← Chapters

အခန်း (၁၁၆၉-၁၁၇၂)

Vol. 60 Ch. 1169-1170

အခန်း (၁၁၆၉-၁၁၇၂)

Vol. 60 Ch. 1169-1170

အခန်း ၁၁၆၉။ အမျိုးသမီး

သူအသက်မရှင်နိုင်တော့သဖြင့် သေဆုံးပြီးနောက်ပိုင်း ကောင်းမွန်သောနေ့ရက်များအတွက်သာ စဥ်းစားနိုင်တော့သည်။

“ငရဲလား။ မင်း အရင်တုန်းကလည်း ပုံပြင်တွေ အများကြီးကြးဖူးမှာပေါ့၊ အတူတူပဲ”

ရှဲ့ချောင်သည် အရေးမလုပ်ဟန်ဖြင့်ဆိုလျက် “ငါမင်းကို အကြံပေးရရင် ဘဝမှာ မင်း ဘယ်လောက်ပဲ အမှားတွေအများကြီးလုပ်ခဲ့လုပ်ခဲ့ မသေခင်တော့ တချို့စကားတွေကို ပြောနိုင်နေတုန်းပဲ။ ဒီစကားတွေကြောင့် မင်းရဲ့ပြစ်မှုတွေက နောက်ဘဝကျ လျော့ရင်လျော့သွားနိုင်တာပဲ၊ မင်းက အသေခံစစ်သည်တစ်ယောက်တော့ မဖြစ်ချင်ဘူးမလား။ ဒါမှမဟုတ် မင်းမိသားစုထဲက ဆွေမျိုးတွေက မင်းသခင်ရဲ့ထိန်းချုပ်တာကို ခံရတဲ့သူတွေရှိနေနိင်တာပဲ၊ အခု ငါက ငါမသိသင့်တဲ့ဟာကို ရှင်းရှင်လင်းလင်းကြီးသိပြီးသွားပြီ၊ မင်းသခင်ရဲ့မျက်လုံးထဲမှာ မင်းတို့အားလုံးက သစ္စာဖောက်တွေပဲ၊ မင်းရဲ့မိသားစုကို ဘယ်လိုများကာကွယ်နိုင်ဦးမှာတဲ့လဲ”

“ငါ့ကို ဘာလို့ မပြောပြသေးတာလဲ၊ မင်းက တကယ်ဖိအားပေးခံခဲ့ရတာဆိုရင် မင်းရဲ့ပြစ်မှုတွေအတွက် နည်းနည်းပါးပါးတော့ ပြေရာပြေကြောင်းလုပ်လို့ရသေးတယ်၊ မဟုတ်လည်း မင်းမိသားစုကို ကယ်တင်ဖို့ အချိန်မီနိုင်သေးတာပဲ”

ရှဲ့ချောင် ထပ်ပြောလိုက်ပြန်သည်။

ကယ်တင်နိုင်ရန်…. ၎င်းက ဖြစ်နိုင်ဖွယ်မရှိချေ။

မင်းသားရုန်အား နယ်မြေအပိုင်စားတစ်ခုပေးထားပါက ၎င်းသည် အာဏာစက်သက်ရောက်နိုင်ခြင်းမရှိတော့ပေ။

သို့သော် ရှဲ့ချောင်သာ ရှင်းရှင်းလင်းလင်းရှင်းပြပါက သူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ နာကျင်မှုအနည်းငယ်သာ ခံစားရမည်မှာ ကျိန်းသေပေသည်။

သို့ပေသည့် ထိုအကြောင်းတွေးမိသောအခါ သူမ ရုတ်ချည်းဆိုသလို မှင်တက်မိသွားခဲ့သည်။

သူမ အတွေးမှားသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူမသည် အေးစက်စွာပြုံးလျက် “ငါ မှားသွားတယ်၊ ဒီနေရာက ဘယ်နေရာလဲဆိုတာ ငါတကယ်မေ့သွားတာ”

“မင်းကံကောင်းတယ်ဆိုရင်တော့ သေပြီးတာနဲ ငရဲကိုတန်းသွားနိုင်မှာပေါ့၊ ဒုက္ခတွေအများကြီးခံရရင်တောင် တစ်နေ့နေ့တော့ လွတ်မြောက်နိုင်ဦးမှာ။ နောက်ဘဝကျ နွားဖြစ်ဖြစ် ခွေးဖြစ်ဖြစ် ကိစ္စမရှိဘူး ၊ တည်ရှိနေနိုင်ဦးမှာပဲ။ ဒါပေမဲ့ မင်းသာကံမကောင်းဘူးဆိုရင်တော့ သေပြီးရင် ဒီမှုခင်းစီရင်ရေးဌာနထဲမှာ ပဲ တစ်သက်လုံး အပိတ်ခံထားရပြီး တခြားမကောင်းဆိုးဝါးဝိဥာဥ်တွေရဲ့ ဝါးမျိုခြင်းကို ခံ

ရလိမ့်မယ်၊ မင်းခံစားရတဲ့ ဝေဒနာက မင်းခန္ဓာကိုယ်ထဲကို ဓားအချောင်းတစ်ထောင်လောက် ထိုးသွင်းတာထက်ကို ပြင်းဦးမှာ”

ရှဲ့ချောင်သည် လူများအား ခြောက်လှန့်သည့်နေရာ၌ တော်ပေ၏။

သူမစကားဆုံးသည်နှင့် ဝတ်ရုံနက်နှင့် အမျိုးသား၏ မျက်နျာအမူအရာမှာ ပြေင်းလဲသွားခဲ့သည်။

သူအရှေ့တွင် ရှိနေသော တာအိုဆရာမသည် လိမ်ညာနေသည့်ပုံမပေါ်။

ထို့အပြင် ဤတာအိုဆရာမသည် အင်မတန်စွမ်းဆောင်ရည်ရှိသူဖြစ်ကြောင်း သူသိသည်။ ဤကဲ့သို့သော ကျင့်ကြံသူမျိုးသည် မဟုတ်တမ်းတရား လျှောက်ပြောလိမ့်မည်မဟုတ်။

“ကျွန်တော်…” ဝတ်ရုံနက်နှင့်အမျိုးသားသည် ခဏတာ ချီတုံချတုံဖြစ်နေ၏။ ရှဲ့ချောင် ထပြီးပြန်တော့မည်ကို မြင်သော် သူ အလျင်စလို ထုတ်ပြောလိုက်လေသည်။

“ကျွန်တော်တို့က မင်းသားရုန်ရဲ့ အသေခံစစ်သည်တွေပါ!”

