင်စင်စစ်ဆေးချိန်နဲ့ တိုက်ဆိုင်နေတာပဲ"

လိုင်လီယာက ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးကြီးနဲ့ မိုက်ကယ်ရဲ့ ပုခုံးပေါ် လက်တင်လိုက်ပြီး "ဟုတ်တာပေါ့။ မိုက်ကယ်က ပွဲတော်ကျင်းပနေတဲ့ အချိန်မှာပဲ စာမေးပွဲကို အောင်မြင်ခဲ့တာ။ ဒါတင်မကသေးဘူး ပြိုင်ပွဲမှာပါ ဗိုလ်စွဲခဲ့တာဗျ" လို့ ပြောလိုက်တယ်။

စားပွဲတစ်ဝိုင်းလုံးမှာ ပိုပြီးတော့ အံ့ဩတုန်လှုပ်သံတွေ ကျယ်လောင်လာတယ်။ ဒီလောက် ငယ်ရွယ်တဲ့ ကလေးတစ်ယောက်က ဒီလောက်အများကြီးကို စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ သူတို့ တကယ်ကို မယုံနိုင်ဘဲ ဖြစ်နေကြတာပါ။

"ဘုရားရေ... သူက အဖေ့လို ပါရမီမျိုး ရှိတာပဲ"

"ငါတို့က သူ့အကြောင်းကို ဘာလို့ အခုမှ သိရတာလဲ"

သူတို့တွေဟာ မက်စ် မိုက်ကယ်နဲ့ ပထမဆုံး စတွေ့တုန်းက ခံစားခဲ့ရတဲ့ စိတ်လှုပ်ရှားမှု ရိုလာကိုစတာကြီးကို ထပ်တူ ခံစားနေကြရတာပေါ့။

သူ့ရဲ့ မိဘတွေက ဆွေမျိုးတွေရဲ့ ချီးမွမ်းခန်းတွေကြောင့် ပျော်ရွှင်ပီတိဖြစ်ပြီး မျက်နှာသာရနေကြချိန်မှာ မိုက်ကယ်ကတော့ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိတယ်။ ဘာကြောင့်လဲဆိုတော့ သူစိမ်းတွေဆီက ချီးမွမ်းခံရတာထက် ဆွေမျိုးတွေဆီက ချီးမွမ်းခံရတာက ပိုပြီးတော့ ရှက်ကိုးရှက်ကန်း ဖြစ်ရလို့ပါပဲ။

ကံကောင်းထောက်မစွာနဲ့ပဲ အိမ်တော်တံခါးဝဆီကနေ နောက်ထပ် ခေါင်းလောင်းသံတစ်ချက် ထပ်မြည်လာတာကြောင့် သူတို့ရဲ့ စကားဝိုင်း ပြတ်တောက်သွားခဲ့တယ်။

အိမ်တော်ထိန်းကြီးက တံခါးကိုဖွင့်ပြီး ဧည့်သည်တွေကို ချောင်းကြည့်လိုက်တယ်။

သူတို့ရဲ့ ကိုယ်ပေါ်က တောက်ပနေတဲ့ သံချပ်ကာတွေကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရတယ်။ ဒါပေမဲ့ သူတို့ရဲ့ လက်နက်တွေနဲ့ သံချပ်ကာတွေက အိမ်တော်ထိန်းကို တကယ် ခြောက်လှန့်နေတာ မဟုတ်ပါဘူး။

သူတို့ရဲ့ ရင်ဘတ်ပေါ်မှာ ရှိနေတဲ့ တံဆိပ်ကသာ တကယ့် အရာဖြစ်နေလို့ပါပဲ။

သူတို့က တခြားသူတွေ မဟုတ်ဘဲ မြို့စားမင်းကတော်ရဲ့ ကိုယ်ပိုင် စစ်သည်တော်တွေ ဖြစ်နေကြတာပေါ့။ သူတို့ရဲ့ တံခါးဝအပြင်ဘက်မှာ မက်ထရိုပိုလစ်ရဲ့ အလံကို လွှင့်ထူပြီး စစ်ကြောင်းချီ စီတန်းနေကြတာကို မြင်လိုက်ရတဲ့အခါ အိမ်တော်ထိန်းခမျာ နှလုံးရပ်မတတ် ဖြစ်သွားရတယ်။

အိမ်တော်ထိန်းက မက်စ်နဲ့ ကျန်တဲ့ ဗန်ဒါဘစ် မိသားစုဝင်တွေကို ချက်ချင်းပဲ အကြောင်းကြားလိုက်တယ်။

"သခင်ကြီး အပြင်မှာ တော်ဝင်စစ်သည်တော်တွေ ရောက်နေပါတယ်"

