အခန်း (၁၁၃၇-၁၁၄၀)
Vol. 58 Ch. 1137-1140
အခန်း ၁၁၃၇။ သူမကိုယ်သူမ သရော်ခြင်း
ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်က သူ့ကို ချက်ချင်း ငြင်းပယ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူ့အတွက် ရှဲ့ချောင်၏စွမ်းရည်မှာ လုံလောက်သည်ဟု ယူဆ၏။
“အခုလက်ရှိ တော်ဝင်ဆရာက နောက်ထပ်နှစ်အနည်းငယ်လောက်တော့ ဆက်ပြီးလုပ်နိုင်ဦးမှာပါ၊ မင်းလုပ်နိုင်မယ်မထင်ရင်တော့ နောင်ကျရင် တခြားတစ်ယောက်ကို ကြိုးစားခိုင်းရမှာပေါ့။” ကျောက်ရွှမ်ကျင်းက သူမကို အတင်းအကျပ် မတိုက်တွန်းတော့ပေ။ ရှဲ့ချောင်သည် အလွန်အမင်း ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်သူ မဟုတ်ချေ။ သူမသာ လုပ်နိုင်သည်ဟု ယူဆပါက တိုက်ရိုက်ငြင်းပယ်မည်မဟုတ်သည်မှာ သေချာသည်။
ယွီရွှီဘုရားကျောင်းမှ ကျွမ်းကျင်သူများလည်း ရှိသေး၏။
ထိုသူများက တောင်ပေါ်မှ ထွက်ခွာလိုခြင်း မရှိကြသည်သာဖြစ်၏။ ကြီးမားသောစွမ်းရည်များရှိသည့် တာအိုဘုရားကျောင်းကြီးအချို့လည်း ရှိ၏။ သို့သော် ဖုန်ထျန်းမင်နှင့် ရှဲ့ချောင်ကဲ့သို့သော လူမျိုးမှာ အနည်းငယ်သာ ရှိသည်မှာ အမှန်ပင်။
ကံမကောင်းစွာဖြင့် ရှဲ့ချောင်မှာ အမှန်တကယ်ပင် အလွန်ငယ်ရွယ်၏။ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ခွဲခြားသိမြင်ရန် ခက်ခဲသည်။ သူမ၏အသက်အရွယ်အရ ဤတာဝန်ကို ထမ်းဆောင်ရန် ခက်ခဲသည်မှာ အမှန်ပင်။
သို့သော် သူမသာ ယခုလက်ရှိ အလုပ်ကို မထမ်းဆောင်နိုင်ပါက နောင်တွင် လုပ်ဆောင်နိုင်ပေသည်။
ကျောက်ရွှမ်ကျင်းသည် ခဏတာ စဉ်းစားပြီး ရုတ်တရက် ရှဲ့ချောင်၏ ဆရာကြီးကို သတိရသွားသည်။
“မင်းရဲ့ဆရာကြီး မော့လင်းကျစ်ကရော။ သူ ဒီအပိုင်းမှာ တော်လား” ကျောက်ရွှမ်ကျင်းက မေး၏။
“ကျွန်မရဲ့ဆရာကြီးကတော့ အရည်အချင်းပြည့်မီပါလိမ့်မယ်။ ဒါပေမဲ့ သူ့မှာ ပြဿနာတစ်ခုတော့ရှိတယ်။” ရှဲ့ချောင်က အမှန်အတိုင်း ပြောပြ၏။ “ကျွန်မရဲ့ဆရာကြီးက တည့်တိုးပွင့်လင်းတဲ့သူပါ။ သူ ဘယ်တော့မှ စကားကို ပတ်ပတ်လည် ရစ်ပြီးမပြောတတ်ဘူး။ သူ အိမ်ရှေ့စံတို့ ဒုက္ခရောက်နေတာကို မြင်ရင် အန္တရာယ်အကြောင်းကို အကုန်ပြောပြလိမ့်မယ်။ အဲဒါကြောင့် သူက လူတွေကို စိတ်မသက်မသာနဲ့ ထိတ်လန့်တကြားဖြစ်စေမှာပါ။ အဲဒါဆို ဘေးအန္တရာယ်က ပိုဆိုးသွားနိုင်ပါတယ်။ သူသာ ဧကရာဇ်မင်းအတွက် အလုပ်လုပ်ပေးရရင်၊ ဧကရာဇ်မင်းက သဘောထားကြီးတဲ့သူ မဟုတ်ဘူးဆိုရင်... ကျွန်မရဲ့ဆရာကြီးကြောင့် ဒေါသထွက်ပြီး သေနိုင်သလို ကျွန်မဆရာကြီးရဲ့ ခေါင်းကလည်းပြတ်နိုင်ပါတယ်။”
“ဒီလောက်တောင် ဆိုးသလား။” ကျောက်ရွှမ်ကျင်းပင်လျှင် မယုံကြည်နိုင်ဖြစ်မိသည်။
“ရွှေယွဲ့တာအိုဘုရားကျောင်းကို အရင်မျိုးဆက်ကနေ လက်ဆင့်ကမ်းလာတဲ့အချိန်တုန်းက တော်တော်နာမည်ကြီးခဲ့သေးတယ်။ ဒါပေမဲ့ သူက လူတွေကို ထပ်ခါထပ်ခါ စော်ကားပြီး မကြာခဏဆိုသလို အရိုက်ခံရတာကြောင့် ကျွန်မရဲ့ဆရာကြီးလက်ထဲမှာ သေလုနီးပါး ဖြစ်သွားခဲ့တာ။ မယုံရင် ကျွန်မရဲ့အစ်ကိုကြီးကို မေးကြည့်လိုက်ပါ။ ကျွန်မရဲ့အဖေပြောတာကို ကြားဖူးမှာပါ” ရှဲ့ချောင်က ထပ်ဖြည့်ပြောလိုက်သည်။
ကျောက်ရွှမ်ကျင်းသည် ရှဲ့ဖင်းကန်းကို ကြည့်လိုက်၏။
ရှဲ့ဖင်းကန်းသည် ခဏတာ စဉ်းစားပြီး…
