← Chapters

အခန်း (၁၁၄၁-၁၁၄၄)

Vol. 59 Ch. 1141-1144

အခန်း (၁၁၄၁-၁၁၄၄)

Vol. 59 Ch. 1141-1144

အခန်း၁၁၄၁။ မျိုးရိုးကို စော်ကားခြင်း

ချိုင်အားနျန် ထွက်သွားသည်နှင့် မုန့်ကျိဖန်၏ ကံဆိုးမှုက ချက်ချင်း ပြေလည်သွား၏။ သို့သော် ကံဆိုးမှုများ ဖယ်ရှားလိုက်သည်နှင့် အခြားသေးငယ်သည့် ကံဆိုးမှုများကို ပိုမိုရှင်းလင်းစွာ မြင်တွေ့ရတော့သည်။

“ကံဆိုးမှု နှစ်ခုတောင်လား၊ သခင်မလေးတစ်ယောက် ရမယ်ဆိုရင် ဒါကကောင်းချီးမင်္ဂလာ မဟုတ်ဘူးလား” မုန့်ကျိဖန် မယုံကြည်ပေ။

သို့သော် ဤဆရာမ၏ စကားသည် အတော်လေး ထိတ်လန့်စရာပင်။ အသက် သုံးဆယ်အထိပင် အသက်ရှင်နိုင်မည်မဟုတ်ဟု ဆိုသည်။ ဤသည်မှာ တိုတောင်းလွန်းသည် မဟုတ်ပါလား။

ရှဲ့ချောင်သည် မျက်ခုံးပင့်ကာ ပြုံးပြုံးလေး ပြောလိုက်၏။ “ရှင့်ရဲ့ အချစ်ရေးကံကြမ္မာက အတော်လေးကို အသက်အန္တရာယ် ရှိပုံရတယ်။”

မုန့်ကျိဖန်၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လာ၏။

သူ အဲလောက်တော့ မဆိုးရွားလောက်ဘူး မလား?

သခင်မလေးတစ်ယောက်နဲ့၊ နောက်ထပ် ဘေးအန္တရာယ်တစ်ခု?

သို့သော်လည်း ယခုအချိန်အတွက်မူ သူ ဦးစွာ ထွက်ခွာရမည်။ ဤမိန်းမဝတ်စုံကို ဝတ်ဆင်ရသည်မှာ သူ့အတွက် မခံမရပ်နိုင်ဖြစ်နေသောကြောင့် သူက “ဒါဆို ပြန်ရောက်မှပဲ ပြောကြတာပေါ့။ ဆရာမမော့...ကျေးဇူးပြုပြီးတော့...” ဟူ၍သာ ပြောနိုင်တော့သည်။

“ချီးကျူးစကားလေးနည်းနည်းလောက် ပြောပါဦး” ရှဲ့ချောင်က အလေးအနက်ထားဟန်ဖြင့် ပြောလိုက်သည်။

မုန့်ကျိဖန်၏ မျက်ခွံများ လှုပ်ခတ်သွားပြီး သွားကိုတင်းတင်းကြိတ်ကာ “ ဆရာမမော့က ကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ ဒါကြောင့်... သေးသိမ်မနေပါနဲ့ ...”

သူသည် မော့ချူးရှန်းမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်ဟု ပြောနှင့်ပြီးဖြစ်၏။

သူက လိမ်ညာသူမဟုတ်။

ဤသည်မှာ လုံလောက်သည် မဟုတ်ပါလား။

ရှဲ့ချောင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ခေါင်းညိတ်လိုက်သည်။ “ဒီ အညာတရဆရာသခင်က ရှင့်လို ကလေးတစ်ယောက်အတွက်နဲ့ သေးသိမ်မှာ မဟုတ်ပါဘူး ”

သို့သော် ဤနှစ်ရက်တာအတွင်း မုန့်ကျိဖန်အတွက် ဗေဒင်ဟောစဉ် သူမသည် ကောင်းကင်၏ လျှို့ဝှက်ချက်တချို့ကို ဝိုးတဝါး မြင်လိုက်ရသည်။ ဤလူသည် သူမနှင့် ဆရာ-တပည့် ကံကြမ္မာအနည်းငယ် ဆက်စပ်နေပုံရသည်။