မက်စ်က ထိုင်နေရာကနေ ချက်ချင်း ထရပ်ပြီး တံခါးအပြင်ဘက်ဆီ ပြေးထွက်သွားတယ်။ စားပွဲဝိုင်းမှာရှိတဲ့ ကျန်တဲ့ ဗန်ဒါဘစ် မိသားစုဝင်တွေကလည်း သူ့အနောက်ကနေ ကပ်လိုက်သွားကြပြီး မိုက်ကယ်နဲ့ သူ့မိသားစုကလည်း သိပ်မလှမ်းမကမ်းကနေ လိုက်လာခဲ့ကြတယ်။

သူတို့ တံခါးဝဆီကို ရောက်သွားတဲ့အခါမှာတော့ တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲမှာ စာလိပ်တစ်စောင် ကိုင်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။

အဲဒီ တော်ဝင်ဝတ်စုံနဲ့လူဟာ သူ့ရှေ့က မက်စ် ဗန်ဒါဘစ်ကို မြင်လိုက်တာနဲ့ စာလိပ်ကို ဖြန့်လိုက်ပြီး သူတို့ဆီ ဖတ်ပြပါတော့တယ်။

"နာခံကြလော့ နာခံကြလော့။ မက်ထရိုပိုလစ်ရဲ့ မြို့စားမင်းကတော်က သင်တို့ကို သူမရဲ့ တော်ဝင်တရားရုံးတော်ဆီ လာရောက်ဖို့ ဖိတ်ခေါ်လိုက်သည်။ သင်တို့ အဆင်ပြေမယ့် အစောဆုံး အချိန်မှာ ဒီဖိတ်ကြားချက်ကို လက်ခံပေးပါရန်"

တော်ဝင်အစောင့်တပ်ဖွဲ့တွေရဲ့ ချက်ချင်း ခွဲခြားသိမြင်နိုင်တဲ့ သံချပ်ကာတွေကြောင့် ဗန်ဒါဘစ် အိမ်တော်ပတ်ဝန်းကျင်က တခြားလူတွေဟာလည်း စူးစမ်းချင်စိတ်ကို မအောင့်နိုင်ကြဘဲ လမ်းဘေးကနေ ချောင်းမြောင်းနားထောင်နေကြတာပေါ့။

"နေပါဦး၊ အဲဒါ မြို့စားမင်းကတော်ရဲ့ ကိုယ်ရံတော်တွေ မဟုတ်ဘူးလား။ သူတို့က ဘာလို့ ဒီကို ရောက်နေတာလဲ။ အဲဒါကလည်း ဗန်ဒါဘစ်တို့ရဲ့ ကိုယ်ပိုင်အိမ်တော်ဆီကိုလေ..."

"ဒါက မဖြစ်နိုင်တာ။ အဲဒီအစောင့်တွေက မြို့စားမင်းကတော်ရဲ့ အရေးကြီးတဲ့ ဧည့်သည်တော်တွေအတွက်ပဲ တာဝန်ချထားခံရတာလေ"

"ဟုတ်တယ်... ဗန်ဒါဘစ်တို့က အဆင့်အတန်း ကျဆင်းသွားပြီ မဟုတ်ဘူးလား။ မြို့စားမင်းကတော်က ဘာဖြစ်လို့ သူမရဲ့ ကိုယ်ရံတော်တွေကို ကိုယ်တိုင်လွှတ်ပြီး သူတို့နဲ့ တွေ့ခိုင်းရတာလဲ"

ဗန်ဒါဘစ်တို့ရဲ့ နာမည်ဂုဏ်သတင်းဟာ သူတို့ရဲ့ ညံ့ဖျင်းတဲ့ စီးပွားရေး ဆုံးဖြတ်ချက်တွေကြောင့် ထိုးဆင်းသွားခဲ့တာပါ။ ဒါကြောင့် သူတို့က မြို့စားမင်းကတော်ရဲ့ အာရုံစိုက်မှုကို ရုတ်တရက် ရရှိသွားတာဟာ အားလုံးအတွက် တကယ့်ကို နားမလည်နိုင်တဲ့ ပဟေဠိတစ်ခု ဖြစ်နေခဲ့ရတယ်။

ဒီအခြေအနေက သိပ်ကို ထူးဆန်းလွန်းတာကြောင့် သူတို့တွေဟာ မဆီလျော်တဲ့ ထင်ကြေးတွေကိုပဲ လျှောက်တွေးနေကြတော့တယ်။

"နေပါဦး၊ စစ်သည်တော်တွေက သူတို့ရဲ့ စံအိမ်ကို သိမ်းပိုက်ဖို့ ရောက်နေတာများလား"

"ဖြစ်နိုင်တယ်... သူတို့ အခုဆို ကိုယ်ပိုင်နယ်မြေ အတော်များများကို ဆုံးရှုံးထားရတာလေ။ စံအိမ်ကိုပါ ဆုံးရှုံးရတော့မယ်လို့ တွေးမိတာကတော့ မဆန်းပါဘူး"

