← Chapters

အခန်း ၄၉၆

Vol. 42 Ch. 496

အခန်း ၄၉၆

Vol. 42 Ch. 496

အခန်း(၄၉၆)

ဦးရီးတော်ဂျက်ကို အပြီးအပိုင် ရှင်းပစ်လိုက်ပြီးတဲ့နောက်မှာတော့ မြို့စားကတော်ဟာ ဗန်ဒါဘစ် မိသားစုကို အဲဒီညအတွက် သူတို့ရဲတိုက်မှာပဲ တည်းခိုဖို့ ဖိတ်ကြားလိုက်ပါတော့တယ်။

မိုက်ကယ်၊ လိုင်လီယာနဲ့ ဘတ်တို့ သုံးယောက်ဟာ သူတို့တစ်သက်မှာ တစ်ခါမှမမြင်ဖူးတဲ့ အကောင်းတကာ့ အကောင်းဆုံး ဇိမ်ခံညစာစားပွဲကြီးကို ကြုံတွေ့လိုက်ရတယ်။ အတ္တလန်တစ်ကနေ တိုက်ရိုက်ဖမ်းလာတဲ့ ဈေးကြီးပေးရမယ့် ငါးတွေ၊ နဂါးမျိုးနွယ်ဝင်တွေပဲ စားလေ့ရှိတဲ့ ဟိုက်ဒြာအသား၊ ဒဏ္ဍာရီလာ ဂရစ်ဖင်ငှက်ရဲ့ အမွှေးအတောင်တွေအပြင် တကယ့်ကို စားလို့ရပါ့မလားလို့ ထင်ရတဲ့ တခြားအရာတွေ အများကြီးပါပဲ။ ဒါပေမဲ့ အဲဒီအရာတွေအားလုံးဟာ တန်ဖိုးဖြတ်မရအောင် ဈေးကြီးတာတော့ အသေအချာပါပဲ။

တစ်ဖက်မှာလည်း မိုက်ကယ်တစ်ယောက် အချိုရည် ထပ်တောင်းပြီး ပူဆာနေကြတဲ့ မြေးတော် လေးယောက်ကြောင့် လက်မလည်အောင် ဖြစ်နေခဲ့တယ်။

သူကတော့ အဲဒီကလေးတွေအတွက် တစ်ယောက်ကို အချိုရည်တစ်စည်စီ လုပ်ပေးရင်း၊ အချိုရည်ကို ရေခဲနဲ့သောက်ရင် ပိုအရသာရှိကြောင်း သင်ပေးရင်းနဲ့ပဲ ညဥ့်နက်သွားခဲ့ရတယ်။ အဲဒီအိမ်တော်မှာ အခိုင်းအစေ မှော်ပညာရှင်တွေ အများကြီးရှိတာမို့ အချိုရည်ကို အေးအောင်လုပ်ဖို့အတွက်တော့ ကလေးတွေ စိတ်ပူစရာ မလိုပါဘူး။

ညဥ့်လေး နက်လာတဲ့အခါမှာတော့ မြက်ခင်းပြင်ကြီးဆီ ထွက်သွားတဲ့ မြို့စားကတော်က မိုက်ကယ့်ကို လာခေါ်ခိုင်းလိုက်ပါတယ်။

သူ ဝရန်တာကနေ လှမ်းထွက်လာတဲ့အချိန်မှာ မြို့စားကတော်က မော်တော်ကားနားအထိ ကပ်ပြီး သေသေချာချာ အနုစိတ် လေ့လာကြည့်ရှုရင်း မြက်ခင်းပြင်ထဲ လမ်းလျှောက်နေတာကို လှမ်းမြင်လိုက်ရတယ်။

"ဒါ တကယ့်ကို လက်ရာမြောက်တဲ့ ပစ္စည်းလေးပဲ" လို့ သူက တအံ့တဩ ပြောလိုက်တယ်။ "ဒီစက်ပစ္စည်းကြောင့် မကြာခင် မက်ထရိုပိုလစ်မှာ အလှည့်အပြောင်းကြီးတစ်ခု ဖြစ်တော့မယ်လို့ ဘာနာဘီ လာပြောတုန်းက ငါ မယုံခဲ့ဘူး။ ကိုယ်တိုင်သွားကြည့်လိုက်လို့ သူက ပြောတာနဲ့ပဲ မောင်ရင့်ကို ငါ့ရဲတိုက်ဆီ လာဖို့ ဖိတ်ခေါ်လိုက်ရတာ။ အခု ပြန်တွေးကြည့်ရင် ငါသာ နည်းနည်းလောက် နောက်ဆုတ်ပေးခဲ့ရင် ဂျက်နဲ့ စိန်ခေါ်တိုက်ခိုက်ပွဲအထိ မင်း ကြုံတွေ့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ မောင်ရင်ပဲ သူ့ကို နှိမ်နင်းလိုက်နိုင်ပြီဆိုတော့လည်း အားလုံး အဆင်ပြေသွားတာပေါ့"

