အခန်း ၄၈၅
Vol. 41 Ch. 485
အခန်း(၄၈၅)
"ပေါက်ကရတွေ" ဟယ်ရီက အံ့ဩတကြီးနဲ့ ပြောလိုက်တယ်။ "ဦးရီးတော်အနေနဲ့ ဒီမော်တော်ကားရဲ့ တကယ့်တန်ဖိုးကို ရှင်းရှင်းလင်းလင်း မသိသေးတာပဲ"
ဦးရီးတော်ဂျက်က ရှေ့ကို လျှောက်လာပြီး အကြမ်းခံနိုင်ရည် ရှိမရှိ စမ်းသပ်တဲ့ပုံစံနဲ့ မော်တော်ကားကို ပုတ်ကြည့်လိုက်တယ်။ "ဟွန်း... ဒီကောင်က သိသာလွန်းအောင်ကို လက်တွေ့မကျဘူး။ သတ္တုနဲ့ လုပ်ထားတာဆိုတော့ သွားတာ သိပ်နှေးမှာပေါ့"
မင်းသမီး အဲလိဇဘက်က နှာခေါင်းရှုံ့လိုက်တယ်။ "ဦးရီးတော် ဘာတွေ လျှောက်ပြောနေမှန်းတောင် ကိုယ်တိုင် သိရဲ့လား"
"သိစရာ မလိုပါဘူး" ဦးရီးတော်ဂျက်က ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်တယ်။ "ဒီမော်တော်ကား လုပ်နိုင်တယ်လို့ သူတို့ ပြောသမျှတွေဟာ ဘာမှမဟုတ်တဲ့ အလိမ်အညာ အကြီးကြီးတစ်ခုဆိုတာ ငါ အရင်ကတည်းက သိပြီးသားပဲ"
"အဲဒါကို ဘာလို့ အဲဒီလို ပြောနိုင်ရတာလဲ" ဘတ်က သူ့ရဲ့ ဒေါသကို ဆက်ပြီး မချုပ်တည်းနိုင်တော့ဘဲ ကာကွယ်ပြောဆိုတဲ့ အနေနဲ့ မေးလိုက်တယ်။
"ဘာလို့လဲဆိုတော့ မင်းတို့က ဗန်ဒါဘစ်တွေ ဖြစ်နေလို့ပေါ့၊ ဒါကြောင့်ပဲ။ မင်းတို့ မိသားစု ပျက်စီးလုနီးပါး ဖြစ်နေတာကို လူတိုင်း သိကြတယ်။ မင်းတို့ရဲ့ စီးပွားရေးတွေ အကုန် ရှုံးနိမ့်ကုန်ပြီလေ။
အဲလိဇဘက်၊ ဟယ်ရီ၊ သူတို့ရဲ့ စံအိမ်ကြီးကိုတောင် ဆက်ထိန်းထားနိုင်ဖို့ ရုန်းကန်နေရတဲ့ အချိန်မှာ ဒီလိုမျိုးအရာကို ဘယ်လိုများ တည်ဆောက်နိုင်ခဲ့လဲဆိုတာ မင်းတို့ မတွေးမိကြဘူးလား။ မြင်းရထားတွေနဲ့ မြင်းတွေကို အစားထိုးနိုင်မယ့် ဒီလို အံ့ဖွယ်မော်တော်ကားကို ဖန်တီးဖို့ လိုအပ်တဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ ငွေကြေး ထောက်ပံ့နိုင်စရာ အကြောင်း လုံးဝ မရှိဘူး။ ဒါက လုံးဝ ယုတ္တိမရှိတာ။
ဒါကြောင့် တစ်ခုတည်းသော ရှင်းလင်းချက်က ဒါဟာ လိမ်လည်လှည့်ဖြားမှုပဲ။ အကန့်အသတ်မရှိ ငွေကြေးအင်အား ရှိတဲ့ ငါတို့ တော်ဝင်မိသားစုကို သီးသန့် ရည်ရွယ်ပြီး ပစ်မှတ်ထားတဲ့ လိမ်လည်မှုပေါ့။ ဒါကိုတော့ သူတို့ကို အသိအမှတ်ပြုရမယ်။ မင်းတို့ကတော့ သူတို့ရဲ့ အလိမ်အညာတွေကို ယုံလောက်အောင်အထိ အူအလွန်းကြတယ်"
