← Chapters

အခန်း (၁၁၆၁-၁၁၆၄)

Vol. 60 Ch. 1161-1164

အခန်း (၁၁၆၁-၁၁၆၄)

Vol. 60 Ch. 1161-1164

အခန်း ၁၁၆၁။ ကံကောင်းခြင်းကို လုယူ

၎င်းပေါ်တွင်ပန်းပွင့်တက်တူးရှိနေဟန်ပင်။

မင်းသမီးတစ်ပါး၏ ခန္ဓာကိုယ်၊ ဆံပင်နှင့် အသားအရေတို့မှာ အဖိုးတန်လှသည်။ သူတို့၏ ခန္ဓာကိုယ်နှင့်ပတ်သက်၍ နောက်ပြောင်၍မရ။ ၎င်းသည် ပန်းတစ်ပွင့်‌ဆိုလျှင်ပင် သာမန်ဟုတ်မနေချေ။

အစေခံမိန်းကလေးသည် ချက်ချင်းပင်ခေါင်းငုံ့၍ ပြန်ဖြေလာ၏။

“ဆရာမ ကျွန်မတို့ရဲ့မင်းသမီးမှာ မွေးကတည်းက မွေးရာပါ အမှတ်ပါလာတာပါ၊ အဲဒါက သိပ်ပြီးကြည့်မကောင်းဘူး၊ စေ့စပ်ပွဲပြီးသွားတော့ မင်းသမီးက သူ့ရဲ့ခင်ပွန်းလောင်းသဘောမကျမှာကိုစိုးရိမ်နေတာ၊ အဲဒါနဲ့ နန်းတွင်းအစေခံတစ်ယောက်ရဲ့စကားကိုနားထောငိပြီး အဲဒီနေရာမှာ ပန်းပွင့်ပုံတက်တူးထိုးလိုက်တာပါ၊ မီးကြာပန်းတစ်ပွင့်လို့တော့ပြောတယ်”

၎င်းသည် မီးတောက်ပမာ အနီရောင်တောက်ပနေကာ အမှန်ကို လှပလှ၏။

“ဘယ်သူဆွဲခဲ့တာလဲ” ရှဲ့ချောင်မေးလိုက်သည်။

“အဲဒီ နန်းတွင်းအစေခံငယ်လေးပါ။ သူက အဲဒီလိုပညာမျိုးကို တစ်ယောက်ယောက်ဆီကနေသင်ဖူးတယ်လို့ပြောတယ်၊ မင်းသမီးကလည်း သူဆွဲထားတဲ့ပုံစံကိုမြင်ပြီး ဆွဲတဲ့နည်းစနစ်ကလည်းသိပ်မဆိုးတာနဲ့ ဆွဲခွင့်ပေးလိုက်တာပါ”

အစေခံမိန်းကလေးက ပြန်ဖြေလေသည်။

ရှဲ့ချောင် မျက်မှောင်ကြုတ်သွား၏။

ဤမီးကြာပန်းနှင့်ပတ်သက်၍ လွဲမှားနေသောအရာမျိုးမရှိ။ မှားယွင်းနေသည်က မင်းသမီး၏ ကိုယ်ရောင်ကိုယ်ဝါပင်။

သူမ၏ ကံကောင်းခြင်းများအား လုယူခံထားရသည်။ သူမ၏ ဒြပ်စင်ငါးသွယ်သည် ကစဥ့်ကလျားဖြစ်လို့နေကာ သူမ၏‌ရွှေရောင်အရှိန်အဝါမှာ လောင်ကျွမ်းနေ၏။ သူမသည် ၎င်းအားဖိနှိပ်လိုက်သင့်သော်ငြား သူမသည် ပုခုံးပေါ်တွင် မီးကြာပန်းပုံအား ရေးထိုးထားပြီးသားဖြစ်နေသည်။ ၎င်း၏ တည်နေရာနှင့်အရွယ်အစားကိုမစဥ်းစားလျှင်ပင် အမြင်အာရုံဖမ်းစားနိုင်လွန်းသည့်အတွက် ရွှေရောင်အရှိန်အဝါအား ပို၍ပြင်းထန်စေလေသည်။

ဤကဲ့သို့သော အရာမျိုးသည် ထူးဆန်းသည်ဆိုသော်ငြား ၎င်းအား ရှင်းပြ၍ရနေဆဲပင်။

ပထမမင်းသမီးသည် ရိုးစင်းပြီးကြင်နာတတ်သူတစ်ယောက်ဟု ယူဆနိုင်၏။ မီးကြာပန်းသည် လှပသည့်တိုင် သူမ၏စိတ်နေစရိုက်နှင့်မကိုက်ညီနေပေ။ ပုံပန်းသွင်ပြင်သည် နှလုံးသားမှပေါက်ပွလာခြင်းဟု ဆိုစေကာမူ လူတစ်ယောက်၏ ပုံပန်းသွင်ပြင်အား မွေးဖွားပြီးနောက်ပိုင်းမှ ပြောင်းလဲခြင်းသည် ထိုလူ၏ စိတ်နေစရိုက်ကိုပါ ပြောင်းလဲသွားစေနိုင်သည်။

ဖြတ်ခနဲကြည့်လိုက်ခြင်းက မသက်မသာဖြစ်စေနိုင်၏။ များစွာသောအရာများကို ကြည့်မိသွားလျှင်မူ မသိသာလှသောလွှမ်းမိုးမှုရှိလာနိုင်သည်။

သိပ်ပြီးမကြာလိုက် ပထမမင်းသမီး၏ အော်ဟစ်သောင်းကြမ်းမှုအောက်တွင်ပင် သူမ၏အဝတ်အစားများအား လဲပြီးသွားခဲ့ကြသည်။

သူမ၏ ဆံပင်ကိုပင် ရှဲ့ချောင်သည် တစ်ဖန်ပြန်ဖြီးစေရန်စေခိုင်း၍ မည်သည့်အရာမှ ဝှက်ထားခြင်းရှိမရှိ အတည်ပြုခဲ့သည်။

