← Chapters

အခန်း ၅၀၃

Vol. 42 Ch. 503

အခန်း ၅၀၃

Vol. 42 Ch. 503

အခန်း(၅၀၃)

ယာဉ်တစ်စီးတည်းနဲ့ ဒီလောက်အများကြီး သယ်နိုင်လိမ့်မယ်ဆိုတာကို လူအတော်များများက လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အံ့အားသင့်မှုက ဒီတင်တင် ရပ်မသွားပါဘူး။

“ဒါ ဘာအနံ့လဲ။ ဒါ သစ်ပင်များနှင့် စကားပြောသူ မဟုတ်လား။ မဖြစ်နိုင်တာ” လို့ ဘေးကနေ ကြည့်နေတဲ့သူတစ်ယောက်က အံ့ဩတုန်လှုပ်စွာနဲ့ ရေရွတ်လိုက်မိတယ်။

ကုန်တင်ကားကြီးတစ်စီးပေါ်မှာ ကင်းစ်နယ်မြေမှာပဲ သီးသန့်တွေ့ရတတ်တဲ့ ထူးခြားဆန်းပြားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဆေးဖက်ဝင်အပင်တွေကို တင်ဆောင်လာတာပါ။ မက်ထရိုပိုလစ်က လူတွေဆိုရင် ဒါတွေက ဘာလဲဆိုတာကိုတောင် လုံးဝ မသိကြပါဘူး။ ဒါပေမဲ့ လူအုပ်ထဲမှာတော့ အဲဒီဟင်းခတ်အမွှေးအကြိုင်တွေအကြောင်း ကောင်းကောင်းနားလည်တဲ့ နှံ့စပ်သူ အနည်းငယ် ရှိနေတာမို့ သူတို့ ပေါ်လာတာကို မြင်ပြီး မှင်တက်သွားကြတာ ဖြစ်တယ်။

“အစ်ကို... ဒီအပင်အနည်းငယ်က ဘာများ အောက်မေ့လို့ အဲလောက်တောင် အရေးတကြီး ဖြစ်ပျက်နေရတာလဲ” လို့ ဘေးနားမှာရှိတဲ့ လူက လှမ်းမေးလိုက်တယ်။

“သစ်ပင်များနှင့် စကားပြောသူက ကင်းစ်နယ်မြေမှာပဲ ရှိတာလေ” လို့ သူက ပြန်ဖြေလိုက်ပါတယ်။

ဒါကို လူတိုင်း ကြားလိုက်ရတဲ့အခါမှာတော့ တအံ့တဩနဲ့ တိုးတိုးတိတ်တိတ် ရေရွတ်ကုန်ကြတယ်။ ဒီ ‘ယာဉ်’ က ကင်းစ်နယ်မြေကနေ ဒီအထိ တစ်လမ်းလုံး မောင်းနှင်လာနိုင်တယ်ဆိုတဲ့ အချက်က ဝေးလံတဲ့ ခရီးအကွာအဝေးကို ဖြတ်သန်းခဲ့ရပေမဲ့ ခိုင်ခံ့မှုရှိကြောင်း သက်သေပြနေတာပဲ။

သို့သော်လည်း လူအုပ်ထဲက အကြောင်းစုံသိတဲ့ လူအတွက်တော့ ဒီအလုပ်က ဘယ်လောက်အထိ အထင်ကြီးစရာကောင်းလဲဆိုတာကို ဘေးကလူတွေ သဘောမပေါက်ကြသေးဘူးလို့ သူက တွေးနေမိတယ်။

“မင်းတို့ နားမလည်ကြသေးဘူး။ သစ်ပင်များနှင့် စကားပြောသူက မြေကြီးထဲကနေ နှုတ်ယူပြီးရင် လဝက်အတွင်းမှာတင် ညှိုးနွမ်းသွားတတ်တာ။ ဒါပေမဲ့ အခု ဒီမှာရှိတဲ့ အပင်ကတော့ ထင်ထင်ရှားရှားကြီး လတ်လတ်ဆတ်ဆတ် ရှိနေသေးတယ်”

