← Chapters

အခန်း (၁၁၁၃-၁၁၁၆)

Vol. 57 Ch. 1113-1116

အခန်း (၁၁၁၃-၁၁၁၆)

Vol. 57 Ch. 1113-1116

အခန်း ၁၁၁၃ မည်သည်ကိုမှ ဖုံးကွယ်၍မရ

မုန့်ကျိဖန်သည် အတော်လေးရုပ်ရည်ချောမောပေသည်။ သူသည် ကျောက်စိမ်းသရဖူကို ဝတ်ဆင်ထားပြီး ချောမောသန့်ပြန့်နေ၏။ အပေါ်ယံ ကြည့်လျှင် ချောမောသော လူငယ်လေးတစ်ဦးနှင့် တူပေ၏။ ဆရာကောင်းတစ်ဦး၏စိတ်ဓာတ်ရှိ‌သော ရှောင်းယွိရုန်သည် လူငယ်လေးကို မြင်လိုက်သောအခါ သဘောကျသွားပေသည်။

ထို့အပြင် မုန့်ကျိဖန်သည် ယနေ့တွင် အလွန်လိမ္မာနေ၏။

"ဆရာတူမောင်လေး မင်း သခင်လေးမုန့်အကြောင်းကို ဘာမှမသိပါဘူး။ သူက တကယ့်ကို ဆိုးသွမ်းတဲ့လူတော့ မဟုတ်ပေမဲ့ သူက စက်ဆုပ်စရာကောင်းတယ်" ရှဲ့ချောင်သည် ရှောင်းယွိရုန်၏အမြင်ကို လက်မခံပေ။

သူမသည် လူများအပေါ် ကြင်နာပြီး မည်သူ့ကိုမှ တမင်တကာ ပစ်မှတ်ထားမည် မဟုတ်ပေ။

"ဘာလို့ အဲ့ဒီလိုပြောတာလဲ" ရှောင်းယွိရုန်သည် အနည်းငယ် အံ့သြသွား၏။

"ဒီလူက အပေါ်ယံအသွင်အပြင်မှာတော့ ချမ်းသာပေမဲ့ မာနကြီးပြီး စိတ်တိုတတ်တယ်ဆိုတဲ့ စကားအတိုင်းပဲ။ သူကအဲ့လိုပုံပေါက်နေတယ်။ သူ့ရဲ့ရုပ်ရည်က ဘယ်လောက်ပဲကြည့်ကောင်းကောင်း အသက်ရှည်ရှည်နေရမှာမဟုတ်ဘူး။ သူက ပေါ့ပေါ့ပါးပါးနေတတ်ပေမဲ့ သူ့ရဲ့မျက်လုံးအစွန်း အရမ်းရှည်တယ်။ ထက်မြက်ပေမဲ့ မ‌ဖော်ရွေဘူး။ သူက နာကျင်စေတဲ့အရာမျိုးစုံ လုပ်ဖူးရမယ်။ ပြဿနာက အရမ်းကြီးတယ်လို့ မထင်ရပေမဲ့ သူက ချမ်းသာတော့ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ဒီအတိုင်းဆက်သွားရင် သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ကြာကြာခံမှာ မဟုတ်ဘူး" ရှဲ့ချောင် ထပ်ပြော၏။

ရိုးရှင်းစွာပြောရလျှင် ဤလူသည် အကျင့်ပျက်ခြစားမှုများစွာကို မလုပ်ခဲ့သော်လည်း သေးငယ်သော အကျင့်ပျက်ခြစားမှုများစွာကိုပင် လုပ်ခဲ့သည်။ သူ၏မိသားစုသည် ချမ်းသာသည်မဟုတ်ပါက သူသည် သူ့ကိုယ်သူ ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။ သို့သော် သူ့မိသားစုသည် ချမ်းသာပြီး မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်နေကာ သူ၏အသက်ကိုတိုစေသည်။

ရှဲ့ချောင်သည် ဤလူ မည်မျှကြာကြာ အသက်ရှင်နိုင်မည်ကို အတိအကျမပြောခဲ့ပေ။

ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ခြင်းသည် မသင့်တော်ပေ။ ထို့အပြင် သူမသည် နက္ခတ်ဗေဒင်ကြေးကို မယူခဲ့ပေ။

သို့သော် သူသည် အသက် ၆၀ ကျော်အထိ အသက်ရှင်နိုင်မည်မဟုတ်ပေ။

"သူ့ကို ခုနကကြည့်လိုက်တာ အစကတော့ နည်းနည်း မောက်မာပေမဲ့ နောက်ပိုင်းမှာတော့ ယဉ်ကျေးလာတယ်" ရှောင်းယွိရုန်သည် သူ့ကို လူကြီးတစ်ယောက်၏ ရှုထောင့်မှ ကြည့်လိုက်၏။

၎င်းသည် ကလေးတစ်ယောက်ကိုကြည့်နေသော အရွယ်ရောက်ပြီးသူတစ်ဦးနှင့်တူပေသည်။ ဤလူသည် အလွန်အကျွံမလုပ်သရွေ့ သူ၏စိတ်ထဲတွင် သဘောထားကြီးကြီးဖြင့် ကြည့်နေပေလိမ့်မည်။

"ပြောရရင်တော့ ဒီသခင်လေးမုန့်က ကျောင်းတော်မှာ လူသတ်တာတို့ မီးရှို့တာတို့ မလုပ်ခဲ့ပေမဲ့ အဆင့်နိမ့်မိသားစုက ကလေးတွေကို အနိုင်ကျင့်တဲ့ ရာဇဝတ်မှုတော့ ကျူးလွန်ဖူးရမယ်" ရှဲ့ချောင် ထပ်ပြော၏။

