အခန်း ၄၉၄
Vol. 42 Ch. 494
အခန်း(၄၉၄)
ဗိုင်ပါရီယွန်ဟာ မက်ထရိုပိုလစ်မြို့ကြီး ရေလွှမ်းသွားပြီးတဲ့နောက် ကျန်ရှိနေတဲ့ နေ့ရက်တွေကို မြို့ပေါ်မှာ စီးဆင်းနေတဲ့ အညိုပုပ်ရောင် အရည်တွေကိုပဲ သောက်သုံးပြီး မျှော်လင့်ချက်မဲ့စွာ ဖြတ်သန်းနေခဲ့ရတယ်။
ဒါက ဘယ်လိုကြောင့်၊ ဘယ်ပုံစံမျိုးနဲ့ အလုပ်ဖြစ်နေမှန်း သူ မသိသလို ထပ်ပြီးတော့လည်း အဖြေရှာမနေတော့ပါဘူး။ အသက်ရှင်နေရရုံနဲ့တင် သူ ကျေနပ်လှပါပြီ။
ရက်တွေကနေ သီတင်းပတ်တွေ၊ သီတင်းပတ်တွေကနေ လတွေ၊ လတွေကနေ နှစ်တွေအဖြစ် တရွေ့ရွေ့ ပြောင်းလဲလာခဲ့တယ်။
စုစုပေါင်းဆိုရင် သူ ဒီစိတ်ကျန်းမာရေးဆေးရုံလို နေရာမျိုးမှာ ဆယ်နှစ်ကျော်လောက် အချိန်ဖြုန်းခဲ့ရတာ ဖြစ်ပြီး ရေမြုပ်နေတဲ့ မက်ထရိုပိုလစ်မြို့ကြီးရဲ့ အပေါ်ဘက်မှာ လူ့အဖွဲ့အစည်းအသစ်တစ်ခုကို တည်ဆောက်ရင်း သူ့ဘာသာပဲ အဖော်ပြုနေခဲ့တာပါ။
သူဟာ ကျိုးပဲ့နေတဲ့ အမိုးအကာ အုတ်ကြွပ်ပြားတွေကို သုံးပြီး အိမ်အသစ်တစ်လုံး ဆောက်ခဲ့သလို အခုအချိန်မှာ အာဂွါလို့ သူကိုယ်တိုင် အမည်ပေးထားတဲ့ အနက်ရောင်အရည်တွေ ပန်းထွက်နေတဲ့ ရေပန်းတစ်ခုကိုလည်း ဖန်တီးထားခဲ့သေးတယ်။
ဒီအရည်ကို သူ နေ့တိုင်း သောက်တယ်။ နှစ်တွေအကြာကြီး ဒီအရာတစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ သောက်သုံးနေရလို့ ငြီးငွေ့သွားမယ့်အစား ဗိုင်ပါရီယွန်ဟာ အာဂွါရဲ့ ဆွဲဆောင်မှုထဲမှာ ပိုပိုပြီး နစ်မျောလာရုံပဲ ရှိခဲ့တယ်။
သူ ဒါမရှိရင် မနေနိုင်တော့ဘူး။ ဒါဟာ နှစ်တွေတစ်လျှောက် သူ့ကို အသက်ဆက်ပေးထားပြီး အဖော်ပြုပေးခဲ့တဲ့ အရာပဲလေ။
ဒါပေမဲ့ ဒီနေ့မှာတော့ ဗိုင်ပါရီယွန်ရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေကို ရိုက်ချိုးဖျက်ဆီးပစ်မယ့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
သူ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ မိုးကုတ်စက်ဝိုင်းဆီမှာ ဧရာမ ဒုလုံးကြီးပုံသဏ္ဌာန် တစ်ခုကို လှမ်းမြင်လိုက်ရတယ်။ အဲဒါက ခရမ်းရောင်သန်းနေပြီး တောင်တစ်လုံးထက်တောင် ပိုပြီး ကြီးမားနေခဲ့တာပါ။