ရှဲ့ချောင်သည် စိတ်ထဲတွင် အနည်းငယ် စက်ဆုပ်မိသွား၏။

မုန့်ကျိဖန်က လူကောင်းတစ်ယောက်မဟုတ်ပေ။ သူသည် ဘာမှ အသုံးမကျသော သခင်လေးတစ်ယောက်သာဖြစ်၏။ သူက သူမ၏ဂိုဏ်းကို မည်သို့ စော်ကားနိုင်မည်နည်း။

ကံကောင်းစွာပင် ဤကံကြမ္မာ အနည်းငယ်သည် မသေးငယ်ဘဲ ပြောင်းလဲနိုင်သော အကြောင်းအရာများစွာရှိ၏။ ဤသည်ကို သေချာမှုတစ်ခုအဖြစ် မှတ်ယူ၍မရပေ။

မုန့်ကျိဖန်သည် မော့ချူးရှန်းက သူ့ကို ကြမ်းတမ်းစွာ ဆက်ဆံသည်ဟု အမြဲခံစားနေရသည်။ သွားများကို တင်းတင်းကြိတ်ပြီး သူ့အား ကောင်းမွန်သောစကားများ ပြောပြီးနောက် သူမသည် သူ့ကို ပြန်ခေါ်လာပြီး သူဝတ်ထားသည့် အဝတ်အစားများကို ချက်ချင်းလဲခိုင်းလိုက်၏။

ရှဲ့ချောင် သူ့ကို ပြန်ခေါ်လာပြီးနောက် ပတ်ပတ်လည် လမ်းလျှောက်ခဲ့သည်။ နေ့လယ်ပိုင်းတွင် သူမသည် မကောင်းဆိုးဝါးဝိဉာဉ် အနည်းငယ်ကိုပင် ခေါ်ယူခဲ့သေးသည်။

ညဘက်တွင် ဆရာတူအစ်မနှင့် ဆရာတူညီလေးများ ပြန်လည်စုစည်းကြသည်။

မုန့်ကျိဖန်သည် သူတို့ပတ်ဝန်းကျင်ရှိ အငွေ့အသက်များ ပြောင်းလဲသွားသည်ကို ချက်ချင်းခံစားလိုက်ရသည်။

ယခင်က ဆရာရှောင်းသည် မော့ချူးရှန်းကို ကြည့်သောအခါ အထူးသဖြင့် လေးစားမှု ရှိခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့က လိုက်ဖက်သည်ဟု ပြောနိုင်သည်၊ သို့သော် ယခုမူ... သူသည် မော့ချူးရှန်းကို ရှောင်နေပုံပင်။ သူသည် ခေါင်းပင်မဖော်ပေ။ သူသည် အလွန်မပျော်မရွှင်ဖြစ်နေပြီး ဤမျှလောက် စိတ်ဓာတ်ကျနေသည့် ပုံစံကို သူ မမြင်ဖူးပါ။

ဆရာရှောင်းသည် လူကြီးလူကောင်းတစ်ဦးအဖြစ် နာမည်ကြီး၏။ သူက အလွယ်တကူ စိတ်မဆိုးတတ်ကြောင်း ကျောင်းတော်ရှိ လူတိုင်းသိကြသည်။ သူ စိတ်ဆိုးနေလျှင်ပင် နှစ်လိုဖွယ်ကောင်းသော ယဉ်ကျေးသိမ်မွေ့မှု အလုံအလောက်ရှိရမည်။ ဤသို့သော အခြေအနေမျိုးဖြင့် စိတ်ဓာတ်ကျနေသည့် ပုံစံမျိုး သူ မည်သို့ ဖြစ်နိုင်မည်နည်း။

ဟုတ်သား၊ ဆရာစန်းလည်း ရှိသေးတယ်။

သူလည်း ပြောင်းလဲသွား၏။

“ဒီဆရာနှစ်ယောက်ရဲ့ ဝိဉာဉ်တွေလည်း လဲထားကြတာလား” သူ ကျန်းကျင်လုအား လျှို့ဝှက်စွာ

မေးလိုက်သည်။

ကျန်းကျင်လု၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

“ကျွန်တော် တစ်ညပဲ ခန္ဓာကိုယ် ငှားပေးခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ အချိန်အကြာကြီး ဖြစ်သွားသလို ခံစားနေရတာလဲ... တစ်ရက်တည်းနဲ့ လူတစ်ယောက်က ဒီလောက်တောင် ပြောင်းလဲသွားနိုင်လို့လား”