ဒီအတောအတွင်းမှာ မက်စ်နဲ့ ကျန်တဲ့ ဗန်ဒါဘစ် မိသားစုဝင်တွေကတော့ သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အတင်းအဖျင်း စကားတွေကို ဂရုမစိုက်အားကြပါဘူး။ အဲဒါထက် သူတို့ကို စကားပြောနေတဲ့ တော်ဝင်လူသားဆီကိုပဲ အာရုံစိုက်ထားကြတယ်။

"ခွင့်လွှတ်ပါ၊ ဒါပေမဲ့ မြို့စားမင်းကတော်က ဘယ်သူ့ကို ဖိတ်ကြားတာလဲခင်ဗျာ"

တော်ဝင်ဝတ်စုံနဲ့ လူက စာလိပ်ကို ထပ်ကြည့်ပြီး ကြေညာလိုက်တယ်။

"မြို့စားမင်းကတော်က မိုက်ကယ် ဗန်ဒါဘစ် တစ်ဦးနဲ့ သူ့ရဲ့ မိသားစုကို လာရောက်ဖို့ တောင်းဆိုထားတာပါ... ပြီးတော့ ဒီ မက်ထရိုပိုလစ်မှာရှိတဲ့ ဗန်ဒါဘစ် မျိုးနွယ်စုရဲ့ လက်ရှိခေါင်းဆောင်ဖြစ်တဲ့ မက်စ် ဗန်ဒါဘစ် သင်ကိုယ်တိုင်ကိုလည်း တောင်းဆိုထားပါတယ်"

ကျန်တဲ့ ဗန်ဒါဘစ် မိသားစုဝင်တွေဟာ အဲဒီစကားကို ကြားလိုက်ရတဲ့အခါမှာတော့ အသက်ရှူမှားကုန်ကြပြန်တယ်။ သူတို့ရဲ့ တူလေးက မြို့စားမင်းကတော်ရဲ့ အာရုံစိုက်မှုကိုတောင် ရထားတာလား။ သူတို့ရဲ့ ဗန်ဒါဘစ်ဆိုတဲ့ အဆင့်အတန်းက ဒီနေ့ကစပြီး တစ်နှစ်နီးပါးလောက် ကြာမယ့် ရက်ချိန်းကိုပဲ ရနိုင်တာလေ။ ဒါပေမဲ့ မိုက်ကယ်ကျတော့ မြို့စားမင်းကတော်ရဲ့ ကိုယ်ရံတော်တွေကိုယ်တိုင် လာပြီး ကြိုဆိုနေကြတယ်။

သူတို့ဟာ မိုက်ကယ်ရဲ့ အရှိန်အဝါကို ကြည့်ပြီး အံ့ဩဝမ်းသာခြင်းတွေနဲ့ ပါးစပ်အဟောင်းသား ဖြစ်နေမိကြတော့တယ်။

"ကျွန်တော်က မိုက်ကယ်ပါ" မိုက်ကယ်က တော်ဝင်လူသားကို ပြောလိုက်တယ်။

"ကျေးဇူးပြုပြီး တော်ဝင်ရထားလုံးထဲကို ကြွပါ၊ ကျွန်တော်တို့ ရဲတိုက်ဆီကို ထွက်ခွာကြရအောင်" တော်ဝင်လူသားက ပြောလိုက်တယ်။

မိုက်ကယ်၊ သူ့ရဲ့ မိဘတွေနဲ့ မက်စ်တို့အားလုံးဟာ မြို့စားမင်းကတော်ရဲ့ ကိုယ်ရံတော် အယောက်သုံးဆယ် ခြံရံထားတဲ့ တော်ဝင်ရထားလုံးပေါ်ကို တက်လိုက်ကြတယ်။

အခုဆိုရင် ဒီဖြစ်ရပ်ဟာ လမ်းဘေးက ဘေးလူ အမြောက်အမြားကို စုရုံးစေလောက်တဲ့အထိ အချိန်ကြာမြင့်သွားခဲ့ပြီဖြစ်ပြီး အဲဒီထဲက လူအတော်များများကတော့ စစ်သည်တော်တွေဟာ ဗန်ဒါဘစ်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့ ရောက်နေတာလို့ပဲ ထင်နေကြဆဲပါ။

"လမ်းဖယ်ကြ" စစ်သည်တော်တွေက လမ်းသွားလမ်းလာတွေကို အော်ပြောလိုက်တယ်။ "ဒီလူတွေက မြို့စားမင်းကတော်ရဲ့ ကိုယ်ပိုင် ဧည့်သည်တော်တွေ ဖြစ်ကြတယ်၊ ပြီးတော့ မြို့စားမင်းကတော်က သူတို့ကို အကြွင်းမဲ့ ဂရုတစိုက်နဲ့ ရိုရိုသေသေ ဆက်ဆံရမယ်လို့ မှာကြားထားတာ။ ငါတို့ရဲ့ လမ်းကို ပိတ်ဆို့တဲ့ ဘယ်သူမဆို ဥပဒေအရ အပြစ်ပေးခံရလိမ့်မယ်"

* * * * * * * *

All Chapters