မျှော်လင့်ထားသည့်အတိုင်းပင် ရှောင်းယွိရုန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွား၏။

တခြားသူများကို အနိုင်ကျင့်ခြင်းသည် အနည်းငယ် မုန်းစရာကောင်းပေသည်။

ရှဲ့ချောင်သည် ကျောင်းတော်တွင် ရှိနေစဉ်က မုန့်ကျိဖန်၏ အပြုအမူကို ကြားသိခဲ့ရသည်။

သူသွားလေရာ၌ လူများသည် ရိုသေစွာ ဦးညွှတ်ပြီး သူ့ကို အနှောက်အယှက်မဖြစ်စေခဲ့ပေ။ သူသည် အကြီးအကဲဖြစ်ပြီး တခြားသူများမှာ သူ့မျက်လုံးထဲတွင်ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေ၏။

ဟုတ်ပေ၏။ သူ့တွင် သနားကြင်နာမှု မရှိသည် မဟုတ်သော်လည်း သူ၏စံနှုန်းများမှာ အနည်ငယ်နိမ့်ကျနေသည်။

သူမသည် ဤလူ မကောင်းသည်ကို ပြောလိုက်မည်ဆိုလျှင် သူ့ကို မတရားသဖြင့်ပြောသည်ဟုထင်ကြပေလိမ့်မည်။ သူ၏မိဘများမှာ သူ့အား ဤသို့သင်ပေးခဲ့၍ သူကိုယ်တိုင်ပင် ထိုသို့ကျင့်သုံးလာခဲ့ရာ တခြားသူတွေကလည်း သူ့ကို လျစ်လျူရှုခဲ့ကြ၏။ အချိန်ကြာလာသည်နှင့်အမျှ သူအသားကျသွားခဲ့သည်။

"ဆရာတူအစ်မ ဒီလိုအရာမျိုးကို မျက်နှာကိုကြည့်ပြီး ပြောနိုင်တာလား" ရှောင်းယွိရုန်သည် အနည်းငယ် အံ့သြသွားပြီး သူ၏မျက်နှာသည် တည်ငြိမ်သွားသည်။

သူ၏ဆရာတူအစ်မသည် အလွန်အံ့သြဖွယ်ကောင်းပေသည်။ အကယ်၍ ထိုသို့ဆိုလျှင် သူ့၏ဆရာတူအစ်မ၏ မျက်လုံးများထဲတွင် တခြားသူများ၏ဘဝများသည် မည်သည်ကိုမှ ဖုံးကွယ်၍မရနိုင်ပေ။

ရှဲ့ချောင် ရယ်မောလိုက်သည်။

မဖြစ်နိုင်ပေ။

သူမသည် မုန့်ကျိဖန် အနိုင်ကျင့်ထားသော လူများထဲမှ တစ်ဦးဖြစ်သောကြောင့် သူ့ကိုကောင်းကောင်းမှတ်မိနေ၏။

"ဆရာတူအစ်မကြီး ဒီလူရဲ့ကံကြမ္မာကို ပိုကောင်းအောင်လုပ်ဖို့ နည်းလမ်းရှိလား" ရှောင်းယွိရုန် ထပ်

မေးလိုက်၏။

ရှဲ့ချောင် အံ့သြသွားလေသည်။

ယခင်က မုန့်ကျိဖန်၏ မျက်နှာသွင်ပြင်ကို ကြည့်သောအခါ သူမသည် သူ့အတွက် သူ၏ကံကြမ္မာကို မည်သို့မြှင့်တင်ရမည်ကို တကယ်မစဉ်းစားခဲ့ပေ။ ယခု ရှောင်းယွိရုန်က ပြောလိုက်သောအခါ…

"ဟုတ်ပါတယ်၊ ရှိတယ်။ ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းနှစ်ခုရှိတယ်။ ပထမဆုံးအနေနဲ့ မိသားစုထဲက စည်းစိမ်ဥစ္စာအားလုံးကို ဖယ်ရှားပစ်ရမယ်။ အာဏာက ပိုက်ဆံကနေ စတင်ပြီး ပိုက်ဆံက ကံကောင်းခြင်းတွေကို ပြန်ယူလာပေးတယ်။ ပိုက်ဆံမရှိရင် သူ မောက်မာချင်ရင်တောင် မောက်မာလို့မရဘူး။ ဒါ့အပြင် သူက နည်းနည်းဉာဏ်ရှိပြီး ထက်မြက်တယ်။ ပိုက်ဆံမရှိရင် လက်တွေ့ကျကျ ဘယ်လိုနေရမလဲဆိုတာ သူသိလာပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်လာနိုင်လိမ့်မယ်။

အချိန်ကြာလာတာနဲ့အမျှ သူ ဘယ်သူ့ကိုမှ ရန်မပြုတော့ဘဲ ခြိမ်းခြောက်မှုတွေလည်း မဖြစ်တော့ဘူး။ သူ အဆင်ပြေသွားလိမ့်မယ်" ရှဲ့ချောင် ခဏတာစဉ်းစားပြီး ပြောလိုက်သည်။

"ဒါက မဖြစ်နိုင်ဘူး။ မုန့်မိသားစုက သစ္စာဖောက်မဟုတ်ရင် မိသားစုက ကြီးပွားတိုးတက်လာလိမ့်မယ်" ကျောက်ရွှမ်ကျင်း ဤအချက်ကို ချက်ချင်းငြင်းပယ်လိုက်လေသည်။

•••••

အခန်း ၁၁၁၄ အသက်ရှည်ရှည်နေရန် ကံမပါပေ

မုန့်ကျိဖန်၏ မွေးဖခင်ဖြစ်သူ အမတ်ကြီးမုန့် သည် အနည်းငယ်ဆိုးသွမ်းခဲ့သည်။ သူသည် အခြားသူများကို ထိခိုက်နစ်နာစေပြီး သူ့ကိုယ်သူ အကျိုးမပြုနိုင်သည့် ကိစ္စများစွာကို လုပ်ဆောင်ခဲ့၏။