ကျန်းကျင်လုက ပြုံးလိုက်၏။

သူ ဘာမှ မပြောလိုပေ။

မုန့်ကျိဖန် ဤသို့ပြောခြင်းမှာ စန်းယောင်၏ မျက်နှာအမူအရာသည် အလွန်အမင်း စွဲမက်နေသောကြောင့်ဖြစ်သည်။ သူ ပြောနေစဉ်တွင်ပင် ဆရာမ မော့အတွက် ကိုယ်တိုင် လက်ဖက်ရည်ပင် ငှဲ့ပေးနေသည်။ သူက သတိရှိသော အစေခံတစ်ဦးနှင့်တူသည်။ မသိသောသူများက သူသည် မော့ချူးရှန်းအပေါ်တွင် တစ်ခုခု မရိုးသားသည့် ရည်ရွယ်ချက်များ ရှိသည်ဟု ထင်ကြလိမ့်မည်။

“ဟုတ်သားပဲ၊ ဆရာမ ရှဲ့ က ဘယ်ရောက်သွားတာလဲ။ ပြီးတော့... အခု အစောင့်တွေလည်း ပိုများလာတယ်...” မုန့်ကျိဖန်က တစ်စုံတစ်ယောက်က သူ့ကို ရှင်းပြပေးရန် မျှော်လင့်နေ၏။

“ပါးစပ်ပိတ်ထား” စန်းယောင်က မျက်လုံးလှန်ကြည့်သည်။ “ဆရာတူအစ်မကို မနှောင့်ယှက်နဲ့”

မုန့်ကျိဖန်၏ မျက်နှာအမူအရာသည် ပုံပျက်ပန်းပျက်နီးပါး ဖြစ်သွားသည်။

“ဆရာ စန်း၊ ခင်ဗျားလည်း ဆရာမ မော့ ကို ဗေဒင် မေးချင်တာလား။ ဒါမှမဟုတ် ဆရာမ မော့က ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေကို သိနေတာလား” မုန့်ကျိဖန်သည် တခြားရှင်းပြချက်ကို ရှာမတွေ့နိုင်သည်မှာ အမှန်ပင်။

“အဓိပ္ပာယ်မရှိတာ! ဆရာတူအစ်မက ကောင်းကင်ဘုံနဲ့သက်ဆိုင်တဲ့သူဟာ၊ ငါတို့လို လူတွေက သူမကို သဘာဝအတိုင်း ချီးကျူးရမှာပေါ့၊ သူ့အတွက် အစေခံပေးတာက မှန်ကန်တဲ့ အရာပဲ” စန်းယောင်က သူမကို ပြုံးနေရင်း ချီးကျူးလိုက်သည်။

သူသည် သူမ၏ ဖုံးကွယ်ထားမှုကို မြင်နိုင်ရန် အစွမ်းကုန် ကြိုးစားနေ၏။

•••••••

အခန်း ၁၁၄၂။ သင့်တော်တဲ့လူ တစ်ယောက်မှမရှိ

စန်းယောင်၏ မြှောက်ပင့်စကားသံသည် အလွန်ကျယ်လောင်လွန်းသဖြင့် မုန့်ကျိဖန်အား အံ့အားသင့်စေကာ သူ့မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်သွား၏။

“အိုး မဟုတ်သေးပါဘူး၊ ဒီဆရာကြီးနှစ်ယောက်ကတော့ စရိုက်လက္ခဏာ ဒီလောက်ပြောင်းလဲသွားရလောက်အောင်ကို တော်တော်နေမကောင်း ဖြစ်နေကြတာပဲ”

မုန့်ကျိဖန်က ဤအပြောင်းအလဲသည် ယာယီဟု ထင်ခဲ့သည်။ သို့သော်လည်း ကျန်ရှိသည့်အချိန်များတွင်လည်း ဤအတိုင်းဖြစ်နေမည်ဟု သူ လုံးဝမမျှော်လင့်ခဲ့ပေ။ ဆရာရှောင်းသည် မည်သူ့ကိုမျှ မကြည့်လိုတော့ပေ။ ဆရာစန်း၏ အချစ်ကဗျာများသည်လည်း တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်ပေါ်လာသည်။ သူသည် မကြာသေးမီက ကဗျာများစွာ စားသုံးခဲ့သကဲ့သို့ ဖြစ်နေပြီး သူ၏ ရေးသားနိုင်စွမ်းသည် အံ့ဩစရာကောင်းလှသည်။

ဒီ သခင်လေးကျန်းနှင့်ကတော့...

