← Chapters

အခန်း (၂၃၅၁-၂၃၅၂)

Vol. 236 Ch. 2351-2352

အခန်း (၂၃၅၁-၂၃၅၂)

Vol. 236 Ch. 2351-2352

အခန်း (၂၃၅၁) - နယ်မြေကိုးခု ယင်လောက

ဝိညာဉ်မျိုးနွယ်စုမှ အကြီးအကဲအချို့မှာ ဆွေ့ထျန်းဟွမ် ၏ ပြောပြချက်ကို နားထောင်ပြီးနောက် အတွေးနယ်ချဲ့ကာ တိတ်ဆိတ်သွားကြသည်။

ထိုအထဲမှ တစ်ဦးက ရုတ်တရက် ခေါင်းမော့လိုက်ပြီး အနည်းငယ် ထိတ်လန့်နေဟန်ဖြင့် -

“ငါတော့ ဒီတန်ခိုးစွမ်းအားက ဘာလဲဆိုတာ သိပြီထင်တယ်”

ကျန်ရှိသူများမှာလည်း တစ်ပြိုင်နက်တည်း သူ၏ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များမှာ အလွန်ပင် လေးနက်နေသည်။

ဆွေ့ထျန်းဟွမ် နှင့် အခြားသူများမှာလည်း ထိုဝိညာဉ်မျိုးနွယ်စု အကြီးအကဲကို စိုက်ကြည့်နေကြသည်။

ဤမျှ ထူးခြားဆန်းပြားသည့် တန်ခိုးစွမ်းအားမှာ မည်သည့်အရာဖြစ်သည်ကို သူတို့လည်း အလွန်ပင် သိချင်နေကြသည်။

“မင်းတို့ နယ်မြေကိုးခု ယင်လောက ဆိုတာကို ကြားဖူးကြသလား ”

ထိုဝိညာဉ်မျိုးနွယ်စု အကြီးအကဲမှာ လေးနက်သော အမူအရာဖြင့် မေးသည်။

“နယ်မြေကိုးခု ယင်လောက”

နေရာတွင် ရှိနေသူအားလုံးမှာ နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်နေကြသည်။ ဤစကားလုံးမှာ သူတို့အတွက် အလွန်ပင် စိမ်းသက်နေပြီး တစ်ခါမျှ မကြားဖူးခဲ့ပေ။

“ငါတို့ ဝိညာဉ်မျိုးနွယ်စုတွေက ကောင်းကင်ငါးပါးလောက ထဲမှာပဲ လှုပ်ရှားနေတာ မဟုတ်ဘူးဆိုတာ မင်းတို့ သိထားသင့်တယ်။

ဥပမာအားဖြင့် ငါတို့ ကောင်းကင်ငါးပါး လောကတောင် သွားဖို့ ခက်ခဲတဲ့ သို့မဟုတ် သွားဖို့တောင် ပျင်းစရာကောင်းတဲ့ ပုရွက်ဆိတ်အိမ်လို နေရာတွေမှာလည်း ဝိညာဉ်မျိုးနွယ်စုတွေ အများအပြား ရှိနေပြီး ဘဝစက်ဝန်းကို ထိန်းချုပ်ထားကြတယ်။”

“ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားက အလွန်ကို သာမန်ဆန်လွန်းတယ်။ အတော်ဆုံးသူတောင်မှ သူတော်စင်အဆင့် မရောက်သေးဘဲ အတွင်းကမ္ဘာနယ်မြေကိုတောင် မပိုင်ဆိုင်နိုင်ကြဘူး။”

“ဘာလို့လဲဆိုတော့ သူတော်စင် ကျင့်စဉ်တွေက ငါတို့ ကောင်းကင် ငါးပါး လောကမှာပဲ ရှိပြီး အပြင်ဘက်က ပုရွက်ဆိတ်မျိုးနွယ်စုတွေက ထိတွေ့ခွင့် မရှိကြလို့ပဲ။”

“ဒါပေမဲ့…နယ်မြေကိုးခု ယင်လောကကတော့ ချွင်းချက်ပဲ”

“မင်း စကားကို အီလည်လည် မပြောပါနဲ့တော့။ မင်းပြောချင်တာက နယ်မြေကိုးခု ယင်လောကမှာ သူတော်စင်အဆင့်ရှိတဲ့ ဝိညာဉ်မျိုးနွယ်စုတွေ ရှိတယ်ဆိုတာလား ပြီးတော့ ဒီတန်ခိုးစွမ်းအားကလည်း သူတို့ ပိုင်ဆိုင်ထားတာပေါ့”

“အဲဒီလိုပဲ ပြောနိုင်ပေမဲ့၊ ငါလည်း သေချာတော့ မသိဘူး။”

“နယ်မြေကိုးခု ယင်လောကဆိုတာ ဘယ်လိုနေရာမျိုးမို့လို့လဲ ဘာလို့ ငါ တစ်ခါမှ မကြားဖူးတာလဲ ”

“ဘာလို့လဲဆိုတော့ မင်းတို့ရဲ့ သက်တမ်းက မကြီးရင့်သေးလို့ပဲ။”

ရုတ်တရက် ပုံရိပ်တစ်ခုက ခန်းမကြီးထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်း ဝင်ရောက်လာသည်။

ထို ဝိညာဉ်မျိုးနွယ်စု အကြီးအကဲများမှာ ထိုသူကို မြင်သည်နှင့် အလျင်အမြန်ပင် လက်ယှက်၍ အရိုအသေပေးလိုက်ကြသည်။