“အပိုင်စားနယ်မြေဆီ တော်ဝင်ကိုယ်လုပ်တော်ဟွေ့ရောက်လာတော့ ကလေးငယ်လေးတွေကို ရွေးပြီးပျိုးထောင်ခိုင်းတယ်။ အရွေးခံရချိန်မှာ ကျွန်‌တော့်အသက်က နည်းနည်းကြီးနေပြီ၊ ဆက်နှစ်ပြည့်ပြီးနေပြီဆိုတော့ အရမ်းအရေးမပါခဲ့ဘူး။များသောအားဖြင့်တော့ မင်းသားရုန်အတွက် မိန်းမလှလေးတွေနဲ့ ရတနာတွေစုဆောင်းဖို့ စေလွှတ်ခံရတာပဲ”

“ကျွန်တော်ကံကောင်းလို့ တော်ဝင်ကိုယ်လုပ်တော်ဟွေ့နဲ့ သုံးလေးငါးခေါက်လောက်‌တွေ့ခွင့်ရခဲ့တယ်။ သူက တော်တော်ကိုငယ်သေးတယ်၊ အသက်သုံးဆယ်လောက်လိုပဲ၊… သူနဲ့အလုပ်လုပ်အတူတူလုပ်ပေးဖူးတဲ့သူတွေဆီကနေကြားတာ သူ့ဆီမှာ လက်ထောက်တွေအများကြီးပဲတဲ့၊ အဲဒီလူတွေက သူ့ကိုရုံးတော်ထဲက နန်းတွင်းသူနန်းတွင်းသားနဲ့ အဆက်အသွယ်ရအောင် ကူညီပေးရတာ..ပြီးတော့..

“ဒီတစ်ခေါက် တောင်ဝင်ကိုယ်လုပ်တော်ဟွေ့က သူနဲ့အတူ မိန်းမလှလေးတွေအများကြီးခေါ်လာတယ်။ အဲဒီ မိန်းမလှလေးတွေအကုန်လုံးက အရမ်းကိုလှကြတဲ့သူတွေ၊ သူတို့အကုန် မျိုးရိုးမြင့်မိသားစုတွေဆီကို နည်းမျိုးစုံနဲ့ အပို့ခံရတာ…”

ဝတ်ရုံနက်နှင့် အမျိုးသားသည် ထိုသို့ပြောပြီးနောက် ပိုပြီးပင်ပန်းနွယ်နယ်လာခဲ့သည်။

သူသည် ဖိအားများစွာအောက်၌ ကျရောက်နေ၏။

သူသည် သစ္စာစောင့်သိရန်အတွက် နှစ်ပေါင်းများစွာ သင်ကြားခံခဲ့ရပြီးမှ ယခုအခါ ရုတ်တရက် သူ၏သခင်ကို သစ္စာဖောက်လိုက်ရသည့်အတွက် သူ ခံနိုင်ရည်မရှိခဲ့ပေ။

ကျောက်ရွှမ်ကျင်းနှင့် ရှဲ့ဖင်းကန်းတို့မှာမူ သည်းကြီးမည်းကြီး မျက်မှောင်ကြုတ်နေကြလျက်။

“မိန်းမလှလေးတွေ? အရင်ရက်ပိုင်းလောက်က အဖေ အရက်သွားသောက်တော့ ထူးဆန်းတဲ့အမွှေးနံ့တွေ အများကြီးရနေတာနဲ့ မေးခွန်းနည်းနည်းလောက်မေးလောက်တော့ ဆောင်ကြာမြိုင်က အမျိုးသမီးတစ်ယောက်လို့ပြောတယ်။ သူက သူ့ရဲ့ အရည်အချင်းကိုပဲရောင်းတာ ခန္ဓာကိုယ်ကိုမရောင်းဘူး၊ အဲဒီအမျိုးသမီးက အဖေ့ကို အာရုံစိုက်လွန်းတဲ့အပြင်ကို သူ့ကိုယ်ရွေးပေးဖို့ အကူအညီတောင်းမလို့တောင် တွေးနေသေးတာ၊ ဒါပေမဲ့ အဖေ့မှာက ပိုက်ဆံလည်းတစ်ပြားမှမရှိ နောက်ပြီး အဲဒီအမျိုးသမီးက အရမ်းလှလွန်းနေတော့ သဘောမတူခဲ့ဘူး။ နောက်တော့ အဲဒီအမျိုးသမီးကို အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဝယ်သွားရော”

ရှဲ့ဖင်းကန်း ရုတ်တရက်ဝင်ပြောလေသည်။

ရှဲ့နျိုရှန်းသည် အပြင်သွားသောအခါ သူ၏လက်ထဲ၌ အများဆုံးမှ ငွေစ သုံးဆယ်မှငါးဆယ်လောက်သာ ပါတတ်၏။

၎င်းသည် သာမာန်မိသားစုတစ်စုအတွက် အင်မတန်များသောပမာဏဖြစ်သော်လည်း အပြင်ထွက်အရက်‌သောက်ကြသော လူများအတွက်မူ မလုံလောက်ပေ။ သူသည် တခြားသူများဆီမှ ကျွေးမွေးခံရရေးအတွက်ပင် သင်ယူတတ်မြောက်ထားလေသည်။

မည်သို့ပင်ဖြစ်စေ သူသည် အိမ်ရှေ့စံမင်းသား၏ ယောက္ခထီးတစ်ယောက်ဖြစ်သည့်အတွက် အခြားသူများသည် သူ့အား လေးစားကြ၏။ တစ်နပ်စာလောက်သာဖြစ်သဖြင့် သူ့အတွက်ရှင်းပေးရန် အပြိုင်အဆိုင်ဖြစ်နေကြလေသည်။