စူးစမ်းချင်စိတ် ပြင်းပြလာတာမို့ ဗိုင်ပါရီယွန်ဟာ သူကိုယ်တိုင် လုပ်ထားတဲ့ လှေကလေးကို ထုတ်ပြီး အဲဒီ ဧရာမအဆောက်အအုံကြီးဆီကို အနီးကပ် လှော်ခတ်သွားပါတော့တယ်။
နီးနီးကပ်ကပ် ရောက်သွားတဲ့အခါကျမှပဲ အဲဒါက အဆောက်အအုံတစ်ခု လုံးဝမဟုတ်မှန်း သူ ရိပ်မိလိုက်တယ်။ အဲဒါက နတ်ဘုရားတစ်ပါးလိုမျိုး သူ့ကို အရေးမစိုက်တဲ့ မျက်လုံးတွေနဲ့ ငုံ့ကြည့်နေတဲ့ ဧရာမ စလိုင်းမ်ကြီး တစ်ကောင် ဖြစ်နေလို့ပါပဲ။
"မင်း... မင်းက ဘယ်သူလဲ"
ဗိုင်ပါရီယွန်က ကြောက်ကြောက်လန့်လန့်နဲ့ မေးလိုက်တယ်။
"ငါက မဟာ စလိုင်းမ်နတ်ဘုရားပဲ"
ဖတ်ချ်က သူ့ရဲ့ ဖန်တီးထားတဲ့ ထင်ယောင်ထင်မှား နံရံတွေဆီကနေ ပဲ့တင်ထပ်နေတဲ့ အသံသြသြကြီးနဲ့ ပြောလိုက်တယ်။
"ပြီးတော့ မင်းကို ဒီကမ္ဘာထဲမှာ ပိတ်လှောင်ထားခဲ့တဲ့သူကလည်း ငါပဲပေါ့"
ဗိုင်ပါရီယွန် တစ်ယောက် ဆွံ့အမှင်တက်သွားရတယ်။ ဒီနှစ်တွေအားလုံးတစ်လျှောက်လုံး သူ ဘယ်လိုကြောင့် ဒီကမ္ဘာထဲ ပိတ်မိနေရတာလဲဆိုတာကို သူ အမြဲတမ်း တွေးတောနေခဲ့တာပါ။ ဒါက နတ်ဘုရားတစ်ပါးရဲ့ လက်ချက်ဖြစ်နေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။
"ဘာဖြစ်လို့လဲ"
ဗိုင်ပါရီယွန်ရဲ့ ခေါင်းထဲမှာ ပတ်ချာလည်နေတဲ့ တစ်ခုတည်းသော မေးခွန်းက ဒါပါပဲ။
ပထမဆုံး နှစ်အနည်းငယ်တုန်းကတော့ သူ ဒေါသထွက်ခဲ့တာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒါက ပုံမှန်ပဲဆိုပြီး သူ့ရဲ့ ဘဝအသစ်ကို ဖြည်းဖြည်းချင်း လက်ခံလာခဲ့တယ်။ ဆယ်နှစ်ကျော်သွားတဲ့ အခါမှာတော့ သူက ဒီလက်တွေ့ဘဝထဲမှာ လုံးဝ အသားကျသွားပြီး ကိုယ့်ဘဝနဲ့ကိုယ် အိမ်တစ်လုံးတောင် ဖန်တီးနိုင်ခဲ့ပြီလေ။
"ဘာလို့လဲဆိုတော့ မင်းက ဒီထက်မက ပိုပြီး မြင့်မြတ်တဲ့အရာတွေအတွက် ကံပါလာလို့ပဲ။ မင်း အခုလို လူမျိုးတစ်ယောက် ဖြစ်လာဖို့အတွက် သင်ယူပြီး ပြောင်းလဲခဲ့ရတာ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်း၊ အခုလက်ရှိ မင်းရဲ့ဘဝက ပိုကောင်းလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ ဆယ်နှစ်က မင်းရဲ့ဘဝက ပိုကောင်းလား"
