← Chapters

အခန်း ၅၀၂

Vol. 42 Ch. 502

အခန်း ၅၀၂

Vol. 42 Ch. 502

အခန်း(၅၀၂)

စိန်ခေါ်တိုက်ခိုက်ပွဲတစ်ခုမှာ ကလော်ဒီယာ ဒီလိုစကားမျိုး ကြားရတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါကလည်း မက်ထရိုပိုလစ်ဆိုတာ စည်းစနစ်ကျလွန်းတဲ့ နယ်မြေတစ်ခု ဖြစ်နေလို့လေ။ ဘယ်သူမဆို သူတို့ရဲ့ စံချိန်စံညွှန်းတွေအတိုင်း စမ်းသပ်စစ်ဆေးပြီးကြောင်း သက်သေမပြနိုင်တဲ့ ပစ္စည်းတစ်ခုကို လျှောက်ရောင်းလို့ မရဘူးလေ။

မြို့စားကတော်နဲ့ တော်ဝင်မိသားစုဟာ ဒီလို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ပဲ သူတို့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို အမြဲ အာမခံထားတာပါ။

အခုတော့ ပွဲတော်ရက်ရော လေလံပွဲရဲ့ ဖိအားတွေကြောင့်ပါ လူအများစုဟာ အများပြည်သူတွေနဲ့ မကြာခင် ရောက်လာတော့မယ့် ခရီးသွားဧည့်သည်တွေကို ရောင်းချဖို့အတွက် ပိုကောင်းတဲ့ ပစ္စည်းတွေကို အသည်းအသန် ရှာဖွေနေကြရတယ်။

တခြားတိုက်က လာမယ့် ခရီးသွားဧည့်သည်တွေဟာ လုံးဝကို ကွဲပြားခြားနားတဲ့ လူနေမှုပုံစံနဲ့ နေထိုင်ကြတယ်ဆိုတာ လူတိုင်း သိကြတာပဲ။ ဒါကြောင့် တော်ဝင်တိုက်ကြီးမှာရှိတဲ့ လူတွေအတွက် အသုံးဝင်မယ့် ပစ္စည်းတွေဟာ ရောက်လာမယ့် ခရီးသွားဧည့်သည်တွေအတွက်တော့ လိုချင်စရာ ဖြစ်ချင်မှ ဖြစ်မှာပါ။ ကိုယ့်ဆီမှာ ရှားပါးတဲ့ပစ္စည်းက သူတို့တိုက်မှာတော့ ရိုးရိုးပစ္စည်း ဖြစ်နေနိုင်သလို အပြန်အလှန်အားဖြင့်လည်း ဖြစ်နိုင်တာပဲလေ။

ဒါကြောင့်မို့လို့ ကုမ္ပဏီအတော်များများဟာ အဲဒီခရီးသွားဧည့်သည်တွေ သူတို့ဆီကနေ ဝယ်ယူချင်စိတ်ပေါက်လာအောင် ဆွဲဆောင်နိုင်မယ့် ပစ္စည်းအသစ်တွေကို စတင်ထုတ်လုပ်နေကြပြီ။

ဒီနေရာမှာတင် ကုမ္ပဏီအများစုအတွက် ပြဿနာက စတာပါပဲ။ တော်ဝင်မိသားစုဆီကနေ စစ်ဆေးပေးဖို့ တောင်းဆိုထားတဲ့ လူဦးရေပမာဏဟာ သောင်းနဲ့ချီပြီး ရှိနေတာပေါ့။ အရေအတွက်က တကယ်ကို များလွန်းနေတယ်။

ပြီးတော့ စစ်ဆေးမှုတစ်ခုဟာ အစောဆုံး တစ်ရက်ကနေ အနှေးဆုံး တစ်ပတ်လောက်အထိ ကြာတတ်တာကြောင့် ကုမ္ပဏီအတော်များများဟာ သက်ဆိုင်ရာအာဏာပိုင်တွေဆီကနေ သူတို့ပစ္စည်းတွေကို အသိအမှတ်ပြုချက်ရဖို့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်အထိ စောင့်ရနိုင်တယ်ဆိုတဲ့ အသိကို ရင်ဆိုင်လိုက်ရတယ်။ အဲဒါက တကယ်ကို နောက်ကျလွန်းသွားပြီ။