သို့သော် အဓိကအားဖြင့် စတုတ္ထမင်းသား၏ မျက်နှာသာပေးမှုကိုရရန် ဖြစ်သည်။

သူသည် ငတုံးငအမဟုတ်ပေ။ မည်သည့်အရာကို လုပ်သင့်သည်၊ မလုပ်သင့်သည်ကို သိ၏။ သူ့တွင် အကြံအဖန်များ ရှိနိုင်သော်လည်း အရေးကြီးသည့် ကိစ္စများတွင်မူ တွေဝေသွားသည်မျိုး မရှိခဲ့ပေ။

ကျောက်ရွှမ်ကျင်းသည် အမတ်ကြီးမုန့်အပေါ် အမုန်းတရားများစွာ မရှိခဲ့ပေ။ သူ၏မျက်လုံးထဲတွင် ထိုလူသည် တဏှာရာဂ အနည်းငယ်ရှိနေသူသာဖြစ်သည်။

ထိုအရာသည် ထီးနန်းလုခြင်းကိစ္စကြောင့် အနည်းငယ် ပြဿနာဖြစ်စေသည်၊ သူ၏မိသားစုတစ်ခုလုံးကို ရှင်းလင်းပစ်ရန် မလိုအပ်ပေ။

“ဒါဆို ဒါကမဖြစ်နိုင်ဘူးဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့ နောက်ထပ်နည်းလမ်းတစ်ခုပဲ ရှိတော့တယ်” ရှဲ့ချောင်သည်ကျေနပ်ဟန်ဖြင့် မျက်လုံးမှေးကာ ကြည့်လိုက်သည်။ “သူ့မှာ ပြေပြစ်ကောင်းမွန်တဲ့ အရိုးတွေ၊ ဖြောင့်ဆင်းနေတဲ့ နှာခေါင်းနဲ့ ချောမောတဲ့ ရုပ်ရည်ရှိတယ်။ သူသာ ဘုန်းကြီးဖြစ်ရင် အသက်ရှည်လိမ့်မယ်”

ရှောင်းယွိရုန် ပြောစရာစကားမရှိတော့။

ကျောက်ရွှမ်ကျင်းသည်ပင် ထိုစကားကိုကြား၍ အနည်းငယ် တုန်လှုပ်သွားရသည်။

“ကျွန်မသူ့ကို လှည့်စားတာမဟုတ်ပါဘူး။ သူ့မှာ အားနည်းချက်တွေ အများကြီးရှိတယ်။ သူ့မျက်လုံးတွေက မက်မွန်ပန်းရဲ့ မီးတောက်တွေလိုပဲ။ သူက အရက်သောက်တာ၊ ကာမလိုက်စားတာနဲ့ အပျော်အပါးလိုက်စားတာကို ကြိုက်တဲ့သူ ဖြစ်ရမယ်။သူက ငယ်သေးတာဆိုတော့ သူ့ပုံပန်းသဏ္ဍာန်က အခုထိ သတ်မှတ်လို့မရသေးဘူး။ ဒါပေမဲ့ နောင်ကျ အရက်၊ ကာမကိစ္စနဲ့ မိန်းမ လိုက်စားတာ‌တွေ အများကြီးရှိနေလိမ့်မယ်။ ဘုန်းကြီးဝတ်ပြီး ခန္ဓာကိုယ်နဲ့ စိတ်နေစိတ်ထားကို ပြုပြင်ပျိုးထောင်ကာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်မယ်ဆိုရင် သူ့ရဲ့အားနည်းချက်တွေကို ဖြေရှင်းနိုင်မှာ”ရှဲ့ချောင်သည် အလွန်အလေးအနက်ထား၍ ပြောလိုက်သည်။

အခုအချိန်အထိပင် မုန့်ကျိဖန်သည် ရိုးသားပြီး ဖြူစင်သူတစ်ယောက်မဟုတ်သေးပေ။

သူသည် ဆောင်ကြာမြိုင်သို့ မကြာခဏ သွားလာသူဖြစ်သည်။

သူ့နာမည်မပျက်ရခြင်း အကြောင်းရင်းမှာ မုန့်မိသားစုသည် သူတို့ကိုယ်သူတို့ ထိန်းချုပ်ရန် သိရှိခြင်းကြောင့်ပင် ဖြစ်သည်။ သူတို့သည် သူ့အတွက် ဇနီးလည်းမရှာပေး၊ ကိုယ်လုပ်တော်များလည်း မရှာ

ပေးခဲ့ပေ။ ထို့ကြောင့် အခြားသူများက သူ့ကိုအသုံးမကျသူအဖြစ်သာ မှတ်ယူကြပြီး ကာမလိုက်စားသူအဖြစ် မထင်ခဲ့ကြပေ။

“သခင်လေးတစ်ယောက်က ဘာအကြောင်းမှမရှိဘဲ ဘုန်းကြီးဝတ်မှာ မဟုတ်ဘူး။ ဒါက မဖြစ်နိုင်လောက်ဘူး ထင်တယ်” ရှောင်းယွိရုန်သည် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မကောင်းဖြစ်နေခဲ့၏။