"အခုလောလောဆယ်တော့ မော်တော်ကားက အဆင်ပြေပြေ အလုပ်လုပ်နေတာပဲ။ ဒါပေမဲ့ အဲဒါက သူတို့ အတွင်းထဲမှာ ထည့်သွင်းထားတဲ့ မှော်စွမ်းအား တချို့ကြောင့် ဖြစ်နိုင်တယ်"
"ဒါပေမဲ့ ပြည်သူတွေကို ရောင်းမယ့်အချိန် ရောက်လာရင်တော့ ဒါက အလကား အမှိုက်ပုံကြီး၊ သံတိုသံစ တစ်ခုပဲ ဖြစ်လာမှာ။ ဒီဗန်ဒါဘစ်တွေအတွက်တော့ သူတို့ရဲ့ မြေယာတွေကို ပြန်သိမ်းဖို့ ငွေရသွားပြီးရင် ဘာမှ အရေးမကြီးတော့ဘူးလေ။
ဒါက ကြီးမြတ်တဲ့ အိုင်းဇ် ဗန်ဒါဘစ် ချန်ထားခဲ့တဲ့ အမွေအနှစ်လား။ အဲဒီလိုသာဆိုရင်တော့ သူ သေဆုံးသွားတာနဲ့ ကမ္ဘာ့အချမ်းသာဆုံး မိသားစုအဖြစ် သူတို့ စိုးမိုးခဲ့တဲ့ ခေတ်က မကြာခင် ကုန်ဆုံးတော့မှာပေါ့"
ဒီအချိန်မှာ မိုက်ကယ်က အတွင်းစိတ်ထဲကနေ ပေါက်ကွဲလုမတတ် ဖြစ်နေတယ်။ သူက ဗန်ဒါဘစ်ရဲ့ နာမည်ကိုတင် မဟုတ်ဘဲ သူ့ရဲ့ မော်တော်ကား လက်ရာကိုပါ နှိမ့်ချ စော်ကားလိုက်တာ။
"ဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေကို တော်လိုက်တော့" မင်းသား ဟယ်ရီက ဟိန်းဟောက်လိုက်တယ်။ "ခင်ဗျားရဲ့ အလိမ်အညာတွေနဲ့ ငါတို့ရဲ့ ဧည့်သည်တွေကို စော်ကားခွင့် မပြုနိုင်ဘူး"
"ဘာအလိမ်အညာလဲ" ဦးရီးတော်ဂျက်က ရယ်မောလိုက်တယ်။ "ငါက အမှန်တရားကိုပဲ ပြောတာ။ အကယ်၍ တစ်ယောက်ယောက်ကို မလိမ်စေချင်ဘူးဆိုရင်တော့ ဒီဗန်ဒါဘစ်တွေကို သွားပြောလိုက်ပါဦး"
မိုက်ကယ်က သူ့လည်ပင်းကို အသံမြည်အောင် ဆစ်ခနဲ လှည့်လိုက်တယ်။ "ဒါဆို ခင်ဗျားပြောချင်တာက မော်တော်ကားက အလုပ်မလုပ်ဘူးပေါ့"
ဂျက်က လက်ပိုက်လိုက်တယ်။ "အလုပ်တော့ လုပ်ပါတယ်။ ဒါပေမဲ့ မှော်စွမ်းအားနဲ့လေ။ မဟုတ်ရင် ဒီလောက် လေးလံတဲ့အရာကြီးက ဘယ်လိုလုပ် ရွေ့လျားနိုင်မှာလဲ"
"ပြီးတော့ ခင်ဗျားက ဗန်ဒါဘစ်တွေက... ပျက်စီးလုနီးပါး ဖြစ်နေတယ်လို့ ပြောတယ်၊ ခင်ဗျား သုံးလိုက်တဲ့ စကားလုံးက အဲဒါပဲ မဟုတ်လား" မိုက်ကယ်က ပုံမှန်လေသံထက် ပိုပြီး အသံနိမ့်နိမ့်နဲ့ မေးလိုက်တယ်။
