← Chapters

အခန်း (၁၁၃၃-၁၁၃၆)

Vol. 58 Ch. 1133-1136

အခန်း (၁၁၃၃-၁၁၃၆)

Vol. 58 Ch. 1133-1136

အခန်း ၁၁၃၃။ မောက်မာသော

ကျောက်ရွှမ်ကျင်းမှာ အတည်ပေါက်ပြောနေပုံရသည်။

ရှဲ့ဖင်ကန်းသည် မရေမရာဖြစ်နေလေရာ ကျောက်ရွှမ်ကျင်း ဆက်ပြီးပြောလေ၏။

“ငါလည်း ဒေါသထွက်ရတာပဲ အိမ်ရှေ့စံမိဖုရားက ဘယ်လိုလုပ်ပြီး ဒီလိုအရေးကြီးတဲ့ကိစ္စကို ဝန်ကြီးရှဲ့ကို ဖုံးကွယ်ထားရတာလဲ၊ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဝန်ကြီးရှဲ့ ကိုယ့်ညီမကိုချစ်တဲ့အချစ်ကို ငါနားလည်ပါတယ်၊ ငါတောင် တော်တော်လေးစိတ်လှုပ်ရှားသွားရတယ်၊ သူ့ကို တတ်နိုင်သမျှ မြန်မြန်လေးပြောပြလိုက်ပါလို့ အကြံပေးပေါင်းလည်း မနည်းတော့ဘူး.. ဒါပေမဲ့ သူက.. မင်းကိုတကယ်စိုးရိမ်နေတာလေ ဟုတ်တယ်မလား”

ရှဲ့ဖင်းကန်း ဆွံ့အသွားရသည်။

သူ့ကိုစိတ်ပူတယ်ပေါ့?! မဖြစ်နိုင်တာတွေ!

အိမ်ရှေ့စံမင်းသားသည် အဓိပ္ပာယ်မရှိသောစကားများအား ပြောနေသည်ဟုတော့ သွားပြော၍မဖြစ်… သူ မျိုသိပ်ထားလိုက်ရ၏…

“ဒါနဲ့ မင်းရဲ့ကံကြမ္မာက နည်းနည်းလေးဆိုးနေတယ်ဆိုတာ သိလား”

ကျောက်ရွှမ်ကျင်းသည် သက်ပြင်းချကာ ဆက်ပြောလေ၏။

“ဟုတ်ကဲ့ ကျွန်တော့်ညီမ…” ရှဲ့ဖင်းကန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်နေ၏။

“ကျွန်တော့်ဇနီးအတွက် သေစေနိုင်တဲ့ကံကြမ္မာ ယူလာပြီး အချစ်ကိုနားမလည်နိုင်တာ ကျွန်‌ေတာ့်ရဲ့ကံတရားပဲလို့တော့ အရင်ကပြောဖူးတယ်”

“အမှန်ပဲ၊ မင်းမှာ အရေးကြီးတဲ့ပြဿနာတစ်ခုရှိနေမှန်းလည်း ချောင်ချောင်သိထားသေးတယ်၊ သူကစိတ်ပူလို့ မင်းအတွက် ဖြေရှင်းနည်းရှာပေးချင်နေတာ၊ အဲဒါကြောင့်မလို့ သူလည်း မတတ်သာဘဲ မင်းကိုအမှန်အတိုင်းမပြောပြခဲ့တာ၊ သူက မော့ချူရှန်းဖြစ်နေမှန်းသာ မင်းသိသွားရင် သူ့ကိုအပြင်ထွက်ခိုင်းမှာလည်းမဟုတ်တော့ဘူး စိတ်ပူနေခိုင်းမှာလည်း မဟုတ်တော့ဘူး..”

ကျောက်ရွှမ်ကျင်းသည် လျှာရိုးမရှိဆက်ပြောနေလေ၏။

ရှဲ့ချောင် ခေါင်းညိတ်လေသည်။

“ဟုတ်တယ် အစ်ကိုကြီးအတွက် ညီမလေးစိတ်ပူလို့ပါ!”

သူမသည် သူ့အားစိတ်အားထက်သန်စွာကြည့်လို့နေ၏။

ရှဲ့ချောင်၏မျက်လုံးတို့မှာ တောက်ပနေသည်။

၎င်းတို့သည် သလင်းကျောက်ရောင်အလင်းတန်းတို့ဖြင့် တောက်ပနေလေရာ မြင်ရသူ၏ နှလုံးသားအား နူးညံ့သွားစေခဲ့သည်။

“ကျွန်တော့်ရဲ့ ဒီပြဿနာအသေးအမွှားလောက်က ဘာမှမဖြစ်ဘူး၊ မိန်းမမယူနိုင်တော့လည်း မယူရုံပေါ့၊ ဘယ်သူဂရုစိုက်မှာလဲ”

ရှဲ့ဖင်းကန်း သရော်လေသည်။

“မင်းက ဂရုမစိုက်ဘူးဆို မင်းညီမကပိုပြီးစိတ်ပူနေရလိမ့်မယ်”

ကျောက်ရွှမ်ကျင်းသည် သူ့ပုခုံးအား ပုတ်လျက်

“ငါက သူ့ခင်ပွန်းဆိုရင်တောင် မင်းနဲ့မင်းညီမကြားမှာဆို အပြင်လူသက်သက်ပဲ၊ ငါ့အနေနဲ့ ဝင်စွက်ဖက်လို့မသင့်တော်ဘူး၊ ပြောစရာရှိတယ်ဆို စကားနဲ့ပဲပြော၊ အကြမ်းမဖက်နဲ့ သူ့ခန္ဓာကိုယ်ဘယ်လောက်အားနည်းလဲ မင်းအသိ၊ မနေ့ည တစ်ညလေးပဲ အလုပ်လုပ်ရသေးတယ် သူ့စိတ်ရောကိုယ်ရော ပင်ပန်းနေရှာပြီ”

