အခန်း (၁၁၀၉-၁၁၁၂)
Vol. 57 Ch. 1109-1112
အခန်း ၁၁၀၉ မင်းဘာတွေမြင်ခဲ့လဲ
မုန့်ကျိဖန်သည် မင်းသား၏ စကားများကြောင့် သွေးအန်တော့မလို ဖြစ်သွား၏။
သူ အဘယ့်ကြောင့် ဤသို့ ပြောနိုင်ရသနည်း။
တခမ်းတနားဖြစ်နေတယ်တဲ့လား။
“ဘယ်သူက တခမ်းတနား ဖြစ်နေတာလဲ။ အရှင့်သား ဒီစကားတွေ ပြောတဲ့အခါအနည်းဆုံးတော့ မျက်လုံးကို ဖွင့်ပြီး သေသေချာချာကြည့်သင့်ပါတယ်။ ပါးစပ်ကလေးဟပြီး လွယ်လွယ်လေး လိမ်မပြောပါနဲ့’
သို့သော်လည်း ထိုအချိန်တွင် သူ၏သူငယ်ချင်းများသည် အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်သည်။ တစ်ခွန်းပင် မပြောဘဲ၊ သူ့ကိုပင် လုံးဝမကြည့်ဘဲ... တကယ်ထွက်သွားကြ၏။
မုန့်ကျိဖန်သည် အနည်းငယ် ဆွံ့အသွားပြီး ရင်ထဲတွင်လည်း အေးစက်သွားသလို ခံစားလိုက်ရ၏။
သူ၏သူငယ်ချင်းများ ထွက်သွားပြီးနောက် သူသည် ဝံပုလွေအုပ်ထဲတွင် ကျန်ခဲ့သော သိုးတစ်ကောင်ကဲ့သို့ ခံစားရ၏။
“ကျွန်တော် ရုတ်တရက်ကြီး တော်တော်လေး သက်သာလာတယ်။ ကျွန်တော် သွားဖို့ မလိုတော့ပါဘူး…”
“ချိန်းဆိုထားတာဆိုတော့ ဘယ်လိုလုပ်ပြီး ကတိဖျက်လို့ ရမလဲ။ ဒီနေ့ ရာသီဥတု ကောင်းတယ်၊ နွေဦးရဲ့ ရှုခင်းတွေကလည်း ကြည်နူးစရာပဲ။ ငါတို့နဲ့ အပြင်ထွက်ရတာ မင်းအတွက် မကောင်းဘူးလို့ ခံစားရလို့လား” ကျောက်ရွှမ်ကျင်း၏ အသံသည် ညင်သာနေ၏။
သူသည် လတ်တလောတွင် စိတ်အခြေအနေကောင်းနေ၏။
မုန့်ကျိဖန်သည် သူ၏ရင်ထဲတွင် တကယ်ပင်စိတ်တိုနေပြီး ကျယ်လောင်စွာ ဆဲဆိုချင်နေတော့၏။ သို့သော်လည်း အမှန်တကယ်တွင် သူသည် ရှုံးနိမ့်သွားသော ကြက်ဖတစ်ကောင်ကဲ့သို့ ခေါင်းညိတ်ရုံသာ တတ်နိုင်ပြီး အပြစ်ကင်းစင်ဟန်ပေါ်နေ၏။
“သူ ဘာဖြစ်တာလဲ” ကျန်းကျင်လု မေး၏။
သူသည် သူ၏ဆရာတူအစ်မကြီးကို နွားမျက်ရည်ထုတ်ပေးရန် အချိန်တန်ပြီဖြစ်ကြောင်း သတိပေးရန် ဤမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
၎င်းသည် သူ အမြဲတမ်း ဇွဲရှိနေသောအရာဖြစ်ပြီး သူ စိတ်ဝင်စားနေသော အရာလည်း ဖြစ်၏။
ရှဲ့ချောင်သည် သူမပြောသည့်အတိုင်း လုပ်ခဲ့၏။ ဤအချိန်တွင် သူမသည် နွားမျက်ရည်ကို ပျော်ရွှင်စွာ ထုတ်ယူကာ သူ၏မျက်ခွံပေါ်သို့ တင်လိုက်၏။ ထို့နောက် သူမသည် ဂါထာမန္တန်ရေအချို့ကို ပက်ဖျန်းလိုက်ပြီး အာနိသင်ကို စောင့်ဆိုင်းနေ၏။
ကျန်းကျင်လု၏ နှလုံးသားမှာ မြန်မြန်ခုန်နေပြီး သူသည် စိုးရိမ်စိတ်ဖြင့် ထိုင်နေ၏။
ပြီးဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်၏။
သူ မျက်လုံးဖွင့်လိုက်သောအချိန်တွင်…
သူ၏မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွား၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး သူ၏ဆံပင်များ ထောင်လာပုံရသည်။ သူသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခြင်း မရှိပါက ယခုအချိန်တွင် ကြောက်လန့်တကြားဖြင့် သေချာပေါက် သတိလစ်သွားပေလိမ့်မည်။