“မော့လင်းကျစ်ဆိုတဲ့ အဲ့ဒီလူအိုကြီး…အဲ့ဒီအရူးတာအိုဆရာ...” ရှဲ့ဖင်းကန်းက သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။ “ကျွန်တော့်အဖေ ပြောတာ ကြားဖူးတယ်။ ဒီလူက အဲဒီတုန်းက အဖေနဲ့ တကယ့်ကို အထိုးအကြိတ်ဖြစ်ခဲ့တာ၊ ဓားနဲ့တောင် ပိုင်းဖြတ်ပစ်ချင်ခဲ့တာတဲ့။ အဲဒီတုန်းက သူ့ကို တောင်ပေါ်ကို ခေါ်သွားတဲ့အခါ အဖေက တကယ်ကို မအောင့်နိုင်တော့ဘဲ သူ့ကိုသတ်ပြီး ဝံပုလွေတွေကို ကျွေးဖို့တောင် စဉ်းစားခဲ့တာ။ ကံကောင်းထောက်မစွာနဲ့ သူက ကျွန်တော့်အမေ ဒုက္ခရောက်နေတယ်ဆိုပြီး အဖေနဲ့ လောင်းကြေးထပ်ပြီး အတင်းအကျပ် ပြောခဲ့လို့ပါ။ နောက်တော့ တော်ဝင်ဆရာကြီးက သူ့အတွက် ဝင်ပြောပေးပြီး အသက်ချမ်းသာရာ ရခဲ့တာ။”
ရှဲ့ချောင်သည် သူမ၏လက်များကို ဖြန့်ပြ၏။
ကြည့်ပါဦး၊ သူမ၏ဆရာကြီးသည် ထိုမျှထူးဆန်းသောလူတစ်ယောက် ဖြစ်သည်ဟု ပြောသည်။
သူသည် ဓားပြဂိုဏ်း၏ လှိုဏ်ဂူထဲတွင်ပင် ဆူဆူပူပူ ဖြစ်အောင် လုပ်ခဲ့သေးသည်။
သူသည် သူ၏အရင်ဘဝတွင် မည်သို့သော ကုသိုလ်ကောင်းမှုများကို ပြုခဲ့သည်ကို မသိပေ။ ထို့ကြောင့် သူမကဲ့သို့ စဉ်းစားတတ်ပြီး ဆင်ခြင်တုံတရားရှိသော တပည့်ကို ရရှိခဲ့သည်။ သူမက သူ့အတွက် တာအိုဘုရားကျောင်းကို လည်ပတ်နိုင်ရန် ငွေရှာပေးရုံသာမက သူ့ကို သူ၏အသက်ကြီးချိန်တွင် ပြုစုစောင့်ရှောက်ပေးခဲ့ပြီး လူများကို လိမ်ညာရန်လည်း သင်ကြားပေးခဲ့သည်။
ထိုသို့ပြောဆိုခဲ့သော်လည်း ကျောက်ရွှမ်ကျင်းသည် သူ၏ဖခင် နန်းတော်တွင်ရှိနေစဉ် ထိုကဲ့သို့လူမျိုးကို တကယ်တမ်း မထောက်ခံရဲပေ။
သူ နန်းမတက်မီ မော့လင်းကျစ်၏ ခေါင်းပြတ်သွားနိုင်သည်သာဖြစ်၏။
“ဒီလိုဆိုရင်တော့ ဒီအကြောင်းကို နောက်မှပဲ ဆက်ပြောကြတာပေါ့” ကျောက်ရွှမ်ကျင်းသည် အိမ်ကိုချစ်လျှင် အိမ်ပေါ်ကကျီးကိုပါ ချစ်တတ်သည်ဟူသော စကားကို သတိရသွားသည်။
မော့လင်းကျစ်သည် ထိုမျှ ပြဿနာရှာတတ်သူဖြစ်စေကာမူ သူသည် ထိုမျှကောင်းသောတပည့်ကို ပြုစုပျိုးထောင်ပေးခဲ့သည်ကို ပြန်လည်အမှတ်ရသောအခါ သူ့ကို ရန်ငြိုးထားတော့မည်မဟုတ်ပေ။
ထို့ကြောင့် သူ နန်းတက်ပြီးမှ ဤကိစ္စကို စဉ်းစားတော့မည်။
ဤအချိန်တွင် ကျောက်ရွှမ်ကျင်းနှင့် ရှဲ့ဖင်းကန်းတို့၏ တုံ့ပြန်မှုများသာ ပုံမှန်ရှိပြီး ရှဲ့ချောင်နှင့် အေးဆေးတည်ငြိမ်စွာ စကားပြောဆိုနိုင်၏။ ကျန်ရှိသည့် အခြားဆရာတူညီလေး သုံးဦးမှာမူ စိတ်ရှုပ်ထွေးနေကြ၏။
ရှဲ့ချောင်သည်လည်း လက်ခံရန် ခက်ခဲကြောင်း သိထားသောကြောင့် သူတို့ကို စဉ်းစားရန် အချိန်ပေးလိုက်သည်။
ဟုတ်ပါသည်၊ မှန်ကန်စွာ ပြောရမည်ဆိုပါက သူမသည် အကြီးဆုံးဆရာတူအစ်မဖြစ်ပြီး ဤအချိန်တွင် ခေါင်းငုံ့၍ သူမ၏အမှားကို ဝန်ခံ၍ မရပေ။ သူမသည် ဆရာတူအစ်မတစ်ယောက်၏ ဂုဏ်သိက္ခာကို မြှင့်တင်ကာ ထိုကလေးသုံးယောက်ကို သူမကို စိတ်ရင်းမှန်ဖြင့် ရိုးသားစွာ လာရောက်နှုတ်ဆက်စေလိုသည်။
ဤသည်မှာ သူမ၏မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြရန် ပထမအဆင့်ဖြစ်၏။ သူမ အမှားလုပ်၍ မရပေ။
မကြာမီတွင် ရှဲ့ချောင်သည် သူမ၏မျက်နှာကို ပြန်လည်ပြင်ဆင်လိုက်သည်။