•••••

အခန်း ၁၁၇၀။ ရှင်းလင်း

ရှဲ့နျိုရှန်းသည် ဓားပြတစ်ယောက်အဖြစ်မှ ယခုလက်ရှိအနေအထားသို့ ရောက်လာနိုင်ခဲ့သူဖြစ်၏။

သူ၏ ဆင်ခြင်တုံတရားမရှိမှုအပေါ် အားကိုးနေခဲ့သည်တော့ မဟုတ်ပေ။

သူသည် အပေါင်းအပါများ၏ ကျွေးမွေးမှုအား တစ်ခါတစ်လေလောက်သာ လက်ခံတတ်ပြီး သူစားသောက်သော ဟင်းလျာများသည်လည်း သာမန်ဟင်းပွဲများသာဖြစ်သည်။ သူသည် လျှို့ဝှက်ကြံစည်ခံရမည်ကိုကြောက်၍ တစ်ဖက်လူ၏ တန်ဖိုးကြီးလက်ဆောင်များကိုလည်း လက်မခံခဲ့ရဲပေ။

အမျိုးသမီးများ အကြောင်းကိုမူ ယခင်တုန်းက တွေးခဲ့ဖူးသော်လည်း ရှဲ့ချောင် ကြင်ယာတော်မင်းသမီးတစ်ပါးဖြစ်လာပြီးနောက်ပိုင်း၌ လုံးဝစိတ်မကူးတော့ပေ။

အိမ်ရှေ့စံမင်းသားအတွက် ယောက္ခမအသစ်တစ်ယောက် ရှာလို့မဖြစ်။

အိမ်ရှေ့စံမင်းသား၏ ယောက္ခမသည် မိသားစု၏ ကျားအမသာဖြစ်နိုင်သည်။ သူမ မရှိတော့သည့်တိုင် သူမ၏ ဂုဏ်ကျက်သရေမှာ စွဲကျန်ရစ်နေဆဲ။ အခြားသူများသည် ၎င်းအား သူမဆီမှ ယူသွား၍မကောင်းလှပေ။

သို့ဖြစ်၍ သူ့တံခါးဆီလာခေါက်သော အမျိုးသမီးများအား မြင်သောအခါ အများဆုံးမှ သူတို့၏ လက်ကိုကိုင်ခြင်း၊ ပွေ့ဖက်ခြင်းနှင့် အနမ်းများသာ ပေးတတ်သည်။ နောက်တစ်ဆင့်အား ကျိန်းသေပေါက်ဆက်သွားလိမ့်မည်မဟုတ်။

သူ၏ နှလုံးသားထဲ၌ မွန်းကျပ်နေရလျှင်ပင် ၎င်းအာလက်ခံလိုက်ရုံသာရှိသည်။

သို့သော် သူသည် ယခုအခါ စည်းမျဉ်းစည်းကမ်းများအား အမှန်တကယ်လိုက်နာနေပြီဖြစ်၍ လင်းမိသားစုဝင်များသည် ရှဲ့ချောင်၏ မင်္ဂလာပွဲ၌ သူ့အားတွေ့ချိန် ယဉ်ယဉ်ကျေးကျေးရှိကြလေ၏။

၎င်းက လက်ရှိရှဲ့နျိုရှန်းပင်။

ဤဝတ်ရုံနက်အမျိုးသားမှာ များစွာသိထားခြင်းမရှိသဖြင့် သူတတ်နိုင်သမျှ အားလုံးကိုပြောပြခဲ့သည်။

မှုခင်းစီရင်ရေးဌာနမှ ထွက်လာချိန် ကျောက်ရွှမ်ကျင်းသည်လည်း ခေါင်းကိုက်နေရ၏။

မင်းသားရုန်သည် သူ့ထက်အသက်၁၀နှစ်သာကြီးသော်လည်း ဦးရီးတော်ဖြစ်နေဆဲပင်။ သူသည် ဝတ်ရုံနက်နှင့် အမျိုးသားတစ်ယောက်သာဖြစ်၏။ သူ၏ ဖွင်ဟဝန်ခံချက်သည် ခမည်းတော်ဆီ ရောက်သွားခဲ့သော် ခမည်းတော်က သူ့အား မည်မျှယုံကြည်နေပါစေ သူ့အား တန်းပြီးဖမ်းဆီရန် မကောင်းလှ။

ရှဲ့ချောင် သူ့အား မနှောင့်ယှက်ခဲ့ပေ။

သူ့တွင် လုပ်စရာများစွာရှိနေ၏။ အနည်းဆုံးတော့ ထိုအမျိုးသမီးများ လက်ထပ်ဝင်ရောက်ခဲ့သော မိသားစုများအားလုံးအား စစ်မေးရလိမ့်မည်

ထို့အပြင် မင်းသားရုန်သည် ထိုလူများနှင့် တိတ်တဆိတ်ဆက်သွယ်နေသည်မှာ မည်မျှကြာပြီး မည်မျှရင်းနှီးကြောင်းလည်း စုံစမ်းရဦးမည်။ အိမ်ရှေ့စံမင်းသား၏ ဘေး၌ လက်ထောက်များမရှိ၍မဟုတ်၊ သူတို့အား ပုံမှန်ရက်များတွင် မလိုအပ်သည့်အပြင် သူသည် အလွန်ပျင်းလွန်းနေ၍သာ။ ယခုမူ သူတို့ မျက်နှာထုတ်ပြပြီး ဗျူဟာများဖြင့် ထွက်လာရမည့်အချိန်ကျလေပြီ။

ရှဲ့ချောင်သည် ဤအရေးကိစ္စများနှင့် ဝင်စွက်ဖက်ရန်မလိုပေ။

သို့သော် ရှဲ့ချောင်သည် ထွက်မသွားခင် မုန့်ကျိဖန်အား တွေးမိသွားကာ

“အရင်တုန်းက မုန့်ကျိဖန်မှာ အချစ်ရေးအတိဒုက္ခ‌ရှိမယ်ဆိုပြီး တွက်ခဲ့ဖူးတယ်၊ ဒီတလော သူ့မှာ တိုင်းတစ်ပါးက မိန်းမလှလေးနှစ်ယောက်ရှိတယ်ဆိုပြီး ပြောနေကြသလားလို့၊ အဲဒီအမျိုးသမီး နှစ်ယောက်များဖြစ်နိုင်မလား?”