ဤမျှသေးငယ်သောအခန်းထဲမှာ သူတို့ကဲ့သို့ သက်ရှိလူသားများအပြင် တခြားအရာတစ်ခုလည်း ရှိနေ၏။
သူ့ရှေ့တွင် မုတ်ဆိတ်မွေးနှင့် အဘိုးကြီးတစ်ယောက် ရှိနေ၏။ သူ၏မျက်နှာတွင် အရေးအကြောင်းများ ပြည့်နေပြီး သူ၏ထူးဆန်းသော အမူအရာသည် သူ သေဆုံးသွားပြီဖြစ်ကြောင်းကို ထင်ရှားစေသည်။
ထို့နောက် မျက်နှာကျက်တွင် တွဲလောင်းကျနေသော လူနှစ်ယောက်၊ သုံးယောက် ရှိ၏။ ဆရာတူအစ်ကိုရှောင်း၏နောက်တွင် လူအနည်းငယ် ရပ်နေ၏။ သူတို့သည် ဆရာတူအစ်ကိုကို ခေါင်းလေးထုတ်ပြီး ကြည့်နေကြကာ အလွန်ကျေနပ်နေပုံရ၏။ အိမ်ရှေ့စံမင်းသားတစ်ဦးထဲကသာ ရှင်းရှင်းလင်းလင်း ရှိနေသည်။
၎င်းသည် မမှန်ကန်ပေ။
သူသည် မျက်လုံးကို ဝေ့ကြည့်လိုက်ရာ ပြတင်းပေါက်မှတစ်ဆင့် ကြမ္မာအဆောက်အအုံ၏အပြင်ဘက်ကို မြင်လိုက်ရသည်။
အမှန်တွင် ဝိညာဉ်အနည်းငယ်သည် သေသေချာချာ တန်းစီကာ သူ့အား လေးနက်စွာ စိုက်ကြည့်နေ၏။
သူတို့သည် အိမ်ရှေ့စံမင်းသား၏ ကိုယ်ရံတော်များကဲ့သို့ ဝတ်ဆင်ထားကြသည်။
သူ၏အသက်ရှူသံမှာ နည်းနည်း မြန်နေသည်။ ရှောင်းယွိရုန်နှင့်စန်းယောင်တို့မှာ အလွန် စိတ်ဝင်တစား ရှိနေကြသည်။ သူတို့သည် သူ၏တုံ့ပြန်မှုကို စောင့်နေကြရင်း သူ့ကို စိုက်ကြည့်နေကြ၏။ သူ ဘာမှမပြောသည်ကို မြင်သောအခါ သူတို့မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြ၏။ “ဆရာတူညီလေးကျန်း မင်း ဘာတွေ မြင်ခဲ့လဲ”
“ကြည့်၊ ကြည့်၊ ကြည့်…” သူသည် ခက်ခဲစွာ ပါးစပ်ဖွင့်လိုက်သော်လည်း စကားထစ်နေပြီး မပြောနိုင်တော့ပေ။
ဤကမ္ဘာကြီးတွင် အမှန်ပင် မကောင်းဆိုးဝါးဝိဉာဉ်များရှိနေ၏။ ဤမျှတင် မဟုတ်သေးဘဲ… သူတို့သည် အများကြီးပင်။
“ဒီမိတ်ဆွေလေးက သိပ်သတ္တိ မရှိဘူးပဲ” ရှဲ့ချောင်၏ သတ္တိကို မြင်ဖူးသော ကျိပိုင်လိသည် ကျန်းကျင်လုကို ကြည့်ကာ စနောက်လိုက်၏။
သူ၏စကားကိုကြားသောအခါ ကျန်းကျင်လုသည် ကြောက်လန့်နေသော ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ပေါ်မှ အမွေးများအားလုံး တုန်ယင်နေ၏။ သူသည် အားစိုက်ထုတ်ပြီး ပါးစပ်ဖွင့်လိုက်၏ “မင်း… မင်း ကြားလိုက်လား… အဲဒီမှာ… တစ်ယောက်ယောက် ရှိတယ်… အဲဒါက… အဘိုးကြီးတစ်ယောက်ပဲ…”
“အဘိုးကြီးလား” စန်းယောင်သည် မနေနိုင်တော့ဘဲ သူ့ဘက်မှ ဝင်ပြောလိုက်၏။
ကျန်းကျင်လု၏ မျက်လုံးများမှာ တောက်ပသွား၏။ “မင်းလည်း မြင်လိုက်တာလား”
“မဟုတ်ပါဘူး” စန်းယောင်သည် ဘာမှ မထူးဆန်းသလို ခေါင်းခါလိုက်၏။
အဘိုးကြီးသည် မည်သည်မှ ရောက်လာသနည်း။
အခန်းထဲတွက် ငယ်ရွယ်ပြီး အင်အားကြီးသော လူငယ်များနှင့် ပြည့်နှက်နေသည်။
ကျန်းကျင်လုသည် တစ်စုံတစ်ယောက်မှ သူ့အား လည်ပင်းညှစ်ထားသလို ခံစားရ၏။ သူသည် စိတ်လှုပ်ရှားပြီး ကြောက်နေလေ၏။
••••••
အခန်း ၁၁၁၀ ရန်ငြိုးရန်စမရှိ