သူမ၏မျက်နှာအစစ်အမှန်ကို မြင်တွေ့ပြီးနောက် မော့ချူးရှန်း၏မျက်နှာကို မြင်လိုက်သောအခါ စန်းယောင်သည် သူ၏လည်ချောင်းတွင် သွေးများပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မျက်လုံးများကလည်း မျက်စိကွယ်တော့မတတ်ပင်။ “ဆရာတူအစ်မအကြီးဆုံးက သူ့ကိုယ်သူ ဘာလို့ ဒီလိုသရော်နေရတာလဲ… ကျွန်တော် နားမလည်တော့ဘူး…”
••••••
အခန်း ၁၁၃၈။ ဆရာသခင်အလုပ်များနေသည်
ရှဲ့ချောင်သည် ထိုမျှလှပသော သခင်မလေးဖြစ်ပါလျက် အဘွားအိုတစ်ဦးကဲ့သို့ ဝတ်ဆင်ထားရ၏။ မည်သည်ကိုမျှ နားမလည်သော စန်းယောင်ကို ထည့်မတွက်လျှင်ပင် ကျန်းကျင်လုသည်ပင် ဤမျက်နှာအတုကို မနှစ်သက်ဘဲ မနေနိုင်ပေ။
သို့သော် ယခုအချိန်တွင် သူတို့သည် တစ်စုံတစ်ရာ ပြောဆိုရန် အခွင့်အရေးမရှိပေ။
ရှဲ့ချောင်ကို ထိုအယောင်ဆောင်မှုဖြင့်သာ ကြည့်နေနိုင်တော့သည်။
သူမ၏မျက်နှာကို ခဏတာ အနားပေးလိုက်သောအခါ များစွာ သက်တောင့်သက်သာ ဖြစ်လာသည်ဟု ခံစားရ၏။
“နောင်ကျရင် ကျွန်မနာမည်ကို မှားမခေါ်ကြနဲ့နော်။” ရှဲ့ချောင်သည် သူမ၏ ဆရာတူမောင်လေးများကို သတိပေးရန် မမေ့ခဲ့ပေ။
သူမ၏ ဆရာတူမောင်လေးများက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး ပူးပေါင်းလုပ်ဆောင်လိုခြင်း မရှိပေ။ ဤသို့ မြင်သောအခါ ရှဲ့ချောင်က ထိုကလေးဆိုးများသည် အသိဉာဏ်မဲ့သူများ ဖြစ်သည်ဟု ခံစားရ၏။ သူတို့သည် ယောက်ျားများဖြစ်ပြီး သူတို့၏ နေ့ရက်များက ပူပင်သောကကင်းမဲ့ပြီး လွတ်လပ်လွန်းသည်။ သာမန်လူတစ်ယောက်က ဆာလောင်နေသည့်လူ၏ ဆာလောင်မှုကို နားလည်မည် မဟုတ်ပေ။ ရှဲ့ချောင်ဟူသည့် ကိုယ်ပိုင်လက္ခဏာဖြင့် နတ်ဆိုးများကို သုတ်သင်ရန် သူမအတွက် မည်မျှ ခက်ခဲမည်ကို သူတို့ နားမလည်ခဲ့ကြပေ။
သူတို့မေ့လျော့နေမည်ကို စိုးရိမ်၍ ရှဲ့ချောင် အလေးအနက်ထားကာ ပြောဆို၏။ “ဆရာက ကျွန်မရဲ့ ဖုန့်ကွယ်ထားတာကို သိပါတယ်။ တကယ်လို့ တစ်ယောက်ယောက်သာ လျှာချော်သွားရင် ဆရာ... ဒေါသထွက်လိမ့်မယ်”
စန်းယောင်သည် စိတ်ရှုပ်ထွေးနေပုံပေါ်၏။
ကျန်နှစ်ဦးမှာလည်း ဘာမှ မတတ်နိုင်သလို ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည် အခြားဘာလုပ်နိုင်ဦးမည်နည်း။ ဤမိန်းကလေးမှာ ငယ်ရွယ်သော်လည်း သူမ၏ဆရာတပည့်ရာထူးမှာ အလွန်မြင့်မား၏။ သူတို့သည် ဂိုဏ်းတွင် ဤမျှကြာအောင် နေခဲ့ကြပြီး နှစ်စဥ်နှစ်တိုင်း ဆရာကြီးနှင့် ဆရာတူအစ်မကို ရိုသေလေးစားရမည်ဟု ပြောခဲ့ကြသည်။ ပြောဆိုခဲ့သည့်စကားများသည် ရေများပက်ဖြန်းခံလိုက်ရသကဲ့သို့ ဖြစ်နေသောကြောင့် ယခု သူမကို မလေးမစားပြုလုပ်ရန် မသင့်တော်ပေ။
သို့သော်လည်း သူမ၏ ငယ်ရွယ်သော ရုပ်ရည်ကို စဉ်းစားလိုက်သည်နှင့် သူတို့သည် ကလေးတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားမိနေသည်သာ။
သူတို့၏ ဆရာကြီးအကြောင်းကို ပြောလိုက်ပြီးနောက် ရှဲ့ချောင်သည် သူတို့၏နှုတ်ကို အောင်မြင်စွာ ပိတ်လိုက်နိုင်ခဲ့သည်။
သူမ အဝတ်အစားလဲလှယ်ရန် အချိန်အကြာကြီး မယူခဲ့သောကြောင့် မည်သူမျှ သူမကို မမြင်လိုက်ရခြင်းမှာ ကြီးမားသော နှစ်သိမ့်မှုတစ်ခု ဖြစ်၏။
ရှဲ့ဖင်းကန်းတွင် ပြောစရာ စကားများစွာ ကျန်နေသေးသော်လည်း အနက်ရောင်ဝတ်ထားသောလူများ၏ကိစ္စသည် ပို၍အရေးကြီးသောကြောင့် သူ၏လူများနှင့်အတူထွက်ခွာသွားရတော့သည်။ သူသည် မထွက်ခွာမီတွင် သတိပေးရန် သူမကို စိုက်ကြည့်ရန် မမေ့ခဲ့ပေ။ သူမ အိမ်ပြန်လာလျှင် ရှဲ့မိသားစုကို သတင်းပို့မည်ဖြစ်ပြီး သူမကို ဆူပူကြိမ်းမောင်းခံရမည်ဟု သတိပေးချင်ပုံရသည်။