“ဒီမိန်းမလှလေးနှစ်ယောက်ရဲ့ ထူးခြားတဲ့ပုံပန်းသွင်ပြင်အရဆိုရင် ပုံမှန်နောက်ခံကမဖြစ်နိုင်ဘူး.. တိုင်းတစ်ပါးကသူတွေ…”

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်နှင့်မင်းဆရာ၏ ကြယ်များကြည့်ခြင်းမှ တွက်ချက်ထားသော ရလဒ်ကိုတွေးကြည့်ပြီး သူ့၌ အကြံတစ်ခုရှိနေလေပြီ။

“တော်ဝင်ကိုယ်လုပ်တော်ဟွေ့က နန်းတွင်းထဲကသူတွေနဲ့ ဆက်သွယ်ရမှန်းသိမှတော့ ရုန်တောင်မှာ

လည်း သူ့လူတွေရှိမှာပဲ”

သူမသည် ရုန်တောင်သို့ အကျိုးအမြတ်များစွာ တိတ်တဆိတ်ပေး‌ထားလောက်ပေသည်မဟုတ်လော။

ဖော်ထုတ်ရန် စောလွန်းနေပေသေးသည်။

တော်ဝင်မိသားစု၌ သူ့အပြင် အခြားသောမင်းသားနှစ်ပါးလည်းရှိသေး၏။ ခမည်းတော်ဒုက္ခရောက်လျှင်ပင် မင်းသားရုန် နန်းတက်ရန်အလှည့်မကျသေး။ သို့ဖြစ်၍.. သူ၏ညီအစ်ကိုနှစ်ယောက်သည်လည်း သတိထားရန်လိုပေသည်။

ကျောက်ရွှမ်ကျင်းသည် နန်းတော်သို့ အရင်ဆုံးဝင်ခဲ့၏။

သူ၏ အကြီးဆုံးအစ်မတော်အကြောင်းလည်း သိထားပြီချေပြီ။ သူမ၏ အခြေနေသည်လည်း မင်းသားရုန်မိသားစု၏ လက်ချက်ဆိုပါက နန်းတော်ထဲ၌ သူ၏လျှို့ဝှက်ကြံစည်မှုသည် ပိုပြီးနက်ရှိုင်း‌နိုင်ပေသည်။

နန်းတော်အား ခြေရာလက်ရာမကျန်ဘဲ ရှင်းလင်းပစ်ရန် သူ၏မယ်တော်ကို လိုအပ်သည်။

ရှဲ့ချောင်သည် သူမ၏အလုပ်ကိုသာ ဆက်ပြီးလုပ်နေခဲ့၏။

ထိုနေ့၌ ပထမမင်းသမီးထွက်လာခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင်မူ တော်ဝင်အမိန့်တော်ကို ရရှိပြီး ထွက်လာခြင်းဖြစ်ကာ သူမအား ခြံဝန်းထဲ၌ လာတွေ့ရန် သခင်လေးတိုက်ကိုပင် ဖိတ်ခဲ့သေးသည်။

ဤတစ်ခေါက်၌ ပထမမင်းသမီး၏ အသားအရေးမှာ ယခင်တစ်ခေါက်ကထက် ပိုပြီးကြည့်ကောင်းလာသည်။ အဆောင်ရေမှာ အသုံးဝင်ပုံပင်။ ထိုအပြင် သူမ၏မျက်လုံးထောင့်စွန်း၌ဒဏ်ရာတစ်ခုရှိနေသော်လည်း အနီရောင်မှဲ့၏ အရောင်မှာ ယခင်လောက် မတောက်တော့ပေ။

သခင်လေးတိုက်သည် ပထမမင်းသမီးအား မြင်သောအခါ မူလ၌ ရွှင်ပျသွားခဲ့သော်လည်း ထို့နောက်တွင်မူ အံ့ဩသည့်အကြည့်တစ်ချက် သူ့မျက်နှာထက်တွင် ဖြတ်ပြေးသွားခဲ့လေသည်။

“ဘာလို့လဲ? ပေါ်ဟုန်၊ ကျွန်မကိုတွေ့ရတာ မပျော်ဘူးလား”

ပထမမင်းသမီး မေးလိုက်၏။

တိုက်ပေါ်ဟုန်သည် ခဏတာမှင်နတက်နေသော်လည်း နောက်တွင် မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာ၏။

“မဟုတ်ရပါဘူး၊ ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲက နောက်နှစ်ရက်နေရင် ကျင်းပတော့မှာ၊ စည်းမျဉ်းတွေအရဆိုရင် အခုချိန်မှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့မသင့်တော်ဘူး၊ မင်းသမီးအတွက် မကောင်းမှာ စိတ်ပူလို့ပါ..”

“ဘာကို မကောင်းရမှာလဲ၊ ကြောင်တောင်တောင် စည်းမျဉ်းတွေ၊ ကျွန်မမလိုက်နာရင်တောင် သူတို့ဘာလုပ်နိုင်မှာလဲ၊ ရှင်ကတော့ ကျွန်မမျက်နှာပေါ်က အနာ မကျက်သေးတာကို မြင်ပြီး နည်းနည်းပါးပါးစိတ်ပူပြသင့်တယ်မဟုတ်ဘူးလား”

••••••

အခန်း ၁၁၇၁။ ဖုံးကွယ်မထားနိုင်

တိုက်ပေါ်ဟုန်၏ မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာသည်။ သူ ရှဲ့ချောင်ကို စိုက်ကြည့်လိုက်သော်လည်း သူမကို တစ်ခါမျှ မမြင်ဖူးပေ။ သူမ၏ အဝတ်အစားကိုသာ ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“မင်းသမီးကို ကျွန်တော် ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မှာလဲ။ အရင်တစ်ခါက မတော်တဆ ထိခိုက်မိလို့ မင်းသမီးရဲ့ အဖိုးတန်ခန္ဓာကိုယ်လေး ဒဏ်ရာရစေခဲ့တာမို့ အိမ်ပြန်ရောက်ပြီးတဲ့နောက် ဒီနေ့အထိ ကျွန်တော့်စိတ်ထဲမှာ ပူပန်နေရပါတယ်။ ဒါပေမဲ့ အရင်က မင်းသမီးက ဒဏ်ရာတွေ သက်သာနေပြီလို့ စာရေးပို့ထားတယ်လေ။ အခု... ဘာကြောင့်လဲတော့ မသိဘူး”