သို့နှင့် ပစ္စည်းများပုံနေလေတော့သည်။

ရှဲ့‌ချောင်သည် ၎င်းတို့အား ခဏကြာ ဂရုတစိုက်မွှေနှောက်ရှာဖွေကြည့်နေ၏။

နောက်ဆုံးတွင်မူ အပေါက်ပါဆွဲသီးငယ်တစ်ခုအား တွေ့သွားခဲ့သည်။ ၎င်းသည် ဆံထိုးတစ်ခုမှ ဖြစ်ကာ အင်မတန်မထင်မရှားဖြစ်လွန်းလှ၏။

ရှဲ့ချောင်သည် ထိုအရာအား ယူထုတ်လိုက်သည်။

သူမသည် ထိုပစ္စည်းအား သခင်မရွမ်နှင့် စတုတ္ထမင်းသားတို့အား ပြရန် ယူသွား၏။ သူမက လက်ကိုဖွင့်ပြလျက် “ဒီမှာပဲ”

ရှဲချောင်သည် အလှဆင်ဆွဲသီး၏အတွင်းအားဖွင့်ပြလိုက်ကာ အထဲ၌ အနက်ရောင်အရာတစ်ခုရှိနေသည်။ သူမသည် ၎င်းအားလက်ဖြင့် တိုက်ရိုက်ထိတွေ့ခြင်းမပြု။ သူမခေါင်းပေါ်မှ ငွေဆံထိုးတစ်ချောင်းအား ဆွဲထုတ်၍ ၎င်းအား အကြိမ်အနည်းငယ်မျှ ဆွဲယူလိုက်၏။ ထို့နောက် မျက်မှောင်ကြုတ်လျက်ဖြင့်

“ဒီဟာက တစ်ဖက်လူရဲ့ဆံပင်ရယ်သွေးရယ်နဲ့လုပ်ထားတဲ့ဟာဖြစ်နိုင်တယ် အဲဒါကို သူ့ကိုယ်ပေါ်မှာထားတာတာ”

သခင်မရွမ်သည် ၎င်းအား ညစ်ညမ်း‌သောအရာတစ်ခုအဖြစ်သာမြင်မိ၏။

သို့တိုင် ဆရာမ၏စကားများကြောင့် အနည်းငယ်ရွံရှာမိသွားရဆဲပင်။

“ဒါဆို ဘယ်သူလဲကျွန်မတို့သိလား”

သခင်မရွမ်က မေးလေသည်။

“ဒီအနက်‌ရောင်ဘောလုံးက ဘယ်သူ့အပိုင်လဲ ကျွန်မလည်းမသေချာဘူး။ ဒါပေမဲ့ ကျွန်မဒါကို ရိုးရာပေးဖို့ပြန်ယူသွားလိုက်မယ် အဲဒါဆိုရင် သူ့အလိုလိုတန်ပြန်ထိမှာပဲ။ ဒီဆံထိုးကို ဘယ်သူပေးခဲ့လဲဆိုတာနဲ့ မင်းသမီးကိုယ်ပေါ်မှာ တက်တူးထိုးပေးဖို့ နန်းတွင်းအစေခံကိုစီစဥ်ခဲ့တဲ့သူကိုတော့ ကြင်ယာတော်ရွမ်ရှာနိုင်မယ်လို့ ကျွန်မယုံပါတယ်”

သခင်မရွမ်သည် အစေခံမိန်းကလေးအား စိုက်ကြည့်လိုက်၏။

အစေခံမိန်းကလေးသည် ပျာပျာသလဲ ဒူးထောက်ချကာ

“ဒီဆံထိုးကို သခင်လေးထိုက် ပေးထားတာပါ။ မင်းသမီးက အဲဒါကိုမြတ်နိုးတာနဲ့ နေ့တိုင်းဝတ်ထားတာပါ”

သခင်လေးတိုက်သည် ပထမမင်းသမီး၏ ခင်ပွန်းလောင်းဖြစ်၏။

စင်စစ် အစေခံမိန်းကလေးသည် များများစားစားပြောပြနေရန်ပင်မလို။ ဤပြသနာသည် ကြင်ယာတော်မင်းသမီးနှင့် ကျိန်းသေပေါက် ပတ်သတ်မည်မှန်း ရှဲ့ချောင်လည်းသိသည်။

ယခင်က ပထမမင်းသမီးတွင် အချစ်ရေးကပ်ဆိုးတစ်ခုရှိနေကြောင်း သူမ၏မျက်နှာပေါ်တွင် ရှဲ့ချောင်မြင်ဖူးထားပြီးလေပြီ။ ထိုအချိန်၌ ဤအစီအရင်သည် မသိသာသေးသည့်အတွက် သူမရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့၏။ ယခုတွင်မူ အစီအရင်ဖြင့် ဖိနှိပ်ခံထားရသည့်အတွက် အချစ်ရေးအတိဒုက္ခအား သေချာမကြည့်မိလျှင် မြင်နိုင်မည်မဟုတ်ချေ။

စတုတ္ထမင်းသားသည် ထိုစကားအားကြားရချိန်တွင် ဒေါသထွက်သွားလေသည်။

“ကျေးဇူးအများကြီးတင်ပါတယ် ဆရာမ။ နောက်လည်းကျနေပြီဆို‌တော့ ဆရာမကိုပြန်ပို့ပေးဖို့ လူလွှတ်လိုက်ပါ့မယ်။ ဒီကိစ္စနဲ့ပတ်သပ်ပြီးတော့ ဆုံးဖြတ်ချက်ချဖိုကိုတော့ ကျွန်တော့်ညီကိုပဲ ကိုယ်တိုင်မေးရတော့မယ်”

ထိုသို့ပြောပြီးနောက် စတုတ္ထမင်းသား ထွက်သွားခဲ့သည်။

သူသည် အိမ်ရှေ့စံမင်းသားဆီ ကျိန်းသေပေါက်သွားမည်အား ပြောနေရန်ပင်မလို။

ရှဲ့ချောင်သည် စတုတ္ထမင်းသားအား သူမကိုစောင့်စေချင်ခဲ့သည်… သူနဲ့အတူသွားလို့ရလောက်လား?