“လေသံကို ညင်ညင်သာသာပြော၊ သူ့ကိုမခြောက်မိစေနဲ့”

ကျောက်ရွှမ်ကျင်းထပ်ပြောလေ၏။

ဤစကားများသည် ရှဲ့ဖင်းကန်း၏ စိတ်ခံစားချက်အား ပိုကောင်းသွားစေခဲ့သည်။

သူ့ညီမအား သင်ခန်းစာပေးနေချိန်တွင် အခြားလူများဝင်ရောက်စွက်ဖက်မည်ကို မလိုလား၊ ထိုလူက အိမ်ရှေ့စံမင်းသားဖြစ်နေလျှင်ပင်။

“ကျေးဇူးတင်ပါတယ်၊ အရှင့်သား ကျွန်တော်နားလည်ပါပြီ”

ရှဲ့ဖင်းကန်းသည် လူစကားအား နားလည်နိုင်ဆဲပင်။

နောက်ဆုံးတွင်မူ စန်းယောင်နှင့် ကျန်းကျင်လုတို့ သဘောပေါက်သွားကြလေပြီ။

အို့.. သူတို့ရဲ့အကြီးဆုံးဆရာတူအစ်မက ပျောက်နေတာမဟုတ်ဘူးပဲ..

သူတို့ရဲ့ဆရာတူအစ်မက သူတို့ရှေ့တင်ပင်။

သူမက အိမ်ရှေ့စံမိဖုရား?!

ယခု သူမကိုကြည့်လိုက်သောအခါတွင်မှ…

သူတို့အားလုံး သတိရသွားကြသည်။

သူမက… အင်မတန်တူပေသည်!

သူတို့သည် အိမ်ရှေ့စံမိဖုရားအား အိမ်ရှေ့စံမင်းသား၏မင်္ဂလာပွဲနေ့တစ်ရက်တည်းတွင်သာ မြင်ခဲ့ဖူးသည်။ ထိုအချိန်၌ အိမ်ရှေ့စံမိဖုရားသည် မျက်မှာချေ အထူကြီးလိမ်းထားပြီးအလွန်ကျက်သရေရှိလှ၏။ သူတို့သည် သူမနှင့် အလှမ်းဝေးလွန်းသဖြင့် သူမအား ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ပေ…

သို့သော် ယခုမူ သတိပေးခံလိုက်ရသဖြင့် ရုပ်ပုံများက ထပ်နေသည်ဟု ခံစားလိုက်ကြရသည်။

နှစ်ယောက်သား နေရာတွင်ကြောင်အမ်းစွာဖြင့် ရပ်နေကြ၏။

မလှုပ်မယှက်နေနေကြသည်မှာ ကျောက်တုံးကြီးများအလား။

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်နှင့် ရှဲ့ဖင်းကန်းတိုအား ထားပြီးထွက်လာခဲ့၏။

သူတို့နှစ်ယောက်တည်း စကားကောင်းကောင်းပြောစေချင်ခဲ့သည်။

ရှဲ့ချောင်သည် အခွင့်ကောင်းရှာပြီး အလျင်စလိုပြောလိုက်၏။

“အစ်ကိုကြီး၊ ညီမလေးဒါတွေလုပ်နေရတာ ညီမလေးတို့ရဲ့ ခန္ဒာကိုယ်အတွက်ပါ၊ ကြည့်ပါလား အခုဆို ညီမလေးရဲ့ခန္ဓာကိုယ်က ပိုကောင်းလာပြီ…ပြီးတော့ အစ်ကိုကြီးလည်း အနှေးနဲ့အမြန် မိန်းမတစ်ယောက်ယူနိုင်တော့မှာ၊ ညီမလေးတို့ရဲ့အိမ်ကိုကာကွယ်ဖို့ အစီအရင်တစ်ခုလုပ်ထားတယ်…”

ရှဲ့ချောင်သည် တစ်ခါမှ ထိုမျှသူရဲဘောမကြောင်ခဲ့ဖူးပေ။

သူမ၊ မော့ချူးရှန်း၊ အမတအရှင်ရှဲ့

သူမ ဘယ်သူ့ကိုများကြောက်ခဲ့ဖူးသနည်း။

အိမ်ရှေ့စံမင်းသားနှင့်ပင် အတူတူဆွေးနွေးကြသေးသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်းသိကြသော်လည်း သူမ၏အစ်ကိုကြီးနှင့်မူ…

သူမခမျာ ကူကယ်ရာမဲ့နေရှာသည်။ ၎င်းက ဤမျှကြမ်းကြုတ်သော အစ်ကိုကြီးအား မွေးပေးခဲ့သော သူမအမေ၏ အပြစ်ပင်။

သူမသာ ရှဲ့ဖင်းကန်းထက် နည်းနည်းလောက် စောမွေးလာပါက ရှဲ့ဖင်းကန်းအား ထိုမျှမောက်မာခွင့်ပြုမည်မဟုတ်…

ရှဲ့ချောင်သည် စိတ်ထဲ၌မာန်တက်နေသော်လည်း အ‌ပေါ်ယံတွင်မူ မခုတ်တတ်သည့် ကြောင်ပေါက်လေးတစ်ကောင်ပမာ.

