← Chapters

အခန်း ၄၉၅

Vol. 42 Ch. 495

အခန်း ၄၉၅

Vol. 42 Ch. 495

အခန်း(၄၉၅)

မိုက်ကယ်က မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ ဝရန်တာမှာ ပျင်းရိပျင်းတွဲ ထိုင်ရင်း လက်ဖက်ရည် သောက်နေတဲ့ အမျိုးသမီးကြီးကို လှမ်းမြင်လိုက်ရတယ်။ သူမရဲ့ မျက်နှာကို သေသေချာချာ မသိရင်တောင်မှ ထိုင်နေတဲ့ ဟန်ပန်နဲ့ ကိုယ်ရောင်ကိုယ်ဝါကတင် ဒါဟာ မြို့စားကတော်ပဲ ဆိုတာကို အထာနဲ့တင် တန်းသိနိုင်ပါတယ်။

သူမဟာ အရွယ်တင်လွန်းလို့ ငယ်တယ်လို့လည်း ပြောမရသလို အသက်ကြီးလှပြီလို့လည်း မထင်ရဘူး။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ရှိနေပေမဲ့ အသားအရေကတော့ အသက် ၅၀ အရွယ် သွက်လက်ချက်ချာတဲ့ အမျိုးသမီးကြီးတစ်ယောက်လို ဝင်းပစိုပြည်နေတုန်းပဲ။

ဒီအချိန်မှာပဲ မိုက်ကယ်က သူ့ခြေထောက်နားမှာ တစ်စုံတစ်ခု လှုပ်ရှားသွားသလို ခံစားလိုက်ရတယ်။ အောက်ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ အရိပ်ထဲကနေ ဖတ်ချ်က မျက်စိတစ်ဖက် မှိတ်ပြပြီး လက်မထောင်ပြနေတာကို တွေ့လိုက်ရတယ်။ ဒါက သူတို့တာဝန် အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီလို့ အချက်ပြလိုက်တာပဲ။ မိုက်ကယ် ပြုံးမိသွားတယ်၊ မကြာခင်မှာ ဦးရီးတော်ဂျက်တစ်ယောက် သူလုပ်ခဲ့တဲ့ ပြစ်မှုတွေအတွက် တရားဥပဒေရဲ့ စီရင်ခြင်းကို ခံရတော့မယ်လေ။

"မြို့စားကတော်။ အိမ်ပြန်လာတာ ဒီလောက်တောင် စောလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး" လို့ ဦးရီးတော်ဂျက်က သူ့ရဲ့ ဆံပင်နဲ့ စစ်ဝတ်စုံကို ကပျာကယာ ပြင်ဆင်ရင်း ပြောလိုက်တယ်။ "ခရီးသွားဧည့်သည်တွေနဲ့ အလုပ်က အဆင်ပြေပြေ ပြီးပြတ်ခဲ့တယ်လို့ပဲ ယူဆရမှာပေါ့"

ဆန်းပြားလှပတဲ့ ဖဲပြားကွင်းလေးလို ခေါင်းပေါ်မှာ ထုံးဖွဲ့ထားတဲ့ ဆံပင်ဖြူဖြူတွေနဲ့ မြို့စားကတော်ကတော့ ဦးရီးတော်ဂျက်ရဲ့ စကားကို အဖတ်တောင် မလုပ်ဘဲ လက်ဖက်ရည်ကိုပဲ အေးအေးလူလူ ဆက်သောက်နေတယ်။ သူမ သောက်လို့ဝသွားပြီ ဆိုမှပဲ နေရာကနေ ထရပ်ပြီး သူတို့ဆီ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပါတော့တယ်။