ထိုအရာက မဖြစ်နိုင်ပေ။
ရှဲ့ချောင်သည် သူမပြန်သွားသောအခါ နာခံတတ်သော မင်းသမီးလေးတစ်ပါး ဖြစ်လိမ့်မည်ဟု တွေးထားပြီးသားဖြစ်သည်။
သူမသည် သူ့ကို စော်ကားရန် မတတ်နိုင်ပါက ပုန်းအောင်းနေ၍ မရနိုင်တော့ဘူးလား။
ရက်အနည်းငယ်ကြာ ပုန်းအောင်းပြီးနောက် ရှဲ့ဖင်းကန်းသည် ထိုကဲ့သို့သော သေးငယ်သောကိစ္စကို မေ့သွားလောက်ပေလိမ့်မည်။
ရှဲ့ဖင်းကန်း ထွက်ခွာသွားသည်နှင့် ရှဲ့ချောင်၏ ရင်ထဲတွင် တောင်တစ်လုံး ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ရည်ရွယ်ချက်ကို မသိနိုင်သော အမူအရာဖြင့် နောက်သို့လှည့်ကာ ဆရာကြီးအဖြစ် ဆက်လက်ရှိနေခဲ့သည်။
သူမသည် လူတစ်စုကို ခေါ်ဆောင်ကာ ဤလူသူကင်းမဲ့သောနေရာမှ အနီးအနားရှိ မြို့ငယ်လေးတစ်ခုသို့ ထွက်ခွာသွားခဲ့သည်။
ကျောက်ရွှမ်ကျင်း၏ နောက်တွင် အစောင့်အများအပြား ပါရှိပြီး သူတို့က လေးစားစရာကောင်းသည့် အသွင်အပြင် ရှိကြသည်။ ထိုမြို့ငယ်လေးတွင် သူတို့အားလုံးကို နေရာချပေးနိုင်သည့် စာပို့တိုက်တစ်ခုလည်း ရှိ၏။
ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဉာဉ်၏ အတွေးများကို ပို၍ စိုးရိမ်နေဆဲဖြစ်သောကြောင့် သခင်မချိုင်ကို ခေါ်ဆောင်ပြီး လမ်းလျှောက်ထွက်ခဲ့သည်။
သခင်မချိုင်သည် သူမ၏ ရုပ်ရည်ကို ပြောင်းလဲခဲ့သည်ကို မြင်ခဲ့ပြီးသား ဖြစ်၏။
ကျောက်ရွှမ်ကျင်းနှင့် အခြားသူများ မရှိသည့်အချိန်တွင် သခင်မချိုင်က သူမကို နောက်ဆုံးတွင် ကြည့်လိုက်ပြီး ရှုပ်ထွေးသောအမူအရာဖြင့် မေးလိုက်သည်။ “မိန်းမတစ်ယောက်အနေနဲ့ မင်း ဘာလို့ လုပ်ချင်တာကို လုပ်နိုင်တာလဲ။ မိသားစုက ချမ်းသာပြီး အဆင့်အတန်းမြင့်ရင်တောင် ကျွန်မက မုန့်မိသားစုရဲ့ သခင်မလေးက အရေးမပါတဲ့ ကိစ္စတွေနဲ့ အလုပ်များနေတာကို မြင်ခဲ့ရသေးတယ်။”
“ကျွန်မလည်း အလုပ်အရမ်းများပါတယ်” ရှဲ့ချောင်သည် ကိုယ်ကို တည့်တည့်ထားကာ ပြောသည်။
“မတူပါဘူး။” သခင်မချိုင်က ခေါင်းခါ၏။
ဤဆရာကြီးကို မြင်ပြီးနောက် သူမ၏ဘဝသည် မည်မျှ ရယ်စရာကောင်းသည်ကို သူမ သိလာခဲ့သည်။
“သူတို့အားလုံးက မင်းကို အလေးထားကြတယ်။ မင်းသူတို့ကို လိမ်ခဲ့ရင်တောင် သူတို့က အံ့အားသင့်ရုံပဲ ရှိတယ်၊ မင်းကို အပြစ်မတင်ကြဘူး။ သူတို့က မင်းကို ကာကွယ်ပေးပြီး ကူညီပေးကြတယ်။ မင်းရဲ့ခင်ပွန်းကလည်း မင်းကို အလိုလိုက်တယ်။ ကျွန်မနဲ့မတူဘူး၊ ကျွန်မအမေရဲ့အိမ်မှာတုန်းက ကျွန်မဟာ အခိုင်းခံတစ်ယောက်လို အလုပ်ကြမ်းတွေ လုပ်ခဲ့ရတယ်။ ယောက္ခမအိမ်ကို ရောက်တဲ့အခါလည်း ဒီအတိုင်းပါပဲ။
“အရင်တုန်းက ဒါက ကျွန်မ လုပ်သင့်တာလို့ ထင်ခဲ့ပေမယ့် အခုတော့ ရုတ်တရက် ကျွန်မက အသက်ရှင်နေတဲ့ တိရစ္ဆာန်တစ်ကောင်လို ခံစားရတယ်” သခင်မချိုင်သည် ရှုပ်ထွေးစွာဖြင့် ပြော၏။
သူမ၏တန်ဖိုးမှာ အဆက်မပြတ် အလုပ်လုပ်ရန်ပင်။
တိရစ္ဆာန်တစ်ကောင်နှင့် အတူတူပင်။
သို့သော်လည်း ထိုတိရစ္ဆာန်သာ ပျောက်ကွယ်သွားပါက အခြားတစ်ကောင်ကို ဝယ်နိုင်သည်။ ၎င်းသည် လုံးဝ အရေးမကြီးပေ။
သူမ အသက်ရှင်နေချိန်တွင် ဘဝကို မှားယွင်းစွာ နေထိုင်ခဲ့သည်လား။
•••••
အခန်း ၁၁၃၉။ မငိုနဲ့!