သူ့စကားကို နားလည်သွားတဲ့သူတွေက အဖြစ်မှန်ကို သဘောပေါက်သွားပြီး အံ့ဩတုန်လှုပ်ကုန်ကြတယ်။

အကယ်၍ ကုန်တင်ကားထဲမှာ စနစ်တကျ ကောင်းမွန်နေဆဲဖြစ်တဲ့ သစ်ပင်များနှင့် စကားပြောသူတွေ ပါလာတယ်ဆိုရင် ဒါဟာ ကင်းစ်နယ်မြေကနေ ဒီက မက်ထရိုပိုလစ်အထိ လဝက်မပြည့်တဲ့ အချိန်အတွင်းမှာ ရောက်အောင် မောင်းနှင်လာခဲ့တာလို့ အဓိပ္ပာယ်ရတာပေါ့။

ဒါက သူတို့ရဲ့ အတွေးအမြင်နဲ့ဆိုရင် စဉ်းစားလို့တောင် မရနိုင်တဲ့ အရာပဲ။

အကောင်းဆုံး မြင်းတွေကို တပ်ဆင်ထားတဲ့ အကောင်းဆုံး မြင်းရထားတွေတောင်မှ ကင်းစ်နယ်မြေကနေ မက်ထရိုပိုလစ်ကို ရောက်ဖို့ သုံးလကနေ လေးလလောက်အထိ အချိန်ယူရတာလေ။

* * * * * * * *

အမှန်တော့ ကုန်တင်ကားကြီးတွေက ဒီလောက်အထိ မြန်မြန်မောင်းနိုင်တယ်လို့ တွေးမယ့်အစား လူအတော်များများက ဒီလိုမြန်ဆန်တဲ့ အချိန်ကို ရရှိဖို့အတွက် မှော်အတတ်ရဲ့ ကူညီစွမ်းဆောင်မှု ပါဝင်လိမ့်မယ်လို့ပဲ ယုံကြည်ချင်ကြတယ်။ ခရီးစဉ်ကို မြန်ဆန်အောင် ကူညီပေးတာ ဒါမှမဟုတ် ထူးခြားဆန်းပြားတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ပုပ်သိုးပျက်စီးမှုကို နှောင့်နှေးအောင် လုပ်ပေးနိုင်တဲ့ ကြယ်ခုနစ်ပွင့် ဒါမှမဟုတ် ကြယ်ရှစ်ပွင့် မှော်ကဝေတစ်ယောက်ရဲ့ အကူအညီသာ ပါမယ်ဆိုရင် အဲဒီကုန်တင်ကားကြီးတွေအနေနဲ့ အခုလို စွမ်းဆောင်နိုင်ဖို့က ဖြစ်နိုင်ခြေထက်ကို ပိုနေတာပဲ။

ဒါကြောင့်မို့လည်း လူအတော်များများက ဒီကုန်တင်ကားကြီးတွေကို လက်ဂါစီ့စ်တွေထဲက တစ်ယောက်ယောက်က ပိုင်ဆိုင်တာလို့ ထင်နေကြတာပါ။ အဆုံးသတ်မှာတော့ ပစ္စည်းတွေကို ဒီလိုမျိုး အကုန်အကျများလှတဲ့ နည်းလမ်းနဲ့ သယ်ယူပို့ဆောင်ဖို့အတွက် ငွေကြေးနဲ့ အရင်းအမြစ်ကို သူတို့ပဲ စိုက်ထုတ်နိုင်တာလေ။

“အဲဒီအထဲမှာ မှော်ကဝေတစ်ယောက် ပါဝင်နေတယ်လို့ မင်းတို့ ထင်လား”