သို့သော် အနှီပုဂ္ဂိုလ်သည် ခပ်မြန်မြန်လျှောက်သွားသဖြင့် သူမ၏ နှေးကွေးသောခြေထောက်များက အမှီမလိုက်နိုင်ခဲ့ပေ။

•••••

အခန်း ၁၁၆၂။ ကံကြမ္မာ

အမီမလိုက်နိုင်သည့်အတွက် ရှဲ့ချောင်သည်လည်း သူမကိုယ်သူမ အခက်တွေ့အောင်လုပ်မနေတော့ချေ။ ခေတ္တခဏနေပြီးနောက် ပထမမင်းသမီးအတွက် အဆောင်စာရွက်တချို့ကိုပေးခဲ့လေသည်။

“မကောင်းဆိုးဝါးစွမ်းအင်ကိုဖယ်တာက အဲ့လောက်တော့ မရိုးရှင်းဘူး၊ ပထမမင်းသမီးပြန်ရောက်ရင် အဆောင်ရေကို သုံးကြိမ်သောက်ပါ၊ နန်းတော်ထဲမှာဆို ပန်းတို့ ငှက်တို့ ငါးတို့ကိုမွေးထားဖို့ အကောင်းဆုံးပဲ၊ နေပူဆာမလှုံပါနဲ့ ဒြပ်စင်ငါးသွယ်က အားကောင်းလွန်းနေတဲ့အပြင်ကို မင်းသမီးရဲ့ခန္ဓာကိုယ်ပေါ်မှာ ကြာပန်းတက်တူးကထိုးပြီးသားဖြစ်နေပြီ၊ ဘာမှမတတ်နိုင်တော့ဘူး၊ မင်းသမီးရဲ့ မျက်လုံးအစွန်းနားက မှဲ့ကိုသာ ရွှေအပ်နဲ့ ဖောက်ပစ်ဖို့လိုနေတာ၊ သွေးနည်းနည်းလောက်ထုတ်ထား သွေးကိုဖြုန်းတီးပစ်လို့မဖြစ်ဘူး၊ ပုလင်းတစ်လုံးရှာပြီး သိမ်းထားလိုက်၊ သုံးရက်နေရင် ကျွန်မကို မင်းသမီးရဲ့လက္ခဏာရှစ်ခုနဲ့ လတ်ဆက်တဲ့သွေးလာပေး”

ရှဲ့ချောင် စီစဉ်လိုက်၏။

သခင်မရွမ်သည် ဂရုတစိုက်နားထောင်နေကာ ဆန့်ကျင်ရန်မဝံ့ရဲခဲ့ပေ။

သို့သော် အချိန်အလွန်နည်းနေသည်ဟု ထင်မိ၏။

အချိန်အကြောင်းတွေးမိသောအခါ သခင်မရွမ်သည် မျက်မှောင်ကြုတ်လိုက်ပြန်၍

“ဆရာမ၊ ပထမမင်းသမီးရဲ့ မင်္ဂလာပွဲနေ့ကျရင် ဇာတာကြည့်ပေးလို့ရမလား…”

ထိုပစ္စည်းအား သခင်လေးတိုက်မှ ပေးထားခြင်းဖြစ်သော် ၎င်းသည် ရည်ရွယ်ချက်ရှိရှိလုပ်ခြင်းမဟုတ်ပါက အဆင်ပြေသော်လည်း ရည်ရွယ်ချက်ရှိရှိလုပ်နေခဲ့ခြင်း‌ဆိုသော်…

မင်းသမီး၏ ကံကောင်းခြင်းအား အဘယ်ကြောင့်များ ခိုးယူချင်ရသနည်း?!

သူသာ မင်းသမီးအား ဒုက္ခပေးချင်ပါက ထိုလူအား ကျိန်းသေပေါက် လပ်မထပ်သင့်သည်မဟုတ်လော?!

သို့သော် ဤသို့သောပြဿနာများအား အရှင်မင်းကြီးထံ ရှင်းပြရန်မသင့်တော်လှပေ။ သူမအား မင်းကြီးသာ မယုံကြည်ခဲ့သော် ကြင်ယာတော်ရွမ်ကိုပင် အမှုပတ်စေလိမ့်မည်ပင်….

ရှဲ့ချောင်သည် လက္ခဏာရှစ်ရပ်အား မေးမြန်းကာ ရိုးရှင်းသော တွက်ချက်မှုတစ်ခုကို အရင်ဆုံးပြုလုပ်ခဲ့သည်.

“အပြောင်းအလဲတွေက အများကြီးပဲ၊ ဒီမင်္ဂလာပွဲသာ အောင်‌မြင်ခဲ့မယ်ဆို မင်သမီးအတွက်မ

ကောင်းဘူး၊ တခြားခင်ပွန်းလောင်းတစ်ယောက်ကိုရှာဖို့ ကျွန်မအကြံပေးချင်တယ်”

တစ်ခဏကြာပြီးနောက် ရှဲ့ချောင်ပြန်ဖြေလိုက်၏။

ထိုစကားကြောင့် သခင်မရွမ်၏ နှလုံးသားထဲမှ လေးလံမှုသည် ပို၍ပင် လေးလံလာရသည်။

ဆရာမမော့သည် သူတို့အား ဘယ်တော့မှလိမ်မည်မဟုတ်။ သူမသည် အထက်တန်းလွှာများစွာကို ကူညီပေးခဲ့ကာ မိသားစုတိုင်းက သူမအား တရိုတသေဆက်ဆံကြ၏။ စတုတ္ထမင်းသား၏ ယောက္ခထီး သခင်ကြီးယန်သည်ပင် ယခင်တစ်ချိန်က သူမအား စုန်းမတစ်ယောက်ဟု ခေါ်ခဲ့ဖူးသည့်တိုင် ယခုတွင်မူ ဆရာမမော့အား အင်မတန်လေးစားရိုသေနေလေပြီ။

မင်္ဂလာပွဲကျင်းပရန် ငါးရက်သာလိုပေတော့သည်။ အနားနီးခါမှ မင်္ဂလာပွဲအား ဖျက်သိမ်းပစ်ရတော့မည်လော?