"ပထမဆုံးအနေနဲ့ ပြောရရင် ငါ့ရဲ့ အရောင်းအဝယ် အဆင်ပြေလား မပြေဘူးလားဆိုတာ နင့်အလုပ် မဟုတ်ဘူး။ ပြီးတော့ ဒုတိယအချက်က... တစ်စုံတစ်ယောက်ရဲ့ ကိစ္စကို ရှင်းဖို့ ငါ့ကို ဒီနေရာ အမြန်ပြန်မခေါ်ထားရင် ဒီထက်မက ပိုအဆင်ပြေမှာ" လို့ သူမက ပြတ်သားပြီး ဩဇာညောင်းတဲ့ အသံနဲ့ ပြောလိုက်တယ်။ သူမ စကားပြောတဲ့အခါ လူတိုင်းက ငြိမ်ပြီး နားထောင်ကြရတာချည်းပဲ။

"ဒါနဲ့... စောစောက အန်ဂျလာနဲ့ ငါတို့ရဲ့ ဧည့်သည်အသစ်တွေအကြောင်း ဘာတွေ ပြောနေကြတာလဲ"

ဦးရီးတော်ဂျက်က အခြေအနေ မဟန်တာကို သိလို့ ရယ်ကျဲကျဲနဲ့ပဲ ဖျောက်ဖျက်ဖို့ ကြိုးစားလိုက်တယ်။

"အို... ဟား ဟား ဟား ဒါက ကိစ္စအသေးအမွှားလေးပါ မြို့စားကတော်ရဲ့။ အာရုံစိုက်နေဖို့တောင် မလိုပါဘူး"

မြို့စားကတော်က သူ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်တယ်။ "နင်က ငါ့နာမည်ကို ခုတုံးလုပ်သုံးသွားတာလေ။ ဒါကြောင့် ငါ သေသေချာချာကို အာရုံစိုက်ရတော့မယ်"

"ကောင်းပါပြီ... တကယ်တော့ ကျွန်တော် ဒီက လူငယ်လေးနဲ့ စိန်ခေါ်တိုက်ခိုက်ပွဲ ပြီးခါစပဲ ရှိပါသေးတယ်။ အခြေအနေတွေက သိပ်မဟန်ဘူးဗျ၊ သူက ကျွန်တော် မလုပ်ခဲ့တဲ့ ပြစ်မှုတွေအတွက် စွပ်စွဲနေလို့လေ။ ဒါတင်မကသေးဘူး၊ သူက ကျွန်တော့်ကို သတ်ဖို့အထိတောင် ကြိုးစားခဲ့တာ"

ဦးရီးတော်ဂျက်က မြို့စားကတော်ရဲ့ ဂရုဏာ သက်လာအောင် ဇာတ်ကြောင်းကို အကွက်ကျကျ ပြောင်းပြန်လှန်ပစ်လိုက်တာပဲ။

ဒါပေမဲ့ ဦးရီးတော်ဂျက်က သူ့ရဲ့ လိမ်ညာမှုတွေကို ထပ်ပြီး မလုပ်ကြံနိုင်ခင်မှာတင် မြို့စားကတော်က သူ့ဆီကို မှော်ပရပိုဒ်အချို့ကို ပစ်ပေါက်လိုက်ပါတော့တယ်။

"ဒါက ဘာလဲ" လို့ သူမက မေးလိုက်တယ်။

ဦးရီးတော်ဂျက်က သူ့မျက်လုံးထဲက ထိတ်လန့်တုန်လှုပ်မှုကို မဖုံးကွယ်နိုင်တော့ဘူး။ ဒါတွေက သူ့ရဲ့ လျှို့ဝှက်စာရင်းစာအုပ်တွေပဲ၊ သူ့ရဲ့ လျှို့ဝှက်ဘဏ္ဍာတိုက်ထဲမှာပဲ ရှိရမယ့် လျှို့ဝှက်စာရင်းတွေလေ။ ဒါတွေက ဘယ်လိုဖြစ်ပြီး အပြင်ကို ရောက်လာရတာလဲ။

