အခန်း (၁၁၂၁-၁၁၂၄)
Vol. 58 Ch. 1121-1124
အခန်း ၁၁၂၁။ ဝိညာဉ်ဝင်ပူးခြင်း
ရှဲ့ချောင် လုပ်နိုင်သမျှ တစ်ခုတည်းသောအရာက သူမ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။
သို့သော် ဤမကောင်းဆိုးဝါးဝိဉာဉ်သည် အရင်ကဲ့သို့ ထွက်သွားရန် မလိုလားမှာကို သူမကြောက်ရွံ့သည်။
အကယ်၍ ဤမကောင်းဆိုးဝါးဝိဉာဉ်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက သူမအနေဖြင့် အင်အားသုံးရမည်ဖြစ်သည်။ ထိုအခါတွင် နှစ်ဖက်စလုံး ထိခိုက်နစ်နာမည်ဖြစ်ပြီး ဘာအဓိပ္ပါယ်ရှိတော့မည်နည်း။
ရှဲ့ချောင် အတော်လေး စိတ်ရှုပ်ထွေးနေသည်။
ကံကောင်းထောက်မစွာ၊ သခင်မချိုင်သည် ခဏတာ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကျွန်မက ဗဟုသုတနဲ့ စွမ်းရည်နည်းပါးပြီး ကြာကြာနေရမဲ့သူ မဟုတ်ပါဘူး။ ကျွန်မမှာ တခြားဆန္ဒလည်းမရှိပါဘူး။ ကျွန်မက တစ်ရက်လောက်တော့ အကျင့်မကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်ပါတယ်။”
“ဘာကိုဆိုလိုတာလဲ။” ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်မ... ကျွန်မတစ်သက်လုံး နာခံမှုရှိခဲ့ပါတယ်။ နေ့တိုင်းအလုပ်လုပ်ရင်း တခြားသူတွေအတွက် စိတ်ပူပြီး နေ့စဥ်ဘဝကို ဖြတ်သန်းခဲ့ရတာပါ။ ကျွန်မရဲ့နောက်ဆုံးဆန္ဒကို မေးရင်၊ ကျွန်မ အသက်ရှင်နေထိုင်ခဲ့စဉ်တုန်းက ပုံစံအတိုင်းပဲ ဖြစ်ချင်တာပါ...” မကောင်းဆိုးဝါးဝိဉာဉ်က ထပ်မံပြောဆိုလိုက်သည်။
ဤနောက်ဆုံးဆန္ဒသည် အနည်းငယ်ဒုက္ခရောက်စရာပင်။
သူမကိုယ်တိုင်ဖြစ်ချင်သည်ဆိုပါက၊ သူမကိုယ်စား ဖြည့်ဆည်းပေးလို့မရနိုင်ပေ။
တစ်နည်းအားဖြင့် သူမသည် မကောင်းဆိုးဝါးဝိဉာဉ်အား သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ပူးပြီး တစ်ရက်လောက် နေထိုင်ခွင့်ပေးရမည်ဖြစ်သည်။
သို့သော်၊ ထိုသို့ဖြစ်လျှင် သူမ၏ခန္ဓာကိုယ်ကို စွန့်လွှတ်ရမည်လား။
ရှဲ့ချောင် မလိုလားပေ။
အသက်ရှင်နေထိုင်ရန်အတွက် သူမသည် အရာအားလုံးကို တတ်နိုင်သမျှ ကြိုးစားခဲ့ပေမယ့် ဤဝိညာဉ်ဝင်ပူးခြင်းသည် သူမအလွန်မုန်းတီးမိသည့် အခြေအနေဖြစ်သည်။
အတိတ်ကာလက သူမခံစားခဲ့ရဖူးသည့်အတွက် ၎င်းသည် ကောင်းမွန်သည့်အရာ မဟုတ်ကြောင်း
သူမသိသည်။ ဒါ့အပြင် သူမ၏ခန္ဓာကိုယ်သည် တခြားသူများ အသုံးပြုရန်ဖြစ်ခဲ့သည်။
အကယ်၍ သူမတွင် အခြားရွေးချယ်စရာမရှိခဲ့ပါက ပြဿနာမရှိပေမယ့် ယခုတော့ အခြေအနေက ထူးဆန်းနေသည်။
မဖြစ်နိုင်ဘူး။
“ဘာဖြစ်တာလဲ။” ရှဲ့ချောင် မျက်မှောင်ကြုတ်နေတာကိုတွေ့သည့်အခါ ကျောက်ရွှမ်ကျင်းက မေးလိုက်သည်။
ရှဲ့ချောင်သည် အခြေအနေကို သူ့အား ပြောပြလိုက်သည်။
ကျောက်ရွှမ်ကျင်းသည် ကြားလိုက်ရသောအခါ သူ့မျက်ခုံးများ ပြေလျော့သွားသည်။ “ဒါက လွယ်လွယ်ကူကူ ဖြေရှင်းလို့ရပါတယ်။ မုန့်ကျိဖန်က ဝိညာဉ်ဝင်ပူးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူမဟုတ်လား။ သာမန်လူသားတစ်ယောက်ကို ဝိညာဉ်ဝင်ပူးတာက ဘေးထွက်ဆိုးကျိုးတွေ ရှိပေမယ့် မင်းက ဆရာတစ်ဆူပဲ။ ဒါကို သေချာပေါက် အထိခိုက်နည်းအောင် လုပ်နိုင်မှာပေါ့၊ မဟုတ်ဘူးလား။”