ဦးရီးတော်ဂျက်က ဝင့်ဝင့်ကြွားကြွား ရပ်လိုက်တယ်။ "ငါ ပြောတာ အဲဒါပဲ"
"အဲဒါကို သက်သေပြချင်လား"
မိုက်ကယ်ရဲ့ ခြိမ်းခြောက်မှုက ဦးရီးတော်ဂျက်လို ဘာမှမသိတဲ့ လူမိုက်တစ်ယောက်အပေါ်မှာ အရာမထင်ပါဘူး။ "ဟားဟား... ကောင်လေး၊ မင်းက ငါ့ကို စိန်ခေါ်တိုက်ခိုက်ပွဲ ခေါ်နေတာလား။ မင်း အဲဒါ ဘာလဲဆိုတာကိုကော သိရဲ့လား"
"မှန်တယ်။ စိန်ခေါ်တိုက်ခိုက်ပွဲပဲ။ ငါ့ရဲ့ နာမည်နဲ့ ငါ့မိသားစုရဲ့ နာမည် ဂုဏ်သိက္ခာအတွက်။ မင်းကို စိန်ခေါ်တိုက်ခိုက်ပွဲ ခေါ်တယ်"
ချက်ချင်းဆိုသလိုပဲ မင်းသား ဟယ်ရီနဲ့ မင်းသမီး အဲလိဇဘက်တို့က မိုက်ကယ်ကို သူ့ရဲ့ ဆုံးဖြတ်ချက်ကနေ တားဆီးဖို့ ကြိုးစားကြတယ်။
"မိုက်ကယ်၊ ခဏစောင့်ဦး။ ဒါက သိပ်ကောင်းတဲ့ အကြံဉာဏ် မဟုတ်ဘူး"
"မင်း ဒါကို လုပ်စရာ မလိုပါဘူး။ သူ့စကားတွေထဲ စိတ်မပါသွားနဲ့။ သူက မင်းကို ရန်စဖို့ပဲ ကြိုးစားနေတာ"
သူ ငါ့ကို တကယ် ရန်စခဲ့တာပဲ။ ပြီးတော့ သူ အဖိုးအခ ပြန်ပေးရလိမ့်မယ်။
"ဘယ်လိုလဲ။ ခင်ဗျား လက်ခံလား"
မိုက်ကယ်က သူ့ဆုံးဖြတ်ချက်မှာ တုန်လှုပ်မှု မရှိတာကို မြင်တော့ ဟယ်ရီနဲ့ အဲလိဇဘက်က မိုက်ကယ်ရဲ့ မိဘတွေကို လှမ်းကြည့်လိုက်ကြတယ်၊ သူတို့ရဲ့ ဦးရီးတော်ဂျက်နဲ့ စိန်ခေါ်တိုက်ခိုက်ပွဲ မလုပ်ဖြစ်အောင် တားဆီးပေးဖို့ပေါ့။
သို့သော်လည်း ဘတ်နဲ့ လိုင်လီယာက မိုက်ကယ်ရဲ့ နောက်ကွယ်မှာ ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ရှိနေကြတယ်၊ သူ့ကို ခွင့်ပြုချက် ပေးထားတဲ့ ပုံစံမျိုးပဲ။
တစ်ဖက်မှာလည်း မက်စ်က မိုက်ကယ်ကို တားဖို့ ကြိုးစားရမလား၊ ဒါမှမဟုတ် စိန်ခေါ်တိုက်ခိုက်ပွဲကိုပဲ လွှတ်ထားလိုက်ရမလား မသိ ဖြစ်နေတယ်။ ဗန်ဒါဘစ် တစ်ယောက်အနေနဲ့ ဂျက်ရဲ့ မျက်နှာ မြေကြီးနဲ့ ကပ်သွားတာကို သူ အပြင်းအထန် မြင်ချင်နေတာ။ သို့ပေမဲ့ မိုက်ကယ်ရဲ့ ဦးရီးတော်အနေနဲ့တော့ သူ့ရဲ့ အဖိုးတန်တူလေး ဒဏ်ရာရသွားမှာကို မလိုလားဘူး၊ အထူးသဖြင့် မိုက်ကယ်က သူတို့မိသားစုအတွက် သိပ်ကို ပါရမီပါပြီး တန်ဖိုးရှိတဲ့သူ ဖြစ်နေလို့ပဲ။