"ဒီ ကျူစက္ကူချပ်တွေပေါ်မှာ ရေးထားတဲ့ မှတ်တမ်းတွေက သိပ်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ပြည်သူ့ငွေ အလွဲသုံးစားလုပ်မှု၊ လိမ်လည်မှု... ပြီးတော့ အဓိကအချက်အနေနဲ့ လူသတ်ဖို့ ကြံစည်မှုပဲ" လို့ မြို့စားကတော်က စွပ်စွဲလိုက်တယ်။

သူက တည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားပေမဲ့ နောက်ဆုံးတော့ စကားတွေ ထစ်အကုန်ပြီး လူအတစ်ယောက်လို ဖြစ်သွားတော့တယ်။

"အို... ဒါတွေက... အို... ဒါက…ဒါက…ဒါက... အဲဒီလိုမျိုး မဟုတ်..."

မင်းသားဟယ်ရီနဲ့ မင်းသမီးအဲလိဇဘက်တို့ရဲ့ မျက်နှာပေါ်က အောင်နိုင်သူ အပြုံးတွေကို မြင်လိုက်ရတဲ့အခါမှာတော့ ဦးရီးတော်ဂျက်တစ်ယောက် သူ အကြပ်ရိုက်နေပြီဆိုတာကို သိလိုက်ရပြီ။ သူတို့တွေ သူ့ရဲ့ ဘဏ္ဍာတိုက်ကို ဘယ်လိုနည်းနဲ့ နှိုက်နိုင်ခဲ့ကြလဲဆိုတာ သူ မသိပေမဲ့ အခုချက်ချင်း ဒီအထောက်အထားတွေကို ဖျက်ဆီးပစ်နိုင်ရင် သူတို့ ဘာကိုမှ သက်သေပြနိုင်မှာ မဟုတ်တော့ဘူး။

သူ့ရဲ့ တွေးခေါ်ပုံက ဘယ်လိုမှ ယုတ္တိမရှိတာတော့ အမှန်ပဲ၊ ဘာလို့လဲဆိုတော့ မြို့စားကတော်က ဒါတွေကို သူ့မျက်စိနဲ့ အပ်တပ် အကုန်မြင်ပြီးသွားပြီလေ။ ဒါပေမဲ့ ဦးရီးတော်ဂျက်ကတော့ သွေးရူးသွေးတန်း ဖြစ်နေတာကြောင့် တွေးမနေတော့ဘဲ လုပ်ချင်ရာကိုပဲ ဇွတ်လုပ်လိုက်တော့တယ်။

သူက မှော်ပရပိုဒ်တွေဆီကို အရှေ့ကို လှမ်းအုပ်လိုက်ပြီး စာရင်းတွေကို အစအနမကျန်အောင် ပြာချပစ်ဖို့ အခြေခံ ကြယ်တစ်ပွင့်မန္တန် ဖြစ်တဲ့ အမျှင်တန်းမီးလျှံကို သုံးလိုက်တယ်။

သို့ပေမဲ့ သူ့ရဲ့ လက်ထဲမှာ မှော်စွမ်းအင် စက်ဝိုင်းကို ပုံဖော်ဖို့အတွက်တင် လေးစက္ကန့်မက အချိန်ယူနေရတာကြောင့် သူ့ရဲ့ ညံ့ဖျင်းလှတဲ့ မှော်ပညာ အစွမ်းကတော့ အတိုင်းသား ပေါ်လာခဲ့ရပြီပေါ့။

"တောက်" လို့ သူက ကျိန်ဆဲလိုက်ရင်း သူ့ရဲ့ မှော်စွမ်းအင် စက်ဝိုင်းက တုန်ခါနေတယ်။ နောက်ဆုံးတော့ သူက မှော်မန္တန်ကို ထုတ်လွှတ်လိုက်နိုင်ခဲ့တယ်။

ဒါပေမဲ့ မီးလုံးက စက္ကူတွေဆီကို ရောက်ခါနီး ဆဲဆဲမှာတင် ဦးရီးတော်ဂျက်က မန္တန်အပေါ် ထိန်းချုပ်မှုကို ဆုံးရှုံးသွားတယ်လို့ ခံစားလိုက်ရတယ်။ မန္တန်က သူ့ထိန်းချုပ်မှုအပြင်ဘက် ရောက်သွားတာနဲ့ အဲဒီမီးလုံးက သူ့မျက်နှာဆီကို တည့်တည့် ပြန်ပြေးလာပြီး သူ့ရဲ့ ကောက်ကွေးနေတဲ့ ဆံပင်အချို့ကို မီးကျွမ်းပစ်လိုက်ပါတော့တယ်။

"အား... အား..."