ကျိပိုင်လိနှင့် တခြားသော မကောင်းဆိုးဝါးဝိဉာဉ်များသည် ပျော်ပွဲရွှင်ပွဲဆင်နွှဲရန် လာကြသည်။ သူတို့သည် ယနေ့ လာရောက်ကြသော လူအနည်းငယ်မှာ နောက်ခံကောင်းများရှိပြီးအလားအလာကောင်းရှိသူများဖြစ်ကြောင်း ရှဲ့ချောင်ဆီမှ ကြားခဲ့ရ၍ လာကြည့်ကြခြင်း ဖြစ်သည်။
၎င်းသည် ရှဲ့ချောင် ပြောသည့်အတိုင်းပင် ဖြစ်၏။ ဤလူငယ်များအားလုံးသည် တကယ်ပင် ကောင်းမွန်ကြ၏။
ရှောင်းယွိရုန်သည် စာကြမ်းပိုးတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း သူ၏ဉာဏ်ပညာအရှိန်အဝါသည် ထို့ကဲ့သို့သော အဘိုးကြီးတစ်ယောက်ကိုပင် သူ့အား ကာကွယ်ပေးချင်စိတ်အနည်းငယ် ဖြစ်ပေါ်စေ၏။ စန်းယောင်သည်လည်း ကောင်းမွန်ပေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် သန့်ရှင်းမှုကို နှစ်သက်ကြောင်းကို ပြောနိုင်ပေသည်။ သူသည် အဖြူရောင်ကျောက်စိမ်းနှင့် တူပြီး သန့်ရှင်းကာ အပြစ်အနာအဆာကင်းပေ၏။ သူသည် နူးညံ့သိမ်မွေ့ကာ ချောမောပြီး သူ၏မျက်ခုံးနှင့် မျက်လုံးများမှာ ပန်းချီကားတစ်ချပ်လို ဖြစ်နေ၏။ သူသည် အမျိုးသမီးတစ်ယောက်နှင့် တူပေ၏။
ဤကျန်းကျင်လုသည်လည်း… မဆိုးလှပေ။
သူသည် အနည်းငယ် ဆတ်ဆတ်ထိမခံသော်လည်း ဟန်ဆောင်မှုအကင်းဆုံးသူ ဖြစ်၏။
ကမ္ဘာပေါ်တွင် အိမ်ရှေ့စံမင်းသား၊ ရှောင်းယွိရုန်နှင့် စန်းယောင်တို့ကဲ့သို့ နံနက်ခင်းနှင်းရည်သောက်ကာ ကြီးပြင်းလာသောသူများမှာ ရှားပါးပေသည်။
ဤကျန်းကျင်လုသည် ငယ်ရွယ်ပြီး သွက်လက်ကာ ဆင်ခြင်တုံတရားနည်းပြီး မိုက်မဲသော်လည်း သူသည် သာမန်ပညာရှင်တစ်ယောက် ဖြစ်၏။ သူ့တွင် ခွန်အားနှင့် အလားအလာကောင်းမျာအားလုံး ရှိနေ၏။
မဆိုးပေ၊ လုံးဝ မဆိုးလှပေ။
ဤကဲ့သို့သော လူငယ်တစ်ယောက်ကို မြင်ရသောအခါ ပိုင်လိမိသားစု၏ မကောင်းဆိုးဝါးဝိဉာဉ်များအားလုံး ကျေနပ်နေကြ၏။
ဝိဉာဉ်အများစုသည် ကမ္ဘာကြီး အရှုပ်ထွေးဆုံးအချိန်တွင် သေဆုံးခဲ့ကြ၏။ ထိုအချိန်က နန်းမြို့တော်သည် ရှုပ်ထွေးနေပြီး လူများသည် ပြောမပြနိုင်လောက်အောင် ခံစားနေကြ
ရ၏။
ပညာရှင်အများအပြားမှာ အရည်အချင်းများ အားလုံးရှိနေသော်လည်း အသုံးချရန် နေရာမရှိပေ။
သို့သော်လည်း ယခုသူတို့သည် ဤလူများကို မြင်လိုက်ရသောအခါ ရုတ်တရက် ရွှံ့နွံများထဲမှ ရုန်းထွက်ပြီး အလင်းရောင်ကို မြင်လိုက်ရသလို ခံစားရ၏။
ယနေ့ခေတ်ကမ္ဘာကြီးသည် အပြိုင်အဆိုင်မရှိ အေးချမ်းနေပေသည်။
သူတို့၏မျက်နှာများတွင် ကျေနပ်နေသော အမူအရာများ ရှိနေသော်လည်း ကျန်းကျင်လုမှာ အပြစ်ကင်းပြီး မည်သည်ကိုမှ နားမလည်ပေ။
ခဏအကြာတွင် ကျိပိုင်လိသည် မိသားစု၏ မကောင်းဆိုးဝါးဝိဉာဉ်များကို အပေါ်ထပ်သို့သွားရန် လက်ပြလိုက်၏။ ထိုအခါမှသာ ကျန်းကျင်လု သက်ပြင်းချနိုင်တော့၏။
ယခုအချိန်တွင် သူသည် မုန့်ကျိဖန်၏ဘေးတွင်ရှိသော ဝိဉာဉ်အား မြင်လိုက်ရတော့၏။