မိုက်ကယ်က သူ့အနားကို လျှောက်သွားလိုက်ပြီး "ဒါတွေက အတိတ်က အကြောင်းအရာတွေ ဖြစ်သွားပါပြီ" လို့ ပြောလိုက်တယ်။

"အလုပ်အကြောင်းပဲ ပြောကြရအောင်။ ကားကို စမ်းသပ်ကြည့်ချင်လား"

ဒါက တကယ်ကို အရေးကြီးပါတယ်။ သူ့ရဲ့ ကုန်တင်ကားကြီးတွေနဲ့ ဒီကားတွေကို မက်ထရိုပိုလစ်ရဲ့ လမ်းမတွေပေါ်မှာ တရားဝင် မောင်းနှင်ခွင့်ရဖို့အတွက် မြို့စားကတော်ရဲ့ ထောက်ခံချက်တစ်ခုပဲ လိုအပ်တာ ဖြစ်လို့ပါပဲ။

"ငါ့ရဲ့ အမြွှာတွေက ဒီကားအကြောင်း ငါ့ကို ပြောပြပြီးသားပါ။ ဘေးကင်းတယ်ဆိုတာလည်း ငါသိတယ်။ ငါ သိချင်တာက ဒီကားရဲ့ စွမ်းဆောင်ရည်ပဲ။ ဘယ်အတိုင်းအတာအထိ လုပ်နိုင်မလဲဆိုတဲ့ အကန့်အသတ်ကို ငါ မြင်ချင်တာ"

မိုက်ကယ်က မြို့စားကတော် ဘာကိုဆိုလိုလဲဆိုတာ ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်တယ်။

"ကိုယ်တိုင် စမ်းမောင်းကြည့်မလား" လို့ မိုက်ကယ်က မေးရင်း သော့ကို လှမ်းပေးလိုက်တယ်။

မြို့စားကတော်က ပြုံးပြုံးလေးနဲ့ သော့ကို ယူလိုက်ပြီး မောင်းသူနေရာမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ မိုက်ကယ်က မောင်းနှင်ဖို့ သိထားရမယ့်အချက်တွေကို ပြောပြပြီးတာနဲ့ တစ်ပြိုင်နက် သူက လီဗာကို ချက်ချင်းနင်းပြီး မြက်ခင်းပြင်ကြီးထဲမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ပါတော့တယ်။

'အဲလိဇဘက်ရဲ့ ကားမောင်းတဲ့ ပါရမီက ဘယ်ကနေ ဆင်းသက်လာလဲဆိုတာ ငါ သိသွားပြီ' လို့ မိုက်ကယ် စိတ်ထဲကနေ တွေးလိုက်မိတယ်။ သူမတူအောင်ပဲ ရီဂျီနာကလည်း ကားမောင်းတဲ့နေရာမှာ မွေးရာပါ အထုံပါရမီ ရှိနေတာပဲ။

ဒီအတောအတွင်းမှာတော့ မြို့စားကတော်ရဲ့ လျှို့ဝှက်လုံခြုံရေး အစောင့်တွေကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး ရင်တထိတ်ထိတ်နဲ့ လက်သည်းပဲ ကိုက်နေကြရတယ်။ ဒါပေမဲ့ သူတို့ ဘာမှလုပ်လို့မရပါဘူး။ အခုအချိန်မှာ သူတို့ကို လာမရှုပ်ဖို့ မြို့စားကတော်ကိုယ်တိုင်က အပြတ်ပြောထားတာ ဖြစ်လို့ပါပဲ။