“ပိုင်ဇီ တရားစီရင်ရေးမှူး” ဟု ခေါ်ဆိုလိုက်သည်။

ဆွေ့ထျန်းဟွမ် နှင့် ရင်တန့် တို့မှာလည်း အံ့အားသင့်သွားကြသည်။ သူတို့သည် ယခုတစ်ခါ ချင်းမင် ယင်လောက ရှိ ဝိညာဉ်ထိန်းသိမ်းရေးရုံးသို့ ရောက်ရှိလာသော်လည်း သူတို့ကို လက်ခံ၍ ဝိညာဉ်ပြန်လည် ဆင့်ခေါ်ခြင်း နည်းလမ်းကို စီစဉ်ပေးသူမှာ ရုံးရှိ အဆင့်မြင့် အရာရှိအချို့သာ ဖြစ်သည်။

သို့သော် ယခုသူတို့ရှေ့တွင် ရှိနေသူမှာ ချင်းမင် ယင်လောက၏ ဝိညာဉ်ထိန်းသိမ်းရေးရုံးကို အုပ်ချုပ်သည့် တရားစီရင်ရေးမှူး ဖြစ်ပြီး သူ၏ ကျင့်စဉ်အဆင့်ရော၊ အာဏာပါ အလွန်ပင် ကြီးမားလှသည့် အမှန်တကယ်သော အကြီးအကဲကြီး ဖြစ်သည်။

ချင်းမင် ယင်လောကတွင် အာဏာအရှိဆုံးသူများထဲမှ တစ်ဦးပင်။

ပိုင်ဇီဝူရွှမ်း မှာလည်း သူ၏ ဘိုးဘေးကို ကြည့်ရင်း သိချင်စိတ်နှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

နယ်မြေကိုးခု ယင်လောက ဒါက ဘယ်ကလာတဲ့အရာလဲ။

ပိုင်ဇီ တရားစီရင်ရေးမှူး၏ အကြည့်များမှာ ဆွေ့ထျန်းဟွမ် ဆီသို့ ရောက်ရှိလာသည်။

“မင်း ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ် ပြန်ပြောပြပါ။”

ဆွေ့ထျန်းဟွမ် မှာ မပေါ့ဆရဲဘဲ အစအဆုံး အသေးစိတ် ပြန်ပြောပြလိုက်သည်။

“ဖြစ်စဉ်က အသေးစိတ်မကျ သေးဘူး။ မင်း အရိုက်ခံရတဲ့အချိန်မှာ ဘယ်လို ခံစားရလဲ တောင်းပန်ခဲ့သေးလား”

ပိုင်ဇီ တရားစီရင်ရေးမှူးက မေးသည်။

ခန်းမထဲတွင် တိတ်ဆိတ်သွားသည်။

ရင်တန့် ၏ မျက်လုံးများတွင် သနားဂရုဏာသက်သည့် အရိပ်အယောင်များ ပေါ်လာပြီး ဆွေ့ထျန်းဟွမ် ကို အားမရှိစွာ ကြည့်လိုက်သည်။

ဆွေ့ထျန်းဟွမ် မှာ ခဏမျှ တုံ့ဆိုင်းပြီးနောက် သွားများကို ကြိတ်ကာ အသေးစိတ် ပြန်ပြောပြသည်။

“အဲဒီအချိန်တုန်းက ကျုပ် အရမ်း နာကျင်ခဲ့တယ်။”

“ကျုပ် တောင်းပန်ခဲ့တယ်။”

“ကျုပ် ငိုခဲ့တယ်။”

“ဒါပေမဲ့ နောက်ပိုင်းမှာ ကျုပ် သတိထားမိတာက အဲဒီ အချက်တစ်ရာက ကျုပ်ကို ဒဏ်ရာ မရစေဘူး။ သူက အားနည်းအောင် ရိုက်တာလား၊ ဒါမှမဟုတ်…”

ဆွေ့ထျန်းဟွမ် ၏ မျက်နှာမှာ ရဲတွတ်သွားပြီး ပြောပြီးနောက် ပိုင်ဇီ တရားစီရင်ရေးမှူး စကားကို စောင့်ဆိုင်းနေသည်။

“အဲဒါ ဖမ်းဆီးခေါ်ဆောင်ခြင်း နည်းလမ်း ပဲ။ အဆင့် (၇) ရှိတဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း နည်းလမ်းပဲ ဖြစ်ရမယ်၊ ဒါကြောင့် မင်းကို မသတ်နိုင်တာ။”

ပိုင်ဇီ တရားစီရင်ရေးမှူးက တည်ငြိမ်စွာ ပြောသည်။

“အဲဒီ ဝါးပိုက်လုံးထဲမှာ အနီရောင် ခေါင်းပါတဲ့ တံဆိပ်ပြား ဆယ်ခု ရှိတယ်။ တစ်ခုစီက အချက်တစ်ဆယ်ကို ကိုယ်စားပြုတယ်။ သူက မင်းကို အချက်တစ်ရာ ရိုက်တာက ဝါးပိုက်လုံးထဲမှာ အနီရောင် တံဆိပ်ပြား ဆယ်ခုပဲ ရှိလို့ပဲ။ တကယ်လို့ အခုတစ်ရာ ရှိခဲ့ရင် အချက်တစ်ထောင် ဖြစ်မှာ။”

“...........”

