← Chapters

အခန်း (၁၁၁၇-၁၁၂၀)

Vol. 57 Ch. 1117-1120

အခန်း (၁၁၁၇-၁၁၂၀)

Vol. 57 Ch. 1117-1120

အခန်း ၁၁၁၇ အမှတ်တရပစ္စည်း

ရှဲ့ဖင်းကန်းသည် တစ်စုံတစ်ယောက်မှအဘယ်ကြောင့် ဤမျှတန်ဖိုးရှိသည့်အရာကို သယ်ဆောင်လာသည်ကို အမှန်ပင်နားမလည်နိုင်ပေ။

ဤအရာသည် သူ့ကိုယ်သူ ကာကွယ်ရန်အသုံးပြုနိုင်သည့် လက်နက်တစ်ခုနှင့်တူပုံမရပေ။ ၎င်းသည် အလှဆင်ပစ္စည်းတစ်ခုမျှသာ ဖြစ်ပြီး သူသည် တေးဂီတကို နားမလည်ပေ။ ၎င်းက သူ့ကို အိပ်ငိုက်စေရုံသာရှိသည်။

စန်းယောင်သည် သူပြောသည်ကို ကြားလိုက်ရ၏။

ပို၍ပင် နာကျင်သွားသည်။

"ငွေတုံး ဆယ်ဂဏန်းလောက်တဲ့လား? ဆရာရှဲ့ရဲ့ဓားကို ကြည့်ပါဦး။ သံကို ရွှံ့လို ဖြတ်နိုင်တာပဲ။ ငွေတုံး ဆယ်ဂဏန်းလောက်ပဲ တန်တာလား" စန်းယောင်သည် အလွန်အမျက်ထွက်သွားလေသည်။

"ဟုတ်တယ်လေ" သို့သော်လည်း ရှဲ့ဖင်းကန်း ခေါင်းညိတ်လိုက်၏။ "ဒီဓားက အရမ်းဈေးပေါတယ်။ ကျွန်တော် ငွေတုံး ၂၇တုံးနဲ့ ဝယ်ထားတာ။ ဆိုင်ပိုင်ရှင်က အများကြီးမြတ်သွားတယ်လို့တောင် ကျွန်တော်ထင်‌သေးတယ်။"

သံကို ရွှံ့လို ဖြတ်နိုင်သည်မှာ သူ အရည်အချင်းရှိလို့သာ ဖြစ်ပြီးဓားနှင့်မဆိုင်ပေ။

စန်းယောင်သည် ချက်ချင်းပင် စကားမပြောနိုင်ဖြစ်သွားလေသည်။

အလွန်ပင် ဈေးပေါပေ၏…

သူတို့သည် ရှဲ့ဖင်းကန်းဟာ လက်နက်များကို ချစ်မြတ်နိုးသည်ဟူ၍ ပြောမထားပေလော။ ဓား၏အေးစက်သော အရောင်ကို သူမြင်သောအခါ ၎င်းသည် ငွေအများကြီးတန်သည်ဟူ၍ သူထင်ခဲ့သည်။ သူသည် ဤအရာကို အသုံးပြု၍ ရှဲ့ဖင်းကန်းကို လှောင်ပြောင်လိုခဲ့သော်လည်း မထင်မှတ်ဘဲ အရေးနိမ့်သွားလေသည်။

သူသည် စောင်းကို ယူလာခဲ့ခြင်းသည် အမှန်တကယ်ပင် မိုက်မဲခြင်းဖြစ်ပုံရသည်။

သူ့နှလုံးသားသည် အေးစက်သွား၏။

လေတိုက်လာပြီး သူ့နှလုံးသားကို လွင့်စင်လုနီးပါး ဖြစ်စေသည်။

သူ၏ဗျက်စောင်းလည်း မရှိတော့ပေ။ ဤမျှ နားမလည်နိုင်သည့် ရှဲ့ဖင်းကန်းနှင့် ရင်ဆိုင်ရဦးမည်။ သူသည် သူ၏ဗျက်စောင်းနှင့်အတူ ပျောက်ကွယ်သွားခြင်းက ပိုကောင်းပေလိမ့်မည်။

ရှုပ်ထွေးနေသောအမူအရာဖြင့် သူ၏အဖြူရောင်အဝတ်အစားများသည် နွေဦးလေအေးတွင် လွင့်နေပြီး ကောင်းကင်ဘုံသို့ပြန်တက်တော့မည့်အလားပင်။

"လေတိုက်တဲ့နေရာမှာ မရပ်နေနဲ့။ မင်းက ဒေါသထွက်နေတာလေ။ လေတိုက်လို့ မင်းခန္ဓာကိုယ် ပျက်စီးသွားရင် ကုသဖို့အတွက် ပိုက်ဆံကုန်နေလိမ့်မယ်" ရှဲ့ဖင်းကန်းသည် သူ့ကို သတိပေးမပေးဘဲ မနေနိုင်ခဲ့ပေ။

သူသည် ပညာရှိများကို ဤဘဝတွင် နားလည်နိုင်တော့မည်မဟုတ်သည်ကို ခံစားလိုက်ရ၏။

သူတို့သည် ဝမ်းနည်းပြီး တစ်ကိုယ်လုံးအားနည်းနေကြသည်။

သက်ပြင်းချလိုက်၏။

ထိုအချိန်တွင် စန်းယောင်သည် သူ့ခေါင်းသို့ သွေးများစုပြုံတက်လာသည်ကိုသာ ခံစားလိုက်ရသည်။ သူသည် လှည့်လိုက်ပြီး ရှဲ့ပင်းကန်း၏ အသိဉာဏ်မဲ့သော မျက်နှာကို ကြည့်လိုက်လေသည်။ အဘယ်ကြောင့်မှန်းမသိ သူ၏အမြင်အာရုံသည် ဝေဝါးသွားပြီး သူသည် ဒေါသကြောင့် သတိလစ်သွားခဲ့၏။