သူသည် မကောင်းဆိုးဝါးဝိဉာဉ်များကို မြင်နိုင်ခဲ့ပြီးသည့်နောက်ပိုင်းတွင် အမြဲတမ်း ထိတ်လန့်နေသည်။ သူက တစ်ခါတစ်ရံတွင် အော့အန်နေပြီး အတော်လေး သနားစရာကောင်းလှသည်။

သို့သော်လည်း လျှို့ဝှက်စွာဖြင့် အသနားဆုံးပုဂ္ဂိုလ်မှာ သခင်ကြီးလီမှလွဲပြီး အခြားသူမဟုတ်ပေ။

သူသည် ဤဘဝတွင် ဤမျှများပြားသော တပည့်များကို လက်ခံရန်အတွက် ယခင်ဘဝက မည်သို့သော အကုသိုလ်ကံမျိုးကို ကျူးလွန်ခဲ့ပါသနည်း။

တစ်ယောက်မှ သင့်တော်တဲ့သူမရှိခဲ့ပေ။

မုန့်ကျိဖန်သည် နောက်ထပ်တစ်ည ထပ်မံ သည်းခံရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ နောက်တစ်နေ့မနက်တွင် သူသည် နန်းမြို့တော်သို့ နောက်ဆုံးတွင် ပြန်ရောက်လာခဲ့သည်။ သူက သက်ပြင်းချလိုက်၏၊ သူ အသက်ရှင်ခဲ့သမျှ ထိုမျှလောက်အထိ ရှက်ရွံ့ဖူးခြင်း မရှိခဲ့ပေ။ သူက ဤဆရာများနှင့်အတူ တစ်ခါမျှ မနေခဲ့ဖူးပေ။ ဤသည်မှာ အလွန်ခက်ခဲလှ၏... သူက အသက်ရှူခြင်းပင် မှားယွင်းနေသည်။

အထူးသဖြင့် မော့ချူးရှန်း...

သူမက သူ့အပေါ် တကယ်ပင် တင်းကျပ်စွာ ဆက်ဆံသည်၊ သူ စားသောက်နေသည့်အခါ၌ပင် သူမရှေ့တွင် ဖြည်းဖြည်းဝါးပြီး မျိုချရသည်၊ တစ်ခါတစ်ရံတွင် သူမသည် သူ့ကို တာအိုကျမ်း ကျမ်းစာအချို့အကြောင်း မေးလေ့ရှိသည်!

သူက ဘယ်လိုလုပ် သိပါ့မလဲ?! သူသည် ဤမျှလောက်ကြာအောင် အသက်ရှင်လာခဲ့သော်လည်း

မည်သည့်ကျမ်းစာကိုမျှ မဖတ်ခဲ့ဖူးပေ။ သူက သူ့အဘွားအရွယ်မဟုတ်သောကြောင့် ထိုအရာများကို စိတ်မဝင်စားပေ။

ဘေးအန္တရာယ်ကို ဖြေရှင်းရန်အတွက် သူမကို ရှာရမည်ဟူသောအချက် မရှိခဲ့လျှင် သူသည် နာခံမှုရှိရှိ နားထောင်ခဲ့မည်မဟုတ်ပေ။

လွန်ခဲ့သည့်နှစ်ရက်ခန့်က ရှက်ရွံ့နေပြီးနောက် နန်းမြို့တော်သို့ ပြန်ရောက်လာသည့်အခါ မုန့်ကျိဖန်သည် သူ့ကိုယ်သူ တကယ်ပင် လွတ်လွတ်လပ်လပ် နေလိုက်သည်။

သူက သူ့သူငယ်ချင်းကောင်းများကို ချက်ချင်း ရှာခဲ့သည်။

ဤအစ်ကိုများက သူ့နှင့်အတူ ကြီးပြင်းလာခဲ့ပြီး သူ့နှင့်ရင်းနှီးသော ဆက်ဆံရေးရှိကြ၏။ ထိုအချက်မရှိပါက သူတို့သည် သူ့ကိုစွန့်ပစ်ပြီး ထွက်ပြေးခဲ့သည့် ဤလူများနှင့် အဆက်ဖြတ်လိုက်ပြီဖြစ်သည်။

“ခေါင်းဆောင်၊ မင်း တကယ်ပဲ အကောင်းပကတိအတိုင်း ပြန်လာတာလား၊ ဘယ်လိုလဲ၊ အိမ်ရှေ့စံမင်းသားက မင်းကို မရိုက်ဘူးလား” သူတို့ရောက်သည်နှင့် ချက်ချင်း သေသေချာချာ ကြည့်ရှုလိုက်ကြသည်။