ဆွေ့ထျန်းဟွမ် မှာ အသက်ကို ရှိုက်သွင်းလိုက်ပြီး ကြောက်လန့်တကြား ဖြစ်သွားသည်။

အချက်တစ်ထောင်

သူ အချက်တစ်ထောင်ကို ခံနိုင်ရည် ရှိပါ့မလား၊ ရိုက်ရင်းနဲ့ပဲ လူမိုက် ဖြစ်သွားမလားဟု မတွေးရဲအောင် ဖြစ်သွားသည်။

“ပြီးတော့ အမှုထမ်း နှစ်ယောက်ကလည်း အဆင့် (၇) ဖမ်းဆီးခေါ်ဆောင်ခြင်း နည်းလမ်းနဲ့ ကိုက်ညီတယ်။ ဒီအဆင့်မှာ အများဆုံး အမှုထမ်းနှစ်ယောက်ကိုပဲ တံဆိပ်ပေးနိုင်တယ်။”

ပိုင်ဇီ တရားစီရင်ရေးမှူးက ဆက်ပြောသည်။

“အဆင့် (၇) ဖမ်းဆီးခေါ်ဆောင်ခြင်း နည်းလမ်းမှာ သူတော်စင်ရဲ့ ကျင့်စဉ်အဆင့်ကို မကြည့်ဘူး။ ကမ္ဘာငယ်သူတော်စင် အဆင့် ဖြစ်နေရင်တောင် သူတို့က ဖမ်းဆီးခေါ်ဆောင်ချင်ရင် ရတယ်။ ကိုယ်ခန္ဓာမှာ အကြောင်းအကျိုး လုံးဝ မရှိမှပဲ လွတ်မြောက်နိုင်တာ။ ဒါပေမဲ့ မွေးကင်းစ ကလေးငယ်တွေ ဒါမှမဟုတ် အထူးနည်းလမ်းနဲ့ အကြောင်းအကျိုးကို ဖုံးကွယ်ထားသူတွေပဲ ဖြစ်နိုင်တယ်။”

ကျင့်စဉ်အဆင့်ကို မကြည့်ဘူး

ကမ္ဘာငယ် သူတော်စင် အဆင့် ဖြစ်နေရင်တောင် ဖမ်းဆီးခေါ်ဆောင်လို့ ရတယ်။

နေရာတွင် ရှိနေသော ဝိညာဉ်မျိုးနွယ်စုများ အားလုံး တုန်လှုပ်သွားကြသည်။

ဆွေ့ထျန်းဟွမ် မှာတော့ သူအမြန်ဆုံး ကမ္ဘာကြီး သူတော်စင်အဆင့်ကို ရောက်အောင် ကျင့်ကြံမှသာ ဒီလိုအဖြစ်မျိုး ထပ်မကြုံရတော့မည်ဟု အတွေးပေါက်သွားသည်။

ထိုသို့ တွေးမိသည်နှင့် သူ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

နောက်ပိုင်းတွင် ကျင့်စဉ်အဆင့်ကို ဆက်ပြီး ဖိနှိပ်ထား၍ မရတော့ပေ။ အသက်စွမ်းအင် ၊ကမ္ဘာတည်ဆောက်ခြင်း ကို အမြန်ဆုံး ကျော်ဖြတ်ရမည်။

“ပိုင်ဇီ တရားစီရင်ရေးမှူး၊ ဒီဖမ်းဆီးခေါ်ဆောင်ခြင်း နည်းလမ်းက နယ်မြေကိုးခု ယင်လောကနဲ့ ပတ်သက်နေတာလား ”

ရင်တန့် က သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။

“ဒါဆို ဒီနယ်မြေကိုးခု ယင်လောကဆိုတာ ဘာလဲ ”

“မင်းက ပိလော့ မဟာမိတ်အဖွဲ့ကလာတာဆိုတော့ နယ်မြေကိုးခု ယင်လောကအကြောင်း မကြားဖူးတာ မဆန်းပါဘူး။”

ပိုင်ဇီ တရားစီရင်ရေးမှူးက တည်ငြိမ်စွာ ပြောသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချင်းမင် မဟာမိတ်အဖွဲ့က အပြင်ဘက်မှာ ပုရွက်ဆိတ်အိမ်လို နေရာတစ်ခုကို တွေ့ခဲ့တယ်။ အဲဒီမှာတောင် တိုးတက်မှု ရှိပြီး သူတော်စင်တွေ ရှိနေသေးတယ်။ စည်းမျဉ်းအရဆိုရင် သူတို့က ချင်းမင် မဟာမိတ်အဖွဲ့ထဲ ဝင်ရောက်ခွင့် ရှိတယ်။ ဒါပေမဲ့ သူတို့က မဝင်ချင်ကြဘဲ ငါတို့နဲ့ ရန်စခဲ့ကြတယ်။

အဲဒီအချိန်က သွားရောက်တွေ့ရှိတဲ့ သူတော်စင်ကို သတ်ဖြတ်ပြီး ဝိညာဉ်ကို သူတို့ရဲ့ နယ်မြေကိုးခု ယင်လောကမှာ ဖိနှိပ်ထားခဲ့ကြတယ်။”

သူတော်စင်ကို သတ်လိုက်တယ်

ပုရွက်ဆိတ်အိမ်လို နေရာအပြင်ဘက်မှာ ဒီလိုတည်ရှိမှုမျိုး ရှိနေတာလား။

ဆွေ့ထျန်းဟွမ် တို့ အားလုံး တုန်လှုပ်သွားကြသည်။

“ပြီးတော့ အဲဒီအချိန်က နယ်မြေကိုးခု ယင်လောကရဲ့ ငရဲမင်းက ဒီဖမ်းဆီးခေါ်ဆောင်ခြင်း နည်းလမ်းကို ပိုင်ဆိုင်ထားတယ်။ သူက ဒီနည်းလမ်းနဲ့ ငါတို့ ချင်းမင် မဟာမိတ်အဖွဲ့က သွားရောက် တိုက်ခိုက်တဲ့သူတော်စင်တွေကို အချိန်အတော်ကြာ ဒုက္ခပေးခဲ့တယ်။ နောက်ဆုံးတော့ အဲဒီနေရာကို သိမ်းပိုက်လိုက်နိုင်ပြီး အနည်းငယ်လောက်ပဲ လွတ်မြောက်သွားကြတယ်။”