ရှဲ့ဖင်းကန်း စကားပြောရန်ပြင်လိုက်စဉ် စန်းယောင်ကခေါင်းခါလျက် စိတ်ပျက်လက်ပျက်ဖြင့် ပြောလာခဲ့သည်။

“ဆရာ-ဆရာတူအစ်မက ရုပ်မဆိုးပါဘူး.. ဘာလို့ကျွန်တော့်မျက်လုံးကို နာကျင်အောင်လုပ်ရတာလဲ…”

•••••••

အခန်း ၁၁၃၄။လူယုတ်မာက သူလိုချင်တာရသွားလေပြီ!

စန်းယောင်သည် ခြေတစ်လှမ်းနောက်ဆုတ်လို့သွား၏။

မသိလျှင် ရှဲ့ချောင်က သူ့အားတစ်ခုခုမဟုတ်တာလုပ်ထားသည့်အတိုင်း။

ရှဲ့ချောင်မှာ ကြက်သေသေနေမိ၏။

ယနေ့အဖို့ သူမ သွားချေပြီ။

သူမ၌ စုစုပေါင်း ဆရာတူမောင်ငါးယောက်ရှိ၏။ သူမတစ်ခါမှ မတွေ့ဖူးသော စတုတ္ထဆရာတူမောင်မှလွဲလျှင် အခြားလေးယောက်စလုံး ဤနေရာတွင်ရှိနေကြ၏။ သူမ၏ အစ်ကိုရင်းနှင့် ဆရာတူ‌မောင်များသည် သူမအား စိုက်ကြည့်နေကြသည်။ သူမ၌ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိလျှင်ပင် သူတို့အားလုံးအား အလဲထိုးပစ်ရန် မကောင်းသေး…

“ဆရာတူအစ်မက.. ဒါဆို တကယ်ကြီး အိမ်ရှေ့စံမိဖုရားပေါ့၊ ဒါပေမဲ့.. အိမ်ရှေ့စံမိဖုရားက ငယ်ငယ်လေးပဲရှိသေးတာလေ၊ ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ရဲ့ ဆရာတူအစ်မဖြစ်နိုင်မှာလဲ…” ကျန်းကျင်လုမှာ ပြောစရာစကားပျောက်ဆုံးနေမိ၏။

ရှဲ့ချောင်၏ မျက်နှာထက်၌ ရိုးသားအပြစ်ကင်းသည့်အကြည့်တစ်ခုရှိလို့နေသည်။

ရှဲ့ဖင်းကန်းမှာမူ ဤလူများသည် သူ့လမ်း၌ လာပိတ်နေသည်ဟု ခံစားနေရ၏။

ဒါက သူ့ညီမ၊ သူနဲ့စကားပြောဖို့အချိန်မရှိပါဘူးဆို၊ ဘာလို့ ဝင်နှောင့်ယှက်နေရတာလဲ?!

ရှဲ့ဖင်းကန်းသည် သူတို့အား စိန်းစိန်းဝါးဝါးကြည့်ကာ

“ပြောစရာရှိလို့လား၊ သွား ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်နေ”

ကျန်းကျင်လု၏ နှလုံးခုန်သံတို့ စည်းချက်လွဲသွားရသည်။

ထိုအခိုက်အတန့်၌ ဆရာတူမောင်သုံးယောက်စလုံးသည် အရေးအကြီးဆုံးအရာအား တစ်ချိန်တည်း၌ သတိရသွားကြ၏။ ဤဆရာတူအစ်မသည် ရှဲ့မိသားစု၏ သမီးတစ်ယောက်၊ သူမသာ သူတို့အရှေ့တွင်ရှိနေသော ပုဂ္ဂိုလ်၏ ညီမအရင်းဖြစ်ခဲ့သော် သူတို့နှင့် ရှဲ့မိသားစု၏ ဆက်ဆံရေး

သည်… တမူထူးခြားနေလိမ့်မည်ပေ!

ထိုမျှမက ရှောင်းယွိရုန်သည် ရှဲ့ဖင်းဟွိုက်၏ ဆရာ…

ဤအကြောင်းအား စဉ်းစားမိသောအခါ သုံးဦးသားမှာ ရုတ်ချည်းဆိုသလို အသက်ရှုကျပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

“မင်းမျက်နှာပေါ်ကဟာကြီးကို အရင်သုတ်ပစ်!”

ရှဲ့ဖင်းကန်းသည် ပိုပြီးကြမ်းရမ်းချင်သေးသော်လည်း အခြားသုံးယောက်၏ မှိုင်းထိုင်းနေသော မျက်လုံးများကိုမြင်ပြီးနောက် သူ၏နှလုံးသားထဲမှ နေမထိထိုင်မသာဖြစ်မှုတို့မှာ များစွာကွယ်ပျောက်သွားခဲ့လေသည်!

ကြည့်ပါဦး ဒီငတုံးတွေက‌ေ

သူ့ညီမဆီကနေ အကြာကြီးလှည့်စားခံလာရတာ မဟုတ်ဘူးလား?

သူ့ညီမကို သူတို့ရဲ့ဆရာတူအစ်မဆိုပြီးတောင် ခေါ်နေသေး!

အတိတ်တုန်းကဆိုလျှင် သူ၏ညီသည် ရှောင်းယွိရုန်၏ တပည့်ဖြစ်နေကာ သူ၏ညီမှာ နုံ့အလွန်းသည်။ သို့ဖြစ်၍ ရှောင်းယွိရုန်နှင့် တွေ့သည့်အချိန်တိုင်း သူသည် သူ့ထက်ခေါင်းတစ်လုံးပိုပုသည်ဟုသာ အမြဲတမ်းလိုလိုခံစား ခဲ့ရသည်။ ဤစာသင်သားများအား တွေ့ချိန်တွင်ပင် သူ့၌ ယုံကြည်ချက်မရှိခဲ့ပေ။

သို့သော် ယခုတွင်မူ..