“ကျွန်မထင်တာကတော့... တခြားသူတွေကို ဝိညာဉ်ဝင်ပူးဖို့ဆိုတာ ခက်ခဲနိုင်ပေမယ့် သခင်မချိုင်က မုန့်ကျိဖန်နဲ့ အချိန်အကြာကြီး အတူရှိခဲ့ပြီး၊ သူတို့နှစ်ဦးကြားမှာ ကံကြမ္မာ ဆက်စပ်မှုက ရှိနေသေးတယ်။ သူမက သူ့ကို ဝိညာဉ်ဝင်ပူးရင် ပြဿနာကြီးကြီးမားမား မဖြစ်နိုင်ဘူး။” သူမအနေနှင့် အဆောင်လက္ခဏာအနည်းငယ်ထပ်ထည့်ရင် မုန့်ကျိဖန်၏ ခန္ဓာကိုယ်ကို ထိခိုက်မှုမဖြစ်အောင် အာမခံနိုင်သလို၊ မကောင်းဆိုးဝါးဝိဉာဉ်၏ အကျင့်စာရိတ္တကိုလည်း ထိခိုက်မှု မရှိစေနိုင်ပါ။
“ဒါဆို လုံလောက်ပြီမဟုတ်လား။” ကျောက်ရွှမ်ကျင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒါပေမယ့် သူက ယောက်ျားလေးလေ။” ရှဲ့ချောင်က အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။ သခင်မချိုင်က အကျင့်မကောင်းတဲ့ မိန်းမတစ်ယောက်ဖြစ်ချင်တာပဲလေ။
“မိန်းမအဝတ်အစားတွေ လဲလှယ်လိုက်ရင်ဖြစ်တာပဲ။ တစ်ရက်လောက်ပဲလေ။ သူက မိန်းမတစ်ယောက်လို ဟန်ဆောင်လိုက်ရုံပဲပေါ့။” ကျောက်ရွှမ်ကျင်းက ခဏတာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ “နောက်မှ တခြားသူတွေကို မမြင်သလို လျစ်လျူရှုခိုင်းလိုက်ရင် အဆင်ပြေမှာပါ။”
ဘာပဲဖြစ်ဖြစ်၊ ရှဲ့ချောင်ကို ဝိညာဉ်ဝင်ပူးခွင့်ပြုဖို့က မဖြစ်နိုင်ဘူး။
သူတစ်ခါက ရှဲ့ချောင် ဝိညာဉ်ဝင်ပူးခံရတာကို ကိုယ်တိုင်မြင်ခဲ့ဖူးသည်။ ထပ်မံမြင်ချင်စိတ်မရှိတော့ပေ။
ထို့အပြင်၊ သူမ၏ခန္ဓာကိုယ်က အခြေအနေကောင်းမွန်မနေတာကြောင့် တစ်ကြိမ်ဝိညာဉ်ဝင်ပူးခံရပြီးနောက် ပြန်လည်သက်သာလာဖို့ ဘယ်လောက်ကြာမလဲ မသိနိုင်ပေ။
ရှဲ့ချောင်က မကောင်းဆိုးဝါးဝိဉာဉ်ကို ကြည့်ပြီး မေးလိုက်သည်။ “ဒါ... ဖြစ်နိုင်မယ်ထင်လား။”
မုန့်ကျိဖန်သည် သူတို့စကားကို ကြားသောအခါ အံ့သြထိတ်လန့်သွားသည်။
သူ အော်ဟစ်ပြီး ငြင်းဆန်ချင်သည်။
သို့သော် ကျို့ဝေ့ကျုံးက သူ့ပခုံးပေါ် လက်တင်လိုက်ပြီး၊ “သခင်လေးမုန့်၊ မင်းက ဆရာမမော့ကို ဒုက္ခရောက်အောင်လုပ်ရင်၊ အရှင့်သားက မပျော်မရွှင်ဖြစ်သွားမှာ။ သခင်လေးရှဲ့၊ ဆရာရှောင်း၊ ဆရာစန်းနဲ့ သခင်လေးကျန်းတို့ကလည်း မင်းကို မကျေမနပ်ဖြစ်ကြလိမ့်မယ်။”
မုန့်ကျိဖန်၏မျက်နှာမှာ စိတ်ပျက်အားငယ်မှုအပြည့်နှင့်။
သူ ဒီတိရစ္ဆာန်လိုလူတွေနဲ့ တစ်ယောက်တည်း ဒီကိုမလာသင့်ခဲ့ဘူး။
သူတို့က သူ့မှာ အားနည်းပြီး အားကိုးရာမရှိတာကြောင့် သူ့ကို အနိုင်ကျင့်နေကြတာ။
သို့သော် ကျို့ဝေ့ကျုံးကတော့ ဒါဟာ မုန့်ကျိဖန်၏ ပြဿနာကို ဖြေရှင်းဖို့အတွက်ဖြစ်ပြီး၊ သူကိုယ်တိုင်လည်း အားထည့်လုပ်ဆောင်ရမည်ဟု ထင်သည်။ ထို့အပြင်၊ ဆရာတစ်ဆူအနေနှင့် ဝိညာဉ်ဝင်ပူးခံရလျှင် ပိုမိုအန္တရာယ်များနိုင်သည်။ သူသိထားသည်မှာ ဤသူသည် လူ့လောကနှင့် တမလွန်လောကတွင် ကျွမ်းကျင်သူဖြစ်ပြီး သာမန်လူများနှင့် မတူပေ။ အကယ်၍ သူမက ဤမကောင်းဆိုးဝါးဝိဉာဉ်အတွက် ခြွင်းချက်ပြုလုပ်ပေးလိုက်ပါက အနီးနားက တခြားမကောင်းဆိုးဝါးဝိဉာဉ်တွေပါ အခွင့်အရေးယူပြီး ဝင်ရောက်လာနိုင်သည်။
ထိုအခါတွင် သူတို့အနေနှင့် ဘာမှမတတ်နိုင်တော့လောက်။
သခင်မချိုင်က အနည်းငယ် ဝန်လေးနေသည်။