မြို့စားကတော်က သူမကို လုပ်ကြံတဲ့သူကို ရင်ဆိုင်လိုက်တယ်။ "နင် ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေလိမ့်မယ်လို့ ငါ အမြဲတမ်း သံသယရှိခဲ့တာ။ ဒါပေမဲ့ နင့်အစ်ကိုအပေါ်ထားတဲ့ ငါ့ရဲ့ သံယောဇဉ်ကြောင့် အမှန်တရားကို လက်ခံဖို့ ငါ့စိတ်ကို ငါ လွှဲဖယ်ထားခဲ့မိတယ်။ နင်က ထောင်ထဲမှာပဲ သက်တမ်းကုန်ရမယ့် ရာဇဝတ်ကောင်ပဲ။ ရဲမက်တို့... သူ့ကို ဖမ်းဆီးလိုက်ကြ"

သူမရဲ့ လျှို့ဝှက်တပ်ဖွဲ့က ရဲမက်တစ်ဆယ်ယောက်က ချက်ချင်းဆိုသလို ပေါ်လာပြီး ဦးရီးတော်ဂျက်ရဲ့ ခြေဖဝါးနဲ့ လက်မောင်းတွေကို လွတ်မြောက်ခွင့် မရှိအောင် ချက်ချင်းပဲ လက်ထိပ်ခတ် တွဲချည်ပစ်လိုက်ကြတယ်။

"ငါ့ကို လွှတ်ကြ" လို့ သူက ရုန်းကန်အော်ဟစ်တယ်။ "ငါ မသေချင်ဘူး။ ငါ့ကို ခွင့်လွှတ်ကြပါ"

ဒါပေမဲ့ သူ့ရဲ့ အော်ဟစ်သံတွေအားလုံးကို ဘယ်သူမှ ဂရုမစိုက်ကြဘဲ ရဲမက်တွေက သူ့ကို အလင်းရောင်တောင် မသီနိုင်တဲ့ လုံခြုံတဲ့ နေရာတစ်ခုဆီ ခေါ်ဆောင်သွားတာကြောင့် သူ့အသံတွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါတော့တယ်။

"ဟင်း... တရားမျှတမှုကတော့ သက်သေပြနိုင်ခဲ့ပြီ။ ခံစားလို့ သိပ်ကောင်းတာပဲ" လို့ မင်းသားဟယ်ရီက အေးချမ်းတဲ့ အပြုံးနဲ့ လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ပြောလိုက်တယ်။

"မယ်တော်... သူ့လက်ချက်နဲ့ မယ်တော် အဆိပ်မိခဲ့တာကို မယ်တော် သိနေခဲ့တာလား" လို့ အဲလိဇဘက်က အံ့ဩတကြီး မေးလိုက်တယ်။ "ဒါဆို ဘာလို့ သူ့ကို စောစောစီးစီး အရေးမယူခဲ့တာလဲဟင်"

မြို့စားကတော်က သက်ပြင်းချလိုက်တယ်။

"သူက နင်တို့ခမည်းတော်ရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ သွေးသားရင်လေ။ သူ နောင်တရပြီး ပြောင်းလဲလာလိမ့်မယ်လို့ ငါ ထင်ခဲ့တာပေါ့။ ငါ မှားသွားခဲ့တယ်"