၎င်းသည် ပထမမင်းသမီး၏ ဂုဏ်သတင်းအတွက်လည်း မကောင်းပေ…

သို့သော် ဆရာမ၏အကြံပေးချက်အား မည်သို့များနားမထောင်ဘဲ နေနိုင်မည်နည်း။

“ဒါဆို ဆရာမကို သုံးရက်နေရင်လာကြိုပါ့မယ်”

သခင်မရွမ်သည် အင်မတန်ယဉ်ကျေးစွာဖြင့် ပြောလိုက်၏။

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

သခင်မရွမ်သည် သူမအား လိုက်ပို့ပေးခဲ့၏။

ရှဲ့ချောင် ပြန်ရောက်သည်နှင့် မော့လင်းကျစ်အား ချက်ချင်းသွားရှာခဲ့သည်။ ယနေ့၌ သူသည် မြို့ဂိတ်တံခါး၌ ဆိုင်ခန်းစင်လို့နေ၏။ လူလိမ်တစ်ယောက်နှင့် တူနေပေသည်။

ရှဲ့ချောင်သည် ပထမမင်းသမီးအကြောင်းမပြောပြဘဲ ကံကြမ္မာခိုးယူသော အောက်လမ်းအတတ်ကိုသာ ပြောပြလိုက်၏။ မော့လင်းကျစ်ကြားသောအခါ မျက်မှောင်ကြုတ်သွားလေသည်။

“ကံကြမ္မာ အလုခံရတာလား၊ ယောကျာ်လား မိန်းမလား”

မော့လင်းကျစ်သည် သိလိုစိတ်ဖြင့် မေးလိုက်၏။

“ဆရာ ကျွန်မအများကြီးပြောပြလို့မရဘူး၊ ဆရာအရင်က ဒီလိုအဖြစ်မျိုး ကြုံဖူးလားဆိုတာပဲမေးချင်တာ”

ရှဲ့ချောင်သည် လိမ္မာရေးခြားရှိပုံပေါ်နေသည်။

မော့လင်းကျစ်သည် ခေါင်းကုတ်လျက်

“ဘယ်အောက်လမ်းနည်းမဆို လူတစ်ယောက်ရဲ့ ဝိဉာဉ်ကို‌ပင်ပန်းစေမှာ၊ ဘယ်သူကများ မလုပ်ချင်ဘဲနေမတဲ့လဲ၊ တစ်ဖက်လူက မြို့တော်ကိုလုံခြုံစေလောက်တဲ့အထိ အားကောင်းတဲ့သူဆိုရင်တော့မပြောတတ်ဘူး.. ဒါပေမဲ့ အဲဒီလိုဟာမျိုးက လွယ်လွယ်လုပ်လို့ရတဲ့ဟာမဟုတ်ဘူး၊ လူတစ်ယောက်က ဘယ်လောက်ပဲ ချမ်းသာနေပါစေ သူရဲ့ဘဝမှာ အလှည့်အပြောင်းတစ်ခုခုကတော့ အမြဲတမ်းရှိတတ်တဲ့၊ တော်ဝင်မိသားစုကသူ မဟုတ်ဘူးဆိုရင်တော့ စွန့်စားရတာမတန်ဘူး၊ တိုင်းပြည်ရဲ့ကာကွယ်ပေးမှုနဲ့ဆို လူယုတ်မာက တစ်ဖက်လူရဲ့ကံကြမ္မာကိုခိုးလို့အရှုံးရှိမှာမဟုတ်ဘူး”

ရှဲ့ချောင်၏ မျက်ခွံတို့လှုပ်သွားခဲ့သည်။

သူမ ဆရာ၏စကားမှန်ပေ၏။

ပထမမင်းသမီးသည် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း သူမသည် တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်ကာ မင်းကြီး၏ သမီးတော်အရင်းလည်းဖြစ်သည်။ လက်ရှိမင်းကြီး၌ အမွေဆက်ခံသူ အနည်းကျဉ်းသာရှိသဖြင့် မင်းသားမင်းသမီးတိုင်း၏ ကံကြမ္မာများသည် အတော်အတင့်အားကောင်းကြပေသည်….

ရှဲ့ချောင်သည် အ‌စောပိုင်းက တွေ့မြင်ခဲ့သော နက္ခ‌တ်ဗေဒလက္ခဏာများအား ပြန်စဉ်းစားလိုက်၏။

ဤနောက်ကွယ်မှ လူသည် နဂါးစွမ်းအင်အား စုဆောင်းနေလိုသည်လော။

ရှဲ့ချောင် စဉ်းစားကြည့်လေလေ ဖြစ်နိုင်ချေမြင့်သည်ဟု ခံစားလာရ‌လေလေပင်။

မူလ၌ ထိုအမှောင်ထဲမှ လူအားစစ်မေးရန် အလျင်မလိုခဲ့သော်လည်း ယခုအချိန်တွင်မူ ဆက်ပြီးမစောင့်နိုင်တော့ပေ။

နောက်တစ်နေ့ နံနက်စောစော၌ သူမသည် အိမ်ရှေ့စံမင်းသားနှင့်အတူ မှုခင်းစီရင်ရေးဌာနသို့ လိုက်သွားခဲ့၏။

မှုခင်းစီရင်ရေးဌာနတွင်း၌ အတိတ်တုန်းကကဲ့သို့ ရှဲ့ချောင်အား မျက်စိမဖွင့်နိုင်အောင် လုပ်နေဆဲ။ မကောင်းဆိုးဝါးဝိဉာဉ်တစ်စုသည် သူမမျက်လုံးရှေ့မှ မကြာခဏဆိုသလို ပျံဝဲ‌နေကြ၏။ သူတို့သည် ကြမ်းကြုတ်ရက်စက်ပြီး ထူးဆန်ကာ ကြောက်စရာကောင်းလှ၏။ ထိုစူးရှလှသောအသံသည် လူအများ၏နှလုံးသားအား တုန်လှုပ်သွားစေကာ စကားပင်မပြောရဲခဲ့ချေ။