“ငါ့အထင်တော့ အဲဒီသံသေတ္တာကြီးထဲမှာ ယဉ်ပါးအောင် မွေးထားတဲ့ မိစ္ဆာတစ်ကောင် ရှိနေလိမ့်မယ်။ ဒီလောက်ကြီး လေးလံနေတာတောင် အဲဒါကြောင့် ရွေ့လျားနေတာ ဖြစ်နိုင်တယ်”

“ဘယ်သူများလဲလို့ ငါ သိချင်မိတယ်။ သူတို့က မှော်ပညာရှင်အစည်းအရုံးကများ ဖြစ်မလား”

“အဲလ်ရစ်ရဲ့ ဂီလ်ဒါရန် ကုမ္ပဏီက အစွမ်းထက်တဲ့ မှော်စွမ်းအား အသုံးချသူတစ်ယောက် ရှိတယ်လို့ ငါ ကြားဖူးတယ်”

“ကွန့်ချ် ကုမ္ပဏီကလည်း ဖြစ်နိုင်တာပဲ။ ဘော်ဘီတစ်ယောက်ပဲ ဒီလိုမျိုး ခမ်းနားထည်ဝါတဲ့ သတ္တုလက်ရာကို ဖန်တီးနိုင်တာ”

အများပြည်သူတွေကတော့ သူတို့ရဲ့ ထင်မြင်ချက်တွေကို အသီးသီး ပေးနေကြတယ်။

လူအများအပြားက ကုန်တင်ကားကြီးနောက်ကို လိုက်သွားကြပြီး အဲဒီကားက မြို့စားကတော်ရဲ့ ရဲတိုက်အနီးက စွန့်ပစ်ထားတဲ့ အိမ်တော်ကြီးတစ်ခုဆီမှာ ဆိုက်ရောက်သွားတာကို တွေ့လိုက်ရတယ်။

အဲဒီနေရာမှာ ကုန်တင်ကားကြီးတွေက ရပ်နားလိုက်ပြီး လူတွေက ကုန်ပစ္စည်းတွေအားလုံးကို စတင်ချကြတော့တယ်။ ရီနေးတာနိုင်ငံသားးတွေက တိတ်တဆိတ်ပဲ အလုပ်လုပ်နေကြပြီး သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို အသုံးပြုလို့ သံမဏိတန်းတွေ၊ လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ သူတို့ရဲ့ ဆိုဒါစက်ရုံအသစ်အတွက် လိုအပ်တဲ့ အခြား ဆောက်လုပ်ရေးပစ္စည်းတွေကို လွယ်လွယ်ကူကူပဲ ရွှေ့ပြောင်းနေကြတယ်။

“ဒီမြေကို ဘယ်သူပိုင်လဲဆိုတာ သိတဲ့သူ ရှိလား”

“ဒီအိမ်တော်ကြီးထဲမှာ လူတွေရှိနေတယ်ဆိုတာကို ငါ လုံးဝ မသိခဲ့ဘူး။ အမြဲတမ်း စွန့်ပစ်ထားတာလို့ပဲ ထင်နေခဲ့တာ”

မိနစ်အနည်းငယ်မျှသာ ကြာပြီးတဲ့နောက်မှာ ကုန်တင်ကားကြီးတွေက ကုန်ပစ္စည်းတွေအားလုံးကို အပြည့်အစုံ ချလို့ ပြီးသွားခဲ့ပြီ။ ပြီးတာနဲ့ ချက်ချင်းပဲ အိမ်တော်ဝန်းထဲကနေ ထွက်ခွာသွားကြပြီး မက်ထရိုပိုလစ် မြို့ရိုးတွေဆီကို ပြန်လှည့်သွားကြတယ်။