ဒါပေါ့... လူအများစုက သူတို့ပစ္စည်းတွေကို အသိအမှတ်ပြုချက်မယူဘဲ ရောင်းဖို့ ရွေးချယ်လို့ရတာပဲ။ ဒါပေမဲ့လည်း ခရီးသွားဧည့်သည်တွေဟာ မြို့စားကတော်ရဲ့ တရားဝင်တံဆိပ်ခတ်နှိပ်ထားတဲ့ ကုမ္ပဏီတွေဆီကနေပဲ ပိုပြီး ဝယ်ယူကြမှာလေ။ ဒါကြောင့် လူတွေဟာ သူတို့ရဲ့ ပစ္စည်းတွေကို စစ်ဆေးခွင့်ရဖို့ အသည်းအသန် ဖြစ်နေကြတုန်းပဲ။

အဲဒါကြောင့်ပဲ ကုမ္ပဏီအတော်များများဟာ ပိုကောင်းတဲ့နေရာတစ်ခု ရဖို့အတွက် တခြားကုမ္ပဏီတွေနဲ့ စိန်ခေါ်တိုက်ခိုက်ပွဲတွေ လုပ်ပြီး လုယူဖို့ ရွေးချယ်ခဲ့ကြတာပေါ့။

"စိတ်မကောင်းပါဘူး... ဒါပေမဲ့ ရှင်တို့အနေနဲ့ ကိုယ့်အတွက် သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားကိုပဲ စောင့်ရမှာပါ" လို့ ကလော်ဒီယာက မိကျောင်းခေါင်းတိုလူသားနဲ့ မိကျောင်းလူသားကို တောင်းပန်တဲ့ စကား ဆိုလိုက်တယ်။

ကုမ္ပဏီပိုင်ရှင်နှစ်ယောက်ဟာ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ရိုးရိုးသားသားပဲ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

ကွက်တိပဲ... ကလော်ဒီယာဟာ သူ့ပုခုံးကို တစ်ယောက်ယောက်က လာပုတ်တာကို ခံစားလိုက်ရပြန်တယ်။

'ဘာဖြစ်လို့လဲ' လို့ သူက နည်းနည်း စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်တယ်။

ဒါဟာ သူ့ရဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်ဖြစ်ပြီး စိန်ခေါ်တိုက်ခိုက်ပွဲ လုပ်ချင်နေတဲ့ တခြားကုမ္ပဏီအုပ်စုတစ်စုအကြောင်း လာပြောတာနေမှာပဲလို့ ကလော်ဒီယာ တွေးလိုက်မိတယ်။

"မစ္စ ကလော်ဒီယာ... မြို့တံခါးဝမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေတယ်... တချို့ဆို ကျွန်မတို့ကို စီးနင်းတိုက်ခိုက်တော့မယ်လို့တောင် ပြောနေကြတယ်"

သူ ဒီလိုသတင်းမျိုးကို လုံးဝ မျှော်လင့်မထားခဲ့ဘူး။ ကလော်ဒီယာဟာ ချက်ချင်းပဲ မြင်းပေါ်တက်ပြီး တောင်ဘက်တံတိုင်းဝင်ပေါက်ဆီကို အမြန်မောင်းနှင်သွားခဲ့တယ်၊ အဲဒီနေရာရဲ့ လမ်းမတွေပေါ်မှာ လူအုပ်ကြီးက အုံနဲ့ကျင်းနဲ့ စုရုံးနေကြပြီ။

သူ့ရဲ့ အရှိန်အဝါကို သုံးပြီး ကလော်ဒီယာဟာ လူအုပ်ကြီးကို တိုးဝှေ့ကာ ရှေ့ဆုံးတန်းကို ထွက်လာခဲ့တယ်၊ အဲဒီမှာတော့ စစ်သည်တော်တွေဟာ လူအုပ်ကို အနားမကပ်နိုင်အောင် တားဆီးထားကြတာပါ။