သူ၏ ညီမသည် သူ့ကိုလိမ်ခဲ့သော်လည်း….

သူမသည် ကြီးမားသည့်လှည့်စားမှုများလုပ်ခဲ့သည်ပုံမပေါ်ဘဲ တော်ပင်တော်နေသေးသည်လော။

ရှဲ့ဖင်းကန်း၏ နှလုံးသားထဲ၌ ဒေါသထွက်နေဆဲပင်။ သို့သော်လည်း ဒေါသထွက်နေကြသည့်လူပေါင်းများစွာကို မြင်သောအခါ သူအနေဖြင့် ထိုသို့လုပ်ရန်မလိုအပ်တော့ဟု ခံစားလိုက်ရသည်။ ထိုမျှမက သူသည် ဤချဉ်ဖက်ဆရာများနှင့် ကွာခြား၏။ သူသည် ပွင့်ပွင့်လင်းလင်းပြောတတ်သူတစ်ယောက်။ အခြားသူများ၏ ရှေ့တွင် သူတို့၏ ဆရာတူအစ်မတစ်ယောက်ဖြစ်နေသော သူ့ညီမ၏သိက္ခာကိုကျစေ၍ မသင့်ပေ။

သူမအား သင်ခန်းစာပေးချင်လျှင်ပင် အိမ်ပြန်ရောက်သည့်အချိန်အထိ စောင့်ရလိမ့်မည်။

ဤအကြောင်းအား တွေးမိပြီး သူ၏ဒေါသအား အကောင်းဆုံးကြိုးစား၍ ထိန်းချုပ်ခဲ့သည်။

“မင်းတို့ရဲ့ဆရာတူအစ်မကို ဆေးကြောဖို့ကူပေးလိုက်လေ၊ သူ့မျက်နှာပေါ်ကဟာကို အရင်သန့်ရှင်းရေးမလုပ်ရင် ဘယ်လိုလုပ် ထပ်ပြီးရုပ်ဖျက်လို့ရတော့မှာလဲ”

ရှဲ့ဖင်းကန်းသည် မျက်မှောက်ကြုတ်လျက်ချဉ်ဖက်ဆရာများအား ပြောလိုက်၏။

ကျန်းကျင်လုနှင့် အခြားသူများမှာ ရင်ဘတ်ထဲထိုးစိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လူယုတ်မာက သူလိုချင်တာရသွားလေပြီ!

ရှဲ့ချောင်သည် ရှဲ့ဖင်းကန်းအား ပြောစရာစကားပျောက်ရှာစွာဖြင့် ကြည့်နေမိ၏။

သူမ၏ အစ်ကိုကြီး၏ အတွေးအား ခန့်မှန်းကြည့်နိုင်ပေသည်!

နောက်မှ စာရင်းရှင်းရန်တွေးနေခြင်းဖြစ်လောက်သည်။

သို့သော်.. ၎င်းက ကိစ္စမရှိ။

သူမ၏ ဆရာတူမောင်များသည် အနားတွင်ရှိနေ၏။ သူမအစ်ကိုကြီး၏ စကားများဖြင့် ဆိုလျှင် သူမ၏သိက္ခာအားလုံး ဆုံးရှုံးရလိမ့်မည်မဟုတ်။ သူမသည် ငယ်စဉ်ကတည်းက သူတို့၏ ဆရာတူအစ်မဖြစ်လာခဲ့သူ၊ အားလပ်ရက်များတွင် နှစ်သစ်ကူးပိုက်ဆံများစွာကို မြင်ဖူးခဲ့ပြီဖြစ်သည်။ သူမသည် အမြဲတမ်းအမြင့်တွင်ထိုင်လာသူဖြစ်ရာ ရုတ်တရက် သူတို့သာ သူမအား ဆရာတူအစ်မအဖြစ် မဆက်ဆံတော့ပါက သူမ ကျိန်းသေပေါက် စိတ်ပျက်မိသွားလိမ့်မည်ပေ!

ရှဲ့ချောင်သည် ထိုင်လျက် ပြောလိုက်၏

“ရေယူလာခဲ့ပေး”

ရှောင်းယွိရုန်နှင့် စန်းယောင်တို့မှာ လုံးဝမလှုပ်ရှားလိုကြပေ။

တစ်ယောက်သည် သူမကြောင့် နာကျင်ထားရသူ။ သူ ရှက်လည်းရှက်သလို ဝမ်းလည်းဝမ်းနည်းမိ၏။ စိတ်ဓာတ်ကျလုနီးနီးပင်ဖြစ်နေခဲ့သည်။ အခြားတစ်ယောက်ကမူ မော့ချူရှန်း၏ ပုံပန်းသွင်ပြင်အား ထိတ်ထိတ်ပျာပျာ ပြန်တွေးမိနေ၏။ လှည့်စားခဲ့ရသော ခံစားချက်အား ဖျောက်ဖျက်၍မရနိုင်ခဲ့ပေ။

သူမသည် ကျန်းကျင်လုကိုသာ အမိန့်ပေး၍ရခဲ့သည်။

အနှီလူသည် အတော်လေး ဆင်ခြင်တုံတရားရှိသူဖြစ်၏။ သူသည် ခဏတာ အချိန်ဆွဲနေခဲ့သေးသော်လည်း အဆုံးတွင်မူ နာခံစွာဖြင့် လုပ်ပေးခဲ့သည်။

•••••

အခန်း ၁၁၃၅။ ဝမ်းနည်းစရာမလို

ရှဲ့ချောင်သည်လည်း သူမမျက်နှာပေါ်တွင် မျက်နှာချေများစွာကျန်နေပါက ကသိကအောက်ဖြစ်နေရလိမ့်မည်ဖြစ်၏။ တစ်ခဏအတွင်း ရေရောက်ရှိလာကာ ပျော်ရွှင်စွာဖြင့် မျက်နှာချေများကို ဖယ်ရှားလိုက်သည်။