"ငါ မင်းကိုပြောသားပဲ။ လေကပြင်းပြီး ဒီနေရာက မကောင်းဘူး။ မင်းခန္ဓာကိုယ်ကို ပိုဂရုစိုက်သင့်တယ်။ မင်းရဲ့ခန္ဓာကိုယ်က ငါ့လောက် သန်မာတယ်လို့ မင်းထင်နေတာလား" ရှဲ့ဖင်းကန်း ခေါင်းခါလိုက်ပြီး ရှေ့သို့လျှောက်သွားလေသည်။ သူသည် စန်းယောင်၏ လက်မောင်းအောက်တွင် အလွယ်တကူ လက်ထည့်လိုက်ပြီး အိတ်တစ်လုံးကို ပစ်ထည့်သကဲ့သို့ သူ့ကို ရုတ်တရက်ဆွဲမကာ ရထားလုံးထဲသို့ ပစ်ထည့်လိုက်သည်။

"ဆရာတူညီလေးစန်း…" ရှောင်းယွိရုန် ပြော၏။

"ဆရာတူအစ်ကိုစန်း" ကျန်းကျင်လု ပြော၏။

သူတို့နှစ်ယောက်သည် ပါးစပ်အဟောင်းသားဖြစ်ကာ ရှဲ့ဖင်းကန်းကို ကြောက်လန့်တကြား ကြည့်နေကြသည်။

"အရေးမကြီးပါဘူး။ သူ သတိလစ်သွားတာ ကောင်းပါတယ်။ သူ ပိုက်ဆံအများကြီး ဆုံးရှုံးသွားရတာ။ ဘယ်လိုလုပ် စိတ်မကောင်းမဖြစ်ဘဲ နေနိုင်မှာလဲ" ရှဲ့ဖင်းကန်းသည် သူ့ခေါင်းကို ကုတ်လိုက်သည်။ “ဒါနဲ့… သူနိုးလာတဲ့အခါ၊ ကျွန်တော့်မိသားစုမှာ ပိုက်ဆံအများကြီးမရှိဘူး။ ကျွန်တော် မွေးချင်း မောင်နှမနှစ်ယောက်ကိုလည်း ထောက်ပံ့ရဦးမယ်ဆိုတာ သူ့ကို ပြောပြပေးပါ။ ဒီလို ဈေးကြီးတဲ့ဗျက်စောင်းကို ကျွန်တော်မတတ်နိုင်ဘူး။ သူ့အသက်ကို ကျွန်တော်ကယ်ခဲ့တဲ့အတွက် ဒါကို မေ့လိုက်ကြတာပေါ့။”

"အဆင်မပြေရင်လည်း… ဗျက်စောင်းကို မြှုပ်လိုက်ပြီး အိပ်မက်ဆိုးတစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ နောက်မှသူ့ကိုလိမ်ပြောလိုက်မယ် ဒီလိုဈေးကြီးတဲ့ဗျက်စောင်းက ဝိညာဉ်အဖြစ်ပြောင်းသွားပြီး

ပျံသန်းထွက်သွားပြီလို့ ဟားဟားဟား" ရှဲ့ဖင်းကန်းသည် အဓိပ္ပာယ်မရှိသည်များကို အများကြီးပြောခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူ့အတွက် ပေးချေရန်မဖြစ်နိုင်ပေ။

သူသည် သူ့လက်ညှိုးတစ်ချောင်းကို ဖြတ်ပြီး သူ့ကိုပေးရမည်ဆိုလျှင်ပင် ပေးလိမ့်မည်!

ရှောင်းယွိရုန်သည် ကြောက်လန့်သွားပြီး ထစ်အသွားသည်။ "မ-မဟုတ်ဘူး… အ-အမှတ်တရအဖြစ် ထားလိုက်ရအောင်…"

"မင်းက ငါ့ကို မမြှုပ်စေချင်တာနော်။ သူ စောင်းကိုမြင်တဲ့အခါ ငိုရင် ဒါ ငါနဲ့မဆိုင်ဘူး။ မင်းကိုယ်တိုင် သူ့ကို နှစ်သိမ့်ပေးရမယ်" ရှဲ့ဖင်းကန်းသည် သူ့ကိုယ်သူ တာဝန်မှ ကင်းလွတ်ရန် ပြောလိုက်သည်။

ရှဲ့ဖင်းကန်း၏ ကြောက်စရာကောင်းသောအသွင်အပြင်ကြောင့် ရှောင်းယွိရုန်သည် စကားမပြောနိုင်လောက်အောင် ကြောက်သွား၏။

ပြောစရာမလိုအောင်ပင် ကျန်းကျင်လုသည် ငုံးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ဆရာတူအစ်ကိုစန်းကို သနားကရုဏာသက်နေလေသည်။

သူ၏ ဆရာတူအစ်ကိုစန်း… သည် နားမလည်နိုင်သည့်လူတစ်ယောက်မဟုတ်ပေ။ ဆရာရှဲ့သည် သူ့ကို ကယ်တင်ခဲ့သောကြောင့် စောင်းအကြောင်းကို သူစိတ်ပူမည်မဟုတ်ပေ။ သို့သော်လည်း ဤဆရာရှဲ့သည် လူများကို စိတ်ဆိုးအောင်လုပ်ရာတွင် အလွန်တော်ပေသည်။

သူသည် ဆရာတူအစ်ကိုစန်း၏ရန်သူသက်သက်သာ ဖြစ်ပေသည်။

စောလျင်စွာ သိခဲ့ပါက သူသည် အရှင့်သားနှင့် ဆရာတူအစ်မကြီးနှင့်အတူ ထွက်သွားခဲ့မည်ပင်။ အဘယ်ကြောင့် ဤနေရာတွင် နေရပါသနည်း။