"ဘာတွေ ဖြစ်နေတာလဲ" လို့ သူက စစ်သည်တော်တွေကို မေးလိုက်တယ်။

စစ်သည်တော်တစ်ယောက်က အလေးပြုပြီးမှ ရှင်းပြတယ်။

"ဟိုးက သံထည်ပစ္စည်းကြီးတွေကြောင့်ပါ သခင်မ" သူက မိုးကုပ်စက်ဝိုင်းဆီကို လက်ညှိုးထိုးပြတယ်၊ အဲဒီမှာ မိစ္ဆာတွေလို ဖြစ်နေတဲ့ ဧရာမသံထည်ပစ္စည်းကြီး ဆယ်ခုဟာ မက်ထရိုပိုလစ်ဆီကို အရှိန်အဟုန်နဲ့ မောင်းနှင်လာပြီး သူတို့နောက်မှာ ဖုန်မှုန့်မုန်တိုင်းတွေ တလိပ်လိပ် တက်နေတာပေါ့။

ကြည့်ရတာ မိစ္ဆာအုပ်စုတစ်စုရဲ့ ကျူးကျော်မှုကို ခံနေရတာနဲ့ လုံးဝ တူနေခဲ့တယ်။

"အို... ဘုရားသခင်... စစ်သည်တော်တွေနဲ့ ကောင်းကင်ဘုံစစ်သည်တော်တွေ ဘယ်ရောက်နေကြတာလဲ"

"ငါတို့တွေ ဘေးလွတ်ရာ ရှောင်ရမလား"

"လျှောက်မပြောနဲ့... ငါတို့ရဲ့ စစ်သည်တော်တွေက ငါတို့ကို ဘယ်ရန်သူ့ဆီကမဆို ကာကွယ်ပေးမှာပါ"

အဲဒီ သံထည်ပစ္စည်းကြီးတွေ ပိုပြီး နီးကပ်လာလေ လူတွေ ပိုပြီး စုရုံးလာလေပဲ။ စစ်သည်တော်တွေက ဘာမှမလုပ်ဘဲ သူတို့ကို ဒီလောက်အထိ ဘာလို့ အနားပေးကပ်ထားရတာလဲဆိုတာ လူအတော်များများက တွေးတောနေကြတယ်။

အမည်မသိ သံထည် စစ်တပ်ကြီး မြို့တံခါးဝရှေ့ တည့်တည့်မှာ ရပ်လိုက်တဲ့အချိန်မှာတော့ လူတိုင်း အသက်ရှူဖို့တောင် မေ့သွားကြတယ်။

ကြားနေရတဲ့ တစ်ခုတည်းသော အရာကတော့ တိုးညင်းတဲ့ အသက်ရှူသံတွေနဲ့ ထရပ်ကား အင်ဂျင်တွေရဲ့ မြည်ဟည်းသံတွေပဲ။

အဲဒီအချိန်မှာပဲ တံခါးပွင့်လာပြီး လူသားတစ်ယောက် ထွက်လာကာ အစောင့်တွေဆီကို လျှောက်သွားခဲ့တယ်။

"ဘာလဲ... မိစ္ဆာ မဟုတ်ဘူးလား"

"အိမ်မွေး သားရဲ ဖြစ်နေမလား..."

"ဒါနဲ့ သူတို့က ဘယ်သူတွေလဲ"

လူအုပ်ကြီးဆီကနေ မေးခွန်းတွေ အများကြီး ထွက်ပေါ်လာတယ်။ ဒါပေမဲ့ စစ်သည်တော်တွေကတော့ သူတို့ရဲ့ ဘယ်မေးခွန်းကိုမှ မဖြေဘဲ ထရပ်ကားပေါ်က ဆင်းလာတဲ့ လူနဲ့ပဲ ဆက်ပြီး စကားပြောနေခဲ့ကြတယ်။

အတန်ကြာတော့ သဘောတူညီမှုတစ်ခု ရသွားပုံပဲ၊ စစ်သည်တော်တွေက ထရပ်ကားမောင်းသမားကို ဦးညွှတ်လိုက်ပြီး လူအုပ်ကြီးကို လူစုခွဲဖို့ စတင် ညွှန်ကြားတော့တယ်။

"လမ်းပေါ်ကနေ ဖယ်ပေးကြပါ... ထရပ်ကားတွေ တံခါးကို ဖြတ်တော့မယ်" လို့ သူတို့က အမိန့်ပေးလိုက်တယ်။

စစ်သည်တော်ရဲ့ အဲဒီစကားတစ်ခွန်းကြောင့် ကလော်ဒီယာ အပါအဝင် လူအုပ်ကြီးဆီကနေ အံ့ဩမှင်တက်သံတွေ ထွက်ပေါ်လာခဲ့တယ်။ သူက တခြားသူတွေထက် ပိုပြီး မြန်မြန် သဘောပေါက်သွားခဲ့တယ်၊ ဒီသံထည် မိစ္ဆာကြီးတွေဟာ တော်ဝင်မိသားစုရဲ့ ခွင့်ပြုချက် ရထားတာ ဖြစ်ရမယ်ဆိုတာကိုပေါ့။