"အစ်ကို၊ ငါတို့ မိုက်ကယ်ကို တားသင့်လား"
မက်စ်က သူ့အစ်ကို ဆီ လှမ်းကြည့်လိုက်တဲ့အခါ သူ့အစ်ကို ဒေါသထွက်လွန်းလို့ နားရွက်ကနေ မီးခိုးတောင် ထွက်လုမတတ် ဖြစ်နေတာကို မြင်လိုက်ရတယ်။
"သား... အဖေက ပုံမှန်ဆိုရင် အများကြီး မတောင်းဆိုပါဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အဲဒီလူယုတ်မာကို သင်ခန်းစာတစ်ခု ပေးစေချင်တယ်" ဘတ်က မိုက်ကယ်ကို ပြောလိုက်တယ်။
လိုင်လီယာကတော့ စကားအနည်းငယ်ပဲ ပြောတယ်။
"မိုက်ကယ် သားလေး... သူ့ ဖင်ကို ကွဲအောင် ရိုက်လိုက်စမ်း" သူမက ပြုံးပြုံးလေး ပြောလိုက်ပေမဲ့ သူမရဲ့ မျက်လုံးတွေကတော့ မိစ္ဆာတစ်ကောင်လို မှေးစင်းသွားတယ်။
"မင်းသားတစ်ယောက်အနေနဲ့ ငါ့ရဲ့ အာဏာကို သုံးပြီး ဒီအဓိပ္ပာယ်မရှိတဲ့ စိန်ခေါ်တိုက်ခိုက်ပွဲကို ငါ တားမြစ်မယ်။ ဒါက မသင့်တော်ဘူး" ဟယ်ရီက ကြေညာလိုက်တယ်။
"မင်း ပြောတာ တစ်ခုတော့ မှန်တယ် တူတော်မောင်။ ဒါက မသင့်တော်ဘူး" ဦးရီးတော်ဂျက်က ပြောလိုက်တယ်။ "ငါက လူကြီးတစ်ယောက်၊ ငါ့ကို စိန်ခေါ်ချင်တဲ့သူက ကလေးတစ်ယောက်။ ငါတို့ကြားက တန်ခိုးကွာခြားချက်က သိပ်ကြီးလွန်းတယ်။
ဒါပေမဲ့... အဲဒီအတွက် အဖြေတစ်ခု ရှိပါတယ်။ အကယ်၍ မင်းက ငါ့ရဲ့ ကိုယ်ရံတော်ကို တိုက်ပွဲမှာ အနိုင်တိုက်နိုင်ရင် ငါ မင်းရဲ့ စိန်ခေါ်မှုကို လက်ခံမယ်"
ဦးရီးတော်ဂျက်က သူ့လက်ချောင်းကို ဖျောက်ခနဲ တီးလိုက်တာနဲ့ ချက်ချင်းဆိုသလို ခေါင်းစွပ်အင်္ကျီ ဝတ်ဆင်ထားတဲ့ သံချပ်ကာလူတစ်ယောက်က သူ့ဘေးနားမှာ ဒူးထောက်လျက်သား ပေါ်လာတယ်။
"အမိန့်ပေးပါ သခင်" ကိုယ်ရံတော်က အေးစက်ပြီး တွက်ချက်ထားတဲ့ လေသံနဲ့ တိုးတိုးလေး ပြောလိုက်တယ်။
"ကဲ ဘယ်လိုလဲ ကောင်လေး။ မင်း သူ့ကို စိန်ခေါ်တိုက်ခိုက်ပွဲမှာ နိုင်နိုင်မလား"
ဟယ်ရီနဲ့ အဲလိဇဘက်တို့ ခေါင်းစွပ်ဝတ် ကိုယ်ရံတော် ပေါ်လာတာကို မြင်တဲ့အခါ အသက်ရှူမှားသွားကြတယ်။ သူတို့လို တော်ဝင်အသိုင်းအဝိုင်းကို ကာကွယ်ဖို့ လေ့ကျင့်ပေးထားတဲ့ အထူးအဆင့် လူမိုက်တွေထဲက တစ်ယောက်အဖြစ် သူတို့ မှတ်မိလိုက်ကြလို့ပဲ။