သခင်မချိုင်တွင် မနာလိုစိတ်များ မရှိပေ။ သူမသည် ရှဲ့ချောင်၏ လွတ်လပ်မှုကို မြင်သောအခါ နာကြည်းစိတ်များ လုံးဝမရှိခဲ့ပေ။
သူမသည် မွေးကတည်းက ကြင်နာတတ်သူဖြစ်ပြီး သူမ၏ဘဝတစ်လျှောက်လုံး လူများကို ကြင်နာစွာ ဆက်ဆံခဲ့သည်။
သူမသေဆုံးပြီးနောက်တွင် မည်သည့်အရာများကမှားနေသည်ကို နားလည်ချင်ရုံသာရှိပြီး မေ့လျော့ခံရခြင်းကို မလိုလားပေ။
“ဆရာကြီး၊ ကျွန်မက သန့်ရှင်းပြီး ကြိုးစားတဲ့သူတစ်ယောက် မဖြစ်သင့်ဘူးလား” သခင်မချိုင်က သူမကို မေးလိုက်သည်။
“ကျွန်မက တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ နည်းလမ်းတွေကို တကယ်နားမလည်ပါဘူး။ ကျွန်မထင်တာကတော့ လူတွေကို အလွန်အကျွံ အလျှော့မပေးသင့်ဘူးလို့ ထင်တယ်။ ကြိုးကြိုးစားစားလုပ်ပြီး မညည်းမညူနေတာက ကောင်းတဲ့အကျင့်တစ်ခုပါ။ ဒါပေမဲ့ သခင်မကလည်း ခံစားချက်တွေနဲ့ ဆန္ဒတွေ ရှိတယ်လို့ ကျွန်မထင်တယ်။ တခြားသူတွေကို ထည့်မစဉ်းစားခင် ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်နေတာက ပိုကောင်းပါတယ်။” ရှဲ့ချောင်က မျက်မှောင်ကြုတ်ကာ ခဏတာ စဉ်းစား၏။
“ဖြစ်နိုင်တာက သခင်မက အရမ်းပေးဆပ်ခဲ့လို့ပါပဲ။ သူများတွေက တောင်းဆိုဖို့ မလိုတဲ့အထိကို ပေးဆပ်ခဲ့တာပါ။ အဲ့ဒါကြောင့်ပဲ ဒါက သဘာဝကျတယ်လို့ ထင်ခဲ့တာပေါ့။ ငိုတဲ့ကလေးတွေကိုတော့ သကြားလုံးပေးလေ့ရှိပါတယ်၊ သခင်မက ရံဖန်ရံခါ ကိုယ့်ကိုယ်ကိုယ် လိုက်လျောကြည့်လိုက်ရင် တခြားသူတွေက သခင်မကို သနားကြမှာပါ။ သူတို့ သခင်မကို ဂရုစိုက်မှပဲ သူတို့ရဲ့ ရင်ထဲမှာ အမှန်တကယ် ထားရှိကြမှာပါ။”
ရှဲ့ချောင်သည် တစ်စုံတစ်ရာကို ပြောရန် ကြိုးစားနေရုံသာ။
သို့သော်လည်း သခင်မချိုင်က တိတ်ဆိတ်သွား၏။
သူမ၏ ဘဝအကြောင်းကို သူမ စဉ်းစားနေခဲ့သည်။
သူမတွင် မောင်လေးတစ်ယောက်၊ အစ်မတစ်ယောက်နှင့် ညီမတစ်ယောက် ရှိခဲ့သည်။ အိမ်တွင် ကလေးအနည်းငယ် ရှိပြီး သူတို့၏ ဘဝက မကောင်းခဲ့ပေ။ သို့သော် သူမ၏ မိဘများက သူတို့အပေါ် အလွန်အမင်း ရက်စက်ကြမ်းတမ်းခြင်း မရှိခဲ့ကြပေ။
သူမ ငယ်ရွယ်စဉ်က မိဘများ အလုပ်ကြိုးစားနေသည်ကို မြင်သောအခါ ပို၍ လုံ့လဝီရိယရှိရှိ လုပ်ဆောင်ရန် သင်ယူခဲ့ပြီး မိဘများကို အနားယူပျော်ရွှင်စေခဲ့သည်။ ပထမနှစ်အနည်းငယ်တွင်
သူမက ချီးကျူးမှုများ ရရှိခဲ့ပုံရသည်။ ထို့နောက်တွင် ချီးကျူးမှုများ မရှိတော့ပေ။ တစ်နေ့တွင် သူမ အလုပ်နောက်ကျသောအခါ ဆူပူကြိမ်းမောင်းခံခဲ့ရသေးသည်။
ထိုအချိန်မှစ၍ အလုပ်အားလုံးမှာ သူမအတွက် ဖြစ်လာ၏။
သူမသည် အလုပ်များနေခြင်းကို အသားကျနေသောကြောင့် ဆင်ခြင်တုံတရားရှိသည်ဟူသော နာမည်ကောင်းကို ရရှိခဲ့သည်။
သူမ၏ ယောက္ခမများက ထိုနာမည်ကောင်းကြောင့် သူမကို လက်ခံခဲ့သည်။ သူမ လက်ထပ်ပြီးနောက် အလုပ်ရပ်နား၍မရနိုင်တော့ပေ။ သူမ စတင်လက်ထပ်ခဲ့စဉ်က ယောက္ခမသည် သူမ၏ အလုပ်တွင် လျင်မြန်သည်ကို မြင်သောအခါ ချီးကျူးခဲ့သည်။ သူမကို အနားယူခိုင်းသင့်သည်ဟုပင် ပြောခဲ့သေးသည်။ သို့သော် ထိုအချိန်တွင် သူမသည် ယောက္ခမကို စဉ်းစားပေးသည်ဟု ခံစားရသောကြောင့် သူမက ပို၍ ကြိုးစားသင့်သည်ဟု ထင်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ထိုအတိုင်းပင် ဖြစ်နေခဲ့သည်။ မည်သူမျှ သူမကို ဂရုမစိုက်တော့ဘဲ ချီးမွမ်းခြင်းလည်း မရှိတော့ပေ။