"ခွင့်လွှတ်ပါ... ရိုင်းပျသလို ဖြစ်သွားရင်လည်း တောင်းပန်ပါတယ်၊ ဒါပေမဲ့ သူတို့ကို မက်ထရိုပိုလစ်ထဲ ဝင်ခွင့် ဘာလို့ ပေးလိုက်တာလဲ... ကျွန်တော် ဒီလိုမိစ္ဆာမျိုး တစ်ခါမှ မမြင်ဖူးဘူး" လို့ လူအုပ်ထဲက တစ်ယောက်က မေးလိုက်တယ်။

"ဒါက မိစ္ဆာ မဟုတ်ဘူး... ဒါက မက်ထရိုပိုလစ် နယ်မြေထဲကို ဝင်ရောက်ဖို့ ခွင့်ပြုချက်ရထားတဲ့ ယာဉ်တစ်မျိုးပဲ" လို့ စစ်သည်တော်က ထပ်လောင်း ပြောကြားလိုက်တယ်။

နောက်တစ်ကြိမ် လူတိုင်း အံ့ဩသွားကြပြန်တယ်။ ဒါက ယာဉ်တစ်မျိုး ဟုတ်လား... ရိုးရိုးနည်းလမ်းတွေနဲ့ ရွှေ့ဖို့ဆိုတာ ကြီးလွန်းပြီး လေးလွန်းတဲ့ ပုံစံမျိုး ဖြစ်နေတာကို။

"အဲဒီတော့ ဒီယာဉ်က တော်ဝင်မိသားစုရဲ့ အသိအမှတ်ပြုမှုကို ရထားတာပေါ့ ဟုတ်လား"

စစ်သည်တော်က ခေါင်းငြိမ့်ပြတယ်။ "မှန်တယ်"

"ဟင်... ကျွန်တော် စစ်ဆေးဖို့ စောင့်ဆိုင်းနေတဲ့ စာရင်းထဲမှာ ဒီယာဉ်ကို မမြင်မိပါဘူး... ဒါကို တစ်ခါမှလည်း မမြင်ဖူးတာမို့ ဒီလောက်အမြန်ကြီး အသိအမှတ်ပြုချက် ရစရာ အကြောင်းမရှိဘူး... သူတို့ကို ဝင်ခွင့်မပြုခင် လမ်းမတွေပေါ်မှာ အနည်းဆုံး တစ်လလောက် စမ်းသပ်မောင်းနှင်ရမှာလေ"

အဲဒီလို မေးလိုက်တဲ့သူက သူ့ရဲ့ ပစ္စည်းကို စစ်ဆေးဖို့ စောင့်ဆိုင်းနေရတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်နေတာပါ။ ဒါကြောင့် သူက သူပြောတဲ့အကြောင်းအရာကို ကောင်းကောင်း သိနေတာပေါ့။

ဒီအချက်က လူတိုင်းကို အချင်းချင်း စကားတွေ ပြောလာစေပြီး ထရပ်ကားတွေ ဝင်ရောက်မှုကို ပိုပြီး ကြန့်ကြာသွားစေခဲ့တယ်။

စစ်သည်တော်ဟာ သူ့လှံရဲ့ အောက်ခြေကို မြေကြီးပေါ် ဓုန်းခနဲ ဆောင့်လိုက်ပြီး လူတိုင်းရဲ့ အာရုံစိုက်မှုကို တောင်းဆိုလိုက်တယ်။

"ထရပ်ကားတွေကို မနှောင့်နှေးပါစေနဲ့... ဒါတွေက မြို့စားကတော် ကိုယ်တိုင် အသိအမှတ်ပြုထားတာတွေ"

ဒီစကားက ပိုပြီးတော့တောင် အံ့ဩတုန်လှုပ်စရာ ဖြစ်သွားစေခဲ့တယ်။ လမ်းမတွေပေါ်မှာ ဘာလို့ တစ်လလောက် စမ်းသပ်စရာမလိုလဲဆိုတာ မဆန်းတော့ပါဘူး။ မြို့စားကတော် ကိုယ်တိုင်က ဒီယာဉ်ကို သူ့ရဲ့ တံဆိပ်တော် အပ်နှင်းထားတာကိုး။