“အခုကြည့်ရသလောက်တော့ အဲဒီအချိန်က နယ်မြေကိုးခု ယင်လောကက ဝိညာဉ်မျိုးနွယ်စုတွေ ချင်းမင် ယင်လောကထဲကို ဝင်ရောက် ပုန်းအောင်းနေတာ ဖြစ်မယ်။ သူတို့က ရာထူးနေရာလည်း မနိမ့်ပါဘူး။ ဖမ်းဆိုးခေါ်ဆောင်ခြင်း နည်းလမ်းကိုလည်း နားလည်တယ်။ နောက်ပိုင်းမှာ သေဆုံးသွားပြီး အတွင်းကမ္ဘာနယ်မြေက (၂၁) လွှာမြောက် ဟင်းလင်းပြင် တားမြစ်နယ်မြေ ဖြစ်လာတာပဲ။”

ဆွေ့ထျန်းဟွမ် က -

“ပိုင်ဇီ တရားစီရင်ရေးမှူး၊ ဒါဆိုရင် ဒီနတ်ဘုရားစွမ်းအားကို နားလည်သွားတဲ့သူကို ဖမ်းဆီးပြီး ပြန်လည် မွေးဖွားခြင်း စက်ဝန်းထဲကို ထည့်လိုက်ဖို့ လိုအပ်ပါတယ်။ ဒါက ပြင်ပရန်သူရဲ့ နတ်ဘုရားစွမ်းအား မဟုတ်လား…”

ဟု ပြောသည်။

“အို အဲဒါက ဘာဖြစ်လို့လဲ ချင်းမင်ကို ရောက်လာပြီဆိုရင် အဲဒါ ချင်းမင်ရဲ့ နတ်ဘုရားစွမ်းအားပဲ။ နတ်ဘုရားစွမ်းအားမှာ ကောင်းတာ၊ ဆိုးတာ မရှိဘူး။ အဲဒီ နတ်ဘုရားစွမ်းအားက ငါတို့အတွက် ဘာမှ မဟုတ်ပါဘူး။ နယ်မြေကိုးခု ယင်လောကတောင် ငါတို့ ချေမှုန်းနိုင်ခဲ့တာ၊ ဒါကိုတော့ ဘာပြောစရာ လိုသေးလဲ ”

ပိုင်ဇီ တရားစီရင်ရေးမှူးက ရယ်မောကာ -

“ဒီတစ်ခါ ငါတို့ ချင်းမင်မှာ ဒီနတ်ဘုရားစွမ်းအားကို နားလည်တဲ့သူ ရှိလာတာက ကောင်းတဲ့အချက်ပါပဲ။”

ဟု ပြောသည်။

“...”

ဆွေ့ထျန်းဟွမ် မှာ ပိုင်ဇီ တရားစီရင်ရေးမှူးက ဤသို့ သဘောထားမျိုး ရှိလိမ့်မည်ဟု မထင်ထားပေ။

အခြား တရားရုံးရှိ အကြီးအကဲများလည်း သူနှင့်အတူတူ သဘောထားမျိုး ရှိကြမည်ကို သူ ခန့်မှန်းနိုင်ပါသည်။

……

ဖန့်ချန် မှာ ဟင်းလင်းပြင် ထွက်ပြေးခြင်း နည်းလမ်းကို အစွမ်းကုန် အသုံးပြု၍ ပျံသန်းနေသည်။

သူ၏ အတွင်းကမ္ဘာနယ်မြေမှာ (၂၁) လွှာမြောက် ဟင်းလင်းပြင်ထဲတွင် အလွန်မြန်ဆန်သော အရှိန်ဖြင့် ပြေးလွှားနေသည်။

တစ်ခါတစ်ရံတွင် ရှေ့က ပိတ်ဆို့နေသော ဟင်းလင်းပြင် ကွပ်မျက်သူများကို ရှောင်ရှားရန် (၂၀) လွှာသို့ သို့မဟုတ် (၂၂) လွှာသို့ ဝင်ရောက်သွားသည်။

မည်သို့ပင်ဖြစ်စေ၊ ဟင်းလင်းပြင် ကွပ်မျက်သူများ၏ အမြင်တွင် ဖန့်ချန် မှာ လှုပ်ရှားရခက်သည့် ငါးအမြီးပမာ လျင်မြန်လွန်းလှသဖြင့် မည်သို့မျှ ဖမ်းမရနိုင်အောင် ဖြစ်နေသည်။

“ဒီနေရာက သူတို့ရဲ့ နယ်မြေဆိုတော့ သူတို့ပဲ သိတဲ့ လမ်းကြောင်းတွေ အများကြီးပဲ။ ငါကတော့ ဒီအချက်မှာ နည်းနည်း အသာစီးမရဘူး။ ပိုသန်မာတဲ့ ဟင်းလင်းပြင် ကွပ်မျက်သူတွေ မလာဖို့ပဲ မျှော်လင့်ရတော့မယ်…”

အခြားတစ်ဖက်တွင်၊ ဖန့်ချန် ၏ နောက်ကွယ် မလှမ်းမကမ်းတွင်။

သံအလောင်းရဟန္တာ အရှင်သခင် မှာ ဟင်းလင်းပြင် ကွပ်မျက်သူ အများအပြားကို ခေါ်ဆောင်၍ ဖန့်ချန် နှင့် အကွာအဝေးကို တဖြည်းဖြည်း လျှော့ချနေသည်။