ဝိဉာဉ်သည် အရိပ်ထဲတွင် ပုန်းနေပြီး ကိုယ်ထင်မပြခဲ့ပေ။ သို့သော်လည်း အပြင်ဘက်တွင် မည်သည်တို့ဖြစ်နေသည်ကို သူ စိတ်ဝင်တစားရှိနေသောကြောင့် ရံဖန်ရံခါ ပေါ်လာတတ်သည်ကို ကျန်းကျင်လု မြင်သွား၏။
သူသည် အန်တော့မလို ဖြစ်သွား၏။
ပိုင်လီမိသားစု၏ ဝိဉာဉ်များသည် ကြည့်ရှုရန်မကောင်းပေ။ အချို့မှာ သွေးများ ဖုံးလွှမ်းနေပြီး အချို့မှာ သူတို့၏ခေါင်းနှင့် ခန္ဓာကိုယ်ကို ခွဲထားသည်။ သို့သော်လည်း သူတို့သည် သေသေချာချာ သန့်ရှင်းရေး လုပ်ထားကြ၏။ သူတို့သည် ကျန်းကျင်လုအား မကြောက်လန့်စေချင်သောကြောင့် သူတို့အားလုံးမှာ ပုံမှန်အတိုင်း ကြည့်နေကြ၏။ သူတို့သည် ရှဲ့ချောင် မီးရှို့ပေးခဲ့သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အတော်လေး သပ်ရပ်ထည်ဝါနေလေသည်။ သူတို့သည် အမှန်တွင် ကြောက်စရာ မကောင်းလှပေ။
သို့သော်လည်း အားနျန်၏ ဝိဉာဉ်မှာ ကွဲပြားပေ၏။
သူမ၏မှိုင်းညို့နေသော မျက်လုံးများမှ သူမ၏ခေါင်းနှင့်အတူ အပေါ်အောက် ယိမ်းထိုးနေသည်။
သူမ၏လွတ်နေသော လည်ပင်းမှာ လူတို့ကို ကျောချမ်းစေ၏။
သူမသည် ခဏခဏ ပေါ်လိုက်၊ ပျောက်လိုက် လုပ်နေသည့်အတွက် ပို၍ပင် ကြောက်စရာ ကောင်းနေ၏။
“ရှင် ယူသွားလို့ရမလား” ရှဲ့ချောင် ပြုံးပြီး မေးလိုက်၏။
ကျန်းကျင်လု၏ တောင့်တင်းနေသော ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွား၏။ သူ ခေါင်းခါတော့မည့်အချိန်တွင် ရှဲ့ဖင်းကန်း ပြောလိုက်၏ “ဒါက သေပြီးသားလူတစ်ယောက်ပဲ။ ဘာများထူးဆန်းလို့လဲ။ ဆရာမလို အမျိုးသမီးတစ်ယောက်တောင် ဒါကို လက်ခံနိုင်တာပဲ။ မင်းလိုယောက်ျားကြီးက ဘာကိုဒီလောက် ကြောက်နေတာလဲ”
ကျန်းကျင်လုသည် ငိုချင်နေသော်လည်း မျက်ရည်မကျပေ။
ရှဲ့ဖင်းကန်းသည် ကျန်းကျင်လုကို မနှစ်သက်သည် မဟုတ်သော်လည်း သူ၏ညီမအကြောင်းကို တွေးမိသွား၏။
သူ၏ညီမမှာ ကျန်းကျင်လုထက် ငယ်ပြီး ငယ်စဥ်ကတည်းကပင် ဤအရာများကို မြင်ဖူး၏။ သူမ အသက်ရှင်နေသေးသည် မဟုတ်လော။
ကျန်းကျင်လုသည် ၎င်းကိုတစ်ရက်ပင် မြင်ရသည်ဖြစ်၏။ သူ သည်းမခံနိုင်ပါက အသုံးမကျသူ ဖြစ်ပေလိမ့်မည်။
စန်းယောင်သည် ရှဲ့ဖင်းကန်း၏ စကားများကို နားထောင်ရသည်ကို မကြိုက်သည့်အတွက် သူ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ဆရာရှဲ့ ပိုပြီး ယဉ်ကျေးသင့်တယ်။ ကျွန်တော့်အိမ်မှာ စာအုပ်တစ်အုပ် ရှိတယ်။ နောက်ရက်ကျရင် ဆရာ့ကို ပေးလိုက်ပါ့မယ်။ဆရာ ဒါကို နည်းနည်းလောက် ဖတ်ကြည့်လိုက်ပါ။ ဒါက ဆရာ့ကို သေချာပေါက် ပြောင်းလဲသွားစေပြီး လူသစ်တစ်ယောက်လို ခံစားရစေမှာပါ”
ရှဲ့ဖင်းကန်းးသည် စန်းယောင်ကို လှည့်ကြည့်လိုက်၏။ “စာဖတ်ရမယ် ဟုတ်လား။ တော်ပါပြီ။ မနှစ်တုန်းက ကျွန်တော်က ကျန်းဟိုင်ကျောင်းတော်မှ လှံတစ်ချောင်း အနိုင်ရဖို့ တစ်နေ့လုံး စာတွေဖတ်ခဲ့ရတာ စာဖတ်ရင်း အန်ချင်စိတ်တောင်ပေါက်ခဲ့ရတယ်။ ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘဲနဲ့ ကျွန်တော့်ကို ဒုက္ခပေးဖို့ ဘာလို့ ကြိုးစားနေတာလဲ”