ကလေးတစ်ယောက်ကို မည်သို့ပင် သင်ခန်းစာပေးလို့ရနိုင်မည်နည်း။

သူသည် ထိုအသက်အရွယ်က စာအုပ်များထဲသို့ တိုးဝင်သွားပြီး နေရာအနှံ့လှည့်လည်သွားလာချင်ခဲ့လေသည်။ သူသည် တစ်နေ့လုံးတစ်ညလုံး မစားမအိပ်ဘဲနေချင်ခဲ့၏။ စာကြမ်းပိုးတစ်ယောက်ကဲ့သို့ စာအုပ်တွေအကုန်လုံးကိုဖတ် ချင်နေခဲ့လေသည်။

ရှောင်းယွိရုန်သည် စိတ်မကောင်းဖြစ်သွား၏။နာရီအနည်းငယ်ကြာပြီးနောက် သူသည် မုန့်ကျိဖန် ရထားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ သူ၏မျက်နှာထားမှာ ရှုပ်ထွေးသွားသည်။

မုန့်ကျိဖန်နှင့် ကျန်းကျင်လုတို့၏ မျက်နှာများသည် ဖြူဖျော့နေကြ၏။

ကျန်းကျင်လုသည် သူ၏ခေါင်းကို တစ်ချိန်လုံးပွတ်သပ်နေခဲ့သည်။

ယခင်က ထိခိုက်မိသည့် နာကျင်မှုကြောင့် အချိန်အတော်ကြာပြီးနောက်တွင်ပင် လျစ်လျူရှု၍မရနိုင်သောကြောင့် ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်သည် အလွန်ခြောက်ကပ်နေခဲ့သည်။

“ဟိုဘက်မှာပဲ” မုန့်ကျိဖန်သည် ညာဘက်သို့ လက်ညှိုးထိုးပြလိုက်၏။ “ကျွန်တော်က ဒီဘက်ကလမ်းလေးကို ဦးတည်နေခဲ့တာပါ။ ကျွန်တော် ဒီကိုရောက်တဲ့အခါ အဲ့ဒီဘက်မှာ အိမ်အချို့ကို မှုန်ဝါးဝါး မြင်လိုက်ရတယ် ဒါကြောင့် ကျွန်တော် ပေါင်းပင်တွေထဲကနေ ခုန်ဝင်သွားခဲ့တာပါ”

ဆိုလိုသည်မှာ လမ်းမရှိခြင်းပင်။

လမ်းကို လူများက ဖန်တီးထားခဲ့ကြသည်။ လူအများအပြားသည် ဤနေရာကို ဆယ်စုနှစ်များစွာကြာအောင် ဖြတ်သန်းသွားခြင်း မရှိခဲ့ကြပေ၊ ထို့ကြောင့် သူတို့ လမ်းကိုမသိခြင်းသည် ပုံမှန်ပင် ဖြစ်သည်။

ရှဲ့ဖင်းကန်းသည် မြင်းပေါ်မှ လျင်မြန်စွာ ဆင်းသက်ခဲ့၏။ သူသည် အလွန်ယုံကြည်မှုရှိပြီး ခက်ထန်သောပုံစံ ပေါ်နေသည်။ ထို့နောက် ဓားသံနှင့်အတူ အေးစက်သော အလင်းရောင်တစ်ခု တဖျပ်ဖျပ်လက်သွားပြီး သူသည် ပေါင်းပင်များကို စတင်ခုတ်ထစ်တော့သည်။

စန်းယောင်၏ မျက်ခွံများမှာ တဆတ်ဆတ်တုန်သွားခဲ့သည်။ သူ့မျက်နှာပေါ်ရှိ ကြွက်သားများမှာ ထိန်းချုပ်၍မရလုနီးပါးပင်။

ကံကောင်းစွာပင် သူခုတ်ထစ်နေသည်မှာ တောင်ရိုင်းပေါင်းပင်များသာ ဖြစ်သည်။ လူ့ခေါင်းဖြစ်ခဲ့ပါက ပို၍ပင် ထိတ်လန့်စရာကောင်းပေလိမ့်မည်။

ဒီနေရာတွင် ခြောက်သွေ့သော ပေါင်းပင်များနှင့် ဆူးများစွာ ရှိနေသောကြောင့် အတော်လေး ပင်ပန်းပေသည်။ ယနေ့တွင် ကျောက်ရွှမ်ကျင်းသည် ကိုယ်ရံတော်တစ်ဦးဖြစ်သော ကျို့ဝေ့ကျုံးကိုသာ ခေါ်လာခဲ့သည်။ ထို့ကြောင့် ကိုယ်ရံတော်ကျို့သည် အိမ်ရှေ့စံမင်းသားဘေးမှ ထွက်ခွာရန် မဝံ့မရဲဖြစ်နေပြီး ကူညီရန် အပေါ်သို့ တက်မသွားခဲ့ပေ။

ကျန်ရှိနေသော လူများထဲမှ လူငယ်နှစ်ဦးဖြစ်သော ကျန်းကျင်လုနှင့် မုန့်ကျိဖန်တို့တွင်မူ ကူညီရန်ငြင်းပယ်ပိုင်ခွင့် မရှိခဲ့ပေ။ သူတို့သည် မိမိတို့ကိုယ်ကို အားတင်းလိုက်ကြပြီး ရှဲ့ဖင်းကန်း ခုတ်ထစ်လိုက်သော လမ်းကို ရှင်းလင်းပေးရန် တက်သွားကြသည်။

ရှဲ့ဖင်းကန်းအတွက် ဤအလုပ်သည် အခက်အခဲမရှိပေ။

ရှည်လျားသောလမ်းကို ရှင်းလင်းပြီးနောက်တွင်ပင် သူ၏အသက်ရှူသံသည် အေးအေးဆေးဆေး ရှိနေပြီး လုံးဝပြောင်းလဲခြင်း မရှိခဲ့ပေ။