ဟင်းလင်းပြင် ကွပ်မျက်သူ တစ်ဦးက ဒေါသတကြီး -

“ဒီကောင်က ဟင်းလင်းပြင်ထဲမှာ ဘာလို့ ဒီလောက်တောင် လျင်မြန်နေတာလဲ ဘာလို့ (၂၂) လွှာ၊ (၂၃) လွှာအထိ အေးဆေးပဲ ဆင်းသွားနိုင်တာလဲ ဒါက ငါတို့ ဝိညာဉ်မျိုးနွယ်စုတွေရဲ့ စွမ်းရည် မဟုတ်ဘူးလား ”

ဟု အော်ဟစ်လိုက်သည်။

အခန်း (၂၃၅၂) - ကောင်းကင်သို့ တက်မည့်လမ်း မရှိ၊ မြေကြီးထဲ ဝင်မည့် တံခါး မရှိ

သံအလောင်းရဟန္တာ မှာ သူ၏ မျက်လုံးများကို အနည်းငယ် လေးနက်သော အမူအရာဖြင့် မှေးကျဉ်းလိုက်သည်။

ထိုလူမှာ ဟင်းလင်းပြင်ထဲ၌ ‘ငါးက ရေကိုတွေ့သကဲ့သို့’ သက်သောင့်သက်သာ ရှိနေပုံမှာ အမှန်တကယ်ပင် သံသယဖြစ်ဖွယ် ကောင်းလှသည်။

ထိုကောင်က ယင်လောကမှ အမှိုက်သရိုက်တစ်ယောက်လား၊ ဒါမှမဟုတ် သူတို့နှင့် တူညီသော ဝိညာဉ်မျိုးနွယ်စုဝင်ပဲလား။

တကယ်လို့ ဝိညာဉ်မျိုးနွယ်စုဝင်သာ ဖြစ်ခဲ့ရင် သူက ဘာကြောင့် ထွက်ပြေးနေရတာလဲ။

နောက်ခံအထောက်အပံ့ မရှိသည့်အတွက် အကြီးစား အင်အားစုများ၏ ချုပ်ကိုင်မှုကို ကြောက်ရွံ့၍လား။

“သူက ဟင်းလင်းပြင်ကို ဒီလောက်တောင် ကျွမ်းကျင်နေတာဆိုတော့ မင်းတို့ အားလုံး အနီးဆုံး လမ်းကြောင်းကနေ ဖြတ်ပြီး အစီအစဉ်ဆွဲ ပိတ်ဆို့ထားလိုက်ကြပါ။

(၂၁) လွှာကနေ (၃၀) လွှာအထိ တစ်ထောင့်တစ်နေရာမျှ မကျန်စေရဘူး။”

သံအလောင်းရဟန္တာ မှာ ရုတ်တရက် အမိန့်ပေးလိုက်သည်။

အနီးအနားတွင် အတူလိုက်ပါနေသော ဝိညာဉ်မျိုးနွယ်စုဝင်များထဲ၌ သူနှင့် အင်အားချင်း မတိမ်းမယိမ်း ရှိကြသူများလည်း အများအပြား ရှိနေသည်။

သို့သော် ယခုအချိန်တွင်မူ သူတို့အားလုံးမှာ တူညီသော ရည်မှန်းချက် တစ်ခုတည်းကိုသာ ထားရှိထားကြသည်။

အဲဒါကတော့ ထိုကောင်ကို မိအောင် ဖမ်းဖို့ပဲ

ဒါမှသာလျှင်တားမြစ်နယ်မြေအတွင်း ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုများသည် နတ်ဘုရားစွမ်းအားကို သူ အမှန်တကယ် လုယူသွားခြင်းကြောင့် ဟုတ်မဟုတ်ကို သူတို့ တိတိကျကျ သိနိုင်မည် ဖြစ်သည်။

……

“ငါ့ကို လိုက်နေတဲ့ ဟင်းလင်းပြင် ကွပ်မျက်သူတွေ အရေအတွက် လျော့သွားပါလား။”

ဖန့်ချန် တစ်စုံတစ်ခုကို သတိပြုမိသွားသဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

စိတ်ထဲတွင်လည်း အနည်းငယ် သက်ပြင်းချနိုင်လိုက်သည်။

သူ၏ ဟင်းလင်းပြင် ထွက်ပြေးခြင်း နည်းလမ်းမှာ အလွန်ပင် လျင်မြန်ပြီး တစ်ခါတစ်ရံ လမ်းတွင် အနီးဆုံး လမ်းကြောင်းများကို ဖြတ်သန်းနိုင်သည်။

တစ်ဖက်လူမှာလည်း ချက်ချင်း လိုက်ပါလာနိုင်ပြီး လမ်းကြောင်းများကို သူထက် ပိုမို ကျွမ်းကျင်သော်လည်း သူကတော့ မောပန်းခြင်း မရှိ ဤမျှ လျင်မြန်သော အရှိန်ကို အမြဲတမ်း ထိန်းထားနိုင်သေးသည်။

ထိုအခြေအနေတွင် ဟင်းလင်းပြင် ကွပ်မျက်သူများအနေနှင့် သူ့ကို လိုက်မီဖို့မှာ မလွယ်ကူလှပေ။

ထိုသို့ တွေးမိပြီးနောက် ဖန့်ချန် ၏ အကြည့်များမှာ လက်ထဲမှ အဆင့် (၇) အမိန့်ပြား ဆီသို့ ရောက်သွားသည်။

ထိုအမိန့်ပြားမှာ ကျိုးပဲ့နေသော အမိန့်ပြားကို စုပ်ယူပြီးနောက် အဆင့် (၆) သို့ မတက်လှမ်းနိုင်သော်လည်း သိသာထင်ရှားသော တိုးတက်မှုတော့ ရှိလာခဲ့သည်။