•••••
အခန်း ၁၁၁၁ သင်းကွပ်ခြင်း
ရှဲ့ချောင်သည် မုန့်ကျားပေါင်သို့သွားသောအခါ ရှဲ့ဖင်းကန်းသည်လည်း ကျန်းဟိုင်ကျောင်းတော်သို့ ပြဿနာရှာရန် ရောက်ရှိသွားပေသည်။ သူသည် ကြမ်းတမ်းပြီးရန်လိုနေခဲ့၏။ ထိုအချိန်က လောင်းကစားဝိုင်းများ အားလုံး ဆူညံပွတ်လောရိုက်သွားကုန်ကြ၏။ လူအများကြီးလောင်းရန်ရောက်လာကြသော်လည်း သူ အနိုင်ရလိမ့်မည်ဟူ၍ မည်သူမျှမယုံကြည်ကြပေ။
သို့သော် အမှန်တွင် သူလုပ်နိုင်ခဲ့ပေသည်။
ထိုရက်များတွင် သတ္တိကောင်းသော အမျိုးသမီးအချို့သည် ရှဲ့ဖင်းကန်းဆီသို့ လက်ကိုင်ပုဝါများ ပစ်ခဲ့ကြ၏။
သူသည် ခဏတာအတွင်း နာမည်ကြီးသွားပြီး ကြီးကျယ်ခမ်းနားလာခဲ့သည်။
စန်းယောင် ထိုအကြောင်းကိုကြားသောအခါ ရှဲ့ဖင်းကန်း ဖျက်ဆီးပစ်ခဲ့သော လက်ကိုင်ပုဝါအကြောင်းကို သတိရသွားခဲ့၏။
သူ၏စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။
ကျန်းကျင်လုကိုမူ လျစ်လျူရှုထားခဲ့၏။
မုန့်ကျိဖန်သည် ပျောက်ကွယ်သွားခဲ့ပြီး စကားပြောရန် မဝံ့ရဲတော့ပေ။ သူသည် ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ရိုကျိုးနေခဲ့သည်။
မကြာမီပင် သူတို့ ခရီးစတင်ခဲ့ကြ၏။
ကျောက်ရွှမ်ကျင်း၏ ရထားလုံးပေါ်တွင် ရှဲ့ချောင်နှင့် ရှောင်းယွိရုန်တို့ ထိုင်နေခဲ့ကြသည်။ ကျို့ဝေ့ကျုံးနှင့် ရှဲ့ဖင်းကန်းတို့သည် ၎င်းတို့နှစ်ယောက်ကို ကာကွယ်ရန်အတွက် ဘေးနှစ်ဖက်တွင် ရပ်နေကြ၏။
မုန့်ကျိဖန် ကိုယ်တိုင်လည်း မူးဝေနေခဲ့သည်။ သူရှုပ်ထွေးနေပြီး ကျန်းကျင်လုနှင့် ရထားလုံးတစ်စီးတည်းတွင် ထိုင်ရန် စီစဉ်ခံခဲ့ရသည်။
စန်းယောင်ကမူ ရှုခင်းများကိုကြည့်ချင်ခဲ့၏။ သူသည် နှင်းဖြူမြင်းပေါ်တွင် စီးနင်းလိုက်ပါပြီး အဖွဲ့နောက်မှ လိုက်ပါသွားခဲ့သည်။
သူ၏မြင်းသည် တကယ့်ကိုပင် လှပပေသည်။ မြင်းခေါင်းပေါ်ရှိ ဆံပင်စည်းတစ်ခုတွင် ကျစ်ဆံမြီးပင် ရှိနေခဲ့ပြီး ထိုအပေါ်တွင် ပန်းတစ်ပွင့်လည်း ပါဝင်နေ၏။ စန်းယောင်သည် သူ၏ကျောပေါ်တွင် တယောတစ်လတ်ကို လွယ်ထားပြီး သူ့ခြေထောက်ပေါ်ရှိ ဖိနပ်များတွင် ကျောက်စိမ်းပြားများဖြင့် စီခြယ်ထားသည်။ အဝေးမှကြည့်လျှင် ၎င်းတို့သည် အလွန်အဖိုးတန်ပုံပေါ်ပြီး တောက်ပနေသည်။
အမျိုးသမီးများစွာသည် သူ့ကို လှည့်ကြည့်နေကြ၏။
"သူက အရမ်း... ပလီပလာများတာပဲ..." ရှဲ့ဖင်းကန်း သူ့ဘာသာသူ ရေရွတ်နေမိသည်။
"လူတိုင်းက မင်းလို အသေးစိတ်လိုက်ပြီး ဂရုမစိုက်တဲ့သူတွေလို့ မင်းထင်နေတာလား" ရှဲ့ချောင်သည် လိုက်ကာကို မတင်ပြီး အပြင်သို့ကြည့်ကာ ရှဲ့ဖင်းကန်း ကို ရယ်မောလိုက်သည်။