သူက တော်တော်လေးကောင်းမွန်ပုံရသော်လည်း... စိတ်အခြေအနေက ကောင်းပုံမပေါ်ပေ။

“မင်းက ဘယ်လိုတောင်ပြောရဲတာလဲ။ မင်း ငါနဲ့လိုက်မယ်လို့ ကတိပေးခဲ့တယ်လေ၊ ဒါပေမဲ့ ဘာဖြစ်ခဲ့တာလဲ” မုန့်ကျိဖန်က သူတို့ကို မျက်လုံးလှန်ကြည့်လိုက်ကာ “မင်းတို့ အိမ်ရှေ့စံမင်းသားကို မြင်တော့ မင်းတို့ရဲ့ဝိညာဉ်တွေ ထွက်သွားတယ်ပေါ့! သူ တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတာလား!”

ထိုစကားကို ကြားသောအခါ သူတို့သည် သူ့အား အားကိုးရာမဲ့စွာ ကြည့်လိုက်ကြ၏။ “ခေါင်းဆောင်၊ ဘယ်လိုထင်လဲ။ အိမ်ရှေ့စံမင်းသားက ကြောက်စရာမကောင်းဘူးဆိုရင် ငါတို့ ထွက်မပြေးဘူး။ ဒါ့အပြင် အဲ့ဒီဆရာနှစ်ယောက်လည်း အဲ့မှာရှိနေတယ်။ ငါတို့က နွေဦးရာသီ အပျော်ခရီး အပျော်ခရီးထွက်ကြမှာလား ဒါမှမဟုတ် ဟောပြောပွဲကို နားထောင်ကြမှာလား”

“မှန်တယ်။ ငါတို့အားလုံးက ငတုံး ငအတွေပဲ။ စကားမပြောခင် မစဉ်းစားတတ်ကြဘူး၊ လူတွေကို စော်ကားရတာ လွယ်တယ်၊ အိမ်ရှေ့စံမင်းသားက စိတ်ဆိုးလာခဲ့ရင် ငါတို့လည်း ကောင်းကောင်းမွန်မွန် အဆုံးသတ်ရမှာ မဟုတ်ဘူး”

“ခေါင်းဆောင်၊ မင်းကတော့ မတူဘူး။ မင်းက အိမ်ရှေ့မင်းသားကို ဘယ်လောက်ပဲ စော်ကားစော်ကား၊ သူလုပ်နိုင်တာက မင်းကို ဆူပူရုံပဲ။ စတုတ္ထမင်းသားက မင်းကို ကာကွယ်ပေးထားတော့ မင်းရဲ့ခေါင်းကလည်း အကောင်းပကတိပဲ”

သူတို့ စကားပြောနေစဉ် မုန့်ကျိဖန်က နှာခေါင်းရှုံ့လိုက်သည်။

“တော်ပြီ၊ ဒီအသုံးမဝင်တဲ့အရာတွေ မပြောကြနဲ့တော့။ မင်းတို့ရဲ့ တောင်းပန်မှုကို ငါ မတတ်သာဘဲ လက်ခံလိုက်ပါမယ်၊ ဒါပေမဲ့ မင်းတို့ရဲ့ ရိုးသားမှုကို ငါ့ကို ပြရမယ်လေ မဟုတ်ဘူးလား” မုန့်ကျိဖန်က မျက်နှာပြောင်တိုက်စွာ ပြောလိုက်သည်။

သူတို့အားလုံး လျှို့ဝှက်စွာဖြင့် တီးတိုးပြောဆိုကြသည်၊ သူတို့က တောင်းပန်စကား လုံးဝမပြောခဲ့ပေ...