တော်ဝင်အမြွှာမောင်နှမက နှစ်ပေါင်းများစွာကြာမှ တရားမျှတမှုကို နောက်ဆုံးမှာ ရှာဖွေနိုင်ခဲ့တာမို့ သူတို့ရဲ့ မိခင်ကြီးကို ဖက်ထားလိုက်ကြတယ်။

"ကဲ... ငါတို့ မိသားစုရေးတွေကို ခဏထားလိုက်ကြရအောင်။ ငါတို့မှာ ဧည့်ခံရမယ့် ဧည့်သည်တွေ ရှိနေသေးတယ်" လို့ သူမက မိုက်ကယ်နဲ့ သူ့မိသားစုကို ကြည့်ရင်း ပြောလိုက်တယ်။

"ဗန်ဒါဘစ်တွေပဲ... ငါ တကယ် အံ့ဩမိရတယ်လို့ ပြောရမှာပဲ"

မက်စ်က မြို့စားကတော်ရဲ့ ရှေ့မှာ ဒူးထောက်လိုက်တယ်။ "မတွေ့ရတာ တော်တော်ကြာသွားပြီနော် မြို့စားကတော်"

"အင်း... တော်တော်တောင် ကြာသွားပြီပဲ။ မင်းကို ငါနောက်ဆုံးတွေ့တုန်းက မင်းအဖေက မက်ထရိုပိုလစ်မှာရှိတဲ့ ဗန်ဒါဘစ်ရဲ့ လုပ်ငန်းခွဲကို နင့်လက်ထဲ လွှဲပြောင်းပေးခါစပဲ ရှိသေးတယ်"

ကျဆုံးခဲ့ရတဲ့ အရှုံးရဲ့ နာကျင်မှုတွေက မက်စ်ရဲ့ ရင်ထဲမှာ အသည်းနှလုံးကို လေးလံစေခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ အခုတော့ ဗန်ဒါဘစ်တွေ ပျက်စီးအောင် လုပ်ခဲ့တဲ့ တရားခံကို တရားစီရင်နိုင်ခဲ့ပြီဆိုတာ သိလိုက်ရတာကြောင့် သူ့ရဲ့ ရင်ထဲက အလေးကြီးက ပေါ့ပါးသွားခဲ့ရပြီပေါ့

"မြို့စားကတော်... ကျွန်တော့်ရဲ့ တူလေးဖြစ်တဲ့ မိုက်ကယ် ဗန်ဒါဘစ်နဲ့ မိတ်ဆက်ပေးပါရစေ"

မြို့စားကတော်က မိုက်ကယ်ဆီ လျှောက်လာပြီး သူ့ကို အပေါ်အောက် အသေအချာ အကဲခတ်ကြည့်ရှုလိုက်တယ်။ "မောင်ရင်က သူနဲ့ တစ်ပုံစံတည်းပဲ" လို့ သူမက ခပ်တိုးတိုး ရယ်လိုက်တယ်။

"ကျွန်တော်ကလား။ ဘယ်သူနဲ့လဲခင်ဗျာ"

"မောင်ရင့်ရဲ့ အဘိုးလေ" လို့ သူမက ပြောတယ်။

"မင်းတို့မှာ တူညီတဲ့ မျက်ဝန်းတွေ ရှိကြတယ်။ သူ့ရဲ့ မိသားစုထဲမှာ ဒီလုပ်ငန်းအမွေကို ဆက်ခံမယ့်သူ ရှိနေတယ်ဆိုတာကို သိရင် သူလည်း သိပ်ကို ကျေနပ်နေမှာ အသေအချာပဲ"

ဒီမှာတင် မိုက်ကယ်က စကားအလှည့်အပြောင်း မရှိဘဲ ချက်ချင်းပဲ ဒီလို တုံ့ပြန်ပြောဆိုလိုက်တယ် -

"ကျွန်တော်က သူ့ရဲ့ အမွေကို ဆက်ခံနေတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အင်ပါယာကို တည်ဆောက်နေတာပါ"