သူစကားမဆုံးခင်မှာပင် ပထမမင်းသမီးသည် ထရပ်လိုက်သည်။

“ပေါ်ဟုန်၊ ရှင်က ကျွန်မကို ဆံထိုးလေးတစ်ခု လက်ဆောင်ပေးချင်တယ်ဆိုလို့ ကျွန်မ ပျော်သွားခဲ့ဖူးတယ်။ ဒါပေမဲ့ ရှင်က အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ကျွန်မမျက်နှာကို ဒဏ်ရာရစေခဲ့တယ်။ အဲ့တုန်းက ရှင့်ကို ကျွန်မ အပြစ်မတင်ခဲ့ပါဘူးနော်” ပထမမင်းသမီးက သွယ်ဝိုက်သောနည်းဖြင့် မေးလိုက်သည်။

“ဟုတ်ပါတယ်” တိုက်ပေါ်ဟုန်၏ ရင်ထဲတွင် ပို၍အေးစက်လာသည်။

“ရှင်က ကျွန်မကို မြင်လို့ တကယ်စိတ်လှုပ်ရှားနေတာပဲလို့ ကျွန်မက အစပိုင်းမှာ ထင်ခဲ့တာ” ပထမမင်းသမီး စကားဆုံးသည်နှင့် တိုက်ပေါ်ဟုန်ကို ရုတ်တရက် ရိုက်လိုက်သဖြင့် ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။

သူမ၏ လက်ထဲမှ အဆင်တန်ဆာသည် တိုက်ပေါ်ဟုန်၏ မျက်နှာကို ချက်ချင်း ခြစ်မိသွား၏။

ရှဲ့ချောင်သည် ဘာမှမပြောဘဲ တိုက်ပေါ်ဟုန်ကို အကဲခတ်နေသည်။

သူသည် အမှန်တကယ်ပင် ရုပ်မဆိုးလှပေ။ သူ့တွင် ပညာတတ်ဆန်သော ပုံစံရှိပြီး ရည်မှန်းချက်ကြီးသူတစ်ဦးကဲ့သို့ မပေါ်ပေ။ သူသည်... တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေနိုင်သည်။

တိုက်ပေါ်ဟုန်သည် ချက်ချင်း ဒူးထောက်လိုက်၏။ “မင်းသမီး... ဘာဖြစ်လို့လဲ”

“ဘာဖြစ်လို့လဲဟုတ်လား၊ ရှင်က ကျွန်မမျက်နှာကို ခြစ်မိခဲ့လို့ ဒီဒဏ်ရာကို ရှင့်ကို ပြန်ပေးတာလေ။ ဘာများ မှားနေလို့လဲ” ပထမမင်းသမီးသည် ဒေါသရော၊ အေးစက်မှုပါ ခံစားနေရသည်။

ဝမ်းနည်းတာလား? မှန်သည်။

ထိုနေ့တွင် သူမနိုးလာသောအခါ သူမ၏အခြေအနေသည် သူမချစ်သောသူကြောင့် ဖြစ်ခဲ့ကြောင်း သတိရသွားသည်။ သူမ၏ရင်ထဲတွင် ဆူပွက်နေပြီး အလွန်အမင်း နာကျင်နေခဲ့သည်။

သူမသည် အကြောင်းရင်းကို ရှာမတွေ့နိုင်ခဲ့သလို သူမ တစ်ခုခု မှားယွင်းစွာ လုပ်ခဲ့သည်လားဟုပင် တွေးမိခဲ့သည်။

သူမ၏ မိခင်က မျက်ရည်များဖြင့် မျက်နှာဆေးခဲ့ရသည်။ မနေ့က သူမ၏ အစ်ကိုဖြစ်သူ အိမ်ရှေ့စံမင်းသားက သူမ မည်သို့ဖြစ်နေသည်ကို မေးရန် အရှေ့နန်းဆောင်သို့ သွားရန် ပြောခဲ့သည်...

လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် မည်မျှ ရူးသွပ်ခဲ့ကြောင်း ဆုံးမပြီးနောက် သူမသည် နိုင်ငံတော်၏မင်းသမီးတစ်ပါးဖြစ်ကြောင်း သတိရသွား၏။ သူမသည် တိုက်ပေါ်ဟုန်ကြောင့် သူမဖခင်၏ဂုဏ်သိက္ခာကို ပျက်စီးစေလုနီးပါး ဖြစ်ခဲ့ရသည်။

“မင်းသမီး... ကျွန်တော်တို့ နောက်နှစ်ရက်ဆို လက်ထပ်ရတော့မှာပါ...” ယခု သူမက သူ့မျက်နှာကို ထိခိုက်စေခဲ့သည်လား။

“လက်ထပ်မယ်? ကျွန်မမလာခင်တုန်းက ကျွန်မအမေက မိဖုရားခေါင်ကြီးဆီကို ဆုံးဖြတ်ခိုင်းဖို့ သွားနှင့်ပြီးပါပြီ။ ကျွန်မတို့နှစ်ယောက်ရဲ့ စေ့စပ်မှုကို ဖျက်သိမ်းလိုက်ပြီ။ ဒီနေ့ ရှင်ဒီနေရာကနေ ထွက်သွားပြီးတဲ့နောက် အပြင်လူတွေက ရှင် တိုက်ပေါ်ဟုန်က ရူးသွပ်တဲ့ရောဂါရှိပြီး တော်ဝင်မိသားစုကို လိမ်ညာခဲ့တယ်လို့ပဲ ပြောလိမ့်မယ်။ ရှင်ဖျားနေတဲ့အခါတောင် ကျွန်မကို သတ်ဖို့ ကြိုးစားခဲ့တယ်! တိုက်မိသားစုက ရှင်ဖျားနေတယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ထားခဲ့ပြီး တစ်မိသားစုလုံး ပြစ်မှုကျူးလွန်ထားတာပဲ။ ထွက်ပြေးဖို့တောင် မတွေးနဲ့” ပထမမင်းသမီးက အရာအားလုံးကို ရှင်းလင်းစွာ ပြောဆိုလိုက်သည်။

တိုက်ပေါ်ဟုန် ထိုစကားကို ကြားသောအခါ အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

“မင်းသမီး ဘာလို့ ကျွန်တော့်အပေါ် ဒီလောက် ရက်စက်ရတာလဲ။ မင်းသမီးအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို နေနဲ့လကတောင် မြင်နိုင်တယ်။ မင်းသမီးရဲ့ စိတ်တွေ ပြောင်းလဲသွားရင်တောင်မှ ဒီလိုလုပ်ဖို့ မလိုပါဘူး...”