သူမ၏ ကြိုးစားအားထုတ်မှုအားလုံးက သူမ လုပ်သင့်သည့်အရာတစ်ခု ဖြစ်သွားခဲ့သည်။
“အရင်တုန်းက သူတို့က အရမ်းလွန်လွန်ကျူးကျူး လုပ်ခဲ့တယ်လို့ ကျွန်မထင်ခဲ့တယ်။ အသက်ရှင်နေတဲ့လူတစ်ယောက်အနေနဲ့ ကျွန်မကို တကယ်ပဲ မေ့ထားခဲ့ကြတယ်။ ဒါပေမဲ့ အခုစဉ်းစားကြည့်မှ ကျွန်မက တကယ်တော့ ကိုယ့်ကိုယ်ကိုယ် လူသားတစ်ယောက်အဖြစ် သဘောထားခဲ့တာ မဟုတ်ဘူး...” သခင်မချိုင်၏ အသံက ရုတ်တရက် အက်ရှသွားသည်။
၎င်းသည် အလွန်သနားစရာကောင်း၏။
သို့သော်လည်း သူမတွင် မုန့်ကျိဖန်၏ အမျိုးသမီးအသွင်ဆောင်ထားသော မျက်နှာ ရှိနေသည်။
လှပသော သခင်မလေးတစ်ယောက်သည် ရုတ်တရက် မြို့ငယ်လေး၏ လမ်းမပေါ်တွင် ထိုင်ချလိုက်ပြီး မျက်နှာကို ဖုံးအုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေ၏။
ရှဲ့ချောင်သည် ထွက်ပြေးချင်စိတ် ပေါက်သွား၏။
လူအများအပြားက ကြည့်နေသည်ကို သူမ မြင်လိုက်သောအခါ သူမက တာအိုဆရာ၏ ဝတ်ရုံကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ လူများက သူမသည် သခင်မလေး၏ငွေကို လိမ်လည်ခဲ့သည်ဟု ထင်မှတ်သွားကြသည်။
“အာ...မငိုပါနဲ့...” ရှဲ့ချောင်သည် အနည်းငယ်ရှက်ရွံ့နေ၏။
အချို့လူများက ဖြည်းဖြည်းချင်း ချဥ်းကပ်လာပြီး လက်ညှိုးထိုးပြလာကြသည်။
“ဒီနှစ်တွေအားလုံးမှာ ကျွန်မက ရှုပ်ထွေးပြီး နာကြည်းခဲ့ရတယ်။ ကျွန်မက… ကျွန်မရဲ့ကလေးတွေကိုတောင် နာကြည်းခဲ့တယ်။ ဒါပေမဲ့ ကျွန်မပိုပြီး နာကြည်းသင့်တာကတော့ ကိုယ့်ကိုယ်ကိုယ်ပါပဲ။” သခင်မချိုင်က အလွန်ပင် နောင်တရနေခဲ့သည်။
ဤတစ်ရက်တာ အနားယူခြင်း၏ ရည်ရွယ်ချက်မှာ ဘာလဲ။
ရုတ်တရက် သခင်မချိုင်သည် မုန့်ကျိဖန်၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်။
“ဆရာကြီး၊ ကျွန်မရဲ့ ဆန္ဒက ပြည့်သွားပါပြီ နောက်ဘဝဆိုတာ ရှိလာခဲ့ရင်တောင် သူမက ဒီလောက်အလုပ်ကြမ်းတွေနဲ့ ဘဝကို လုံးဝနေရတော့မှာ မဟုတ်ဘူး”
ရှဲ့ချောင်သည် အနည်းငယ်ရှုပ်ထွေးနေ၏။ သူမသည် တစ်စုံတစ်ရာကို မလုပ်ခဲ့သော်လည်း သူမသည် အတွေးများကို မည်သို့ တွေးနိုင်ခဲ့သနည်း။
သို့သော်လည်း အတွေးများကို စဥ်းစားခြင်းသည် ကောင်းသောကိစ္စဖြစ်သည်။ ၎င်းသည် သူမ၏ကြိုးစားအားထုတ်မှုများကို အလဟဿ မဖြုန်းတီးခဲ့ပေ။ ထို့ကြောင့် ဤအချိန်တွင် ရှဲ့ချောင်သည် သူမ၏ဝိညာဉ်ကို ချက်ချင်း ဖယ်ရှားလိုက်၏။
ထိုသို့လုပ်ဆောင်ရန် လွယ်ကူ၏၊ အထူးသဖြင့် သခင်မချိုင်ကဲ့သို့ ထွက်ခွာလိုသူတစ်ဦးအတွက် ပို၍လွယ်ကူ၏။ သူမသည် ရှုပ်ထွေးသောလှုပ်ရှားမှုများကို ရှောင်ရှားရန် အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။ အနီးအနားရှိလူများက ထိုအရာကို မြင်သောအခါ သူတို့ သိပ်အလေးအနက် မထားကြပေ။ သူတို့သည် ဤတာအိုဆရာကြီးသည် သခင်မလေးအတွက် အခမ်းအနားတစ်ခု လုပ်ပေးနေသည်ဟုသာ ခံစားရ၏။
မည်သို့ပင်ဖြစ်စေ မုန့်ကျိဖန်သည် ငိုကြွေးနေပြီး လဲလျောင်းနေ၏။
••••••
အခန်း ၁၁၄၀။ နေ့စဥ်နဲ့အမျှ ကိုယ်ကျင့်တရားများ လျော့ပါးနေ၏။
ရှဲ့ချောင်သည် မျက်နှာတွင် အမူအရာပျက်နေသည်။