သူမ၏ ဖြူဖွေးကြည်လင်သော မျက်နှာလေးပေါ်ထွက်လာခဲ့သည်။

“မင်းတို့တွေ အရမ်းစပ်စုကြတာပဲ၊ အကြီးဆုံးဆရာတူအစ်မတစ်ယောက်အနေနဲ့ ငါကပုံမှန်ဆိုလောကကြီးထဲက မကောင်းဆိုးဝါးတွေ မိစ္ဆာတွေကို နှိမ်နင်းရတယ်၊ ဒီလိုမျက်နှာမျိုးနဲ့ဆို ဘယ်အဆင်ပြေမှာလဲ၊ အခု မြင်သွားပြီဆိုလည်း တခြားသူတွေကို ပြောပြလို့မဖြစ်ဘူး၊ မဟုတ်လို့ကတော့ ငါမင်းတို့ကို ဆရာတူမောင်တွေအဖြစ် မသတ်မှတ်ဘဲနေလိုက်မှာ”

ရှဲ့ချောင်ကလေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

သူမသည် မသေမျိူးဆရာမတစ်ယောက်နှင့်တူခဲ့ဖူးပြီး

သူမစကားပြောလိုက်သောအခါ ကျက်သရေရှိနေတတ်၏။

သို့‌သော် ယခုတွင်မူ သူမ၏မျက်နှာသည် ငယ်ရွယ်နေပြီးကလေးဆန်နေ၏။ သူမသည် ကြည့်ကောင်းသူတစ်ယောက်ဖြစ်သော်လည်း သူမမျက်နှာတွင် ကလေးအဆီများက ရှိနေဆဲ။ သူမ၏ ပုံစံမှာ… လူများအား ချော့မြှူရန် ကြိုးစားနေသယောင်။

ရှောင်းယွိရုန်သည် သူမကို ယခင်ကမြင်တွေ့ဖူးသော်လည်း ထိုအချိန်က ရှဲ့ချောင်အား သင်ယူတတ်မြောက်ကာစ အငယ်တစ်ယောက်ဟုသာ တွေးနေမိသည်။

မရေမရာသော ခံစားချက်တစ်စုံတစ်ရာမျှမရှိခဲ့ဖူးပေ။

သို့တိုင် ယခုတွင်မူ…

အကြီးဆုံး ဆရာတူအစ်မသည်… စွဲမက်စရာကောင်းအောင် လှပလွန်း၏။

သို့သော်ငြား… သူရှက်လည်းရှက်မိသည်။

သူ၏ အသက်မှာ ၃၀ ရှိပြီဖြစ်‌သော်လည်း သူ၏ ဆရာတူအစ်မသည်.. ကလေးတစ်ယောက်သာရှိ

သေးသည်!

သားရဲတိရိစ္ဆာန်ကဲ့သို့ အတွေးမျိုးမရှိတော့ပေ!

သူ၏ မျက်နှာထက်တွင် စိတ်ပျက်မှုတို့ဖြင့် ပြည့်နေလျက်။ အကြောင်းရင်းတချို့ကြောင့် ဤသေမျိုးလောကကြီးသည် မသက်ဆိုင်တော့သကဲ့သို့ ဗလာကျင်းသည့်ခံစားချက်တို့ရှိနေခဲ့၏။

ရှောင်းယွိရုန်မှာ ခံစားချက်တို့ကင်းမဲ့နေစဉ် စန်းယောင်မှာမူ အံ့ဩမှင်တက်လို့နေသည်။

သူသည် အိမ်ရှေ့စံမိဖုရားအား မင်္ဂလာပွဲနေ့‌တွက်သာ ဖြတ်ခနဲကြည့်ခဲ့ဖူးပြီး နောက်တစ်ကြိမ်ပဲ မကြည့်ဝံ့ခဲ့။ ယခုတွင်မူ…

သူ၏ အကြီးဆုံးဆရာတူအစ်မသည် သူ့ရှေ့တွင်ရှိနေ၏။

သူ၏ ဆရာပြောခဲ့ဖူးသလိုပင် တိုင်းပြည်၏အလှသည် တိမ်များ၊ နေ၊ လတို့နှင့်တူပေသည်။ စစ်မှန်သည့် ပုံမပေါ်။

ရုတ်ချည်းဆိုသလို နေအလင်းရောက်သည် မှိန်ပျသွားပြီး ငှက်တို့၏ ကျီကျီကျာကျာအသံများ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ၏နှလုံးသားထဲ၌ ပရမ်းပတာဖြစ်နေသောဖုန့်မှုန့်များနှင့် အရောင်အသွေးစုံလင်လှသော အစက်အပြောက်တို့ဖြင့် ပြည့်နေသယောင်။ သူမအား ကြည့်လိုက်သည့်အခါ သူ၏ ရင်ဘတ်ထဲရှိ သားရဲ၏ စူးရှသောမျက်လုံးအကြည့်တို့ ဖျတ်ခနဲဝင်းလက်သွားသည့်အလား။ သူမ၏ ချွန်ထက်လှသော လက်သည်းများနှင့် ကျောက်စိမ်းရောင်ချိတ်တို့သည် သူ၏ခွာအား ခြစ်ကုန်နေပြီး ဆက်တိုက် ဆွဲငင်အူနေကာ တဂလောက် လောက်မြည်နေလျက်။

သူသည် သူမအား မမှိတ်သုန်မှုန်စိုက်ကြည့်မေမိသည်။

သူမ၏ မျက်နှာမှာ နီရဲသွားခဲ့၏။

ကျန်းကျင်လုသည်ပင်လျှင် အံ့ဩနေမိ၏။

“မင်းဘာကိုကြည့်နေတာလဲ!!”