“ဟမ်? ရှင် အခုထိ ဆက်ပြီးဟန်ဆောင်ချင်သေးတာလား။ နန်းတွင်းသူလေးကို ကျွန်မပေါ်မှာ ဆွဲခိုင်းခဲ့တာ ရှင်မဟုတ်ဘူးလား။ မကောင်းတဲ့ စွမ်းအင်တွေ ကပ်ညှိနေတဲ့ ဆံထိုးက ကျွန်မရဲ့မျက်နှာကို ဖျက်ဆီးခဲ့ပြီး ကျွန်မရဲ့သွေးတွေကို စွန်းထင်းစေခဲ့တာ ရှင်ပဲမဟုတ်ဘူးလား။ ကျွန်မကို လက်ထပ်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပြီးတော့ အဲ့ဆံပင်ကို ဘာလို့ ပို့လိုက်ရတာလဲ။ တိုက်ပေါ်ဟုန်၊ ကျွန်မဒီနေ့ ရှင့်ကို ဒီကိုခေါ်လာတာ ရှင့်ကို အရှက်ခွဲဖို့လည်း မဟုတ်ဘူး။ ရှင့်မိသားစုကို ထိခိုက်စေဖို့လည်း မဟုတ်ဘူး။ ရှင့်မိသားစုတစ်စုလုံးကို ကယ်တင်နိုင်တာ ကျွန်မတစ်ယောက်တည်းပဲ ရှိတယ်ဆိုတာ ရှင်နားလည်သင့်တယ်” ပထမမင်းသမီးက အေးစက်စွာ ပြောလိုက်သည်။

မင်းသမီးကို လိမ်လည်သည့် ရာဇဝတ်မှုသည် တိုက်မိသားစုကို အသက်ဆုံးရှုံးစေမည် မဟုတ်ပေ။

နတ်ဆိုးပညာရပ်အကြောင်းကို လူသိရှင်ကြား ပြောပြရန် မသင့်လျော်ပေ။ အကယ်၍ ပျံ့နှံ့သွားပါက လူအများ၏ စိတ်ဓာတ်ကို ထိခိုက်စေနိုင်သည်။

သို့သော် မင်းသားရုန်သည် အပြစ်ရှိ၏။ အကယ်၍ တိုက်မိသားစုသည် နောင်တွင် မင်းသားရုန်နှင့် ပတ်သက်နေသည်ဟု တွေ့ရှိပါက သူတို့ဘဝ ပြောင်းလဲသွားနိုင်မည့် အခွင့်အရေးရှိတော့မည် မဟုတ်။

ယခုတွင် သူတို့သည် ရိုးသားစွာ ဝန်ခံခဲ့ကြသည်။ အတိတ်က ဖြစ်ခဲ့သည့် ကိစ္စများအတွက် အနာဂတ်တွင် သူတို့၏ အပြစ်ကင်းသည့် သားငယ်လေးကို အနည်းဆုံးတော့ ကာကွယ်ပေးနိုင်မည်ဖြစ်၏။

ပထမမင်းသမီးသည် တိုက်ပေါ်ဟုန်ကို မျက်လုံးမှိတ်ပြီး အသက်ဆုံးရှုံးစေချင်လောက်အောင် ဒေါသထွက်နေခဲ့သည်။

သို့သော်လည်း စေ့စပ်ခဲ့သည့်အချိန်မှစ၍ သူမက သူ့ကို တကယ် နှစ်သက်ခဲ့သည်။ သူမသည် တိုက်ပေါ်ဟုန်က ထိုသို့ယုတ်မာသည့်သူမျိုး မဟုတ်သင့်ကြောင်းကိုလည်း သိ၏။ နောက်ကွယ်တွင် တစ်စုံတစ်ရာအကြောင်းရင်းရှိရမည်။ ထို့ကြောင့် သူမသည် သူ့ကို ရှင်းရှင်းလင်းလင်း ရှင်းပြရန် အခွင့်အရေး ပေးလိုခဲ့သည်။

ပထမမင်းသမီးသည် ဤမျှလောက် ပြောခဲ့ပြီးနောက် တိုက်ပေါ်ဟုန် မည်သို့ နားမလည်နိုင်တော့မည်နည်း။

သူသည် မျက်လုံးများကို မှိတ်ပြီး သက်ပြင်းရှိုက်လိုက်၏။ “မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ကျွန်တော် မင်းသမီးဆီက ဖုံးကွယ်ထားလို့ မရနိုင်ခဲ့ဘူး...”