သို့သော် ရှဲ့ချောင်၏ အရှိန်အဝါက သူမကို အနည်းငယ်ကြောက်ရွံ့စေသည့်အတွက် နောက်ဆုံးမှာတော့ သူမသဘောတူလိုက်သည်။
••••••
အခန်း ၁၁၂၂။ ပြေးစရာမရှိ
ရှဲ့ချောင်၏နှလုံးသားမှာ ချက်ချင်းဆိုသလို သက်သာရာရသွားရသည်။ မုန့်ကျိဖန်အား ကြည့်နေသော သူမ၏ အကြည့်တို့တွင် မလိုမုန်းထားစိတ်တို့ဖြင့် ပြည့်နေလျက်။
သူမသည် မုန့်ကျိဖန်အား ကြင်နာစွာကြည့်လျက် သူမ၏နှုတ်ခမ်းထောင့်စွန်းတို့ တွန်းကွေးသွားသည်မှာ ပြီးပြည့်စုံသော စက်ဝိုင်းခြမ်းသဖွယ်။ သူမ၏ အသံသည် လုံးဝန်းသောကျောက်တုံးတစ်တုံးအား ရိုက်ခတ်နေသော စမ်းချောင်းပမာ နူးညံ့လှ၏။ ပေါ့ပါးကာ သာယာနာပျော်ဖွယ်ရှိလှပေသည်။
“သခင်လေးမုန့်က ကြီးတဲ့ပုံလည်းမပေါ်ပါဘူး၊ သခင်လေးက တခြားသူရဲ့ ကမ္ပည်းပြားပေါ်တက်နင်းမိသွားမှတော့ သခင်မချိုင်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရတာလောက်နဲ့ မတရားဘူးလို့ခံစားမနေသင့်ဘူးလေ ဟုတ်တယ်မလား”
“ကျွန်တော်.. “
မုန့်ကျိဖန်သည် သူမအား စိုက်ကြည့်နေ၏။
“ဟူး ၊ချိုင်အားနျန် ရဲ့ဘဝကလည်း တကယ်ကိုကြမ်းတမ်းရှာတယ်၊ သူ့ခမျာ တစ်သက်လုံးနေလာပေမယ့် အပူအပင်ကင်းတဲ့ဘဝမှာနေရတယ်ဆိုတဲ့ အရသာကို မခံစားသွားရဘူး၊ သူက မင်းလိုမဟုတ်ဘူး မုန့်သခင်လေး၊ မင်းက မွေးကတည်းက ဇိမ်ကျတဲ့ဘဝကြီးမှာနေခဲ့ရတာ၊ အစေခံတွေဆိုတာလည်း နေရာတိုင်းအပြည့်၊ မင်းက တော်တော်လေး ရက်ရော ကြင်နာတတ်ပြီးတော့ နှစ်လိုဖွယ်ကောင်းတဲ့သူပါ”
ရှဲ့ချောင်သည် ရှက်ကိုးရှက်ကန်းဖြင့် ပြောနေသော်ငြား မျက်နှာပြောင်လှပေသည်။
မုန့်ကျိဖန်၏ ကောင်းမွန်သောကံကြမ္မာသည် သူ၏ ကံကောင်းခြင်းကြောင့်လည်းဖြစ်၏။
ယခုအချိန်တွင် ရှဲ့ချောင်သည် သမာသမတ်ကျစွာနေလျက်… သူ့အား လွှမ်းမိုးထိန်းချုပ်ထားလေသည်။
သူမှ ငရဲကိုမသွားလျှင် မည်သူသွားမည်နည်း။
“ခင်-ခင်ဗျား တာအိုဆရာမ…” ဆိုးလိုက်တဲ့သူ!
မုန့်ကျိဖန်သည် အနည်းငယ် ပြောစရာစကားပျောက်ဆုံးနေခဲ့ကာ နောက်သို့ဆက်တိုက်ဆုတ်နေ
မိသည်။
သို့သော် သူ့တွင် ပြေးစရာမရှိကြောင်း သဘောပေါက်သွားခဲ့၏။
အိမ်ရှေ့စံမင်းသားနှင့် ကျို့ဝေ့ကျုံးတို့သည် သူ့အား စောင့်ကြည့်နေသည်! သူသည် အိမ်ရှေ့စံမင်းသားအကြောင်း အတင်းအဖျင်းပြောရဲသော်လည်း ရိုးရိုးသားသားဆိုရလျှင် သူ၏အဒေါ်သည် ဘယ်သောအခါမှ ပြဿာနာမရှာသည့် ကောင်းမွန်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူသိ၏။
သူ၏ အဒေါ်နှင့် စတုတ္ထမင်းသား၏ မျက်နှာကိုထောက်ပြီး အိမ်ရှေ့စံမင်းသားသည် သူ့အား ဘာမှလုပ်လိမ့်မည်မဟုတ်ချေ…
အလွန်ဆုံး အသေးစားပြစ်ဒဏ်လေးတစ်ခုသာ ပေးလောက်ပေသည်….
သို့သော် သူသည် အိမ်ရှေ့စံမင်းသား၏ အမိန့်အား မလွန်ဆံဝံ့ပေ။
“ကျ-ကျွန်တော်ဘာလုပ်ပေးနိုင်လဲ”
သူ တကယ်ကိုကူကယ်ရာမဲ့နေ၏။
အံ့ကိုကြိတ်လျက်ဖြင့်သာ မေးလိုက်ရသည်။
“ငါ့မြင်းလှည်းထဲမှာ တစ်ခါမှ မဝတ်ရသေးတဲ့ အဝတ်အစားတွေရှိတယ်၊ လဲဝတ်လိုက်”
ရှဲ့ချောင် ထပ်ပြောလိုက်၏
မုန့်ကျိဖန်ခမျာ အရှက်ခွဲခံနေရသည်ဟုသာ ခံစားမိလေသည်။
အမျိုးသမီးတစ်ယောက်ရဲ့ အဝတ်ကို လဲဝတ်ရမယ်?!
တခြားသူတွေ တွေ့သွားရင် ဘယ်လိုလုပ်မလဲ?!