"ဒါပေမဲ့ ဒါကတော့ အရမ်းများလွန်းတယ်..." သူ စကားမဆုံးခင်တွင် ရှဲ့ဖင်းကန်း သည် စန်းယောင်၏ လှုပ်ရှားမှုများကို ထပ်မံတွေ့လိုက်ရပြီး အလွန်ရွံရှာသော အမူအရာကို ပြလိုက်သည်။ ထို့နောက် သွားကိုက်ရင်း အော်ပြောလိုက်သည်။"ဘုရားရေ ဒီသခင်လေးစန်းက မြင်းစီးနေရင်း မြင်းရဲ့အမွေးတွေကို ဖြီးပေးဖို့အတွက် ဆံပင်ဖြီးတဲ့ ဘီးသေးသေးလေးတစ်ချောင်း ယူလာတာတဲ့ အဲ့တာက မြင်းတွေအတွက် အဆင်ပြေပါ့မလား"
မြင်း၏အမွေးများကို ဖြီးရန် ဘီးများရှိသည်။ ဆံပင်ဖြီးသောဘီးကိုသုံးခြင်းသည် အလွန်ထူးဆန်းပေသည်။
"ဆရာတူမောင်လေးစန်းမှာ မှန်နဲ့မိတ်ကပ်ပါရှိတယ်။ ဒါက ဘယ်လိုတောင်လဲ" ရှဲ့ချောင် ပြုံးကာပြောလိုက်၏။
သူမသည် စန်းယောင်ကို မစွပ်စွဲခဲ့ပေ။
သူ၏မျက်နှာသည် ချောမောပြီး နှုတ်ခမ်းမှာနီရဲနေသည်။ သူ၏မျက်နှာတွင် မိတ်ကပ်လိမ်းထားသည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် အလွန်အကျွံ မဟုတ်ပေ။ ပါးလွှာသော အလွှာတစ်ခုသာ ဖြစ်သည်။ မိတ်ကပ်အပြင် စန်းယောင်သည် ရေမွှေးလည်း သုံးထားသေး၏။ လူတစ်ယောက် နီးကပ်လာသောအခါ လတ်ဆတ်သော ပန်းရနံ့ကို ရရှိနိုင်ပြီး အနည်းငယ်ချိုမြိန်ကာ ရနံ့မှာမပြင်းတပြင်းပင်။
ရှဲ့ဖင်းကန်းသည် ထိုသို့သော ယောက်ျားတစ်ယောက်ကို မည်သည့်အခါကမျှ မမြင်ဖူးခဲ့ပေ။
သူသည် မိန်းမတစ်ယောက်ထက်ပင် ပို၍သေသပ်နေခဲ့၏။
"ငါ့မှာ ဒီလိုသားတစ်ယောက်ရှိရင်... ငါ သူ့ကို မိန်းမစိုးတစ်ယောက်လုပ်ပစ်မှာ" ရှဲ့ဖင်းကန်း တီးတိုးပြောလိုက်လေသည်။
ရထားလုံးပေါ်တွင် ရှောင်းယွိရုန်သည် သူ၏ဦးရေပြားကို ထိလိုက်လေသည်။ သူသည် ကြောက်ရွံ့စွာဖြင့် သူ့ကိုကြည့်လိုက်ပြီး ကျောရိုးတစ်လျှောက် ချမ်းတုန်သွားသည်ကို ခံစားလိုက်ရ၏။
"ဆရာတူမောင်လေးစန်းက လှလှပပနေရတာကို ကြိုက်ရုံနဲ့ သူ့ကို သင်းကွပ်ပစ်ဖို့ မလုပ်ပါနဲ့။ မင်း သည်းမခံနိုင်ဘူးဆိုရင်တော့ သူ့နဲ့ တိုက်ခိုက်ပြီး မင်းဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူ့ကို ပြ
လိုက်" ရှဲ့ချောင် တိုးတိုးလေးပြောလိုက်လေသည်။
ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းထောင့်မှာ တွန့်သွား၏။
ဆရာရှောင်းမှာ မျက်နှာနီရဲသွားလေသည်။
သင်းကွပ်မယ်…
"ဆရာတူအစ်မ... ဒီစကားလုံးကို တိရိစ္ဆာန်တွေအတွက်ပဲ သုံးပါတယ်..." ရှောင်းယွိရုန် အလျင်အမြန်ပြောလိုက်လေသည်။
"ကျွန်မ မှားသွားမှန်း သိပါတယ်" ရှဲ့ချောင်သည် သူ့ကိုယ်သူ အမြန်ထိန်းချုပ်ပြီး ပြုပြင်ပြောဆိုလိုက်၏။
ခုနက သူမသည် ကျီစယ်ချင်ရုံသက်သက်ပင်ဖြစ်၏။ သူမသည် ယနေ့တွင် တကယ့်ကို ပျော်ရွှင်ခဲ့၏။ လူအများကြီးနှင့်အတူ အပြင်ထွက်ရသည်မှာ ကောင်းပေသည်။ နွေဦးသည်လည်း နွေးထွေးပြီး လတ်ဆတ်သောလေကိုလည်း ရှူရှိုက်နိုင်ပေသည်။
ရှောင်းယွိရုန်သည်ပင် ရှဲ့ချောင်ကိုဆက်ပြီးပိုးပန်းရန် မသင့်တော်သည်ကို ခံစားခဲ့ရ၏။
ရှဲ့ချောင်သည် သူမ၏ ဒေါသများကို ရှဲ့ဖင်းကန်းပေါ်သို့ ပုံချနေသည်ကို ကျောက်ရွှမ်ကျင်းက သိရှိခဲ့၏။