"ဒါ ပိုင်သွန်ပဲ" ဟယ်ရီက သတိပြုမိသွားတယ်။ "သူက ဦးရီးတော်ဂျက်ရဲ့ ကိုယ်ရံတော်တွေထဲက တစ်ယောက်။ သူတို့က ဦးရီးတော်အပေါ်မှာ သိပ်ကို သစ္စာရှိကြတာ၊ သူ့အတွက်ဆို အသက်တောင် စွန့်ဝံ့တဲ့အထိပဲ"
"မိုက်ကယ်၊ စိန်ခေါ်မှုကို ငြင်းပယ်လိုက်။ သူက ကြယ်ခြောက်ပွင့် လုပ်ကြံသတ်ဖြတ်သူ" အဲလိဇဘက်က သတိပေးလိုက်တယ်။
ဒါပေမဲ့ သူတို့ရဲ့ သတိပေးချက်အားလုံးကို မကြားချင်ယောင်ဆောင်ပြီး မိုက်ကယ်က စိန်ခေါ်မှုကို လက်ခံလိုက်တယ်။
"စိန်ခေါ်လိုက်ပြီ"
"ဟားဟားဟား။ မင်း သတ္တိရှိသားပဲ ကောင်လေး။ ဒါကိုတော့ ငါ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ သတ္တိရှိရုံနဲ့တော့ ဒီစိန်ခေါ်တိုက်ခိုက်ပွဲကနေ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ပိုင်သွန်၊ မင်း ဘာလုပ်ရမလဲ သိတယ်မဟုတ်လား"
ဦးရီးတော်ဂျက်ရဲ့ ညွှန်ကြားချက်အရ ပိုင်သွန်က လေထဲကို ခုန်တက်လိုက်ပြီး မိုက်ကယ်ရဲ့ ရှေ့တည့်တည့်မှာ ဆင်းသက်လိုက်တယ်။ ထိုလူက ရင်ဘတ်ကာ သံချပ်ကာတစ်ခုကိုပဲ ဝတ်ဆင်ထားပြီး ကျန်တဲ့အပိုင်းတွေကိုတော့ ညဘက်မှာ မြင်ရခက်အောင် အနက်ရောင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်။
မိုက်ကယ်က မတ်မတ်ရပ်ပြီး သူ့ရဲ့ ပြိုင်ဘက်ကို မော့ကြည့်လိုက်တယ်။
တိုက်ခိုက်သူ နှစ်ယောက်လုံး တိတ်ဆိတ်နေကြတယ်။
"လာလေ ကောင်လေး။ ပထမဆုံး အကွက်ကို စလိုက်ဦး။ ဒါက မင်း ရမယ့် တစ်ခုတည်းသော အားသာချက်ပဲ" ဦးရီးတော်ဂျက်က လှောင်ပြောင်လိုက်တယ်။
ဒါပေမဲ့ ဒေါသတကြီး တုံ့ပြန်မယ့်အစား မိုက်ကယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်။ "အကယ်၍ ငါ အရင် လှုပ်ရှားလိုက်ရင် ဒါက သိပ်မြန်မြန်ဆန်ဆန် ပြီးသွားလိမ့်မယ်"
သူ့ရဲ့ ရဲတင်းလွန်းတဲ့ ယုံကြည်ချက်ကြောင့် ဦးရီးတော်ဂျက်ရဲ့ ရယ်သံ ရပ်တန့်သွားတယ်။ သူက အခုထိ ဒီလို ရဲရဲတင်းတင်း ပြောဆိုနေတုန်း ဆိုတဲ့အချက်က ဂျက်ကို အဆုံးစွန်အထိ စိတ်အနှောင့်အယှက် ဖြစ်စေတယ်။
"ကောင်းပြီ။ မင်း သေချင်ရင်လည်း သေစမ်း။ ပိုင်သွန်…"