ဗိုင်ပါရီယွန်ဟာ စလိုင်းမ်နတ်ဘုရားရဲ့ မေးခွန်းကို ရင်ထဲအထိ နှလုံးသွင်းရင်း တိတ်ဆိတ်နေမိတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သူက လမ်းဘေးကနေ ကောက်ရလာတဲ့ မိဘမဲ့ကလေးတစ်ယောက်မျှသာ ဖြစ်ပြီး ရွှေဒင်္ဂါးသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲဖို့ သင်ကြားခြင်း ခံခဲ့ရတာပါ။ အဲဒီလိုနေရာမျိုး ရောက်ဖို့ လူတွေကို လိမ်လည်လှည့်ဖြားခဲ့ရရင်တောင် သူကတော့ အဲဒီအချိန်တိုင်းကို သဘောကျခဲ့တာချည်းပဲ။ သူ ဂရုမစိုက်ပါဘူး၊ သူ အိပ်မက်တောင် မမက်ရဲတဲ့ ပစ္စည်းတွေကို နောက်ဆုံးမှာ ဝယ်နိုင်ခဲ့ပြီလေ။
ဒါပေမဲ့ ဆယ်နှစ်ကြာပြီးနောက်မှာတော့၊ ဒီနေရာမှာ ပိတ်မိနေပြီးတဲ့နောက် အဲဒီ စည်းစိမ်ဥစ္စာ အသုံးအဆောင်တွေအားလုံး ရေထဲမျောပါ ကုန်ဆုံးသွားခဲ့ပြီ။ ကျန်ရစ်ခဲ့တာဆိုလို့ အာဂွါ တစ်ခုတည်းပဲ ရှိတော့တယ်။
သူ ဘယ်လိုအသက်ရှင်ရမလဲ၊ ကိုယ့်အိမ်ကိုယ် ဘယ်လိုဆောက်ရမလဲဆိုတာ သင်ယူခဲ့ရတယ်။
ပြီးတော့ ဒီအချိန်တွေ အားလုံး ကုန်လွန်သွားတဲ့အခါကျမှပဲ သူဟာ ဦးရီးတော်ဂျက်ရဲ့ မရိုးသားတဲ့ လုပ်ရပ်တွေအတွက် အသုံးချခံနေရတာပါလားဆိုတာကို ရိပ်မိလာခဲ့တာပါ။
အကယ်၍ သူသာ ဒီလိုမျိုး တစ်ယောက်တည်း သီးသန့် ခွဲထွက်မနေခဲ့ရဘူးဆိုရင် ဒါကို ဘယ်တော့မှ ရိပ်မိမှာ မဟုတ်ပါဘူး။
"မင်းပြောတာ မှန်ပါတယ်၊ အို... မဟာ စလိုင်းမ်နတ်ဘုရားကြီး။ အခု ကျွန်တော်က ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်နေပါပြီ"
သူက ဝန်ခံလိုက်တယ်။
"ကောင်းပြီ။ အခုကတော့ မင်း ဒီသင်ခန်းစာကို သင်ယူပြီးသွားပြီဖြစ်လို့ မင်းရဲ့ ဘဝဟောင်းထဲကို ပြန်သွားရမယ့် အချိန်ပဲ။ ဒါက ဟို အန်နီမေးတွေထဲကလိုမျိုးပေါ့... အဟမ်း... နောက်ဆုံး အပိုင်းကိုတော့ ထားလိုက်ပါတော့"
ဖတ်ချ်ဟာ စကားအမှားကြီးမှားပြီး သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရားမျက်နှာဖုံးကြီး ပြုတ်ကျလုနီးနီး ဖြစ်သွားခဲ့ရတယ်။
"ဒါပေမဲ့ ကျွန်တော် ပြန်မသွားချင်ဘူး"
ဗိုင်ပါရီယွန်က အသနားခံလိုက်တယ်။
"ကျွန်တော့်မှာ ဒီအောက်မှာ လိုချင်တာ အကုန်ရှိတယ်။ ကျွန်တော့်မှာ အာဂွါ ရှိတယ်"
ဖတ်ချ်က သူတစ်ပါး မရိပ်မိနိုင်တဲ့ အပြုံးတစ်ခုကို ပြုံးလိုက်တယ်။