ကုန်တင်ကားကြီးတွေက ရောက်လာတုန်းကလိုပဲ လျင်လျင်မြန်မြန် ပြန်ထွက်သွားကြတာပါ။

ဒီကုန်တင်ကားကြီးတွေက မက်ထရိုပိုလစ်ထဲမှာ နာရီဝက်မပြည့်တဲ့ အချိန်လောက်သာ ပေါ်လာခဲ့တာ ဖြစ်ပေမဲ့ သူတို့ ဖန်တီးလိုက်တဲ့ လှုပ်ခတ်မှုကတော့ နယ်မြေရဲ့ အကြိုအကြားမကျန် နေရာတိုင်းဆီ ပျံ့နှံ့ ရိုက်ခတ်သွားခဲ့တယ်။ တကယ်တော့ လူတိုင်းနီးပါး ဒါကို ကြားသိသွားကြတာ ဖြစ်တယ်။

အခုနေရာက လူမှုကွန်ရက်မရှိတဲ့ နေရာလေ။ အရာအားလုံးက တစ်ဆင့်စကားတစ်ဆင့်နဲ့ ပျံ့နှံ့သွားတာပါ။

လူအတော်များများက ဒါကို လှည့်စားမှုတစ်ခု ဒါမှမဟုတ် လူတွေအာရုံစိုက်ခံရအောင် ဖန်တီးထားတဲ့ ဒဏ္ဍာရီတစ်ခုလို့ပဲ ထင်နေကြတယ်။ သို့သော်လည်း ကုန်တင်ကားကြီးတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ လူတွေက သိပ်ကို များပြားလွန်းနေတာမို့ ဒါကို အလိမ်အညာလို့ ပြောဖို့ မဖြစ်နိုင်ပါဘူး။

ဒါတင်မကဘဲ မြို့စားကတော်ကိုယ်တိုင်က ကုန်တင်ကားကြီးတွေ ဝင်ရောက်ဖို့အတွက် ခွင့်ပြုချက်ပေးခဲ့တယ်ဆိုတဲ့ အချက်ကလည်း ဒီသတင်းတွေက တကယ်ပဲ အမှန်ဖြစ်နိုင်ကြောင်း ညွှန်ပြနေခဲ့တယ်။

ဥပမာအားဖြင့် မှော်မျှော်စင်ကတော့ ဒီလိုမျိုး ကုန်တင်ကားတစ်စီးက ဘယ်လိုနည်းနဲ့ ဖြစ်နိုင်မလဲဆိုတာကို ဆွေးနွေးရင်း နောက်တစ်ကြိမ် ထပ်ပြီး ဖရိုဖရဲ ဖြစ်နေကြပြန်တယ်။

“လူကြီးမင်းတို့... အဲဒီကုန်တင်ကားကြီးတွေက မှော်အတတ်နဲ့ မောင်းနှင်တာ ဖြစ်နိုင်ပါ့မလား”

“အကယ်၍ ကုန်တင်ကားတွေအကြောင်း သတင်းတွေက အမှန်ဆိုရင်တော့ ဖြစ်ရလိမ့်မယ်။ ဒါကလွဲလို့ တခြား ရှင်းပြချက် မရှိဘူး။ ဒီလောက်ကြီးမားပြီး လေးလံတဲ့ ယာဉ်တစ်စီးက ကင်းစ်နယ်မြေကနေ မက်ထရိုပိုလစ်အထိ တစ်လမ်းလုံး ဘယ်လိုလုပ် မောင်းနှင်လာနိုင်မှာလဲ”

“ဒါဆိုရင် ဘယ်လိုမှော်မျိုးက ဒီလိုမျိုး လုပ်နိုင်မှာလဲ”

မှော်ကဝေတွေနဲ့ မှော်ဆရာတွေက ကုန်တင်ကားကြီးတွေ စွမ်းဆောင်သွားခဲ့တဲ့ အရာကို လုပ်ဆောင်နိုင်မယ့် သူတို့သိထားသမျှ မှော်မန္တန်တွေကို စဉ်းစားဖို့ ကြိုးစားရင်း တိတ်ဆိတ်စွာ အတွေး နစ်ဝင်သွားကြတယ်။