ဥပမာအားဖြင့် သူ၏ ဝါးပိုက်လုံးထဲမှ အနီရောင် တံဆိပ်ပြား အရေအတွက်မှာ (၁၀) ခုမှ (၂၀) ခုသို့ ပြောင်းလဲသွားသည်။

နှစ်ဆ ဖြစ်သွားခြင်းပင်။

ယခုဆိုရင် မည်သူ့ကိုမဆို ဤနေရာသို့ ဆွဲခေါ်လာပါက ထိုသူမှာ နှစ်ဆသော ခံစားချက်ကို ရရှိတော့မည်။

သို့သော် အမိန့်ပြားနှင့် ချိတ်ဆက်မှုမှတစ်ဆင့် သူ ဆွဲခေါ်နိုင်သော ပစ်မှတ်၏ အဆင့်မှာ မြင့်မားမသွားကြောင်း သူ သတိပြုမိလိုက်သည်။

ကမ္ဘာငယ် သူတော်စင် အဆင့်ပင် ဖြစ်နေဆဲဖြစ်သည်။

“ဒါဆိုရင် အခု အမိန့်ပြား တိုးတက်လာတာက ဧည့်သည်တွေကို ဧည့်ခံတဲ့ နည်းလမ်းကိုပဲ ပိုကောင်းသွားစေတာပဲ။ အနှစ်သာရပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်ဖို့ဆိုရင် အဆင့်ကို အမှန်တကယ် မြှင့်တင်မှ ရမယ်။

ဒါပေမဲ့ ဝိညာဉ်ထိန်းသိမ်းရေးရုံး တားမြစ်နယ်မြေလို နေရာမျိုးက အများကြီး ရှိမှာ မဟုတ်ဘူး။ ခဏအတွင်းမှာ စုပ်ယူလို့ရမယ့် အမိန့်ပြား ထပ်ရှာဖို့က မဖြစ်နိုင်ဘူး။ ဒါဆိုရင် အမိန့်ပြားရဲ့ စွမ်းအားကို ဘယ်လို မြှင့်တင်ရမလဲ ”

ဖန့်ချန် ၏ မျက်လုံးများတွင် အတွေးနက်နေဟန် ပေါ်လာသည်။

ထို့နောက် တိုးတိုးလေး မေးလိုက်သည်။

“မှန်လေး အရိပ်အမြွက်လေး ပေးဦး”

“ညီကို ဒါက အကြောင်းအကျိုး ဆက်စပ်မှုတွေ အရမ်း များလွန်းတယ်။ အမိန့်ပြား အဆင့်တက်ချင်ရင်တော့ မင်းကိုယ်တိုင်ပဲ နားလည်အောင် ကျင့်ကြံရတော့မှာပဲ။

တကယ်လို့ အရင်းအမြစ်ကို နားလည်သွားရင်တော့ နောက်ပိုင်း ဘာဆက်လုပ်ရမယ်ဆိုတာ သိလာပါလိမ့်မယ်။

အရေးအကြီးဆုံးကတော့ အဲဒါကို စဉ်းစားနေဖို့ မဟုတ်ဘဲနဲ့…”

ရုတ်တရက်ပင် ဖန့်ချန် မှာ သူ၏ အတွင်းကမ္ဘာနယ်မြေကို အရေးပေါ် ဘရိတ်အုပ်၍ ရပ်တန့်လိုက်သည်။

သူ၏ ပတ်ပတ်လည် လေးမျက်နှာစလုံးတွင် ဟင်းလင်းပြင် ကွပ်မျက်သူများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

သူတို့မှာ ဖန့်ချန် ၏ လမ်းကြောင်းကို ကြိုတင် ခန့်မှန်းထားသည့်အတိုင်း သူ မသိသော လမ်းအတိုကောက်များမှတစ်ဆင့် ဤနေရာသို့ ကြိုရောက်နှင့်၍ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ထို ဟင်းလင်းပြင် ကွပ်မျက်သူများ၏ အငွေ့အသက်များမှာ အလွန်ပင် ပြင်းထန်ပြီး အားအနည်းဆုံးသူမှာပင် ကမ္ဘာကြီး သူတော်စင် အဆင့်နှင့် ညီမျှသော စွမ်းရည်ရှိကြသဖြင့် ဖန့်ချန် အနေနှင့် တိုက်ရိုက် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

ဖန့်ချန် မျက်နှာပျက်သွားကာ ချက်ချင်းပင် (၂၂) လွှာမြောက် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လိုက်သည်။

သို့သော် ချက်ချင်းပင် (၂၀) လွှာမြောက်သို့ ပြေးထွက်သွားရပြန်သည်။

အကြောင်းမှာ (၂၂) လွှာတွင်လည်း ဟင်းလင်းပြင် ကွပ်မျက်သူ အများအပြား စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။ (၂၀) လွှာတွင်လည်း အလားတူပင်။

ဟင်းလင်းပြင် ကွပ်မျက်သူများမှာ သူ၏ နောက်တစ်ဆင့်လှုပ်ရှားမှုကို ကြိုတင် တွက်ချက်ထားပုံ ရသည်။

“တကယ်လို့ မရတော့ဘူးဆိုရင်တော့ ဒီနေရာကနေပဲ (၁၈) လွှာမြောက် ယင်လောကကို ပြန်ဆင်းရတော့မှာပဲ။ ဘယ်နေရာကို ရောက်သွားမလဲဆိုတာကတော့ ကံတရားအပေါ်မှာပဲ မူတည်တော့တယ်”