ရှဲ့ဖင်းကန်းသည် စန်းယောင်၏အကြည့်အား ခံစားမိပြီး ထေ့ငေ့ါလေသည်။

“မင်းမှာ ချစ်သူရှိလား၊ သူ့ကို ငါအဲ့လိုမျိုးစိုက်ကြည့်ရင်ရော မင်းကျေနပ်လား”

ကျောက်ရွှမ်ကျင်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။

အဓိပ္ပာယ်ရှိပေ၏။

စန်းယောင်သည် တဖြည်းဖြည်းချင်း အသိတရားပြန်ဝင်လာ၏

“ဘာကိုလဲ”

ကျောက်ရွှမ်ကျင်း သရော်ပြုံးပြုံးလိုက်သည်။

စန်းယောင်သည် ကိုယ့်ကိုကိုယ်သာချစ်လွန်းသူဖြစ်ပြီး ညစ်ညမ်းသည့်အတွေးမျိုး ရှိသူမဟုတ်မှန်းသာ သူမသိပါက သူ့အား ဆွဲထုတ်ပြီး သူ၏ မျက်လုံးများအား ဖော်ထုတ်ပစ်ပြီးလောက်ချေပြီ။

ရှဲ့ဖင်းကန်းသည် ဤစိတ်ကုန်စရာဆရာများ၏ ကြောင်တောင်တောင် ပုံစံများကို ကြည့်ပြီး သူ၏ဒေါသတို့ကွယ်ပျောက်သွားခဲ့‌လေသည်။

“မင်းရဲ့သရုပ်မှန်ကို သူတို့တွေဘယ်လိုလုပ်ပြီးမသိကြတာလဲ၊ ရွှေယွဲ့ဘုရားကျောင်းမှာတုန်းက လုပ်ခဲ့တာမဟုတ်ဘူးလား”

ရှဲ့ဖင်းကန်းမေးလိုက်၏။

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

“မော့ချူရှန်းဆိုတဲ့ နာမည်ကိုအကြာကြီးသုံးတာမဟုတ်တော့ မလိုဘူး‌လေ ၊ ဒီနာမည်ကိုက.. ဆရာတူမောင်တွေနဲ့ ဆက်ဆံတဲ့အခါမျိုးပဲသုံးတာ”

ဆက်ဆံတဲ့အခါမျိုး!

ကျောက်ရွှမ်ကျင်းအပါအဝင် ဆရတူမောင်လေးယောက်လုံး ထူးဆန်းသည့်ဝမ်းနည်းမှုကြီးကို ခံစားလိုက်ကြရသည်။

ရှဲ့ဖင်းကန်းကျေနပ်နေမိသည်။

“ဟုတ်တယ်၊ အဲ့တုန်းက မင်းမှာအဖေလည်းမရှိဘူး အမေလည်းမရှိဘူး၊ ဂရုစိုက်ဖို့လိုတဲ့အချိန်၊ မင်းတို့က ဂိုဏ်းတစ်ခုတည်းကဆိုပေမဲ့ တစ်ခါမှတွေ့ဖူးကြတာမဟုတ်ဘူး၊ သူတို့က ရုပ်ဖျက်ထားတဲ့ သားရဲတွေဟုတ်မဟုတ် ဘယ်သူသိတာကျလို့”

ရှဲ့ချောင်မှာပြောစရာစကားပျောက်သွားရသော်လည်း ခေါင်းညိတ်မိဆဲပင်။

၎င်းသည် သူမအင်မတန်ငယ်ရွယ်စဉ်က တွေးခဲ့ဖူးသောအတွေးဖြစ်၏။

သူမ၏ ကျန်းမာရေးမှာ ချို့တဲ့နေသည့်အတွက် အခြားသူများအား အနိုင်မယူနိုင်ဟု ခံစားခဲ့ရခဲ့သည်။ သူမသာ ငယ်ရွယ်ပြီး အခြားသူများအား အနိုင်ကျင့်ခွင့်ပြုလိုက်ပါက အနာဂတ်တွင်ယုံကြည်ချက်ရှိရှိရပ်တည်နိုင်တော့မည်မဟုတ်။

သူမ၏ ဆရာတူမောင်များအား လှည့်စားနိုင်မည့် သရုပ်တစ်ခုလိုခဲ့‌ပေသည်။

သို့‌သော် ဆရာတူ‌မောင်မျာ၏ မကျေမနပ်ဖြစ်နေသော အကြည့်တို့အား ခံစားမိသောအခါ အလျင်စလို ထပ်ပေါင်းပြောလိုက်ရသည်။

“တကယ်တော့.. အဲ့အချိန်တုန်းက တခြားအတွေးရှိခဲ့သေးတယ်၊ ငယ်ငယ်ကဆို ခန္ဓာကိုယ်က ဒီထက်ပိုဆိုးတယ်လေ၊ သမားတော် တော်တော်များများက အသက်ရှင်မှာမဟုတ်ဘူးဆိုပြီးတောင် ပြောခဲ့ကြတာ ၊ ငါသာ အသက်ကြီးတယ်ဆို သေသွားရင်တောင် သနားစရာကောင်းမှာမဟုတ်တော့ဘူး၊ မင်းတို့အားလုံးကို စိတ်မကောင်းမဖြစ်စေချင်ပါဘူး”

••••••

အခန်း ၁၁၃၆။ တော်ဝင်ဆရာရာထူး

ရှဲ့ချောင်၏စကားများသည် အမှန်တရားဖြစ်သော်လည်း စန်းယောင်သည် ထိုစကားများကိုကြားသောအခါ စိတ်လှုပ်ရှားသွားသည်။