ငါးမိနစ်လောက် ကြာတဲ့အခါမှာတော့ ကားက မိုက်ကယ့်ရှေ့တည့်တည့်မှာ ဘရိတ်ဆွဲပြီး တစ်ချက်တည်းနဲ့ ရပ်တန့်သွားခဲ့တယ်။ ကားရဲ့ အိတ်ဇောပိုက်ကနေ အခိုးအငွေ့တွေ တောက်လျှောက် ထွက်နေတာက စက်ပစ္စည်းတစ်ခု ဖြစ်နေပေမဲ့လည်း မောင်းနှင်သူရဲ့ အရှိန်အဟုန်ကို မမှီနိုင်ဘဲ အမောဆို့နေတဲ့အတိုင်းပါပဲ။

"ဒါက ငါ မျှော်လင့်ထားတာထက်ကို ကျော်လွန်နေပြီ။ ပြီးတော့ ဒါကြီး လည်ပတ်ဖို့အတွက် ဆီပဲလိုတယ်ဆိုတာက... တကယ့်ကို အံ့ဩစရာပဲ" လို့ မြို့စားကတော်က အားရပါးရ ပြောလိုက်တယ်။ "ဒီကားရဲ့ နောက်မှာ ဝန်တင်တွဲတစ်ခုသာ ချိတ်လိုက်ရင် ဝန်တင်နိုင်စွမ်းအား တက်လာပြီး မက်ထရိုပိုလစ်ကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်မယ်ဆိုတာ ငါ မြင်ယောင်နေပြီ"

မိုက်ကယ်က ပြုံးလိုက်တယ်။ ဒါဟာ သူ့ရဲ့ နောက်ထပ် ကားတစ်စီးကို ထုတ်ပြဖို့ အခွင့်အရေးကောင်းပဲဆိုတာ သူ သိလိုက်ပြီလေ။

"အဲဒီလို လုပ်စရာ မလိုပါဘူး။ ဒီကားကို လူစီးဖို့သက်သက်ပဲ ဒီဇိုင်းဆွဲထားတာပါ။ ကျွန်တော့်မှာ ကုန်တင်ကားလို့ ခေါ်တဲ့ နောက်ထပ် ကားတစ်စီး ရှိသေးတယ်။ အဲဒါက အများကြီး ပိုကြီးပြီး ပစ္စည်းအမြောက်အမြား သယ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတာ။ ကြည့်ချင်လား"

မြို့စားကတော် တုန်လှုပ်အံ့ဩသွားပြီး ချက်ချင်းပဲ ကြည့်မယ်လို့ သဘောတူလိုက်တယ်။

မိုက်ကယ်က သူ့ရဲ့ အရိပ်စွမ်းရည်ကို အသုံးပြုပြီး ခြောက်ဘီးယက် ကုန်တင်ကားကြီးကို မြို့စားကတော်ရဲ့ မြက်ခင်းပြင်ထဲဆီ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရွှေ့ပြောင်းလိုက်ပါတော့တယ်။

ကားကြီးရဲ့ အရွယ်အစားနဲ့ အလေးချိန်ကြောင့် လေထုထဲမှာရှိတဲ့ မှော်စွမ်းအင် ပမာဏက သိသိသာသာ လျော့နည်းသွားခဲ့ပြီး မြို့စားကတော်တောင်မှ အဲဒီ ခြားနားချက်ကို ခံစားမိတဲ့အထိပါပဲ။

"ဒါ... ဒါက တကယ့်ကို အံ့ဩစရာပဲ"

မိုက်ကယ်ဟာ မှော်ပညာရပ်တွေမှာ အလွန်အမင်း ပါရမီပါတဲ့သူဖြစ်ကြောင်း သူ့ကလေးတွေဆီကနေ သူ ကြားဖူးထားပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ဘူး။ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အချိန်မှာတော့ ဒီလောက် ဧရာမကြီးမားတဲ့ ကုန်တင်ကားကြီးကို မန္တန်တစ်ခုတည်းနဲ့ ရွှေ့ပြောင်းနိုင်လိမ့်မယ်လို့ မတွေးဖူးတာမို့ သူ တကယ်ပဲ အံ့ဩပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတယ်။

"မင်း... မင်းက ဘာလို့ မှော်ပညာရှင်အစည်းအရုံးမှာ နောက်ထပ် ပါရမီရှင်တစ်ယောက်အနေနဲ့ ဝင်မပါခဲ့တာလဲ" လို့ သူက တကယ် သိချင်စိတ်နဲ့ မေးလိုက်တယ်။