"မင်း အဲလောက်တောင် အသည်းစွဲဖြစ်နေတဲ့ အာဂွါဆိုတာကို အပြင်မှာ ဆိုဒါလို့ ခေါ်တာ။ ပြီးတော့ ဒီဗားရှင်းက အစစ်အမှန်ထက် အများကြီး အဆင့်နိမ့်တယ်။ အကယ်၍ မင်းသာ အဲဒီအရသာအစစ်အမှန်ကို မြည်းစမ်းချင်တယ်ဆိုရင်တော့ မင်း ကမ္ဘာဦးအစစ်အမှန်ဆီကို ပြန်သွားရလိမ့်မယ်"
ဗိုင်ပါရီယွန် တွေဝေသွားတယ်၊ ဒီနေရာမှာ ဖြတ်သန်းခဲ့တဲ့ ဆယ်နှစ်တာ အမှတ်တရတွေကို သူ လက်မလွှတ်ချင်ဘူးလေ။ ဒါပေမဲ့ အာဂွါအစစ်ကို ရနိုင်မယ့် အခွင့်အရေးက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ခိုင်မာလာစေခဲ့တယ်။
"ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ၊ အို... မဟာ စလိုင်းမ်နတ်ဘုရားကြီး။ အဲဒီ အာဂွါ... မဟုတ်ဘူး၊ ဆိုဒါကို ရဖို့အတွက် ဘာပဲလုပ်ရလုပ်ရ ကျွန်တော် အားလုံး လုပ်ဆောင်ဖို့ အသင့်ပါပဲ"
ဗိုင်ပါရီယွန်ရဲ့ မျက်နှာပေါ်မှာ ပြင်းပြတဲ့ စိတ်အားထက်သန်မှုနဲ့ ယိမ်းယိုင်မှုမရှိတဲ့ သစ္စာစောင့်သိမှုတွေ ဖြတ်ပြေးသွားခဲ့တယ်။
"ကောင်းပြီ။ ဒါဆို မင်းရဲ့ သခင်ဟောင်း ဂျက်ကို မှတ်မိသေးလား။ ငါ့အတွက် သူ့ရဲ့ လျှို့ဝှက်ဘဏ္ဍာတိုက် ဘယ်မှာရှိလဲဆိုတာ မင်း ပြောပြဖို့ လိုတယ်။ အဲဒါမှ သူ့ကို ဥပဒေရှေ့မှောက် ခေါ်လာနိုင်မှာ"
ဗိုင်ပါရီယွန်က ခေါင်းညိတ်လိုက်တယ်။
"ကျွန်တော် လမ်းကြောင်းမှန်ဆီကို ခေါ်သွားပေးပါ့မယ်၊ မဟာ စလိုင်းမ်နတ်ဘုရားကြီး"
* * * * * * * *
တစ်ချိန်တည်းမှာပဲ၊ လျှို့ဝှက်နယ်မြေ စိန်ခေါ်တိုက်ခိုက်ပွဲဆီ ပြန်သွားရရင် မိုက်ကယ်ဟာ ဦးရီးတော်ဂျက်ကို စိုက်ကြည့်နေပြီး ဒီအခိုက်အတန့်ကို အရသာခံနေမိတာပေါ့။
"မင်း လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် မင်း ပြန်ပေးဆပ်ရတော့မယ်"
မိုက်ကယ်က ကြုံးဝါးလိုက်တယ်။
ဦးရီးတော်ဂျက်က ဒီအခွင့်အရေးကို အမိအရဖမ်းဆွဲပြီး သူ့ရဲ့ မှန်သားလုံးပါတဲ့ တုတ်ကောက်မှော်ပစ္စည်းကို လေထဲမြှောက်ကာ မိုက်ကယ်ရဲ့ ခေါင်းဆီကို လွှဲရိုက်လိုက်ပါတော့တယ်။
ဒါက ထိပ်ဖူးမပါတဲ့ လက်နက်တစ်ခု ဖြစ်နေပေမဲ့လည်း မီသရယ် အမွေအနှစ်ပစ္စည်းတစ်ခု ဖြစ်နေတုန်းပါပဲ။ တစ်ယောက်ယောက်ရဲ့ ခေါင်းကို ဒါနဲ့ ရိုက်ချလိုက်ရင် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ အများကြီး ရရှိစေနိုင်တာပေါ့။