သူသည် အလွန်နောင်တရနေခဲ့လေသည်။

••••

အခန်း ၁၁၁၈ သားသမီးမရှိ

ရှဲ့ဖင်းကန်းသည် အပြစ်ရှိသည်ဟု လုံးဝမခံစားရပေ။ ထိုသူကို ရထားလုံးထဲသို့ ပစ်ထည့်ပြီးနောက် သူသည် အခြားသူများကို ရွှင်ပြစွာဖြင့် သတိပေးရန်လည်း မမေ့ခဲ့ပေ။

"ဒီနေရာမှာ တစ်နှစ်ပတ်လုံး ဘယ်သူမှမရှိဘူး။ အဲဒီ မုန့်မိသားစုက ကောင်လေးက ကံကောင်းတယ်။ ဒီမှာ တစ်ညလုံးနေခဲ့တာကို မြွေ၊ ပိုးဟပ်နဲ့ ကြွက်တွေ ကိုက်တာမခံခဲ့ရဘူး။ မင်းတို့အားလုံး သတိထားကြ။ ငါ့မှာ မျက်လုံးနှစ်လုံးပဲရှိတယ်။ အချိန်တိုင်းတော့ ငါဖမ်းမိနိုင်မှာမဟုတ်ဘူး" ရှဲ့ဖင်းကန်း ပြောပြီးနောက် သူသည် သူ့အလုပ်ကို ဆက်လုပ်ခဲ့၏။

ရှောင်းယွိရုန်နှင့် ကျန်းကျင်လုတို့သည် ထိုအချိန်တွင် ကလေးများကဲ့သို့ပင်။ သူတို့သည် ရိုကျိုးစွာ ခေါင်းညိတ်လိုက်ကြသည်။

သူတို့နှစ်ယောက်သည် တောထဲတွင် ဆက်မထိုင်ရဲတော့ပေ။ သူတို့သည် ရထားလုံးထဲသို့ ဝင်ကာ စောင့်နေခဲ့ကြပြီး အမှန်ပင် သနားစရာကောင်းလှပေသည်။

အခြားတစ်ဖက်တွင် မုန့်ကျိဖန်သည်လည်း အခြေအနေသိပ်မကောင်းပေ။

အိမ်ရှေ့စံမင်းသား‌နောက်ကို လိုက်ရခြင်းသည် အတော်လေးစိတ်ဖိစီးမှုများပေသည်။

ယခင်က အိမ်ရှေ့စံမင်းသားသည် မသန်မစွမ်းတစ်ဦးဖြစ်ပြီး ကြောက်စရာမရှိသည်ဟူ၍ တွေးခဲ့လေသည်။

သူတို့သည် မကြာမီပင် ခြံဝင်းသို့ ရောက်ရှိလာကြသည်။ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ကျောက်ရွှမ်ကျင်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အရပ်ရှည်ပြီး သွယ်လျကာ မုန်ကျိဖန်းကဲ့သို့ လူပုလေးမဟုတ်ပေ။ သူသာ ဤနေရာသို့ ဝင်ပါက ခါးကို ကုန်းရလိမ့်မည်။ အတွင်းသို့ ဝင်ပြီးလျှင်လည်း အသုံးဝင်မည်မဟုတ်ဘဲ အိမ်ပေါ်ကိုပင် နင်းမိပြီး ဖျက်ဆီးပစ်နိုင်ပေသည်။

ထို့အပြင် အတွင်းပိုင်းထက် အပြင်ဘက်တွင် ပို၍စိတ်ဝင်စားစရာကောင်းသည်။

"မင်း ဆရာတူအစ်မမော့နဲ့အတူ ဝင်လိုက်" ကျောက်ရွှမ်ကျင်းသည် ကျို့ဝေကျုံးကို ပြောလိုက်၏။

ကျို့ဝေကျုံးသည် ပတ်ပတ်လည်ကို ကြည့်လိုက်လေသည်။ "အရှင့်သားကရော"

တောထဲတွင် သူအနီးကပ်မကာကွယ်ပေးပါက သူသည် စိတ်အေးရမည်မဟုတ်ပေ။

"ကိစ္စမရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း‌ တော့ရှိပါတယ်" ကျောက်ရွှမ်ကျင်း၏ အမူအရာသည် အနည်းငယ်ပေါ့ပါးနေ၏။

မုန့်ကျိဖန်သည် အိမ်ရှေ့စံမင်းသားကို အကြိမ်အနည်းငယ် ခိုးကြည့်လိုက်ပြီး မသိစိတ်မှ

သူ၏အကြည့်သည် အိမ်ရှေ့စံမင်းသား၏ လက်ပေါ်သို့ ကျရောက်သွားလေသည်။ သူသိထားသည်မှာ အိမ်ရှေ့စံမင်းသားသည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ လူများကို အမြဲခေါ်ဆောင်သွားပြီး အစောင့်အများအပြားလည်း ပါ၏။

အကယ်၍ အန္တရာယ်တစ်ခုခု အမှန်တကယ်ရှိပါက အိမ်ရှေ့စံမင်းသား၏ မသန်စွမ်းသောလက်သည် အမှန်ပင် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပေလိမ့်မည်။

သူ၏လက် အားနည်းနေသည်ကို သူ ရှင်းရှင်းလင်းလင်းသိသော်လည်း ကိုယ်ရံတော်ကျို့ကို မော့ချူးရှန်းနောက်သို့ လိုက်စေခဲ့၏။ မော့ချူးရှန်းကို သူချစ်မြတ်နိုးခြင်းသည်မှာ အနည်းငယ်လွန်ကဲနေသည်။ အိမ်ရှေ့စံမင်းသား၏နန်း‌ဆောင်မှ ရှဲ့ချောင်သည် အိမ်ရှေ့စံမင်းသား သူ့အသက်ကို ဤမျှစွန့်စားလိုသည်ကို မြင်‌တွေ့ရပါက သူမ မည်သို့ခံစားရမည်ကို သူ မသိပေ။