သူသာ မှော်ပညာလမ်းစဉ်ကို ရွေးချယ်ခဲ့မယ်ဆိုရင် အခုအချိန်မှာ တစ်ကမ္ဘာလုံးက သိတဲ့သူတစ်ယောက် ဖြစ်နေလောက်ပြီလေ။

"ကျွန်တော်က အဲဒါတွေကို စိတ်မဝင်စားဘူး။ ကိုယ် နေလို့ထိုင်လို့ အဆင်ပြေမယ့် ကမ္ဘာတစ်ခုကိုပဲ တည်ဆောက်ချင်တာ" လို့ မိုက်ကယ်က ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။

"အဲဒီလိုဖြစ်ဖို့အတွက် ဒီနည်းလမ်းကို သုံးမှာ။ ကျွန်တော်တို့ ကုန်တင်ကားကြီးကို သေသေချာချာ ကြည့်လိုက်ပါ။ ဒါက အလေးချိန် တန် ၁၀ တန်အထိ သယ်ဆောင်နိုင်တယ်"

အဲဒီ ပမာဏကတော့ ပါးစပ်အဟောင်းသား ဖြစ်သွားလောက်စရာပါပဲ။ ဒီလောက် အလေးချိန်မျိုးကို သယ်ဖို့ဆိုရင် အနည်းဆုံး မြင်းလှည်းအစီးတစ်ရာလောက်နဲ့ ခရီးအဝေးကြီးကို အခေါက်ခေါက်အခါခါ ကူးချည်သန်းချည် လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ငန်းကြီးတစ်ခုအတွက် လုပ်အားခနဲ့ ကုန်ကျစရိတ်တွေက ကုမ္ပဏီတစ်ခု ရမယ့် အမြတ်အစွန်းရဲ့ တစ်ဝက်လောက်ကို သေချာပေါက် ကုန်ဆုံးစေမှာပါ။

ဒါပေမဲ့ ဒီကုန်တင်ကားနဲ့ဆိုရင်တော့ တစ်ခေါက်တည်းနဲ့တင် အားလုံးပြီးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ အရှိန်နဲ့ဆိုရင် ခရီးသွားရမယ့် အချိန်ကလည်း အများကြီး လျော့နည်းသွားမှာပေါ့။

မြို့စားကတော်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး သူ့ခေါင်းထဲမှာ အတွေးပေါင်းစုံ ပေါ်လာပါတော့တယ်။ မက်ထရိုပိုလစ်ရဲ့ ပြဿနာတွေနဲ့ ဒီကားတွေ၊ ကုန်တင်ကားတွေက အဲဒီပြဿနာ အားလုံးကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတာကို သူ စတွေးနေမိပြီ။

ဒါဟာ တကယ့်ကို အလှည့်အပြောင်းကြီးတစ်ခုပါပဲ။ မြို့စားကတော်ဟာ ဒီကားကြီးတွေ ပေါ်ထွက်လာမှုနဲ့အတူ ခေတ်သစ်တစ်ခုရဲ့ အစပျိုးခြင်းကို ကြုံတွေ့နေရသလို ခံစားလိုက်ရတယ်။

ဒါကြောင့်မို့လည်း သူက ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အမြန်ဆုံး လက်တွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

"မောင်ရင် ထုတ်လုပ်နိုင်သမျှ ကားအကုန်လုံးကို ငါ ဝယ်ချင်တယ်" လို့ သူက အတိအလင်း ကြေညာလိုက်တယ်။

မိုက်ကယ်က ပြုံးလိုက်တယ်။ ဒါကို သူ မျှော်လင့်ထားပြီးသားပါ။ ဒီကုန်တင်ကားကြီးကို မြင်တဲ့သူတိုင်းကတော့ ကိုယ်ပိုင်ချင်ကြမှာ သဘာဝပဲလေ။

"ဒီမှာ ပြဿနာတစ်ခု ရှိတယ် မြို့စားကတော်။ ဒီမှာရှိတဲ့ လမ်းတွေက ဒီကုန်တင်ကားကြီးရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိမယ် မထင်ဘူး။ လေးဘီးယက် ကုန်တင်ကားလောက်ပဲ အကန့်အသတ် ရှိလိမ့်မယ်။ ဒီထက်ကြီးတဲ့ ကုန်တင်ကားကြီးတွေကို သုံးချင်တယ်ဆိုရင်တော့ လမ်းတွေကို ထပ်ချဲ့ပြီး အခိုင်အမာ ပြန်လုပ်ရလိမ့်မယ်"