ဒါပေမဲ့ အဲဒါက မိုက်ကယ်ဆီ မရောက်ခင်မှာတင် ဒရုန်းက သူ့ရဲ့ သေနတ်ပြောင်းတွေကို ရွှေ့လိုက်ပြီး ပစ်မှတ်ဆီ တည့်တည့် ချိန်ရွယ်လိုက်ပါတယ်။
တစ်ချက်တည်း ပစ်ခတ်လိုက်ရုံနဲ့တင် သဟဇာတသေနတ် ဟာ မီသရယ် အမွေအနှစ် တုတ်ကောက်ထဲက ဖန်သားလုံးကို ချေမှုန်းပစ်လိုက်ပြီး ဦးရီးတော်ဂျက်ရဲ့ ရင်ဘတ်ဆီ တည့်တည့် တိုးဝင်သွားခဲ့ပါတော့တယ်။
သူ အားအင်ကုန်ခမ်းစွာနဲ့ ဒူးထောက်ကျသွားခဲ့ရတယ်။ ဒါက ဦးရီးတော်ဂျက်တစ်ယောက် သူ့ဘဝမှာ ပထမဆုံးအကြိမ် ခံစားရတဲ့ တကယ့် နာကျင်မှု ဖြစ်နိုင်တာမို့ သူ ဒါကို လုံးဝ ရင်မဆိုင်နိုင်ဘဲ ဖြစ်နေခဲ့တာပါ။
"အား"
သူ အော်ဟစ်လိုက်ရတယ်။
ဦးရီးတော်ဂျက်ဆီကနေ တစ်မိနစ်လောက် လုံးဝ တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ သူဟာ မိုက်ကယ်ရဲ့ စွမ်းရည် သက်ရောက်မှုကနေ နောက်ဆုံးမှာ ရုန်းထွက်နိုင်ခဲ့ပါပြီ။ အဲဒါက သူ့ရဲ့ လည်ပင်းကနေ ကွာကျသွားခဲ့တာကြောင့် သူ့အသံကို ပြန်ပြီး အသုံးပြုနိုင်သွားခဲ့တာ ဖြစ်ပါတယ်။
"ဟား... ဟား... ငါကလား။ ငါ့ရဲ့ ပြစ်မှုတွေအတွက် ပြန်ပေးဆပ်ရမယ် ဟုတ်လား။ မင်း အဲဒါတော့ မှားသွားပြီ... ငါ ရှုံးနိမ့်သွားရင်တောင် မင်း ငါ့ကို သံတိုင်တွေနောက်ပို့နိုင်မှာ မဟုတ်ဘူး။ မင်းမှာ ဘာသက်သေမှ မရှိဘူးလေ။ မင်းရဲ့ စကားနဲ့ ငါ့ရဲ့ စကားပဲ ရှိတာ။ ပြီးတော့ လူတွေက ရွေးချယ်ခွင့်ရလာရင် မင်းလို ကောင်လေးတစ်ယောက်ထက် ငါ့လို တော်ဝင်မျိုးနွယ်တစ်ယောက်ကိုပဲ အမြဲတမ်း ယုံကြည်ကြမှာပဲ"
မိုက်ကယ်က ပြုံးလိုက်တယ်။
"မင်း အဲဒါကို သေချာလို့လား"
ဦးရီးတော်ဂျက်က ရယ်မောဖို့ ကြိုးစားလိုက်ပေမဲ့ သူ့ရင်ဘတ်က ဒဏ်ရာကြောင့် ပြင်းထန်တဲ့ နာကျင်မှုကို မခံစားရဘဲ ပုံမှန် အသက်ရှူဖို့တောင် ခက်ခဲနေခဲ့ရပါတယ်။
"အား... ငါ အရှုံးပေးတယ်"
အဲဒီ မှော်ဆန်တဲ့ စကားလုံးတွေကို လျှို့ဝှက်နယ်မြေ စိန်ခေါ်တိုက်ခိုက်ပွဲထဲမှာ ရွတ်ဆိုလိုက်တာနဲ့ တိုက်ပွဲရဲ့ စည်းကမ်းချက်တွေက ပြီးမြောက်သွားခဲ့ပါပြီ။
မိုက်ကယ် တိုက်ပွဲမှာ အနိုင်ရသွားခဲ့တာပါ။