“စိတ်မပူပါနဲ့၊ အပြင်မှာ အလွန်ဆုံးနောက်တစ်ရက်လောက်ပဲ ထပ်နေရမှာ၊ မနက်ဖြန် ဒီလိုအချိန်ကျလို့ သခင်မချိုင်ရဲ့ ဆန္ဒကိုဖြည့်ဆည်းပြီးပြီဆို မင်းရဲ့အဝတ်ကိုပြန်လဲဝတ်လို့ရတယ်, ပြန်ရောက်ရင်လည်း မင်းမိသားစုနဲ့ သူငယ်ချင်းတွေကို ပြောပြမှမဟုတ်ဘူး၊ အရှက်ကွဲမှာစိတ်မပူနဲ့”
ရှဲ့ချောင် ထပ်ပြောလေသည်။
ရှဲ့ချောင်သည် မုန့်ကျိဖန်အပေါ် ယဉ်ကျေးလွန်းနေသည်ဟု ကျောက်ရွှမ်ကျင်းခံစားမိ၏။
ဒီကလေးက သေချာတွေးတာတောင် မဟုတ်ဘူး၊ ဒါတွေအကုန်လုံးကို ဘယ်သူ့အတွက် လုပ်နေတာမလို့လဲ?
သူသည် မကောင်းဆိုးဝါးဝိဉာဉ်၏ ခြောက်လှန့်ခြင်းကို ခံနေရ၏။ သူသာ အခြားဝာာအိုဘုရားကျောင်းမှ တာအိုဆရာတစ်ယောက်အား ရှာခဲ့လျှင် မကောင်းဆိုးဝါးဝိဉာဉ်နှင့်ဆက်သွယ်နိုင်မည်မဟုတ်သဖြင့် မကောင်းဆိုးဝါးဝိဉာဉ်အား အတင်းအကျပ် ဖမ်းရုံသာရှိသည်။ ဖမ်းယူပြီးနောက် သာမန်ဘဝအဖြစ် ချက်ချင်းနေနိုင်လိမ့်ဦးမည်မဟုတ်။
ထို့အပြင် သူ အသက်ရှင်ခဲ့သည်မှာကြာပြီဖြစ်သဖြင့် ကောင်းသည့်အရာများစွာ လုပ်ခဲ့လောက်မည်မဟုတ်။
သူသည် စဉ်းစားဉာဏ်မဲ့ကာ ကောက်ကျစ်သူတစ်ယောက်ဖြစ်၏။ ယခုအခါ ရှဲ့ချောင်နှင့်အတူ ရှိနေချိန်တွင် ဤမကောင်းဆိုးဝါးဝိဉာဉ်အား ငြိမ်းငြိမ်းချမ်းချမ်းလွှတ်ပေးလိုက်ခြင်းသည် သူ့အတွက် အကျိုးရှိမည်မှာ အသေချာပင်။
သူသည် အိမ်ရှေ့စံမင်းသားဖြစ်၏။
ပိုပြီး မကျေနပ်စရာကောင်းသည်မှာ မုန့်မိသားစုသည် မုန့်ကျိဖန်အား လမ်းညွှန်မှုများစွာ ပေးထားလွန်းခြင်းပင်။
သူသည် အသက်ကြီးနေပြီကိုပင် မသိနားမလည်ဆဲ။
ဘုရင်းမင်းမြတ်၏ အမိန့်အား မနာခံဘဲ နေလို့မရမည်အား မသိခြင်းလော။
သူ၏ မျက်နှာအမူအရာကိုမြင်ပြီးနောက် အာဏာရှင်တစ်ယောက်ဖြစ်ရခြင်း၏ အရသာအား ခံစားကြည့်ချင်သွားသည်။
သူသည် သူ့အားပထမဆုံးသတ်ပစ်မည့်သူဖြစ်လောက်သည်။
အိမ်ရှေ့စံမင်းသား၏ အန္တရာယ်ပြုတော့မည့်အယောင် အကြည့်သည့် မု့န်ကျိဖန်အား ခံစားချက်မကောင်းစေတော့ပေ။ သူ အချိန်ဆွဲမနေရဲတော့ဘဲ နာခံစွာဖြင့် ခေါင်းညိတ်လိုက်ရသည်။
မြင်းလှည်းဆီသို့ ပြန်လာပြီးနောက် ရှဲ့ချောင်သည် ခဏကြာ မွှေနောက်ရှာဖွေနေ၏။
သူမ၏ သရုပ်အား မကြာခဏဆိုသလို ပြောင်းလဲရန်လိုသဖြင့် မြင်းလှည်းထဲ၌ အဝတ်အစားအသစ်နှင့် အဟောင်းအစုံတချို့ ရှိသည်။
သူမ ဝတ်ထားသော အဝတ်အစားမှာ မုန့်ကျိဖန်နှင့် ကျိန်းသေပေါက် သင့်တော်မည်မဟုတ်၍ အသစ်တစ်စုံကိုသာ ယူထုတ်လိုက်ရသည်။
ဆရာရှောင်းနှင့် အခြားလူများမှာ နားမလည်ခဲ့ကြပေ။
ကျို့ဝေ့ကျုံးသည် မုန့်ကျိဖန်အား မြင်းလှည်းထဲခေါ်သွားကြောင်း တွေ့ရသော်လည်း သူတို့အထဲမှာ ဘာလုပ်နေသည်ကို မသိခဲ့ကြ။
သူသည် အမျိုးသမီးအဝတ်အစားများလဲဝတ်ရန်လိုသည်သာမက အမျိုးသမီးတစ်ယောက်ပမာ မျက်နှာချေလိမ်းခြယ်ရန်လိုပေသည်။
အချိန်တော်တော်ကြာပြီးနောက်ဆုံးတွင် မုန့်ကျိဖန် မြင်လှည်းထဲမှ ထွက်လာခဲ့၏။
“ဖွီး…” ရှဲ့ဖင်းကန်းမှာ ရေအိတ်ဖြင့် ရေသောက်နေရင်း သီးသွားလေသည်။ ကျန်းကျင်လုသည်လည်း ဆွံ့အသွားကာ သူ့အား တွေဝေစွာကြည့်နေလေ၏။
•••••••
အခန်း ၁၁၂၃။ အသက်သခင်ကျေးဇူးရှင်နှင့် ရန်သူ
ရှောင်းယွိရုန်သည် ရှက်နေကာ ခေါင်းကိုသာ အသာယမ်းလိုက်မိ၏။ လူငယ်များသည် ပျော်စရာရှာသည့်နေရာ၌ တော်ကြပေ၏။ သူတို့ဘာလုပ်နေသည်ကိုပင် သူမသိခဲ့ချေ….