••••••

အခန်း ၁၁၆၃။ အကုန်သုံးလိုက်ပြီ

ရှဲ့ချောင်သည် သူမခေါင်းအား တတ်နိုင်သမျှကြိုးစား၍ ငုံ့ထားရှာ၏။ ခေါင်းဆောင်းတစ်ခုဆောင်းထားခြင်းကြောင့် အလွန်ထူးဆန်းသည့်ပုံပေါ်နေလေသည်။

သူမ ရောက်လာသည်နှင့် ရှဲ့ဖင်းကန်းသည် သူမအား ခက်ထန်စွာစိုက်ကြည့်လေ၏။

မှုခင်းစီရင်ရေးဌာနရှိ လူပေါင်းများစွာသည် ဆရာမမော့အား မြင်ဖူးကြကာ သူမသည် ရှဲ့ဖင်းကန်းအလေးစားဆုံး တာအိုဆရာမတစ်ယောက်ဖြစ်ကြောင်းလည်း သိထားကြသည်။ ယခင်တစ်ချိန်က ရှဲ့ဖင်းကန်းသည် ဤတာအိုဆရာမ၏အရှေ့၌ အောက်ကျို့၍ ခေါင်းငုံ့ဖူးသည်ကိုပင် မြင်တွေ့ခဲ့ဖူးသော်လည်း ယခုမူ သူ၏ သဘောထားသည်… ရုတ်တရက်ကြီး ပြောင်းလဲသွားပြီလော?

“ဆရာ ဒီဆရာမမော့က မကောင်းတာတစ်ခုခုပြောခဲ့လို့များလား”

သတ္တိရှိသူတချို့သည် ပြုံးလျက် မစူးစမ်းဘဲ မနေနိုင်ခဲ့ကြချေ။

မှုခင်းစီရင်ရေးဌာန၌ အမျိုးသားတစ်စုရှိ၏။ သူတို့သည် အတူတူသောက်စားလည်ပတ်လေ့ရှိကာ ယဉ်ကျေးမှုတစ်စက်ကလေးမှမရှိကြပေ။

ရှဲ့ဖင်းကန်းအရှေ့တွင်မူ သူတို့ကိုယ်သူတို့ အနည်းနှင့်အများတော့ ထိန်းချုပ်ကြရ၏။ ရှဲ့ဖင်းကန်း၏ စိတ်သည် အင်မတန်ကြောက်စရာကောင်းလွန်းကာ ဒေါသလည်း လွယ်လွယ်ထွက်တတ်သူပင်။

ရှဲ့ဖင်းကန်းသည် သူ့အားပြန်စိုက်ကြည့်၍

“ဒီတာအိုဆရာမက ကြွက်တစ်ကောင်လို ကြောက်တတ်တဲ့သူ၊ သူအပေါ်တက်သွားမယ်လို့ ငါတော့မထင်ဘူး!”

“ဆရာပြောတော့ သူက အရမ်းအစွမ်းထက်တယ်ဆို”

အနှီလူသည် ထိုသို့ပြောပြီးနောက် ရှဲ့ဖင်းကန်း၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်သာ ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဖြစ်စေ ရှဲ့ဖင်းကန်းသည် သူ၏အထက်လူကြီးဖြစ်၍ လေးစားသမှုရှိရမည်ပင်။

“ဒါပေမဲ့ ဆရာပြောတာမှန်တယ်၊ အိမ်ရှေ့စံမင်းသားနားက အစောင့်တွေက ဒီဆရာမမော့က တော်တယ်ဆိုပြီး ပြောနေကြပေမဲ့ သူလည်း သေမျိုးတစ်ယောက်ပဲလေ၊ နတ်ဘုရားတစ်ပါးမှမဟုတ်တာ၊ သူတို့ပြောသလို အံ့ဖွယ်ဖြစ်နေတာမျိုး မဖြစ်နိုင်ပါဘူး၊ ပြီးတော့…”

ထိုလူသည် စကားပြောနေရင်းဖြင့် စိတ်မချမ်းသာစရာအပြုံးဖြင့်

“ဆရာမမော့က လှည့်စားဖို့အတွက် အိမ်ရှေ့စံမင်းသားနဲ့ဆက်ဆံရေးကိုအားကိုးနေရတာဆို..”

မှုခင်းစီရင်ရေးဌာနရှိ အရာရှိများသည် မော့ချူးရှန်း၏အရည်အချင်းများအား များစွာမြင်တွေ့ဖူးခြင်းမရှိကြပေ။

ဤပုဂ္ဂိုလ်သည် အစွမ်းထက်ပြီး ရန်မစသင့်သောသူတစ်ယောက်ဟုသာ သိထားကြ၏။

ထိုအခိုက်အတန့်၌ ရှဲ့ဖင်းကန်း၏ မျက်နှာမှာတင်းမာသွားသည်။

“မင်းဘာပြောလိုက်တယ်?”

အနှီလူခမျာ မှင်တက်သွားရသည်။

ရှဲ့ဖင်းကန်း၏ မျက်နှာအမူအရာမှာ ပိုထူးဆန်းနေသည်ဟု သူခံစားမိ၏။

“ဆရာ?!”

သူ အနည်းငယ်အပြစ်ရှိစိတ်ဖြစ်သွားရသည်။

“မော့ချူးရှန်းက လူလိမ်လို့ပြောလိုက်တာလား”

ရှဲ့ဖင်းကန်း၏ ရှည်လျားသောကိုယ်သည် သူအရှေ့တွင်ရှိနေသောလူအား မျက်နှာချင်းဆိုင်လျရ် အေးစက်စွာဖြင့် ခနဲ့လေသည်။

“ငါအရင်က မပြောခဲ့ဖူးဘူးလား၊ မင်းတို့က ငါ့စကားကိုသံသယဝင်နေကြတဲ့ပုံပဲ၊ မင်းတို့က ငါ့ကိုမယုံကြည်ဘူးဆိုတဲ့ သဘောလား”

မယုံကြည်ခြင်း မဟုတ်ရပေ

“ဆရာ ကျွန်တော်ပြောတာက ဆရာမမော့…”

“မင်းက အရှင့်သားကိုပါဆွဲထည့်ရဲတယ်ပေ့ါ၊ သိပ်သတ္တိရှိနေတာလား”

ရှဲ့ဖင်းကန်းသည် ခက်ထန်စွာအော်ငေါက်၍ တစ်စုံတစ်ယောက်အား လှမ်းခေါ်လိုက်သည်။

“ဒီအပြစ်အတွက် မင်းကို ရိုက်ရလိမ့်မယ်၊ လက်ခံလား”

ထိုလူမှာ ဆွံ့အနေမိ၏။

သူ.. လက်မခံလို့ရလား?