ဒီလိုနဲ့ ထရပ်ကားကြီးတွေဟာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်ကာ အန္တရာယ်ရှိနိုင်တဲ့ ယာဉ်ကြီးတွေအဖြစ်ကနေ အများပြည်သူတွေ တကယ်ကို စိတ်ဝင်တစား ဖြစ်ရမယ့်အရာ ဖြစ်သွားတော့တယ်။

မြို့စားကတော်ရဲ့ အသိအမှတ်ပြုမှုကိုတောင် ရထားတဲ့ ဒီယာဉ်ကြီးတွေရဲ့ ဘာတွေက ကောင်းနေလို့လဲ။

နောက်ဆုံးတော့ စစ်သည်တော်တွေဟာ လူတွေကို လမ်းမပေါ်ကနေ လူသွားလမ်းဘေးဆီကို လမ်းညွှန် ဖယ်ရှားပေးနိုင်ခဲ့ပြီ။

ဒါကြောင့် ထရပ်ကားတွေဟာ မက်ထရိုပိုလစ်ရဲ့ တံခါးတွေကို ဖြတ်ကျော်ပြီး လမ်းမတွေပေါ်ကို စတင် မောင်းနှင်လာနိုင်ခဲ့တယ်။

ထရပ်ကားကြီးတွေဟာ မြင်းရထားတွေအားလုံးကို ကျော်လွန်ပြီး မြင့်မားနေတာကြောင့် မြင်းတွေကို လန့်ဖျပ်ပြီး ဟီတွန်သွားစေခဲ့တယ်။

ထရပ်ကားရဲ့ အလေးချိန်နဲ့ အရွယ်အစားကြောင့်တင်ပဲ ဖြတ်သန်းသွားတဲ့အခါ မြေကြီးထဲမှာ တုန်ခါမှုအနည်းငယ်ကို ဖြစ်ပေါ်စေခဲ့တာပေါ့။

ထရပ်ကားတန်းကြီး ဖြတ်သန်းသွားတဲ့အခါမှာတော့ လူတွေဟာ သူတို့တင်ဆောင်လာတဲ့ ပစ္စည်းတွေကို အပြည့်အစုံ မြင်တွေ့လိုက်ရပြီ။

ထရပ်ကားရဲ့ နောက်ဘက်က တွဲလုံးကို အလျားလိုက်ရော အနံလိုက်ပါ ဖြတ်သန်းထားတဲ့ သံဇကာကွက်တွေနဲ့ ပြုလုပ်ထားတာကြောင့် လူတွေဟာ အပေါက်တွေထဲကနေ တစ်ဆင့် အထဲမှာ ဘာရှိလဲဆိုတာကို လှမ်းကြည့်နိုင်ကြတယ်။

အဲဒီနေရာမှာတင် သူတို့ဟာ ထရပ်ကားရဲ့ စွမ်းဆောင်ရည်ကို တစ်ချက်မျှ မြင်တွေ့ခွင့်ရလိုက်ကြတာပါ။

"ကြည့်စမ်း... အဲဒီအထဲမှာ သံမဏိချောင်းတွေ ကီလိုဂရမ် တစ်ထောင်လောက် ရှိရမယ်" လို့ ပထမဆုံး ထရပ်ကားကို ကြည့်ပြီး လူတစ်ယောက်က ပြောလိုက်တယ်။ အဲဒီကားက သံမဏိချောင်းတွေကိုပဲ တင်ဆောင်ထားပြီး တခြားဘာမှ မပါဘူးလေ။

"မဖြစ်နိုင်တာ... ဒီအရာကြီးက ဒီလောက်အများကြီး သယ်နိုင်တယ် ဟုတ်လား... ဘယ်လိုမျိုး မောင်းနေတာပါလိမ့်"

"ဒီလောက်များတဲ့ သံထည်တွေကို သယ်ဖို့ဆိုရင် အနည်းဆုံး မြင်းရထား အစီးနှစ်ဆယ်လောက် လိုမှာ... ဒါပေမဲ့ ဒီယာဉ်ကတော့ တစ်စီးတည်းနဲ့တင် ရနေတာပဲလား..."

* * * * * * * *

စာစဉ်(၄၂)

All Chapters