••••••

အခန်း ၁၁၇၂။ ခွင့်လွှတ်မှု

တိုက်ပေါ်ဟုန်သည် မြေပြင်ပေါ်တွင် လုံးဝ စိတ်ဓာတ်ကျနေ၏။ ချက်ချင်းပင် သူသည် အခန်းထဲမဝင်ခင်က ပုံမှန်ရှိခဲ့သည့် သခင်လေးတစ်ဦး၏ ဂုဏ်ယူမှုနှင့် ယုံကြည်မှုကို ဆုံးရှုံးသွားသည်။

သူ့စိတ်သည် ပြာများကဲ့သို့ သေဆုံးနေ၏။ သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ကျွန်တော် မင်းသမီးကို တစ်ခါမှ မလိမ်ခဲ့ပါဘူး၊ သူမအပေါ် လှည့်စားမှုတွေ လုပ်ခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိတယ်”

“အခု ဒီစကားတွေ ပြောနေလို့ ဘာအကျိုးရှိမှာလဲ။ ရှင်က ကျွန်မကို အနိုင်ကျင့်ခဲ့တယ်ဆိုတာ မှန်တယ်။ ကျွန်မကို နာကျင်စေခဲ့တာလည်း မှန်တယ်။ ရှင်က လှည့်စားမှုတွေ လုပ်ခဲ့တာနဲ့ပဲ ရှင်က အပြစ်ကင်းတယ်လို့ ထင်နေတာလား” ပထမမင်းသမီးက အေးစက်စွာ ပြော၏။ “ရှင်က ဒီနေ့ အမှန်အတိုင်းပြောရင် ရှင့်မိသားစုမှာ လွတ်မြောက်ဖို့ အခွင့်အရေးရှိသေးတယ်။ ရှင် ဆက်ပြီး လိမ်ညာနေရင်တော့ သေမှာ သေချာတယ်”

တိုက်ပေါ်ဟုန်သည် ခေါင်းကိုမော့ကာ သူမကို ကြည့်လိုက်၏။

သူသည် လှောင်ပြောင်သည့်ပုံစံဖြင့် ရယ်မောလိုက်သည်။

“တိုက်မိသားစုက သေနှင့်ပြီးသားပါ။” သူ သက်ပြင်းချလိုက်သည်။ “အခု မင်းသမီးက မကောင်းတဲ့အရာတွေ လုပ်ခံရတယ်ဆိုတာ သိပြီဆိုတော့ ဘယ်သူလုပ်ခဲ့လဲ၊ ဘာလုပ်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း သိနေလောက်ပြီ ထင်တယ်၊ ဟုတ်တယ်မလား”

“ကျွန်တော့်မိသားစုကို အပြစ်ကင်းတယ်လို့ သတ်မှတ်လို့ရတယ်။ မဟုတ်ရင် သူတို့က ခင်ဗျားနဲ့ လက်ထပ်ဖို့ ကျွန်တော့်ကို ရွေးချယ်ခဲ့မှာ မဟုတ်ဘူး... ကျွန်တော့်မိသားစုက ကံမကောင်းတာကိုပဲ အပြစ်တင်မိတယ်။ ကျွန်တော့်ရဲ့ဒုတိယဦးလေးက အရာရှိဖြစ်ဖို့ အပြင်ထွက်သွားတုန်းက ကြီးမားတဲ့အမှားတစ်ခု လုပ်ခဲ့တယ်... အဲ့ဒီအမှားက ကျွန်တော့်တစ်မိသားစုလုံးကို ဒုက္ခရောက်စေခဲ့တာ။ ကျွန်တော်က ဒီအမှားကို တစ်သက်လုံး ဖုံးကွယ်ထားနိုင်မယ်လို့ ထင်ခဲ့ပေမယ့် မင်းသားရုန် မြို့တော်ကို ပြန်ရောက်လာပြီးနောက် ကျွန်တော့်ကို လာရှာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ အဲ့ဒီတုန်းက စာတွေက သူ့လက်ထဲမှာ ရှိနေတယ်။ သူက အချက်အလက်အားလုံးကို ရှင်းရှင်းလင်းလင်း သိထားတယ်။ ကျွန်တော်က သူတောင်းဆိုတဲ့အတိုင်း မလုပ်ရင်...”

တိုက်ပေါ်ဟုန်သည် ခါးသီးစွာ ပြုံးလိုက်၏။

“ပထမမင်းသမီး၊ ကျွန်တော်တို့သာ လက်ထပ်ခဲ့ရင် မင်းသမီးရဲ့ ကာကွယ်မှုနဲ့ ကျွန်တော် ဒီဘေးဆိုးကနေ လွတ်မြောက်နိုင်မယ် ထင်တယ်။ ဒါပေမဲ့ ကျွန်တော့်မိဘတွေနဲ့ ညီအစ်ကိုတွေကို ကျွန်တော် ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မှာလဲ” ဟု တိုက်ပေါ်ဟုန်က ပြောလိုက်သည်။

ပထမမင်းသမီးသည် ထိုစကားကို ကြားသောအခါ သူမက လှောင်ပြောင်လိုက်၏။ “ဒါဆို ရှင်က ကျွန်မကို စွန့်ပစ်ခဲ့တာလား။ ရှင့်ရဲ့မိသားစုတစ်ခုလုံးအတွက် ကျွန်မရဲ့ဘဝကို အလဲအလှယ်လုပ်ခဲ့တာလား”

“မဟုတ်ဘူး” တိုက်ပေါ်ဟုန်၏ နှလုံးသားမှာ တုန်လှုပ်သွား၏။ “ကျွန်တော် မင်းသမီးရဲ့အသက်ကို မထိခိုက်စေခဲ့ပါဘူး! မင်းသားရုန် စေလွှတ်လိုက်တဲ့လူတွေက ဒါဟာ ကံကြမ္မာခိုးယူတဲ့ပညာရပ်လို့ ပြောခဲ့တယ်။ မင်းသမီးမှာ တော်ဝင်မိသားစုရဲ့ ကံကြမ္မာရှိတယ်။ ဒီကံကြမ္မာကို ကျွန်တော် ယူသွားရင် မင်းသမီးက... ခဏတာပဲ ကံဆိုးလိမ့်မယ်၊ ဒါပေမဲ့ မင်းသမီးက မင်းသမီးပဲ”

သူမသည် မင်းသမီးဖြစ်သောကြောင့် သူမ၏ကံကြမ္မာကို ဆုံးရှုံးခဲ့လျှင်ပင် အများဆုံး ဒဏ်ရာသာ ရလိမ့်မည်။ သူမ၏အသက်ကို ဆုံးရှုံးသည်အထိ မဟုတ်ပေ။

သို့သော် သူ့စကားများကြောင့် ပထမမင်းသမီး၏ ရင်ထဲတွင် အေးစက်သွားသည်။

သူမသည် အစပိုင်းတွင် အတင်းအကျပ် အခိုင်းခံခဲ့ရပြီး ရွေးချယ်စရာမရှိသဖြင့် ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်မည်ဟု ထင်ခဲ့သည်။ သူ့ရင်ထဲတွင် သူမအတွက် အနည်းငယ်မျှ ဂရုစိုက်မှုရှိသင့်သည်။