"အရှင့်သား နန်းဆောင်မှာ အိမ်ရှေ့စံမိဖုရား ရှိနေပါသေးတယ်" ဤအတွေးနှင့်အတူ သူသည် ထိုစကားကို အပြင်သို့ ထုတ်ပြောလိုက်မိ၏။

သူပြောလိုက်သည်နှင့် ကျောက်ရွှမ်ကျင်းနှင့် ရှဲ့ချောင်တို့သည် သူ့ကို မကြည့်ဘဲမနေနိုင်တော့ပေ။

"ဒါက အိမ်ရှေ့စံမိဖုရားနဲ့ ဘာဆိုင်လို့လဲ" ကျောက်ရွှမ်ကျင်းသည် ညင်သာစွာပြုံးကာ ပြောလိုက်လေသည်။

"အိမ်ရှေ့စံမိဖုရားက…" မုန့်ကျိဖန်သည် အိမ်ရှေ့စံမိဖုရား သနားစရာကောင်းသည်ကို မသိစိတ်မှ ပြောချင်ခဲ့သော်လည်း ခဏကြာစဉ်းစားပြီးနောက် ပြောလိုက်၏ "အရှင့်သား တစ်ခုခုဖြစ်ခဲ့ရင် အိမ်ရှေ့စံမိဖုရား စိတ်ပူနေပါလိမ့်မယ်။ အရှင့်သားတို့ အခုမှလက်ထပ်ထားတာပါ သားသမီးလည်း မရှိသေးပါဘူး…"

ထိုသို့သော စကားမျိုးသည် ဧကရာဇ်မင်းမြတ်၏ နားထဲသို့ ရောက်သွားပါက မုန့်မိသားစုသည် နောက်တစ်ကြိမ် အပြစ်ပေးခံရလိမ့်မည်။

ရှဲ့ချောင်သည် ဤမုန်ကျိဖန်းသည် အမှန်တကယ်ပင် ရူးမိုက်သည့်အဆင့်အထိ ထောင်လွှားမောက်မာသည်ကို ခံစားလိုက်ရ၏။

သူသည် အိမ်ရှေ့စံမင်းသားကို စိတ်ပူနေသည်ဆိုလျှင်ပင် ဤမျှ တည့်တိုးပြော၍မရပေ။

ကျောက်ရွှမ်ကျင်းသည် မုန့်ကျိဖန်၏ လုပ်ပုံကိုင်ပုံနှင့် အကျွမ်းတဝင်ရှိနေပုံပေါ်သဖြင့် အမျက်မထွက်ပေ။ "မင်းအဖေကတောင် ငါ့ကိစ္စတွေကို စိတ်ပူပိုင်ခွင့်မရှိဘူး၊ မင်းဆို ပိုလို့တောင်မရှိဘူး"

သူ မှန်မှန်ကန်ကန် ခန့်မှန်းခဲ့မည်ဆိုလျှင် သူ့ရှေ့မှ ဤကောင်လေးသည် သူ၏အိမ်ရှေ့စံမိဖုရားအပေါ် မသင့်လျော်သည့် အတွေးအချို့ ရှိနေပုံရပေသည်။

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်ကို တစ်ချက်ကြည့်လိုက်၏။

သူသည် အနည်းငယ်သဝန်တိုနေပုံရသည်။

သို့သော်လည်း သူသဘောကျသည့်လူသည် အကောင်းဆုံးပင်။ မုန့်ကျိဖန်ကဲ့သို့ သာမန်လူတစ်ဦးအတွက် နှစ်သက်လေးစားသည့် ခံစားချက်များ ရှိနေခြင်းသည် မဆန်းပေ။

မုန့်ကျိဖန်သည် ထပ်မံပြောချင်ခဲ့သော်လည်း အိမ်ရှေ့စံမင်းသား သူ့ကို စိုက်ကြည့်နေသောကြောင့် အနည်းငယ်အပြစ်ရှိသလို ခံစားရသဖြင့် ဘာမှဆက်မပြောရဲတော့ပေ။

ရှဲ့ချောင်သည်လည်း ကျောက်ရွှမ်ကျင်း သူမကို စိတ်ပူနေသည်ကို သိသောကြောင့် ရိုကျိုးစွာဖြင့် ကျို့ဝေကျုံးကို သူမနှင့်အတူ ခေါ်ဆောင်ပြီး အတွင်းသို့ ဝင်သွားခဲ့လေသည်။

တံခါးသည် တကျွီကျွီအသံနှင့်အတူ ပွင့်သွားလေသည်။ သူသည် အနည်းငယ်ပိုအားသုံးပါက ၎င်းသည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားမည့်အလားပင်။

အတွင်းသို့ ဝင်ပြီးနောက် အတွင်းပိုင်းသည် မှောင်မိုက်နေသည်ကို သူတို့သိလိုက်ရ၏။

မျက်နှာကျက်သည် ပြိုကျနေပြီးပုပ်နေသောအပင်များနှင့် ဖုန်မှုန့်များ ရောနှောကာ မြေသြဇာကောင်းသော မြေအမျိုးအစားတစ်ခု ဖြစ်ပေါ်နေ၏။ မျက်နှာကျက်ပေါ်တွင် ပေါင်းပင်များနှင့် ပန်းများစွာ ပေါက်နေပြီး ရှုပ်ထွေးနေသောအမြစ်များသည် အိမ်တစ်ခုလုံးကို ထိန်းပေးထားသည့် ကြိုးများဖြစ်လာသော်လည်း ၎င်းတို့သည် နေရောင်ခြည်အများစုကိုလည်း ပိတ်ဆို့ထားခဲ့လေသည်။