ဖန့်ချန် ဤသို့ တွေးတောရင်း သူ၏ ခန္ဓာကိုယ်မှာ အရိပ်ထဲသို့ ပြန်လည် နစ်မြုပ်သွားသည်။

(၁၉) လွှာ။

သံအလောင်းရဟန္တာ မှာ ဖန့်ချန် ကို အထက်မှ အောက်သို့ စိုက်ကြည့်နေသည်။

“ဒီကနေ (၁၈) လွှာကို ပြန်ဆင်းဖို့ စိတ်ကူးနေတာလား အိမ်မက် မက်မနေနဲ့။”

သံအလောင်းရဟန္တာ ၏ ကိုယ်ပေါ်ရှိ အငွေ့အသက်များမှာ မည်မျှနက်ရှိုင်းသည်ကို ခန့်မှန်း၍ မရနိုင်ပေ။

သူမှာ အနည်းဆုံး ကမ္ဘာကြီး သူတော်စင် အဆင့်နှင့် ညီမျှသော ဟင်းလင်းပြင် ကွပ်မျက်သူတစ်ဦး ဖြစ်မည်ဟု ဖန့်ချန် သံသယရှိမိသည်။

ထိုအချိန်တွင် ဟင်းလင်းပြင် ကွပ်မျက်သူ အချို့မှာ သူ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်ရန် ကြိုးစားလာကြသည်။

ဖန့်ချန် မှာ သံအလောင်းရဟန္တာ နှင့် စကားမပြောဘဲ လှည့်ထွက်ကာ ပိုမိုနက်ရှိုင်းသော ဟင်းလင်းပြင် အလွှာများဆီသို့ ထွက်ပြေးသည်။

(၂၃)၊ (၂၄)၊ (၂၅)……

ဖြည်းဖြည်းချင်းနှင့် ဖန့်ချန် မှာ အလွန်ပင် မောပန်းနွမ်းနယ်လာပြီး (၂၆) လွှာမြောက် ဟင်းလင်းပြင်ကို ဆက်သွားရန် မဖြစ်နိုင်တော့ပေ။ ထိုအလွှာများ အားလုံးတွင်လည်း ဟင်းလင်းပြင် ကွပ်မျက်သူများ ကြိုတင် ပိတ်ဆို့ထားကြသည်။

“ ဖန့်ငရဲမင်းကြီး ဒီတစ်ခါတော့ အန္တရာယ် များနေပြီ ”

ချီယန် သူတော်စင် မှာ အသက်ကို ရှိုက်သွင်းလိုက်သည်။

သူနှင့် လီဝူ တို့မှာ အတွင်းကမ္ဘာ တံခါးပေါက်မှတစ်ဆင့် အပြင်ဘက် မြင်ကွင်းကို အတိုင်းသား မြင်နေရသည်။

“အရှင်သခင် တစ်ခုခုဖြစ်သွားရင် ငါတို့နှစ်ယောက်လည်း လွတ်မြောက်မှာ မဟုတ်ဘူး။”

လီဝူ က အေးစက်စွာ ပြောသည်။

“ငါ သိပါတယ်၊ ငါ သိပါတယ်၊ ငါက သူများ ဒုက္ခကို ပျော်နေတာ မဟုတ်ဘူး၊ ငါက စိုးရိမ်နေတာပါကွာ။”

ချီယန် သူတော်စင် မှာ လက်သီးကို တင်းတင်း ဆုပ်ထားပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

သူကမှ အမှုထမ်း လုပ်ရတဲ့ အရသာကို အခုလေးတင်ပဲ ခံစားရသေးတာ၊ ဘယ်လိုလုပ်ပြီး ဒီလောက်တိုတောင်းပြီး လှပတဲ့ ဘဝကို ဒီလောက်နဲ့ပဲ အဆုံးသတ်နိုင်မှာလဲ။

“ဒီတစ်ခါတော့ တကယ်ပဲ ပြဿနာ တက်ပြီ……”

ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီးနောက် တစ်ဖန် (၁၉) လွှာသို့ ပြန်ရောက်လာသည်။

“ဘာလို့ မပြေးတော့တာလဲ”

သံအလောင်းရဟန္တာ မှာ အေးစက်စက် ရယ်မောသည်။

“နေရာတိုင်းမှာ မင်းတို့ ဟင်းလင်းပြင် ကွပ်မျက်သူတွေပဲ ရှိနေတာ၊ ဘယ်ကို ပြေးရမှာလဲ”

ဖန့်ချန် မှာ အတွင်းကမ္ဘာနယ်မြေ တံခါးဝတွင် ရပ်လျက် မတတ်နိုင်စွာ ပြောသည်။

လူ့လောကတွင် အမြဲတမ်း အောင်မြင်ခဲ့သော ရိပ်ခြေဗုဒ္ဓ နည်းလမ်းမှာ ယခု ဟင်းလင်းပြင်ထဲတွင်မူ အပျော်တမ်း လုပ်ရပ်မျှသာ ဖြစ်နေသည်။

ထို ဟင်းလင်းပြင် ကွပ်မျက်သူ အုပ်စုမှာ သူ့ထက် ပို၍ ပုန်းအောင်း ကျွမ်းကျင်ကြသည်။

ဟင်းလင်းပြင် ထွက်ပြေးခြင်း နည်းလမ်းဆိုလျှင်လည်း သူတို့က ဤနေရာကို သူထက် ပို၍ နားလည်သည်။

မဟုတ်လျှင် လမ်းကြောင်းအတိုကောက်ကနေ ဖြတ်ပြီး သူ့ကို ဝိုင်းပတ်မိမှာ မဟုတ်ပေ။

“ဟင်းလင်းပြင် ကွပ်မျက်သူ အဲဒါ လူ့လောကက လာတဲ့ အမှိုက်သရိုက်တွေပေါ့။”