သို့သော် သူမသည် သူ၏အမည်ခံ ဂရုစိုက်မှုမှာ ဤမျှလောက် စျေးပေါလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

“ကျွန်မ အသက်ရှင်နေသရွေ့ ဒါဟာ ကျွန်မအပေါ် ရှင့်ရဲ့ သနားကြင်နာမှုပဲပေါ့၊ ဟုတ်တယ်မလား” ပထမမင်းသမီးသည် အလွန်အမင်း နာကျင်ခံစားနေရပြီး ပြန်လည်ပြုံးလိုက်သည်။ “တော်ဝင်မိသားစုမှာ ဘယ်သူကများ အမှားကြီးကြီးမားမား လုပ်ပြီး ခွင့်လွှတ်ခံရတဲ့အခါ ကောင်းမွန်တဲ့ဘဝကို နေထိုင်ရတာလဲ။ မင်းသားရုန်က သူအမှားလုပ်မိခဲ့တုန်းက ငယ်သေးတဲ့အတွက် သူ့အသက်ရှင်သန်နေခဲ့တယ်။ ဒါတောင်မှ သူ့ကို ဝေးလံခေါင်သီတဲ့နယ်မြေကို ပို့ခံခဲ့ရတယ်။ ကျွန်မရဲ့ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့ အသက်ရှင်နေသေးတယ်၊ ဒါပေမဲ့ တစ်ယောက်က သာမန်လူ ဖြစ်သွားပြီး နောက်တစ်ယောက်က အကျဉ်းချခံထားရတယ်။ သူတို့က ဘယ်လိုလုပ် လွတ်လွတ်လပ်လပ် နေထိုင်ရမှာလဲ”

“မင်းသမီးတစ်ယောက်အနေနဲ့ ကျွန်မက မခွင့်လွှတ်နိုင်တဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ရင်တောင် သူတို့က ကျွန်မကို ခြေထောက်တစ်ချောင်းတည်းနဲ့ မသတ်ခဲ့ရင်တောင် ကျွန်မရဲ့ဘဝတစ်လျှောက်လုံး အေးအေးချမ်းချမ်း နေထိုင်ရမှာ မဟုတ်ဘူး”

ပထမမင်းသမီးက တိုက်ပေါ်ဟုန်သည် အလွန်ရယ်စရာကောင်းသည်ဟု ခံစားမိ၏။

မင်းသမီးတစ်ယောက်သည် သူ့ကိုယ်သူ လူရွှင်တော်လုပ်ခဲ့ပါက သူမ၏ဖခင်သည် တော်ဝင်မိသားစု၏ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် သူဆန္ဒမရှိလျှင်တောင် သူမအပေါ် လုပ်ဆောင်ရလိမ့်မည်။

သူမသည် တာအိုဘုရားကျောင်းသို့ ပို့ခံရသည်ဖြစ်စေ သို့မဟုတ် တစ်သက်တာလုံး အကျဉ်းချခံရ

သည်ဖြစ်စေ သူတို့အားလုံးသည် နှစ်ပေါင်းထောင်ချီကြာအောင် နာမည်ဆိုးဖြင့် ကျော်ကြားသွားမည်ဖြစ်သည်။ ထို့အပြင် သူမတွင် သူမ၏မိခင်လည်း ရှိနေသေး၏။

တစ်ယောက်တည်း ခံစားရရင် အဆင်ပြေပေမဲ့ သူမရဲ့မိခင်ကကော ဘယ်လိုလုပ်မလဲ? သူမ အပြစ်ကင်းတယ် မဟုတ်လား?

“ပြောစမ်းပါ၊ ရှင့်ရဲ့ ဒုတိယဦးလေးက ဘယ်သူနဲ့ ဆက်သွယ်ခဲ့တာလဲ။ အဲ့ဒီစာတွေက ဘယ်လိုလုပ် ဒီလောက်ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်တာလဲ” ပထမမင်းသမီးက ထပ်မေးလိုက်သည်။

“သူ... သူက ပင်လယ်ရပ်ခြားမှာ အရာရှိလုပ်တုန်းက ခရီးသွားကုန်သည်တွေနဲ့ အများကြီး သိကျွမ်းခဲ့တယ်။ အဲ့ဒီလူတွေက ရုန်တောင်က ထွက်ရှိတဲ့ ရှားရှားပါးပါး ရတနာတွေ အများကြီးကို သူတို့လက်ထဲမှာ ကိုင်ထားတယ်။ ကျွန်တော့်ရဲ့ ဒုတိယဦးလေးက ခဏတာ မနာလိုဖြစ်ခဲ့ပြီး စျေးက သက်သာတော့ တရားမျှတတယ်လို့ ထင်ခဲ့တာ။ သူက သူတို့ကို တစ်ဝက်နီးပါး ပေးခဲ့တယ်၊ ဒါကြောင့် သူက မကြာခဏဆိုသလို ဝယ်ခဲ့တာ။ နောက်ပိုင်းမှာ အဲ့ဒီနှစ်က မယ်တော်ကြီးရဲ့ မွေးနေ့မှာ ကျွန်တော့်ရဲ့ ဒုတိယဦးလေးက... ကျောက်စိမ်းတစ်တုံး ဝယ်ဖို့အတွက် နယ်စပ်ကာကွယ်ရေးမြေပုံကို ရောင်းစားခဲ့တယ်။ အဲ့ဒါကြောင့် ရုန်တောင်က လူတွေက အဲ့ဒီတုန်းက ဒီလောက် မြန်မြန် ဆက်တိုက် တိုက်ခိုက်ခဲ့တာ။ နယ်စပ်မှာ ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ဘူး...”

သူပုန်တစ်ဦး ကောင်းကင်မှ ရုတ်တရက် ကျမလာခဲ့ပါက တော်ဝင်တရားရုံးက သူတို့ကို လာရောက်ကူညီချိန်တွင် လူထောင်ပေါင်းများစွာ၏အလောင်းများသည် အေးစက်နေပေလိမ့်မည်။

••••••

All Chapters