“အရာဝတ္ထု ပျံသန်းခြင်း မန္တန်များ ဖြစ်မလား။ အတားအဆီးတွေကို ဖြတ်သန်းသွားစရာ မလိုတော့တဲ့အတွက် ခရီးစဉ်အကွာအဝေးကို သိသိသာသာ လျှော့ချပေးနိုင်လိမ့်မယ်”

“ဒါက မဖြစ်နိုင်တာပဲ။ ဒါမျိုး ဖြစ်လာဖို့အတွက် ကြယ်ခုနစ်ပွင့် မှော်ကဝေ ဆယ်ယောက်က အဲဒီမန္တန်ကို အဆက်မပြတ်ဆက်တိုက်ရိုက် ရွတ်ဆိုနေဖို့ လိုအပ်လိမ့်မယ်”

အခန်းထဲမှာ နောက်တစ်ကြိမ် ထပ်ပြီး တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားပြန်တယ်။

“ဒါက ဘယ်လိုမျိုး ဖြစ်နိုင်လဲဆိုတာကို ငါတို့ သိရမယ်” လို့ ဝါရင့်မှော်ဆရာကြီးတစ်ယောက်က ပြောလိုက်တယ်။ “ဒါဆိုရင် ငါတို့ရဲ့ ဆေးရည်တွေအတွက် ပါဝင်ပစ္စည်းတွေ ရှာဖွေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်။ ငါတို့အနေနဲ့ ငွေအမြောက်အမြားကို သက်သာစေမှာဖြစ်ပြီး ငါတို့ရဲ့ ကျင့်စဉ်ကိုတောင် နှစ်ဆထက်မက တိုးတက်စေနိုင်တယ်”

အကယ်၍ သူတို့သာ ကုန်တင်ကားကြီးတွေရဲ့ သယ်ဆောင်နိုင်စွမ်းကို အသုံးပြုခွင့်ရမယ်ဆိုရင် သူတို့ရဲ့ သုတေသနလုပ်ငန်းတွေမှာ ကူညီဖို့ တိုက်ကြီးရဲ့ နေရာအနှံ့အပြားက ပစ္စည်းတွေကို သယ်ယူနိုင်မှာဖြစ်ပြီး နောက်ထပ် ကြယ်ပွင့်နယ်ပယ်ဆီ အဆင့်တက် ဖောက်ထွက်နိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်။

ဒါက ကုန်တင်ကားကြီးတွေကို မှော်အတတ်နဲ့ ပြန်လည်ဖန်တီးမယ့် နည်းလမ်းကို ရှာဖွေဖို့ သူတို့ စွဲစွဲမြဲမြဲ အာရုံစိုက်နေရတဲ့ အကြောင်းအရင်းပဲ။

သို့သော်လည်း သူတို့ရဲ့ ဉာဏ်ပညာအားလုံးကို ပေါင်းစပ်လိုက်ရင်တောင်မှ ကုန်တင်ကားကြီးလို လေးလံတဲ့အရာကို ဒီလောက်အထိ မြန်ဆန်တဲ့ အရှိန်နဲ့ မောင်းနှင်နိုင်မယ့် နည်းလမ်းကို ရှာမတွေ့နိုင်ကြပါဘူး။ ဒါက ရိုးရိုးရှင်းရှင်းကြီး မဖြစ်နိုင်သလို ထိရောက်မှုလည်း မရှိတာလေ။

“သူတို့က ဒါကို ဘယ်လိုမျိုးတောင် လုပ်နိုင်ကြတာလဲ”

“ငါတို့ မသိသေးတဲ့ မှော်ပညာရဲ့ အသစ်စက်စက် ဖောက်ထွက်မှုတစ်ခုများ ရှိနေတာလား”

“ဒါကို လှုပ်ရှားစေဖို့အတွက် အဲဒီအရာတွေထဲမှာ တကယ်ပဲ ယဉ်ပါးအောင် မွေးထားတဲ့ မိစ္ဆာတစ်ကောင် ရှိနေတာလည်း ဖြစ်နိုင်တာပဲ”