စန်းယောင်တွင် ဝေဖန်တတ်သောအကျင့်ရှိခြင်းသည်လည်း သူ၏အမှားပင်ဖြစ်သည်။ သူသည် ရှဲ့ဖင်းကန်း၏ ရိုင်းစိုင်းမှုနှင့် ကြမ်းတမ်းသောရုပ်ကို မခံရပ်နိုင်ပေ။ ထို့ကြောင့် သူ၏ အထင်အမြင်သေးသောအကြည့်မှာ အနည်းငယ်မောက်မာနေပေသည်။
သို့သော် ရှဲ့ဖင်းကန်းသည် သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး စိတ်သဘောထားကြီးသူလည်းဖြစ်သည်။ သူသည် ထိုအရာများတွေးတောရတာကို မကြိုက်ပေ။ စန်းယောင်၏ ဝေဖန်သောအကြည့်ကို ရင်ဆိုင်ရချိန်တွင်ပင် သူသည် အဆင်ပြေနေဆဲပင်။
••••••
အခန်း ၁၁၁၂ လက်ကျန်ဘဝ
ရှဲ့ချောင်သည် သူမ၏မောင်အတွက် စိတ်မကောင်းဖြစ်မိသည်ကို သိ၏။
သူမသည် သူ့ကို ဒေါသထွက်စေရန် စကားအနည်းငယ်သာ ပြောခဲ့သည်။
စန်းယောင်သည် ရှဲ့ဖင်းကန်း သူ့အား အထင်အမြင်သေးနေသည်ကို မသိရှိသေးပဲ လှပသောရှုခင်းများထဲတွင် နှစ်မျောနေခဲ့၏။
နောက်ထပ်ရထားလုံးတစ်စီးတွင်…
ကျန်းကျင်လု၏မျက်နှာသည် ခွေးချေးနင်းမိထားသကဲ့သို့ ရုပ်ဆိုးနေခဲ့သည်။ "ကျ-ကျွန်တော်နဲ့ အဝေးမှာနေ..."
မုန့်ကျိဖန်၏မျက်လုံးများကို ကြည့်လိုက်သောအခါ သူသည်အနည်းငယ်ကြောက်နေခဲ့၏။
မုန့်ကျိဖန်သည်လည်း ဘာလုပ်ရမှန်းမသိတော့ပေ။ "ရထားလုံးက ဒီလောက်ပဲ ကျယ်တာ။ ကျွန်တော် ခုန်ချလိုက်ရမလား။ မင်းက မော့ချူး... ဆရာမမော့ရဲ့ ဆရာတူမောင်လေးပဲ။ဘာလို့ ဒီလောက်ကြောက်နေရတာလဲ။ မင်းက ငါ့လောက်တောင် သတ္တိမရှိဘူးပဲ"
"ပြောရတာ လွယ်တာပေါ့။ ငါ မင်းပေါ်က အရာကို မြင်နေရတယ် မင်းမြင်ရရဲ့လား" ကျန်းကျင်လုသည် သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။
"မကောင်းဆိုးဝါးဝိဉာဉ်က ငါ့နောက် လိုက်နေတာကို မင်းက ဘာလို့လာညည်းညူနေရတာလဲ" မုန့်ကျိဖန်သည် ကျန်းကျင်လုကို မကြောက်ပေ။
ဤလူအုပ်ထဲတွင် အနိုင်ကျင့်ရန်အလွယ်ဆုံးသူမှာ သူ့ရှေ့မှာရှိသောလူပင်ဖြစ်သည်။ ကျန်းကျင်လုရှေ့တွင်ပင် သူ၏ခေါင်းကို မမော့နိုင်လျှင် သူ့မျက်နှာ မည်သည်တွင်ထားရမည်နည်း။
ထို့အပြင် ယခု သူ မည်မျှကြောက်နေသည်ကို မြင်သောအခါ စိတ်အနည်းငယ် သက်သာသွားရသည်။ "ဒီရောဂါကို ခံစားနေရတာ ရက်အနည်းငယ်ပဲ ရှိသေးတာ။တကယ်တော့ ဒါက ကိစ္စမရှိပါဘူး။ ငါလုံးဝမကြောက်ပါဘူး။ ဆရာမမော့သာ... ငါ့ကို ကုသပေးဖို့ မတိုက်တွန်းခဲ့ဘူးဆိုရင် ဒီသခင်လေးက ဒီမကောင်းဆိုးဝါးဝိဉာဉ်တွေနဲ့ လက်ကျန်ဘဝကို နေသွားရတော့မှာပါပဲ"
"ဟေး" ကျန်းကျင်လု လှောင်ပြောင်လိုက်၏။
သူသည် ငတုံးငအ မဟုတ်ပေ။ သူ ဝင့်ကြွားနေသည်ကို သိပေသည်။
"မင်းကို လိုက်နေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်က ဘယ်လိုပုံစံလဲ သိချင်လား။ ငါ မင်းကို ပြပေးရမလား" ထို့သို့ပြောပြီးနောက် ကျန်းကျင်လုသည် ဆက်ပြော၏။ "ဒီမကောင်းဆိုးဝါးဝိဉာဉ်က မိန်းမ
တစ်ယောက်ဖြစ်ပြီး သာမန်ပါပဲ။ ဒါပေမဲ့... သူမရဲ့ခေါင်းက ပြုတ်ထွက်နေပြီး ရင်ခွင်ထဲမှာ ကိုင်ထားတယ်။ သူမရဲ့မျက်လုံးတွေက မနီဘူး အဲဒါက..."