••••••

အခန်း ၁၁၁၉ အထိမ်းအမှတ်ကျောက်ပြား

ပြင်းထန်သော ဖုန်နံ့တစ်မျိုးက သူတို့ဆီသို့ တိုက်ခတ်လာလေသည်။

အခန်းထဲတွင် ပင့်ကူမျှင်များ ဖုံးလွှမ်းနေပြီး ထူးဆန်းသော ရနံ့တစ်မျိုးကိုလည်း ထုတ်လွှတ်နေသည်။

ရှုပ်ပွနေသည့် ပစ္စည်းများများစားစားမရှိပေ။ အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါးဝိဉာဉ် အားနျန်၏ အဆိုအရ ဤနေရာမှလူများသည် သူတို့ထွက်ခွာသောအခါ ပစ္စည်းများကို သယ်ဆောင်သွားကြသည်။ စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းရှည်များ အများအပြားမကျန်ခဲ့ပေ။

"အဲဒီညက ကျွန်တော် အတွင်းခန်းမှာ နေခဲ့တာ" မုန့်ကျိဖန် တိုးတိုးလေးပြောလိုက်၏။

ရှဲ့ချောင်သည် သူမ၏ခေါင်းကို အနည်းငယ်ငုံ့ကာ ကျဉ်းမြောင်းသော အတွင်းတံခါးမှတစ်ဆင့် ဝင်သွားခဲ့လေသည်။

မြေပြင်ပေါ်တွင် ကြွက်များ ကိုက်ထားသော သစ်သားပျဉ်ပြားအချို့ ပြန့်ကျဲနေပြီး အတော်လေး ရှုပ်ပွနေပုံရသည်။ သူမ လမ်းလျှောက်သွားသောအခါ တကျွီကျွီအသံများသည် နားထဲတွင် ဆူညံနေပြီး လူများကို စိတ်မသက်မသာဖြစ်စေသည်။

"ဒီမှာ ဘာမှမရှိဘူးလား" ရှဲ့ချောင် မေးလိုက်၏။

"အမှန်အတိုင်းပြောရရင်တော့ ဘာမှမရှိပါဘူး" မုန့်ကျိဖန်သည်လည်း အလွန်စိတ်ပျက်အားငယ်နေလေသည်။ "ကျွန်တော် ဒီကောင်းဆိုးဝါးဝိဉာဉ်ကို ဘယ်လိုများ စော်ကားခဲ့တယ်ဆိုတာ တကယ်မသိပါဘူး။ အဲဒီနေ့က ကျွန်တော် အတော်လေး ရည်ရည်မွန်မွန်နေခဲ့တာ။ ကျွန်တော်ဝင်လာပြီးနောက်မှာတောင် ဘုရားကို ဆုတောင်းခဲ့သေးတယ်။ ဘယ်သူသိမှာလဲ ကံကြမ္မာချင်းမတိုက်ဆိုင်ရင် ဘုရားကိုဆုတောင်းလို့မရဘူးဆိုတဲ့ စကားတစ်ခွန်းရှိတယ်ဆိုတာကို။ အဲဒီ မြို့စောင့်နတ်ဘုရားကျောင်းမှာဆို နေ့တိုင်း ဆုတောင်းသူတွေ မရေမတွက်နိုင်အောင်ပဲ…"

သူသည် အဘယ်ကြောင့် နတ်ဆိုး ဝိဉာဉ်ကို သွားနှောင့်ယှက်မိသည်ကို အမှန်ပင်နားမလည်ပေ။

ရှဲ့ချောင်သည် ပတ်ပတ်လည်ကို ကြည့်လိုက်၏။

ဤအခန်းရှိ ပရိဘောဂများသည် ရိုးရှင်းပြီး အိပ်ရာတစ်ခုနှင့် စားပွဲတစ်ခုသာရှိသည်။ ထိုအိပ်ရာပေါ်တွင်… လိုက်ကာမရှိပေ။ စောင်တစ်ခုရှိသော်လည်း ၎င်းသည် စုတ်ပြဲနေပြီး ပုံပန်းသဏ္ဌာန်ပင်မပေါ်တော့ပေ။

အိပ်ရာကိုကျော်ပြီး ရှဲ့ချောင်သည် မြေပြင်ကို နောက်တစ်ကြိမ်ကြည့်လိုက်လေသည်။

ရှုပ်ပွနေသည့် သစ်သားပျဉ်ပြားများထဲတွင် အလွန်တိုသော သစ်သားပျဉ်ပြားတစ်ခုရှိသည်ကို သူမ

ရုတ်တရက် သတိပြုမိသွားသည်။ သူမသည် ၎င်းကို ကောက်ယူပြီး ကြည့်လိုက်၏။

"ချိုင်မိသားစုက အားနျန်ရဲ့ အထိမ်းအမှတ်ကျောက်ပြားပဲ" ရှဲ့ချောင်သည် ကူကယ်ရာမဲ့စွာ ဖတ်ပြီးနောက် မုန့်ကျိဖန်ကို ပေးလိုက်သည်။ "အဲဒီနေ့က မင်း သူ့ကို နင်းမိခဲ့တာလား"

ဤအထိမ်းအမှတ်ကျောက်ပြားတွင် အောက်ခြေခံတစ်ခုရှိခဲ့သော်လည်း ၎င်းသည် အိုဟောင်းနေသောကြောင့် သစ်သားသည် အနည်းငယ်ပုပ်နေပြီး အောက်ခြေခံသည် ကွဲထွက်နေခဲ့သည်။ ထို့ကြောင့် ဤအထိမ်းအမှတ်ကျောက်ပြားကို သာမန်သစ်သားကဲ့သို့ မြေပြင်ပေါ်တွင် ထားရှိခဲ့သည်။

မုန့်ကျိဖန်သည် ထိုနေ့က ရောက်လာသောအခါ ညနေစောင်းနေပြီဖြစ်သဖြင့် ဤကဲ့သို့အရာမျိုးကို အနီးကပ် မမြင်နိုင်ပေ။