သူ၏ကိုယ်ခန္ဓာသည် သိပ်မသန့်ရှင်းတော့။ အစိမ်းရောင်နှင့် အဝါရောင်အရည်များ စွန်းထင်းနေပြီး သူ၏အဝတ်များမှာလည်း ပေါင်းပင်များစွာ ကပ်ငြိနေလေသည်။

•••••

အခန်း ၁၁၁၅ စောင်းတီးသံ

စန်းယောင်သည် သန့်ရှင်းမှုကို နှစ်သက်သော်လည်း ဤသဘာဝပတ်ဝန်းကျင်ကို မရွံရှာပေ။ သူသည် ရှုပ်ပွနေသော လမ်းကိုသာ ကြည့်ရင်း ရှဲ့ဖင်းကန်း ပန်းခူးနေသော မြင်ကွင်းကို ဘာကြောင့်ရယ်မသိ သတိရသွား၏။

ထိုကဲ့သို့သော လူမျိုးသည် ပန်းရနံ့များသင်းပျံ့နေသော ပန်းပင်များကြားထဲတွင် နေရလျှင် မည်သို့ဖြစ်နေမည်နည်း

သို့သော် ထိုပုံရိပ်သည် သူ၏စိတ်ထဲတွင် ဖြတ်ခနဲ‌ပေါ်လာပြီးနောက် တုန်လှုပ်ချောက်ချားသွားလေသည်။

အလွန်ကြောက်စရာကောင်းရပေသည်။

“ဘာကိုစောင့်နေတာလဲ။ ပွေ့ခေါ်သွားစေချင်လို့လား။ အသက်လဲကြီးနေပြီကို ဘာလို့ ဒီလောက်တောင် ဟန်လုပ်နေရတာလဲ”

စန်းယောင်သည် ခဏတာ မင်သက်နေခဲ့၏။ သူသည် မြင်းဖြူကြီးပေါ်တွင် ထိုင်နေဆဲပင်။

ရှဲ့ဖင်းကန်းမှာ ထိန်းမထားနိုင်တော့ပေ။

သူသည် အနှေးဆုံးဖြစ်ပြီး ဤတောရိုင်းထဲတွင် သူ့အား ဤနေရာ၌ တစ်ယောက်တည်း ထားခဲ့၍ မရပေ။ သူ့ကို စောင့်နေရဦးမည်ဖြစ်သည်။ သူသည် တကယ်ကို ဒုက္ခပေးသူပင်။

ရှဲ့ဖင်းကန်းသည် စိတ်အနှောက်အယှက်ဖြစ်စေသော ပညာရှင်တစ်ဦးဖြစ်သည့် ဝမ်လန်ချန်းသည် အလွန်နူးညံ့သိမ်မွေ့သည်ဟူ၍ ထင်ခဲ့ပေသည်။ သို့သော် အခုအချိန်တွင် သူသည် စန်းယောင်ကိုကြည့်လိုက်သောအခါ လူတစ်ယောက် မည်သည်ထိ ဟန်ဆောင်နိုင်သည်ကို တွေ့ရှိသွား၏။

စန်းယောင် သည် မြင်းဖြူပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့သည်။

ရှဲ့ဖင်းကန်းသည် နှာခေါင်းရှုံ့လိုက်ပြီး လျှောက်သွားခဲ့သည်။ သူသည် လက်ကိုဆန့်ထုတ်ကာ မြင်းဖြူ၏ ကျောကို ပုတ်လိုက်၍ မြင်းသည် အော်ဟစ်သံပြုလိုက်ပြီး ခြေထောက်များကို မြှောက်ကာ ပြေးသွားတော့သည်။

“တွေ့လား ဒါက ကောင်းတယ်မလား။ ဒီလောက်တော်တဲ့မြင်းကို ပိုပြီးမြန်မြန်ပြေးခိုင်းရမယ်။ မဟုတ်ရင် သူက ဝလာပြီး သိပ်မကြာခင် စားပွဲပေါ် ရောက်သွားလိမ့်မယ်” ရှဲ့ဖင်းကန်း အားရပါးရ ရယ်မောလိုက်ပြီး နောက်မှ အနီးကပ် လိုက်သွားလေသည်။

စန်းယောင်၏ မြင်းစီးကျွမ်းကျင်မှုသည် မဆိုးသော်လည်း ဤကဲ့သို့ ရုတ်တရက် ပြေးထွက်သွားခြင်းကြောင့် သူသည် ကြောက်ရွံ့တုန်လှုပ်နေခဲ့၏။

မြင်းပေါ်မှ ဆင်းပြီးနောက် သူ၏မျက်လုံးများသည် မှောင်မိုက်နေပြီး တစ်စုံတစ်ယောက်ကို ဝါးမြိုတော့မည့်ဟန် ရှိနေခဲ့သည်။

“မင်း ဒေါသထွက်နေတာလား။ မင်းတို့ ပညာရှိတွေက အတော်လေး စိတ်သဘောထားသေးသိမ်ထားတာပဲ။ ဒေါသထွက်နေရင် ပြောလိုက်ပါ။ ငါတို့ တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ပြီး ဒေါသဖြေကြမယ်လေ” ရှဲ့ဖင်းကန်းသည် ပျော်ရွှင်စွာ ပြောလိုက်၏။

စန်းယောင်သည် သူ့ကို စိုက်ကြည့်လိုက်ပြီး မာန်ပါပါဖြင့် ခေါင်းကိုမော့လိုက်သည်။ ထို့နောက် သူသည် သန့်ရှင်းသော ကျောက်တုံးတစ်တုံးကို ရှာလိုက်ပြီး သူ၏စောင်းကို ကိုင်ကာ နားနေလေသည်။