သို့သော် မုန့်ကျိဖန်သည် သူ့ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းထားရမည်။

“သေချာပါတယ်။ ငါ့အိမ်မှာ အခုမှ အလုပ်ခန့်ထားတဲ့ အဆိုတော်အသစ်တွေ ရှိတယ်။ သူတို့ထဲက နှစ်ယောက်က ရုန်တောင်တန်းက လာတာ၊ အရမ်းကို လှပကြတယ်၊ သူတို့ရဲ့ မျက်လုံးတွေက ကျောက်မျက်ရတနာတွေလိုပဲ၊ ခါးတွေကလည်း သေးသွယ်ပြီး နူးညံ့တယ်၊ ခေါင်းဆောင်၊ မင်း ကြည့်ချင်လား” သူတို့ထဲက တစ်ယောက်က အလျင်အမြန်မေးလိုက်သည်။

မုန့်ကျိဖန်က သွားချင်နေသည်။

သို့သော်လည်း သူက မော့ချူးရှန်းပြောခဲ့သည့်အရာကို ရုတ်တရက် သတိရလိုက်သည်။

သူမပြောသည်က သူ နန်းမြို့တော်သို့ ပြန်လာသည့်အခါ ဘေးအန္တရာယ်နှစ်ခုရှိမည်ဟု ပြောခဲ့သည်၊ တစ်ခုမှာ အလှတရားဖြစ်ပြီး နောက်တစ်ခုမှာ လောင်းကစားပွဲဖြစ်သည်...

“ဘာဖြစ်တာလဲ၊ ခေါင်းဆောင်။ ဆရာတွေနဲ့ အတူတူသွားပြီးနောက် တကယ်ပဲ နာခံတတ်လာပြီလား” တစ်စုံတစ်ယောက်က သူ့ကို နောက်ပြောင်လိုက်သည်။

•••••

အခန်း ၁၁၄၃: သူမက သူ့ရင်ကို နာကျင်စေခဲ့တယ်

မုန့်ကျိဖန်သည် အစပိုင်းတွင် သံသယများ ရှိခဲ့သော်လည်း သူ့သူငယ်ချင်း၏ စကားကို ကြားလိုက်ရသည့်အခါ စိတ်အလိုမကျ ဖြစ်သွားသည်။ သူက တကယ်ပင် အလွန်အမင်း သတိထားခဲ့သည်ဟု ခံစားရ၏။ မော့ချူးရှန်းသည် အနာဂတ်ကို တကယ်ပဲ ဟောကိန်းထုတ်နိုင်သည်တဲ့လား။

“သွားကြမယ်!” သူ တိုက်ရိုက်ပြန်ပြောလိုက်သည်။

ဤခရီးစဉ်သည် သူ့ကို တကယ်ပင် မျက်စိပွင့်စေခဲ့သည်။

သူ့သူငယ်ချင်းမှ အသစ်ခေါ်လာခဲ့သည့် အလှပဂေးအချို့သည် အမှန်တကယ်ပင် အဆင့်အတန်းမြင့်၏။ အချို့မှာ ပြည့်ပြည့်ဖုံးဖုံးနှင့် လှပကြသော်လည်း အချို့မှာမူ မျက်ခုံးလှလှနှင့် သွယ်လျသောခါး ရှိကြသည်။ အထူးခြားဆုံးမှာ ရုန်တောင်တန်းမှ လာသော အလှပဂေးနှစ်ဦးပင်ဖြစ်သည်။ သူတို့၌ စိမ်းပြာရောင်မျက်လုံးတစ်စုံရှိပြီး အလွန်ဆွဲဆောင်မှု ရှိကြသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သူသည် သူတို့နှစ်ဦးကို မြတ်နိုးသွားခဲ့သည်။

ဤသူငယ်ချင်းက သူ့ကို စိတ်ပျက်စေခဲ့သည်ကို သိထားသောကြောင့် အလွန် ရက်ရောကာ ထိုအလှပဂေးနှစ်ဦးကို သူ့အား တိုက်ရိုက်လက်ဆောင်ပေးခဲ့သည်။

မုန့်မျိုးရိုးသည် တကယ်တော့ အတော်အသင့် ကောင်းမွန်သည့်မျိုးရိုး ဖြစ်သည်။ မဟုတ်ပါက၊ တော်ဝင်ကိုယ်လုပ်တော်မုန့်ကဲ့သို့ သီလနှင့် ပြည့်စုံသည့် အမျိုးသမီးတစ်ဦးကို ပြုစုပျိုးထောင်ပေးနိုင်မည် မဟုတ်ပေ။ မုန့်ကျိဖန်ကသာ အနည်းငယ် ကွဲပြားနေ၏။ သူက ပထမဇနီးမှ မွေးဖွားသောသား ဖြစ်ပြီး အစ်ကိုတစ်ဦးလည်း ရှိသည်။ သို့သော် သူ့ခန္ဓာကိုယ်က အထူးတလည် အားနည်းနေသဖြင့် အသက်ရှည်ရှည်နေနိုင်မည် မဟုတ်ပေ။ ထို့အပြင်၊ သူ့အစ်ကိုတွင် သားသမီး မရှိသဖြင့် သူသည် မိသားစုအတွင်း အရေးမပါသူကဲ့သို့ ဖြစ်နေသည်။ မုန့်မျိုးရိုးမှ ဘွဲ့ထူးဂုဏ်ထူးသည် အနာဂတ်တွင် သူ့လက်ထဲသို့ သေချာပေါက် ရောက်လာမည် ဖြစ်သည်။