လျှို့ဝှက်နယ်မြေက သူ့ကို ဒီလက်တွေ့ဘဝကနေ အပြင်ဘက် ကမ္ဘာဦးအစစ်အမှန်ဆီကို အတင်းအကျပ် တွန်းထုတ်လိုက်တာကြောင့် ဦးရီးတော်ဂျက်ဟာ သူ့ခန္ဓာကိုယ်ကို တစ်စုံတစ်ခုက ဆွဲခေါ်သွားသလို ခံစားလိုက်ရတယ်။
သူ မထွက်ခွာခင်မှာ မိုက်ကယ်ကို ပိုပြီး ဒေါသထွက်စေဖို့အတွက် ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးတစ်ခုကို ပြသသွားခဲ့သေးတယ်။
မကြာခင်မှာပဲ မိုက်ကယ်ကိုလည်း ပေါ်တယ်က ခေါ်ဆောင်သွားပြီး တခြားတစ်ဖက်ကို ထွေးထုတ်လိုက်ပါတော့တယ်။
ဦးရီးတော်ဂျက်ကတော့ နာကျင်လွန်းလို့ သူ့ရင်ဘတ်ကို ဖိထားရင်း မြေပြင်ပေါ်ကို လဲကျသွားခဲ့ရတယ်။
"အား... သူ ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်"
သူက အော်ဟစ်လိုက်တယ်။ သူတို့ရဲ့ ဒိုင်လူကြီးဖြစ်တဲ့ အန်ဂျလာကို ဒဏ်ရာကို ပြသရင်း သူ့ရင်ဘတ်ပေါ်က သွေးတွေကို ဖြန့်ပက်လိုက်ဖို့ သူ သေချာ ပြုလုပ်လိုက်တာပါ။
ဒါပေမဲ့ အန်ဂျလာကတော့ သူ့ကို လျစ်လျူရှုထားပြီး မိုက်ကယ်ရဲ့ လက်ကို မြှောက်ကာ သူ အနိုင်ရရှိကြောင်း ကြေညာလိုက်ပါတော့တယ်။
"မိုက်ကယ် ဗန်ဒါဘစ်က စိန်ခေါ်ပွဲမှာ အနိုင်ရရှိသွားခဲ့ပါပြီ"
ဦးရီးတော်ဂျက်က သွားကြိတ်လိုက်တယ်။
"မင်း တော်ဝင်မျိုးနွယ်တစ်ယောက်ကို သတ်ဖို့ ကြိုးစားတဲ့ကောင်ကို ဖမ်းဆီးမှာ မဟုတ်ဘူးပေါ့ ဟုတ်လား။ ဒီအပြုအမူကို မြို့စားကတော်ကြီးဆီ ငါကိုယ်တိုင် သတင်းပို့ရလိမ့်မယ်။ ပြီးတော့ သူက မင်းကို အလုပ်ပြုတ်အောင် သေချာပေါက် လုပ်လိမ့်မယ်"
အန်ဂျလာက နောက်ဆုံးမှာတော့ လှည့်လာပြီး ဦးရီးတော်ဂျက်ကို မျက်နှာချင်းဆိုင်လိုက်တယ်၊ သူ့နှုတ်ခမ်းဖျားမှာ အပြုံးစလေးတစ်ခု ဖြတ်ပြေးသွားရင်းပေါ့။
"ကောင်းပြီ။ အဲဒါကို သူခပ်လှမ်းလှမ်းမှာ ရှိနေတုန်း အခုပဲ သွားပြောလိုက်လေ"
ပြီးတော့ သူက ဘေးဘက်ကို ညွှန်ပြလိုက်ရာ အဲဒီနေရာမှာတော့ အသက်ကြီးပေမဲ့ နုပျိုမြဲဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦးက ရဲတိုက်ရဲ့ ဝရန်တာမှာ ထိုင်ရင်း သူ့ရဲ့ အမြွှာကလေးနှစ်ယောက်နဲ့အတူ လက်ဖက်ရည် သောက်နေခဲ့တာကို တွေ့လိုက်ရတယ်။
"မြို... မြို့စားကတော်ကြီး"
* * * * * * * *
စာစဉ်(၄၂)