ရှဲ့ချောင်သည်လည်း ရွာကို သေချာစွာ ကြည့်လိုက်၏။

ရွာသည် လခြမ်းကွေးကဲ့သို့ပင် သေးငယ်သည်မှာ အမှန်ပင်ဖြစ်သည်။ နေရာအနှံ့တွင် ပြိုကျနေသော နံရံများ၊ အပျက်အစီးများသာ ရှိပြီး အကောင်းအတိုင်းမရှိသောအိမ်များမှာ မရှိသလောက်ပင်။

မြင်‌တွေ့နေရသော အချို့အိမ်များတွင် မည်သူမျှ နေထိုင်၍မရနိုင်တော့ပေ။ ခေါင်မိုးသည် လုံးဝမရှိတော့သလောက်ဖြစ်နေပြီး ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော အိမ်အချို့သာ အနည်းငယ် ပိုမိုခိုင်ခံ့ပေသည်။

မုန့်ကျိဖန်သည် ဝင်ရောက်လာစဥ်ကတည်းက စိုးရိမ်ပူပန်နေခဲ့၏။

သူသည် ဘယ်ညာ ကြည့်ရင်း အတော်လေးကို ကြောက်နေခဲ့သည်။

ယခင်က သဘောတူညီမှုကြောင့် သူသည် ကျန်းကျင်လုအား သံယောဇဉ်တွယ်သွားပုံရပြီး ကျန်းကျင်လုနောက်တွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေပြီး လှည့်ပတ်မသွားတော့ပေ။

သူ့တွင် ရွေးချယ်စရာမရှိပေ။

ဒီနေရာတွင် လူများစွာရှိပြီး ကျန်းကျင်လုနောက်မှလွဲ၍ အခြားမည်သူ့နောက်ကို လိုက်ရမှန်း သူတကယ်မသိပေ။ မည်သူမျှကိုမျှ လျှော့တွက်၍မရပေ။

ကျန်းကျင်လုသည်မူ ပတ်ဝန်းကျင်သည် အမှန်တကယ်ပင် အလွန်သန့်ရှင်းနေသောကြောင့် သက်ပြင်းချလိုက်၏။ သူသည် မည်သည့် မကောင်းဆိုးဝါးဝိဉာဥ်ကိုပင် မမြင်ခဲ့ရပေ။

သို့သော် ပတ်ဝန်းကျင်မှအငွေ့အသက်သည် တစ်ခုခု မှားနေခဲ့သလိုပင်။ မဲမှောင်ပြီးအသက်မဲ့နေသောမြူခိုးများက သူ့ကို စိတ်မသက်မသာဖြစ်စေ၏။

“အဲ့ဒီနေ့က မင်း ဘယ်မှာနေ နေခဲ့တာလဲ” ရှဲ့ချောင် မုန့်ကျိဖန်ကို အော်ခေါ်လိုက်၏။

မုန့်ကျိဖန်သည် မကြည်မသာဖြင့် မလှမ်းမကမ်းရှိ ခြံဝင်းကို လက်ညှိုးထိုးပြလိုက်လေသည်။ “ဟိုမှာ...”

ထိုအိမ်၏ ခြံဝင်းသာ အကောင်းပကတိအတိုင်း ရှိနေသေးသည်။ အိမ်တစ်ဝက် ပြိုကျခဲ့သော်လည်း ကျန်တစ်ဝက်သည် ပုံမှန်အတိုင်း မြင်နေရသေးသည်။ သို့သော် ခေါင်မိုးသည် ပြိုကျနေသောကြောင့် အိမ်တစ်ခုလုံးသည် ပုံမှန်အိမ်တစ်လုံး၏ အမြင့်သာ ရှိနေခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် နေထိုင်ရန် အန္တရာယ်ရှိသော အိမ်ဖြစ်သည်ကို သိနိုင်ပေသည်။

ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။ “ကျွန်မနဲ့အတူ လိုက်ကြည့်ပါဦး”

မုန့်ကျိဖန် ခေါင်းညိတ်လိုက်လေသည်။

ကျောက်ရွှမ်ကျင်းနှင့် ကျို့ဝေ့ကျုံးတို့သည် သူတို့၏နောက်မှ လိုက်ပါသွားကြ၏။ ရှဲ့ဖင်းကန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရန် နောက်တွင် နေရစ်ခဲ့လေသည်။

သူသည် နားနေသည့်နေရာမှ မြက်ရိုင်းများကို ရှင်းလင်းရန် အကောင်းဆုံး ကြိုးစားချိန်တွင် စန်းယောင်သည် တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကိုမြင်သောအခါ သူ၏စောင်းကို ထုတ်လိုက်လေသည်။ သူ၏လက်များသည် ဗျက်စောင်းတွင် အသွားအပြန် တီးခတ်လိုက်ပြီး ထွက်ပေါ်လာသောတေးဂီတမှာ နားဝင်ချိုပြီး အလွန်အေးချမ်းလှပေသည်။

“ဘန်း”

ကံမကောင်းစွာဖြင့် သာယာသောအသံသည် စောင်းပျက်စီးသွား၍ ကြာကြာမခံတော့ပေ။

ရှဲ့ဖင်းကန်း၏ဓားသည် ဗျက်စောင်းဆီသို့ တည့်တည့်ခုတ်ချလိုက်လေသည်။

•••••

အခန်း ၁၁၁၆ တတ်နိုင်လောက်သော

စန်းယောင်သည် ရူးမတတ်ပင် ဖြစ်သွားတော့သည်။

သူ၏စောင်းပင်။

ဤဗျက်စောင်းကို သူ၏ဆရာမှ ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် နှစ်ပေါင်းများစွာကြာအောင် ကောင်းမွန်နေသော ရှေးဟောင်းဗျက်စောင်းတစ်လက် ဖြစ်၏။ သူသည် ၎င်းကို အမြဲတမ်း သေချာစွာ ထိန်းသိမ်းခဲ့ပြီး အင်အားသုံး၍ ရိုက်နှက်ရန် မည်သည့်အခါမျှ မဝံ့ရဲခဲ့ပေ။