မုန့်ကျိဖန်သည် မုန့်မျိုးရိုး၏ ကလေးများထဲတွင် အတော်ဆုံးလည်း ဖြစ်၏။

မုန့်မျိုးရိုးမှ သခင်မကြီးမှစ၍ အသက်သုံးနှစ်အရွယ် ကလေးငယ်အထိ သူ့ကို မနှစ်သက်သူတစ်ယောက်မှ မရှိပေ။

တော်ဝင်ကိုယ်လုပ်တော်မုန့်သည် သူမ၏ တူလေးကို အလွန်ချစ်ခင်၏။ လောကီအရာများကို စိတ်မဝင်စားသည့် စတုတ္ထမင်းသားသည်လည်း ထိုညီဝမ်းကွဲနှင့် ခင်မင်ရင်းနှီးမှုရှိသည်။

မုန့်ကျိဖန်ကိုယ်တိုင်ပင် နန်းမြို့တော်သို့ မကြာခဏ လာရောက်လည်ပတ်သူ ဖြစ်၏။ ဧကရာဇ်မင်းသည် ထိုလူငယ်များကို အရေးကြီးသည်ဟု ယူဆသည်။ သူ ငယ်ရွယ်စဉ်ကပင် အကြိမ်ပေါင်းများ

စွာ ချီးကျူးခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် မုန့်မျိုးရိုးက သူသည် ပျော်ပျော်နေတတ်သည်ကို တွေ့သောအခါ နန်းတော်ထဲသို့ ပို့ရန် မရဲတော့ပေ။ ဧကရာဇ်မင်းက သူ့ကိုမြင်သောအခါ စိတ်ပျက်သွားမည်ကို ကြောက်သောကြောင့် ဖြစ်သည်။

ယခုအခါ သူသည် နိုင်ငံခြားသူ ချောမောလှပသည့် အမျိုးသမီးနှစ်ဦးကို အိမ်သို့ ခေါ်လာခဲ့သဖြင့် အမတ်ကြီးမုန့် စိတ်မဆိုးလျှင်ပင် ထူးဆန်းလိမ့်မည်။

သူသည် သူ့ကို အကြိမ်များစွာ ပြစ်တင်ဆုံးမခဲ့သည်။

သို့သော်လည်း ၎င်းသည် အသုံးမဝင်ပေ။

အမတ်ကြီးမုန့်သည် အတော်လေး လိမ္မာ၏။ သူသည် အိမ်ရှေ့စံကို စွပ်စွဲသည့်အခါ အသေးအဖွဲဆုံးအရာကိုပင် လွှတ်မပေးပေ။ သို့သော် သူ၏သားကို ရင်ဆိုင်ရသောအခါတွင် သူသည် တကယ်ပင် မလုပ်ရက်နိုင်ခဲ့ပေ။

သူ ရိုက်နှက်ရန် မလုပ်ရက်နိုင်ခဲ့သဖြင့် အကြိမ်အနည်းငယ်သာ ဆူပူနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် အဆိုတော်နှစ်ဦးသာဖြစ်ပြီး ကိုယ်လုပ်တော်များပင် မဟုတ်သေးဟု တွေးလိုက်သည်။ အဆင်ပြေသည်။ သူ နေချင်သလို နေပါစေတော့။

အမတ်ကြီးမုန့်က ဘာမျှ မပြောသဖြင့် အခြားမိသားစုဝင်များသည်လည်း သိပ်ဂရုမစိုက်ကြတော့ပေ။

အိမ်ရှေ့စံနှင့် အခြားသူများ၏ ဖိနှိပ်ခံရသည့် အဖြစ်အပျက်ကို ပြန်တွေးကြည့်ရင်း မုန့်ကျားပေါင်သည် သူ့အိမ်က နတ်ပြည်နှင့်တူသည်ဟု ခံစားခဲ့ရသည်။