စန်းယောင်မှာ အနည်းငယ်မူးနောက်နောက်ဖြစ်နေဆဲ။
“မဖြစ်ဘူး၊ သူ့ဆံပင်ကို မကျစ်ပေးနိုင်ဘူး၊ သူ့မျက်နှာပေါ်မှာလည်း မျက်နှာချေ မလိမ်းပေးနိုင်ဘူး၊ ရုပ်ဆိုးလွန်းတယ်”
ကျို့ဝေ့ကျုံးတစ်ယောက် မျက်မှောင်ကြုတ်နေ၏။ သူ အလွန်အခက်တွေ့နေပုံရသည်။
သူသည် ဤအရွယ်ထိ ဇနီးဖြစ်သူ၏ မျက်ခုံးကိုပင်ဆွဲပေးဖူးခြင်းမရှိသည်ကို ဤနံဟောင်နေသော အမျိုးသားအား မျက်ခုံးဆွဲပေးနေရသည်လော။
သူ့လက်တို့မှာ တဆတ်ဆတ်တုန်နေပြီး အန်ထွက်ေတာ့မည်သကဲ့သို့ ခံစားနေရ၏။
ကံကောင်းစွာဖြင့် သူထိန်းထားနိုင်ခဲ့သည်။
ဤမြင်ကွင်းအား ကြည့်ရန်အနည်းငယ်ခက်ခဲလှသည်ဟု ရှဲ့ချောင်လည်းခံစားမိ၏။
မုန့်ကျိဖန်သည် အသက်၁၇ နှစ် ၁၈ နှစ်အရွယ်ရှိပြီဖြစ်၍ ယခုဆိုလျှင် မုတ်ဆိတ်မွေးတို့ ပေါက်သင့်နေလေပြီ။ သို့သော်လည်း သူ့မျက်နှာသည် ရှင်းလင်းနေဆဲဖြစ်ကာ အမည်းစက်တချို့ ရှိနေလျှင်ပင် သူသည် အမြဲတမ်းလိုလိုသန့်ရှင်းနေတတ်သည်။ သို့ဖြစ်၍ ပုံပျက်ပန်းပျက်တော့မဖြစ်ချေ။ သူ၏ မျက်ခုံးများမှာ ထူထဲပြီးနက်မှောင်လွန်းနေသည့်အပြင် လူစွမ်းကောင်းစိတ်ဓာတ်ပြည့်ဝလွန်းနေပြီး သူ့၏မျက်နှာမှာ ကြီးလွန်းနေသည် ဆိုရုံသာ။
မျက်နှာချေ လိမ်းခြယ်လိုက်သောအခါ ဟိုမရောက်ဒီမရောက်ဖြစ်သွားလိမ့်မည်။
“ဆရာမမော့ကျတော့ ဘာလို့မလုပ်တာလဲ ၊ ကျွန်တော်သာ ဒီလိုရုပ်ဆိုးဆိုးမျက်နှာနဲ့ မကောင်းဆိုးဝါးဝိဉာဉ်ဆို ကျွန်တော်လည်း ကျေနပ်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလား”
ကျို့ဝေ့ကျုံးမှာ တွတ်ထိုးမပြောဘဲ မနေနိုင်ခဲ့။
ရှဲ့ချောင် လျှောက်သွားတော့မည့်အချိန် ကျောက်ရွှမ်ကျင်းမေးလာ၏။
“စန်းယောင် ဘယ်မှာလဲ”
“အဲဒီကလေးက အသုံးကိုမကျဘူး၊ သူ့ဗျက်စောင်းလည်းကျိုးရော ရင်ကွဲနာကျပြီး သတိလစ်သွားတော့တာပဲ”
ရှဲ့ဖင်းကန်းသည် အဓိပ္ပာယ်မရှိသော စကားများကိုဆိုလေ၏။
“သူသတိရလာတဲ့အထိ စောင့်လိုက်ကြစို့၊ သူ့အရည်အချင်းက ကျန်တဲ့သူတွေနဲ့စာရင်တော့ ပိုကောင်းသေးတယ်”
ကျောက်ရွှမ်ကျင်းသည် စီစဉ်မှုများအား ပြုလုပ်လိုက်၏
လူတိုင်းသည် စန်းယောင်၏အရည်အချင်းများအား သတိရသဖြင့် သံသယမဝင်ခဲ့ကြပေ။
စန်းယောင်မှာမူ အိပ်ပျော်နေ၏။
သူ အိပ်မက်မက်နေခိုက် နှုတ်ခမ်းနှင့်နှာခေါင်းနေရာကြားမှ ကြီးစွာသော နာကျင်မှုကိုခံစားလိုက်ရသည်။ မျက်စိဖွင့်လိုက်သောအခါ ရှဲ့ဖင်းကန်း၏ တက်ကြွနေသော မျက်လုံးတို့ကို မြင်လိုက်ရလေ၏။
“သူ နိုးလာပြီ နိုးလာပြီ!”