"မင်းတို့ ချက်ထားတဲ့ငါးမျက်လုံးတွေ မြင်ဖူးလား" ကျန်းကျင်လုသည် ကြောက်နေသော်လည်း မုန့်ကျိဖန်အား ခြောက်လှန့်ရန်မမေ့ပေ။
မုန့်ကျိဖန်သည် သူ့လက်များကို ဆုပ်ကိုင်လိုက်၏။
အိမ်ရှေ့စံမင်းသားဘေးမှ လူများသည် အမှန်ပင်ကြောက်စရာကောင်းပေသည်။
ကျန်းကျင်လု ခံစားနေရသည်ကို မေ့ထားစေပြီး သူ့ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးချင်သေးသည်။
ကျန်းကျင်လု ပြောနေစဉ် ရုတ်တရက် မကောင်းဆိုးဝါးဝိဉာဉ်သည် စိတ်မကောင်းဖြစ်နေပုံပင်။ သူမ၏လက်များကို ရုတ်တရက်ဖြန့်လိုက်ပြီး သူမ၏ခေါင်းသည် ကျန်းကျင်လု၏ ခြေထောက်ဆီသို့ လှိမ့်သွားသည်။ ၎င်း ရပ်လိုက်သောအခါ သူနှင့် မျက်နှာချင်းဆိုင်ဖြစ်နေပြီး ငါးသေမျက်လုံးများက သူ့ကို ကြည့်နေခဲ့၏။
"အား... အား" ကျန်းကျင်လုသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ချက်ချင်းထခုန်လိုက်သည်။ သို့သော် သူ၏ခေါင်းသည် ရထားလုံးဘောင်အား ထိမိသည်ကို သတိမထားမိပေ။
"အား မင်း ဘာလုပ်နေတာလဲ"
သူ၏လွှမ်းမိုးမှုအောက်တွင် မုန့်ကျိဖန်သည် ရထားပေါ်မှ ခုန်ချမလိုဖြစ်သွား၏။
ကျန်းကျင်လု၏ နှလုံးသားသည် တုန်ယင်နေခဲ့သည်။ "ကျ-ကျွန်တော် မှားသွားပါတယ်။ ခေါင်းကို အမြန်ပြန်ယူပါ..."
သူ မှားသွားသည်။သူမ၏မျက်လုံးများမှာ ငါးသေများကဲ့သို့ဖြစ်နေသည်ဟူ၍ သူ မပြောသင့်ပေ။
ရထားလုံးထဲတွင် ခေါင်းခုန်နေသည်ကို မြင်သောအခါ ကျန်းကျင်လုသည် ပြတင်းပေါက်ကို မှီကာ စိတ်ပျက်အားငယ်စွာဖြင့် နေနေခဲ့သည်။
သူ တကယ်ပင် မှားသွား၏။
ရှဲ့ချောင်ပင် ထိုကဲ့သို့သောအသံကျယ်ကြီးကို ကြားလိုက်ရသည်။
"ဆရာတူညီလေးကျန်း အဆင်ပြေပါ့မလား" ရှောင်းယွိရုန်သည် အလွန်စိုးရိမ်နေပြီး သူ၏အသံမှာ နူးညံ့နေ၏။
"ဒါက နွေဦးရာသီပဲ။ သက်ရှိအားလုံးက ဆူညံသံတွေလုပ်ကြတယ်။ မင်း အသားကျသွားရင် အဆင်ပြေသွားလိမ့်မယ်" ကျောက်ရွှမ်ကျင်းသည် မစိုးရိမ်ပေ။
ရှဲ့ချောင်သည် ၎င်းတို့အတူတကွနေရန်အတွက် ပြင်ဆင်မှုအချို့ ပြုလုပ်ထားရပေမည်။
အများဆုံးတော့ သူတို့ ကြောက်လန့်သွားပေလိမ့်မည်၊ ပြင်းထန်သော အရာများ ဖြစ်လာလိမ့်မည်မဟုတ်ပေ။
ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။ "အော်ဟစ်တာက ကောင်းပါတယ်။ အဲဒါက မင်း စိတ်ဓာတ်ကျနေတာတွေကို သက်သာစေနိုင်ပြီး အဆုတ်ကိုလည်း ပိုကောင်းစေနိုင်တယ်"
ရှောင်းယွိရုန် သက်ပြင်းချလိုက်သည်။ သူ၏ဆရာတူညီအစ်ကိုများသည် အလွန်ဆိုးသွမ်းကြပေသည်။ သူ့လို မဟုတ်ပေ။ အသက် ၃၀ ရောက်လာသောအခါ သူ့တွင် ထိုမျှလောက်သော တက်ကြွမှုမျိုး မရှိတော့ပေ။ သူသည် အနည်းငယ် အသက်မဲ့နေခဲ့၏။
"ဒီသခင်လေးမုန့်က လူရှုပ်လူပွေတစ်ယောက်လို့ ကျောင်းတော်ကနေ ကြားသိခဲ့ရတယ်။ သူက စားတာ၊ သောက်တာ၊ မိန်းမတွေ၊ လောင်းကစားတွေမှာ တော်ပုံရတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ သူက နည်းနည်းပျက်စီးပြီး အလိုလိုက်ခံရပေမဲ့ ဆိုးတဲ့လူတော့ မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်" ရှောင်းယွိရုန်သည် မုန့်ကျိဖန်ကို တွေးလိုက်သောအခါ သနားမိနေသည်။
••••••