တစ်နေ့တာလုံး၊ သူသည် သူငယ်ချင်းများကို ခေါ်ကာ ပျင်းရိငြီးငွေ့မှုများကို ဖြေဖျောက်ရန် အဆိုတော်များ၏ ကခုန်မှုများကို နားထောင်ခဲ့သည်။

သို့သော်လည်း သူသည် သူ့ကိုယ်သူ လုံးဝ အပျော်အပါး လိုက်စားခြင်း မရှိပေ။

သူ့ခြံဝန်းထဲတွင် အမျိုးသမီးအများကြီး မရှိပေ။ ရုပ်ရည်ကောင်းမွန်ပြီး နာခံတတ်သည့် အမျိုးသမီး နှစ်ဦး သုံးဦးသာ ရှိ၏။ သူတို့သည် အတွင်းဘက်သို့ မကြာခဏ မဝင်ကြပေ။ သူက သူတို့၏ အကနှင့် စောင်းတီးမှုများကိုသာ အများဆုံး ကြည့်ရှုခဲ့သည်။ မုန့်မျိုးရိုးက သူ့ကို တစ်ခုတည်းသော တောင်းဆိုချက်သာ ရှိသည်၊ ၎င်းမှာ ငွေအကုန်အကျ မများဖို့ပင်။

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် သခင်မလေး ချိုင်အားနျန်၏ ပူးဝင်ခြင်းကို ခံခဲ့ရသည်။ ဤသည်မှာ အလွန်အကျွံဖြစ်ပုံရပြီး သူ၏ မိသားစုသည် အလွန်စိတ်ဆိုးနေဆဲဖြစ်သည်။ သို့သော်လည်း ယခုအခါ သခင်မလေး ချိုင်အားနျန် ထွက်သွားပြီဖြစ်သောကြောင့် သူ အများကြီး ပိုကောင်းလာသည်ဟု ခံစားရသဖြင့် မုန့်မျိုးရိုးသည် ဘာမျှ ထပ်မပြောတော့ပေ။

ရှဲ့ချောင် ပြန်ရောက်ပြီးနောက် သူမသည် ရှဲ့အိမ်တော်သို့ မသွားခဲ့ပေ။ ယင်းအစား သူမသည် အိမ်ရှေ့စံ၏ အိမ်တော်သို့ တိုက်ရိုက်သွားခဲ့၏။

ရှဲ့ဖင်းကန်း၏ တုံ့ပြန်မှုသည် နှေးကွေး၏။ ထိုနေ့က သူ ဦးစွာ ထွက်ခွာသွားပြီးနောက် သူသည် အရေးကြီးသည့်အရာတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။

၎င်းမှာ ထိုအချိန်က ဆရာမသည် ငွေရှာရာတွင် ကျွမ်းကျင်သော ကျွမ်းကျင်ပညာရှင်လေးတစ်ဦး ဖြစ်သည်ဟူသောအချက်ပင်ဖြစ်သည်!

ယခုအခါ ဆရာမသည် သူ့ ညီမအရင်းဖြစ်သည်ကို သိလိုက်ရသဖြင့် သူ့ ညီမတွင် သူမ၏ ငွေများကို လက်ထဲတွင် ဖွက်ထားသည်ဟု ဆိုလိုသည်လား။ ယခင်က ရတနာသေတ္တာများပင် သူမ၏ အပိုင်များလား?

ထိုသို့ပြောလိုက်သောအခါ လှည့်ဖြားခံခဲ့ရသည့် ရှဲ့ဖင်းကန်း၏ ဒေါသသည် ပို၍ပင် ကြီးမားလာသည်။

နောက်ပိုင်းတွင် ရှီအာထံမှ ရတနာသေတ္တာနှစ်ခုမှ ပစ္စည်းများရှိကြောင်း သူ သိလိုက်ရသည်။

သူမ၏ ညီအစ်ကိုအရင်း ဖြစ်သည့်အတွက် သူ့ကို ငွေတုံးငါးရာသာ ပေးခဲ့၏။

သူမ အိမ်ထောင်ပြုသည့်အခါ သူ့၌ရှိသမျှ အရာအားလုံးကို ပေးခဲ့သည်! ဤရက်စက်သောမိန်းကလေးသည် သူမ၌ ငွေအများကြီးရှိသော်လည်း သူ့အား ငွေမပေးခဲ့ပေ။ သူမက သူ့ရင်ကို နာကျင်စေသည်...။

•••••••

All Chapters