ရှဲ့ဖင်းကန်းသည် သူ၏လက်အား ပြန်ရုတ်လျက်
“သူ အဆင်ပြေပါတယ်လို့ ပြောသားပဲ၊ နှစ်နစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာပဲနေမှာ”
ဤအချိန် နေဝင်သွားခဲ့လေပြီ။
သူသည် စန်းယောင်အလိုလို နိုးလာမည့်အချိန်အထိ စောင့်ချင်ခဲ့သော်လည်း အနှီလူသည် နောက်တစ်နေ့နံနက်ထိ အိပ်ပျော်နေမည်ကို စိုးရိမ်ခဲ့၏။ သို့ဖြစ်၍ ရှဲ့ဖင်းကန်း သူ့အား ဆွဲစိတ်လိုက်ရခြင်းပင်။ သူသည် အင်အားအလွန်ကျွံသုံးလိုက်သဖြင့် ယခုအချိန်၌ စန်းယောင်၏ နှုတ်ခမ်းနှင့်နှာခေါင်းကြားရှိနေရာမှာ နီရဲတွတ်နေလေသည်။ အင်မတန် နာကျင်လှ၏။
စန်းယောင်သည် ချက်ချင်းဆိုသလို သူ၏စောင်းအား တွေးမိသွားသည်။
သူသည် ရှဲ့ဖင်းကန်းအား ကြည့်လိုစိတ်ပင်မရှိ။
အနှီယောကျာ်းသည် သူ၏ အသက်သခင်ကျေးဇူးရှင်ဖြစ်သကဲ့သို့ မဟာရန်သူကြီးလည်း ဖြစ်နေပေသည်!
သနားစရာ ဗျက်စောင်းလေး
သူ ၎င်းအားဘာမှမတတ်နိုင်သဖြင့် လက်တုံ့ပြန်၍လည်း မရနိုင်ခဲ့ပေ!
“နိုးလာတာ ကောင်းတယ်၊ မုန့်မိသားစုက ကောင်လေးက မင်းကိုစောင့်နေတာ ကြာလှနေပြီ”
ရှဲ့ဖင်းကန်း ထပ်ပြောလိုက်သည်။
သူ အနည်းငယ် ဇဝေဇဝါဖြစ်နေ၏။ထိုအချိန် ကျန်းကျင်လုသည် စန်းယောင်အား အခြေနေအသေးစိတိကို ချက်ချင်းရှင်းပြလိုက်သည်။ နားထောင်ပြီးသွားသည့်နောက်၊ စန်းယောင်မှာ…
သူ့သနားစရာကောင်းသည့်ပုံတော့မပေါ်။ သူနှင့်ယှဉ်လျှင် မုန့်ကျိဖန်ကသာ ပိုပြီးကံဆိုးသည့်သူပင်။
သူ တိတ်တဆိတ်ခေါင်းညိတ်လိုက်ကာ မုန့်ကျိဖန်၏ မျက်နှာအား ပြင်ပေးရန်အတွက် ဘေးသို့ ခေါ်လိုက်၏။
တည်တံ့သော မျက်နှာဖြင့် သူသည် မျက်ခုံးအား ပြင်ညှိရန်အတွက်တစ်စုံတစ်ခုအား ယူထုတ်ကာခြယ်သခဲ့သည်။
သို့သော် သူ၏အသက်ရှုချက်တို့က မုန့်ကျိဖန်၏ မျက်နှာပေါ် ရိုက်ခတ်နေ၏။
မုန့်ကျိဖန်၏ မျက်နှာမှာ အနီရောင်သန်းနေပြီး အင်မတန်ကိုရှက်နေလေသည်။
ရှဲ့ဖင်းကန်းနှင့် ကျို့ဝေ့ကျုံးတို့နှစ်ယောက်စလုံး အလွန်သိချင်နေကြသည်။ အမျိုးသားနှစ်ယောက်သည် သူတို့ဘေးတွင် ဘယ်တစ်ယောက် ညာတစ်ယောက်စီ ဆောင့်ကြောင့်ထိုင်ကာ လုပ်ငန်းစဉ်အား လွတ်သွားမှာစိုးရိမ်နေသည့်အလား။
“ကျွတ် ကျွတ် ကျွတ် မိန်းမတစ်ယောက်ဖြစ်ရတာလည်း တော်တော်ဒုက္ခများတာပဲ မျက်ခုံးမွေးကလည်း ဆွဲရသေး… ပါးလှပ်ပြီး ကွေ့ကွေကောက်ကောက်နဲ့.. ကြည့်လို့လည်း မကောင်းဘူး”
ရှဲ့ဖင်းကန်းသည် မနှစ်မြို့ဟန်ဖြစ်နေပုံရသည်။
“မင်းနားမလည်ပါဘူးကွာ၊ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာက နူးညံ့တယ်၊ ပြီးတော့ သူတို့ရဲ့မျက်ခုံးတွေက ဒီလိုမျိုးပုံသွင်းထားရတာ၊ သခင်လေးမုန့်ရဲ့ မျက်နှာက သိပ်မဆိုးဘူး၊ ခန္ဧာကိုယ်ကလည်း အရမ်းမကြီးတော့ ခဏနေ ပြိုင်ဘက်ကင်းအလှလေးတစ်ယောက်ပုံစံပြောင်းသွားမယ်လို့ထင်တယ်”
ကျို့ဝေ့ကျုံးက မှတ်ချက်ပြု၏။
“ဆရာယွီကတော့ မျက်နှာချေလိမ်းရတာ ကြိုက်တဲ့ပုံမပေါ်ဘူး”
ရှဲ့ဖင်းကန်းသည် မနေနိုင်ဘဲ ပြောလိုက်၏။
“အဓိပ္ပာယ်မရှိတာ၊ ငါ့ဝမ်းကွဲက မိန်းမကောင်းလေးတစ်ယောက်၊ မကြိုက်တာ မဖြစ်နိုင်ဘူး၊ မင်းမျက်လုံးမကောင်းလို့ မမြင်တာ.. ပြီးတော့ ငါ့ဝမ်းကွဲက မင်းတို့မိသားစုအတွက် အလုပ်လုပ်ပေးနေတဲ့ဟာကို မင်းဘာလို့ သူ့အတွက် ပါးနီနဲ့ ပေါင်ဒါမှုန့်လေး မဝယ်ပေးရတာလဲ၊ သူလက်မထပ်နိုင်ရင်ဘယ်လိုလုပ်မလဲ?!”