မြို့စားကတော်က အကဲခတ် တော်တဲ့သူပါ။ မိုက်ကယ့်စကားတွေထဲမှာ ဖုံးကွယ်ထားတဲ့ ကမ်းလှမ်းချက်ကို သူ ချက်ချင်း ရိပ်မိလိုက်တယ်။

"ဒီကုန်တင်ကားတွေအတွက် ခိုင်ခံ့တဲ့ လမ်းတွေကို မောင်ရင်ပဲ လုပ်ပေးနိုင်တယ်လို့ ဆိုလိုတာလား" လို့ သူက သဘောကျတဲ့ဟန်နဲ့ မေးလိုက်တယ်။

"တကယ်တော့... ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ ရွှေလမ်းမကြီးဟာ ကုန်တင်ကားတွေနဲ့ တခြားကားတွေ အခေါက်ခေါက်အခါခါ မောင်းနှင်တာတောင်မှ ဘာမှမဖြစ်ဘဲ ကြံ့ကြံ့ခံနိုင်တယ်ဆိုတာ စမ်းသပ်ပြီးသားပါ။ ကျွန်တော် လမ်းအသစ်တွေ လုပ်ပေးပြီးတဲ့နောက် အန်ဂိုရာမြို့ရဲ့ လမ်းမတွေ ဘယ်လောက်အထိ ကောင်းမွန်သွားလဲဆိုတာ သွားကြည့်ရင် သိနိုင်ပါတယ်"

မိုက်ကယ်က သူ့ရဲ့ အရောင်းအဝယ် စကားတွေကို ပြောနေချိန်မှာ မြို့စားကတော်ကတော့ မပြုံးဘဲ မနေနိုင်ခဲ့ပါဘူး။ မိုက်ကယ်နဲ့ စကားပြောလေလေ၊ သူက ကလေးတစ်ယောက်နဲ့ လုံးဝမတူလေလေပဲ။ သူ့ရဲ့ စီးပွားရေး အမြင်က လူကြီးတွေကိုတောင် ယှဉ်နိုင်ပြီး သာလွန်နေတာပေါ့။

"ဟားဟား... အခုချက်ချင်းကြီးတော့ လောဘမကြီးပါနဲ့ဦး မိုက်ကယ်။ အရင်ဆုံး နင့်ရဲ့ ကားတွေနဲ့ပဲ စတင်ကြရအောင်။ လမ်းတွေကို အဆင့်မြှင့်တင်ဖို့ လိုလာတဲ့အခါကျရင်တော့ နင့်ကိုပဲ ပထမဆုံး စဉ်းစားပေးမှာပေါ့"

"ဘာလို့ အခုကတည်းက မစတာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

"မောင်ရင်တို့ဘက်က အဆင်သင့်မဖြစ်သေးလို့ပဲ" လို့ မြို့စားကတော်က ပြန်ပြောတယ်။

"မောင်ရင့်ရဲ့ တီထွင်မှုတွေက ကောင်းချင်ကောင်းလိမ့်မယ်၊ ဒါပေမဲ့ နင့်ကုမ္ပဏီက ဒီလိုအလုပ်ကြီးကို လုပ်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ တကယ်လို့ ငါက မက်ထရိုပိုလစ် တစ်မြို့လုံးရဲ့ လမ်းတွေကို နင့်ကို ပြင်ခွင့်ပေးလိုက်မယ်ဆိုရင် နင်က ဒီနယ်မြေရဲ့ စပွန်ဆာ ဖြစ်သွားသလိုမျိုး မြင်သွားကြလိမ့်မယ်။ နင့်ကုမ္ပဏီက အဲဒီအခြေအနေမျိုးကို ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူး"

မိုက်ကယ်က သူ့ကို ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေထဲမှာ အမြော်အမြင်ကြီးမားမှုကို မြင်လိုက်ရတယ်။ သူက မိုက်ကယ့်ကို အကြံဉာဏ်ပေးနေတာဖြစ်ပြီး ဒါကို လက်မခံရင်တော့ မိုက်ကယ်ပဲ မိုက်မဲရာကျတော့မှာပါ။

"ကောင်းပါပြီ" လို့ မိုက်ကယ်က သဘောတူ လက်ခံလိုက်တယ်။

"ဒါဆိုရင် အရင်ဆုံး ကားတွေနဲ့ပဲ စတာပေါ့"

* * * * * * * *

စာစဉ်(၄၂)

All Chapters