ဆရာတူအစ်မသည် ရုပ်ရည်လှပပြီး သူမ၏စကားတိုင်းသည် မှန်ကန်နေ၏။

“ဆရာက ဆရာတူအစ်မက အားနည်းပြီး နေမကောင်းဘူး၊ ဒါ့ကြောင့် ကျွန်တော်တို့က သူ့ကို ဂရုစိုက်ဖို့လိုတယ်လို့ ပြောဖူးတယ်” စန်းယောင်က သဘောကျစိတ်ဖြင့် ကြည့်နေသည်။

ထိုအကြည့်သည် တကယ်ပင် စိတ်ကြည်နူးစရာကောင်းလှ၏။

သူမ၏အသားအရေသည် ဖြူစွတ်ပြီး အပြစ်အနာအဆာကင်းကာ လုံးဝပြည့်စုံလွန်းနေသည်…

ကျန်းကျင်လုသည် ဆရာတူအစ်ကို စန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး မင်းသား၏ မျက်နှာပေါ်ရှိ အေးစက်သော အမူအရာကို သတိပြုမိသွားသည်။ သူက စန်းယောင်ကို အလျင်အမြန် သတိပေးလိုက်သည်။ “ဆရာတူအစ်မနဲ့ မင်းသားက တကယ်ကို ကောင်းကင်ဘုံက ဖန်ဆင်းထားတဲ့အတွဲပဲ။ တကယ်ကို လိုက်ဖက်ညီကြတာ”

“အင်း၊ သူတို့နှစ်ယောက်စလုံးက မွေးရာပါ လှပကြတာလေ” စန်းယောင်က ခေါင်းညိတ်သည်။

ဟုတ်သည်၊ လှပသော အမျိုးသားနှင့် လှပသော အမျိုးသမီးကြားတွင် ဒုတိယတစ်ဦးသည် သဘာဝအားဖြင့် ပိုကောင်းသော ရွေးချယ်မှုဖြစ်နေသည်မှာ သဘာဝပင်။ သူသည် လှပသော အမျိုးသမီးများကို ပိုသဘောကျသည်။

ရှဲ့ဖင်းကန်းသည် ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။ "မင်းရဲ့ အနာဂတ်အတွက် ဘယ်လို စီစဉ်ထားသလဲ"

သူမသည် အိမ်ထောင်ကျနေပြီဖြစ်၍ မကောင်းဆိုးဝါးဝိဉာဉ်များကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မသင့်လျော်ဟု သူ ယူဆမိသည်။ အကယ်၍ မင်းသားသည် မသက်မသာခံစားရပါက သူ့ညီမသည် သေချာပေါက်မျက်နှာသာပျက်သွားပေလိမ့်မည်။

ယခုအချိန်တွင် ကလေးတစ်ယောက်ကို အမြန်ဆုံးရအောင်ယူခြင်းက ပိုကောင်းပေလိမ့်မည်…

သို့သော် ရှဲ့ချောင်က ကလေး အသက်မရှင်မည်ကို စိုးရိမ်မိသည်။

သူမသည် သူမ၏ ရင်ထဲတွင် ပဋိပက္ခ ဖြစ်နေသည်။

“ကျွန်မမှာ ဘာအစီအစဉ်မှ မရှိဘူး။ ဒီလိုလေးပဲ အဆင်ပြေပါတယ်” ရှဲ့ချောင်သည် မိမိကိုယ်ကို အားတင်းကာ ပြော၏။ “အစ်ကိုကြီး၊ ကြည့်ပါဦး၊ ဒီနေရာမှာ သူစိမ်းတွေ မရှိဘူး…”

သူမစကားပြောရင်း တစ်ဝက်တစ်ပျက်တွင် သူမသည် သခင်မလေး ချိုင်ကို ကြည့်လိုက်သည်။

“ဒီမုန့်ကျားပေါင်က သူစိမ်းပဲ၊ ဒါပေမဲ့ အခု သူ့ကို သခင်မချိုင်က ပူးကပ်ထားတာ၊ သူ ဘာမှမသိဘူး၊ မင်းသားပတ်ဝန်းကျင်ကလူတွေအားလုံးက နန်းတွင်းသက်တော်စောင့်ကျို့ကလွဲပြီး အဝေးကြီးမှာရှိနေကြတယ်၊ သူတို့ ထပ်ပြီး ဘာမေးခွန်းမှ မမေးဘူး။ ကျွန်မ ခဏနေရင် ပြန်ပြီးပြင်ဆင်လိုက်ဦးမယ်၊ တခြားဘယ်သူမှလည်း သိမှာ မဟုတ်ဘူး…” ရှဲ့ချောင်က ထပ်ပြောသည်။ “အစ်ကို ဘာမှမပြောသရွေ့ပေါ့”

“အဲလိုတော့ မဖြစ်ဘူး။ မင်းသား ဘာလိုချင်လဲဆိုတာ မင်း မေးရမယ်။ ငါလည်း တစ်နေကုန်အပြင်ထွက်နေတဲ့မိန်းမကို လက်ထပ်ရရင် ပျော်မှာမဟုတ်ဘူး” ရှဲ့ဖင်းကန်းသည် တစ်စုံတစ်ခုကို ရည်ညွှန်းပြောဆိုနေသည်။