သူသည် နောက်နေ့မနက်အထိ စောင့်ခဲ့လျှင်တောင်မှ သူသည် အမှန်ပင် အလျင်လိုနေလိမ့်မည်ဖြစ်ပြီး ၎င်းကို လျစ်လျူရှုထားပေလိမ့်မည်။

မုန့်ကျိဖန်သည်လည်း ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ "ကျွန်တော်… ကျွန်တော် တကယ်မသိခဲ့ပါဘူး"

"ဟုတ်ပါတယ်။ မင်းက မမြင်လို့မဟုတ်ဘူး ဒါပေမဲ့ သူမက အစကတည်းက ဒီမှာကောင်းကောင်းမွန်မွန်နေနေတာ။ မင်းရုတ်တရက်ရောက်လာပြီး သူမကို နင်းလိုက်ရင် ဘယ်သူကပျော်မှာလဲ" ရှဲ့ချောင်၏ အသံသည် ဖြည်းညှင်းကာ စူးရှလှ၏။

ထို့အပြင် ချိုင်အားနျန်သည် သူမ၏နှလုံးသားတွင် နာကြည်းချက်ရှိခဲ့သည်။ သူမသည် အခြားသူများက သူမကို အမြဲတစေ လျစ်လျူရှုထားသည်ဟူ၍ ခံစားရပြီး ထို့ကြောင့် သူမသည် ဘဝအသစ်မရခဲ့ခြင်းပင်ဖြစ်သည်။

အခု သူမသေဆုံးသွားသောအခါ သူမသည် မုန့်ကျိဖန်ကြောင့် နောက်တစ်ကြိမ် လျစ်လျူရှုခံခဲ့ရလေသည်။

သူမသည် သူမ၏နာကြည်းချက်ကို ထုတ်ဖော်မပြနိုင်ခဲ့သောကြောင့် သူ့နောက်သို့ လိုက်ခဲ့ရခြင်းဖြစ်သည်။

အမှန်တကယ်တွင် ဤမကောင်းဆိုးဝါးဝိဉာဉ်သည် အတော်လေးဆင်ခြင်တုံတရားရှိ၏။

သူမကို မေးခွန်းတစ်ခုမေးသောအခါ ရိုးသားစွာဖြေပြီး အနည်းငယ်မျှပင် မလိမ်ညာခဲ့ပေ။ မုန့်ကျိဖန်ကို ရှဲ့ချောင်ကုသပေးနေစဉ် သူမသည် သူ့နောက်သို့သာ လိုက်ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာ မဖန်တီးခဲ့ပေ။ နာကြည်းချက်များစွာကို သူမ ထိန်းချုပ်နိုင်ခြင်းသည် အလွန်ရှားပါးပေသည်။

ရှဲ့ချောင်သည် မုန့်ကျိဖန်ကို အထိမ်းအမှတ်ကျောက်ပြားနှင့်အတူ ဤနေရာမှ ထွက်သွားစေခဲ့သည်။

"မြန်လှချည်လား" ၁၅ မိနစ်ပင်မရှိသေး‌ဘူး မဟုတ်လော။

"ဒီအိမ်က မကြီးပါဘူး။ အချိန်ဘယ်လောက်ကြာမှာလဲ" ရှဲ့ချောင်သည် ပြုံးပြီး ကျောက်ရွှမ်ကျင်းကို နူးညံ့သောအကြည့်ဖြင့် ကြည့်လိုက်၏။

မုန့်ကျိဖန်သည် ကြောင်တစ်ကောင်ကဲ့သို့ နှာ‌ခေါင်းရှုံ့လိုက်သည်။

ကျောက်ရွှမ်ကျင်းသည် အတွင်း၌ မကောင်းဆိုးဝါးဝိဉာဥ်တစ်ကောင်ရှိနိုင်ပြီး သူတို့သည် ခဏတာပိတ်မိနေနိုင်သည်ကို တွေးခဲ့သော်လည်း မုန့်ကျိဖန်သည် ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်ခဲ့သဖြင့် ပြဿနာများစွာ ရှိမည်မဟုတ်ကြောင်း သူတွေးခဲ့၏။ ရှဲ့ချောင်သည် ၎င်းကို အမှန်ပင် ဖြေရှင်းနိုင်မည်ဖြစ်ပြီး အချိန်အနည်းငယ်သာ ကြာပေလိမ့်မည်။

သို့သော်လည်း ဤမျှမြန်လိမ့်မည်ဟူ၍ သူ မမျှော်လင့်ခဲ့ပေ။

နေရောင်ခြည်အောက်တွင် အထိမ်းအမှတ်ကျောက်ပြားသည် ပို၍ပင် ခြောက်ကပ်နေပုံရ၏။

မုန့်ကျိဖန်၏အရိပ်သည် နောက်တစ်ကြိမ် နှစ်ခုဖြစ်သွားသည်။

အခြားတစ်ခုမှာ ခေါင်းမပါသေးပေ။

ကျို့ဝေကျုံးသည်လည်း တုန်လှုပ်သွား၏။ သူသည် ဆရာမ မကောင်းဆိုးဝါးဝိဉာဉ်များကို ဖမ်းမိသည်ကို ယခင်က မြင်ဖူးသော်လည်း ဤမျှလက်တွေ့ကျပြီး ထူးဆန်းသည့်ဖြစ်စဉ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

••••

အခန်း ၁၁၂၀ သူ၏အိပ်မက်ထဲတွင် မြင်မက်ခဲ့ခြင်း

ရှဲ့ချောင်သည် အထိမ်းအမှတ်ကျောက်ပြားကို လက်ခံရရှိသည့်အချိန်မှစ၍ ဤမကောင်းဆိုးဝါးဝိဉာဉ်သည် ပေါ်လာခဲ့၏။ အထိမ်းအမှတ်ကျောက်ပြားကို ကြည့်ရင်း ၎င်းသည် အထီးကျန်ပြီး ဝမ်းနည်းနေပုံရသည်။