ကွက်တိပဲ အဲဒီအချိန်မှာ သူတို့ အစည်းအဝေးလုပ်နေတဲ့ နေရာရဲ့ တံခါးက ဝုန်းခနဲ ပွင့်ထွက်သွားပြီး ဝတ်စုံနက်ကို ဝတ်ဆင်ထားကာ စောင်းနေတဲ့ မှော်ဆရာဦးထုပ်ကို ဆောင်းထားတဲ့ မှော်ကဝေတစ်ယောက်က အလောတကြီး ပြေးဝင်လာခဲ့တယ်။

“ဟူး... ဟူး... ဆရာ။ ကုန်တင်ကားကြီးတွေ မောင်းနှင်သွားတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မှော်ဆရာတစ်ယောက်ကို ကျွန်တော် ရှာတွေ့ခဲ့ပါပြီ” လို့ အခြေခံအဆင့် မှော်ဆရာလေးက ပြောလိုက်တယ်။

အရပ်သားဝတ်စုံ ဝတ်ဆင်ထားတဲ့ အခြားလူတစ်ယောက်က မှော်မျှော်စင်ရဲ့ အရာရှိတွေကို အရိုအသေပေးလိုက်ပြီး ကုန်တင်ကားကြီးတွေထဲမှာ သူ မြင်ခဲ့ရတာတွေကို အသေးစိတ် ရှင်းပြတော့တယ်။

“ဆရာ... အဲဒီယာဉ်တွေထဲမှာ မှော်အတတ် လုံးဝ မပါဝင်ဘူးဆိုတာကို ကျွန်တော် သေချာပေါက် အာမခံပါတယ်”

သူ့ရဲ့ ငြင်းခုံစရာ စကားလုံးတွေကြောင့် အစည်းအဝေးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီ။

“ဒါက လုံးဝ မဖြစ်နိုင်တာပဲ”

“မင်း မှားသွားတာ ဖြစ်လိမ့်မယ်။ ထွက်ပေါ်လာတဲ့ မှော်စွမ်းအင်ကို ဖုံးကွယ်ဖို့ သူတို့က မှော်မန္တန်တစ်ခုခုကို သုံးထားနိုင်တာပဲလေ”

သို့သော်လည်း သူ့ရဲ့အချက်ကို သက်သေပြဖို့အတွက် အဲဒီလူက မှော်ဆရာတွေရှေ့မှာ ဖန်လုံးတစ်လုံးကို ရိုးရိုးရှင်းရှင်းပဲ ထုတ်ပြလိုက်တယ်။ အဲဒါက ဘာအရောင်မှမရှိဘဲ လုံးဝ လင်းထွင်းနေတာပါ။

“ဒီဖန်လုံးကို သုံးပြီး ကုန်တင်ကားကို ကျွန်တော် ကိုယ်တိုင် ထိတွေ့ခဲ့တာ။ လူကြီးမင်းတို့ အားလုံး သိကြတဲ့အတိုင်းပဲ ဒီဖန်လုံးက ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ ဘယ်လိုမှော်မန္တန်နဲ့မဆို ထိတွေ့မိတာနဲ့ ချက်ချင်း တခြားအရောင်တစ်ခုအနေနဲ့ တောက်ပလာမှာ ဖြစ်ပါတယ်”

ဖန်လုံးက တကယ်ပဲ လင်းထွင်းနေတာမို့ ဝါရင့်မှော်ကဝေကြီးတွေနဲ့ မှော်ဆရာတွေလည်း တခြား ဘာစကားမှ မဆိုနိုင်ဘဲ ဖြစ်သွားကြတော့တယ်။

နောက်ဆုံးမှာတော့ သူတို့အားလုံးက မှော်မျှော်စင်သခင်ဆီကို လှည့်ကြည့်လိုက်ကြတယ်။

“မှော်မျှော်စင်သခင်... ဘယ်လို ထင်မြင်ပါသလဲ”

* * * * * * * *

စာစဉ်(၄၂)

All Chapters