သူသည် အိမ်ရှေ့စံမင်းသားအကြောင်းတစ်ခုသာ ပြောရသေးသော်လည်း ၎င်းအား အရှင့်သား၏ မကောင်းကြောင်းပြောသည်ဟု ယူဆနေသည်လော

သို့သော် ရှဲ့ဖင်းကန်း၏ ကြောက်စရာကောင်းသော ပုံပန်းသွင်ပြင်ကြောင့် သူ၏ကျန်ရှိ‌နေသော စကားများအား မပြောရဲခဲ့ပေ။ သူ၏ ကံကြမ္မာအားလက်ခံလိုက်ရကာ ဆွဲထုတ်ခြင်းခံလိုက်ရလေသည်။

သူ့ဘေးတွင်ရှိနေသော အခြားသူများမှာမူ အနည်းငယ်ကံကောင်းသွားသည်ဟု ခံစားလိုက်ရ၏။ ကံ‌ကောင်းစွာဖြင့် သူတို့သည်မိုက်မဲသူများမဟုတ်။ ရှဲ့ဖင်းကန်းနှင့် မော့ချူရှန်းတို့ကြားတွင် ပဋိပက္ခတစ်ခုခုရှိနေကြောင်း မြင်ရ‌သော်လည်း ဆရာမမော့၏ မကောင်းကြောင်းအား အလျင်စလိုမပြောဝံ့ပေ….

ဤဆရာမသည် အထက်တန်းလွှာများစွာ၏ မျက်နှာသာပေးခြင်းကိုခံထားရသူဖြစ်၏။ ယခင်အမှုများတွင် ဝင်ရောက်စွက်ဖက်သူများလည်း ရှိခဲ့သည်။ သူမ၏ စွမ်းပကားများအား ကိုယ်တိုင်ကိုယ်ကျ မျက်မြင်မတွေ့ထားဖူးလျှင်ပင် သူမ၏နောက်ကွယ်၌ မကောင်းကြောင်းပြောခြင်းက မမှန်ပေ။

ရှဲ့ဖင်းကန်းသည် ဟွန်းခနဲအသံပြုလျက် ရှဲ့ချောင်သွားရာနောက်မှ လိုက်သွားခဲ့သည်။

သူမသည် သူ၏ညီမဖြစ်သည်။ သူမအား သဘောမကျလျှင်ပင် သူတစ်ယောက်တည်းသာ ပြောခွင့်ရှိသည်။ သူတို့နှစ်ယောက် ရန်ဖြစ်လျှင်ပင် အခြားသူများနှင့် မသက်ဆိုင်ပေ။

“ဆရာမတူးထားတဲ့ ရတနာသေတ္တာကြီးနှစ်လုံးကိုတစ်ခါမှမမြင်ဖူးသေးဘူး၊ ဘယ်ချိန်မှ ကျွန်တော့်ကိုကြည့်ခွင့်ပေးမှာလဲ”

ရှဲ့ဖင်းကန်းသည် သူမနားသို့ ကပ်သွားပြီးနောက် မေးလိုက်၏။

ရှဲ့ချောင်၏ မျက်နှာထားမှာ တောင့်တင်းသွားသည်။

သူမ သိနေသည်…

“တကယ်ကို ကံဆိုးတာပဲ၊ ရှဲ့သခင်လေး ကျွန်မအကုန်သုံးပြီးသွားပြီ…”

ရှဲ့ချောင်သည် တခစ်ခစ်ရယ်နေ၏။ သူမ၏ သဘောထားသည် ယခင်အတိုင်းပင်ဖြစ်ကာ သရုပ်ဆောင်ခြင်းအရာ၌ ရှဲ့ဖင်းကန်းထက်ပင် ပိုကောင်းလေသည်။

ရှဲ့ချောင်၏ အမူအရာကိုရင်ဆိုင်ရချိန်၌ ရှဲ့ဖင်းကန်း၏ စိတ်ထဲ ဗလာဖြစ်သွားရ၏

မော့ချူးရှန်းသည် သူ၏ညီမဟူသော အမှန်တရားမှာ အိပ်မက်တစ်ခုကဲ့သို့ဖြစ်နေကာ ပိုပိုပြီး အစစ်အမှန်မဟုတ်သကဲ့သို့ ဖြစ်လာခဲ့လေသည်။

•••••

အခန်း ၁၁၆၄။ သူမ၏ ဆရာတူမောင်များသည် ဆရာဖြစ်ရန် အရည်အချင်းရှိကြသူများပင်

ရှဲ့ဖင်းကန်းမှာ အတွေးနယ်ထဲ၌ ခေတ္တခဏနစ်မြောလို့နေ၏။

အသိပြန်ဝင်လာချိန်တွင်မူ ကြက်သီးမွေးညင်းများ ထ‌တော့မည့်အလားခံစားလိုက်ရသည်။

“ရတနာသေတ္တာနှစ်လုံးထဲက ရွှေတွေအကုန်လုံးကို သုံးပစ်လိုက်ပြီ? ရွှေအိမ်တစ်လုံးဆောက်ဖို့များ ရွှေတွေအကုန်သုံးပစ်လိုက်တာလား”

ရှဲ့ဖင်းကန်းသည် မျက်မှောင်တို့တွန့်ချိုးလျက်

“အသုံးဖြုန်းကြီးပုံမျိုးနဲ့ဆို အိမ်ရှေ့စံမင်းသား…”