သံအလောင်းရဟန္တာ မှာ အေးစက်စွာ ပြောသည်။

“ကွမ်းမိုဟိုင်က ဖန့်ကျန့်က မင်းတို့ လက်ချက်နဲ့ သေသွားတာ။”

ဖန့်ကျန့်

ဖန့်ချန် တစ်ခဏချင်းပင် သဘောပေါက်သွားသည်။ အကြောင်းရင်းမှာ သူတို့က ဖန့်ကျန့် ကို သတ်လိုက်မိ၍ ထိုကောင်က ဤမျှ လိုက်လံ ဖမ်းဆီးနေခြင်းပင်။ သူ၏ နောက်ခံမှာလည်း မသေးလှပေ။

“ငါ ဖန့်ကျန့် ကို မသိဘူး၊ သူ့သေဆုံးမှုက ငါနဲ့ မသက်ဆိုင်ဘူး။”

ဖန့်ချန် က ပြောသည်။

“မသက်ဆိုင်တာလည်း ဖြစ်မှာပေါ့၊ မင်းက တစ်ယောက်တည်း ဆင်းလာတာ မဟုတ်လား။

တကယ်လို့ အဲဒီ အမှိုက်သရိုက်တွေနဲ့အတူတူသာ ဆိုရင် သူတို့က ဝိညာဉ်ပြန်လည် ဆင့်ခေါ်ခြင်း နည်းလမ်းကို ပြင်ဆင်ထားပေမဲ့ မင်းက ပြင်ဆင်မထားဘူးဆိုတာ မဖြစ်နိုင်ဘူး။

ကောင်းပြီလေ၊ သူတို့ အမှိုက်တွေကို တစ်ခါလွှတ်ပေးလိုက်မယ်။

မင်းကတော့ ပြောစမ်းပါဦး၊ ဝိညာဉ်ထိန်းသိမ်းရေးရုံး တားမြစ်နယ်မြေထဲက နတ်ဘုရားစွမ်းအားက ဘာလဲဆိုတာ။”

သံအလောင်းရဟန္တာ မှာ တည်ငြိမ်စွာ ပြောသည်။

ထိုအချိန်တွင် အခြား ဟင်းလင်းပြင် ကွပ်မျက်သူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောကြသည်။

“သံအလောင်းရဟန္တာ၊ သူနဲ့ အချိန်ကုန်ခံ ပြောမနေပါနဲ့တော့”

“သူ့ကို စားလိုက်ရင် တားမြစ်နယ်မြေက နတ်ဘုရားစွမ်းအားက ဘာလဲဆိုတာ ငါတို့ သိသွားမှာပဲ ”

“ဟီးဟီး၊ လူ့လောကက အမှိုက်သရိုက်ကို ပုံမှန်ဆို စားရခဲတယ်၊ (၁၈) လွှာ ယင်လောကက အမှိုက်တွေထက် အရသာ ပိုရှိမှာ သေချာတယ် ”

အနီးအနားရှိ ဟင်းလင်းပြင် ကွပ်မျက်သူများမှာ စိတ်လှုပ်ရှားစွာ လှုပ်ရှားနေကြသည်။

ထိုအချိန်တွင် ပေယွမ်ဇီ တို့လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသည်။

နတ်ဘုရားစွမ်းအားကို နားလည်ရန် ကြိုးစားနေသူများမှာ ဖန့်ချန် ၏ ဝဲယာတွင် ပေါ်လာပြီး ဖန့်ချန် ကို စိုက်ကြည့်နေကြသည်။

သူတို့က ဒီကောင်က ဘယ်လိုလူလဲဆိုတာ ကြည့်ချင်ကြသည်။

ဘာကြောင့် တားမြစ်နယ်မြေရဲ့ နတ်ဘုရားစွမ်းအားကို သူက နားလည်သွားရတာလဲ။

ဘာကြောင့် တားမြစ်နယ်မြေက (၂၁) လွှာမြောက် ဟင်းလင်းပြင်မှာ ပျောက်ကွယ်သွားရတာလဲ။

“အားလုံးက စားဖို့ချည်းပဲ မတွေးကြနဲ့။”

သံအလောင်းရဟန္တာ က အော်ဟစ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းကြောင့် ဟင်းလင်းပြင် ကွပ်မျက်သူများ ကြောက်ရွံ့သွားကြသည်။

“တားမြစ်နယ်မြေရဲ့ နတ်ဘုရားစွမ်းအားကို နားလည်တဲ့သူဆိုတော့ ရိုးရိုးရှင်းရှင်းတော့ မဟုတ်လောက်ဘူး။

သူ အသက်ရှင်နေတာက စားခံလိုက်ရတာထက် ငါတို့အတွက် ပိုပြီး အသုံးဝင်လိမ့်မယ်။”

ကျိုကျူးတောင်မှ ဟင်းလင်းပြင် ကွပ်မျက်သူက ရယ်မောလျက် ပြောသည်။

“မှန်လေး တခြား နည်းလမ်း မရှိတော့ဘူးဆိုရင်တော့ ဒီတစ်ခါတော့ ငါ အဖမ်းခံရတော့မယ် ထင်တယ်။”

ဖန့်ချန် မှာ မျက်နှာတွင် ဘာစိတ်ခံစားမှုမှ မရှိဘဲ ရှေ့က မြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေမိသည်။

ဒီတစ်ခါတော့ တကယ်ပဲ ကောင်းကင်သို့ တက်မည့်လမ်း မရှိ၊ မြေကြီးထဲ ဝင်မည့် တံခါး မရှိတော့ပြီ။

All Chapters