“တာအိုဆရာမ၊ ဒီလူက သတိလစ်နေတယ်။ ဆရာမက ကိုယ့်ကိုယ်ကို အသိစိတ်နဲ့ ဒီသခင်မလေးကို လျစ်လျူရှုလို့ မရဘူးမလား”
“ဟုတ်တယ် တာအိုဆရာမ၊ ကျွန်တော် သူ့ကို သနားတယ်၊ ဘာတွေဖြစ်နေတာလဲ၊ တာအိုဆရာ ဒီသခင်မလေးဆီကနေ ပိုက်ဆံအများကြီး ယူထားတာလား…”
ပတ်ဝန်းကျင်နေရာတိုင်းတွင် ရပ်ကြည့်နေသူများ အမြောက်အမြားရှိနေ၏။
လူများ ပို၍ပို၍များလာသောကြောင့် ရှဲ့ချောင်သည် ပိတ်မိသွားသည်။
သူမသည် မြေပြင်ပေါ်ရှိ မုန့်ကျိဖန်ကို အားမလိုအားမရကြည့်ကာ ခြောက်ကပ်စွာချောင်းဆိုးလိုက်၏။ သူမက “ကျေးဇူးပြုပြီး နားလည်မှုလွဲမသွားပါနဲ့။ ဒီဆင်းရဲသားတာအိုဆရာက ဒီသခင်လေးကို နှစ်သိမ့်ဖို့ပဲ ကြိုးစားနေတာပါ။ ဒီသခင်လေးက သူ့ရဲ့နှလုံးသားထဲမှာ ရောဂါတစ်ခုနဲ့ မွေးဖွားလာတာ။ သူက သူ့ခန္ဓာကိုယ်ထဲမှာ အမျိုးသမီးတစ်ယောက် ဝင်ပူးနေတယ်လို့ အမြဲခံစားနေရတာ။ ကျွန်မက သူ့ကို မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ဝင်ပူးနေတာကို မြင်လိုက်လို့ သူ့ကို စကားပြောပေးခဲ့တာ။ ဖြစ်နိုင်တာက သူ့ဝမ်းနည်းပူဆွေးမှုတွေအကြောင်းပြောမိလို့ ငိုရင်းနဲ့ သတိလစ်သွားတာ ဖြစ်လိမ့်မယ်... ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ သိပ်မကြာခင်မှာပဲ သူ သတိရလာလိမ့်မယ်”
ရှဲ့ချောင်သည် ထိုသို့ပြောပြီးနောက် အဆောင်ကို အလျင်အမြန်ယူကာ မုန့်ကျိဖန်၏ခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။
“သူက သခင်မလေးဖြစ်နေတာ သေချာတယ်။ ဖျားနာနေတဲ့ သခင်လေးတစ်ယောက်နဲ့ မတူဘူး။ ဘယ်လိုလုပ် ယောက်ျားတစ်ယောက်က ဒီလိုပုံစံဖြစ်နေနိုင်တာလဲ” အချို့လူများသည် သံသယဝင်နေကြ၏။
မုန့်ကျိဖန်မှာ ရှဲ့ချောင်၏ရိုက်ချက်ကြောင့် နိုးလာသည်။
သူသည် ထိုင်းမှိုင်းစွာ မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ပတ်ဝန်းကျင်တွင် လူများဝိုင်းရံထားသည်ကို သတိပြုမိ၏။
“သူမ သတိရလာပြီ! တကယ်ကို စွမ်းတာပဲ” အချို့သော လမ်းသွားလမ်းလာများက အော်ဟစ်ကြ၏။ သူတို့ပြောသည်မှာ ဘာကိုဆိုလိုသည်ကို သူနားမလည်ပေ။
သူ ခဏမျှစဉ်းစားပြီးနောက် သူ့ကို မကောင်းဆိုးဝါးဝိဉာဉ်ပူးကပ်ထားခဲ့သည်ကို သတိရသွား
သည်။ သူသည် ချက်ချင်းပင် မြေပြင်ပေါ်မှထကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ “ငါ ဘာလို့ ဒီမှာ ရှိနေတာလဲ… မင်း ငါ့ကို ဒီကို ခေါ်လာတာလား။ သူ ဘယ်မှာလဲ”
“ကျွန်မ သူ့ကို ဖမ်းထားလိုက်ပြီ” ရှဲ့ချောင်က ချက်ချင်းပြော၏။
“ဖမ်းထားလိုက်ပြီလား” မုန့်ကျိဖန်မှာ အံ့အားသင့်သွား၏။ ဤတာအိုဆရာသည် ဤမျှ အရည်အချင်းရှိမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
သူသည် အသံအက်အက်ဖြင့် ပြော၏။ အစပိုင်းတွင် အခြားသူများက တာအိုဆရာ လိမ်ပြောနေသည်ဟု ထင်ကြသော်လည်း ယခုအခါ သူ့အသံကိုကြားရသောအခါ သူတို့ရှေ့တွင်ရှိသော လှပသောသခင်မလေးသည် အမှန်တကယ်တွင် ယောက်ျားအစစ်ဖြစ်သည်ကို ပို၍ပင် သေချာသွားကြသည်။
“ကိုယ်ကျင့်တရားတွေက တစ်နေ့ထက်တစ်နေ့ ပိုကျဆင်းနေတာပဲ…” အဘိုးအိုတစ်ယောက်သည် မုန့်ကျိဖန်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်၏။
ဘယ်လောက်တောင် ကောင်းတဲ့ လူငယ်လေးလဲ? ဘာလို့ အမျိုးသမီးအဖြစ် ဟန်ဆောင်ချင်ရတာလဲ?