သူ၏စကားတစ်ဝက်ရောက်ချိန်တွင် လျှို့ဝှက်ချက်အား ထုတ်ပြောရန်မဖြစ်ကြောင်းသိလိုက်၏။

သူ၏ အသံအနေထားအား ပြောင်းကာ

“တော်တော်လွန်တာပဲ၊ ခင်ဗျားက အသက်လည်းကြီးနေပြီ အနားယူတဲ့အချိန်ကျ သုံးဖို့စွဲဖို့ ငွေစုထားရမယ်ဆိုတာ မသိဘူးလား

သူသည် ရှဲ့ချောင်၏ စကားများအား သံသယမဝင်ခဲ့ပေ။

ဤမိန်းကလေးသည် အမှန်တကယ် အသုံးဖြုန်းကြီးသူတစ်ယောက်ဖြစ်၏။ ရှဲ့အိမ်တော်တွင် နေစဉ်ကဆိုလျှင် မိသားစုတစ်စုလုံး၏ ကုန်ကျစရိတ်သည် သူမခြံဝန်းတစ်ခုတည်း၏ ကုန်ကျစရိတ်နှင့်ပင် ယှဉ်၍ရခဲ့လေသည်။

သို့သော်လည်း ထိုကုန်ကျစရိတ်များသည် လိုအပ်သည်များသာဖြစ်၏။ ဥပမာ ထိုဆေးဝါးများ၊ ဆောင်းတွင်းအတွက် ကျောက်မီးသွေးဖို၊ သူမဟ အဝတ်အစားများ၊ သူမ စားသုံးသည့် ဂျင်ဆင်းနှင့် ငှက်သိုက်တို့…

သူမ၏ နေထိုင်မှုစံနှုန်းသည် နှိမ့်ချ၍မဖြစ်၊ သို့မဟုတ်ပါက သူမ၏ ခန္ဓာကိုယ်မှာ အားနည်းနေလိမ့်မည်ပေ။

ရတနာသေတ္တာကြီးနှစ်လုံးသည် အချိန်တစ်ခုစာလောက် ခံလိမ့်မည်ဟု ထင်ခဲ့‌သော်လည်း ယခုလိုမြန်မြန်သုံးပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ….

ရှဲ့အိမ်တော်မှာနေစဉ်က ငွေစုထားခဲ့ပုံပင်….

“အဲဒါက ပွပေါက်တစ်ခုလေ၊ ဘယ်လိုလုပ်ပြီး ကျွန်မတစ်ယောက်တည်းအတွက် သုံးလို့ဖြစ်မလဲ၊ တစ်ဝက်ကို ပရဟတိအတွက်သုံးလိုက်တာ”

ရှဲ့ချောင်သည် အင်မတန်တည်ငြိမ်နေ၏။

ရှဲ့ဖင်းကန်း စစ်ဆေးမည်အား အကြောက်အလန့်မရှိပေ။

သူ့အား ပါးစပ်ပိတ်စေရန်အတွက်ပေးခဲ့သော ပိုက်ဆံမှာ နည်းလွန်းမှန်း သူမ သိသည်။ သူမအစ်ကိုကြီးသည် သူမ၏ခန်းဝင်စရိတ်အတွက် များစွာစိုက်ထုတ်ခဲ့‌သော်လည်း သူမတွင်ပိုက်ဆံမရှိဟုဆိုပါက တကယ်ပိုက်ဆံရှိမနေခြင်းဖြစ်သည်။ မရှိရှိအောင် မလုပ်နိုင်ပေ။

ကျန်ရှိသော ငွေတစ်ဝက်အား သူမ၏‌မောင်ငယ်ညီမငယ်တို့ စုဆောင်းရန်အတွက် ခွဲဝေကာ တစ်စိတ်တစ်ပိုင်းအား ကြမ္မာဥယျာဉ်၏ အသုံးစရိတ်အတွက် ထားထားရသည်။ ကျန်ရှိသော ဝေစုအနည်းငယ်မှာမူ အခြားသောမကောင်းဆိုးဝါးဝိဉာဉ်များအား ပြန်ဝင်စားစေရန် ပိုဆောင်ပေးသည့်နေရာ၌ သုံးသော စုတ်တံ၊ မင်၊ စက္ကူနှင့် မင်သွေးကျောက်တို့ဝယ်ရန် အသုံးပြုရသည်။ များစွာမကျန်တော့ပေ။

ဥပမာအားဖြင့် အ‌စောပိုင်း၌ အဌဂံဥယျာဉ်တွင် သေဆုံးခဲ့သော ဖူဟန်ဝမ့်သည် သူမ၏ပန်းချီထဲတွင် ပါနေခဲ့၏။ သို့ဖြစ်၍ ဤလူအားမြှုပ်နှံသောအခါ အနည်းငယ်ဈေးကြီးသော ဈာပနအခမ်းအနားကိုပင် ပေးခဲ့ရသည်။

ချင်းမင်ပွဲတော်အတွင်း သူ့အား ပြန်ဝင်စားစေရန်အတွက် ပို့ဆောင်ပေးရသေးသည်။

သူသည် ရေသရဲတစ်ကောင်ဖြစ်၏။ သူပြန်ဝင်စားချိန်တွင် သူမသည် ရွှေမှုန့်များဝယ်ပြီး အရည်အသွေးမြင့်အကောင်းစား ပညာရေးစုတ်တံတစ်ချောင်းကို ရှာခဲ့ရသည်။ သူမသည် အကောင်းဆုံးမင်ကိုရှာ၍ မီးရှို့ရန်အတွက် မန္တန်တချို့ကို ရေးခဲ့၏။ ထိုအခါမှသာ သူ၏ ခန္ဓာကိုယ်အား နည်းနည်းချင်းစီ ကောင်းချီးပေးနိုင်လိမ့်မည်ပင်….