•••••
အခန်း ၁၁၂၄။ မိန်းမလှ
ယွီရှန်းအကြောင်းစကားစလိုက်သည်နှင့် ကျို့ဝေ့ကျုံး၌ ရှဲ့ဖင်းကန်းနှင့်ပတ်သက်သော ထင်မြင်ချက်များစွာရှိနေမိ၏။
ရှဲ့ဖင်းကန်းသည် ယွီရှန်းအတွက် အမျိုးသမီးအသုံးအဆောင် တစ်ခုလေးပင် တစ်ခါမှ ဝယ်ပေးဖူးခြင်းမရှိ။
ယွီရှန်းသည် ကိုယ်ခံပညာလေ့ကျင့်ခြင်းအား သဘောကျသူတစ်ယောက်ဟုသာ တွေးပြီး သူမအတွက်.. အမျိုးသားများအသုံးပြုသော တဘက်၊ ဓားသွေးကျောက်တစ်တုံးနှင်လှံတွင် တပ်သောပန်းဖွားတစ်ခုကို ပေးခဲ့လေသည်..
သူ့အတွက်မူ ထိုအရာများသည် လက်တွေ့အသုံးဝင်ပြီး အမြင်လည်းမရိုင်းပေ။
သို့တိုင် ကျို့ဝေ့ကျုံး၏စကားအား ကြားလိုက်ရသောအခါ သူတကယ်ပဲ ကောင်းကောင်းမလုပ်ခဲ့မိလေသလောဟု တွေးမိပြီး မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ချေ။
“ဒါဆို ငါနောက်တစ်ခါကျ ကြိုးစားကြည့်ရင်ရော”
ရှဲ့ဖင်းကန်းဆို၏။
ကျို့ဝေ့ကျုံး၏ နှုတ်ခမ်းထောင့်စွန်းတို့ တုန်ယင်သွားကာ
“မလိုဘူး၊ မင်းလိုအပြင်လူတစ်ယောက်က သူ့ကိုပေးဖို့မသင့်တော်ဘူး၊ ငါပဲပေးမယ်”
ကျို့ဝေ့ကျုံး၏ စကားအား ရှဲ့ဖင်းကန်း အရေးလုပ်ခဲ့ခြင်းမရှိသည်မှာ နှမြောစရာပင်။ သူသည် သူ့ဘဝနှင့်သူနေပြီး သူ့အတွေးများကိုသာ ဂရုစိုက်တတ်သူဖြစ်၏။ သူသာ အခြားသူများအား လိုက်ပြီးဂရုစိုက်နေရမည်ဆိုပါက မည်မျှပင်ပန်းလိုက်မည်နည်း။
ရှဲ့ချောင်သည်လည်း ရှဲ့ဖင်းကန်၏စကားကိုကြားလိုက်ရကာ သူမနှလုံးသား လှုပ်ရှားသွားရသည်။
ဤအစ်ကိုကြီးသည် အခြားသောအမျိုးသမီးများအား အရေးလုပ်လေ့ရှိသူမဟုတ်… မဟုတ်မှလွဲရော ယွီရှန်းကိုသာ ဂရုစိုက်နေခြင်းသည်…
ရှဲ့အိမ်တော်သို့ သူမပြန်ရောက်ချိန်မှစ၍ ယင်းယန်ဒြပ်စင်ငါးသွယ်အားညီမျှစေရန် အိမ်ပတ်ပတ်လည်တွင် အစီအရင်တစ်ခုပြုလုပ်ထားခဲ့သည်။
သူမအစ်ကိုကြီး၏ အထီးကျန်ကံကြမ္မာအား ပြောင်းလဲရန်လွယ်ကူလိမ့်မည်မဟုတ်။ သူမအနေဖြင့် အင်အားစိုက်ထုတ်ရန်လိုပေသည်၊ ဤမျှတိုတောင်းလှသော အချိန်အတွင်း အသုံးဝင်လာလိမ့်ဦး
မည်မဟုတ်ပေ။
အထီးကျန်ကံကြမ္မာအား ဖိနှိပ်ရန် အစွမ်းထက်သော တစ်စုံတစ်ရာအား ရှာတွေ့လျှင်သာ။
အထီးကျန်ကံကြမ္မာအား ဖိနှိပ်နိုင်သော ရတနာများစွာမရှိလှ။
သို့မဟုတ် အလားတူကံကြမ္မာမျိုးနှင့်သူတစ်ယောက်အား သူမရှာနိုင်၏။
သူမသည် ယွီရှန်း၏ လက္ခဏာရှစ်ပါးအား သိထားခြင်းမရှိ။ အိမ်ပြန်ရောက်ပါက.. သေချာစွာတွက်ချက်ကြည့်ရမည်…
အို့ ဟုတ်သားပဲ သူမ၏ ကိုယ်ပိုင်ဘဝ။
ယခုအခါ သူမသည်လက်ထပ်ပြီးသွားပြီဖြစ်၍ သူမတွင်ကလေးတစ်ယောက် ရှိလာခဲ့သော် ထိုကလေးအား လွယ်ထားနိုင်မည်မဟုတ်၊ နည်းလမ်းတစ်ခုအား ကြိုတင်စဉ်းစားထားရပေမည်။
ရှဲ့ချောင်သည် သူမ၏အတွေးထဲ၌ နစ်မြောနေခိုက် စန်းယောင်မှာ အလုပ်ရှုပ်နေခဲ့၏။
လူတိုင်း မှင်တက်နေကြသည်။
မုန့်ကျိဖန်၏ အောက်ခံအသားရေမှာ အမှန်တကယ်ကောင်းလှပေ၏။
သူ့တွင် လတ်သောအသားရေနှင့် ပြေပြစ်သော မျက်နှာအင်္ဂါရပ်တို့ပိုင်ဆိုင်ထားသည်။
ယခုအခါ သူသည် ကြာပန်းစိမ်းရောင်ဝတ်စုံအား ဝတ်လျက် ဒေါင်းပုံပုတီးစေ့နှင့် ခေါင်ရမ်းပန်းပုံတို့ဖြင့် ပုံဖော်ချုပ်ထားသော နူးညံ့သည်ဖိနပ်ပြားပါ ဖိနပ်အား စီးထားသည်။ သူ၏ မျက်ခုံးတို့သည် တောင်တန်းများပမာ ရှည်လျားလှကာ နီရဲနေသော မျက်နှာမှာ နွေဦးရာသီမှ မက်မွန်သီးအလား…
လှ၏ .. လှပေ၏!