မောက်မာသည့်အသွင်အပြင်ရှိသော သန်မာထွားကြိုင်းသည့် ယောက်ျားနှစ်ဦးလည်း ရှိ၏။ သူတို့သည် မုန့်ကျိဖန်ကို အစပိုင်းတွင် စွဲမက်သောမျက်လုံးများဖြင့် စိုက်ကြည့်ကြရာမှ ရွံရှာသော အကြည့်သို့ ပြောင်းသွား၏။
မြို့ငယ်လေးတွင် ဤသို့သောအသွင်အပြင်နှင့် ဝတ်စားဆင်ယင်ထားသည့် သခင်မလေးများ များများစားစားမရှိပေ။ တစ်ဦးတည်း ရုတ်တရက် ပေါ်လာသောအခါ သူတို့သည် အလွန်ပျော်ရွှင်ကြပြီး အကြိမ်အနည်းငယ် ပိုမကြည့်ဘဲ မနေနိုင်ကြပေ။ မည်သို့ဖြစ်မည်ကို မည်သူသိနိုင်မည်နည်း၊ အမှန်တကယ်တွင် ယောက်ျားတစ်ယောက်ဖြစ်နေ၏။
“ဘာဖြစ်တာလဲ” မုန့်ကျိဖန်သည် ထိုင်းမှိုင်းစွာ မေး၏။
သူ စကားပြောပြီးနောက် ရုတ်တရက် သူ၏အဝတ်အစားများကို သတိထားမိသွားသည်။
ချက်ချင်းပင် သူ့တစ်ကိုယ်လုံး ကျောက်ရုပ်လို ဖြစ်သွား၏။
သူ... သူသည် အမျိုးသမီးအဝတ်အစားများကို ဝတ်ထားဆဲ။
ဤအချိန်တွင် သူမ၏ဆရာတူညီလေးများ၏ ပျော်ရွှင်မှုကို သူမခံစားလိုက်ရသည်ဟု ရှဲ့ချောင် အဘယ်ကြောင့် ခံစားနေရသနည်း။ သူမ၏ဆရာတူညီလေးများက သူ့အစ်ကိုကြီးမှ သူမကို စိတ်ပျက်အားငယ်နေသော မျက်နှာဖြင့် လိုက်ပို့ပေးသည်ကို မြင်သောအခါ သူတို့၏စိတ်အခြေအနေ
သည် ယခုသူမခံစားနေရသည့် စိတ်အခြေအနေနှင့် အတူတူပင် ဖြစ်နေနိုင်ပါသလား။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ထိုသို့လည်း မဟုတ်ပေ။ ထိုသည်မှာ ပို၍ဆိုးရွားနေပေလိမ့်မည်။
သူမ၏ဆရာတူညီလေးများသည် သူမနှင့် မနှိုင်းယှဉ်နိုင်ပေ။
“ငါတို့ ဘယ်မှာလဲ။ ငါ့ကိုအမြန်ဆုံးခေါ်သွားပါဦး” မုန့်ကျိဖန်မှာ စိုးရိမ်ပူပန်နေ၏။
“စိတ်မပူပါနဲ့၊ ဒီကိစ္စက နန်းမြို့တော်အထိ ပျံ့နှံ့သွားမှာမဟုတ်ပါဘူး” ရှဲ့ချောင်သည် ကြင်နာစွာပြုံးသည်။ “မင်း အခု ပြန်လို့ရပြီ။ ဒါပေမဲ့ အရင်ဆုံး ချီးကျူးစကားတချို့ပြောပါ။ ငါ အဲ့ဒါတွေကို နားထောင်ချင်တယ်”
မုန့်ကျိဖန်သည် သူမကို စိုက်ကြည့်လိုက်၏။
သူမက တစ်မျိုးလား?! ဘယ်လိုလုပ် အခြေအနေကို အခွင့်ကောင်းယူရက်တာလဲ?
ရှဲ့ချောင်သည် သူမ၏ မှောင်မည်းနေသောမျက်လုံးများဖြင့် ကြည့်သည်။ “မင်း လုပ်မှာလား။ မင်း သဘောတူညီစွာ လုပ်ရင် အနာဂတ်မှာ ဖြစ်လာမယ့် ဘေးအန္တရာယ်ကို ငါကူညီဖြေရှင်းပေးမယ်”
“ငါ့မှာ ဘယ်လိုလုပ် ဒီလောက်များတဲ့ ဘေးအန္တရာယ်တွေ ရှိမှာလဲ” မုန့်ကျိဖန်သည် ပေါက်ကွဲတော့မတတ် ဖြစ်၏။
ရှဲ့ချောင်သည် ခေါင်းခါ၏။ “ကျွန်မ တိတိကျကျ မပြောနိုင်ဘူး။ ကျွန်မထင်တာကတော့... မင်း အရင်ကအတိုင်းပဲ ဆက်ရှိနေမယ်ဆိုရင် အများဆုံးအသက်သုံးဆယ်အထိပဲ ရှင်သန်နိုင်မယ်၊ ပြီးရင် မင်းသေဆုံးသွားပါလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ရှဲ့ချောင်သည် စကားခဏရပ်ကာ “ဒီဗေဒင်အတွက် မင်း ပေးရပါမယ်။ ငါတို့ ပြန်ရောက်တဲ့အခါ မင်း ငါ့ကို ရွှေ ၁၀၀ ပေးရမယ်” ဟု ပြော၏။
“မင်းပိုက်ဆံအတွက် ရူးနေတာလား။ စကားအနည်းငယ်လေးပြောတာက ရွှေ ၁၀၀ တောင် တန်နေပြီလား” မုန့်ကျိဖန်သည် သူမကို ခုတ်သတ်ပစ်လိုစိတ်ပေါက်သွား၏။
သို့သော် ရှဲ့ချောင်က မစိုးရိမ်ပေ။ “ဒီဆင်းရဲသားတာအိုဆရာက အတည်ပြောနေတာ။ မင်းမယုံရင် နန်းမြို့တော်ကို ပြန်ရောက်ရင် စောင့်ကြည့်နေ။ မင်းနန်းမြို့တော်ကို ပြန်ရောက်ပြီးတာနဲ့ လှပတဲ့အမျိုးသမီးတစ်ယောက်ကို ရရှိပြီး မင်းလောင်းကစားလုပ်ထားတဲ့ ပိုက်ဆံတွေကိုလည်း ဆုံးရှုံးမယ်လို့ ငါလောင်းရဲတယ် ဒါက နှစ်ထပ်ကွမ်းဘေးအန္တရာယ်ပဲ”
•••••