"ဒီအထိမ်းအမှတ်ကျောက်ပြားက ဟောင်းနေပြီ။ ကျွန်မ ပန်းပုထွင်းတဲ့ကိရိယာတွေ ယူလာခဲ့တယ်။ နောက်မှ သစ်သားကောင်းကောင်းတစ်ခုရှာပြီး မင်းအတွက် နောက်တစ်ခုထပ်ထွင်းပေးမယ်။ မင်းမိသားစုရဲ့နာမည်ကို သိရင် ပြန်ရောက်တဲ့အခါ ကျွန်မတို့ မင်းအတွက် လိုက်ရှာပေးပြီး အထိမ်းအမှတ်ကျောက်ပြားကို ပြန်ပေးလို့ရပါတယ်။ အဆင်ပြေရဲ့လား" ရှဲ့ချောင် မေးလိုက်၏။

ချိုင်မိသားစုမှ အားနျန်သည် ခေါင်းခါလိုက်သည်။

"သူတို့က အဲဒီတုန်းက ကျွန်မကို အမှတ်မရခဲ့ဘူး။ အခု ကျွန်မသေသွားပြီဆိုတော့ ဒီအထိမ်းအမှတ်ကျောက်ပြားကို သူတို့ ဘာလို့ ဂရုစိုက်မှာလဲ" သူမ၏နှလုံးသားသည် ကောင်းကောင်းသိနေခဲ့၏။

ထို့အပြင် သူမ၏ကလေးများသည် အသက်ကြီးနေပြီဖြစ်ပြီး သူတို့သည် သူမကို လုံးဝမေ့သွားနိုင်ပေသည်။

ဤမျှနှစ်ပေါင်းများစွာ မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်နေပြီးနောက် သူမသည် အရာများစွာကို တွေးခဲ့လေသည်။

သူမ၏ဘဝကို ပြန်ကြည့်သောအခါ သူမအသက်ရှင်နေစဥ်က အလွန်မိုက်မဲခဲ့သည်ကို သူမ ပိုမိုနားလည်ခဲ့သည်။

"မုန့်ကျိဖန် ဒူးထောက်လိုက်" ရှဲ့ချောင်သည် မုန့်ကျိဖန်ကို ရုတ်တရက် အော်ပြောလိုက်၏။

မုန့်ကျိဖန်၏ မျက်ခွံများလှုပ်ခါသွားပြီး သူ၏ဒူးများ ပျော့သွားသော်လည်း သူသည် ကိုယ့်ကိုယ်ကိုယ် ထိန်းထားကာ ပြောလိုက်၏ "ဘာလို့လဲ…"

သူသည် ဂုဏ်သိက္ခာရှိသော သခင်လေးမုန့်ဖြစ်ပြီး အဘယ့်ကြောင့် အလွယ်တကူ ဒူးထောက်နိုင်မည်နည်း… ထို့အပြင် ၎င်းသည် မော့ချူးရှန်းကဲ့သို့ တာအိုဆရာမ၏ အမိန့်ပင်ဖြစ်သည်။

ရှဲ့ချောင်သည် သူ့ကို အေးစက်သောမျက်လုံးများဖြင့် ကြည့်လိုက်၏။ ဘာမှမပြောခင်မှာပင် ကျောက်ရွှမ်ကျင်းသည် သူ၏ခြေထောက်ကို မြှောက်ပြီးကန်လိုက်လေရာ ချက်ချင်းပင် ဒူးများကွေးသွားပြီး မြေပြင်ပေါ်သို့လဲကျသွားလေသည်။

"မင်းက တစ်ယောက်ယောက်ရဲ့အိမ်ကို ငှားနေပြီး သူမရဲ့အထိမ်းအမှတ်ကျောက်ပြားကို နင်းမိခဲ့တာပဲ။မင်း တောင်းပန်ပြီး ကျေးဇူးတင်စကားပြောရမယ်" ရှဲ့ချောင် အမှန်အတိုင်းပြောလိုက်သည်။

မကောင်းဆိုးဝါးဝိဉာဉ်သည်ပင် ထိတ်လန့်သွားသည်။

"မလိုပါဘူး…" တောင်းပန်စရာမလိုပေ…

သူမသည် ထိုလူ ဒူးထောက်သည်ကို မြင်သောအခါ အနည်းငယ်ရွှင်ပြသွားလေသည်။

မုန့်ကျိဖန်၏မျက်နှာသည် မဲမှောင်သွားသော်လည်း အိမ်ရှေ့စံမင်းသား၏အာဏာကြောင့် ဤအချိန်တွင် ခေါင်းငုံ့ထားလေရသည်။ "တောင်းပန်ပါတယ် ပြီးတော့… အဲဒီနေ့က ကျွန်တော့်ကို တောထဲမှာ မအိပ်ရအောင် နေရာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"မင်းက သူမကို ကျေးဇူးတင်သင့်တယ်" ရှဲ့ချောင်သည် သူ့ကို အလေးအနက်ကြည့်လိုက်သည်။ "ဒီနေရာမှာ အမှောင်စွမ်းအင်နဲ့ နာကြည်းချက်တွေ အများကြီးရှိတယ်။ မြွေ၊ ပိုးဟပ်နဲ့ ကြွက်တွေ အများကြီးရှိနေမှာ အမှန်ပဲ။ မင်းအိမ်ထဲဝင်ခဲ့ရင်တောင် မင်းဒုက္ခရောက်နိုင်တယ်။ ဒါပေမဲ့ အဲဒီနေ့က ဒီလိုမှောင်မိုက်တဲ့ပတ်ဝန်းကျင်မှာ မင်း အမှန်တကယ်ပဲ တစ်ညလုံး အသက်ရှင်ခဲ့တယ်…