မုန့်ကျိဖန်မှာ တစ်စုံတစ်ရာအား ပြောရန် ပါးစပ်ဟလိုက်၏။
“မပြောနဲ့!”
ကျို့ဝေ့ကျုံးသည် ရုတ်တရက် အော်လိုက်ကာ
“စကားမပြောရင်ပိုကောင်းတယ်”
ရှောင်းယွိရုန်သည်လည်း ခေါင်းညိတ်လိုက်၏။
ယခုလို လှပသောမျက်နှာလေးနှင့် အသံကြမ်းကြီးဖြင့်သာ ရုတ်တရက်စကားပြောလိုက်ပါက မည်သို့သောမနှစ်မြို့စရာမြင်ကွင်းမျိုးဖြစ်နေလိမ့်မည်အား စိတ်ကူးကြည့်ရန်ခက်ပေသည်။ သို့ဖြစ်၍ ထိုသို့မဖြစ်ရန် ကြိုတင်ကာကွယ်ထားခြင်းသည် ကောင်းပေ၏!
မုန့်ကျိဖန်တစ်ယောက် မျက်လုံးလှိမ့်မိသွားသည်။
“တော်တော်လေးကောင်းတယ်၊ ဒါဆို သခင်မချိုင်ကို သူ့ဆီဝင်ပူးခိုင်းလိုက်တော့မယ်”
ရှဲ့ချောင် ဆိုလိုက်၏။
လူတိုင်း ခေါင်းညိတ်ကြသည်။
ရှဲ့ချောင်သည် အဆောင်စာရွက်ယူထုတ်ကာ သူမတစ်ယောက်တည်း ရေရွတ်နေ၏။
တစ်အောင့်ကြာပြီသောအခါ မကောင်းဆိုးဝါးဝိဉာဉ်သည် မုန့်ကျိဖန်အား ဝင်ပူးသွားသဖြင့် သူ၏အသက်ဝိဉာဉ်အိပ်ပျော်သွားခဲ့သည်။
မကောင်းဆိုးဝါးဝိဉာဉ်သည် မုန့်ကျိဖန်အား တစ်သက်လုံးဝင်ပူမည်ကို ရှဲ့ချောင် စိတ်မပူခဲ့။ မုန့်ကျိဖန်သည် သက်ရှိလူသားတစ်ယောက်ဖြစ်၏။ သို့ဖြစ်ရာ သူအလိုလို ပြန်နိုးလာပြီး သူ၏အသက်ဝိဉာဉ်သည် ထိုဝိဉာဉ်အား နှင်ထုတ်ပေလိမ့်မည်။
ခန္ဓာကိုယ်ထဲသို့ မကောင်းဆိုးဝါးဝိဉာဉ် ဝင်ပူးခြင်းအား ကျန်းကျင်လုတစ်ခါမှမမြင်ဖူးပေ။
ယခုတွင်မူ သူ့မျက်လုံးဖြင့် တပ်အပ်မြင်တွေ့လိုက်ရလေပြီ။
သူ မျက်လုံးပြူးသွားရသည်။
သူ ထိတ်လန့်နေခိုက်တွင်ပင် မကောင်းဆိုးဝါးဝိဥာဥ်သည် မလှမ်းမကမ်း၌ လွင့်မျောနေကာ သူ့အား နောက်တစ်ကြိမ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
၎င်းသည် ဖြတ်သွားဖြတ်လာ မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်မျှသာ ဖြစ်ကာ ထူးခြားနေခြင်းမျိုးမရှိ။ သို့သော် ကျန်းကျင်လုအတွက်မူ ၎င်းသည် ထူးဆန်းပြီး ကြောက်စရာကောင်းကာ စိတ်လှုပ်ရှားဖွယ်၊ တုန်လှုပ်ဖွယ် ခံစားရ၏။ စိတ်အေးအေးမထားနိုင်ခဲ့ချေ။
“ကျွန်တော်မျိုးမ အားလုံးကိုနှုတ်ဆက်ပါတယ်” ချိုင်အားနျန်သည် မုန့်ကျိဖန်နောက်သို့ ရက်ပေါင်းများစွာ လိုက်ခဲ့သည်ဖြစ်၍ အသိဥာဏ်ကြွယ်ဝသော မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်ဟု သတ်မှတ်နိုင်ပေ၏။ သူမ၏ ယဥ်ကျေးရည်မွန်မှုကား အင်မတန်ကောင်းလှသည်။
ဂါရဝပြုပြီးသွားသည့်နောက် ချိုင်အားနျန်သည် ပြုံးလျက် စားစရာနှင့်သောက်စရာများအား ထိုင်စောင့်နေလိုက်သည်။
သူမသည် ယနေ့ မကောင်းသူတစ်ယောက်လုပ်မည်ဖြစ်၍ မည်သည့်အလုပ်မျှမလုပ်ခဲ့။ ခစားခံရခြင်း၏ အရသာကိုသာ ခံစားလိုခဲ့သည်။ ကောင်းလှပေ၏!
••••••