သို့သော် ယခုအခါ ဤလူသည် ၎င်းကို တစ်ချက်တည်းဖြင့်

ခုတ်ထစ်လိုက်ခဲ့လေသည်။

ကြိုးများမှာ လုံးဝပြတ်တောက်သွားပြီး အဖုံးလည်း ကွဲသွားခဲ့၏။ ဤအခြေအနေဖြင့် ပြုပြင်ရန် လုံးဝမဖြစ်နိုင်တော့ပေ။

ချက်ချင်းပင် စန်းယောင်၏မျက်လုံးများသည် နီရဲသွားပြီး သူသည် ရှဲ့ဖင်းကန်းကို ဒေါသတကြီး စိုက်ကြည့်နေခဲ့၏။

ရှဲ့ဖင်းကန်းကမူ သူ၏ဓားကို အေးအေးဆေးဆေး သိမ်းဆည်းလိုက်လေသည်။ “မင်း ရူးနေလား။ ဘာလို့ ကျောက်တုံးပေါ်မှာ ထိုင်ပြီး တီးနေတာလဲ။ လှည်းပေါ်မှာ ထိုင်လို့မရဘူးလား။ မင်းကို ကယ်တင်ဖို့အတွက် ငါ့ကို ဒုက္ခရောက်အောင်လုပ်နေတုန်းပဲ။ ကံကောင်းလို့ပေါ့ ဒီတစ်ခါတော့ မင်းနောက်ကိုလိုက်လာခဲ့လို့ မဟုတ်ရင် မင်းက ငရဲမင်းနဲ့ တွေ့ဖို့ စောင့်နေရလောက်ပြီ”

၎င်းသည် သူ၏အမှားပင်လော။

“ဆရာတူအစ်ကိုစန်း ဟိုဘက်ကိုကြည့်ပါဦး” ကျန်းကျင်လုသည် သူဒေါသထွက်နေသည်ကို မြင်သောအခါ မြေပြင်ပေါ်သို့ ပြုတ်ကျနေသည့်အရာကို အမြန်လက်ညှိုးထိုးပြလိုက်၏။

စန်းယောင်သည် ဒေါသဖြင့် ကြည့်လိုက်သော်လည်း သူ၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေသည်။

၎င်းသည် ပင့်ကူတစ်ကောင်ပင်။ ဤပင့်ကူသည် ကြောက်စရာကောင်းလောက်အောင် မည်းနက်နေပြီး အတော်လေး အဆိပ်ပြင်းပုံ ပေါက်နေသည်။

ခဏတာအတွင်း စန်းယောင်၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့၏။ သူသည် ဒေါသထွက်သည်လည်းမဟုတ် မထွက်သည်လည်း မဟုတ်ပေ။သူ၏ဗျက်စောင်းသည် သူ၏အသက်ထက် ပို၍အရေးကြီးသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူ့အသက်သာ ဆုံးရှုံးသွားပါက ဤဗျက်စောင်းသည် သူ့ပိုင်ဆိုင်မှုလည်း ဖြစ်တော့မည်မဟုတ်ပေ။

သူသည် စိတ်ပျက်အားငယ်ဟန် ပေါ်နေ၏။ ခဏတာ တိတ်ဆိတ်ပြီးနောက် သူ၏ပျက်စီးနေသော ဗျက်စောင်းကို သိမ်းဆည်းကာ လှည်းထဲသို့ ပြန်ထည့်လိုက်လေသည်။ သူ့တစ်ကိုယ်လုံးတွင် စကားမပြောလိုသော အငွေ့အသက်များ ထွက်ပေါ်နေခဲ့၏။ ၎င်းသည် အတော်လေးကို ကြောက်စရာကောင်းပေသည်။

“သူက အတော်လေး ဒေါသထွက်နေတယ်” ရှဲ့ဖင်းကန်းပင် ဤလူသည် ထူးဆန်းသောဘဝဖြင့် နေထိုင်နေသည်ကို ခံစားမိခဲ့သည်။

သူ၏အသက်ကို ကယ်ခဲ့သော်လည်း သူသည် မပျော်ရွှင်ခဲ့ပေ။

၎င်းသည် ဗျက်စောင်းတစ်လက်မျှသာ မဟုတ်ပင်လော။၎င်းသည် သစ်သားတစ်ပိုင်းနှင့် ကြိုးအနည်းငယ်မျှသာ ဖြစ်ပေသည်။

“သူ့ကို ခွင့်လွှတ်‌လိုက်ပါ။ဒီဗျက်စောင်းက... ကျွန်တော့်ဆရာက သူ့ကိုပေးခဲ့တာ။ အချိန်အကြာကြီး သူ့ကို အဖော်ပြုခဲ့တယ်။ ကျေးဇူးတရားကို ဖယ်ထားလိုက်ရင်တောင် ဗျက်စောင်းရဲ့တန်ဖိုးက... ဟူး...” ရှောင်းယွိရုန်သည် ရင်ထဲတွင် နာကျင်နေခဲ့သည်။ “ကမ္ဘာပေါ်မှာ ဒီဗျက်စောင်းက တစ်လက်ပဲရှိတာ နောက်ထပ်ဒါမျိုး ရှာလို့ရမှာ မဟုတ်ဘူး”