ဒီစကားလုံးတွေထဲက ယုံကြည်မှုက မြို့စားကတော်ကို ခဏလောက် မှင်တက်သွားစေတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးနဲ့ နှိုင်းယှဉ်ခံရတာကို သာမန်လူဆိုရင်တော့ သိပ်ကို ဂုဏ်ယူမဆုံး ဖြစ်နေကြမှာ အမှန်ပဲ။ အိုင်းဇ်ဆိုတာ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အထိပါ ဒဏ္ဍာရီတစ်ဦးလေ။

ဒါပေမဲ့ မိုက်ကယ်ကတော့ သူ့အဘိုးရဲ့ အရိပ်အောက်မှာ နေထိုင်ဖို့ စိတ်ကူးမရှိပုံရတယ်။ သူ့မှာ ဒီထက်မက ပိုကြီးမားတဲ့ အစီအစဉ်တွေ ရှိနေတာပဲ။

"ဟား ဟား ဟား.."

မြို့စားကတော်က တည်ငြိမ်အောင် ထိန်းရင်း သဘောကျနေတာကို ဖုံးကွယ်ဖို့ ကြိုးစားပေမဲ့ နောက်ဆုံးတော့ ဟန်ဆောင်မှုတွေကို ဘေးဖယ်ပြီး သူမရဲ့ ခံစားချက်အစစ်အမှန်ကို အတိုင်းသား ဖော်ပြလိုက်ပါတော့တယ်။

"ငါ အထင်မှားသွားတာပဲ" လို့ သူမက မျက်ရည်လေး သုတ်ရင်း ပြောလိုက်တယ်။ "မောင်ရင်က မင်းအဘိုးနဲ့ ဘာမှမတူဘူး။ မောင်ရင်က သူ့ထက် အများကြီး ပိုတော်တယ်"

ပြီးတော့ သူမက ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး လက်ကို ဆန့်တန်းပေးလိုက်တယ်။ "ဒါဆို ငါတို့ မိတ်ဆက်ကြတာပေါ့။ ငါက မက်ထရိုပိုလစ်ရဲ့ မြို့စားကတော် ရီဂျီနာပါ။ မောင်ရင့်နာမည်က ဘယ်သူလဲ"

မိုက်ကယ်က သူမရဲ့ လက်ကို အမိအရ ဆုပ်ကိုင်လိုက်တယ်။ "ကျွန်တော်ကတော့ ရီနေးတားကုမ္ပဏီက မိုက်ကယ်ပါ"

သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ နောင်အနာဂတ်ကျမှသာ သမိုင်းပညာရှင်တွေက ဒါကို သမိုင်းဝင် အမှတ်တရ မှတ်တမ်းတစ်ခုအနေနဲ့ ရေးထိုးကြမှာ ဖြစ်ပေမဲ့ပေါ့။

မိုက်ကယ်က မြို့စားကတော်ကို ချက်ချင်းပဲ သဘောကျသွားတယ်။ သူမက မြင့်မြတ်တဲ့ ရာထူးနေရာကို ပိုင်ဆိုင်ထားပေမဲ့လည်း သူမဆီကနေ ဘာမာနနဲ့ မောက်မာမှုကိုမှ သူ မခံစားရဘူး။ သူမက ကလေးတစ်ယောက်မျှသာ ဖြစ်တဲ့ သူ့ကိုတောင် လက်ဆွဲနှုတ်ဆက်ဖို့အထိ နှိမ့်ချဆက်ဆံပေးခဲ့တာလေ။ တကယ်တော့ မြို့စားကတော်တွေဆိုတာ ဘယ်သူ့ရှေ့မှာမှ ကိုယ်ကို ကိုင်းညွတ်ဖို့ သို့မဟုတ် ဒူးထောက်ဖို့တောင် မလိုတဲ့သူတွေ မဟုတ်လား။

* * * * * * * *

စာစဉ်(၄၂)

All Chapters