ကျောက်ရွှမ်ကျင်းသည် ရယ်ရအခက် ငိုရအခက် ဖြစ်နေ၏။

လူတိုင်းက ရှဲ့ဖင်းကန်းသည် လိမ်မာပါးနပ်မှု မရှိသော စစ်သူရဲတစ်ဦးဟု ပြောဆိုကြသည်။

အမှန်တော့ ထိုကလေးသည် တခြားဘယ်သူ့ထက်မဆို ပို၍ပင် လည်သည်။ ၎င်းသည် သူ၏ရက်စက်ကြမ်းကြုတ်သောအသွင်အပြင်ကြောင့် ဖုံးကွယ်ထားခြင်းခံရခြင်းဖြစ်သည်။

ဤအချိန်တွင် သူသည် ရှဲ့ချောင်ကို မည်သို့သတိပေးနေပါသနည်း။

သူသည် သူမ၏ ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း စမ်းသပ်နေခြင်းပင်။

ကြင်ရာတော်မင်းသမီး ရာထူးသည် အခြားသူများနှင့် ကွဲပြား၏။ ယုတ္တိအားဖြင့် သူမသည် တာအိုကျင့်ကြံသူကဲ့သို့ လှည့်လည်သွားလာခြင်းမပြုရန် လုံလောက်သော ဂုဏ်သိက္ခာရှိရမည်။ အကယ်၍ သူမသည် ယနေ့သဘောတူပါက အနာဂတ်တွင် ကြင်ရာတော်မင်းသမီး ရာထူးကို အခြားသူများက ထောက်ပြသည်ဖြစ်စေ၊ မထောက်ပြသည်ဖြစ်စေ သူသည် ရှဲ့ချောင်နှင့်အတူ တာဝန်ယူရပေလိမ့်မည်။ သူသည် သူမကို အနိုင်ကျင့်၍ စွန့်ပစ်၍မရပေ။ တာအိုကျင့်ကြံသူ၏ ကိစ္စကို အသုံးပြု၍ ရှဲ့ချောင်ကို နှိပ်စက်၍ မရပေ။

ဤကလေးသည် ကြိုတင်၍ အမိန့်တစ်စောင်တောင်းနေခြင်းပင်။

သို့သော် ရှဲ့မိသားစုတွင် လူဦးရေ နည်းပါးပြီး ရှဲ့ချောင်တွင် အစ်ကိုနှင့်မောင်နှစ်ဦးသာ ရှိ၏။ ရှဲ့နျိုရှန်း၏ ဓားပြအဖြစ် နာမည်ဂုဏ်သတင်းသည် အလွန်ကြီးမားသောကြောင့် သူ့ဘဝတွင် အရေးကြီးသော ရာထူးနေရာတွင် ထားရှိရန် မဖြစ်နိုင်ပေ။ အများဆုံးဆိုလျှင် သူသည် မင်းသမီးဖြစ်သည့် ရှဲ့

ချောင် သို့မဟုတ် မိဖုရားအဖြစ်နှင့် အနာဂတ်တွင် မှူးမတ်ဘွဲ့ကို ရရှိနိုင်ပေလိမ့်မည်။

ရှဲ့မိသားစု အသုံးပြုနိုင်သော တစ်ဦးတည်းသောသူမှာ ရှဲ့ဖင်းကန်းသာ။

သူ၏ဉာဏ်ကောင်းမှုက ကောင်းမွန်သည့်အရာတစ်ခုပင်။

“ငါ ရှဲ့ချောင်တဖြစ်လဲ မော့ချူးရှန်းကို လက်ထပ်တာပဲ။ သူမက ကြင်ရာတော်မင်းသမီးဖြစ်ရင်တောင် ငါချစ်ရတဲ့သူပဲ။ သူမ ဘာလုပ်ချင်ချင်၊ သူမစိတ်ကြိုက် လုပ်လို့ရတယ်။ ငါ သူ့ကို ကူညီပေးမှာ” ကျောက်ရွှမ်ကျင်းသည် ခဏတာစဉ်းစားပြီးနောက် ပြောလိုက်သည်။ “နောက်ပြီးတော့ ငါ့မှာ တခြားအကြံတစ်ခုရှိသေးတယ်”

ရှဲ့ချောင်က သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။

“လက်ရှိတော်ဝင်ဆရာ ဖုန်ထျန်းယင်က အသက်ကြီးနေပြီ။ ငါ့အဖေဆီကို မော့ချူးရှန်းကို နောက်တော်ဝင်ဆရာအဖြစ် အကြံပြုဖို့ ရည်ရွယ်ထားတယ်” ကျောက်ရွှမ်ကျင်းက ဆိုသည်။

ရှဲ့ချောင်၏ နှလုံးသားသည် လှုပ်ရှားသွားသည်။ "မဖြစ်သေးပါဘူး။ ကျွန်မက ဒီအသက်အရွယ်နဲ့ အရည်အချင်း မပြည့်မီသေးဘူး"။

၎င်းသည် အမှန်တရားပင်။

သူမသည် ဗေဒင်ဟောခြင်းနှင့် ဝိဉာဉ်ဖမ်းခြင်းတို့တွင် ထူးချွန်သော်လည်း အခြားအရာများတွင် ကျွမ်းကျင်ခြင်းမရှိပေ။ သူမသည် ပိုမိုသင်ယူရန် အာရုံစိုက်ရပေဦးမည်။

မနေ့ကလိုပင် သူမ၏ ဆရာဖြစ်သူ မော့လင်းကျစ်ဆိုလျှင် ထိုအရာသည် မရေမရာဖြစ်နေသော်လည်း ကွာခြားချက်ကို ပြောပြနိုင်ပေလိမ့်မည်။

သူမသည် မိမိကိုယ်ကို လုံလောက်စွာ ယုံကြည်မှုရှိသော်လည်း တော်ဝင်ဆရာဖြစ်ချင်လျှင် ပို၍ပင် အရည်အချင်းရှိရန် လိုအပ်ပေမည်။

••••••

All Chapters