“အဲဒါက အရမ်းဈေးကြီးတာလား။ ဘယ်လောက်လဲ” ရှဲ့ဖင်းကန်း၏ရင်ထဲ ဒိန်းခနဲဖြစ်သွား၏။

ထိုသစ်သားအပိုင်းအစသည် အထူးတလည်ဖြစ်ပုံမပေါ်ပေ။

“ဈေးကြီးတာ‌ပေါ့” ရှောင်းယွိရုန်သည်လည်း ဗျက်စောင်းနှင့် ပလွေတီးတတ်ပြီး အတော်လည်းထူးချွန်ပေသည်။ ယခုအခါ ထိုကဲ့သို့သော ကောင်းမွန်သည့်တူရိယာ ပျက်စီးသွားသောကြောင့် သူလည်း စိတ်အားထက်သန်ခြင်း မရှိတော့ပေ။ “ဒါက ကမ္ဘာပေါ်မှာရှိတဲ့ ဗျက်စောင်းငါးလက်ထဲက တစ်လက်ဖြစ်တဲ့ ခုနစ်ကြိုးဗျက်စောင်းပဲ။ ဒါကို ‘တိတ်ဆိတ်ခြင်း’ လို့ခေါ်တယ်။ တန်ဖိုးက... အချို့သူတွေအတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ”

“သာမန်လူတွေအတွက်ဆိုရင်ရော” ရှဲ့ဖင်းကန်း မေးလိုက်၏။

ရှောင်းယွိရုန်မှာ မှင်သက်သွားလေသည်။

ခဏစဉ်းစားပြီးနောက် သူသည် ကိန်းဂဏန်းတစ်ခုကို ပြောလိုက်သည်။ “ ‘တိတ်ဆိတ်ခြင်း’ ဗျက်စောင်းက တစ်လက်တည်းပဲ ရှိတယ်။ ကျွန်တော်တစ်ခါမှ မဝယ်ဖူးဘူး၊ ဒါကြောင့် သတ်မှတ်ဈေးမရှိဘူး။ ဒါပေမဲ့ ကျန်တဲ့ နာမည်ကြီးစောင်းလေးလက်ထဲက တစ်လက်ကို ငွေတုံး ၈၀၀၀၀ နဲ့ ရောင်းချခဲ့ရဖူးတယ်”

“ဘယ်လောက်” ရှဲ့ဖင်းကန်း အသံကျယ်ကျယ်ဖြင့် အော်လိုက်လေသည်။

ရှောင်းယွိရုန်မှာ အံ့ဩသွား၏။

“ဒါက ပျက်နေတဲ့စောင်းသက်သက်ပဲ။ သစ်ပင်တစ်ပင်ကို ခုတ်ချပြီး ပြုပြင်မွမ်းမံလိုက်ရင် လုပ်လို့ရနေတာပဲ။ အပူပေးစရာတောင် မလိုဘူး။ ဘယ်လိုလုပ် ဒီလောက်တန်ဖိုးရှိရတာလဲ” ရှဲ့ဖင်းကန်းမှာ ကြက်သေ သေသွားလေသည်။

ရှောင်းယွိရုန်သည် ဈေးနှုန်းမှာ အရမ်းမများသည်ကို ပြောချင်နေခဲ့၏။

၎င်းသည် ကမ္ဘာပေါ်ရှိ စောင်းငါးလက်ထဲက တစ်လက်သာ ဖြစ်သည်။ ငွေဖြင့် မည်သူမျှ မဝယ်နိုင်ပေ။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ချမ်းသာသောစီးပွားရေးသမားတစ်ဦးသည် ငွေတုံး၂သိန်း ဖြင့် ဗျက်စောင်းတစ်လက်ကို ဝယ်ယူလိုခဲ့သော်လည်း မည်သူမျှ ရောင်းချခဲ့ခြင်းမရှိပေ။

ဤငွေတုံး ၈၀၀၀၀ သည် ဗျက်စောင်းများကို တန်ဖိုးထားသူများအတွက် သေချာသောစျေးနှုန်းဖြစ်သည်မှာ သေချာပေသည်။

သို့သော် ဈေးနှုန်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားနေခဲ့၏။ ရှဲ့ဖင်းကန်း အံ့သြသွားသည်မှာ အံ့ဩစရာမဟုတ်ပေ။ “ပျက်သွားပြီဆိုတော့ ဆရာရှဲ့ စိတ်ပူစရာမလိုပါဘူး။ ဆရာတူညီလေးစန်းရဲ့ အသက်က ဗျက်စောင်းထက် ပိုအဖိုးတန်ပါတယ်”

“ဘယ်လိုလုပ် အဲဒီလိုဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ငွေတုံး ၈၀၀၀၀ တန်ရတာလဲ။ သူ့ကို ပင့်ကူကိုက်ရုံပဲကို သူသေမယ်လို့လည်း တပ်အပ်ပြောလို့မရဘူးလေ...” ရှဲ့ဖင်းကန်းသည် ငိုတော့မလို ဖြစ်နေပြီး ဆေးစားမှားထားသလိုမျိုး ပုံပေါ်နေ၏။ “ဒီလိုဈေးကြီးတဲ့အရာကို အိမ်ပြင်ကို ဘာဖြစ်လို့ ယူလာတာလဲ။တခြားသူတွေ ခိုးသွားမှာကို မကြောက်ဘူးလား”

ထိုစျေးနှုန်းက ဤမျှမြင့်သည်ကို သူသိခဲ့ပါက သူသည် သူ့ဓားဖြင့် ၎င်းကို လုံးဝခုတ်ထစ်မိမည်မဟုတ်ပေ။

“ကျွန်တော် တကယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူးလို့ ဘုရားကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ အဲ့ဒီပျက်နေတဲ့... စောင်းက ငွေတုံးဆယ်ဂဏန်းလောက်ပဲ တန်တယ်လို့ ကျွန်တော်ထင်ခဲ့တာ။ကျွန်တော် တတ်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာ...”

•••••

All Chapters