ဦးရီးတော်ဂျက်က လက်နဲ့ 'ရွှီး'ခနဲ မြည်အောင် လေချွန်လိုက်တယ်။ ပိုင်သွန်က ဒီစူးရှတဲ့ အသံကို ကြားလိုက်ရတာနဲ့ ချက်ချင်းပဲ သူ့ခေါင်းထဲက ခလုတ်တစ်ခုခု ပွင့်သွားသလို ဖြစ်သွားတယ်။
သူက မိုက်ကယ်ကို သူ့ရဲ့ မဟာရန်သူတော်ကြီး၊ သူ အပြတ်အသတ် သတ်ရမယ့်သူတစ်ယောက်လို စိုက်ကြည့်လိုက်တယ်။
ပိုင်သွန်ရဲ့ ခြေထောက်တွေမှာ မှော်စက်ဝိုင်းတွေ ပေါ်လာပြီး သူ့ရဲ့ ခြေသလုံးတွေက ခရမ်းရောင်အလင်းတန်းနဲ့ တောက်ပလာတယ်။
သူက ကိုက်ဖို့ အသင့်ပြင်နေတဲ့ ခွေလျက်သား မြွေတစ်ကောင်နဲ့ တူနေတယ်။
သူ့လက်တွေကို လှည့်လိုက်တာနဲ့ ချက်ချင်းပဲ နံချပ်ကူ တစ်စုံက ဘယ်ကနေမှန်းမသိ ထွက်ပေါ်လာတယ်။
စက္ကန့်ပိုင်းအကြာမှာ သူက မိုက်ကယ်ဆီကို ရူးသွပ်လောက်တဲ့ အရှိန်နှုန်းနဲ့ ပြေးဝင်သွားတယ်။ သူ့ရဲ့ နံချပ်ကူက မိုက်ကယ်ရဲ့ ခေါင်းပေါ်ကို ရိုက်မချခင် တစ်စက္ကန့်ကို အကြိမ်တစ်ထောင်လောက် ဝှေ့ယမ်းနေခဲ့တယ်။
ဒါပေမဲ့ ရှောင်ကွင်းမယ့်အစား မိုက်ကယ်က နေရာမှာပဲ ငြိမ်ငြိမ်လေးရပ်ပြီး နံချပ်ကူက သူ့ဆီ သိပ်ကို နီးကပ်တဲ့အထိ အဝတ်ခံလိုက်တယ်။
"မိုက်ကယ်၊ မင်း ဘာလုပ်နေတာလဲ" ဟယ်ရီက အော်ဟစ်လိုက်တယ်။
နံချပ်ကူက ထိမှန်သွားပြီး မြက်ခင်းပြင်တစ်ခုလုံးကို ရိုက်ခတ်သွားတဲ့ ပြင်းထန်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။
ဒါပေမဲ့ ထူးဆန်းတာက ထိမှန်မှုရဲ့ ရလဒ်က သူတို့ မျှော်လင့်ထားသလို ဖြစ်မလာဘူး။ မိုက်ကယ်ဆီကနေ သွေးထွက်သံယို ဖြစ်တာမျိုး ဒါမှမဟုတ် နာကျင်လို့ အော်ဟစ်သံမျိုး လုံးဝ မရှိခဲ့ဘူး။
ဦးရီးတော်ဂျက်က မိုက်ကယ် တစ်စုံတစ်ရာ ဒဏ်ရာရခြင်းမရှိတာကို မြင်တော့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။
အဲဒီအစား ပိုင်သွန်ရဲ့ နံချပ်ကူက အပိုင်းပိုင်းအစစ ဖြစ်ပြီး လွင့်စင်သွားခဲ့ကာ အပိုင်းအစတွေက ကောင်းကင်ကနေ မိုးရွာသလို ကျဆင်းလာခဲ့တယ်။
"ငါ ဘာလုပ်နေတာလဲ ဟုတ်လား။ ငါ သူ့ကို ပထမဆုံး အကွက် ပေးရိုက်လိုက်တာပေါ့" မိုက်ကယ်က ပြန်ဖြေလိုက်တယ်။
* * * * * * * *
စာစဉ်(၄၁)