ထို့အပြင် နွားမျက်ရည်အား ရောနှောဖော်စပ်ရန်အတွက် ဆေးဖက်ဝင်အပင်တချို့ ဝယ်ရပေသည်။ နွားမျက်ရည်အား အသုံးပြုပြီးနောက် ဖူမိဘများနှင့် ဇနီးလောင်း၏ဘေးထွက်ဆိုးကျိုးများမှာ ကောင်းမွန်ခဲ့သည်။ သူတို့အား အန္တရာယ်ကင်းစေရန်အတွက် ပစ္စည်းတချို့လည်း ပေးခဲ့ရသည်…

အားလုံးက ပိုက်ဆံတွေချည်းပင်!

တစ်ခုခုသာ လိုအပ်နေလျှင် အလုပ်ဖြစ်လိမ့်မည်မဟုတ်။

ဤအကြောင်းတွေးလိုက်သည်နှင့် ရှဲ့ချောင်၏နှလုံးသားထဲ နာကျင်သွားရသော်လည်း သူမ တတ်နိုင်သည့်အရာမရှိခဲ့ပေ။

“ရှဲ့သခင်လေး မသိသေးဘူးထင်တယ်၊ ကျွန်မက ပိုင်လိမိသားစုအတွက် ဘိုးဘေးခန်းမဆောင်တစ်ခုဆောက်ပေးနေတာ၊ အခု ဆောက်လို့ပြီးသွားပြီဆိုတော့ ကလေးတချို့လက်ခံပြီး သူတို့ကို ပိုင်လိမိသားစုရဲ့ မျိုးဆက်တွေအနေနဲ့ ပျိုးထောင်ပေးဖို့ ပြင်ဆင်နေတာလေ၊ ကမ္ဘာ့မြေပုံတစ်ခုလုံးကို ပိုင်လိမိသားစုက ဆွဲထားတာ၊ အဲဒီအကြောင်းကို ပြန်တွေးကြည့်ရင် ရှဲ့မိသားစုကလည်း ပိုင်လိမိသားစုကို စောင့်ရှောက်ပေးရလိမ့်မယ်၊ နောင်တစ်ချိန်ကျရင် ရှဲ့သခင်လေးလည်း အဲဒီကလေးတွေကို ပိုပြီးစောင့်ရှောက်ပေးရတော့မှာ…”

ရှဲ့ချောင်က ထပ်ပေါင်းပြောလိုက်သည်။

ရှဲ့ဖင်းကန်း၏ နှုတ်ခမ်းထောင့်စွန်းတို့ တုန်လှုပ်သွားသည်။

ဒီတော့ သူက အဲဒီရတနာသေတ္တာကြီးဆီကနေ အကျိုးအမြတ်မရရုံတင်မဟုတ်ဘဲနဲ့ ပြန်တောင်ပေးရဦးမယ်ဆိုတဲ့သဘောလား?

“ပိုင်လိမိသားစု… အဲဒါက ပန်းချီကား‌လေးတစ်ချပ်ပဲကို၊ မင်းကြီးဆီလည်း ဆက်သပြီးသွားပြီ၊ ကျုပ်နဲ့ဘာဆိုင်လို့လဲ”

ရှဲ့ဖင်းကန်း မပျော်တော့ပေ။

သူက ဘာလို့ အဲဒီကလေးတွေကို စောင့်ရှောက်ပေးရမှာလဲ?

“ရှဲ့သခင်လေး.. ကျွန်မက အရမ်းအလုပ်များတာ၊ ရှင်တကယ် ကျွန်မကို မကူညီတော့ဘူးလား”

ရှဲ့ချောင်၏ မျက်နှာ၌ မကျေမနပ်ချက်တို့ဖြင့် ပြည့်နေ၏။

သူမသည် ကျိပိုင်လိ၏ဝိဉာဉ်အား ခေါ်သွားရန်စီစဉ်ထား၏။ မြို့တော်ထဲ၌ သူတောင်းစားများစွာရှိသည်။ အားလုံးက သူ၏အကြိုက်ပေါ်မူတည်ပေကာ တချို့အား သူကိုယ်တိုင်ရွေးချယ်လိမ့်မည်။

ယခုအခါ သူမသည် ပိုင်လိမိသားစုမှ များစွာသင်ယူခဲ့ပြီးလေပြီ။ သူတို့အား ခေါ်လာပြီးနောက် နေ

စရာအိမ်တစ်လုံးရှာပေးရမည်။ သူမ၏ ဆရာတူမောင်ငါးယောက်အနက် အိမ်ရှေ့စံမင်းသားမှလွဲလျှင် ကျန်သူအားလုံး ဆရာများဖြစ်နိုင်ပေသည်။

အထူးသဖြင့် ရှောင်းယွိရုန်ပင်။ သူတို့သည် သူ၏ တပည့်ရင်းများဖြစ်ရန် မသင့်တော်သော်လည်း ကိစ္စမရှိလှ၊ ရံဖန်ရံခါ လမ်းညွှန်မှုများပေးနိုင်ပေသည်။ ၎င်းနှင့်ပင် ကျန်တစ်ဘဝလုံးအတွက် လုံလောက်ချေပြီ။

သူတို့အားလုံး ဉာဏ်အလင်းရသွားသည်နှင့် ပိုင်လိမိသားစု၏အရာများအား နောင်တစ်ချိန်တွင် သူတို့ဆီ လက်ဆင့်ကမ်းပေးနိုင်လိမ့်ည်။ သူတို့၌ ဆက်ခံသူများရှိလာမည်ဟု ယူဆနိုင်သည်။

သူမသည် သူတို့အား ကိုယ်တိုင်သင်ပြပေးချင်သော်လည်း မတတ်နိုင်ပေ။

လုပ်ရမည့်အလုပ်ပေါင်းများစွာရှိနေပြီး သူမတစ်‌ယောက်တည်း အားလုံးကိုမလုပ်နိုင်ပေ။ ၎င်းက သူမထံအလုပ်အပ်သူများအား နှောင့်နှေးစေလိမ့်မည်။ သူမ၏ ဆရာတူမောင်များသည် ဆရာဖြစ်ရန် အရည်အချင်းရှိကြသူများပင်။

••••••

All Chapters