"ကျွန်မ ခန့်မှန်းမိတာ မှန်တယ်ဆိုရင် အဲဒီညက မင်းရဲ့ဘေးကင်းရေးအတွက် အန္တရာယ်များစွာကို အမျိုးသမီးချိုင်က မောင်းထုတ်ပေးခဲ့တာ ဖြစ်လိမ့်မယ်" ရှဲ့ချောင် ထပ်ပြော၏။

မုန့်ကျိဖန်သည် သူမ ပြောလိုက်သောအခါ အံ့အားသင့်စွာ ခေါင်းမော့လိုက်သည် "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ရှဲ့ချောင်သည် အမျိုးသမီးချိုင်ကိုသာ ကြည့်နေခဲ့သည်။

အမျိုးသမီးချိုင်မှာ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

"ဒီကို ဘယ်သူမှ မလာတာကြာပြီ။ ဒီသခင်လေးမုန့်က နူးညံ့တဲ့သခင်လေးတစ်ယောက်ပုံစံပေါက်ပြီး ကျွန်မအိမ်ထဲကို ဝင်လာဖို့အတွက် သူအခက်အခဲအချို့နဲ့ တွေ့ကြုံခဲ့ရမှာကို ကျွန်မစိုးရိမ်မိတယ်။ ကြွက်တစ်ကောင်ကတောင် သူ့ကို တုန်ယင်တဲ့အထိ ကြောက်ရွံ့စေနိုင်တယ်။ သူကအတော်လေး သနားစရာကောင်းတယ်" အမျိုးသမီးချိုင်သည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်လေသည်။

"မင်းက သူ့ကို ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ သူက မင်းရဲ့အထိမ်းအမှတ်ကျောက်ပြားကို နင်းမိလိမ့်မယ်လို့ မင်းမမျှော်လင့်ခဲ့ဘူး မဟုတ်လား" ရှဲ့ချောင် သက်ပြင်းချလိုက်၏။

အမျိုးသမီးချိုင် ခေါင်းခါလိုက်သည်။ "ကျွန်မ… ကျွန်မ သူ့အိပ်မက်ထဲကို ရောက်ခဲ့ပါသေးတယ်"

ရှဲ့ချောင်သည် အံ့အားသင့်သွား၏။ "မင်းလုပ်ခဲ့တာလား"

ယေဘုယျအားဖြင့်ပြောရလျှင် သူတို့သည် ဆက်စပ်မှုရှိပါက သူ့အိပ်မက်ထဲတွင် ပေါ်လာရန်လွယ်ကူပေသည်။

သို့သော်လည်း ဤမကောင်းဆိုးဝါးဝိဉာဉ်သည် စွမ်းအားကြီးပြီး မုန့်ကျိဖန်သည် သူမ၏နယ်မြေတွင်ရှိသောကြောင့် ၎င်းသည် ဖြစ်နိုင်ချေရှိသည်။

"ဟုတ်တယ် ကျွန်မ သူ့ကို သတိထားဖို့နဲ့ ကျွန်မကို မနင်းမိဖို့ ပြောခဲ့တယ်။ ဒါပေမယ့် သူ နားမထောင်ခဲ့ဘူး" ထို့ကြောင့် သူမသည် နာကြည်းနေခဲ့ခြင်းဖြစ်ပြီး သူမ၏ခင်ပွန်းနှင့် ကလေးများအပေါ် နာကြည်းနေခဲ့သကဲ့သို့ပင်ဖြစ်သည်။ သူမ ပေးဆပ်ခဲ့ရသည်မှာ ထင်ရှားပေသည်။ သူမပြောသည့်စကားတိုင်းကို မည်သူကမှ အလေးအနက်မထားခဲ့ပေ။

ရှဲ့ချောင်သည် မုန့်ကျိဖန်ကို အိပ်မက်အကြောင်း မေးလိုက်၏။

မုန့်ကျိဖန်သည် ၎င်းကိုကြားသောအခါ အမှန်တကယ်ပင် ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။

"အဲဒီနေ့က ကျွန်တော် သေလုနီးပါး ကြောက်ခဲ့တာ။ ဘယ်လိုလုပ် အိပ်နိုင်မှာလဲ။ ကျွန်တော် အလယ်မှာ မှေးခနဲအိပ်ပျော်သွားပြီး မှုန်ဝါးဝါးဖြစ်နေခဲ့တာ။ အိပ်မက်တစ်ခုရှိခဲ့နိုင်ပေမဲ့ ကျွန်တော် မမှတ်မိဘူး" မုန့်ကျိဖန်သည် သူ့ထက်ပိုပြီး မတရားခံရသည့်လူသည် ကမ္ဘာပေါ်တွင်မရှိ‌ကြောင်း ခံစားလိုက်ရသည်။

"မင်းလည်း ကြားသားပဲ။ မုန့်ကျိဖန်က တမင်တကာလုပ်ခဲ့တာမဟုတ်ဘူး။ မင်းသူ့ကို ခွင့်လွှတ်သင့်မသင့်ဆိုတာကို ငါဆုံးဖြတ်လို့မရဘူး ဒါပေမဲ့ အသက်ရှင်နေတဲ့လူတစ်ယောက်ကို နှောင့်ယှက်တာက မင်းရဲ့ကံကြမ္မာကို ထိခိုက်စေတယ်။ အခု နားလည်မှုလွဲတာ ဖြေရှင်းပြီးပြီဆိုတော့ ဒီလိုလုပ်ကြရအောင်။ မင်းရဲ့အထိမ်းအမှတ်ကျောက်ပြားကို ယွီရွှီဘုရားကျောင်းကို ပို့ပေးမယ်ပြီးတော့ ဆရာ့ကို ဂရုစိုက်ပေးဖို့ ပြောပေးမယ်။ နောက်ထပ် မင်းမှာ တခြားဘယ်လိုဆန္ဒတွေရှိသေးလဲဆိုတာ ပြောပြဦး။ မင်းအတွက် ငါတတ်နိုင်သမျှ အကုန်လုပ်ပေးမယ်"

••••••

All Chapters